ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 31 July 2009

" ရယ်သောသူသည်...အသက်ရှည်၏ ..."

ခေါ်လိုက်စမ်းပါ...

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"
"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့

ဖုန်းဆက်လိုက်သည်။
"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"
"အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"



xxxxxxxxxxxxxxxxxxxxxxxxxx

၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။

(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။

(၅)ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။

(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။

xxxxxxxxxxxxxxxxxxxxxxxxxx

ဈေးဖိုး

"အမေ အမေ့ သမီးက ဈေးဖိုးဆိုပြီး ဟိုတစ်နေ့က ရှစ်ထောင်တောင်းတယ်၊ဒီနေ့နေ့လယ်မှာ

ငါးထောင်တောင်းတယ်၊ မနေ့နံနက်ကတော့တစ်သောင်းတောင်တောင်းတယ်၊ ခုမနက်မှာလဲ

တစ်သောင်းတောင်းပြန်ပြီ အမေနည်းနည်း ကြည့် ပြောပါဦး၊ အရင်လကလဲ

တစ်လလုံးတောင်းတာ" "ဟင် ညည်းဟာက မလွန်ဘူးလား၊ ကိုယ့်ယောက်ျားကိုယ် သနားပါဦး၊

ရှာရဖွေရ ဘယ်လောက်ခက်တယ် မှတ်နေသလဲ" "ခက်တာပဲ အမေရယ်၊ အဲသလိုသာ

တောင်းနေရတာ တစ်ခါမှမပေးသေးဘူး"

စိုးရိမ်ပေလို့သာပဲ
ကိုနောင်နောင် ရှင့်ကိုကျွန်မကြောက်တယ်ရှင့်
ဘာဖြစ်လို့လဲ
ရှင်ကျွန်မကို အဓမကျင့်မှာစိုးလို့ပေါ့
ဟာ . .မဟုတ်တာဗျာ၊ ခင်ဗျားကငါးထပ်တိုက်ပေါ်မှာ၊ ကျုပ်ကပထမထပ်မှာရှိနေတဲ့ဟာကို၊
ဒါဆိုကျွန်မဆင်းလာခဲ့မယ်လေ

xxxxxxxxxxxxxxxxxxxxxxxxxx

အတို့တကာ အတိုဆုံးနဲ့ အပြည့်စုံဆုံး ဆောင်းပါးတစ်ပုဒ်

ကောလိပ်တစ်ခုရှိ စာသင်ခန်းတစ်ခုတွင် မြန်နိုင်သမျှမြန်မြန်ပြီးပြီးတိုနိုင်သမျှတို၊

အဓိပ္ပါယ်ရှိနိုင်တဲ့ အကြောင်းအရာတစ်ခုကိုရေးခိုင်းပါတယ်။အဲ့ဒီထဲမှာ

ပါရမယ့်အကြောင်းအရာတွေကတော့
၁ ။ ဘာသာရေးဆိုင်ရာ
၂ ။ အိမ်ထောင်မှုဆိုင်ရာ
၃ ။ ထူဆန်းအံ့သြဖွယ်ရာ - တွေပါဝင်ရမယ်တဲ့...
တစ်တန်းလုံးမှာ အကောင်းဆုံးအဆင့် ( +A ) ရသွားတဲ့ အကြောင်းအရာကလေးကတော့ "

ဘုရားရေ... ငါ့ကိုယ်ဝန်. ဘယ်သူနဲ့ပါလိမ့် " တဲ့..... : Translated :

xxxxxxxxxxxxxxxxxxxxxxxxxx

သွေးစစ်မလို့တဲ့
ဆေးခန်းတစ်ခုမှာ ဖြစ်ပါတယ်။ ဆေးစစ်ခန်းအပြင်ဘက်မှာ

ကလေးနှစ်ယောက်ထိုင်စောင့်နေတယ်။ သူတို့အထဲက တစ်ယောက်က ငိုနေတယ်။ အဲ့ဒါနဲ့
ပထမကလေး။ ။ဘာကြောင့်နင်ငိုနေတာလဲ?
ဒုတိယကလေး။ ။ငါသွေးလာစစ်တာ။
ပထမကလေး။ ။ကြောက်လို့ငိုနေတာလား?
ဒုတိယကလေး။ ။မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့
အဲ့ဒီလို ဖြေလိုက်တော့ ပထမကလေးက ထပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ ဒုတိယကလေးက

အံ့အားသင့်စွာနဲ့....
ဒုတိယကလေး။ ။နင်က ဘာဖြစ်လို့ထငိုနေရတာတုန်း?
ပထမကလေး။ ။ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့.... အီးးးးးးးးးးးးးးးးး

xxxxxxxxxxxxxxxxxxxxxxxxxx
မှတ်သားပါ.....လိုက်နာပါ
အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။ အစဉ်သဖြင့်

ကြာရှည်တည်တံ့နေတာဟာ ချစ်မေတ္တာ မမည်ဘူး၊ အဲဒါပလပ်စတစ်ပဲ..။ လူမိုက်တွေသာ

အိမ်ထောင်ပြုကြတာ၊ လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။ ယောကျာ်းတွေဟာ

ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ အမျိုးတဲ့၊ အဲဒါ မှားတယ်ငါးစိမ်းရော ငါးကင်ပါ ယူမယ့် အမျိုး။

ထိုင်ပြီးပျင်းနေမယ့် အစား အိပ်ပစ်လိုက်ပါ။ ကြီးကြီးကျယ်ကျယ် စီမံဆောင်ရွက်တဲ့ နေရာမှာ

ကြွက်တွေနဲ့ လူတွေဟာ နင်လားငါလားပဲ။ လူမိုက်မျက်နှာကို မကြည့်ချင်ဘူး ဆိုရင်တော့

သင့်ကြည့်မှန်ုကို ရိုက်ခွဲပစ်လိုက်ပါတော့။ အကောင်းဆုံး မိတ်ဆွေတွေတောင် တစ်ယောက်

အသုဘ တစ်ယောက် လိုက်ပို့နိုင်ကြလို့လား။ ကြွက်ထောင်ချောက်တွေ ပေါ်လာပေမယ့်

ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ။ တော်လှပါတယ် ဆိုတဲ့ လူတွေက နယူးက***ယား

လက်နက်ကို တီထွင်တယ်တဲ့ ၊ ဘယ်ကြွက်မှ ကြွက်ထောင်ချောက် ထွင်ဖို့ စိတ်မကူးဘူး။

xxxxxxxxxxxxxxxxxxxxxxxxxx

ရယ်စရာ ရည်းစားစာ
> > > " အင်တာနတ်မင်းကြီး " မ " ပါ > > ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့

အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊ ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး

တဲ့၊ပါဠိလိုတော့ "သုနက္ခ" ပေါ့ဟာ ၊ ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို

ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်?ဘကြီးဘုန်းကြီးရှေ့မှာသာ

ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး

ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ

ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊ အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို

သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ်

လို့ဟာ ၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊

အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ

အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈

မင်းမြောက်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် နင့်ကိုသာကျုပ်ချစ်ရမယ်

ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ်

ရွှေမိရယ် ?အဟုတ်ပြောတာ ။ ။ > > > ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ

တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊

စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် " လို့ပဲကြားဖူးပါတယ်

ရွှေမိရယ် ၊ အဲအဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ" ရယ်?ကျုပ်ကတော့

နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ

အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊

ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ

အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်厖တကယ် ။ > > >

ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ

လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ

"ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက

ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့

နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့

နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့

ဘာလဲဟို?၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက

နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း

ဝက်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး

ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ > > > ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော်

ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ

ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့

ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊

နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို

ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက

ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ

စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့်

ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ

နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို

လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ?။ > > >

ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည်

ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ်

ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ

နော့် ။ "ပုထုဇန္နော ဥမ္မာတကော" တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့

ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့

ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး

၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊

ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် "ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊

ကျုပ်ကလည်း"တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ်

သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့

ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်?။

> > > ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ

၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့

က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ

မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊

ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ်

"လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊

ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊

ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို "

ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့

ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင်

ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့

အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ > > > ဆယ်တန်းတင်မကပထမနှစ်မှာပါ

စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။

ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ

ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင်

အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့

ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင်

သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ

ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့

ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့

နင့်အမေ ၊ ဈးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့

အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့

စေတနာ ၊ မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး

ရွှေမိရယ် ။ > > > သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ

ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို

တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး

တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ

လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊

ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို

မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ

တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့

ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ

လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ > > > နောက်ပြီး

နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ်

လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့

ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊

သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့

ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက်

ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင်

အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ

လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို

မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > >

ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိမိ?မိမိမိမိ?လို့အော်နေတဲ့ ငါ့နှလုံးသား

ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့

တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်厖?။ > > >

ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး

အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့

ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ

"ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့

လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့

အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ်

။ နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊ လောကဓံရှစ်ပါးကို

နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော

ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း

လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > > ကိုင်း အဲဒီတော့

ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း

တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ်

မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ

ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့

အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့

ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့

ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ > >

နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း ( ကမ္ဘာ့ရွာတောင်ပိုင်း ဘုန်းကြီးကျောင်း )

xxxxxxxxxxxxxxxxxxx

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ
မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက
အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို
မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။
အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို
အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...
ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ
ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့
နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း
ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။
ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို

အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့
ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက

တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး
ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့

ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး
မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။

သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!"
လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး

နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ
ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ

နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."

xxxxxxxxxxxxxxxxxxxx
ဆရာကောင်း

မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
ရည်ရွယ်ချက်ကြီးပြီး?သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့?ဇွဲလုံ့ လရှိတဲ့?သူတွေပါ။ ဒါကိုက သူတို့  ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်?ငြိမ်သက်လို
့။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ ?... ... အဟမ်းအဟမ်း”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ 

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်?မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း?ရုတ်တရက်ဆိုသလိုပဲ သူ
့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး?သူ
့ရဲ့ လက်ကို ပြန်ထုတ်?ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်?အပေါက်ကလေးထဲကို ထည့်?ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်?အတွေ့ အကြုံ
မရှိသေးသူများအဖို့ ?လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး?ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး”

“တိန်”

xxxxxxxxxxxxxxxxxx

အုန်းသီး
တစ်ခါက ချင်းတောင်က ချင်းအမျိုးသားတစ်ဦးဟာ မြစ်ဝကျွန်းပေါ်ဒေသကို ပထမဆုံးအနေနဲ့

အလည်အပတ် ရောက်လာသတဲ့ ။ ချင်းတောင်မှာ အုန်းပင် မရှိလို့ အုန်းသီး တခါမှ

မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက "

အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ် ။ အရသာကလဲ

ဖန်တွတ်တွတ်နဲ့ အစေ့ကလဲ အကြီးကြီး ".........


