ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 30 July 2008

Tuesday 29 July 2008

အဓိပတိလမ်းကခြေရာများ




၂၄ နာရီ




ချစ်သူ




Monday 28 July 2008

ညရဲ့လမင်း




ဘယ်သူ့ကိုချစ်မှာလဲ




မထူးဆန်းတော့




ပြန်လာခဲ့



Type rest of the post here

မကြင်နာသူသို့




အချစ်စွမ်းအား




Sunday 27 July 2008

ဖြူစင်ချင်တာ




Saturday 26 July 2008

Lမင်းကိုပဲချစ်တယ်




Thursday 24 July 2008

မင်းသိဘို့ကောင်းတယ်




ယုံပါ




အလွမ်းနဲ့အပြန်




အလွမ်းခရီးသည်




အကြည့်




မိုးထိအောင်မြည်ရှမ်းအိုးစည်




ရင်သို့တိုးဝှေ့ဆဲပါခိုင်




ရွေရောင်ကောင်းကင်



မလွမ်းရဲသေးဘူးမောင်ရေ




Wednesday 23 July 2008

အကြည့်




လမင်းနှင့်ပင်လယ်




ရူးသွပ်ခြင်း




အိပ်မက်ထဲ




ညနေကြယ်




နောက်ဆုံး




Tuesday 22 July 2008

လာချင်ရင်အနီးလေး




အရူးမလုပ်နဲ့



ပြန်လာခဲ့




မိုးရာသီထဲ




လှည့်ကြည့်ပါဦး ( Trance Remixed : DJ Wine )



Type rest of the post here

အချစ်အတွက် ကံမကောင်းတဲ့သူ



Type rest of the post here

ရေစီးကြောင်းသံယောဇဉ်




ဆိုရင်




မင်းမရှိနေ့များ ( Live Show )




ဘယ်သူ့ကိုချစ်မှာလဲ ( Live Show )




အချစ်များသူ့ဆီမှာ




အချစ်များသူ့ဆီမှာ




အစမ်းသက်ခံအသည်းနှလုံး




Monday 21 July 2008

အိမ်ကိုပြန်ခဲ့တော့




အိမ်လွမ်းသူ




အလင်းရောင်




ဒီဇင်ဘာ




Sunday 20 July 2008

အပိုဆု




Saturday 19 July 2008

ချစ်ဦးမေ




အရိုးထိအောင်ရူး



Type rest of the post here

ပြန်လာမယ် ပြန်ချစ်မယ်




ညနေခင်းရဲ့ကောင်မလေး




Saturday 12 July 2008

woah, beautiful?

Friday 11 July 2008

လမင်းလေးသို့


Type your summary here


Friday 4 July 2008

အချစ်ဆိုရာဝယ်




“ကိုယ်က ပန်းတပွင့်ကို ခူးမိလိုက်ပြီဆို မရဘူး။ ရနံ့တွေကို တစ်ထိုင်ထဲနဲ့ ကုန်သွားအောင် အသေအခြာကို နမ်းရှုံ့ပြစ်လိုက်ရမှ၊ လူမှာလည်းဒီလိုပဲ ချစ်မိပြီဆို မရဘူး………."

သူ့စကားကို ဆုံးအောင်တောင်နားမထောင်တော့ပဲ အထင်လွဲသွားသော ချစ်သူကောင်မလေး သူ့ကို မုန်းတီးစက်စုပ်စွာ ကြည့်၍ သူ့အပါးမှ လိပ်ပြာတစ်ကောင်လို ချာကနည်း လှည့်ပျံထွက်သွားသည်။ ပြီးတော့ လေထဲတွင်တောင်ပံများကို ခဏရပ်၍ လှည့်ပြောသွားသည်က

‘ရှင်က အခွင့်အရေးသမား ပဲနော်’

တဖြေးဖြေးနှင့်သူမမြင်ကွင်းက ပျောက်ကွယ်သွားသည်အထိ သူစကားမပြောတတ်သလို အကြာကြီးငြိမ်နေမိသည်။ ခဏကြာတော့မှ သူသတိပြန်ဝင်လာသည်။

တကယ်ဆို ကိုယ့်ရဲ့တောင်ပံ ခတ်သံကိုလည်း မင်းဆုံးအောင်နားထောင်သင့်တာပေါ့ လိပ်ပြာလေးရယ်။

“…..၊ လူမှာလည်း ဒီလိုပဲ ချစ်မိရင်မရဘူး ရူးရူးမူးမူးနဲ့ ထွေးပိုက်ပြီး အချစ်ရဲ့ရနံ့တွေကို တဘ၀လုံးစာ ရူရှိုက်မိနေတော့မှာ ” လို့ ကိုယ်က ကဗျာဆန်ဆန်လေး တင်စားမလို့ပါကွာ။
ကိုယ့်ရင်ထဲမှာ တ၀ီဝီမြည်နေတဲ့ နှလုံးသားရဲ့ အင်ဂျင်သံတွေကို မင်းတကယ်ပဲ မကြားမိတာလား။ မင်းဆိုတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ် ဘရိတ်မဲ့စွာ မောင်းနှင်နေခဲ့တာ ကြာလှပေါ့။

