ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 25 November 2009

အကောင်းမြင်စိတ်ရရှိစေရန် နည်းလမ်းများ

ဘ၀မှာ အောင်မြင်ပျော်ရွှင်ဖို့ အကောင်းမြင်စိတ်က အဓိကကျပါတယ်။ အကောင်းမြင်စိတ်ရှိဖို့ အောက်ပါ နည်းလမ်းတွေက ကူညီပါလိမ့်မယ်။ ဒီနည်းတွေဟာ ရိုးတယ်လို့ထင်ရပေမယ့် ကြားဖူးနေကျ ဖြစ်ပေမယ့် လုပ်ကြည့်ပါ။ တကယ်ထိရောက်မှုရှိပါတယ်။

 မနက်တိုင်း အကောင်းမြင်စိတ်နဲ့ စတင်ပါ။ “ပျော်လိုက်တာ”၊ “ဒီနေ့ကောင်းတဲ့နေ့ ဖြစ်မျာပဲ”၊ “ ငါက အကောင်းဆုံးပဲ” စတဲ့ အတွေးတွေနဲ့ နေ့သစ်ကိုစတင်လိုက်ပါ။

* မကောင်းမြင်စိတ်ရှိတဲ့သူတွေကို သင့်ဘ၀ကနေ ဖယ်ရှားလိုက်ပါ။ သူတို့ဟာ သင့်ရဲ့ အချိန်ကို ဖြုန်းနေကြသလို သင့်စိတ်ဓာတ်ကိုလည်း ကစေပါတယ်။ အဆိုပါလူတွေကို ဖယ်ရှားလို့မရနိုင်ပါက (သင်ရဲ့အိမ်ထောင်ဖက် ဒါမှမဟုတ် သင့်ရဲ့သူဌေးဖြစ်နေပါက) သူတို့အနားမှာ အချိန်နည်းနည်းသာနေ ပါ။

* မကောင်းတာတွေရှောင်ပါ။ သင့်ကို ဆိုး၇ွားစေနိုင်တဲ့ အရာတွေကိုရှောင်ပြီး ကောင်းစေနိုင်တဲ့အရာ တွေကို ဆောင်ပါ။

* တီဗီနဲ့ ရုပ်ရှင်တွေမှာ အကြမ်းဖက်ကားတွေမကြည့်ပါနဲ့။

* စိတ်ချောက်ချားဖွယ်ရာမြင်ကွင်း၊ သွေးထွက်သံယိုမြင်ကွင်းတွေဟာ မကောင်းတဲ့ အင်အားတွေကို ပေါ်ထွက်စေပြီး ကောင်းတဲ့အင်အားတွေအားလုံးကို ဖြုန်းတီးပစ်ပါတယ်။

* သင့်ရဲ့ပတ်ဝန်းကျင်ကို ဖန်တီးပါ။ သင့်ကို ပျော်ရွှင်စေနိုင်တဲ့၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေနိုင်တဲ့ ပတ်ဝန်းကျင်ရရှိအောင် ဖန်တီးပါ။

* စာအုပ်ကောင်းတွေနဲ့ နေ့သစ်ကို စတင်ပါ။ မနက်တိုင်း သင့်ကို လမ်းညွှန်ပေးနိုင်မယ့် စာအုပ်မျိုး (တရားစာအုပ်လို စာအုပ်ကောင်းတွေကို) စာမျက်နှာတစ်မျက်နှာ၊ နှစ်မျက်နှာလောက်ဖတ်ကာနေ့သစ် စတင်ပါ။ သင်ရရှိတဲ့ ဗဟုသုတတွေကို တခြားသူတွေနဲ့ မျှဝေပါ။

* သင်ရဲ့ အကောင်းမြင်စိတ်ကို မွေးဖွားးပေးနိုင်မယ့် အပေါင်းအသင်းမျိုးရှာပေါင်းပါ။ ပျော်ရွှင်သူတွေ၊ တက်ကြွသူတွေ၊ အောင်မြင်သူတွေ၊ ကူညီတတ်သူတွေနဲ့ အပေါင်းအသင်းပြုပါ။

* တတ်နိုင်သမျှပြုံးပါ။ အပြုံးနဲ့စတင်ပါ။ စကားလုံးတွေနောက်ထပ် ထွက်ပေါ်လာမှာပါ။ သင်နဲ့ စကားပြောတဲ့သူတိုင်းကို ပြုံးပြပါ။

* ဘယ်အရာမဆို အပြုံးနဲ့တုန့်ပြန်ပါ။ ဒီလိုတုန့်ပြန်ဖို့ အရင်ဆုံးတွေးတတ်ဖို့ လိုပါလိမ့်မယ်။ သင်တစ်ခုခုမပြောမီ၊ မလုပ်မီခဏရပ်ကာ ဒီလိုပြောလို့ လုပ်လို့သင့်တော်ပါ့မလားဆိုတာ သတိထားပြိး တွေးပါ။

* ဘယ်အရာမဆို အကောင်းမြင်စိတ်နဲ့ စတင်ပါ။ သင်ကိုယ်တိုင်ကိုရော တခြားသူတွေကိုပါ သင်တို့ ဘာတွေတတ်နိုင်သလဲ။ ဘာတွေလုပ်ကြမလဲဆိုတာ ပြောပြောပေးပါ။

* အကောင်းဘက်က ရေးထားတဲ့စာသား အကြောင်းအရာတစ်ချက် ဒါမှမဟုတ် စာပိုဒ်တစ်ပိုဒ်ကို ရွေးချယ်ပြီး တစ်နှစ်တာလုံးအတွက် နေ့စဉ်ဖတ်ကြည့်ပါ။ ဒါမှမဟုတ် နားထောင်ပါ။

Wednesday 11 November 2009

ယောကျာ်းကောင်းတစ်ယောက်၏ အင်္ဂါရပ်များ

အမျိုးသမီးများ နှစ်ခြိုက် သဘောကျလေ့ရှိသည့် ယောကျာ်းကောင်း တစ်ယောက်တွင် ရှိသင့် ရှိထိုက်သည့် အင်္ဂါရပ်များကို စာအုပ်တစ်အုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ထား ပါသည်။

(၁)ခေါင်းဆောင်မှုကို ပြသပါ
ဖြေရှင်းစရာ အခြေအနေတစ်ခု ကြုံတွေ့ ရပြီဆိုလျှင် ရဲရဲဝင့်ဝင့် ရင်ဆိုင်လိုက်ပါ။ အခြား သူများ လာရောက် ဖြေရှင်းသည်အထိ စောင့်ဆိုင်းနေလေ့ ရှိသော ယောကျာ်းများကို အမျိုးသမီးများက မနှစ်သက်ပါ။

(၂) ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချပါ
ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရဲပဲ တွန့် ဆုတ်နေခြင်း တာဝန်မယူပဲ နေခြင်းမျိုး မပြု လုပ်ပါနှင့်။ ထို့ အပြင် “ခင်ဗျားသဘော အတိုင်းပဲ လုပ်ချင်လုပ် မလုပ်ချင်နေ” ဟူသော စကားမျိုး မပြောသင့်ပါ။ သင့်စိတ်ထဲက ကောင်းမယ်ထင်လျှင် ဆုံးဖြတ်ရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် သင်၏ မိတ်ဆွေအား ထိခိုက်ကောင်း ထိခိုက်နိုင်သော်လည်း မတတ်နိုင်ပါ။

(၃) တာဝန်ယူပါ
သင်၏ ဆောင်ရွက်မှု မှားယွင်းသွားခဲ့လျှင် မှားကြောင်း ၀န်ခံ၍ တာဝန်ယူပါ။အခြေအနေ ကောင်းအောင် ပိုပြီး ကြိုးစားပါ။ အခြားသူအား အပြစ်မတင်ပါနှင့်။ စိတ်ဓာတ် ခွန်အား မွေး ပါ။ ခံစားချက်ကို ထိန်းချုပ်ပါ။ အလောတကြီး တုံ့ ပြန်လျှင် သင်ကိုယ်တိုင်ရော သင်၏ မိတ်ဆွေများပါ ထိခိုက်စေနိုင်ပါတယ်။

Health Digest Journal

Tags: လမ်းညွှန်များ
Posted in Uncategorized | Edit | 1 Comment »
သင် မအောင်မြင်ရခြင်း အကြောင်းရင်း (၆)ချက်
Saturday, October 31st, 2009

ဘ၀ဆိုတာ ရှာဖွေခြင်းပါပဲ။ ဘာကိုရှာဖွေတာလဲလို့  မေးရင် ကိုယ် လိုချင်တာကို ရှာဖွေ ခြင်းပါပဲ။ လူတိုင်း မိမိ စိတ်အားထက် သန်ရာ စိတ်ဆန္ဒရှိရာ အလိုဆန္ဒတွေနောက် တ ကောက်ကောက်ပါအောင် လိုက်လံ ရှာဖွေရင်း ဘ၀ကို ဖြတ်သန်းနေကြပါ တယ်။ ဒီအထဲ က အောင်မြင်မှုဆိုတာ သင်ရှာဖွေနေတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ဘယ်ပုံ ရှာဖွေသင့် တယ်ဆိုတာ နည်းလမ်းကောင်းလေး ပေးချင်ပါတယ်။

အောင်မြင်မှု လမ်းကြောင်းနောက် ရှာဖွေနေတဲ့သူဟာ သီအိုရီအရ ပြောမယ်ဆိုရင် မ အောင်မြင်သေးတဲ့သူလို့  ပြောရပါမယ်။ ဘာကိုဆိုလိုတာဆိုတော့ မအောင်မြင်တဲ့ အကျင့် စရိုက်တွေနဲ့  အတူနေထိုင်ပြီး အောင်မြင်မှုကို ရှာဖွေနေလို့  အောင်မြင်မှုဟာ နီးရက်နဲ့ ဝေး နေတာပါ။ ဒါကြောင့်ကိုယ့်မှာ အရင်ဆုံး အောင်မြင်မှုနဲ့  အလှမ်းဝေးစေနိုင်တဲ့ အကျင့် စရိုက် တွေ ရှိမရှိ အရင် သုံးသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဘယ်အချက်တွေက သင့်ကို အောင်မြင်မှုနဲ့  ဝေးကွာစေသလဲဆိုရင်

(၁) အရှုံးသမားများနှင့်ပေါင်းဖော်ခြင်း
မြန်မာ စကားပုံ ရှိပါတယ်။ “မုဆိုးနားနီး မုဆိုး၊ သူကောင်းနားနီး သူကောင်း” ဆိုတဲ့စကား။ အဲဒီစကားအတိုင်းပဲ လောကမှာ ကိုယ်ပေါင်းတဲ့လူရဲ့ အကျင့်စရိုက်၊ အမူအကျင့်တို့ ဟာ ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ ဘ၀မှာ အောင်မြင်ချင်တဲ့သူဟာ ကိုယ့်ထက် တော်တဲ့ သာတဲ့သူနဲ့  ပေါင်းမှ ကိုယ်ပါတော်လာမှာ ဖြစ်ပါတယ်။ ကိုယ်က အောင်မြင်ချင်တယ် ပြောပြီး ကိုယ် ပေါင်းတဲ့သူက ကိုယ့်လောက်မှ မတော်ရင် ဘယ်နှယ့်လုပ် အောင်မြင် နိုင်ပါ့မလဲ။ ဒါကြောင့် အပေါင်းအဖော်ဟာ သင် အောင် မြင်ဖို့ အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ မမေ့ပါနဲ့ ။ အရှုံးသမားနဲ့  ပေါင်းဖော်ခြင်းဟာ သင့်အတွက် ဘာ ကောင်းကျိုးမှ မရရှိစေတဲ့အပြင် သူတို့ ဆီက မကောင်းတဲ့ အကျင့်စရိုက်တွေ၊ မကောင်းတဲ့ အကြံဥာဏ်တွေ ရရှိလာစေပါတယ်။

(၂) ဘာလိုချင်မှန်း သေချာမသိခြင်း
လောကမှာ ကိုယ်ဘာလိုချင်လဲဆိုတာ သေချာမသိပဲ အသက်ရှင်နေတဲ့သူတွေ အများကြီး ပါ။ များသောအားဖြင့် လူငယ်တွေ ပြောလေ့ရှိတာက ချမ်းသာချင်တယ်။ သူဌေး ဖြစ်ချင် တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဘယ်လောက် ချမ်းသာချင်တာလဲ။ ဘယ်လိုလုပ် ပြီး ချမ်းသာ ချင်တာလဲ။ နောက်ရှိသေးတယ်။ ချမ်းသာချင်တယ် ပြောပြီး အိမ်မက်အဆင့် စိတ်ကူး အဆင့်ကနေ မတက်တော့ တဲ့သူတွေ အများကြီးပါပဲ။ ဒီတော့ ကိုယ်လိုချင်တာကို အရင် ဆုံး သေချာသိအောင်လုပ် စိတ်ထဲက လိုအင်ဆန္ဒ ပြတ်သားမှ Action က ပြတ်ပြတ်သား သား လုပ်ဆောင်နိုင်မှာပါ။

(၃) ရှိသမျှ အကုန်လိုချင်ခြင်း
လောကမှာ အကုန်လိုချင်လို့  မရပါဘူး။ အကုန်ဖြစ်ချင်လို့ လည်း မရပါဘူး။ ဟိုဟာလည်း ဖြစ်ချင်တယ်။ ဒီဟာလည်း ဖြစ်ချင် တယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ မျောက် သစ်ကိုင်းလွတ်သလို အကုန်လွတ်ကုန်ပါလိမ့်မယ်။ ဖြစ်ချင်တာ များတဲ့ သူဟာ ဘာမှ ပေါက်ပေါက်ရောက်ရောက် ဖြစ်မလာတာများပါတယ်။ ဒီတော့ ကိုယ်ဟာ ဖြစ်ချင်တာတွေ များတဲ့သူလား။ ဖြစ် ချင်တာတွေ များနေရင် အရင်ဆုံး ဘယ်ဟာကို အဖြစ်ချင်ဆုံးလည်း ဆိုတာ စစ်တမ်းကောက်ကြည့်ပြီးမှ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုထဲနောက် တစိုက်မတ်မတ် လိုက်တာဟာ အောင်မြင်မှုနဲ့  နီးစပ်ပါတယ်။

(၄)ဥုံဖွ နည်းလမ်းလိုက်ခြင်း
အောင်မြင်မှုကို ရှာဖွေတဲ့ နေရာမှာ ဥုံဖွ ဆိုပြီး ရုတ်ချည်း အောင်မြင်တဲ့ နည်းလမ်းရယ်လို့  မရှိပါဘူး။ ကိုယ်က ခု ရေတွင်းတူး၊ ခု ရေကြည်သောက်ချင်လို့ မဖြစ်ပါဘူး။ လောကမှာ ကြီးမြတ်တဲ့ အရာမှန်သမျှ ကြီးမြတ်တဲ့ ပေးဆပ်မှု မရှိပဲ အလကား မရဘူးဆိုတာ နားလည် ထားရပါမယ်။ လောကမှာ သူ့ ဈေးနှုန်းနဲ့  သူက ရှိပြီးသားပါ။ တစ်ကျပ်ဖိုး အောင်မြင်ချင် ရင် တစ်ကျပ် ဖိုး ကိုယ်က ပေးဆပ်ရပါမယ်။ တစ်ထောင်ဖိုး အောင်မြင်ချင်ရင် တစ်ထောင် ဖိုး ပေးဆပ်ရမှာပါ။ လောကမှာ အလကား ဘယ် ဟာမှ မမျှော်လင့်ပါနဲ့ ။ အလကားလည်း မလိုချင်ပါနဲ့ ။

