တစ်နေ့သော ဟေမန္တာဆောင်းလမှာ ကိုသက်ပန် သင်္ဘောနားခွင့်ရခဲ့သည်။ သည်လိုကာလမျိုးမှာ ကိုသက်ပန် ရှိခဲ့လှသည်။ များသောအားဖြင့် သင်္ဘောပေါ်မှာ ရောက်သည်ချည်း။ ရောက်တုန်းရောင်ခိုက်မို့
ရပ်ကွက်အတွင်းရှိ ကလေးများပျော်ရွှင် ဆင်နွှဲစေဖို့ အားကစားပွဲလေးတစ်ခု လုပ်ပေးရရင်ကောင်းလေမလား စဉ်းစားမိသည်။ သို့မို့ကြောင့် (SECOND MATE) စာမေးပွဲဖြေနေသော ညီဖြစ်သူရယ်၊ ရပ်ကွက်အတွင်းမှ
အခြားသင်္ဘောသားနှစ်ဦးကိုပါ တိုင်ပင်ညှိနှိုင်း၊ ငွေရင်မတည်ပြီး လွတ်လပ်ရေးနေ့ အားကစားပွဲလေးတစ်ခု ကျင်းပဖြစ်ခဲ့သည်။ ပြေးပွဲများ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲများဖြင့်
အတော်ကိုစည်စည်ကားကား ဖြစ်သွားသည်။ ကလေးများမှာပျော်လို့ရွှင်လို့ပါ။ ပျော်ရွှင်ဆင်နွှဲနေသော ကလေးများကိုကြည့်ရင်း ကိုသက်ပန်အတွေးများက သင်္ဘောပေါ် ပြန်ရောက်သွားမိသည်။ ဒီလိုအားကစားပွဲမျိုး၊
သင်္ဘောသားဘ၀နဲ့( ဘုရားစူးပါစေရဲ့) တစ်ကြိမ်သာ ကြုံကြိုက်ခဲ့ရဖူးပါသည်။ ၁၉၉၂ ခု၊ နှစ်ဦးပိုင်းလောက်က ကိုသက်ပန် အလုပ်သင်အင်ဂျီနီယာ ဘ၀နှင့် M.V SEAHORSE
အမည်ရှိသင်္ဘောပေါ်တွင်စတင်အမှုထမ်းခဲ့ရသည်။တစ်ကြိမ်တွင်ကိုသက်ပန်တို့သင်္ဘောဂျန်ပန်နိုင်ငံဟီရှိရှီးမားမြို့ဆိပ်ကမ်း၌ ကုန်ချကုန်တင်လုပ်ခဲ့ရသည်။ ထိုဆပ်ကမ်းတွင် တစ်ပတ်ခန့်ကြာခဲ့ပါသည်။ တိုက်ဆိုင်ချင်တော့
ဟီရိုရှီးမားမြို့၊ အနုမြူဗုံးဒဏ်ခံခဲ့ရသော(ဘယ်နှစ်နှစ်မြောက်တော့မမှတ်မိ)နေ့၊ငြိမ်းချမ်းရေးအထိမ်းအမှတ်အထူးအစီအစဉ်
တစ်ရပ် အနေဖြင့် ဟီရိုရှီးမားဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေသော နိုင်င့ခြားသင်္ဘောသားများအတွက်အားကစားပြိုင်ပွဲ၊ပျော်ပွဲရွှင်ပွဲများကို ဂျန်ပန်ဆိပ်ကမ်းအာဏာပိုင်များနှင့် (SEAMAN MISSION)တို့မှ
ကြီးမှုးကျင်းပခဲ့သည်။ သင်္ဘောသားတိုင်း ပါဝင်ဆင်နွှဲရန် ဖိတ်စာများလည်း ရရှိကြပြီးဖြစ်ပါ၏။ ကိုသက်ပန်တို့ သင်္ဘောမှာလည်း ကပ္ပတိန်နှင့် ချိ(ဖ်)အင်ဂျင်နီယာမှလွဲ၍ ကျန်တာတစ်စီးလုံး မြန်မာသင်္ဘောသားများ