တကယ်ဆို ဘယ်တော့မှ ဆတ်ဆတ်ထိမခံတဲ့ မင်းကိုချစ်နေရတာက သင်ဓုန်းဓါးတစ်လက်ပေါ်က ပြားရည်စက်ကို လျှာနဲ့ယက်နေရသလို အချစ်ရဲ့ချိုမြိန်တဲ့အရသာထက် ဓါးသွားရဲ့စူးရှတဲ့ဒါဏ်ကို ကိုယ်ကပိုခံနေခဲ့ရပါတယ်။

ပြီးတော့ အချိန်မရွေးကြွပ်ဆတ်ပေါက်ကွဲနေတတ်တဲ့ မင်းကို ငါနမ်းသာနမ်းနေခဲ့ရတယ်။ အချိန်ကိုက်ဗုံးမြုပ်ထားတဲ့ နှင်းဆီပန်းတပွင့်ကို နမ်းရှုံ့နေရသလို ဘယ်အချိန် ထပေါက်လိုက်လေလိမ့်မလည်းလို့ စိုးရိမ်ပြီးနမ်းနေခဲ့ရတော့ နမ်းတိုင်းလည်းနုတ်ခမ်းရာ မထင်ခဲ့ရပါဘူးကွယ်။

ငါ့မှာတော့ ချစ်လိုက်ရတာတုန်နေတာပဲ။ မင်းကတော့ ငါ့ကိုတစ်ခါတလေ စဖို့၊ တစ်ခါတလေ စိတ်ကောက်ဖို့နဲ့ တခါတလေ နားပူနားဆာ လုပ်ဖို့တွေ အတွက်လောက်ပဲ သဘောထားခဲ့တယ်ဆိုကိုလည်းငါက သိနေခဲ့ပါတယ် ချစ်သူ။

တခါက မိုက်ကယ်အိန်ဂျလိုရဲ့ ရုပ်တုလို အချိုးအစားပြေပြစ်တဲ့ ကောင်လေးတစ်ယောက်ကို ကြိုက်တယ်လို့ မင်းကိုယ့်ကိုငိုအောင် စခဲ့ဘူးတယ်။
တခါကလည်း မိုနာလီဆာရဲ့ မျက်နှာလိုချောမွေ့အောင် ပေါင်းတင်တာ မရလို့ဆိုပြီး ဘာမဆိုင်ညာမဆိုင် ကိုယ့်ပါးကို မင်းကုန်းကိုက်ခဲ့ဘူးတယ်။

တခါကလည်း ကလီယိုပက်ထရာရဲ့ အင်္ကျီအဆင်မျိုး လိုခြင်တယ်ဆိုလို့ မြို့ပတ်ပြီး နဖူးကချွေး ခြေမကျတဲ့အထိ ကိုယ်ရှာခဲ့ရဘူးတယ်။

အချစ်ရယ်............. ရုပ်ရှင်ရုံမှာ မင်းကြိုက်တဲ့ ဘရက်ဒ်ပစ်ရဲ့ဇာတ်ကား လက်မှတ်ကုန်သွားတာတို့၊ လမ်းမှာသွားနေရင်း ဒေါက်ဖိနပ်ပြတ်တာတို့်၊ တခါတလေ တက္ကစီနဲနဲကြာအောင်စောင့်ရတာတို့ လောက်ကိုသာ ဘ၀ရဲ့ဒုက္ခတွေလို့နားလည်ထားတဲ့ မင်းကိုချစ်ရတာ ၀တ်ရည်ခမ်းနေတဲ့ ပန်းပွင့်ကို အားပါးတရစုပ်ယူနေရတဲ့ ပျားတစ်ကောင်ရဲ့ရင်ဘတ်လိုပါပဲ။ တကယ့်ကို ဟာတာတာကြီး။

တခါက မန်ချက်စတာယူနိုက်တက်ပွဲ ကိုယ်ခဏကြည့်ပါရစေဆိုတော့ အချစ်က “ဘောလုံးတစ်လုံးကို လူတွေအများကြီး ၀ိုင်းလုနေကြတာ ဘာများစိတ်ဝင်စားစရာကောင်းလို့လဲ”တဲ့။

မင်းရဲ့ပုံတူကို ကိုယ်အပင်ပန်းခံပြီး ဆွဲပေးမယ်ပြောခဲ့တုန်းကလည်း အချစ်က “ကင်မရာတစ်လုံးပဲ ၀ယ်ပေးပါလား၊ အဲဒါဆို ပိုတူတဲ့ ဓာတ်ပုံတွေ အများကြီးရိုက်လို့ရတာပေါ့”တဲ့။

မာသာထရီဆာ ဆိုတာ သူ့ဘ၀ကို အနာကြီးရောဂါသယ် ဆင်းရဲသားတွေကို ပြုစုရင်းနဲ့ပဲ မြုပ်နှံခဲ့တာလို့ ကိုယ်ကပြောပြတော့ အချစ်က “`ရွံစရာကြီးကွယ်၊ ကိုယ့်ဖာသာကိုယ် နေပါတော့လား”တဲ့။