(၅) မိမိကိုယ်ကို အထင်ကြီးခြင်း
ဘယ်ပညာရှင်ကမှ မိမိကိုယ်ကို ငါတော်လှပြီ၊ တတ်လှပြီလို့  မကြွေးကြော်တတ်ပါဘူး။ အဆံ မရှိတဲ့သူတွေသာ အာချောင် တတ်ကြတာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် တော်လှပြီ တတ်လှပြီလို့  ဆိုပြီး ပြိုင်ဘက်မရှိတဲ့သူလို့  မထင်လိုက်ပါနဲ့ ။ သင်ယူ စရာတွေ မရှိတော့ ဘူး လို့ လည်း မထင်လိုက်ပါနဲ့ ။ သင်ယူမှုတွေ ရပ်တန့် လိုက်တဲ့နေ့ ဟာ သင်ကျဆုံးတဲ့နေ့ ပါပဲ။ နေ့ တိုင်း ကို သင်ယူမှု အသစ်တွေနဲ့  အစပျိုးသင့်ပါတယ်။ အောင်မြင်နေတဲ့သူတိုင်း ဟာ အဆက်မပြတ် သင်ယူနေကြသလို အောင်မြင် ချင်တဲ့သူတိုင်းဟာလည်း မိမိကိုယ်ကို ကိုယ် သင်ယူမှု ပြီးဆုံးပြီလို့  မသတ်မှတ်ပဲ အဆက်မပြတ် လေ့လာ ဆည်းပူးနေသင့်ပါ တယ်။ မိမိကိုယ်ကိုကိုယ် အထင်ကြီးတာဟာ ကျဆုံးခြင်းပါပဲလို့  ပညာရှိများက ဆိုကြ ပါတယ်။ ဘယ်ပညာရှိကမှ မိမိကိုယ်ကို အထင်မကြီးဘူး။ မိမိကိုယ်ကို ယုံကြည်မှု ရှိတာနဲ့  ကိုယ့်ကိုကိုယ် အထင်ကြီးဖို့  မကြိုးစားပါနဲ့ ။ ယုံကြည်မှု ရှိအောင်ပဲ ကြိုးစား သင်ယူမှုကို ဘယ်သောအခါမှ အဆုံးမသတ်လိုက်ပါနဲ့ ။

(၆) ရေတိုပဲကြည့်ခြင်း
အောင်မြင်ဖို့ ရေတိုပဲ ကြည့်တတ်တယ်ဆိုရင်တော့ ရေရှည် အောင်မြင်ဖို့  မဖြစ်နိုင်ပါဘူး။ တချို့ လူတွေ ရှိတယ်။ ဒီနေ့  ချမ်းသာပြီး နောက်နေ့  ကုန်းကောက်စရာမရှိအောင် ဆင်းရဲ သွားတာလေ။ ဒီဥပမာက လောကမှာ ရေတိုကြည့်တဲ့သူနဲ့  ရေရှည်ကြည့်တဲ့သူ ဘာကွာ ခြားသွားသလဲဆိုတော့ ရေရှည်မှာ ရေရှည်ကြည့်တဲ့သူက ရေရှည် အောင်မြင်သွားပြီး ရေတို ကြည့်တဲ့သူက ရေတိုပဲ အဆင်ပြေသွားကြပါတယ်။ စီးပွားရေးလုပ်ငန်းတိုင်းမှာ ရေရှည် ရည်မှန်းချက်၊ ရေရှည် စီမံကိန်းဆိုတာ ရှိစမြဲပါပဲ။ ဒါကြောင့် သင့်မျက်စိကို မျက်စိတဆုံး ကြည့်တတ်ဖို့ လိုလိမ့်မယ်။

ဒါတွေဟာ အောင်မြင်မှုကို ရှာဖွေတဲ့သူတွေအနေနဲ့  ဖြစ်လေ့ဖြစ်ထ ရှိတဲ့ပုံစံပါ။ အောင်မြင် မှုကို ခါးကြားထိုးပြီး ရှာနေတာ မဖြစ်ရအောင် အရင်ဆုံး မိမိ ဘာကြောင့် မအောင်မြင်သေး လဲဆိုတာ ဆန်းစစ်ကြည့်ပါ။ အောင်မြင်ချင်တယ်ဆိုရင် အောင်မြင် ခြင်းကို မရမက အရ ယူနိုင်ဖို့  နည်းလမ်းကောင်းလေးတွေ ဝေမျှရင်း မိမိစိတ် ပြင်းပြရာ အောင်မြင်မှုကို လက်ဝယ် ပွေ့ ပိုက်နိုင် ကြပါစေ။

8 Days Journal

လူတွေကြားမှာ သင်ဘယ်လောက် ထင်ပေါ်နေသလဲ?

တခြားသူတွေ သင့်အပေါ် ဘယ်လိုမြင်နေကြသလဲဆိုတာကို တွေးမိရဲ့လား။ သင့်ပတ်ဝန်းကျင်က လူတွေကြားမှား သင်ဟာနားမည်ကောင်းနဲ့ ကျော်ကြားက ပေါ်ပြူလာဖြစ်နေပါသလား။ အောက်ပါ မေးခွန်းတွေဟာ စိတ်ပညာဆိုင်ရာမေးခွန်းတွေကို အခြေခံထားခြင်းဖြစ်ပြိး သင်ဘယ်လောက်ကျော် ကြားနေသလဲ။ မိတ်ဆွေများနေသလဲဆိုတာကို အကြမ်းဖျင်း အကဲခတ်နိုင်ပါတယ်။

၁။ သင်ဟာ သင်ရဲ့ထင်မြင်ချက်တွေကို တွေးဆချင့်ချိန်လေ့မရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတတ် ပါသလား။
၂။ သင့်အခင်ဆုံးသူငယ်ချင်းသုံးယောက်ထက် သင်ကပိုပြီးသာတယ်လို့ ခံစားရသလား။
၃။ သင်ဟာ တစ်ယောက်တည်းအစာ စားရတာနှစ်သက်လား။
၎။ သင်ဟာ သတင်းစာခေါင်းကြီး၊ လူသတ်မှုသတင်းတွေ အကြောင်း ဖတ်တတ်ပါသလား။
၅။ ဒီလို ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်တဲ့ မေးခွန်းမျိုးတွေကို စိတ်ဝင်စားလား။
၆။ သင့်ရဲ့ရည်မှန်ချက်၊ မျှော်လင့်ချက်၊ စိတ်အနှောင့်အယှက်ဖြစ်မှုနဲ့ ပြဿနာတွေကိုထုတ်ဖော်ပြော တတ်လား။
ရ။ သင်ဟာ မကြာခဏ အများဆီက ချေးငှားတတ်သူလား။
၈။ သင့်မှာ ဖြစ်ပေါ်တဲ့ အဖြစ်အပျက်တစ်ခုခု အကြောင်းပြောတဲ့အခါ အသေးစိတ် အချက်အလက်တွေ ကအစ ပြောတတ်သူလား။
၉။ ဖျော်ဖြေရေးအတွက် ပိုက်ဆံကုန်တဲ့အခါ ဖျော်ဖြေရေးကို နှစ်သက်ပါသလား။
၁၀။ သင်ရဲ့ အလွနအမင်းပွင့်လင်းမှုအပေါ် ဂုဏ်ယူလေ့ရှိသည်။
၁၁။ သင်ဟာ တစ်စုံတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတဲ့အခါ သင့်ကိုသူက စောင့်ရလေ့ရှိသလား။
၁၂။ သင်ဟာကလေးသူငယ်တွေ ( သင်ရဲ့ကိုယ်ပိုင်ကလေးမဟုတ်ပါ) ကို သဘောရိုးနဲ့ ချစ်တတ် သလား။ သင်ဟာ ကလေးချစ်တတ်သလား။
၁၃။ သင်ဟာ လက်တွေ့ကျတဲ့ စာသတွေပြောတတ်လား။
၁၄။ လူလတ်ပိုင်းတွေအနေနဲ့ တစ်စုံတစ်ယောက်ကို ချစ်မိသွားတယ် ဆိုတဲ့အဖြစ်မျိုးဟာ အူကြောင် ကြောင်နိုင်တယ်လို့ ထင်သလား။
၁၅။ သင်ကြည်လို့မရတဲ့သူ ခုနှစ်ယောက်နဲ့ အထက်ရှိလား။
၁၆။ သင်ဟာ ရန်ငြိုးထားတတ်သူလား။
၁၇။ သင်ဟာ “ရွံဖို့ကောင်းလိုက်တာ”၊ “စုတ်ပြတ်နေတာပဲ”၊ “ဆိုးရွားလိုက်တာ” စတဲ့ စကားအသုံးအနှုန်း မျိုး မကြာခဏသုံးလေ့ရှိသလား။
၁၈။ တယ်လီဖုန်းလက်ခံစကားပြောသူတွေနဲ့ အရောင်းစာရေးတွေကြောင့် စိတ် အနှောက်အယှက်ဖြစ် ရလား။
၁၉။ ဂီတ၊ စာအုပ်စာပေနဲ့ အားကစားအပေါ် သင်ရဲ့စိတ်ဝင်စားမှုကို ဝေမျှမခံစားပေးနိုင်သူတွေကို သင် ဟာညံ့ဖျင်းပြီး စိတ်ဝင်စားဖို့ မကောင်းသူတွေလို့ ထင်မှတ်မိလား။
၂၀။ သင်ဟာ သင်ပြောခဲ့တဲ့စကားကို တည်ခဲ့တဲ့ အကြိမ်အရေအတွက်လောက် စကားမတည်ခဲ့မိ သလား။ (သေချာစဉ်းစားပါ)
၂၁။ သင်ဟာ တခြားသူတွေရဲ့ သွင်ပြင်ပုံစံ်၊ သင့်မိသားဟု၊ သင့်အခင်ဆုံးမိတ်ဆွေတွေနဲ့ သင့်လုပ်ဖော်ကိုင်ဖက်တွေအပေါ် မကြာခဏဝေဖန်လေ့ရှိသူလား။
၂၂။ တချို့ကိစ္စတွေထင်သလို ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျအားလျော့တတ်သလား။
၂၃။ သင်ရဲ့ မိတ်ဆွေတွေရဲ့ အောင်မြင်မှုအပေါ် ပီတိ ဖြစ်တတ်ပါသလား။ ( သင်ကံမကောင်းတဲ့ အချိန်မှာတောင် ပီတိဖြစ်လေ့ ရှိသလား။)
၂၄။ အများတကာက သင့်အကြောင်း စိတ်ဝင်တစား အတင်ပြောလေ့ရှိသလား။

အဖြေများ
(အောက်ပါတွေကတော့ အဖြေမှန်တွေပါ။)
အောက်ပါအဖြေတွေနဲ့ သင့်အဖြေတွေတိုက်ဆိုင်တိုင်း အမှတ်တစ်မှတ်စီပေးလိုက်ပါ။ သင်အမှတ်များ များရလေ လူတွေကြား ထင်ပေါ်ကျော်ကြားမှု ရှိလေပါပဲ။ ၁၆ မှတ်နဲ့ အထက်ရပါက ပေါ်ပြူလာဖြစ်တယ်လို့ ပြောလို့ရနေပါပြီ။


၁။ ဟင့်အင်း ၂။ ဟင့်အင်း ၃။ ဟင့်အင်း ၄။ အင်း ၅။ အင်း ၆။ အင်း ၇။ ဟင့်အင်း ၈။ ဟင့်အင်း
၉။ အင်း ၁၀။ ဟင့်အင်း ၁၁။ ဟင့်အင်း ၁၂။ အင်း ၁၃။ ဟင့်အင်း ၁၄။ ဟင့်အင်း ၁၅။ ဟင့်အင်း
၁၆။ ဟင့်အင်း ၁၇။ အင်း ၁၈။ ဟင့်အင်း ၁၉။ ဟင့်အင်း ၂၀။ ဟင့်အင်း ၂၁။ ဟင့်အင်း ၂၂။ ဟင့်အင်း
၂၃။ အင်း ၂၄။ အင်း

သုတစွယ်စုံမဂ္ဂဇင်း

တစ်စုံတစ်ယောက်ကို ချစ်မိရင် သိရမဲ့ အချက်များ

တကယ်လို့ များ လူတစ်ယောက်ကို ချစ်တယ်လို့  ကိုယ့်ကိုကိုယ် သိနိုင်တဲ့ အချက် ၁၂ ချက် က

(၁) သူနဲ့ များ ရှိနေစဉ်တုံးက မသိဟန်ဆောင်နေခဲ့ပေမဲ့ သူများ မရှိရင်တော့ သူ့ ကိုတွေ့ ဖို့  ရှာမိပြန်ရော။ ဒါဆိုရင် သူ့ ကို ….