ကြက်တူရွှေး
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို

လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ

ပြောတယ်။
ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့်

မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို

သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့

သူဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။

မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့

ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့

ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော်

ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို

ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။
အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ

ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး

ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး

မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ... ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင်

နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်း” ဟူတည်း။

ဖတ်ဖူးသမျှဟာသ
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်........"ဘာများသုံးဆောင်မလဲရှင်။"
အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"

တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"
ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး " ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle
လုပ်နေတာရှင့်"

ကကြီး "ABCD ... ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ"
ခခွေး " ၂၄ လုံးကျန်မယ်"
ကကြီး " မှားတယ်... ၂၁ လုံးပဲ ကျန်မယ်"
ခခွေး " ဘာဖြစ်လို့လဲ"
ကကြီး " ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။"

ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08

သြော်....ပုရိသ...
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်
ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ
သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်
ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ
လို့မှ မဖြစ်နိုင်တာ"

မေ့မေ့ သင်္ချာ
သမီး။ ။ "အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်ေ

တာင်းနေတယ်မေမေ...ဘယ်သူ့ကိုရွေး ရမလဲ မတိပါဝူး မေမေရယ်...။"
အမေ။ ။ " ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှ

ညီအဖေကိုရွေးခဲ့တာအေ့... ဒါနဲ့.. သမီးကောင်လေး တွေ ဘာလုပ်တုန်း သမီးရဲ့...."
သမီး။ ။ "ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့...

သာယာဆိုတဲ့ တစ်ယောက်ကတော့ သဘောင်္သား မေမေ..."
အမေ။ ။" သြော်... ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့... သင်္ဘောသားကိုရွေး.....

သူတို့သမီးကိုချစ်တာ ၁၅၀၀ ခြင်းညီမျှတောင် ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့......"

ချစ်လို့ကျီစယ်......
အရူးဆေးရုံ တစ်ခုမှာပါ။
အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။
ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့သူ

က
“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။ ကျွန်တော် သူအိပ်နေတုန်း

သူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။ သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ

မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။

xxxxxxxxxxxxxxxxxx

*တစ်ညလုံးဆို ဘယ်လောက်လဲ*
မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့် ဆရာဝန်က
“ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ” ဟု မေးသည်။
ထိုအခါ လူနာ မိန်းမက
“ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိ ယောင်ချာချာဖြစ်နေသည်။
နောက်တော့“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ် ထင်တယ် ဆရာ ” ဟု မဝင့်တဝင့်
ပြောသည်။ ထိုအခါ ဆရာဝန်က...“ ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့
အကြံပေးချက်တွေနဲ့ ကျွန်တော့ ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80
ကျပါမယ် ” ဟု ပြောသည်။ ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........“
ရပါတယ် ဆရာ၊ ငွေက အရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ

ဘယ်လောက်
ယူပါသလဲရှင် ”...။
........ ........ တစ်ညလုံးကြီးများတောင်...

xxxxxxxxxxxxxxxxxxxxx

*လက်ထပ်ပြီးစီးခြင်း *
....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာပြန်စားရေး ကုမ္ပဏီ ) နှင့်
.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ်
(တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊
ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌
လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ြ ကွယ်)
........ ......


အခ်စ္ညဝတ္အက်ီၤ
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို
ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့
ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ > >
" ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကို စောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ
စောင့်နေရသလား" > "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ
ဝတ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" > "ဒါပေမယ့် ကျွန်မ ယောက်ျားက
ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > > ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို
လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ
ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > >

တအောင့်ကြာတော့
အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး
"ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့
ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။
ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
...... ....
( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )

*လင်ကွန်းမိန်းမ နာမည်က* * *
အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း

မေးနေသည်။
ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင်
စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆ
ရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ"
....... ..... လွယ်လွယ်လေး နှော....။

xxxxxxxxxxxxxxxxxxxxxx

*သူ့ထက်သူ *
လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ
အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ
မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့်
သူ၏သားဖြစ်သူအားခေါ်၍.....
မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး
ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း
သားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ
်ဘယ်လောက်လဲ မေးလိုက်ပေါ့။
မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား.... .......ဖုန်းနံပါတ်မသိပါဘူးဆိုမှ
ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲ
ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး
ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်
...............
*ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း * **
ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်
ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ ပေါက်ပြီး
ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို ပြန်ကျလာတယ်။
အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို ကျပြီးတော့၊ မင်းကတော့
အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ အတိုင်းမက်တယ်ကွ။
ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”
....... .......
*ဖြစ်ချင်တာက......... .... *
ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။
ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။
တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့

လက်နှိပ်စက်
စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက်
လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ”
“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”
............... ...................
*အရင်းခံ အတိုင်းပါရှင်* * *


တရားသူကြီး ။ ။ “ မင်း ယောင်္ကျားကို ထီးနဲ့ ရိုက်လိုက်တာ ထီးကျိုးသွားတယ်လို့
ဆိုတယ်..။ ကဲ..အဲဒါ မင်းဘာပြောချင်သလဲ ....။
တရားခံ အမျိုးသမီး ။ ။ “ မတော်တဆ ဖြစ်သွားတာပါ တရားသူကြီးရှင့် ”
တရားသူကြီး ။ ။ “ ဒါ ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ ”
တရားခံ အမျိုးသမီး ။ ။ “ ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး ”
...... .......

*ယူမိသည့် တာဝန်..* * *


“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ်
မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က
မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော်
ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............
...
................ .................

*သွက်လက် ချက်ချာသူလေး*


အိမ်ရှင် ။ ။ “ ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ “ အက်စတာ
” လို့
ခေါ်မယ် မှတ်ထား ”
အိမ်ဖော် ။ ။ “ ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင် ကျွန်မကရော
မေမေကြီးကို
ဘယ်လိုခေါ်ရမှာလဲ ”
အိမ်ရှင် အမျိုးသမီးကြီး ။ ။ “ ဟယ်...ခွေးမ ”
အိမ်ဖော် ။ ။ “ ကောင်းပါပြီ............မေမေကြီး ”
.......... သိပ်တော်..

xxxxxxxxxxxxxxxxxxx
*ကြောက်တယ်နော်....း)*


တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။

ဆေးရုံရောက်တော့
ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ဒုတိယကောင်လေးက “
မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်”
လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့
ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး
ပြန်ဖြေပုံက “ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။
.............. ............ အဟိ
*လှေခါးလာမလှုပ်နဲ့ *


ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို
လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ
နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။
နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို
ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က

မတော်တဆမှုနဲ့
ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး
ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့
ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့
ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင်

အရက်သေစာမသောက်စားကြနဲ့
ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့
အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ”
ဟုဖြေလိုက်တယ်။

ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက
ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက”

“အေဘေးလေးအောက်ကနေ
လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။
.......................... အဟိ


ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး

စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ:

စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။
(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )
အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။
ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။
ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။
ခဏကြာတော့ ကံဆိုးသူမောင်ရှင်? နောက်ထက်ယင်ကောင်

တစ်ကောင်ပျံသန်းလာပြန်သည်။
ပရိတ်သတ်တွေလည်း တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ်

ဝင်စားနေကြပြီ။ တတိယ
ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။

မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး
လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က

ဟန်မပျက်
ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်:
ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။
တတိယဆာမူရိုင်: က
“ *ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ
မဖြစ်နိုင်တော့ဘူး*”


ရီမယ်ဆို ပြောဦးနော်...

လူမထွက်ဘူး

ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။

ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။

ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။


ဒါကဒီလိုရှိပါတယ်။

မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်

"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။"

မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်

"သြော် ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။"


စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။

လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။
ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ
နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."

"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."

ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.." *





................................
စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့
အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။

အဲဒီမှာ လေယာဉ်ထဲ ကနေ
အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်က အရုးခေါင်းဆောင်ကို
ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ ဆရာ"
"ဟာ.....လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း"
"ဟုတ်ကဲပါဆရာ"
အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။

ဆရာဝန်သည်သဘောကျသွားသည်။
ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။

"မင်းဘယ်လိုထိန်းလိုက်တာလဲ...တိတ်ဆိတ်သွားတာပဲ"
"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို.....အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ်

တခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခု
သူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "

ရီမယ်ဆို ပြောဦးနော်...


ထူးအိမ်သင်ရဲ့ သီချင်း လွဲလွဲလေးပဲ ကောင်းပါဒယ် ဆိုပေမယ့်.....
မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို ဝိုက်ကြည့်လိုက်ပါတယ်။
သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့ နံဘေးမှာ

သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက မေးပါတယ်။
သူနာပြုဆရာမလေးက ပြုံးပြီး
“အဆင်ပြေပါတယ်ရှင်?အားလုံးချောချောမောမောပါပဲ”
“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”
“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့ အမှန်အတိုင်းပြောရရင်

ကြောက်တယ်ဗျ” ?လို့ အစချီပြီး သူ့ ကို မွေးစကတဲက
လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက် ဆယ်နှစ်သားလောက်အထိ

အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး

မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့ မိရင်းဖရင်းတွေဆီ

ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ
့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက

ပစ်သွားခဲ့ပါပြီ။
ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို့ ပါတဲ့လေ။
“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
“ဘယ်ကလာဗျာ?ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
“ဘာလို အဆင်မပြေဖြစ်ရတာလဲ”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို တကယ်ချစ်တာမှ

မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
အမြဲတမ်းသွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်

အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။
ဆရာဝန်ကသူ့ ကို အခုလိုပြောတော့ သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။
“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး ဆိုတော့

ယုံရခက်ခက်ပေါ့ဗျာ”
ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း

ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ?ဟုတ်လား ”

“ဟုတ်တယ်လေ ?ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်

ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ”
သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက
“ဒါဆို ရှင်က ?ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့”

" ဟာသလေးတွေ.."

No.1 . .စိတ်တိုခြင်းသီအိုရီ. .