ဒါတွေနဲ့တောင် မင်းကိုရစ်ခြုံသိုင်းပတ်နေတဲ့ ကိုယ်ရဲ့ချစ်ရနံ့တွေက မပြယ်ခဲ့လေတော့ မင်းက အဆိပ်ပါတဲ့ ပန်းသီးတစ်လုံးဆိုရင်တောင် ကိုယ်ကတော့ ဟန်မပျက်ပဲ တက်မက်စွာ ဆက်လက်ဝါးမြိုနေဦးမှာပါ။
တကယ်တော့ အချစ်ဆိုတာ အခြားသူတွေအတွက် တရက်မှာတခါကြွေတဲ့ အပေါစားပန်းတစ်ပွင့် ဖြစ်ခြင်ဖြစ်နေနိုင်ပေမဲ့ ကိုယ့်အတွက်ကတော့ ပွင့်ဖတ်တွေကို ရိုးတံမှာ မူလီနဲ့စုပ်ထားတဲ့ တသက်မှာတစ်ခါ ပွင့်တဲ့ပန်းမျိုးပါ။

အဲဒီတော့ ကိုယ့်အချစ်တွေ မင်းရဲ့ခြေအစုံမှာလာခပြီး ကြွေနေတာကို နွမ်းနေပြီအထင်နဲ့ ဥပက္ခာမပြုလိုက်ပါနဲ့။
ခရေလို ဟိုး…အမြင့်က လွင့်ပျံပြီး မြေပေါ်မှာအဆင်သင့်ကျနေတာ မင်းအလွယ်တကူ ကောက်ယူပန်ဆင်နိုင်ဖို့ပါ။

သူဝတ္ထုကိုဆုံးအောင် မဖတ်ချင်တော့။ ဇာတ်နာနေသော ဇာတ်ကောင်၏ နာကျင်သောရေရွတ်သံကို သူဆက်မကြားချင်တော့။ ထိုကဲ့သို့ ဇာတ်နာနေသော ဇာတ်ကောင်တွေ အပြင်လောကတွင် မည်မျှလောက်ရှိကြသနည်း။ အဘယ်ကြောင့် ထိုကဲ့သို့ဖြစ်နေကြသနည်း။

တရားခံကား အခြားမဟုတ်။ ကမ္ဘာမြေ၏ လူသာအဆန်ဆုံး အနုပညာဟု ကျွန်ူပ်တို့ကအမည်ပေးထားသော "အချစ်" ဟူသည့် ကျိန်စာပင်ဖြစ်တော့သည်။

အချစ်ဆိုသည်ကားအဘယ်နည်း။

ကမ္ဘာမြေတွင်လူသားတို့ မေးခွန်းစထုတ်တတ်ချိန်ကစ၍ ယနေ့အထိ အစဉ်တစိုက်မေးလာခဲ့ကြသော ခေါက်ရိုးတွေအထပ်ထပ်ကျိုးနေသည့် မေးခွန်းအိုကြီးတစ်ခုဖြစ်သည်။

ရှင်းလင်းတိကျသောအဖြေကို ယနေ့အထိ မည်သူမျှမပေးနိုင်လောက်အောင် အလွန်ပင်ခက်ခဲနက်နဲလှ၍ လူတို့၏တွေးခေါ်နိုင်စွမ်းပြင်ပတွင်ရှိသော မေးခွန်းတစ်ခုဖြစ်နေသလို ဆိုက်ကားသမားကအစ ဒဿနိကဗေဒပါရဂူအဆုံး မည်သူမဆို အလွယ်တကူဖြေဆိုနိုင်သော ရိုးစင်းလွန်းလှသည့် မေးခွန်းတစ်ခုလည်းဖြစ်နေသည်။
အဘယ့်ကြောင့်ဆိုသော် အချစ်သည် ယေဘုယကျသည့် ဘုံအဖြေတစ်ခုအဖြစ် ( ဥပမာ။ အချစ်သည်ပူ၏) အဓ္ဓိပ္ပါယ်ဖွင့်ဆိုရန်ခက်ခဲသော အရာတစ်ခုဖြစ်နေသလို လူတိုင်းလူတိုင်းမိမိတို့ဖြတ်သန်းလာခဲ့ရသော ကြည်နူးကြေကွဲအတွေ့အကြုံများကိုမှီငြမ်း၍ အလွယ်တကူအဓိပ္ပါယ်ဖွင့်ဆိုနိုင်သော အတွေ့အကြုံမှီး အသိသဟာတစ်ခုလည်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော်၎င်းတို့အသီးသီး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ကာယကံရှင်တို့ ကိုယ်တိုင်အတွက်သာ သီးခြားမှန်နေနိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့သာဖြစ်၍ ၄င်းတို့အား ဘုံဖွင့်ဆိုချက်တစ်ခုအနေဖြင့် တရားသေ အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးစားမည်ဆိုပါက မိုက်မဲလွန်းရာသာကြနေပေလိမ့်မည်။