(၂) သူက ပျော်ရွှင်အောင် အမြဲလုပ်ပြီး သင့်မျက်လုံးတွေက သူ့ အပေါ်မှာပဲ ရှိတယ်ဆိုရင် သေချာတယ်။ ချစ်မိနေပြီ။

(၃) သူများ အိမ်ပြန်ရောက်ပြီး ဖုန်းပြန်မဆက်ရင် အဲဒီဖုန်းကို မျှော်ရတာ ခိုးလို့ ခုလု၊ ငရဲပဲ။ အဲဒီအချိန်မှာ ချစ်မိနေပြီ။

(၄) သူများတကာတွေ ပို့ တဲ့ Mail ရှည်ရှည်တွေကြား သူ့ ရဲ့ email စာကြောင်း တိုတိုလေး ကို ပိုပြီး စိတ်လှုပ်ရှားမိပြန်ရော။ သေချာလိုက်တော့ ….. သူ့ ကို ချစ်မိပြီ။

(၅) သင့်ဖုန်းထဲက တောင်ပုံရာပုံ Message တွေကို မဖျက်နိုင်ပဲ သိမ်းထားရင် …… (သူ့ ဆီ က message တွေ ဖြစ်လို့ ပေါ့)။ ချစ်မိနေပြီ။

(၆) ရုပ်ရှင်လက်မှတ်လေးများ ရလာခဲ့ရင် သူနဲ့ များ သွားကြည့်ရင် ကောင်းမလားလို့ တွေးမိ တာပဲ။ ချစ်မိနေပြီပေါ့။

(၇) ကိုယ့်ကိုကိုယ်တော့ “သူက သူငယ်ချင်းပါပဲ” ဒီလို ပြောတတ်ပေမဲ့ သူ့ ရဲ့ ဆွဲဆောင်မှုကို စိတ်ကူးယဉ်မိပြန်ရော။ အဲဒီလိုရင် တော့ ချစ်မိနေပြီ။

(၈) ဒီစာဖတ်ချိန်မှာ တစ်စုံတစ်ယောက်ကိုများ သင့်စိတ်ထဲပေါ်လာခဲ့ရင် သိလိုက်ပါတော့ ……။ သူ့ ကို ချစ်မိနေပြီလေ။

(၁၂) ညပိုင်းမှာ သူနဲ့  စကားပြောမိတတ်ပြီး အိပ်ရာဝင်ချိန်ကျရင် သူ့ အကြောင်းတွေ တွေး လို့  မဆုံးတော့ဘူး။

(၁၁) သူနဲ့ ရှိနေတဲ့ အချိန်ဆို လမ်းလျှောက်တာပါ နှေးလာတယ်။

(၁၀) သူနဲ့ ဝေးနေတဲ့ အချိန်တွေမှာ အဆင်ပဲ မပြေသလို၊ သက်တောင့် သက်သာ မရှိသလို ခံစားရတယ်။

(၉) သူ့ အသံများ ကြားမိရင် ဖြတ်ကနဲ ပြုံးမိတာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိဘူး။

(၈) သူနဲ့ များ အတူရှိရင် တခြားသူတွေကို မမြင်မိဘူး။ (သူ့ ကိုပဲ ကွက်မြင်တာကိုး)

(၆) သူ့ အကြောင်းချည်းပဲ အဆိုးလိုလို၊ အကောင်းလိုလိုနဲ့  လှည့်ပတ် တွေးနေမိပြန်တာ။

(၅) သူ့ ကိုမြင်တာနဲ့  အမြဲလိုလို ပြုံးနေမိတော့တာပဲ။ လောကကြီးဟာ ပျော်စရာကောင်း တယ် လို့ ထင်တယ်လေ။

(၄) သူနဲ့ တွေ့ ရဖို့  အမြဲလိုလို စိတ်စောမိပါတယ်။

(၃) စာဖတ်တဲ့အချိန်မှာတောင် အတွေးထဲကို သူက လျှပ်တပြက်ဝင်လာတတ်တယ်။

(၂) သူ့ အကြောင်းစဉ်းစားရတာနဲ့  ခေါင်းပူလွန်းလို့  အခု ဒီစာဖတ်နေတဲ့ အချိန်မှာတောင် နံပါတ်(၇) မပါတာ သတိမထားမိခဲ့ဘူး။

(၁) အခုဆိုရင် သူ ဘယ်သူလဲဆိုတာ ကိုယ် မှန်းလို့ ရပြီ ဖြစ်ပြီး ကိုယ့်ကိုကိုယ် ရယ်နေမိ တယ်ဆိုရင်

Time to Time Journal

၁၀မိနစ်အတွင်း ချက်ချင်း ပျော်ရွှင်စေနည်း

သင့်ရဲ့ ဦးနှောက် စွမ်းဆောင်ရည် ၄၀% ဟာ အိပ်စက်ခြင်းကနေ ရရှိတာ ဖြစ်ပါတယ်။ ပြိုင် ဆိုင်မှုတွေ များတဲ့ခေတ်၊ တိုးတက်မှု တွေ မြင့်တဲ့ခေတ်၊ စီးပွားရေးတွေ အပြောင်းအလဲ မြန်တဲ့ ခေတ်မှာ စိတ်ဖိစီးမှုဆိုတာ လူသားတွေ တဖြည်းဖြည်း မိတ်ဖွဲ့ လာ ကြတဲ့ ရောဂါ တစ်ခုပါ။

ဒီတော့ ဒီခေတ်ကို စိတ်ဖိစီးမှုတွေ များတဲ့ ခေတ်လို့  ပြောရင်လည်း မမှားပါဘူး။ ဒီအဆို မမှားကြောင်း သဘောတူမယ်ဆိုရင် ပျော်ရွှင် သာယာ အေးချမ်းမှုကို အမှန် လိုလားလိမ့် မယ်လို့  ယူဆမိပါတယ်။ အကျဉ်းအကြပ် အခက်အခဲ တွေ့ ချိန်မှာ စိတ်ကို ဘယ်လို ပျော်ရွှင်အောင် ထားရမလဲ ဆိုတာ သိထားသင့်ပါတယ်။

၁။ စိတ်ကို အမိန့် ပေးခြင်း
ကမ္ဘာကျော် စိတ်စွမ်းအား ပညာရှင် ယူရီဂဲလ်လာက ကျွန်ပ်တို့ ရဲ့ ဖုံးကွယ်နေတဲ့ ၉၀% သော စိတ်စွမ်းအင်ကို မသိစိတ်လို့  ခေါ်ကြောင်း ဆိုထားပါတယ်။ ယင်းမသိစိတ်ကို ကောင်းစွာ အသုံးချတတ်မယ်ဆိုရင် သင်ဖြစ်စေချင်တဲ့အတိုင်း အမှန် ဖြစ်လာအောင် လုပ်ဆောင်ပေးမယ်လို့  ဆိုထားပါတယ်။

Positive Statement တစ်ခု လုပ်လိုက်ပါတဲ့။ အပြုသဘောဆောင်တဲ့ ၀ါကျ တစ်ကြောင်း လောက် စဉ်းစားလိုက်ပါတဲ့။ ဥပမာ- “ငါဟာ အေးချမ်းနေပြီ” လို့  ပြောပေးရမယ်တဲ့။ “ငါ ကြောက်ရွံ့  မနေတော့ဘူး” “ငါ မကြောက်ချင်ဘူး” စတဲ့ အငြင်းစကားတွေ မပြောမိပါစေနဲ့ တဲ့။ ၄င်းဥပမာကို ယူပြီး မိမိနဲ့  လိုက်ဖက် သင့်တော်မဲ့ ၀ါကျဖွဲ့  ပြီး မိမိစိတ်ကို အမိန့် ပေးကြည့်ပါ။

၂။ နေရာရှာခြင်း
တိတ်ဆိတ် အေးချမ်းတဲ့ နေရာ တစ်နေရာ ရှာပြီး သက်တောင့်သက်သာ ရှိစေမဲ့ ခုံတစ်လုံး ယူပြီး ထိုင်ပါ။ မျက်စိ နှစ်လုံးကို မှိတ်ထားလိုက်ပါ။

၃။ စိတ်တွက် တွက်ခြင်း
ထွက်သက် ရှုထုတ်လိုက်တဲ့ အချိန်တိုင်းမှာ ၁၀ ကနေ ၁ အထိ စိတ်တွက် တွက်ပါ။ (မှတ်ချက်။ ။ ၁ ကနေ ၁၀ အထိ မဟုတ်ပါ။ စိတ်တွက်တွက်ရင်း မိမိကိုယ်ကို မိမိ စိတ်အေးချမ်းသာရပြီလို့  ပြောပေးပါ။ ၁ ရောက်ရင် စိတ်လုံးဝ အေးချမ်းသွား ပြီလို့ ယူဆလိုက်ပါ။

၎။ ထပ်ပြန်ရွတ်ဆိုခြင်း
စိတ်ထဲကနေ မိမိ ကိုယ်ပိုင် ဖွဲ့ သီထားသော အပြုသဘောဆောင် ၀ါကျကို ထပ်ခါတလဲလဲ ရွတ်ဆိုပေးရပါမယ်။ ဒီနေရာမှာ (ငါဟာ ပျော်ရွှင်နေပြီ) “I am happy” ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ရွတ်ဆို ခိုင်းထားတယ်။ အဲဒီလို ရွတ်ဆိုရင်းနဲ့  မသိစိတ်က နားထောင်ပြီး စကားလုံးလေးတွေကို ရေမြှုပ်တစ်တုံးလို စုပ်ယူ စိမ့်ဝင်စေမှာ ဖြစ်တယ်တဲ့။ ဒီတော့ မသိ စိတ်ကို စကားပြောကြည့်တာ ဘာမှ အကျိုးမယုတ်ပါဘူး။

၅။ အသဲကို အမှန် ပြုခြင်း
မိမိနှုတ်က ထွက်လာတဲ့ အပြုသဘောဆောင် စကားတွေ အမှန်ဖြစ်လာပြီလို့ မြင်ယောင် ပေးရမှာ ဖြစ်ပါတယ်။ “လူတွေဟာ သူတို့ ကို ပျော်ရွှင်ရမယ်လို့  စိတ်ဆုံးဖြတ်ထားတဲ့ အတိုင်း ပျော်ရွှင်ကြရတယ်” လို့  အမေရိကန်သမ္မတ အေဘရာဟမ် လင်ကွန်းက ပြောဖူးတယ်။ ဒါကြောင့် သင့်နှုတ်က ထွက်လာတဲ့ စကားတွေရဲ့ အကောင်အထည်ကို ရုပ်လုံးပေါ်အောင် ကြည့်ပေးဖို့  လိုတယ်။ ဒါမှ အသံကနေ အမှန် ဖြစ်လာပါလိမ့်မယ်။

၆။ တည်ငြိမ်အောင် ကြိုးစားခြင်း
အဲဒီလို ရေရွတ်တဲ့ စကားကို မြင်ယောင်အောင် ကြည့်ရတာ မလွယ်ပါဘူး။ မျောက်စိတ် ဆိုတဲ့အတိုင်း ဟိုခုန် ဒီခုန်နဲ့  အာရုံ ၅ပါး နေရာအတိုင်း ပျံဝဲ နေတတ်ပါတယ်။ မမိမိအောင် လိုက်ဖမ်းဖို့ ကြိုးစားပါ။

၇။ ရှာဖွေ တွေ့ ရှိသွားခြင်း
၁၀ မိနစ်လောက် မြင်ယောင်အောင် ကြည့်ပြီးတဲ့အခါ ၁ ကနေ ၁၀ အထိ ရေပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ပါ။ ပျော်ရွှင်မှုက သင့်လက်ထဲ ရောက်ရှိနေပြီဆိုတာ တွေ့ ရပါလိမ့်မယ်။

Hello Journal

ချစ်ခြင်းမေတ္တာ၏ ကိုယ်ကျင့်တရား (Ethic of Love)

လူတစ်ယောက်ဟာ ချမ်းသာတဲ့ ဘ၀တစ်ခုကို ရဖို့ အတွက် အကျင့်စရိုက်ကောင်းတွေကို ကျင့် ကြံ အားထုတ်ဖို့  လိုပါတယ်တဲ့။ ဥပမာ- ရိုးသားမှု ဆိုပါတော့။ တစ်ကြိမ် မှန်ရာကို ပြောရုံနဲ့  ရိုးသားတဲ့ လူတစ်ယောက် ဖြစ်လာတာ မဟုတ်ဘူး။

ဘ၀ တလျှောက်လုံး မှန်ရာကို ပြော၊ မှန်ရာကို လုပ်တဲ့သူမှသာ ရိုးသားတဲ့သူ ဖြစ်လာနိုင်ပါ တယ်။ ရိုးသားတဲ့သူတစ်ယောက် ဟာ မမှန်တဲ့ အလုပ်တွေကို လုပ်မိလို့  နောင်တရ ပူပန်ခြင်း တွေ မဖြစ်ရတော့ ချမ်းသာရတယ်တဲ့။ ချမ်းသာအောင် ကိုယ်တိုင် ကျင့်ရမယ့် တရားမို့  ကိုယ်ကျင့်တရားလို့  ဆိုပါတယ်။

အကယ်၍ ချစ်ခြင်း မေတ္တာဆိုတာ ဘ၀တစ်လျှောက်လုံး ကျင့်ကြံ အားထုတ်ရမဲ့ တရားတစ်ခု၊ အဲဒီလို ကျင့်ကြံ အားထုတ်လို့  ဘ၀တစ်သက်တာ စိတ်ချမ်းသာမှုကိုလည်း ပေးနိုင်မယ့် တရား တစ်ခု ဆိုရင် ချစ်ခြင်းမေတ္တာကလည်း ကိုယ်ကျင့်တရား ဖြစ်နိုင် ပါတယ်။

“မြင်မြင်ချင်းပဲ ချစ်မိတယ်” ဆိုတဲ့ စကားအရတော့ ချစ်ခြင်းမေတ္တာ ဆိုတာ သဘာဝ အလျောက် မွေးဖွားလာသလိုပဲ။ ကျင့်ယူ ရတဲ့ တရားဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ တော့ မနီးစပ် သလို ဖြစ်နေပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ ကျင့်ယူရမယ့် တရားတစ်ခုပါ။ မြင်မြင်ချင်း ချစ်နိုင်တာကိုက အတိတ် ကာလတွေက ပါရမီဖြည့်ခဲ့ကြတဲ့ အကြောင်းဆက်တွေကြောင့် ဖြစ်လာတာပါ။ ‘နဖူးစာ’ တို့  ‘ရှေးရေစက်’ တို့ ဆိုတဲ့ အသုံးအနှုန်းတွေက ကာလ ကြာရှည် အားထုတ်ခဲ့ရာမှ ရလာတဲ့ ရလာဒ်လို့  ရည်ညွှန်းနေပါတယ်။

ချစ်နိုင်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တတ်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တော့ ချစ်ပါရဲ့ ကိုယ့်ရဲ့ မေတ္တာတရားကို မဖော်ပြတတ် ရင် သူတစ်ပါးကို ဒုက္ခပေးသလို ဖြစ်ပြီး အချစ်ခံရလို့  တောင် စိတ်ညစ်စရာ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်လည်း စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။

ချစ်လွန်းလို့  အရိပ်ကြည့်နေတာဟာ မကြည့်တတ်ရင် သူများကို ချုပ်ချယ်ရာ ကျမှာ။ ချစ်လွန်းလို့  ဖူးဖူးမှုတ်ထားတော့ ရောင့်တက်မှာ။ ချစ်လွန်းလို့  အလိုလိုက်ထားတော့ ပျက်စီးမှာ။ အချစ်ကြီးလို့  အမျက်ကြီးတော့ ဒုက္ခရောက်မှာ။

မေတ္တာစစ်နဲ့  ချစ်တတ်ဖို့ ရော၊ နည်းမှန် လမ်းမှန်နဲ့  ချစ်တတ်ဖို့ ရော ကျင့်ယူမှ ရပါတယ်။ မေတ္တာစစ်နဲ့  ချစ်နိုင်ရင် တကယ် လည်း စိတ်ချမ်းသာပါတယ်။ ချစ်ခြင်း မေတ္တာဆိုတာ စိတ် ချမ်းသာဖို့  ကျင့်ရတဲ့ တရားတစ်ခုပါ။

စိတ်ချမ်းသာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောရင် စိတ်မချမ်းသာရတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကိုလည်း ပြောပြဖို့  လိုမယ် ထင်ပါတယ်။ ချစ်ခြင်းမေတ္တာမှာ မိတ်ဘက်တွေ ရှိပါ တယ်။