ပါမောက္ခ ကသင်တန်းပို့ချနေသည် ။
"လူတစ်ယောက်မှာ စိတ်တိုမှု ဒီဂရီ (အဆင့်) ၃ မျိုးရှိတယ်လို့ဆိုနိုင်တယ် ၊ ဒီအဆိုပြုချက်ကို

ပိုပြီးရှင်းသွားအောင် ဆရာပြမယ် ၊ တယ်လီဖုန်း ကို
ကိုကောက်ကိုင်လိုက်ပြီး ကြိုက် ရာနံပါတ် ၁ခုကို လှည့်လိုက် ၊ တဖက်က

ကောက်ကိုင်တဲ့အခါမှာ 'ပီတာရှိလား' လို့မေးလိုက်မယ် ၊ 'ပီတာ ဆိုတာ
ဒီ အိမ်မှာ မရှိဘူးလို့' ဟိုကဖြေမယ် ၊ဒီနံပါတ်ကိုပဲ နောက်တခါ ပြန်လှည့်ပြီး ' ပီတာကို

ကျေးဇူးပြု ပြီးခေါ်ပေးပါ' လို့ ပြောလိုက်မယ် ၊တဖက်က
'ဒီမှာပီတာဆိုတာ မရှိဘူး၊ ဖုန်းမှားနေပြီ 'လို့ဖြေမယ် ၊ နောက်တကြိမ် ဒီနံပါတ်ကို ပဲ လှည့်ပြီး

'ပီတာ ပြန်လာပြီလား ' လို့မေးမယ် ၊ ဟိုဖက်က
'ဘယ်ကပီတာ ကိုလာမေးနေတာလဲ ' ဆိုပြီးဖုန်းကိုချသွားမယ် ၊ ကိုင်း သဘောပေါက်ကြတယ်

မဟုတ်လား"
ကျောင်းသား တစ်ယောက် နေရာကထပြီး ပြောသည် ။
"စိတ်တိုတဲ့ စတုတ္ထ ဒီဂရီ ရှိသေးတယ် ဆရာ "
"ဘာပါလိမ့် "
ခုန နံပါတ်ကို ပဲပြန်လှည့်ပြီး 'ဟဲ လို..ကျွန်တော် ပီတာပါ၊ ကျွန်တော့်ကို ဘယ်သူမှ

ဖုန်းမဆက်ဘူးလားဟင် ' လို့မေးလိုက်မယ် "
________________________________________________________________

_
No.2. .မထူးပါဘူး. .

ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို

သိကြားမင်းကစုရုံးစေသည် ။
"အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း...ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ်

သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း"
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ

နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုပါပို့လိုက် "

No.3 . .ချွေတာရေး

ဥမင်လိုဏ်ခေါင်းများ ၊၀င်္ကပါများဖြင့်ရှုတ်ထွေးလှသောရှေ့ဟောင်းရဲတိုက်ကြီးကို လမ်းပြက

ကမ္ဘာလှည့်ခရီးသည် များအားလိုက်ပြသည် ၊
မြေအောက်တနေရာတွင် လူအရိုးစုများတွေ့သဖြင့် ဧသည့်များက မေးသည် ။
"ဟိုအရင် ခေတ်က ကျန်ခဲ့တဲ့ လူရိုးတွေလားဟင် "
"မဟုတ်ဘူး ၊ လမ်းပြငှားရမှာကိုတွန့်တိုတဲ့လူတွေရဲ့အရိုး "
__________________________________________
No.74. .တာဝန်အရ အသိပေးရမယ်. .

ပြင်သစ်နိုင်ငံတွင်ဖြစ်သည် ၊အရာရှိကြီးတစ်ဦးသည် မိမိ၏အတွင်းရေးမှူးမနှင့်

ကားအတူစီးလာသည် ၊ လမ်းတွင်ကားပျက်သွားသည် ၊
အရာရှိကတွေးသည် ။
"အရာရှိ တစ်ယောက်အနေနဲ့ ကားပြင်ဌာနကို ဖုံးဆက်အကူအညီ တောင်းသင့်တယ် ၊ဒါပေမဲ့

ယောကျာ်း တစ်ယောက်အနေနဲ့ ပျက်တဲ့ဥစ္စာကို ငါကိုယ်တိုင်ပြင်သင့်တယ် "
ဤသို့စဉ်းစားပြီး ကားထဲမှ ထွက်သည် ၊ကုတ်အင်္ကျီကို ချွတ်ပြီး ကားအောက်သို့ဝင်သည်

။အတွင်းရေးမှူးမကစဉ်းစားသည် ၊
"မိန်းမ တစ်ယောက်အနေနဲ့ ငါကားပေါ်မှာပဲ ထိုင်နေသင့်တယ် ၊ ဒါပေမဲ့

အတွင်းရေမှူးမတစ်ယောက်အနေနဲ့ ကိုယ့် အထက်အရာရှိရဲ့ ဘေး မှာ နေရမယ် "
သို့ဖြင့်သူမကားအောက်ဝင်သည် ၊ မကြာမီ ယာဉ်ထိန်းရဲ၏ ကားဖြတ်မောင်းလာသည်

၊ယာဉ်ထိန်းရဲကစဉ်းစားသည် ၊
"ပြင်သစ်တစ်ယောက် အနေနဲ့ရော ယောကျာ်းတစ်ယောက်အနေနဲ့ပါ

ငါဖြတ်မောင်းသွားသင့်တယ် ၊ဒါပေမဲ့ ရဲတစ်ယောက်အနေနဲ့

သူတို့ကားကိုခိုးသွားတာကြာပြီလို့ ငါပြောဖို့တာဝန်ရှိတယ် "
___________________________________________________
No.5. .အလှူခံ. .

ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ

ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။
"မိန်းမရေ...သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ "
"ရေ ၃ ပုံးပေးလိုက် "
_____________________________
No.76. .ဒါလဲဖြစ်နိုင်တာပဲ. .
--------------------------
သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။
"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "
"ဘာဖြစ်လို့လဲ "
"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့

ဘယ်နေ့ပြန်ရောက်မယ် ဆိုတာကိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါ

အိမ်ပြန်ရောက်တော့ သူ့ကိုတခြားယောကျာ်းတစ်ယောက်နဲ့တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ

ကြေးနန်းကိုမရတာလဲ ဖြစ်နိုင်တာပဲ "
___________________________________________________
No.77. .မသိသေးဘူး. .
------------------------
ပင်လယ်ကမ်းစပ် အနားယူ စခန်းသို့ရောက်လာသော လူငယ်က လူတစ်ဦးကိုမေးသည် ။
"ဒီနားမှာ အိမ်သာ ရှိသလားခင်ဗျာ "
"မသိဘူးဗျ ၊ ကျွန်တော်လည်း ဒီကိုရောက်တာ အခုမှ (၄) ရက်ပဲရှိသေးတယ် "
_______________________________________________
No.78. .ပိုက်ဆံတောင်းနည်း. .
------------------------------
"ယောကျာ်းတွေဟာ အင်မတန် ဥာဏ်နဲတယ် ၊ အိုင်ပိုက်ဆံလိုလာတဲ့အခါတိုင်း ရမယ်ရှာပြီး

သူ့ကိုရန်လုပ်တယ် ၊အမေ့အိမ်ပြန်မယ် ဆိုပြီး

ခြိမ်းခြောက်တယ် "
"ထိရောက်မှုရှိ ရဲ့လား "
"ရှိတာပေါ့ ၊ အမေ့ဆီသွားဖို့ဆိုပြီး သူလက်မှတ်ဖိုး ထုတ်ပေးတယ်လေ "
_______________________________________________
No.79. .ဖိနပ်သူခိုး. .
-------------------
"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "
"အဓိပါယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့ ကျွန်တော့်ခွေးဟာ တစ်ခါမှ

အိမ်ပြန် မလာဖူး ဘူး "
___________________________________________________________
No.80. .ငယ်ငယ်ကပုံ. .
----------------------
ငယ်ငယ်ကပုံများကို အိမ်ရှင်မက မိမိ၏သူငယ်ချင်းများအားပြသည် ၊

မိန်းမကြီးတစ်ဦး၏ပေါင်ပေါ် တွင်ကလေးမလေးတစ်ယောက် ထိုင်နေသော ပုံ ဖြစ်သည် ။
"လွန်ခဲ့တဲ့ နှစ် ၃၀ -တုန်းက ကျွန်မရဲ့ပုံလေ "
"ဒီကလေးမလေး က ဘယ်သူလဲ ဟင် "
___________________________________________________
No.81. .အော်ဒက်ဆာသား . .
------------------------------
ယူကရိန်းနိုင်ငံ အော်ဒက်ဆာမြို့သားတစ်ယောက်သည် ငါးဝယ်ရန် ငါးဆိုင်ထဲ ၀င်လာသည် ၊

အရောင်းသမ ကိုမေးသည် ။
"ခင်ဗျားတို့ဆိုင်က ငါးဟာ အရှင်လား "
"အရှင်ပါ "
"အရှင်ဆိုရင် ဘာဖြစ်လို့ သူ မလှုပ်မရှား ဖြစ်နေတာလဲ "
"သြော် ဒါလား ၊ ငါးအိပ်နေတယ်လေ "
"အိပ်တယ်ဆိုပေမဲ့ အနံ့ဆိုးထွက်နေပါလား "
"ရှင် ကတ်တီးကတ်ဖဲ့ မပြောနဲ့ ၊ ရှင်အိပ်နေတုန်း ပါးစပ်ကအာပုတ်ရည်

ထွက်တာကိုထိန်းနိုင်လို့လား ၊ ပြောစမ်းပါ "
________________________________________________________
No.82. .ဒါတော့သည်းမခံနိုင်ဘူး. .
-----------------------------------
"ခင်ဗျား မိန်းမနဲ့ကွာရှင်းတော့မယ်လို့ သတင်းကြားတယ် ၊ဘာဖြစ်လို့လဲ "
"အိပ်ရာထဲမှာဆေးလိပ်သောက်လို့ "
"ဟာ. . ဒါနဲ့များ ကွာရှင်းရမယ်တဲ့ဗျာ၊ မဟုတ်သေးပါဘူး"
"ဆေးလိပ်သောက်ရင် ကျုပ်နားရွက်ကို ဒီကောင်မက ဆေးလိပ်ပြာခွက်အဖြစ်နဲ့