အချစ်သည် မျက်တောင်တစ်ချက်မျှပင် မခတ်ရက်လောက်အောင် ရင်သပ်အံ့သြစွာ ငေးမောကြည့်ရှုနေရသည့် ထူးဆန်းလှပသော မျက်လှည့်ပြကွက်တစ်ခုနှင့်လည်းတူသည်။ ၎င်းမျက်လှည့်ပြကွက်သည် ကျွန်ူပ်တို့အား သေသပ်ပိရိစွာလှည့်ဖြားထားသော စိတ်၏ထင်ယောင်မှောက်မှားမှုကြီး (Big Illusion) တစ်ခုသာလျှင်ဖြစ်ကြောင်း ခံစားသိရှိနေရသည့်တိုင် ထိုမျက်လှည့်ပြပွဲရုံကြီးအတွင်းမှ အဘယ့်ကြောင့်ကျွန်ူပ်တို့ ထ၍ထွက်မလာနိုင်ကြသနည်း။ အဖြေကရှင်းပါသည်။ အတုအယောင်ဖြစ်သော ထင်ယောင်မှောက်မှားမှုကြီးတစ်ခု ဖြစ်နေလျှက်နှင့်ပင် ၄င်းသည် ကျွန်ူပ်တို့ပတ်ဝန်းကျင်တွင်ရှိနေသော အခြားအစစ်အမှန်တရား (Ontology) တို့ထက် အဆပေါင်းများစွာသာလွန်၍ ကျွန်ူပ်တို့၏ စိတ်နုလုံးကို ပြော့ပြောင်းညွှတ်ကျအောင် ဆွဲငင်လွှမ်းမိုးထားနိုင်သောကြောင့်ပင်ဖြစ်သည်။

(မှတ်ချက်။ Interpersonal love နှင့် Impersonal love ဟူ၍ အချစ်၏ယေဘုယအသွင်သဏ္ဌန် နှစ်မျိုးရှိသည့်အနက် Interpersonal love ဟူသော လူအခြင်းခြင်းအတွင်း၌သာဖြစ်ပေါ်နိုင်သည့် အချစ်ကိုသာဆိုလိုသည်။ ၄င်း Interpersonal love တွင်လည်း (၅၂၈) အချစ်နှင့် (၁၅၀၀) အချစ်ဟူ၍ ချစ်ခြင်း၏ပုံစံနှစ်ခုထပ်မံကွဲပြားနေပြီး ၄င်းတွင်မှ (၁၅၀၀) အချစ်ဟုခေါ်သော သမီးရည်းစားအချစ်ကိုသာရည်ညွှန်းပြောဆိုပါသည်။)

အဘယ့်ကြောင့်လူတို့ ချစ်ကြသနည်း။

အရာရာကို ကျိုးကြောင်းဆက်စပ်မှုများဖြင့်သာ လိုက်လံတိုင်းတာနေတတ်သော သိပ္ပံပညာရှင်များက တက်စ်စတိုစထရုန်း (Testosterone) နှင့် အက်စ်ထရိုဂျင် (Estrogen) အစရှိသော ဟော်မုန်းများ ထကြွသောင်းကျန်းခြင်းကြောင့် ချစ်ခြင်းဖြစ်ပေါ်လာသည်ဟု အခိုင်အမာဖွင့်ဆိုရှင်းပြနေကြသော်လည်း ဒဿနိကဗေဒရှုထောင့်တစ်ခုမှ ကျွန်တော်ချည်းကပ်ကြည့်သောအခါ အောက်ပါအတိုင်းတွေ့ခဲ့ရသည်။

လူသည် မိမိကိုယ်ကိုဗဟိုပြု၍ မွေးဖွါးလာသော သတ္တ၀ါဖြစ်သည်။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့မိသားစု၊ ငါ့ခန္ဓာကိုယ် အစရှိသည်ဖြင့် လူမှန်းသိတတ်စအရွယ်ကတည်းက မိမိကိုယ်ကို ဗဟိုပြု၍သာ တွေးခေါ်သည်။ မိမိနံဘေးတွင် တည်ရှိနေသော ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုလည်း မိမိအားဗဟိုပြု၍ ၀န်းရံဖြစ်တည်နေသော အရာဟုသာမြင်တတ်ကြသည်။

ဤသို့ဖြင့် တဖြည်းဖြည်းအရွယ်ရောက်လာသောအခါ မိမိကိုဝန်းရံထားသော ပတ်ဝန်းကျင်သည် မိမိထင်သလောက် မိမိအားအာရုံမစိုက်ဟု သံသယ၀င်လာသည်။ ထိုသံသယ တဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ လူသားသည် အားငယ်စိတ်ဝင်လာပြီး မိမိအား စဉ်ဆက်မပြတ် အာရုံစိုက်ပေးနိုင်မည့် သူတစ်ယောက်ကို အနှေးနှင့်အမြန်တောင်းဆိုလာသည်။