ချစ်ခြင်းမေတ္တာနဲ့  ကရုဏာတွေ၊ မုဒိတာတွေ၊ သစ္စာတရားတွေ ပေါင်းဖက်မိကြတယ် ဆိုပါ တော့။ ချစ်ရတဲ့အတွက် သနားတဲ့၊ ကြင်နာတဲ့၊ ညှာတာတဲ့၊ အနစ်နာခံတဲ့၊ ခွင့်လွှတ်နိုင်တဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ချမ်းသာရတာပါ။

ချစ်ခြင်းမေတ္တာနဲ့ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေ၊ မစ္ဆရိယတွေ၊ အတ္တတွေ ပေါင်းဖက် မိကြတယ် ဆိုပါတော့။ ပူပင်ရတဲ့၊ ဆုံးရှုံးရမှာ ကြောက်တဲ့၊ မနာလိုတဲ့၊ ၀မ်းနည်းတဲ့၊ ပူဆွေးတဲ့၊ နာကြည်းတဲ့၊ အငြိုးကြီးတဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ဆင်းရဲ ရမှာပါ။

တချို့ ကလည်း ပြောကြတယ်။ ၅၂၈ က အေးချမ်းတယ်။ ၁၅၀၀ မို့  ပူလောင်တယ်တဲ့။ ကိန်းဂဏန်းတွေကို ရေတွက် မပြချင်ပါ။

မိဘ မောင်နှမသားချင်းတွေဟာလည်း လူသားတွေမို့  ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန အမှားတွေ ရှိနိုင်ပါတယ်။ လင်မယားချစ်၊ သမီးရည်းစားချစ်မှာလည်း အကြင်နာတွေ၊ ဂရု ဏာတွေ၊ မြတ်နိုးတာတွေ၊ စေတနာတွေနဲ့  ထုံမွှမ်းထားရင် စိတ်ချမ်းမြေ့တဲ့ ဘ၀ကိုရမှာပါ။

ကိုယ့်ရင်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ဘာနဲ့ ပေါင်းစပ်ပေးမလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ် ချက်ပါပဲ။ အမှန်ကတော့ လူတစ်ယောက်ကို ချစ်နိုင်တယ်ဆိုတာနဲ့ တင် ၀မ်းသာဖို့  ကောင်းနေပါပြီ။ (ကိုယ် မချစ်နိုင်တဲ့သူ တွေကို ရေတွက်ကြည့်ပါ။)

ချစ်တယ်ကို ချစ်တယ်လို့  မတွေးပဲ တခြားဟာတွေပါ လျှောက်တွေးနေလို့ သာ စိတ်က မငြိမ်း ချမ်းနိုင်တာပါ။

မေတ္တာတရား ရှာပုံတော် ဖွင့်နေသူတွေ အတွက်ပါ။ ကမ္ဘာပတ်ပြီး ရှာဦးတော့ မေတ္တာတရားကို တွေ့ ချင်မှ တွေ့ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာတရားက ကိုယ့်နှလုံးသားထဲမှာပဲ ရှိနေလို့ ပါ။

ကိုယ့်ကို စိတ်ချမ်းသာမှု ပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာဟာ တစ်ပါးသူတွေရဲ့ နှလုံးသားကများ လာမှာလားလို့  မျှော်လင့်နေရင် လည်း မျှော်တော်ဇောနဲ့  မောနိုင်ပါတယ်။ သူများက ကိုယ့်ကို ချစ်တယ်ဆိုတာ ၀မ်းသာစရာပါ။ ဒါပေမဲ့ ပြင်ပ အကြောင်းတရား ကြောင့် ချမ်းသာရတယ် ဆိုတာ (instrumental good) ကိုယ် ဖန်တီးနိုင်တဲ့ အရာ မဟုတ်လို့  မသေချာပါ။

တကယ်တော့ ချစ်ခြင်း မေတ္တာမှာ ပင်ကို ချမ်းသာမှုသဘော (intrinsic good) ရှိပြီးသားပါ။ ကိုယ်မွေးမြူနိုင်လို့  ကိုယ့်နှလုံး သားထဲမှာ ချစ်ခြင်း မေတ္တာကိန်းအောင်းလာပြီ ဆိုရင် အလို လိုကို စိတ်ချမ်းသာရပါတယ်။ ဘာအကြောင်းနဲ့  မှ မပျက်စီးနိုင်တဲ့ ချမ်းသာမှုပါ။

ကိုယ်ကျင့်တရား စံချိန်မှီတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းတွေ ကြီးကြီးကျယ်ကျယ် လျှောက် ပြောနေလို့  ကျွန်မကိုတော့ ဟုတ် လှပြီလို့  မထင်ပါနဲ့ ။ သဘောတရားတွေကနေ လက်တွေ့  ကို ကူးပြောင်းရတဲ့ ကိစ္စဟာ လွယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် လက်တွေ့ မှာ ချစ်ခြင်းမေတ္တာ အရေခြုံတဲ့ မနာလိုမှုတွေ၊ ပိုင်ဆိုင်ချင်တဲ့ လောဘတွေ၊ ဆုံးရှုံးမှာ ကြောက်တဲ့  သောကတွေ၊ လိုတာ မရတဲ့ ဒေါသတွေ၊ ၀မ်းနည်း ပူဆွေးမှုတွေ၊ နာကြည်းမှုတွေ၊ အညှိုးထားမှုတွေ၊ မာနတရားတွေနဲ့  လုံးလည် ပတ်ချာ လိုက်နေဆဲပါပဲ။

ဒီလိုဆိုရင် မေတ္တာစစ်ဆိုတာ မမှီတဲ့ပန်းလို့  လက်လျှော့ သွားချင်စရာ ဖြစ်ပါတယ်။ ချစ်ခြင်း မေတ္တာတွေရော၊ ဆိုးညစ်တဲ့ စိတ် ဓါတ်တွေရောဟာ စိတ်ထဲကပဲ ဖြစ်လာတာမို့  ကိုယ့်စိတ် ကလေးကို ပြင်သွားရင် တဖြည်းဖြည်း မေတ္တာစစ်နဲ့  နီးစပ်လာမယ် ထင်ပါတယ်။ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ စိတ်ဓါတ် လွန်ဆွဲပွဲပေါင်း များစွာကိုတော့ ဖြတ်သန်းရမှာပါ။

ဒါပေမဲ့ မကြောက်ပါနဲ့ ။ လျှော့လည်း မလျှော့ပါနဲ့ ။ နောက်ဆုံးမှာ မေတ္တာတရားက အမြဲ အနိုင်ရပါတယ်။

အခွင့်အလမ်းဂျာနယ်

ကေသာတစ်မျှင်မျှ မြေမခရအောင်

ကေသာဆိုတာ ဦးကင်းထက်မှာပဲ ပေါက်ဖွားနေထိုင်ရှင်သန်လေ့ရှိတဲ့ သက်ရှိတစ်မျိုးပါ။ ဒါပေမဲ့ အချိန်မတိုင်ခင် ရွက်နုကြေသလို တဖြုတ်ဖြုတ်ကြွေနေမယ်ဆိုရင် မကြာခင် လုံးပါးပါးကာ ခေါင်းတုံးလုံးကြီး ဖြစ်ရချည်ရဲ့။ တုံးလုံးဆို ဘယ်တုံးလုံးမှ ကြည့်မကောင်းသလို ခေါင်းးတုံးလုံးနဲ့ ပျိုမေတွေအတွက် စတိုင်သစ်တစ်ခုမဖြစ်မလာနိုင်ပါဘူး။

ဆံပင်ကျွတ်ခြင်းအကြောင်းရင်း

ဆံပင်ကျွတ်ခြင်းအမှုဟာ ယခုခေတ်မိန်းမတွေကြားမှာ အရမ်းကို ခေတ်စားလာနေတဲ့ ပြဿနာတစ်ရပ် ဖြစ်တယ်။ အမေရိကန်မှာဆိုရင် အမေရိကန်အမျိုးသမီး ၂၅ သန်းကျော် ဆံပင်ကျွတ်ရတဲ့ဒုက္ခနဲ့ ရင်ဆိုင် နေရတယ်။ ရိုးရိုးဆံပင်ကျွတ်တဲ့ ပြဿနာ မဟုတ်ဘူးနော်။ ထိပ်ပြော်ငတဲ့ အဆင့်ကိုကူးမယ့် ဆံပင်ကျွတ် ပြဿနာအဆင့်။ ဒါကြောင့် သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ စိတ်ဆင်းရဲ၊ ရုပ်ဆင်းရဲကြီးစွာဖြစ်နေကြရတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက ဟော်မုန်းတွေကြောင့်ရယ်၊ စိတ်ဖိစီးမှု တွေကြောင့်ရယ်၊ စိုးရိမ်ကြောင့်ကြမှုများလို့ရယ်၊ မျိုးရိုးဗီဇကြောင့်ရယ်ဆိုတဲ့ အချက်တွေကြောင့် ဖြစ်ရတာလို့ သိရတယ်။ နောက်ထပ်အကြောင်းအရင်းကတော့ မိန်းမတွေရဲ့ ဓမ္မတာနဲ့ သက်ဆိုင်တယ်။ အသည်းအသန်ဖျားနာပြီးနောက်ပိုင်း၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန်ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက်ပိုင်း သုံးလေးလလောက်မှာလည်း ဆံပင်အများအပြား ကျွတ်ရတဲ့ပြဿနာဟာ အဖျားအနာနဲ့ ပတ်သက်နေ တာမို့ ယာယီသာဖြစ်ပြီး နောက်ပိုင်း ပြန်ကောင်းသွားလေ့ရှိတယ်။
ဟော်မုန်းကြောင့် ဆံပင်ကျွတ်ရတယ်ဆိုတာက ဟော်မုန်းတွေထဲက သိုင်းရွက်ဂလန်းက အထုတ်လွန်၊ ဒါမှမဟုတ် အလျှာ့လွန်နေရင်လည်း ဆံပင်က ကျွတ်နိုင်သေးတယ်။ သိုင်းရွက်ဂလန်းကြောင့်ဆိုရင် သိုင်းရွက်ဂလန်းကိုကုမှ အနာနဲ့ဆေးဆည့်ပြီး ပျောက်မှာဖြစ်မယ်။ ဟော်မုန်းထွက်ရှိမှု အချိုးအစား မညီမျှမှုကြောင့် ဆံပင်ကျွတ်ရတာဟာ ယောက်ျားလေးမှာရော၊ မိန်းကလေးတွေမှာရော ဖြစ်ပါားလေ့ရှိပါတယ်။ ကလေးမွေးပြီး သုံးလအကြာမှာ ဆံပင်ကျွတ်ရတာလည်း ဟော်မုန်းကြောင့် ဖြစ်ပါ တယ်။ ဟော်မုန်းအနေအထားဟာ ကိုယ်ဝန်မဆောင်ခင်အနေအထားသို့ ပြန်ရောက်သွားမယ်ဆိုရင် ပြန်ကောင်းသွားပါလိမ့်မယ်။ ဆံပင်ရဲ့ဇီဝစက်ဝန်းဟာ တဖန်ပြန်လည်ပတ်လာပါလိမ့်မယ်။
တချို့ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါသေးတယ်။ ဒီလိုဆေးဝါးကြောင့် ဆံပင်ကျွတ်မှန်း သိရရင် ကိုယ်သောက်သုံးနေတဲ့ ဆေးဝါးကို အသောက်ရပ်လိုက်ရင် ဆံပင်ကျွတ်တာလည်း အလိုလို ရပ်တန့်သွားမှာဖြစ်တယ်။ ဆေးဝါးကြောင့် ဖြစ်ရတဲ့ ဘေးထွကိုးကျိုး တစ်ခုလို့ ဆိုရပါမယ်။ အာရုံကြောနဲ့ ပတ်ဝတ်တဲ့ ဆေးဝါးတွေကြောင့် အဖြစ်များပါတယ်။ နောက်ပြိး တားဆေးတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။
ယားနာကူးစက် ရောဂါတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဒါကတော့ ယားနာပျောက်ဆေးနဲ့ တင် ကိစ္စပြတ်နိုင်ပါတယ်။ တခြားေ၇ာဂါတွေကြော်င့လည်း ဆံပင်ကျါတ်နိုင်ပါသေးတယ်။ ဥပမာ – ဆီးချို ရောဂါတို့လို ရောဂါတွေကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် ဆံပင်ကျွတ်တဲံအခါမှာ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းကို သေချာဆန်းစစ်ရှာဖွေပြီးမှ အနာနဲ့ ဆေး တည့်အောင်ကုမှ ပျောက်ကင်းမှာ ဖြစ်တယ်။ အမှန်တော့ ဆံပင်ကျွတ်ပြဿနာကို ကြိုတင်ကာကွယ်နိုင်တယ်။ သဘာဝနည်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

၁။ ဦးရေပြားကို နှိပ်နယ်ပေးခြင်း

ဆီ( သံလွင်ဆီ၊ အုန်းဆီ) နဲ့ ခေါင်းကိုလိမ်းပြီး ဦးရည်ပြားကို နှိပ်နယ်ပေးရပါမယ်။ လက်ချောင်းထိပ်ဖျား လေးတွေနဲ့ ဦးရည်ပြားကို နှိပ်နယ်ပေးပါ။ ဆံပင်ပြန်ပေါက်လာစေဖို့ များစွာ အထောက်အကူဖြစ်စေပါ တယ်။ ဦးရည်ပြားကို နှိပ်နှယ်ပေးမှုကြော်င့ ဦးရည်ပြားအောက်ကသွေး စီးဆင်းလည်ပတ်မှုကို ကောင်း မွန်စေလို့ ဆံပင်တွင်းပေါက်လေးတွေကို ပြန်လည်အလုပ်လုပ်လာစေပါတယ်။ နောက်ပြီးဆဲလ်သေတွေ ကိုလည်း ဖယ်ရှားရှင်းလင်းပေးစေတာမို့ သန်စွမ်းကျန်းမာတဲ့ ဆံသားရရှိလာစေပါတယ်။ ဘာမှ ဟုတ်ဘူးလို့ ထင်ရတဲ့ ဒီဦးရည်ပြား နှိပ်နှယ်ပေးမှုဟာ အဲဒီ့ကေသာတစ်မျှင်မျှ မြေမခရအောင် လောက် အစွမ်းထက်တာမို့ ဂရုအမှုပြုပြီး အသေအချာ နှိပ်နှယ်ကာ ကိုယ့်ဆံသားကို ကိုယ့်ဘာသာ ထိန်းသိမ်းပေး ပါ။