အသုံးပြုတယ်ဗျာ"
_______________________________________________________
No.83. . အကြောင်းရင်း. .
------------------------
"ပီတာ...မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ"
"ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ "
"မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ ဆိုတာကို မင်းအဖေက

ရှင်းပြတယ် မဟုတ်လား "
"ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် "
________________________________________________________________

____
No.84. .ကံကောင်းတယ်. .
--------------------------
"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ

ဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို လုတဲ့အကောင်တွေက

တွေ့မသွားဘူးဗျ "
_______________________________________________________
No.85. .ဘာကောင်လဲ. .
---------------------
"ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ၊ ဖေဖေက မေမေ့ကို ကြက်မကြီးလို့

ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "
________________________________________________
No.86. .လျစ်လျူ ရှု. .
----------------------
ဆေးခန်းထဲသို့လူတစ်ယောက်ဝင်လာသည် ။
"ဒေါက်တာ....ကျွန်တော့်ကို လူတကာကလျစ်လျူ ရှုနေကြတယ် ခင်ဗျ "
"နောက်တစ်ယောက် "
_____________________________
No.87. .တယောဆရာ. .
-------------------------
လူနာကိုခွဲစိတ် ရန်အတွက် အားလုံး အသင့်ဖြစ်နေပြီဖြစ်သည် ၊ လူနာက ခွဲစိတ်ဆရာဝန်ကို

မေးသည် ။
"ဒေါက်တာ....ကျွန်တော့် အူအတက်ကို ဖြတ်ပြီးရင် ကျွန်တော် တယော ထိုးနိုင်မလား ခင်ဗျာ"
"ထိုးနိုင်ပါတယ် "
"ဟန်ကျတာပဲ ၊ကျွန်တော် တယော တစ်ခါမှမထိုးဖူးသေးဘူး ၊အခုထိုးနိုင်တော့မယ် တဲ့ "
____________________________________________________
No.88. .ရှက်တော့ရှက်သား. .
-------------------------------
"ဒေါက်တာရယ်. .ပြောရမှာရှက်တော့ရှက်ပါရဲ့ ၊ ကျွန်တော်လေလည်တဲ့ အခါ လေလည်သံကို

မကြားရဘူး ၊ ကူညီပါဦး "
"ဒီဆေးပြားတွေ ယူသွား ၊ တစ်နေ့သုံးခါစား "
"ဒီဆေးစားရင် ကျွန်တော် ပိုကြားရမလား ခင်ဗျာ "
"ဟင့်အင်း ၊ လေလည်သံ ပိုကျယ်လာမယ်"
_________________________________________
No.89. .ငါမရူးဘူး. .
--------------------
စိတ်ရောဂါ အထူးကုဆေးရုံတွင်ဖြစ်သည် ၊ဆေးကော်မရှင်က လူနာတို့၏

အခြေအနေကိုအောက်ပါအတိုင်းစမ်းသပ်သည် ၊
လူနာများကို ငါးမျှားတံတစ်ချောင်းစီပေးကာ ရေဆွဲ အိမ်သာတစ်ခုစီ၏ ရှေ့တွင်ထိုင်ခိုင်းသည်

။ထို့နောက် တစ်ယောက်စီ ထံသွားကာ
"ငါး တွတ်ရဲ့လား" ဟု မေးသည် ၊လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်း ဖြေသည် ၊

တစ်ဦးကသာငါးမတွတ်ပါ ဟုပြောသည် ၊ ဆေးကော်မရှင်
အဖွဲ့ဝင်များ အစည်းအဝေးထိုင်ကာ နောက်ဆုံးလူနာတစ်ယောက်သာ လူကောင်း

ကဲ့သို့ဖြေသည်ဟု သဘောတူညီကြသည် ၊သို့ဖြင့်၎င်းအား
ဆေးရုံမှ ဆင်းခွင့်ပြုရန်ဆုံးဖြတ်ကြသည် ၊ထိုလူနာ ဆေးရုံမှ

မဆင်းခင်လာရောက်နှုတ်ဆက်ကြသော လူနာ အဖော်များက ၎င်းအားမေးကြသည်၊
"ဟေ့ ခင်ဗျား ဘာဖြစ်လို့ ငါးမတွတ်ဘူးလို့ ဖြေရတာလဲ"
"ငါး တွတ်တဲ့နေရာကို သူတို့ကိုပြောပြရအောင် ကျုပ် အရူးမှ မဟုတ်ဘဲ"
_____________________________________________
No.90. .လိုချင်လို့. .
---------------------
"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"
___________________________________________
No.91. .အတွေးကိုယ်စီရှိကြသည်. .
------------------------------------
လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ

မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။ မိန်းမခရီးသည်များနှင့်

မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
"ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်" အသက် ၂၀-အရွယ်

လူငယ်ကအားတက်သရောပြောသည် ၊
"လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်" အသက် ၃၀-အရွယ်ကပြောသည် ။
"ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်" အသက် ၅၀-

အရွယ်ကပြောသည် ။
____________________________________________________
No.92. .မဟုတ်တဲ့နေရာကြီးနေတယ်. .
-------------------------------------
မင်္ဂလာဦးညလွန်မြောက်ပြီး နောက်တနေ့တွင် ညားခါစ ဇနီးမောင်နှံတို့ ယောကျာ်းအတွက်

ဖိနပ်ဝယ်ရန် ဈေးထွက်ကြသည် ၊ ဖိနပ်ဆိုင်တွင်
အရောင်းသမက နံပါတ် ၄၅-ကိုယူလာသည် ၊လူငယ်စီးကြည့်သည်

၊အလွန်ငယ်နေသည်ကိုတွေ့ရသည် ၊သို့ဖြင့် နံပါတ်-၄၆ ၊ထို့နောက် အကြီး ဆုံးနံပါတ် ၄၇-

ကိုယူပြီးပြသည် ၊ လူငယ်စီးကြည့်သည် ၊ခြေထောက်က ကြီးပြီး ဖိနပ်က ငယ်နေသည် ။
" ကျွန်မတို့ ဆိုင်မှာ ဒီထက် ကြီးတဲ့ နံပါတ် မရှိတော့ဘူး ရှင့် "
ဆိုင်မှ ထွက်လာသောအခါ ဇနီး ဖြစ်သူက ၀မ်းနည်းသံဖြင့် ပြောသည် ။
" ဘယ်လိုမှ မတတ်နိုင်တော့ဘူး ၊ ရှင့်ခြေထောက်တွေက ကြီးလွန်းတာကိုး "
"အေးကွာ .....မင်းသိတဲ့အတိုင်း ငါက တောသားကွ ၊ တစ်နွေလုံးငါက ဖိနပ်မပါဘဲ

လမ်းလျှောက်တော့ ခြေထောက်တွေက တဖြေးဖြေး ကြီး
လာတာနဲ့ တူပါရဲ့ကွာ "
"ရှင် ဘောင်းဘီမ၀တ် ဘဲ လျှောက်ရင်ပိုတောင် ကောင်းလိမ့်ဦးမယ်"
_____________________________________________________
No.93. .မိန်းမပျောက်လို့. .
-------------------------
ကိုချူချာတို့ လင်မယား မော်စကိုသို့ရောက်လာသည်

၊ဆိုင်ကြီးများကိုငေးမောကြည့်ရင်းလူအုပ်ကြားထဲတွင် မချူချာ ပျောက်သွားသည် ။
ကိုချူချာက ရဲစခန်းသို့ လာတိုင်သည် ။
"ကျွန်တော့်မိန်းမ ပျောက်သွား ပါတယ်"
"ခင်ဗျား မိန်းမ ရဲ့ ပုံပန်းသဏ္ဍန်ကိုပြောပြပါ"
"ပုံပန်းသဏ္ဍန် မပျောက်ဘူး ၊ မိန်းမပျောက်သွားတယ်"
"ကျွန်တော်ပြောတာခင်ဗျား သဘောမပေါက်ဘူး ထင်တယ် ၊ခင်ဗျားမိန်းမ အသားဖြူသလား

,မဲသလား ၊အရပ်ပုသလား , ရှည်သလား ဆိုတာ
ကို ပြောတာ ၊ဒါမှ ရှာရတာလွယ်မှာပေါ့ ၊ ဥပမာ-ကျုပ်မိန်းမ ကိုကြည့် ၊အရပ်ထောင်ထောင်

မောင်းမောင်း ၊ မ၀,မပိန် ကိုယ်လုံးနဲ့ ၊
ရွှေရောင်ဆံပင်နဲ့ ၊ ခြေတန်လည်း ရှည်တယ် " ကိုချူချာ ခဏစဉ်းစားပြီးပြောသည် ။
"ကျွန်တော့် မိန်းမ အရပ်ပုတယ် ၊ မျက်လုံးတစ်ဖက်စွေနေတယ် ၊ခြေခွင်လဲ လိမ်နေတယ်

၊အင်း. .ကျွန်တော့် မိန်းမ ကို ထား လိုက်ပါ ဗျာ ၊
ရဲ မှူး ကြီးရဲ့ မိန်းမ ကို ပဲရှာကြရအောင် "
________________________________________________________________

___________
No.94. . မျက်စိမှုန်တဲ့ယုန်. .
----------------------------
ဝက်ဝံ, မြေခွေးနှင့် ယုန်တို့ အထွေထွေ စစ်မှုထမ်း ဥပဒေ အရ စစ်မှုထမ်းချိန်ရောက်သဖြင့်

စစ်သားစုဆောင်းရေးရုံးသို့ သွားကြသည် ၊
ဆေးကော်မရှင် က ၎င်းတို့တစ်ဦးချင်းကို ဆေးစစ်သည် ၊ ၀က်ဝံ နှင့်မြေခွေးတို့ နှစ်ဦးစလုံး

ဆေးအောင်ကြသည် ၊နှစ်ဦးစလုံး သုန်သုန် မှုန်မှုန်
အမူအရာနှင့် ထိုင်နေကြသည် ၊မည်သူမှ စစ်မှု မထမ်းလိုကြသောကြောင့် ဖြစ်သည် ၊ ဤ