မိမိကိုယ်ကိုအလွန်ချစ်သော အတ္တကြီးထိန်းမနိုင်သိမ်းမရ ဖြစ်လာသောအခါ မိမိဖာသာပြန်ချစ်နေရခြင်းကို မလုံလောက်ဟုမြင်လာပြီး မိမိအပေါ်တွင် မိမိလောက်မဟုတ်တောင်မှ မိမိနည်းပါးချစ်နိုင်မည့် သူတစ်ယောက်ကို ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။

သို့သော်ထိုတောင်းဆိုမှုသည် မိမိ၏မသိစိတ်အတွင်းပိုင်းတနေရာ၏ လှုံ့ဆော်မှုသာဖြစ်၍ စိတ်၏အပေါ်ယံအလွှာသို့ ထိုအချက်အလက်များအသွင်ပြောင်းရောက်ရှိလာသောအခါ မိမိကအခြားသူတစ်ယောက်အား အာရုံစိုက်နေသည်ဟု ထင်မှတ်မှားသွားခဲ့ကြခြင်းဖြစ်သည်။

ဤကဲ့သို့ အားငယ်စိတ်လွန်ကဲနေသော လူသားနှစ်ဦးတို့ အထီးကျန်လမ်းမတစ်နေရာတွင် တွေ့ဆုံခဲ့ကြပြီး မိမိတို့ကိုယ်စီကိုယ်ငှ သယ်ဆောင်လာခဲ့ကြသော အတ္တပုံဆောင်ခဲ အသီးသီးကို အတူတကွဆက်လက်သယ်ဆောင်ရန် သဘောတူညီချက်ရယူလိုက်ကြသောဖြစ်စဉ်ကို " ချစ်ခြင်း" ဟုခေါ်သည်။

ထိုကဲ့သို့ မိမိတို့၏ ကိုယ်စီကိုယ်ငှဘ၀တို့အား အကောင်းဆုံးသက်သေခံပေးနိုင်မည့်သူဟု အပြန်အလှန်မသတ်မှတ်ကြမှီ မမျှော်လင့်ထားသော နေရာနှင့် အချိန် တစ်ခုတို့၌ မထင်မှတ်ထားသော သူနှစ်ဦး တွေ့ဆုံခဲ့ကြခြင်းကိုတော့ " ဖူးစာဆုံခြင်း" ဟုခေါ်သည်။

"ချစ်ခြင်း" ကိုအကျိုးလိုလို့ညောင်ရေလောင်းခြင်းဟု သတ်မှတ်ရန် မသင့်တော်လှသော်လည်း မိမိကအခြားသူတစ်ယောက်အား ချစ်ရန်လိုအပ်သည်ထက် အခြားသူတစ်ယောက်က မိမိအားချစ်ရန်ပို၍ လိုအပ်သည်ဟုပြောလျှင်တော့ မှားမည်ဟုမထင်မိပေ။

ထိုသို့မဟုတ်ပဲ မိမိတစ်ဦးထဲဖက်ကသာ ထိုသူကို ချစ်နေရန်လိုအပ်သည် ဆိုပါက "သ၀န်တိုခြင်း" ဆိုသောစကား ဤကမ္ဘာမြေ၏ အဘိဓါန်၌ ပါဝင်လာစရာအကြောင်းမရှိပေ။

အဘယ့်ကြောင့်ဆိုသော် သ၀န်တိုခြင်း သည် ချစ်သူကို မိမိမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ပေါ်တွင်မှ အာရုံမစိုက်စေလိုသော အချစ်ခံလိုအတ္တတစ်ခုကြောင့်သာ ထွက်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ချစ်၍သ၀န်တိုခြင်းဖြစ်ပေါ်လာနိုင်သည်ထက် အချစ်ခံလို၍သာ သ၀န်တိုခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။

မိတ်ဆွေ....သင့်မျက်စိကိုစုံမှိတ်၍ သင့်ကိုယ်သင် မေးခွန်းတစ်ခုပြန်မေးကြည့်လိုက်ပါ။

"ငါသ၀န်တိုတတ်လားလို့....


အချစ်သည်ဘ၀တွင် မည်မျှလောက်အရေးပါသနည်း။

" ဟိုလောက်...အင်း...မဟုတ်ဘူး...ဒီလောက်...နိုးနိုး...နဲနဲပေါ့...အာ...မသိဘူး "

ဘ၀ကြီးတစ်ခုလုံး လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည် အထိတော့ မဟုတ်တာသေချာသည် (ချစ်သူကြားလျှင် ကျွန်တော် ဗိုက်ခေါက်ဆွဲလိမ်ခံရမှာလည်း သေချာသည်) ။

အကယ်၍ ရိုမီယိုနှင့် ဂျူးလီးယက်ဦးဆောင်သော စကြာဝဋ္ဌာလုံးဆိုင်ရာ ချစ်သူများအဖွဲ့ချုပ်ကြီးကသာ ကျွန်တော့်ကိုဝိုင်းမရိုက်ကြဘူးဆိုလျှင်တော့ အချစ်သည် တခါတရံ ဆံပင်ညှပ်ရသလောက်၊ တခါတရံ ဘတ်စ်ကားတိုးစီးရသလောက်၊ ဒါမှ မဟုတ်လည်း တခါတရံ ၀မ်းနုတ်ဆေးစားရသလောက်တော့ အရေးပါသည်ဟုဖြေချင်ပါသည်။