ချည်းသာဖြစ်ကြလေရာ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေဖို့ ပြသနိုင်ခွင့်တော့ ကြုံကြိုက်လေပြီဟု ကိုသက်ပန်တို့ အားရမိကြသည်။ ဂရိတ်ဝေါဒဏ်လြေူးဆေးများကို စမုတ်တိုင်သာသာမျှရှိသော ခြေသလုံးများတွင်လူး၍
အရိုးထဲစိမ့်ဝင်၊အဲလေ.. အသားထဲစိမ့်ဝင်အောင် နှိပ်နှယ်ရင် ပြိုင်ပွဲကျင်းပမည့် နေ့ကို ငံ့လင့်နေကြသည်။ ပြိုင်ပွဲအမျိုးမျိုးကို ငြိမ်းချမ်းရေးနေ့ မတိုင်မီ(၂)ရက် ကြိုတင်၍ ကျင်းပပေးခဲ့သည်။ ပြိုင်ပွဲဝင်မည့် သင်္ဘောပေါင်းက
ရှစ်စီးတိတိရှိသည်။ မှတ်မိသလောက် ပြောရလျှင် ကိုသက်ပန်တို့မြန်မာသင်္ဘေကတစ်စီး၊ ဖိလစ်ပိုင်သင်္ဘောသားအများစုပါဝင်တာက နှစ်စီး၊ ရုရှားသင်္ဘောသားများ၊ ဂရိသင်္ဘောသားများပါဝင်သော သင်္ဘောတွေလည်း
ပါဝင်ဆင်နွှဲခဲ့ကြသည်။ တာတိုနှင့် တာလတ်ကွင်းပတ်ပြေးပွဲများ တွင် ကိုသက်ပန်အပါဝင် (၃)ဦးက (SEA HORSE)သင်္ဘောကို ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ရလဒ်ကတော့အားရစရာပါ။ ကိုသက်ပန်တို့(၃)ဦးမှာ
နောက်ဆုံးကပြန်ရေလျှင် first,second,third အသီးသီးရကြသောဟူ၏။ ကိုသက်ပန်တို့အားမလျော့သေးပါ။နောက်ထပ်ပွဲတွေရှိသေးသည်ပဲလေ။ထို့နောက်လွန်ဆွဲပွဲ၊ တစ်သင်ကိုရှစ်ဦးစီ ပါဝင်ယှဉ်ပြိုင်ရ၏။
ကိုသက်ပန်တို့ ပထမပွဲကိုသီရီလင်္ကာသင်္ဘောသားများနှင့်ဆွဲရ၏။ကိုရွှေကုလားများပဲစား၍မည်မျှအားဖြစ်ထားသည်မသိ။သူတို့ဆွဲရာနောက်ကိုသပ်ပန်တို့တရွတ်တိုက်ပါသွားလေရာ၊ ဒူးပြဲသူပြဲ၊ တစ်တောင်ကွဲသူကွဲ၊
အလဲရူံးအကွဲရူံးခင်ဗျာ၊ ဒုတိယပွဲ ဖိလစ်ပိုင်သင်္ဘောသားများနှင့်လည်း ထိုနည်းနှင်နှင်။ သို့ပေမယ့် ကိုသက်ပန်တို့က ယောက်ျားတို့လုံလ၊ရူံးကာမှလျှော့၊အဲလေ.. သေကာမှလျှော့ ဟူသော
မဟာဇနက္ကထုံးကိုနှလုံးမှုထားကြသောရွှေမြန်မာသင်္ဘောသားများဖြစ်ကြလေရာနောက်ဆုံးကျန်ရှိသောဘောလုံးပြိုင်ပွဲကိုအပီအပြင်ဆင်နွှဲရင်းရာဇ၀င်ဘီးကိုတစ်ပတ်ပြန်လည်စေဖို့ထိုးမည့်ဆင်နောက်တစ်လှမ်းဆုတ်သည့်နှ