အချိန်တွင် ၀မ်းသာသောမျက်နှာဖြင့်
အခန်းထဲမှ ယုန်ထွက်လာ သည် ။
"၀မ်းသာလိုက်တာ ၊ငါ စစ်မှုထမ်းစရာမလိုဘူး ၊ ငါဆေးမအောင်ဘူး"
"ဘာဖြစ်လို့ မအောင်ရမှာလဲ ၊မင်းရဲ့ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းတယ်ဆိုတာ

ငါတို့သိသားပဲ "
"ဟို အဝေးကတောင် ကုန်းကိုမြင်သလား"
"မြင်တယ်"
"ဘယ်ဘက်ထောင့်က ကျွန်းကပင် ကြီးကိုကောမြင်ကြရဲ့လား"
"မြင်တယ်"
"ညာဘက်ထွက်နေတဲ့ အကိုင်းကော"
"မြင်တယ်"
"အောက်ဘက်ကိုစိုက် ကျနေတဲ့ အရွက်နှစ်ရွက်ကို ရော"
"မြင်တယ်"
"အဲဒါပြောတာပေါ့ ၊ ငါက ကျွန်းပင်ကြီးကိုတောင်မမြင် ဘူး"
__________________________________________
No.95. .နောက်မလုပ်နဲ့. .
-------------------------
ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ် ကျန်နေသည် ၊

မနက်အိပ်ရာထသောအခါ အရက်နာကျသည် ကို
ဖြေဖျောက်ရန် အတွက်အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိတော့ချေ ။

သို့နှင့်အိမ်တွင် မွေးထားသောငန်းကိုယူကာ ဈေးထဲသွား
ရောင်းသည် ။ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊ မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို မင်းခုလိုပဲဆက်စမ်းနေရင်

မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နား လည်လား "
________________________________________________
No.96. . ညှဉ်းဆဲလိုက်မယ်. .
---------------------------------
မီးပြတိုက်သို့ လှေတစ်စင်း ကပ်လာသည် ၊လှေပေါ်မှ ပင်ပန်းနွမ်းနယ်ပြီး ဒေါသထွက်နေသော

အမူအရာဖြင့် စာပို့လုလင် ဆင်းလာသည် ၊
ထို့နောက် မီးပြတိုက်အမှုထမ်းအား ၎င်း၏ စာကို ပေးလိုက်သည် ၊

မီးပြတိုက်ဝန်ထမ်းကပြောသည် ၊
"နောက်တစ်ခါ ငါ့အတွက် စာလာပို့တဲ့အခါ အခုလိုမျက်နှာရှစ်ခေါက်ချိုးလုပ်လာတာတွေ့ရင်

နေ့စဉ် ထုတ် သတင်းစာ တစ်စောင် စောင်
ကို ငါ တစ်နှစ်စာ မှာလိုက်မယ် ၊နားလည် လား ။"
___________________________________________________________
No.97. .အသစ်ပေးပါ. .
-----------------------
ချူ ချာကို နိုင်ငံ ကူးလက်မှတ် ထုတ်ပေးလိုက် သည် ၊ နောက် -၂-ရက် ကြာသော အခါ ချူ

ချာပြန်ရောက်လာပြီး ပတ်စပို့ အသစ်ထုတ်ပေးရန်
ပြောသည် ။
"ဘာဖြစ်လို့ ပတ်စပို့ နောက်တစ်ခုလိုချင် ရတာလဲ "
"ချူချာ ဆေးလိပ်သောက်တယ်လေ "
________________________________________
No.98. .လူတို့၏စရိုက်. .
-------------------------
ဧည့်သည်အဖြစ် လာပုံလာနည်း အမျိုးမျိုး..
အင်္ဂလိပ် ----တုတ်ကောက်ဖြင့်လာသည် ။
ပြင်သစ် -----မယားငယ်နှင့်လာသည် ။
ရုရှား ------အရက်ပုလင်းနှင့်လာသည် ။
ဂျူး ---------မိမိ၏ဆွေမျိုးများနှင့်အတူလာသည် ။
ဖိတ်သောအိမ်မှ ထွက်ပုံထွက်နည်းအမျိုးမျိုး......
အင်္ဂလိပ် -----တုတ်ကောက်ကိုင်ပြီးပြန်ထွက်သည် ။
ပြင်သစ် -------အိမ်ရှင်၏ဇနီးနှင့်ပြန်ထွက်သည် ။
ရုရှား --------မျက်နှာဒဏ်ရာနှင့် အိမ်ပြန်သည် ။
ဂျူး --------မိမိနှင့် မိမိဆွေမျိုးများအတွက်လက်ဆောင်ပစ္စည်းများယူကာပြန်ထွက်သည် ။
နောက်တနေ့မနက် စဉ်းစားပုံပမျိုးမျိုး.........
အင်္ဂလိပ် -------မနေ့က ငါ့ရဲ့ အပြု အမူ, အပြောအဆို တွေ လူကြီးလူကောင်းဆန်ရဲ့လား ။
ပြင်သစ် --------အဲဒီ အချိန်မှာ ငါ့မိန်းမ ဘယ်သူနဲ့များ ရှိနေ ပါလိမ့် ။
ရုရှား ---------(မှန်ထဲ ကြည့်ကာ)ငါ့ကို ဘယ်သူများ ဆော်ပလော်တီးလိုက်ပါလိမ့် ။
ဂျူး ----------ဘယ်သူ့ အိမ်ကို အလည်သွား ရပါ့ မလဲ ။

No.99..
လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစ ရည်းစားအသစ်စက်စက်လေး

တစ်ယောက်ရှိတယ်။
သူ့အသဲလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်ဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့

အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။
သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား

လက်အိတ်ဖြူဖြူလေးတစ်စုံဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင်ပစ္စည်းဆိုင်ကိုသွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်။
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့်

ချစ်သူ့ညီမကလက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့

စာတစ်စောင်ရေးပြီးစာတိုက်ကပို့လိုက်တယ်။
>
စာကတော့

အသဲလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ

လမ်းလျှောက်ထွက်တဲ့အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်ကနှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။
မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့တိုက်တွန်းတယ်။
ဟုတ်တယ်သူစွပ်ပြချွတ်ပြတယ်လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့

သူကိုယ်တိုင်ဝတ်ပြချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့

ပြောင်ကြောင်းအာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား

အထပ်ထပ်အခါခါနမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်နော်

အသဲလေးရဲ့
ကို

1000. အရူး

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။

ဆရာဝန်တစ်ယောက်ကအောက်မှနေ
ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ

နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။
ဆရာဝန်က......
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."
"ဟေ..."



101. သိပြီလား


စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။
ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။
"37............37............37"
"ဘာလို့  37 လို့ အော်နေရတာလဲ"
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို

တက်သွားသည်။ အပေါ်ထပ်တွင်လည်း
"37............37............37"
"ဘာလိုအဲဒီလိုအော်နေကြတာလဲ"
လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို
တက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
"ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.."
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည်

့လိုက်တယ်။
အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။
ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
"38.............38.............38"

102. သိသားနဲ့ ...

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင်
အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့ 
ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား
((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))
မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ
့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည်
ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည်
ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက

ကြက်တူရွေး ကိုလည်းသတ်ပစ်မည်
ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင် > ကြက်တူရွေးက ။ ။

ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ.....



xxxxxxxxxxxxxxxxxxxxxxxxxx

" တူတူရယ်ကြမယ်နော်.. "

တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....
]]မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... }} ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး ]]မင်း ကြာလှချည်လား¿ အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ}} လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက ]]ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ}} ဟူတည်း။

xxxxxxxxxxxxxxxxxxxxxxxxxx

တစ်ခါက ပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခုရှိသတဲ့။ ရုပ်တုနှစ်တုကို မျက်နှာချင်းဆိုင် တည်ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တစ်နေ့မှာ အချစ်နတ်သား မြှားနတ်မောင်ဟာ ရုပ်တုနှစ်ခုကို တွေ့သွားပြီး ]]မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောကြည့်နေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ မင်းတို့ကို သနားလို့ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ၁၅မိနစ်လောက် ငါအသက်သွင်းပေးလိုက်မယ်။ ကြိုက်တာ လုပ်တော့..... }} လို့ ပြောပြီး လူအဖြစ် အသက်သွင်းပေးလိုက်တယ်။
အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ နှစ်ပေါင်းများစွာ ရပ်နေရတဲ့ အမြင့်ကနေ ၀မ်းသာအားရ ခုန်ချပြီး ချုံတစ်ခုထဲ ပြေးဝင်သွားကြတယ်။ ၁၀မိနစ်အကြာမှ ချုံထဲက ပြန်ထွက်လာတဲ့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က ]] အချိန်၅မိနစ် ကျန်သေးတယ်.. ကြိုက်တာ လုပ်ကြဦး}} လို့ ပြောတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြန်ပြေးဝင်သွားကြတယ်။
ဒီတစ်ခါတော့ ချုံထဲကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။ မိန်းကလေး ပြောလိုက်တာက....
]]ကဲ... ဒီတစ်ခါ ရှင့်အလှည့်.. ခိုကို ကျွန်မချုပ်ထားပေးမယ်။ ခိုခေါင်းပေါ် ရှင်မစင်စွန့်ချလိုက်တော့}} ဟူတည်း။

xxxxxxxxxxxxxxxxxxxxxxxxxx

ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။

]] ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်

]]ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။ ဒေါ်လာ ၁ သန်း လိုချင်တယ်
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။

(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။

နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်။
ဘုရားသခင်ကပြန်ပြောတယ်။
- ]]ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ ]] အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....