၂။ ခေါင်းလျှော်ရင်

ခေါင်းလျှော်တဲ့အခါတိုင်းမှာ ဦးရည်ပြားကို နှိပ်နယပြီးလျှော်ပေးဖို့လည်း လိုအပ်ပါတယ်။ ခြောက်သွေ့ခဲစ ပြုနေတဲ့ရှမ်ပူကို မသုံးပါနဲ့။ ရှမ်ပူဝယ်တဲ့အခါမှာ ပါဝင်တဲ့အမယ် ပစ္စများစာရင်းမှာ “Scalp Health” ဦး ရည်ပြား ကျန်းမာရေးအတွက်လို့ ရေးထားတဲ့ ရှမ်ပူမျိုးဟာဆိုရင် ဦးရည်ပြားကို ကျန်းမာစေတာမို့ ဆံပင်ကျွတ်ခြင်းကို တားဆီးစေနိုင်ပါတယ်။

၃။ နောက်လှန်မဖီးနဲ့

ခေါင်းဖီးတဲ့အခါမှာ ဆံပင်ကို နောက်လှန်မဖီးပါနဲ့။ ကျစ်ဆံမြီးကို တင်းနေအောင်ကျစ်တာမျိုးလည်း မလုန်ပါနဲ့၊ ဆံပင်ကို လွတ်လွတ်လပ်လပ်နဲ့ ရှိနေပါစေ။

၎။ အပျိုစင်အတိုင်းရှိနေပါစေ

ကေသာကို အပျိုစင်အတိုင်း ဘာမှ အကောက်၊ မဖြောင့်ပါနဲ့။ ဟိုက်လိုက်လည်း မဖောက်နဲ့၊ ဆေးလည်း မဆိုးပါနဲ့။ အပျိုစင်လေးလို သဘာဝအတိုင်း ရှိနေပါစေ။ ကောက်လိုက်၊ ပြီးရင် ပြန်ဖြောင့်လိုက်၊ ဖြောင့်ပြီး ဆေးဆိုးလိုက်၊ မကြိုက်လို့ ဟိုက်လိုက်ပြန်ဖောက်လိုက်လုပ်နေတဲ့ ဆံပင် အပျိုစင် ဘ၀ကနေလေဆာကျသွားတဲ့ က္ကုတ္ထိယလိုပဲ “အနေမတတ်လို့ ကိုယ်ရိရ” ဆိုသလို ဆံနွယ်တွေ ရှိပြီး မကြာခဏ ကျွတ်လာမှာ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ အပူနဲ့ဓာတုပစ္စည်းတွေရဲ့ အကျိုး သက်ရောက်မှုကြောင့် ဆံသားရဲ့ ပြင်ပ သက်ရောက်မှုခုခံနိုင်စွမ်းအားဟာ တဖြည်းဖြည်းလျှောကျလာလို့ ပဲဖြစ်တယ်။

၅။ ဗီတာမင်ဘီ

ဗီတာမင်ဘီဟာ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ဆံပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ ဖြည့်တင်းပေးပါတယ်။
နောက်ဆုံးပိတ်ပြောချင်တာကတော့ အရက်ပျံပါတဲ့ ဆံကေသာ ကုန်ပစ္စည်းတွေ ရှောင်ရှားပါ။ ဆေးလိပ် သောက်ခြင်း၊ ဆေးလိပ်အနံ့ရူမိခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်စေတာမို့ ဂရုစိုက်ပေးရပါမယ်။ အမှန်တော့ ကေသာဆိုတာ အမြင့်ဆုံးဦးခေါင်းအရပ်မှာပဲ တည်ရှိနေတာတင့်တယ်လှပါတယ်။ မြေမခစေချင်တဲ့ ဒီကေသာအကြောင်း ဒီမျှနဲ့ရပ်နားရင်း သူငယ်ချင်းအားလုံး ကိုယ်၊ စိတ်နှဖြာ ရွှင်ရွှင်လန်းလန်း ရှိကြပါစေလို့ ဆုတောင်းလျှက်……
8 Days A Week Journal

သင့်ချစ်သူအပေါ်သင်ဘယ်လိုပြောဆိုဆက်ဆံနေသနည်း?

ချစ်သူတွေမှာ နားလည်မှုတွေနဲ့ ပြည့်နှက်ပြီး ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာတွေ မပြတ်ရှိစေချင်ပါက ချစ်သူနှစ်ဦးကြား ဆက်ဆံရေးပြေလည်ဖို့ လိုပါတယ်။ ဆက်ဆံရေးကောင်းမွန်စေဖို့ ဦးဆုံးလို အပ်တဲ့ အဆင့်က ဆက်ဆံရေးပုံစံတွေကို နားလည်ဖို့ပါပဲ။ ပညာရှင်တွေရဲ့အဆိုအရ ရှိတဲ့ ဆက်ဆံရေးပုံ စံ သုံးမျိုးအနက် သင်ဟာ ဘယ်အမျိုးအစားဖြစ်မလဲဆိုတာ သိရှိနိုင်ဖို့ အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။

၁။ သင်ဟာ သင့်ချစ်သူနဲ့အတူ နှစ်ယောက်တည်း ခရီးထွက်ချင်နေတယ်။ ဒါပေမဲ့ သင့်ချစ်သူက လောလောလတ်လတ် ရည်းစားပစ်ခံလိုက်ရလို့ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်း အရင်း တစ်ယောက်ကို စိတ်ပြေလက်ပျောက်အနေနဲ့ ခေါ်သွားချင်တယ်။ သင်ဘာလုပ်မလဲ။
(က) ကြားလူတစ်ယောက်ပါတာ မကောင်းကြောင်း၊ စိတ်အနှောင့်အယှက် ဖြစ်နိုင်ကြောင်း ထပ်ကာထပ်ကာ ပြောပြီး သင်နဲ့ သူ့သူငယ်ချင်း ဘယ်သူက ပိုအရေးကြီးသလဲ စကားနာထိုးကာ မေးမိပါလိမ့်မယ့်။
(ခ) ဒီခရီးကိုတော့ သင်တို့နှစ်ယောက်ပဲ သွားပြီးနောက်မှ သူ့သူငယ်ချင်းကို စိတ်ပြေလက်ပျောက်အဖြစ် တခြားနေရာခေါ်သွားရအောင်ဆိုပြီး ညှိညှိနှိုင်းနှိုင်းပြောဆိုကြည့်မယ်။
(ဂ) သူ့သူငယ်ချင်းပါလာတာကို မကြိုက်ပေမယ့် စကားမများချင်လို့ သုံးယောက်သားအတူတူခရီးထွက် ဖြစ်သွားလိမ်မယ်။

၂။ သင်ဟာ အခုတလော Gym သွားကာ ကိုယ်ကာယလေ့ကျင့်ခန်းတွေသွားလုပ်နေတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် အစာစားနေတဲ့အတွက် ကိုယ်အလေးချိန်ကျပြီး ကိုယ်ရည်စစ်လာတာကို သင့်ချစ်သူက ဘာမှမပြောဘဲနေနေပါတယ်။ ဒါဆိုသင်ဘာလုပ်မလဲ။
(က) သူများတကာတွေက သင့်ကို ဒီလောက်ပိန်သွားတယ်ပြောတာတောင် သူက သတိမထားဘဲနေရ ကောင်းလားဆိုပြီး ရန်စွာမိမယ်။
(ခ) သူကြိုက်တဲ့ဟင်းချက်ပြီး ညစာစားရာမှာ သင်ဟာကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားတွေပဲ စားနေရတဲ့အတွက်ဒီလိုအစားကောင်း အ၀စာတွေ (ဥပမာ – အုန်းနို့စမ်းကြက်သားဟင်း) မစားရတာ တောင်ကြာ နေကြောင်း ဟာသလုပ်ပြောမိမယ်။
(ဂ) အင်္ကျီဟောင်းတွေနဲ့ မတော်တော့တာကြောင့် အ၀တ်အစားသစ်တွေဝယ်လိုက်ဦးမယ်ဆိုပြီး သွယ် ၀ိုက်ပြောမိမယ်။

၃။ သင်တို့ရဲ့အိမ်ကရူပ်ပွနေပြန်ပြီ။ ဒါပေမဲ့ သင့်ချစ်သူက အိမ်ရူပ်ပွတာကို သတိတောင်ထားမိ တဲ့ ပုံမပေါက်ဘူး။ သင်ဘာလုပ်မိမလဲ။
(က) အဲ့ဒါနဲ့ပတ်သက်ပြီး စောဒကတက်မိမယ်။ သူ့ကို အိမ်ဝိုင်းရှင်းပေးဖို့ဆိုတာ ဒီတစ်နည်းပဲရှိတော့ တယ်လေ။
(ခ) နှစ်ယောက်စလုံး စိတ်အေးချမ်းတည်ငြိမ်နေချိန်မျာ သူဘယ်လောက်အလုပ်မှာ ပင်ပန်းနေသလဲဆို တာ သိကြောင်းချီးကျူးစကားအရင်ဆိုပြီး အိမ်မှာတော့ ဒီလိုဒီလိုပဲ ရူပ်ပွနေတယ်။ သင်တစ်ယောက် တည်း ရှင်းရတာ မနိုင်ကြောင်း။ အကူအညီပေးစေချင်ကြောင်း၊ ညင်ညင်သာသာလေး ပြောမိမယ်။
(ဂ) သင့်သူငယ်ချင်းရဲ့ ချစ်သူအမျိုးသားက သူ့အိမ်မှာ ဖုန်ဝိုင်းစုပ်ပေးကြောင်း အ၇ိပ်အမြွက်အနေ နဲ့ မသိမသာလေးပြောမိမယ်။

၎။ သင်ဟာ သင့်ချစ်သူနဲ့ စိမ်းနေသလိုခံစားရပြီး သူ့အပြုအမှုတွေလည်း အေးစက်စက်နိုင်နေ တယ်လို့ထင်ပါက သင်ဘာလုပ်မိမလဲ။
(က) လာမယ့်ရုံးပိတ်ရက်မှာ တစ်နေရာကို သွားဖို့ စီစဉ်ပြီး အချင်းချင်းပြန်နွေးထွေးအောင် လုပ်မယ်။ ပြီးတဲ့အခါ သင့်ကိုဘာကြောင့် ဖက်လှဲတကင်းမနေတာ့တာကို မေးကြည့်မယ်။
(ခ) သူနဲ့ထိပ်တိုက်တွေ့မေးမယ့်အစား သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်မယ်။ ပြီး တဲ့အခါ သူနဲ့ညစာ အတူတူထွက်စားပြီး အစစအရာရာအဆင်ပြေရဲ့လား။ ဘာအဆင်မပြေဖြစ်နေသလဲ မေးကြည့်မယ်။
(ဂ) အဲဒီအကြောင်းကို လအနည်းငယ်ကြာတဲ့အထိ အဆွေးနွေးမိအောင် ရှောင်ရှားမယ်၊ လူတိုင်းမှာ တော့ စိတ်အခန့်မသင့်တဲ့ အခါမျိုးတော့ရှိမှာပဲ။

၅။ သင်ဟာ သင့်ချစ်သူကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ကဗျာဆန်ပြီး ကြည်နှုးဖွယ်ကောင်းစွာ ဖြတ်သန်းဖို့ကို လနဲ့ချီပြီးစီစဉ်ထားပေမယ့် အဲဒီနေ့မှာ ကျင်းပမယ့် သူအရမ်းကြိုက်တဲ့ အဆိုတော် စတိတ် ရူးလတ်မှတ် မေတ္တာလတ်ဆောင်ရလာပြီး စတိတ်ရူိးပဲသွားတော့မယ်လို့ လုပ်နေတဲ့အခါ သင်ဘာလုပ်မိမ လဲ။
(က) စိတ်မတိုအောင်ထိန်းထားပေမယ့် မရဘူး။ ပြီးတော့ သူ့ကို သင့်အစီအစဉ်က စတိတ်ရိုးထက်ပို အရေးကြီးကြောင်း ပြောမယ်။
(ခ) သူအရမ်းသွားချင်နေလားမေးလိုက်ပြီး ဒီပွဲကိုတော့သွားချင်သွားပါ။ သင်ရဲ့အစီအစဉ်ကို ရက် ပြောင်းလိုက်မယ်။ ဒါပေမဲ့ သင့်ကိုပြန်လိုက်လျောတဲ့အနေနဲ့ သင့်အစီအစဉ် ပိုကောင်းအောင် သူ့ကို စီစဉ်ခိုင်းမိပါလိမ့်မယ်။
(ဂ) ၀မ်းနည်းသွားပေမယ့် ဘာမှမပြောဘဲနေလိမ့်မယ်။ သင့်အတွက်ပါ လက်မှတ်ရနိုင်မလား တွေးနေမိ မယ်။

“က” များလွန်းပါက သင်ဟာ ဦးဆောင်ချင်သူပါ
ဆက်ဆံရေးပုံစံ
သင်ဘာလိုချင်သလဲဆိုတာကို သင်သိပြီး သင်လိုချင်တာရအောင်တွန်းအားပေးပြီး ဆက်ဆံတတ်ပါ တယ်။ အဲဒီအတွက် သင်ဆက်ဆံတဲ့ပုံစံက အထက်စီးကလိုဖြစ်နေတတ်ပါတယ်။
ဘာပြင်ဆင်သင့်သလဲ
နားထောင်မှုစွမ်းရည် တက်အောင်လုပ်ပါ။ သူများပြောတာကို သေချာဂရုဟိုက်ပြီး နားထောင်ပေးပါ။ ကိုယ့်အမှုအရာကလည်း အရေးကြီးပါတယ်။ သင့်ချစ်သူရဲ့် မျက်နှာအမှုအရာကိုလိုက်ပြီး တုပကြည့်ခြင်းဖြင့် သူ့ခံစားချက်ကို ပိုနားလည်နိုင်ပြီး သင့်ရဲ့ နားထောင်မှုစွမ်းရည်လည်း တက်လာမှာပါ။ အကယ်၍ ငြင်းခုံစရာကြုံလာခဲ့ရင် အပြိုင်လုပြောမယ့်အစား တစ်ယောက်တစ်လှည့်စီပြောကာ တစ်ဖက်သားခံစားချက်ကို နားလည်အောင်ကြိုးစားပါ။
Tips
အားလပ်ရပ်မှာ ဘာလုပ်မယ်ကအစ ဈေးမှာဘာဝယ်မယ်ဆိုတဲ့ အဆုံး အရာရာမှာ သင်ကချည်းပဲ ဆုံးဖြတ်တတ်တဲ့ အကျင့်ကို လျှော့ပါ။ သင့်ချစ်သ်ူရဲ့ ဆန္ဒကို ပါ ထည့်တွက်ပါ။ “ကျွန်မကတော့ဒီလို လုပ်ချင်တယ်။ ရှင်ကရော ဘယ်လိုထင်သလဲ” ဆိုတာမျိုးမေးမြန်းခြင်းဖြင့် သူ့ကို အသိအမှတ်ပြုပါ။