ယ် တိုင်ပင်ညှိနှိုင်းထားပြီးသားပါ။ ထမင်းစားပန်ကန် ကိုပင် လက်မမြဲ၍မကြာခဏ ကျကွဲတတ်သော ကိုမြင့်ဦးကို ဂိုးသမားအဖြစ် နေရာပေးထားသည်။ ကိုစိုးနိုင်က အသင်းကပ္ပတိန်အဖြစ်ဦးဆောင်ကစားမည်။သူ့အဆိုအရ
ပုဇွန်တောင်မြို့နယ် လက်ရွေးစင် ဖြစ်ခဲ့ဖူးသည်ဆို၏။ ငါးပေပင်ပြည့်ဟန်မတူသော သူ့အရပ်ကို အကဲခက်ရင်း ကိုသက်ပန်ကတော့ ဒီလိုတွေးမိသည်။လေးပေကိုးလက်မအောက်ပြိုင်ပွဲမှာများလက်ရွေးစင်ဖြစ်ခဲ့သလားလို့ပါ။
ပါဝါမျက်မှန်ထူထူနှင့် ကိုမြတ်ကိုကိုက ရှေ့တန်း၊ ကိုသက်ပန်ကတော့ ဘက်တန်းမှာ တာဝန်ယူရသည်။ ပထမပွဲအဖြစ် ရုရှားသင်္ဘောသားများနှင့် ကစားရသည်။ ပြိုင်ပွဲစပြီးမိနစ်(၂၀)ခန့်အတွင်း ကိုသက်ပန်တို့ အသင်းမှ
(၄)ဦး ကြွက်တတ်သည်။ စမုတ်တိုင် သာသာရှိသော ခြေသလုံး များမှကြွက်သားမရှိပါဘဲ ဘယ်လိုကြွက်တတ်ကြသည်မသိ။ အသင်းကပ္ပတိန် ကိုစိုးနိုင်ကပြောမကောင်းသောနေရာကိုဘောလုံးမှန်၍တဂိဂိတက်နေသဖြင့်
မနည်းကြီးကို ၀ိုင်းပြုစုရပါသေးသည်။ ပြိုင်ပွဲအပြီးမှာ ငါးဂိုးတစ်ဂိုးနှင့်ရူံးပါတော့သည်။ နောက်ထပ် နှစ်နာရီခန့် နားပြီးကစားပြန်တော့ ဖိလစ်ပိုင်သင်္ဘောသားတို့နှင့်ပွဲမှာ လူတွေက လှုပ်ပင် မလှုပ်ချင်တော့။
ကိုယ်တွေလက်တွေ နာလှပြီ၊ဖိလစ်ပိုင်အသင်းကိုလည်း သုံးဂိုးတစ်ဂိုးနှင့် ရူံး၍ပြိုင်ပွဲမှ ထွက်ရပါတော့သည်။ ဘယ်ပြိုင်ပွဲမှ ဆုမချိတ်သဖြင့် ကိုသက်ပန်တို့မှာ ရှက်လည်းရှက်၊ စိတ်လည်းတို ရှက်တိုကြီးဖြစ်ပြီး
အတော်ကြီးကို ခံရခက်နေတော့သည်။ ငြိမ်းချင်းရေးနေ့ရောင်သောနေ့ ညနေငါးနာရီ တိတိတွင် ဆိပ်ကမ်းအတွင်းရှိ ခန်းမကြီးတစ်ခုမှာ ဆုပေးပွဲကို ခမ်းခမ်းနားနား ကျင်းပပါသည်။ ဘာဆုတစ်ခုမှ မရရှာလေသော
ကိုသက်ပန်တို့မှာ အလွန်မျက်နှာငယ်ရပါသည်။ သူများ သင်္ဘောသားတွေ ဆုတတ်ယူတိုင်း မချိသွားဖြဲလေးတွေနှင့် လက်ခုပ်လက်ဝါး တီးပေးနေရသည်။ ဆုတွေပေးလို့ကုန်တော့ အစီအစဉ်ကြေညာသူက
အသန့်ရှင်းဆုံးဆုကို နောက်ဆုံးမှကြေညာမည်ဖြစ်ပြီး ကြားဖြတ် အစီအစဉ်အနေနှင့် ထူးခြားသော ပြိုင်ပွဲတစ်ရပ်ကျင်းပဖို့ စီစဉ်ထားကြောင်း ပြောကြားလိုက်သဖြင့် ကိုသက်ပန်တို့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဘယ်လိုပြိုင်ပွဲများ ဖြစ်လေမလည်းဟု ပဟေဠိ အဖြေညှိနေမိကြသည်။ အစီအစဉ်ကြေညာသူက ပြိုင်ပွဲမမျိုးစားနှင့် ပြိုင်ပွဲဝင်ရန် စည်းမျဉ်းကို ထပ်မံကြေညာတော့မှ