]] အို ဘုရားသခင်၊ ကျွန်တော်မှာ မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

]] ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}

xxxxxxxxxxxxxxxxxxxxxxxxxx

အင်း...စောင့်ရတာစိတ်မရှည်တော့ဘူး။

ကျမကိုရှင့်အနားကနေထွက်သွားစေချင်သလား။

နိုး...အဲဒီအကြောင်းကိုလုံးဝမစဉ်းစားနှင့်။

ချစ်လားလို့။

အင်း...အမြဲတမ်းပဲ။

ကျမကိုလိမ်တဲ့အလုပ်လုပ်သလား။

ဟင့်အင်း....ဘာလို့ခဏခဏမေးတာလဲ။

ကျမကိုနမ်းချင်သလား။

အခွင့်အရေးရတိုင်းပေါ့ကွာ။

ကျမကိုရိုက်ဖို့စိတ်ကူးလား။

မင်းအတွေးမကြောင်ပါနှင့်။ငါအဲလိုလူစားမျိုးမဟုတ်ဘူး။

ရှင့်ကိုယုံကြည်လို့ရမယ်လို့အာမခံလား။

ဟုတ်။

အချစ်ရေ။

လက်ထပ်ပြီးစီးပြီး။အောက်ကနေစဖတ်ပါ။

အီးမေးကရတာပါ။

xxxxxxxxxxxxxxxxxxxxxxxxxx

တစ်ခါက သူငယ်ချင်း သုံးယောက် ရှိရာ ပထမတစ်ယောက်မှာ အလွန်ရိုးသားတည်ကြည်ပြီးဇနီးမယားအပေါ်အလွန်မှ သစ္စာ ရှိလေသည်။

ဒုတိယတစ်ယောက်မှာ အိမ်ထောင် သုံးဆက်ကြဖူး သော်လည်း နောက်ဆုံး ဇနီး အပေါ်တွင်ကား မဖောက်ပြန်ခဲ့ပေ။

တတိယတစ်ယောက်မှာ ကား အလွန်ရှုပ်ပွေလေသည်။ သို့သော် သူသည် သေခါနီးတွင် အမြင်မှန်ရကာ ဘုရားထံ ၀န်ချတောင်းပန်လေသည်။

ထိုသူ သုံးယောက်သေလွန်သော် ကောင်းကင် နိုင်ငံသို့ ရောက်ကြပြီး၊ ဘုရားသခင်က တရားစစ်လေသည်။

ပထမလူအား ဤသို့ အမိန့်ချလေသည်။ မင်းဟာ အလွန်ရိုးသားတယ်။ အိမ်ထောင်ရေး မှာ သစ္စာ ရှိတယ်။ ဒီတော့ ဟောဒီ ထာဝရဘုံမှာ လျှောက်လည်ဖို့ မာစီဒီးကားယူသွားစေ ဆိုပြီး ကားသော့ ကိုပေးလိုက်လေသည်။

ဒုတိယလူအား မင်းဟာ အိမ်ထောင်သုံးဆက်ရှိသော်လည်း၊ နောက်ဆုံးမိန်းမအပေါ်မှာ သစ္စာ ရှိလို့၊ မင်း ကောင်းကင်ဘုံမှာ လျှောက်လည်ဖို့ တိုယိုတာ မတ်တူး ယူသွားစေ ဟုဆိုသည်။

တတိယလူအား မင်းဟာ လူ့ပြည်မှာတုန်းက တော်တော်ဆိုး ခဲ့တာကိုး ဒါပေမဲ့ နောက်ပိုင်း မင်းအမြင်မှန်ရသွားတော့ မင်းကောင်းကင် နိုင်ငံမှာ လျှောက်လည်ဖို့ ဒေါ့ဂျစ်ကားယူသွားဆိုပြီးပေးလိုက်သတဲ့။

အဲဒီသုံးယောက်လည်း လျှောက်လည်လိုက် ကြတာ ၁ ပတ်အကြာမှာ ကောင်းကင်နိုင်ငံရဲ့ လမ်းဆုံတစ်ခုမှာ အမှတ်မထင်သွားဆုံကြတယ်တဲ့။ ဆုံပုံကလည်းဒီလို။ လမ်းဆုံမှာ မာစီဒီးကားစီးတဲ့ သူငယ်ချင်းက လမ်းဘေးမှာ ကားကိုထိုးရပ်ပြီးငိုနေတာကိုး။

အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက်ကမေးတယ်။ မင်းနှဲ့ကွာ မာစီဒီး စီးနေရတာတောင် ဘာအလိုမကျ၊ မပြည့်စုံလို့လည်းပေါ့။

အဲဒါနဲ့ မာစီဒီးကားစီးပိုင်ရှင် ပထမသူငယ်ချင်းပြောလိုက်သည်မှာကား...........

' အစောကလေးတင် ငါ့မိန်းမကို စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာမြင်လိုက်လို့ '။

xxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော့် ပို့စ်ကို ဖတ်လို့ အဆင်မပြေဘူးဆိုရင် တာဝန်ရှိသူများမှ ဖျက်ပေးကြပါခင်ဗျာ)

တစ်ရက်... အမျိုးသမီးတစ်ယောက် သူ့ယောက်ျားလုပ်သူကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။

ဆရာဝန်မလေးမှ မေးလိုက်သည်။ ]] ကဲ ကျွန်မဘာကူညီပေးရမလဲ }}
အမျိုးသမီးမှ အနည်းငယ်ရှက်ရွံ့စွာဖြင့် ]] ဒေါက်တာ... ကျွန်မတို့နှစ်ယောက်မှာ အိမ်ထောင်ရေးသုခ အတွက် အဆင်မပြေဖြစ်နေလို့ပါ }}

ဒေါက်တာ။ ။ ရှင်တို့အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ
အမျိုးသမီး။ ။ ၁ - နှစ်လောက်ရှိပါပြီရှင်
ဒေါက်တာ။ ။ ကလေးတွေရောရှိပြီလား
အမျိုးသမီး။ ။ မရှိသေးပါဘူးရှင်
ဒေါက်တာ။ ။ မိဘတွေနဲ့ အတူနေတာလား
အမျိုးသမီး။ ။ မဟုတ်ပါဘူး ဒေါက်တာ၊ နှစ်ယောက်တည်းနေတာပါ
ဒေါက်တာ။ ။ ဟုတ်ပြီလေ၊ ကျွန်မ နှစ်ယောက်လုံးကိုဆေးစစ်ချက်လိုချင်တယ်။ အစ်မကို အရင်စစ်ဆေးကြည့်မယ်လေ

ခဏအကြာ စမ်းသပ်ခန်းထဲမှ ထွက်လာပြီးနောက်
ဒေါက်တာ။ ။ အစ်မမှာတော့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ချွတ်ယွင်းချက်မရှိပါဘူး။ သိပ်စိတ်ညစ်မခံပါနဲ့။ ဒီလောက်ဆိုရပါပြီ။ ကဲ အစ်မ အမျိုးသားကို စစ်ဆေးကြည့်ရအောင်

၎င်း၏အမျိုးသားကို ဒေါက်တာမှ စမ်းသပ်ခန်းသို့ခေါ် သွားလေသည်။
ဒေါက်တာ။ ။ ရှင် ဆေးလိပ်သောက်သလား
အမျိုးသား။ ။ မသောက်ပါဘူး ဒေါက်တာ
ဒေါက်တာ။ ။ အရက်ကော
အမျိုးသား။ ။ တခါတလေတော့ သောက်ပါတယ်။ ဒါပေမယ့် တော်တော် နဲပါတယ်။
ဒေါက်တာ။ ။ ရှင်မှာ အလုပ်နဲ့ ပတ်သတ်ပြီးတော့ကော စိတ်ဖိစီးမှုတော်တော်များလား၊ ပြီးတော့ ရှင်ရဲ့ နေ့တဓူဝ ဖြတ်သန်းပုံလေး နဲနဲလောက်ပြောပြနိုင်မလား။
အမျိုးသား။ ။ ကျွန်တော့် အလုပ်ထဲမှာတော့ သိပ်ပြီး ပရက်ရှာ အများကြီးမရှိပါဘူး။ နေ့စဉ် ဖြစ်ပျက်ပုံလေးတွေကိုတော့ ဒေါက်တာသိချင်ရင် ကျွန်တော်ပြောပြပါ့မယ်။

]] ဒီလိုပါ ဒေါက်တာ၊ ကျွန်တော် မနက်အိမ်က ထွက်လို့ ရုံးသွားဖို့ ကားမှတ်တိုင်ရောက်ရင် ဆုံဆုံနေတတ်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူက ကျွန်တော့်ကိုတွေ့ရင် နှုတ်ဆက်ပြီး
]] ရှင် ရုံးကို အရင်သွားမလား၊ ဒါမှမဟုတ်......... }} လို့မေးတယ်။ ကျွန်တော် ]ဒါမှမဟုတ်} ကိုရွေးလိုက်တယ်။
ရုံးရောက်တယ်ဆိုရင်ပဲ ကျွန်တော့် အတွင်းရေးမှူးမလေးက ဖိုင်တွေ တထပ်ကြီးကိုယူလာပါရော။ ]] ဆရာ၊ စာရင်းတွေ အရင်စစ်မလား၊ ဒါမှမဟုတ် ...........}}။ ကျွန်တော် ဒါမှမဟုတ် ကိုရွေးလိုက်တယ်။
နေ့လည် ထမင်းစားချိန်ရောက်တော့ ရုံးဘေးက စားသောက်ဆိုင်ကနေ ကျွန်တော့် အတွက် နေ့လည်စာမှာစားတယ်။ ဆိုင်က စားပွဲထိုးကောင်မလေးက နေ့လည်စာလာပို့ရင်း
]] အကို ထမင်းအရင်စားမလား၊ ဒါမှမဟုတ်..........}} ကျွန်တော် ဒါမှမဟုတ်ကိုပဲရွေးတယ်။
တနေကုန် ရုံးမှာ အလုပ်တွေလုပ်ပြီးပြန်တော့ အိမ်ကိုရောက်တယ်ဆိုရင် ကျွန်တော့် အမျိုးသမီးက အလုပ်ချိန်နောက်ကျတဲ့အတွက် မရောက်သေးပါဘူး။ တစ်ယောက်တည်း အိမ်တံခါးကိုသော့ဖွင့်နေတုန်း ဘေးခန်းက အမျိုးသမီးကတံခါးဖွင့်ပြီး လှမ်းမေးတယ်။
]] ရှင် အိမ်ထဲအရင်ဝင်တော့မှာလား၊ ဒါမှမဟုတ်......... }}။ မပြောင်းလဲတတ်တဲ့ ကျွန်တော်က ]ဒါမှမဟုတ်} ကိုပဲရွေးလိုက်တယ်။ အဲ ပြသနာက ကျွန်တော့် အမျိုးသမီး ပြန်လာတဲ့အချိန်ကျရင် ကျွန်တော်က အိပ်ယာထဲမှာ အိပ်မောကျနေတတ်တာပဲ။

ဒေါက်တာက လူနာအမျိုးသားကို သေချာကြည့်ရင်းမေးလိုက်သည်။

]] ရှင် ဆေးစစ်ချက်အရင်ယူချင်သလား၊ ဒါမှမဟုတ် ..............

xxxxxxxxxxxxxxxxxxxxxxxxxx

ပေါင်ချိန်စက် နဲ့ ဗေဒင်

ဗိုလ်ချုပ်ဈေးက ပေါင်ချိန်စက်ကလေးတွေ တွေ့ဖူးမှာပေါ့... ပေါင်ချိန်တဲ့အပြင် ပေါင်ချိန်မှတ်တမ်း ကတ်ပြားလေးနောက်မှာ ... ဗေဒင်ပါတယ်လေ.... ဘိုဘိုဟန်သီချင်းထဲမှာတောင်ပါသေး...]]ဗိုလ်ချုပ်ဈေး ပေါင်ချိန်စက်... ပေါင်ချိန်တုန်းဟောတဲ့ အကြောင်းလေး အချစ်ရေးမကောင်းနိုင်ဘူး}} ဆိုတာလေ...