“ခ” များလွန်းပါက သင်ဟာ ညှိနှိုင်းတတ်သူပါ
ဆက်ဆံရေးပုံစံ
သွက်လပ်ပြီး ညှိညှိနှိုင်းနှိုင်းပြောဆို ဆက်ဆံတတ်တာဟာ သင့်ရဲ့အားသာချက်ပါ။ ချစ်သူဘ၀သာ ယာအောင် ကြိုးစားတတ်သူပါ။ အချိန်အများဟုမှာ သင်ဟာ သင့်ချစ်သူကို လူရာသွင်းဆက်ဆံ တတ်သလို သူ့ဘက်ကလည်း သင့်အပေါ် လေစားမှု ပြန်လိုချင်ပါတယ်။
ဘာပြင်ဆင်သင့်သလဲ
တစ်ခါတစ်လေမှာ ညှိနှိုင်းရင်းနဲ့ အခန့်မသင့်ရင် ငြင်းခုံတဲ့ဘက်ကို ရောက်ရှိသွားတတ်ပါတယ်။ ဟိုဟာစဉ်းစား ဒီဟာစဉ်းစားနဲ့ ရှည်ရှည်ဝေးဝေးလျှောက်တွေးနေတတ်တာ ညှိနှိုင်းတတ်သူတွေရဲ့ဥာဉ် ပါ။ ဒါကြောင့် ညှိနှိုင်း ဆွေးနွေးရာမှာ ရှည်ရှည်ဝေးဝေးမစဉ်းစားဘဲ လိုရင်းကို သာ ပြောနိုင်အောင် ကြိုးစားပါ။
Trips
ဆွေးနွေးတိုင်ပင်ရုံနဲ့ အရှိန်တက်လာပြီး စကားများလာပါက စိတ်အပြော်ငးအလဲ ဖြစ်သွားအောင် တစ်ခုခုကို ဟာသလုပ်ပြောလိုက်ပါ။ တစ်ယောက်ယောက်က စိတ်တိုဒေါသထွက်နေပြီဆိုပါက ရန်မဖြစ် ရအောင် သင့်လေသံကို ဟာသလုပ်ပြိး ပြောင်းပြောလိုက်ပါ။ သူပြုံးမိကာ ဒေါသလျော့သွားပါလိမ့်မည်။

“ဂ” များလွန်းပါက သင်ဟာအကောင်းမြင်တတ်သူပါ
ဆက်ဆံရေးပုံစံ
သင်ဟာအကောင်းမြင်လွန်းတာကြောင့် ပြဿနာရပ်တွေကို လျစ်လျူရူထားသလိုတောင် ဖြစ်နေတတ် ပါသည်။ တစ်ခါတလေမှာ သင်ဟာ ပွင့်ပွင့်လင်းလင်းမပြောဘဲ အရိပ်အမြွက်ကိုသာ ရိပ်ဖမ်းသံဖမ်း ပြောဆိုတတ်တာဟာလည်း အမျိုးသားတွေအနေနဲ့ သဘောမပေါက်နိုင်ပါဘူး။
ဘာပြင်ဆင်သင့်သလဲ
အရေးကြီးတဲ့ ကိစ္စရပ်တွေဆိုရင် သွယ်ဝိုက်မနေဘဲ တိုက်ရိုက်သာပြောဆိုပါ။ အကောင်းမြင်သမား တွေဟာ အရေးကြီးတဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိပ်တိုက် မျက်နှာချင်းဆိုင် မပြောဆိုကြဘဲ ဟန်းဖုန်းနဲ့ မက်ဆေ့ဂ်ျပို့ခြင်း၊ အီးမေးလ်ပို့ခြင်းကိုသာ ပြုလုပ်တတ်ကြပ်တယ်။ ဒါဟာမကောင်းပါဘူး။ အရေးကြီးကိစ္စရပ်တွေကို ထိပ်တိုက်ပြောဆို ဆွေးနွေးသင့်ပါတယ်။
Trips
သင်အချစ်ရေးမှာ သင်ပြောရဲဆိုရဲဖြစ်အောင်ကြိုးစားပါ။ ငြိမ်းချမ်းဖို့ အလွန်ကြိုးစားနေတာကြောင့် ချစ်သူကို မဆန့်ကျင်ရဘဲ အစစအရာရာသူ့သဘောကျသာ လိုက်လျောနေရသလိုဖြစ်နေ တတ်ပါတယ်။ သင့်ဘ၀ရဲ့ အရေးကြီးနယ်ပယ်တွေကို စာရင်းချရေးကာ ဘယ်သူက ထိန်းချုပ်သလဲဆို တာ စဉ်းစားကြည့်ပါ။ လူမှုဘ၀၊ ငွေရေးကြေးရေး ဒါမှမဟုတ် အမှုကိစ္စ တစ်နေရာရာမှာ တစ်ယောက်ယောက်က လွှမ်းမိုး ထိန်းချုပ်နေပါက ဘာကြောင့်လဲ အဖြေရှာကာ နှစ်ယောက်ညီတူမျှတူ ညှိနှိုင်းတိုင်ပင်ပါ။

ဤသို့ဆိုလျှင် သင့်ချစ်မြတ်နှိုးထားရသောသူသည် သင့်၏အချစ်ကိုနားလည်လာကာ သင့်အပေါ် ဘယ်တော့များမှ ပစ်ပယ်မသွားပဲ သင်တို့အချစ်သည်လည်း ရေရှည်တည်တဲ့ခိုင်မြဲနိုင်ကြမည့်ဖြစ်ပြီး သူငယ်ချင်း အားလုံးပဲ စစ်မှန်သောအချစ်နှင့် ခိုင်မြဲသော ချစ်သူဘ၀တို့ကို ဖြတ်သန်းနိုင်ကြပါစေ။

ချစ်သူကောင်းလုပ်နည်း (ယောက်ျားလေးများအတွက်သာ)

တစ်ဘ၀လုံးကို ၁၅၀၀နဲ့ ရောင်းစားပစ်ရဲတဲ့ အချစ်သူရဲကောင်း ပုဂ္ဂိုလ်များအတွက် လိမ်လိမ်မာမာနဲ့ချစ် သူကောင်း လုပ်နည်းလေး တင်ဆက်လိုက်ပါတယ်။

အလိုက်သိပါစေ
ချစ်သူကောင်းတစ်ယောက်စာ ကိုယ့်ချစ်သူရဲ့အလိုက်ကို အမြဲကြည့်နေတယ်။ ချစ်သူကို ဘယ်လို ပျော်ရွှင် အောင်ထားမလဲဆိုတာ အမြဲလိုက်ကြည့်နေတတ်တယ်။ မိန်းမတစ်ယောက်ကို ပျော်အောင်ထား ဖို့ဆိုတာ နည်းနည်းတော့ စိတ်ရူပ်ရမယ့် အခြေအနေပါပဲ။ ဒါပေမဲ့နည်းကောင်းတစ်ခုကတော့ ကိုယ့်ချစ်သူအား အခါအခွင့်အလိုက် လိုက်လျောညီထွေးစွာနဲ့ ချီးကျူးပြောဆိုပေးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူဝတ်တဲ့အ၀တ်အစားပေါ်မှု တည်၍ သော်လည်းကောင်း၊ ရုပ်ပန်းသွင်ပြင်တို့အပေါ်မှုတည်၍ သော်လည်းကောင်း ချီးကျူးပြောဆိုပေးခြင်းဖြင့် ကိုယ့်ချစ်သူအား သာမန်ထက်ပို၍ ထူကဲတဲ့သူအဖြစ် အထင်ရောက်ရှိနေပါစေ။

ဂရုပြုပေးပါ
မိန်းမတွေထဲမှာ မိန်းမမဆန်တဲ့ မိန်းမတွေရှိပေမယ့် မိန်းမအများဟုကတော့ အလှအပနဲ့ ကင်းကွာပြီး မနေနိုင်ပါဘူး။ ဘယ်လောက်ပဲ အလှအပမကြိုက်အုန်းတော့ ကိုယ့်ချစ်သူရဲ့ အာရုံစိုက်မှု၊ အလေးထားမှု ကိုတော့ရရှိအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ပြင်ဆင်တတ်ကြတယ်။ ဒီလို ပြင်ဆင်တဲ့အခါမှာလည်း အချိန်ပေးပြီး ပြင်ဆင်ရတာဖြစ်လို့ ကိုယ်ချစ်သူရဲ့ ဂရုစိုက်မှုကို လိုချင်တတ်ကြတယ်။ ဒါကြောင့် ချစ်သူ ကောင်းဖြစ်ချင်တဲ့ ယောက်ျားလေးတစ်ယောက်ဟာ ကိုယ့်ချစ်သူရဲ့ တကူးတက ပြင်ထားတဲ့ အလှအပတို့ကို အလေးအနက်ထားပြီး ထုတ်ဖော်ချီးကျူးပေးရမှာ ဖြစ်တယ်။

လေးစားမှုပေးလိုက်ပါ
ကိုယ့်ချစ်သူ သူငယ်ချင်းတွေ၊ ဆေမျိုး၊ မိဘတွေကို ဂါရ၀တရားထားကြောင်းနဲ့ အရိုးအသေပြုတဲ့အမှု အရာ ကိုယ့်ချစ်သူရဲ့သည်းဘ၀င်ကို ကောင်းကောင်းကိုင်လှုပ်နိုင်စွမ်းရှိပါတယ်။ နောက်ပြိး ကိုယ့်ချစ်သူရဲ့ ကျေးဇူးလည်း အတင်ခံရတတ်ပါတယ်။ ယဉ်ကျေးခြင်း၊ ပျူငှာခြင်း၊ အရိုအသေ ပေးခြင်း တို့ဟာ ကိုယ့်ချစ်သူရဲ့မျက်နှာပန်းကို ကောင်းစွာ ပွင့်လာလိမ့်မယ်။ ကိုယ့်ကြောင့်နဲ့ ကိုယ့်ချစ်သူ မျက်နှာကောင်းရတာဟာ ကိုယ့်အတွက် အမှတ်တိုးစေပါတယ်။ မိုးမိုးရဲ့ ယောက္ခမတောင် နေ့တိုင်းရှိခိုးမယ့်ဆိုတဲ့ စာသားရွတ်ပြီး ကိုယ့်ချစ်သူရဲ့ အချစ်တိုးဆေးကို စားသုံးပါ။

ရိုးသားမှုရှိပါ
အချစ်ရေးတိုင်းမှာ ရိုးသားပွင့်လင်းမှုဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်ဘက်ကကိုယ့်ချစ်သူအပေါ် အပြည့်အ၀ရိုးသားမှုရှိပေးတာဟာ ကိုယ့်ချစ်သူရင်ထဲက ဖါင့်မပြောတဲ့ ဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ထပ် မိန်းကလေးတွေ မုန်းတဲ့ အရာတစ်ခုက ယောက်ျားလေး အတော်များများမှာ လေ့မှားထရှိတဲ့ အရာတစ်ခုပဲ။ ဘာလည်းဆိုတော့ ကိုယ့်ချစ်သူအထင်ကြီးအောင် လိမ်ညာပြီး မရှိတာကို အရှိလုပ်ပြီး ပြောဆိုထားတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ဘက်က အဖြစ်မှန်အတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါ။ ဒါမှ နောက်အဖြစ်မှန် ပေါ်သွားတဲ့အခါမှာ ကိုယ့်ချစ်သူရဲ့ အထင်အမြင်ကြီးမှုကနေ အထင်အမြင်သေးမှုကို ရှိသွားမယ့် အန္ထရာယ်ကနေကင်းသွားမှာ ဖြစ်တယ်။

ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု
Physical Contact ဆိုတာ ချစ်သူတိုင်းမှာ လိုအပ်ပါတယ်။ မိန်းမတွေရဲ အရေပြားဟာ ယောက်ျားတွေ ရဲ့ အရေပြားထက် ပိုပြီးနှုးညံ့တယ်။ ဒီနှုးညံ့မှုက နေအချစ်တိုးစေတဲ့ အကျိုးတရားတွေကို ဖန်တီးနိုင်တယ်။ တကယ်လို့ ကိုယ့်ချစ်သူက အရမ်းကဗျာဆန်နေတယ်ဆိုရင်တော့ သူ့မျက်ဝန်းလေးကို ရီရီဝေေ၀နဲ့ စိုက်ကြည့်ပြီး “လွမ်းလိုက်တာကွာ” ဆိုပြီး ပြောပေးပါ။ ဒါပေမဲ့ မိန်းကလေးတိုင်း ကဗျာမဆန် ကျတာကိုတော့ သတိထားပေးရမှာ ဖြစ်ပါတယ်။

လတ်ဆောင်ပေးပါ
လက်ဆောင်ပေးတဲ့ အခါမှာ သမားရိုးကျလေးထက် နည်းနည်း Surprise လေးပါသွားအောင်ုလပ်ပေးပါ။ ကိုယ့်ချစ်သူရဲ့မွေးနေ့တို့၊ နှစ်ပတ်လည်နေ့တို့မှာ လက်ဆောင်ပေးပါ။ တန်ဖိုးမရှိတာ ရှိတာဟာ အဓိက မကျသော်လည်း မိမိချစ်ရသူကပေးတာမို့ တယုတယတန်ဖိုးထား ပီတိဖြစ်တတ်ကြတာဟာ မိန်းခလေးတွေရဲ့သဘာဝလေးဖြစ်တယ်။

ဘေးတိုက်ရပ်ပါ
ချစ်သူနဲ့ ကိုယ့်ကြားမှာ ချစ်သူကလည်း ကိုယ့်အပေါ် လွှမ်းမိုးတာမျိုး အဖြစ်မခံနဲ့။ ကိုယ်ကလည်း ကိုယ့်ချစ်သူအပေါ် လွှမ်းမိုးချင်တာမျိုး မလုပ်နဲ့။ တစ်ယောက်ကိုတစ်ယောက် လက်ချင်းတွဲပြီး ဘ၀ခရီး လမ်းကို အတူလျှောက်တာက ပိုကောင်းတယ်။ တစ်ယောက်ကို တစ်ယောက် လအမ်းမိုးနေရင် အချစ်ရေး သူခ ပျော်ရွှင်မှု အပြည့်အ၀မရနိုင်တော့ဘူး။

အသေးအဖွဲများကို ဂရုစိုက်တတ်ပါစေ
ယေက်ျားများဟာ မိန်းမတွေရဲ့ ကိုယ်ပေါ်က အလှအပအချို့စာ အချိန်ပေးပြီး ပြင်ဆင်ခဲ့ရတယ်ဆိုတာ မသိဘူး။ မိန်းမတစ်ယောက်ဟာ သူဆိုးထားတဲ့ လာက်သည်းနီပြပြီး လှလားလို့မေးရင် ယောက်ျားဖြစ်တဲ့သူက အင်းလိုက်၊ အဲလိုက်ပဲဆိုရင် ဒါဟာ ချစ်သူကောင်းတစ်ယောက်ရဲ့ လက္ခဏာမဟုတ်ဘူးလို့ သိထားရမှာဖြစ်တယ်။ သူကောင်းဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ချစ်သူရဲ့ အသေးအဖွဲ ပြောင်းလဲမှုလေးတွေကို ဂရုစိုက်ပြီး ချီးကျူးပြောဆိုပေးရမှာ ဖြစ်တယ်။