ဘာပြိုင်ပွဲဆိုတာကို ကိုသက်ပန်တိုပ သိရတော့သည်။ အမှန်တစ်ကယ်လည်း ထူးလှသော ပြိုင်ပွဲပေကိုးဗျ။ ဂျပန်နိုင်ငံ အဆာဟိ ဘီယာကုမ္ပဏီမှ အကုန်အကျခံကျင်းပသော (သူ့ဘီယာကြော်ငြာသည့်
သဘောလည်းပါမှာပါ) ဘီယာသောက်ပြိုင်ပွဲပါတဲ့ခင်ဗျာ။ သည်တစ်ပွဲတော့ ရေကုန်ရေခန်း ပြိုင်မှဖြစ်တော့မည်။
ပိုက်ဆံပေးစရာမလိုဘဲသောက်ရမည့်ကိစ္စဘယ်မပြိုင်လို့ဖြစ်မလည်းဗျာဟစ်စထရီရိုင်းသွားမျာပေါ့။ပထမဦးဆုံးသင်္ဘောတစ်စီးစီကိုကိုယ်စားပြုပြီးတစ်ဦးခြင်းအမြန်သောက်ပြိုင်ပွဲစတင်ပါသည်။ကိုသက်ပန်သင်္ဘောတစ်စီးလုံး
ယုံကြည်စိတ်ချပြီးဖြစ်သော ဘိုစင် ဦးဖေသိန်းကို ရွေးချယ်စေလွှတ်လိုက်ပါသည်။ သင်္ဘောရှစ်စီးကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်ရှစ်ဦး စင်မြင့်ပေါ်သို့တက်သွားပါပြီ။ ဘီယာ (တစ်လီတာ) စီတည့်ထားသော
ကိုင်းခွက်ကြီးများကို ကိုင်ရင်း အချက်ပေးဘဲလ်သံကို နားစွင့်နေကြသည်။ ဘဲလ်တီးလိုက်သည်နှင့် ဘီယာခွက်ကိုကိုင်ရင်း တစ်ရှိန်ထိုးမော့ကြပါသည်။ ကိုသက်ပန်တို့သင်္ဘော၏ သူရဲကောင်း ဘိုဆက်ကြီးမှာ
ဘီယာခွက်ကို နှုတ်ခမ်းတေ့ရင်း နွားငတ် ရေချသလို(ကန်တော့ပါရဲ့) သောက်လိုက်သည်မှာ တခဏအတွင်း ကုန်သွားတော့သည်။ သူ့ခွက် ကုန်ချိန်မှာ အခြားသူတွေက နင်သူနင်၊သီးသူသီး၊ ဖန်ခွက်ထဲတွင်လည်း
တစ်ဝက်နီးပါးမျှစီ ကျန်နေပါသေး၏။ ဘိုဆင်ဦးဖေသိန်းက သူ့ဝမ်းဗိုက်ဆူဆူကြီးကို လက်နှင့်ပွတ်ရင်း နှုတ်ခမ်းတွင် ကပ်ကျန်နေသော ဘီယာမြုပ်များကို လျှာနှင့်သိမ်းလိုက်သည်။ ပြီး အမှန်ပေးဒိုင်အဖွဲ့ ရှိရာသို့ “ရှိသေးရင်
နည်းနည်းပေးပါ” ဟူသောအပြုံးမျိုးဖြင့် တစ်ချက်ဝေ့က်ြည့လိုက်သေးသည်။
ကိုသက်ပန်တို့ ရွှေမြန်မာတစ်စုမှာ လက်ဖ၀ါးကွဲမတက် အားပေးရင်း ဇာတိမာန်တွေ တဖွားဖွားကြွတက်နေကြသည်။ “ညှင်း..ညှင်း ဘယ်ရမလဲ မြန်မာကွ...” ဒုတိယအကြိမ် အများဆုံးသောက်နိုင်မှု ပြိုင်ပွဲမှာ