အဲဒါပေါ့ဗျာ... တစ်နေ့တော့... ကံဇော်တစ်ယောက် ဗိုလ်ချုပ်ဈေးရောက်တုန်း... ပေါင်ချိန်ဦးမှပဲ ဆိုပြီး ပေါင်ဝင်ချိန်သတဲ့။ ပေါင်ချိန်စက် ဗေဒင်ဘာတွေများဟောမလဲလို့ပေါ့နော်။ ပေါင်ချိန်ကတော့ ခန့်မှန်းချေ သိပြီးသားပါ.. သူ့ကိုယ်သူတော့။ ပေါင်ချိန်စက်က ကတ်ပြားလေး ကျလာတော့ ကြည့်လိုက်တဲ့အခါ... ပေါင်ချိန် ၁၉၅ ပေါင်...လို့မှတ်တမ်းက ပြသတဲ့။ အဲဒါနဲ့ နောက်ဘက်လှန်ပြီး ဗေဒင်ကိုဖတ်ကြည့်လိုက်သတဲ့။ ဗေဒင်က အခု ခဏနေ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားတော့မှာ လို့ ပါသတဲ့။ အဲဒါနဲ့ ချစ်ဦးမောင်လေး တစ်ယောက် အံ့သြသွားတာပေါ့။ သူက မကွေးသွားမှာကိုး...အခုဒီကထွက်ရင်... ဒါပေမယ့် ချက်ခြင်းပဲ တွေးမိပါတယ်... အင်း လူတိုင်းအတွက် ဒီတစ်ခုပဲ ရေးထားတာဖြစ်ရင်ဖြစ်မှာပေါ့.. ပေါင်ချိန်စက်ဗေဒင် မှန်မမှန် နောက်တစ်ခေါက် ထပ်ချိန်မယ်ပေါ့..

အဲဒါနဲ့ပဲ...ခဏနေတော့ နောက်တစ်ခေါက် ထပ်ချိန်ပြန်ရောတဲ့။ ပေါင်ချိန်မှတ်တမ်းထွက်လာလို့ကြည့်လိုက်တော့... ၁၉၅ ပေါင်ပဲ။ ဒါပေမယ့် နောက်ဘက်က ဗေဒင်ကိုကြည့်လိုက်တော့....ဗေဒင်က ဒီလိုရေးထားသတဲ့။ သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... မကြာခင်မှာ နာနတ်သီးစားမှာ ဖြစ်တယ်တဲ့။ ချစ်ဦးမောင်လေးလည်း အံ့သြသွားတာပေါ့။ သူမှ နာနတ်သီး မစားတာ.... ဟင် ဗေဒင်ကမှန်လည်း မမှန်ဘူးပေါ့။ အဲဒီအချိန်မှာပဲ.... နာနတ်သီး ဗန်းနဲ့လိုက်ရောင်းတဲ့ကောင်လေး သူ့ဘေးနားရောက်လာပါလေရော... နာနတ်သီးစိတ်တွေကကြည့်ရတာ အရမ်းစားကောင်းမယ့်ပုံဖြစ်နေတာနဲ့ သူလည်း ၀ယ်စားမိရောတဲ့။ ၀ယ်စားပြီးမှ ဟိုက် ဗေဒင်က မှန်နေပါရောလားပေါ့....

ဟုတ်တော့ဟုတ်နေပြီ... ဒီပေါင်ချိန်စက်ဗေဒင်ကတော့... နောက်တစ်ခေါက် ထပ်စမ်းဦးမှပဲ ဆိုပြီးထပ်ချိန်ပြန်ရော...ဒီတစ်ခါလည်း ၁၉၅ ပေါင်ပဲပြသတဲ့။ ဗေဒင်ကတော့ သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... ခုနလေးတင် နာနတ်သီးစားပြီးပြီ သင်ဟာ မကွေးရောက်လည်း ကျူးပစ်ဖိုရမ်ဝင်ပြီး ပို့စ်တွေတင်ဦးမှာပဲ လို့ ဟောသတဲ့..(ဟင်းဟင်း... ၀န်ခံကြရအောင်ထဲမှာ ရေးထားပြီးသား ပို့စ်တွေတင်ဖို့သာပြင်ထား ).. အဲဒါနဲ့သူလည်း ဟင် ငါ့စိတ်ကူးတွေသိနေပြန်ပြီပေါ့... ငါနောက်တစ်ခေါက်ထပ်စမ်းမယ်ပေါ့..

ထပ်ချိန်ပြန်ရော... ၁၉၅ ပေါင်... ဗေဒင်ကဒီတစ်ခါကျတော့...သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... ခုနလေးတင် နာနတ်သီးစားပြီးပြီ သင်ဟာ မကွေးရောက်လည်း ကျူးပစ်ဖိုရမ်ဝင်ပြီး ပို့စ်တွေတင်ဦးမှာပဲ၊ ပြီးတော့ သင်ဟာ ၁ မိနစ်အတွင်း အီးပေါက်လိမ့်မယ်ပေါ့..... အဲတော့ မောင်ချစ်ဦးမောင်လေးက... ဟာဒါတော့မဖြစ်နိုင်ဘူး.. ငါက ဘယ်တော့မှ လူတွေကြားထဲ အီးမပေါက်ဘူးပေါ့.. အထူးသဖြင့် ပေါင်ချိန်စက် တာဝန်ယူထားတဲ့ ကောင်မလေးရှေ့မှာ ဘယ်ပေါက်မတုန်းပေါ့.. အဲဒီအချိန်မှာပဲ ပေါင်ချိန်စက်ပေါ်ကအဆင်း ခြေချော်ပြီး... အီးပေါက်ချင်တာကို ခုနက ထိန်းထားတာ... မထိန်းနိုင်ဘဲ အီးပေါက်မိသတဲ့။

ဟာ..... ဒီဗေဒင်မှန်ပြန်ပြီ...ကဲ နောက်ဆုံးတစ်ခေါက်စမ်းသပ်မှပဲ.....ဆိုပြီး ထပ်ချိန်သတဲ့။ ၁၉၅ ပေါင်ပဲ....ဒီတစ်ခါတော့ဗေဒင်က သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... ခုနလေးတင် နာနတ်သီးစားပြီးပြီ သင်ဟာ မကွေးရောက်လည်း ကျူးပစ်ဖိုရမ်ဝင်ပြီး ပို့စ်တွေတင်ဦးမှာပဲ၊ ပြီးခဲ့တဲ့ ခဏလေးက အီးပေါက်ထားတယ်၊ အခု ငါ့ကိုမယုံလို့ ပေါင်ခဏခဏချိန်နေတာနဲ့ မကွေးသွားမယ့် အဝေးပြေးကား လွတ်သွားပြီ လို့ ပြောသတဲ့ကွယ်...

ရယ်ရလွန်းလို့ MMCP ကကူးလာတာပါ

xxxxxxxxxxxxxxxxxxxxxxxxxx

ဒါပဲယူတော့နော်.
ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။

{{ ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်...

{{ ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။{ ဒေါ်လာ ၁ သန်း လိုချင်တယ်}
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။

(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ {နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်}
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။
နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။{ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်}
ဘုရားသခင်ကပြန်ပြောတယ်။
- {{ ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ {{ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....

{{ အို.. ဘုရားသခင်၊ ကျွန်တော်မှာ မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

{{ ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}

xxxxxxxxxxxxxxxxxxxxxxxxxx

အံဝင်ခွင်ကျ.....