သွင်ပြင်သန့်ရှင်းသပ်ရပ်ဖို့လို
ချစ်သူကောင်းတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါထဲမှာ ရုပ်ပိုင်းဆိုင်ရာမချောတာ၊ ချောတာအပထားပြီး အနေအထိုင် သန့်ရှင်းသပ်ရပ်နေစေဖို့လိုပါတယ်။

ကြင်နာတတ်ပါစေ
ကိုယ့်ဘက်က သူ့အပေါ်ဘယ်လောက် ကြင်နာကြော်ငးကို သူသိအောင်လုပ်ပါ။ ကိုယ့်ရဲ့အပြုအမှု၊ အပြောအဆိုတို့ဟာ သူ့အတွက် ဘယ်လောက်တောင် ကြင်နာယုယထားသလဲဆိုတာ သူနား လည်ပါစေ။

ရန်မဖြစ်ရမည့်သူများ
ကိုယ့်ချစ်သူရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ရန်မဖြစ်မိစေနဲ့။ အငြင်းပွားတာတို့လည်း မလုပ်ပါနဲ့။

အဆက်ဟောင်းကိုလည်း ရန်မပွားနဲ့
တကယ်လို့ ကိုယ့်ချစ်သူမှာ အဆက်ဟောင်းရှိတယ်ဆိုရင် အဲဒီအဆက်ဟောင်းအပေါ်မှာလည်း မလိုတမာမစ္ဆိရိယမ ပွားမနေပါနဲ့။ လက်ရှိပစ္စုပ္ပန်ကို တည့်တည့်ရူပြီး အခုကိုယ့်ဘေးမျာ ရှိနေတဲ့ အကြောင်းကိုသာ အာရုံစိုက်ထားရမှာ ဖြစ်တယ။်

မစနဲ့
ကိုယ့်ချစ်သူကို ချစ်ကျီစားတဲ့အခါမှာ ကိုယ့်ချစ်သူဝတ်ထားတဲ့ အ၀တ်အစားနဲ့ ပတ်သတ်ပြီးတော့ မစမိစေပါနဲ့။

ဒီလောက်ဆိုရင်ပဲ ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ အချက်အလက်လုံလောက် နေပြီဖြစ်တယ်။ ဒါပေမဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားတဲ့အခါမှာ နဂိုကတည်းက ပန်းချွေမင်းသားလုပ်ချင်နေတဲ့ သူဆိုရင်တော့ ဘယ်လိုမှ ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်နိုင်မှာ မဟုတ်ဘူး။ နဂိုစိတ်ရင်း အခံကလည်း ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ လိုချင်ထက်သန်စိတ်ရှိမှ ဖြစ်လာနိုင်လို့ သတိပေးရင်း မိမိချစ်သူအပေါ်မှာ ချစ်သူကောင်းတစ်ယောက်အရည်အချင်းအပြည့်နဲ့ ထာဝရချစ်ခင် နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
8 days Journal (မေကမ္ဘာခင်)

သင် လူတော မတိုးရဲဘူးလား

လူအချို့တွင် လူကြောက်သည့်ရောဂါရှိ တတ်ကြ၏။ သူတို့အဖို့ သူစိမ်းတစ်ရံစာအများကြားတွင် မနေတတ်ကြ။ စကားစမြည်းပြောဆိုဆက်ဆံ၇မည်ကိုလည်း အလွန်အမင်းကြောက်ရွံ့နေကြ၏။ အမျိုး သမီးတစ်ဦးဆိုလျှင် သူ၏ ခင်ပွန်းနှင့်အတူသွားရာမှာပင် ခင်ပွန်းသည်၏ မိတ်ဆွေအပေါင်းအသင်းများ နှင့် ဆက်ဆံရန် စိုးရွံ့နေတတ်သည်။ ထိုမျှမက သူ၏သားသမီးများ ကျောင်းမှ ပွဲလမ်းများကိုလည်း တက်ရောက်ရန် ကြောက်ရွံ့နေလေ၏။
“ကျွန်မလူတွေနဲ့ တွေ့ဆုံပြောဆိုရမယ့် ပွဲလမ်းမျိုးကို တတ်နိုင်သမျှရှောင်ပါတယ်။ သူစိမ်းတစ်ယောက် နဲ့ မျက်နှာချင်းဆိုင်မိမှာကိုလည်း စိုးရိမ်တာအမှန်ပဲ။ မလွှဲသာလို့ သာရေး၊ နာရေးသွားရပြန်ရင်လည်း ရောက်တာနဲ့ အိမ်ပြန်မယ့်အချိန်ကိုသာ စိတ်တထင့်ထင့်နဲ့ စောင့်နေမိတော့တယ်” ဟု ပြောဖူး၏။
ယခုတော့ သူထိုသို့ မဟုတ်တော့ပါ။ ပွလမ်းသဘင်တိုင်းလိုပင် တက်ရောက်၍ လူတောတိုးနေပြီ ဖြစ်သည်။ ရင်သွေးငယ်များနှင့်ပတ်သက်သော ကျောင်းအစည်းအဝေးများ၊ ပညာရည်ချွန်ဆုပေးပွဲများ သို့လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေပါပြီ။ ဤနည်းဖြင့် သူ့တွင် မိတ်ဆွေ အပေါင်းအသင်းများ ၀န်းရံနေပြီဖြစ်၏။
သူ့တွင် ရှက်ကြောက်စိုးရိမ်ခြင်း အလျှင်းမရှိတော့ပါ။ ထိုသို့ ရှက်ကြောက်စိုးရွံ့ခြင်းသည် လူအချို့တွင် အတော်များများ ဖြစ်လေ့ဖြစ်ထရှိကြောင်းလည်း သူသဘောပေါက်ခဲ့သည်။ စင်စစ် ရှက်ကြောက်စိုးရွံ့မှု သည် ကလေးဘ၀တွင် အများအားဖြင့် ဖြစ်ပေါ်လေ့ရှိကြပြီး ထိုကလေးများ ကြီးပြင်လာသောအခါတွင် လည်း ရှက်ရွဲ့မှုက ဆက်၍ပါလာတတ်ပေသည်ဖြစ်ရာ ရှက်ရွဲ့မှုဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှုးလည်းဖြစ် သည်။ ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များက ၁၀,၀၀၀ ကျော်ကို စစ်တမ်းကောက်ခဲ့ယူခဲ့ရာ လေ့လာခဲ့သူတို့အနက် ၄၀ ၇ာခိုင်နှုန်းတို့က သူတို့ရှက်ကြောက်စိုးရွံ့တတ်ကြောင်း ဖော်ဖုတ်ခဲ့သည်။ ဖီး လစ်သည် “ရှက်ရွံ့ခြင်းဆိုတာဘာလဲ။ ၇ှက်ရွံ့မှုနှင့် ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်မလဲ” ဟူသော စာအုပ်ကို ရေးသားခဲ့သူလည်းဖြစ်သည်။
စိတ်ပညာရှင် “ဘာနာဒိုကာဒတ်စီ” သည်လည်း လူပေါင်း ၁,၆၀၀ ကို လေ့လာခဲ့ရာ ၄၈ ရာခိုင်နှုန်း က ရှက်ရွံ့တတ်ကြောင်း ဖော်ပြထား၏။ ဖီးလစ်၏ လေ့လာချက်အရ ၁၅ ရာခိုင်နှုန်းသည်လည်း အမြဲတမ်း မဟုတ်သော်လည်း အခါအားလျော်စွာ ရှက်ရွံ့တတ်သည်ဟု သိရ၏။ ရှက်ရွံ့တတ်ခြင်းမှာ အမျိုးသမီးများ၌သာမဟုတ်ပဲ အမျိုးသားများ၌ပါ ဖြစ်တတ်ကြောင်း သုတေသနပြုချက်အရ တွေ့ရှိထား ကြသည်။
ရှက်ရွဲ့ခြင်းကိုကုသရန် နည်းလမ်းမရှိပါချေ။ သို့သော် ထိုသူများအနေဖြင့် မိမိ၏ချမ်းမြေ့ပျော်ရွှင်မှုကို အနှောက်အယှက်မဖြစ်စေပဲ ဤအခက်အခဲများကို ကျော်လွှားအောင်မြင်နိုင်သည့် နည်းလမ်းများကို သုတေသီများက ဖော်ထုတ်တင်ပြနိုင်ခဲ့ပြီဖြစ်ပါသည်။ ပါရဂူတို့၏ အကြံပြုချက်များမှ အကောင်းဆုံးဟု သတ်မှတ်ထားသော နည်းလမ်းတချို့ကို တင်ပြချင်ပါတယ်။

(၁) မိမိဘာကြေက်သလဲဆိုသည့် ဇာစ်မြစ်ကိုသိရှိရန် မိမိ၏ ရှက်ရွံ့မှုကို မှတ်တမ်းတင်ထားပါ
“ရေးသား၍ မှတ်တမ်းပြုစုထားခြင်းသည် အကုန်အကျသက်သာဆုံးဖြစ်၍ အကျိုးအရှိဆုံးနည်းလည်း ဖြစ်သည်” ဟု စိတ်ရောဂါကု ဆရာဝန် “ခရစ္စတိုဖာမက်ကူလတ်ဖ်” ကဆို၏။ “ ကျွန်ုပ်တို့၏ ကြောက်ရွံ့စိတ်များနှင့် ကြောက်ရသည်အတွေးများကို စာဖင့်ချ၍ ရေးလိုက်သောအခါ အံ့ဖွယ်ရာများကို မကြာခဏ တွေ့ရလေတော့သည်” ဟု သူကရေးသားခဲ့၏။
သူ၏ လူနာအမျိုးသမီးကြီး တစ်ဦးမှာ အပျိုကြီးဖြစ်၍ အသက် ၃၅နှစ် ရှိပြီဖြစ်၏။ အပျိုကြီးခမျာ အပြင်ထွက်လည်ပတ်ရမည်ကို အလွန်အမင်းကြောက်ရွဲ့တတ်၏။ ထို့ကြောင့် အပြင်ထွက်လည်ပတ်မှု နှင့်ပတ်သတ်၍ အသေးစိတ်မှတ်တမ်း ရေးစေလိုက်သောအခါ သူအပြင်ထွက်လည်ပတ်ရာတွင် သူနှင့် အတူ လိုက်ပါလည်ပတ်သည့်အမျိုးသားက သူမချစ်မနှစ်သက်ပဲ သူ့ကို ချစ်ကြိုက်နေလျှင် ဘာလုပ်ရမလဲဟု တွေးတောပူပန်၍ ကြောက်ရွံ့ခြင်းဖြစ်ကြော်ငး တွေ့ရှိရ၏။
ထိုသို့ တွေးတောပူပန်ရန်မလိုကြောင်း၊ သူ့ကို ခရစ္စတိုဖာက ရှင်းလင်း ပြောပြခဲ့၏။ ယခုမှု ထိုအပျိုကြီး မမမှာ အချိန်းအချက်ပြု၍ အပြင်ထွက်လည်ပတ်ရမည်ကို မကြောက်တော့ပါ။

၂။ ပွဲတိုးသူအဖြစ်ကို ကိုယ်ပွားဇာတ်ကောင် ဖန်ဆင်းပါ။ ရှက်ကြောက် စိုးရွံ့မှု မဖြစ်အောင် ကြိုးစားလေ့ ကျင့်ပါ
မိမိ၏ ရှက်ကြောက်စိုးရွံ့မှုကို အဖြေရှာရန် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးအကြောင်းကို “ ဖီးလစ်ဇ်ဘောဒို” က ပြန်လည်တင်ပြပေးသည်။ သူကိုယ်တိုင်ပြောသည်မှာ-
“ကျွန်မကိုကျွန်မ” ပြဇာတ်ထဲမှာ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်းတစ်ကောင်လို သဘောထား လိုက်တာနဲ့ ကြောက်ရွံ့စိတ်မရှိတော့ပဲအားလုံး အိုကေသွားတော့တာပဲ”
ဤသို့ မိမိကိုယ်မိမိ ဇာတ်ဆောင်တစ်ယောက်ကဲ့သို့ သရုပ်ဆောင်နေဟန် နှလုံးသွင်းယူနိုင်ခြင်းသည် ပတ်ဝန်းကျင်ကို ကြောက်တတ်သူများ အနေဖြင့် အများဆုံးအဆင်ပြေစေသော နည်းလမ်းဖြစ်၏။
ပတ်ဝန်းကျင်ကို ရှက်ကြောက်တတ်သူများသည် လူအများရှ့ ဟောပြောရန်၊ ကပြရန် ၊ တွေ့ဆုံရန် စသည့် လူများစုကြားလှုပ်ရှားမှုတွင် ရှက်ကြောက်စိုးရွံ့မှု မရှိကြသော်လည်း တစ်ဦးစီတွေ့စဉ် ဆက်ဆံ ရန်ကိုမှု ရှက်ကြောက်နေတတ်ကြပေသည်။
ရှက်ရွံ့တတ်နေသူများအနေဖြင့် မိမိတို့အမှုအရာသည် မိမိအဖို့ အလွန်အမင်း ရုပ်ပျက်ဆင်း ပျက်ဖြစ်မည် ကို စိုးရိမ်တတ်ကြသည်။ မိမိကိုယ်မိမိ သရုပ်ဆောင်နေသည်ဟု သဘောပိုက်၍ လည်းကောင်း၊ မိမိပြောဆိုမည့် စကားလုံးများနှင့် ပြောဆိုပုံများကိုလည်းကောင်း၊ အပြန်အလှန်ချရေး၍ လေ့ကျင့်မွေးမြူခြင်းဖြင့် ကျော်လွှားအောင်မြင်နိုင်ကြောင်း“ ဖိလစ်ဇဘာဒို” က ရှင်းလင်းပြဆိုခဲ့သည်။

၃။ မိမိဘာသာ အိမ်မှာလေ့ကျင့်ပါ
မိမိအိမ်မှာ ကြိုတင်လေ့ကျင့်ခငြ်းကို “ လူမှုဆက်ဆံရေး ရှေ့ပြေးကင်းထောက်လုပ်ငန်း” ဟု “ဘာဒို” က အမည်ပေးထား၏။
တွေ့ဆုံပွဲတစ်ခုသို့ သွားမည်ဆိုပါက ဘယ်သူနှင့်တွေ့ဆုံရမည်၊ သူတို့ ဘာတွေလုပ်ကိုင်ကြမည်၊ ဘာကို စိတ်ဝင်စားကြမည် စသည်တိုပကို ကြိုတင်လေ့လာထားပါ။ မိမိမတွေ့ဆုံဖူးသေးသောသူများအား လုပ်ငန်းနှင့် ပတ်သတ်၍ တင်ပြရန်ရှိပါက၊ သူတို့၏ နောက်ခံသမိုင်းကို လေ့လာထားပါက လက်ငင်း တွေ့ဆုံရင်ဆိုင်ရာတွင် အကျိုးရှိရှိ တွေ့ဆုံနိုင်ကြောင်း ဘာဒိုက အကြံပြုတင်ပြထားသည်။
ဤနည်းဖြင့် အသက် ၄၃ နှစ်အရွယ်ရှိ ဂွမ်းမွေ့ရာချုပ်ရန် ၀ါသနာပါသော အမျိုးသမီးကြီးတစ်ဦးအား မွေ့ချုပ်သင်တန်းသို့ တက်ရောက်ရန်နှင့် တွေ့ဆုံမည့်သူများအကြောင်းလေ့လာ၍ ကြိုတင်ပြောဆိုမှု လေ့ကျင့်စေခဲ့ရာ သင်တန်းတွင် စကားပြောရာမှ မိတ်ဆွေများ တိုးပွားလာခဲ့ပြီး ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်လာ၏။ ပထမဆုံးအကြိမ်မှာပင် အောင်မြင်မှုရ၍ လူအများနှင့် ပေါင်းသင်းဆက်ဆံရခြင်းအပေါ် နှစ်ခြိုက်ပျော်ရွှင်လာပြီး ယခင်ကလောက် ရှက်ကြောက်မှု မရှိတော့ပါဟု ကယ်လီဖိုးနီးယားပြည်နယ်၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုကုသရေးဌာန ညွှန့်ကြားရေးမှုးဖြစ်သူ ကိုဗန်းက ပြန်လည်တင်ပြခဲ့သည်။