သို့သော် အချစ်သည် ဘ၀တွင်မရှိမဖြစ်လားဆိုတော့ မဟုတ်။ ဆံပင်မညှပ်ချင်လျှင် တသက်လုံး ဆံပင်အရှည်ထား၍ ရသလို ဘတ်စ်ကားတိုးမစီးချင်ပါကလည်း ဆိုက်ကားစီး (ဒါမှမဟုတ်) ခြေလျှင်လျှောက်၍ ရပါသည်။ ၀မ်းနုတ်ဆေး မစားချင်ပါက ရေများများသောက်၍ ရသလို မချစ်ချင်ပါကလည်း နှလုံးသားကို တသက်လုံးအမှောင်ထဲ၌ သော့ခတ်သိမ်းဆည်းထား၍ရသည်။

အချစ်ဆိုတာကြီး ရှိမနေလည်း ဘ၀ကတော့ ကမ္ဘာမြေနှင့်အပြိုင် (၂၃ ၁/၂) ဒီဂရီ တိမ်းစောင်း၍ ပုံမှန် လည်ပတ်မြဲလည်ပတ်နေမည်သာဖြစ်သည်။

ဘ၀သည် ဘ၀ဖြစ်သည်။ ဆံပင်ညှပ်ချင်းသည် ဆံပင်ညှပ်ချင်းဖြစ်သည်။ အချစ်သည် အချစ်ဖြစ်သည်။ ရိုမီယိုသည် ရိုမီယိုဖြစ်သည်။ ၄င်းအရာအားလုံးသည် ဘ၀ဆိုသော အဆောက်အဦးကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ပရိဘောဂပစ္စည်းများနှင့်သာတူ၏။ ထွေပြားရှုပ်ထွေးလှသော ပစ္စည်းများအတွင်းမှ အချစ် (သို့မဟုတ်) အခြားအရာတစ်ခုခုမရှိတော့ရုံမျှဖြင့် အိမ်ကြီး၏အသွင်အပြင်ကတော့ များစွာပြောင်းလည်းသွားမည်မဟုတ်။

ရိုမီယိုဆိုသည့် ဘ၀တစ်ခုသည် ဂျူးလီးယက်နှင့် မတွေ့ခင် နှစ်ပေါင်းများစွာကတည်းက သူ့အလိုလိုရှိနှင့်ပြီးသားဖြစ်သည်။ ဂျူးလီးယက်နှင့် မတွေ့ခဲ့လျှင်လည်း ရိုမီယိုဆိုသည့် ဘ၀တစ်ခုကတော့ အခြားအသွင်သဏ္ဌန်တစ်မျိုးမျိုးဖြင့် သူ့ဖာသာသူဆက်ရှိနေဦးမည်ဖြစ်သည်။ ရှင်ချင်ရှင်မည်။ သေချင်သေမည်။ ဒါမှမဟုတ်လည်း အခြားမိန်းမတစ်ယောက်နှင့် တွေ့ချင်လည်းတွေ့မည်။ ရှိပြီးသားဘ၀တစ်ခုကတော့ များစွာပြောင်းလည်းသွားလိမ့်မည်မဟုတ်။

အချစ်မရှိတော့ဘူးထင်၍ သူ့ဖာသာအဆိပ်သောက်သေသွားသော ကိစ္စကို အသေအခြာ ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အချစ်သည် ဘ၀နှင့်ထပ်တူထပ်မျှ ဖြစ်သည်ဟု သက်သေပြသွားနိုင်ခဲ့သော အချစ်သူရဲကောင်းတစ်ယောက်အဖြစ်ထက် အမှီအခိုမဲ့သွား၍ မိမိဖာသာမရပ်တည်နိုင်တော့သော ပြော့ညံ့ညံ့ယောက်ျားတစ်ယောက်အဖြစ်ကိုသာ ပို၍ရှင်းလင်းစွာ တွေ့ကြရမည်ဖြစ်သည်။

သို့သော် အသင်တို့က အချစ်သည်ဘ၀နှင့်ထပ်တူထပ်မျှဖြစ်သည်ဟု အခိုင်အမာယူဆထားပြီးဖြစ်၍ အချစ်ရှိမနေပါက ဘ၀သည်လည်း ရှိနေရန်မသင့်တော်ဟု ငြင်းဆန်မည်ဆိုပါကလည်း ကျွန်ူပ်အနေဖြင့် မည်သို့မျှ မကန့်ကွက်လို။ သို့သော် ကျွန်တော်လက်ဆော့ထားသော ကဗျာတစ်ပုဒ်ကိုတော့ ရွတ်ပြချင်သည်။

အချစ်ရေ...........
မင်းစွန့်ပြစ်သွားတဲ့ အချိန်ကစပြီး
ငါ့ကမ္ဘာကြီးပြိုကျပျက်စီးခဲ့ရတာ
ငါ့ကိုယ်ငါတောင် အစပြန်ရှာမရတဲ့အထိပေါ့။