ဘိုဆင်ကြီးက ဆက်လက်အောင်ပွဲဆင်ပြန်ပါသည်။ နောက်ဆုံးအစီစဉ်အရ အဖွဲ့လိုက် ဘီယာသောက်ပြိုင်ပွဲ သင်္ဘောတစ်စီးကို (၁၀)ဦး ၀င်ပြိုင်ရသည်။ ကိုသက်ပန်တို့ သင်္ဘောကပင် အပြတ်အသတ်
ဗိုလ်စွဲသွားပြန်ပါသည်။ တကယ်ကို ဂုဏ်ယူဖွယ် ကောင်းလေစွတကား၊ အခြားသင်္ဘော(၇)စီးမှ သင်္ဘောသားများကော ပြိုင်ပွဲကျင်းပသော ဂျပန်များပါ ပါးစပ်အဟောင်းသားနှင့် ကိုသက်ပန်တို့အဖွဲ့ကို
သေးကြည့်နေရှာပါတော့။ တစ်ခဲနက် လှိုက်လဲဝမ်း မြောက်စွာလည်း အားပြေးကြပါသည်။ သူတို့စိတ်ထဲမှာတော့ အလကားရရင် စည်ပိုင်းကို ကိုင်းတတ်ပြီး သောက်မည့်ကောင်တွေများလား... ဟု တွေးနေမလားမသိ။
တကယ့်ကို နောက်ဆုံးပိတ် အိတ်နဲ့လွယ်သော ပြိုင်ပွဲပါ။ ကိုသက်ပန်တို့ ပျော်မြူးလိုက်သည်မှာ ကျွမ်းမထိုးရုံတမယ်ပါ။ (တစ်ကယ်လည်း ကျွမ်းကထိုးလို့ မရပါ။ သောက်ထားသော ဘီယာများက တင်းကျပ်နေပြီ
ကွဲထွက်သွားမည်စိုးလို့ပါ။) ဂုဏ် အယူတကာ့ အယူရဆုံးကတော့ ဆုပေးပွဲနောက်ဆုံးအချိန်မှာ ကြေညာလိုက်သော အသန့်ရှင်းဆုံးဆုကြီးကို ကိုသက်ပန်တို့ သင်္ဘောမှ ဆွတ်ခူးရရှိသွားလို့ ဖြစ်ပါတယ်။သည်ဆုက
ပြိုင်ပွဲအားလုံးကို ခြုံငုံသုံးသပ်၍ ပေးခြင်းဖြစ်ပါသည်။ အရည်အချင်း မည်သို့မျှပင် ကွားခြားနေလည်း ပြိုင်ပွဲအားလုံးကိုအပြဲုးမပျက်ဇွဲရှိရှိဖြင့်ပါဝင်ယှဉ်ပြိုက်ခဲ့မှုကြောင့်ပါတဲ့။ပြိုင်ပွဲတွင်ရယ်ရွယ်ဖွယ်အဖြစ်အပျက်များကိုလည်း
ပြိုင်ပွဲဝင် ကော်မတီက ဗီဒီယိုဖြင့် ရိုက်ကူး မှတ်တမ်းတင်ထားပါသည်။ ၎င်းတို့ကို (T.V) ဖန်သားပြင်တွင် ပြန်လည်ပြသတော့ အားလုံးတ၀ါးဝါးတဟားဟား ပျော်စရာကြီးပါ။ မြန်မာတို့၏ ပင်ကိုဓလေ့စရိုက် ဖြူစင်၊
ပျော်ရွင်မှုတို့ဖြင့် အပြုံးမပျက် ပြိုင်ပွဲဝင်သွားမှုတို့ကို မူတည်ပြီး ဆုချီးမြှ့်သွားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဆုဖလားကြီးသည် ယခုထက်တိုင် ကိုသက်ပန်တို့၏ UNI-TEAM SHIPPING CO.,LTD ရုံးခန်းတွင်
ဂုဏ်ယူဝင့်ကြွားစွာ ရှိနေပါသည် ခင်ဗျား။ သူငယ်ချင်းတို့ပျော်ရွှင်နိုင်ကြပါစေ...☺☻