၎။ ကိုယ်အမှုအရာကို ပြုပြင်ပါ
ရှက်ရွံ့တတ်သူများတွင် မိမိကိုယ်တိုင် သတိမထားမိသော်လည်း အေးတိအေးစက်အမှုအရာနှင့် ကြောက်ရွံ့နောက်တွန့်သည့် လက္ခဏာတို့ တွေ့ရလေ့ရှိ၏။
“ကျွန်ုပ်တို့ အလိုလိုနေရင်း ကြောက်ရွံ့နေမိတယ်။ ခြိမ်းခြောက်ခံနေရသလိုပဲ” ဟု စိတ်ပညာရှင် အာသာဝမ်မာက ဖော်ပြသည့် “ အမှုအရာမျိုး ရှိနေတတ်ကြသည်” ဟု စိတ်ပညာရှင် အာသာဝမ်မာက ပြောဖူး၏။ အာသာမှာ “ ရှက်ရွံ့မှုကို ကျော်လွှားအောင်မြင်ရေး လမ်းညွှန်ဖြစ်သည့် ဆက်သွယ်မှုပြုခြင်း” အမည်ရှိ စာအုပ်ကို ရေးခဲ့သူဖြစ်သည်။
ရှက်ရွံ့တတ်သူများအဖို့ သူတို့၏ အပြုအမှုအပေါ် လူအများဟုက သဘောမပေါက်ကြဘဲ ဘ၀င်မြင့် သည်ဟု ယူဆကာ ဝေေ၀းရှောင်တတ်ကြ၏။ ထိုအခါ ရှက်ရွံ့သူများအဖို့ ပို၍ အားငယ်စရာ ဖြစ်ရသည်။
ထိုသို့သော ရှက်ရွံ့သည့် အမှုအရာများကို ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြင့် အံ့ဖွယ်ကောင်းလောက်အောင် အကျိုးကျေးဇူးများ လက်ငင်းခံစား ရရှိနိုင်ပါသည်။
အားလုံးသော ကိုယ်နှုတ်အမှုအရာများကို ကိုယ်စားပြုနိုင်ရန် အင်္ဂလိပ်စကားလုံး တစ်လုံးကို အာသာက တီထွင် အသုံးပြုခဲ့သည်။ ထိုစကားလုံးမှာ SOFTEN ဖြစ်သည်။
S = Smile (ပြုံးပါ)
O = Open Posturn ( လက်ချိတ်ပါ)
F = Forward Lean (ကိုယ်ကိုင်းပါ)
T = Touch (လက်ဆွဲနှုတ်ဆက်ပါ)
E = Eye Contact (မျက်လုံးချင်းဆုံပါ)
N = Nod (ခေါင်းငြိမ့်ပါ)
ဤနည်းခြောက်နည်းဖြင့် လူတောထဲတိုးရဲ ၀င်ရောက်နိုင်ကြောင်း အာသာက အာမခံထားပါသည်။

၅။ မိမိ၏လျှို့ဝှက်ချက်များကို အသိပေးပါ
မိမိအလုပ်ကို တန်ဖိုးထားမြတ်နိုးပါလျက် လစဉ် အစည်းအဝေးများကို ရင်ဆိုင်ရန် ကြောက်ရွံ့နေသူတစ် ဦးက သူ၏ အခက်အခဲကို အထက်အရာရှိ ဖွင့်ဟ၀န်ခံ ပြောကြားခဲ့သည်။ အထက်အရာရှိက သူပြောသမျှ နားထောင်၍ သည့်အတွက် ပြဿနာမရှိကြောင်း၊ နားလည်ခွင့်လွှတ်မှု ပြသခဲ့ရာ ထိုအလုပ်သမားများမှာ စိတ်တည်ငြိမ်မှုရ၍ အစည်းအဝေးတက်ရောက်လာနိုင်ရုံမက စိတ်ပါဝင်စားစွာ ပါဝင် ဆွေးနွေးနိုင်လာသည်။
ရှက်ရွံ့တတ်သူများ၏ အဓိကမကျေနပ်မှုမှာ သူတို့၏ ပြဿနာအပေါ် မိသားစုများ၊ မိတ်ဆွေများနှင့် မိသားဟုဆရာဝန်များကပင် အလေးအနက် မထားဟု ယူဆသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရှက်ရွံ့ တတ်သူများအနေဖြင့် မိမိပြောစကားကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဆုံးဖြတ်မှုမပြုပဲ ဂရုတစိုက် နားထောင်တတ်သူများကိုသာ ရှာဖေါ၍ ရင်ဖွင့်ရန် အကြံပြုထားသည်။

၆။ အဆိုးဆုံးကိုပင် ရင်ဆိုင်ရဲပြီ
ကာလီဖိုးနီးယားတက္ကသိုလ်ရှိ လုပ်ငန်းဆိုင်ရာ စိုးရိမ်ကုသမှုဌာန ညွှန့်ကြားရေးမှူးဟောင်း ဒေါက်တာပေါက်ဘွန်က မိမိ၏ ကြောက်ရွံ့မှုများကို အခြားသူများရှ့တွင် ပြောရဲဆိုရဲရှိစေရန် သူ၏ လူ နာများအား စေခိုင်းခဲ့သည်။ လူအများစုမှာ သူတို့ပြောစကားကို ၀ိုင်း၍ ဟားတိုက်ခံရမှာ လှောင်ပြောင် သရော်မှာကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အလေ့အကျင့်ပြုလုပ်ပေးခြင်းဖြင့် မိမိထင်သလိုမဟုတ်ပဲ အဆိုးဆုံးအခြေအနေကို မည်သည့်အခါမှ ရောက်မလာတတ်ောက်ာငး သက်သေပြနိုင်ခဲ့သည်။
လက်တွေ့ ရှက်ကြောက်စိုးရိမ်နေသောကိစ္စမျာ ရုပ်ပိုင်းချို့ယွင်းမှုကို မည်သူမျှ သတိမထားမိတတ်ကြ ကြောင်း သုတေသနပြုချက်အရ သိရှရသည်။

၇။ ဖြည်းဖြည်းခြင်း လေ့ကျင့်ပါ
အသက် ၃၅နှစ်အရွယ် စာအုပ်တိုက်ပိုင်ရှင် အမျိုးသမီးတစ်ဦးသည် စာရင်းကိုင်ဘွဲ့အတွက် တက်ရောက် သင်လိုရန် ဆန္ဒရှိနေ၏။ သို့သော် အတန်းတက်ရမှာကို သူရှက်ရွံ့နေသည်။ သူ့ကို အတန်းရှေ့ခေါ်ထုတ် ပြီး စကားပြောခိုင်းမှာကို စိုးကြောက်နေသည်။ ဤသည် ကိုဗန်းက တဖြည်းဖြည်းလေ့ကျင့်ပေးနိုင်ခဲ့ သည်။
ရှေးဦးစွာ ထိုအမျိုးသမီးသည် တက္ကသိုလ်ပရ၀ုဏ်ကိုပတ်၍ လမ်းလျှောက်၏။ ထို့နောက် ဆွေးနွေးပွဲတစ် ခုသို့ တက်ရောက်ရန် စာရင်းပေးသွားခဲ့သည်။ ဆွေးနွေးပွဲတါင် နောက်ဆုံး၌ထိုင်ကာ တစ်စုံတစ်ဦးနှင့်မျှ စကားမပြောဆိုခဲ့ချေ။ နောက်တစ်ကြိမ်တွင်မှု မိမိနှင့် ခုံခြင်းကပ်လျက်လူအား စကားစမြည်းပြောခဲ့သည်။ နောက်ဆုံးတွင် စာအုပ်ထိန်းသိမ်းရေးသင်တန်းသိုပ တက်ရောက်ရန် စာရင်းပေးသွင်းခဲ့သည်။ သူမကို ရှေ့တန်းသို့ ခေါ်ထုတ်၍ စကားပြောဆိုရာ အလွယ်တကူ တုံ့ပြန်ပြောဆိုနိုင်ခဲ့သည်။ စာအုပ်ထိန်း သိမ်းရေးလုပ်ငန်းကို သူမကိုယ်တိုင်ကျွမ်းကျင်ခဲ့ရာ သူမ၏ ကျွမ်းကျင်မှုအပေါ် သူမကိုယ်တိုင် အံ့သြနေမိသည်။
နောက်ဆုံးတွင် စာရင်ကိုင်သင်တန်းသို့ တက်ရောက်ရန် စာရင်းပေးသွင်းလိုက်သည်။ ဤသို့ဖြင့် ရှက်ကြောက်ခြင်းကို အောင်နိုင်ခဲ့ပြီး နည်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။

ရှက်ရွံ့တတ်သူများသည် အလုပ်ကို တကယ်တမ်းလုပ်ကြရာတွင် ရှက်မနေတော့ပဲ အခက်အခဲကို ကျော် လွှားအောင်မြင်နိုင်ခဲ့ကြသည်။ ဤသည်မှာ ရှက်ရွံ့သူများအတွက်မှု အောင်ပွဲပင်ဖြစ်သည်။
သုတစွယ်စုံမဂ္ဂဇင်း (အောင်သစ်)

မှတ်ဥာဏ်ထက်သန်စေမည့် နည်းငါးသွယ်

စကားလုံးအသုံးအနှုန်းတစ်ခုခုကို ပြောခါနီးမှ ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား။ ဦးနှောက်တစ်သျှူးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဦးနှောက်ပျက်စီးလွယ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ မှတ်ဥာဏ်တွေ အခုထက်ပိုပြီး ထက်မြက်စေဖို့ ဦးနှောက်လေ့ကျင့်ပေးမယ့် နည်းတွေရှိပါတယ်။

၁။ စိတ်အေးအေးထားပါ
စိုးရိမ်ပူပန်စိတ်၊ စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်လုပ်ငန်းဆောင် တာတွေကို ပျက်စီးပြီး မှတ်ဥာဏ်အသစ်ဖြစ်ပေါ်ဖို့လည်း တားဆီးပေးပါတယ်။ ဒါကြောင့် စိတ်အေးအေး ထားပါ။ တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြိး သီးနှောက်ထက်မြက်စေပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်ဆဲလ်(neuron) တွေ ကျုံ့ဝင်ပြီး ဆလ်ြတစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်ပေးတဲ့ neurotransmitter တွေကိုလည်း ဟန့်တားတဲ့အတွက် သော့ဘယ်မှာ ထားသလဲဆို တာကို မေ့မေ့နေတတ်တယ်။ ဒါပေမဲ့ နှလုံးသွေးခုန်နှုန်းမြန်ခြင်းဖြင့် မှတ်ဥာဏ်နဲ့ ဦးနှောက် လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ သစ်ပင်စိုက်ခြင်းစတဲ့ ဘယ်ကိုယ်လက် လှုပ်ရှားမှု အကျိုးရှိမှာပါ။

၃။ ဈေးဝယ်ထွက်ပါ
လေ့လာချက်တွေအရ သက်ကြီးရွယ်အို အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်တဲ့အခါမှာ မှတ်ဥာဏ်သာလွန်တာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးဝယ်ထွက်ခြင်းကြောင့်ပါ။ ဈေးဝယ်ထွက်ခြင်းဖြင့် ကိုယ်ရော၊ စိတ်ပါလှုပ်ရှားကာ လေ့ကျင့်ခန်းလုပ်နေသလိုပါပဲ။ ဘာဝယ်မယ်ဆို တာ တွက်ချက်ခြင် ဘယ်လောက်ကျသလဲဆိုတာ တွက်ချက်ခြင်းဖြင့် ဦးနှောက်ကို သွက်လက်ထက် မြက်နိုင်ပါတယ်။

၎။အနုပညာလေ့လာပါ
ရူပ်ထွေးတဲ့ ရုပ်ပုံအသစ်တွေဟာ ဦးနှောက်ပျက်စီးမှုကို နှေးစေပါတယ်။ ဦးနှောက်ဟာ ပထမဆုံးပန်ချီ ကား၊ ရုပ်ပုံရဲ့ ထင်သာ မြင်သာတဲ့ အပိုင်းတွေကို သတိထားမိပြီးနောက် ဆန်းသစ်ကွဲပြားတဲ့ အပိုင်းတွေ ကို လေ့လာမိမှာပါ။ ဒါကြောင့် မြင်နေကျပုံတွေကိုကြည့်မယ့်အစား ဦးနှောက်အတွက် ကောင်းမွန်စေနိုင် တဲ့ ဆန်းပြားတဲ့ ပုံတွေ၊ ပန်းချီကားတွေကို ကြည့်ပါ။ စိတ္တဇပန်ချီကားတွေကိုကြည့်တဲ့အခါ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးသလိုပါပဲ။

၅။ ဦးနှောက်လေ့ကျင့်ခန်း
နောက်တစ်ခါ သင်ရဲ့ဆရာ သင့်ကို ခက်ခဲတဲ့ အလုပ်တွေလုပ်ခိုင်းပါက ကျေးဇူးတင်လိုက်ပါ။ အသက် ၃၀ မှ ၅၀ ကြားအရွယ်မှာ ဦးနှောက်သုံးရတဲ့ အလုပ်တွေလုပ်ပါက အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် ဦးနှောက်သုံးခြင်းဖြင့် ဦးနှောက်လုပ်ငန်း ဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်အလုပ်မှာ ဦးနှောက်သုံးစရာမလိုပါက ဘာသာစကားအသစ်သင်ခြင်း၊ ပဟေဠိဖြေခြင်း၊ ဦးနှောက်အသုံးပြုတဲ့ ကစားနည်းကစားခြင်းကို ပြုလုပ် ခြင်းဖြင့် သီးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးပါ။

နုမြတ်( ဆေး-၁) သုတစွယ်စုံ မဂ္ဂဇင်းမှ ပြန်လည်ဖော်ပြပေးပါသည်။