အဲဒီတော့ငါလည်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်တဲ့
ငါ့ဘ၀ကို ယူကြုံးမရဖြစ်ပြီး
နှမြောတသလွမ်းဆွတ်စွာနဲ့
ငိုကြွေးနေခဲ့မိတော့တာပေါ့။

ဘယ်လောက်တောင်လည်းဆိုရင်
ငါ့မျက်ရည်တွေက မြစ်တွေတောင်ဖြစ်လာပြီး
အဲဒီ မျက်ရည်စီးကြောင်းတွေထဲ
ငါကိုယ်တိုင်တောင် မြုပ်လုမြုပ်ခင် အထိပေါ့။

အဲဒီမှာ ငါလည်း...
ငိုရတာအားမရသေးတာနဲ့
အဲဒီမျက်ရည်မြစ်တွေပေါ်
တံတားတွေထိုးပြီး ဆက်ငိုတယ်

အဲဒီလိုဆက်ငိုနေရင်းနဲ့
ရေပြင်မှာလှုပ်ရှားနေတဲ့ အရိပ်တစ်ခု
တစ်ချိန်မှာ မထင်မှတ်ပဲ
ငါသွားတွေ့လိုက်မိတယ်

အဲဒီတော့ ငါလည်း သိချင်စိတ်နဲ့
ဘယ်သူများလည်းဆိုပြီး
ငိုနေရင်းနဲ့ပဲ
ငုံ့ကြည့်လိုက်တာပေါ့။

အဲဒီမှာ ငါသွားတွေ့လိုက်ရတာက
အခြားမဟုတ်ဘူး
ငါကထာဝရပျောက်ဆုံးနေခဲ့ပြီလို့
ငါ့ဖာသာအထင်ရောက်နေခဲ့တဲ့
ငါ့ဘ၀ကိုယ်တိုင်ဖြစ်နေတယ်။

အဲဒီမှာ ငါငိုနေတာကို ချက်ခြင်းရပ်ပြီး
အကျယ်ကြီးတစ်ချက် အော်ရီပြစ်လိုက်တယ်။

ဘာလို့လည်းဆိုတော့
ပျောက်ဆုံးနေခဲ့တာက
ငါကိုယ်တိုင်မဟုတ်ပဲ
ဘယ်တုန်းကမှ ငါဖြစ်မလာခဲ့ဘူးတဲ့
မင်းမျှသာ...ဖြစ်နေလို့ပေါ့...ချစ်သူ။


Valentine's Day

တတိယရာစုနှစ်မှာ ရောမအင်ပါယာကို စိုးစံတဲ့ ကလောဒီးယပ်ဆိုတဲ့ ခပ်ကြောင်ကြောင် ဘုရင်တစ်ကောင်ရှိခဲ့ဘူးတယ်။ ဘယ်လောက်တောင် ကြောင်သလည်းဆိုရင် သူ့စစ်တပ်မှာ စစ်မှုထမ်းနေကြတဲ့ စစ်သားတွေ နောက်ဆံတင်းမှာစိုးလို့ဆိုပြီး စစ်မှုထမ်းတွေဘယ်သူမှ လက်မထပ်ရလို့ အမိန့် ထုတ်ခဲ့တဲ့အထိတောင်ကြောင်တယ်။

ဒါပေမယ့်အဲဒီ ခပ်ကြောင်ကြောင်အမိန့်ကို Valentine ဆိုတဲ့ဘုန်းကြီးတစ်ပါးကဖီဆန်ပြီး ချစ်သူစုံတွဲတွေကို တိတ်တိတ်ပုန်းလက်ထပ်ပေးခဲ့တယ်။ ဒါပေမယ့်ဗျာ...ကလောဒီးယပ်ဆိုတဲ့ကောင်က ကြောင်သာကြောင်နေတာ၊ သူများထက်လည်လို့ ဘုရင်တောင်လုပ်စားနေတဲ့ကောင်ဆိုတော့ သိပ်မကြာလိုက်ပါဘူး။ အဲဒီသတင်းက သူ့နားတွေထဲကို ချက်ချင်းခုန်ပေါက်ဝင်လာတော့တာပဲ။ အဲဒီမှာ ကလောဒီးယပ်လည်း Valentine ကိုချက်ချင်းဖမ်းပြီး နိုင်ငံရဲ့စစ်အင်အားကို ဖြုန်းတီးပြစ်နေတဲ့ ရာဇ၀တ်သားတစ်ယောက်အဖြစ် ခေါင်းဖြတ်သတ်ပြစ်ခဲ့တယ်။

အဲဒီနေ့က ဖေဖော်ဝါရီ (၁၄)ရက်နေ့ ပေါ့။ နောင်လာနောက်သားတွေကလည်း သတ်မှတ်စရာရှားလို့ဗျာ။ အဲဒီနေ့ကိုမှ ချစ်သူများနေ့တဲ့။ သူများခေါင်းဖြတ်ခံရတဲ့ နေ့ကြီးမှာ အပျော်တွေကျူးဖို့ အဲဒီလို သတ်မှတ်လိုက်ကြတာတော့ ဘယ်ကောင်းပါ့မလည်းနော်။ ဒါပေမယ့် ထားလိုက်တော့။ ရာစုနှစ် (၁ဂ)ခုစာလောက် အသားကျအောင် ကဲလာခဲ့ကြပြီး အခုမှမှ ပြင်လို့လည်း မလွယ်တော့ပါဘူး။ ပြီးတော့ အဲဒါက ပြောပလောက်အောင် လည်းသိပ်အရေးမကြီးလှပါဘူး။

အရေးကြီးတာက ဒီကမ္ဘာပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာနေကြတဲ့သူတွေရဲ့ အရေအတွက်ထက် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစက်ဆုပ်နေကြသူတွေရဲ့ အရေအတွက်က ပိုပြီးများပြားနေတယ်ဆိုတဲ့အကြောင်းပါ။ ဒါပေမယ့် အဲဒီအများစုဖြစ်တဲ့ မုန်းသူတွေအတွက် ဘာအထိမ်းအမှတ်နေ့မှ မရှိခဲ့ဘူး။ ဆိုလိုတာက လူနည်းစုတွေဖြစ်တဲ့ ချစ်သူတွေအတွက်တောင် ချစ်သူများနေ့ (Valentine's Day) ဆိုတဲ့ အထိမ်းအမှတ်နေ့တစ်ခု ရှိနေနိုင်သေးရင် လူများစုတွေဖြစ်တဲ့ မုန်းသူတွေအတွက်လည်း မုန်းသူများနေ့ (Vile day) ဆိုတာရှိနေသင့်တယ်လို့ပါ။

ဆဒ္ဒန်ဆင်မင်းရဲ့အစွယ်ကိုသွားဖြတ်ဖို့ စူဠသုဘဒ္ဒါက သောနုတ္တရမုဆိုးကို အမိန့်ပေးလိုက်တဲ့နေ့ကိုသာ မုန်းသူများနေ့ ( Vile day ဒါမှမဟုတ် Sulathubada's day ) လို့ ကျွန်တော်ကသတ်မှတ်လိုက်မယ်ဆိုရင် ခင်ဗျားတို့သဘောတူပေးနိုင်ကြမလား။ ဘာပဲဖြစ်ဖြစ် Saint Valentine သေတဲ့နေ့ကြီးကို အလိုက်ကန်းဆိုးမသိ ရွေးချယ်ထားခဲ့တဲ့ ချစ်သူများနေ့ထက်တော့ ပိုပြီးအံဝင်ခွင်ကြ ဖြစ်နေလိမ့်မယ်လို့တော့ ကျွန်တော်က ထင်တာပဲ။ ဒါမှမဟုတ်လဲ ခင်ဗျားတို့ရည်းစားဟောင်းတွေက ခင်ဗျားတို့ကို စိတ်ကုန်ပြီး ဖြတ်စာပေးတဲ့နေ့ကိုမှ မုန်းသူများနေ့အဖြစ် သတ်မှတ်ချင်ပါတယ်ဆိုရင်လည်း သတ်မှတ်ဗျာ။ အဓိကက မုန်းသူများနေ့ဆိုတဲ့ နေ့ထူးနေ့မြတ်ကြီးတခု ကမ္ဘာ့ပြက္ခဒိန်တွေပေါ် ရောက်လာဖို့ပါပဲ။

ဘာလို့လည်းဆိုတော့ ချစ်သူများနေ့မှာ ချစ်သူတွေအချင်းချင်း ပို့စကတ်၊ ပန်း နဲ့ ချစ်စရာအရုပ်လှလှလေးတွေ အပြန်အလှန်ပေးပို့ကြသလို မုန်းသူတွေအချင်းချင်းကလည်း မုန်းသူများနေ့မှာ အချိန်ကိုက်ဗုံး၊ ကျိန်စာ၊ ဗိုင်းရပ်စ်ပိုး ဒါမှမဟုတ်လည်း ခါချဉ်အုံလောက်ဖြစ်ဖြစ်တော့ အပြန်အလှန်ပို့ချင်နေကြမှာပဲဆိုတာ ကျွန်တော်က ကိုယ်ချင်းစာနေမိလို့ပါ။

(မှတ်ချက်။ အထက်ပါစွပ်စွဲပြောဆို ရေးသားချက်များသည် လူမှန်းသိတတ်စအရွယ်ကတည်းက အချစ်အား တစ်ဘက်သတ် မျက်မုန်းကျိုးနေခဲ့သော ကျွန်ူပ် နှလုံးသားဘယ်ဘက်ခြမ်း၏ အရေမရ အဖတ်မရ အချစ်ဒဿနများသာလျှင်ဖြစ်သောကြောင့် ၄င်းမှထွက်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာအရပ်ရပ်တို့အား ကျွန်ူပ်၏ ချစ်တတ်သော နှလုံးသား ညာဘက်ခြမ်းမှ လုံးဝတာဝန်မယူ။)

<မင်းတစေ>