ဟစ်တလာအာဏာရလာပြီးနောက်.....ဂျူးလူမျိုးများကိုသတ်ဖြတ်စဉ်က....ရွာတစ်ရွာတွင် အဘွားအိုတစ်ယောက်သည် ဟစ်တလာကိုမုန်းတီးကာ နေ့ တိုင်း ဟစ်တလာသေပါစေဟု ဆဲဆိုမြည်တမ်းရာ သူမမွေးထားသော ကြက်တူရွေးကလည်း နေ့ တိုင်း ဟစ်တလာသေပါစေဟု အော်နေတော့သည်။ တစ်ရက်တွင် ဟစ်တလာ၏တပ်များရွာကို ရောက်လာကာစစ်သားတချို့ ကင်းလှည့်စဉ် ထို အဘွားအို၏ ကြက်တူရွေးက ဟစ်တလာသေပါစေဟု အော်နေသဖြင့် စစ်သားများဒေါပွကာ အဘွားအိုအား... အဘွားကြီး..ခင်ဗျား ကြက်တူရွေးနောက်တစ်နေ့ ဒီလိုအော်ရင် သတ်ပစ်မယ်ဟုကြိမ်းမောင်းကြလေသည်။ အဘွားအိုက...တိရစ္ဆာန်မို့ မသိလို့ အော်တာပါ....နောက်ဒီလိုမဖြစ်စေရပါဘူးဆိုတော့မှ...ပြန်သွားကြသည်။ နောက်နေ့ စစ်သားများလာသောအခါ ကြက်တူရွေးက ဟစ်တလာသေပါစေဟုအော်ပြန်သည်။ စစ်သားများက အဘွားကြီး နောက်နေ့ မှာ ခင်ဗျား ကြက်တူရွေး ထပ်အော်ရင် ကြက်တူရွေးရော ခင်ဗျားပါသတ်ပစ်မယ်ဟု ခြိမ်းခြောက်သွားလေသည်။ အဘွားအိုလည်းစိတ်ညစ်ကာ ကြံရာမရတဲ့အဆုံး ရွာရှိ ကျောင်းထိုင်ဆရာတော်ထံ လျှောက်ထားရာ.. ဆရာတော်က...ဒါများဒကာမကြီးရယ် ဘုန်းဘုန်းဆီမှာ ကြက်တူရွေးတစ်ကောင်ရှိတယ်....ဒီကောင်က အရမ်းအေးတာ..ဘာမှမပြောဘူး..ဒီကောင်နဲ့ ဒကာမကြီးကြက်တူရွေး ခဏလဲထားလိုက်ပေါ့ဟုဆိုကာ အကောင်ချင်းလဲလိုက်ကြသည်။ နောက်နေ့ စစ်သားများရောက်လာသောအခါ ဆရာတော်၏ ကြက်တူရွေးက ဘာမှမပြောဘဲ ငြိမ်နေသဖြင့်... စစ်သားတစ်ယောက်က ဟေ့ကောင်ကြီး ငြိမ်လှချည်လား..လုပ်ပါအုံးလား....ဘာတဲ့ ဟစ်တလာသေပါစေလေ ကြက်တူရွေးက ဘာမှမပြောဘဲနေရာ စစ်သားက ဟေ့ ဟစ်တလာသေပါစေ..ဟစ်တလာသေပါစေ...ဟုမခံချင်အောင်ပြောရာ..ထိုအခါမှဆရာတော်ကြက်တူရွေးက အောင်မြင်သောအသံဖြင့်.... ....တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား...ဟုတခွန်းတည်းပြောလိုက်တော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxx

အားနာရင် ခါးပါတတ်တယ်နော်...

တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။
ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .
အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။
တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။
ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊
နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။
ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။
ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။
ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့  ပြောပြပါတယ်။

ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။
တခြားဆုတောင်းချေ လို့  ပြောရှာတယ်။
ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီး
အင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။
..................

ဒါပေမယ့် နင်ကတိတည်ရမယ်
ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်
ကောင်းပြီ။
နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။
ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။

ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .
ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။
ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့် သူ့
အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။
ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။

တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို
တခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။

ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း ရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။
တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီး ကြောင် တော့တာပဲ။
ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊
အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့  ချုပ် ရတာအမော။

ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။

ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့
ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။

ဒီလိုနဲ့ 
တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။
ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။
မယုံနိုင်စရာပါပဲ။
ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။
ဗိုက်ကလေးကပူလို့  . . .။

ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်း တစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ပေမယ့်
ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ့  ပြန်ပြေးသွားပါလေရော။

အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . . . .

xxxxxxxxxxxxxxxxxxxxxxxxxx

" ၀တ်ကြမလားဂျင်းဘောင်းဘီ"

သည်တစ်ခေါက် ကိုသက်ပန်တို့ သင်္ဘော CCNI-AUSTRAL အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို ဆိပ်ကမ်းသို့ ၀င်ဖြစ်သည်။ ကွန်တိန်နာ အလုံးတစ်ရာခန့် တင်ရန်ရှိ၍ ဖြစ်သည်။ သင်္ဘော နောက်ဆုံးထွက်ခွာခဲ့ရာ ဆိပ်ကမ်းမှာ ချီလီနိုင်ငံ၊ အန်တိုဖားဂါးစတား ဆိပ်ကမ်းပါ။ ကိုသက်ပန်တို့သည် လက်တင်အမေရီကားတစ်ကြောတွင် တစ်လနည်းပါးကြာနေခဲ့ပြိး။ ပီရူး၊ ချီလီ၊ ပနားမား၊ ကိုလံဘီယာ စသည်ဖြင့် နိုင်ငံအတော်များမျာသို့ ၀င်ခဲ့ရသည်။ ယခုဆန်ဖရန်စစ္စကိုကတော့ သည်ဘက်တစ်ကြောတွင် နောက်ဆုံး PORT ပါပဲ၊ ပြီးသည်နှင့်တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်စသော အရှေ့တစ်ကြောနိုင်ငံများဘက်သို့ ခရီးဆက်ရပါဦးမည်။
ဆန်မရမ်စစ္စကို ဆိပ်ကမ်းတွင်လည်း ကမ်းဆင်းခွင့်ရဖို့၊ ကိုသက်ပန်မမျှော်လင့်မိ၊ သင်္ဘောရပ်မှ လုပ်လို့ရမည့် MAN ENGINE နှင့်ပတ်သတ်သည့် လုပ်ငန်းတွေကလည်း ရှိသည်။ ပြီးတော့ PORTSTAGE CONTROL တို့ လူဝင်မှုကြီးကြပ်ရေးတို့စသော၊ အမျိုးကောင်းသား အဖွဲ့အစည်း အမျိုးမျိုးတို့ကလည်း လာ၍ ဒုက္ခပေးကြဦးမည်။ သည့်အတွက် ကြိုတင်ပြင်ဆင်ထားရမည့် ကိစ္စတွေရှိသေးသည်။ သင်္ဘောကလည်း ဆိပ်ကမ်းတွင် အလွန်ဆုံးကြာလှမှ ရှစ်နာရီခန့်သာ၊ သည်တော့လည်းကမ်းဆင်းခွင့်ရဖို့ အရေးသည် “ရွေပြည်တော်မျှော်တိုင်းဝေး”ပါပဲ။
ကုန်းပတ် တတိယအရာရှိလေး အောင်သက်နိုင်ကတော့ သူ့ဂျူတီပြီးလျှင် ကမ်းဆင်းမည်ဟုသိရသည်။ ဂျင်းဘောင်းဘီနဲ့ တီရှပ်သွားဝယ်မည်ဆိုလား...သည်ငတိလေးက ပုံဆန်းဆန်း အ၀တ်အစားမျိုးဆိုလျှင် တကယ့်ကို အရူးအမှုး၊ သူအ၀တ်အစားသစ်၊ ဘောင်းဘီသစ်များ ၀ယ်လာပြီးဆိုလျှင်ဖြင့် ကိုသက်ပန်တို့ မျက်စေ့ရူပ်ဖို့သာပြင်၊ ထိုအ၀တ်အစားသစ်များကို ၀တ်ဆင်ပြီး မြန်မာပြည့်တွင် ရေပန်းစားနေသော သရုပ်ဆောင်တစ်ယောက်၏ အိုက်တင်ကို သူငယ်နာနှင့်ထောင့်တန်း တူးအင်းဝမ်း ရောနှောထားသော ဟန်ဖြင့် အမျိုးမျိုးလုပ်ပြသေးသည်။
သင်္ဘောမှာ အရာရှိအေးအေးလေး လုပ်မစားချင်ပဲ၊ မြန်မာပြည်မှာ မော်ဒယ်ဘွိုင်းလုပ်ချင်ကြောင်းလည်း နားမချမ်းသာအောင်းပြောသေးသည်။ ရှာထားသမျှ ငွေလေး ကုန်ချင်လို့နဲ့ တူပါရဲ့။ သူ့အကြောင်းတွေးနေခါမှ မောင်မင်းကြီးသားက ၀တ်စားကြော့မော့ပြီး CREW MESS ထဲဝင်လာသည်။ “ ဘယ်လိုလည်း.... ညီလေး ဒိုးတော့မှာလား.... Show Pass ကောရပြီလား. သူကြီးနဲ့ပိုင်တော့ အိုကေပေါ့ကွာ... ” ကိုသက်ပန်တို့ သူ့ကို လှမ်းနောက်လိုက်ခြင်းပါ။ “ ဟာ...သာ့ဒ်အီးကလည်း ကျွန်တော်ကို သူကြီးက... သင်္ဘောအတွတ် စာအုပ်တစ်ချို့သွားဝယ်ခိုင်းထားလို့ပါ.... အကိုကောဘာမှာဦးမလည်း... ဒီနိုင်ငံကိုရောက်ရင် ‘ လီဗိုက် ’ ဂျင်းဘောင်းဘီ အစစ်ဝယ်ပါလား.... ကျွန်တော် တစ်ထည် ၀ယ်မလို့... အစစ်ဆိုတော့ ဈေးတော့ မြောက်မယ်... ဒေါ်လာငါးဆယ်နဲ့ ခုနှစ်ဆယ်ကြားမှာရှိမယ်...”
သူပြောမှာ ကိုသက်ပန် သတိရသွားသည်။ ရန်ကုန်အပြန်အတွတ် ဘောင်ဘီ ကောင်းကောင်းကန်းကန်း မရှိသည့် အဖြစ်ကိုပါ။ အခုသင်္ဘောပေါ်မှာ ရှစ်လဆိုတော့ ပြန်ရဖို့ရက်က နီးလာခဲ့ပြီ။ ကြုံတုန်း ဂျင်းဘောင်ဘီ တစ်ထည်လောက် မှာလိုက်ရင်ကောင်းမည်။ “ ဟာ.... အကိုရာ မြန်မြန်ပြောဗျာ.... ဂျင်းဘောင်ဘီ ၀ယ်မှာလား.... ‘လီဗိုက်’ လား ‘၀င်ဂလာ’ လား... ကျွန်တော်လစ်တော့မှာ...။” အောင်သက်နိုင်က လောတော့သည်။ “ဟိုဒင်းချေး (ချီး) ထွက်ဂျင်းသား ၀ယ်ခဲ့ပါကွာ..။” အောင်သက်နိုင် ပြူးတူး ကြောင်တောင်နှင့် ကိုသက်ပန်ကို ကြည့်ရင်း... ။ “ဘာ....ချေးထွက်ဂျင်း ဟုတ်လား.... အဲ့ဒီဂျင်း နာမည်မျိုးမကြားဖးပါဘူးဗျာ... သာ့ဒ်အီးကတော့ လုပ်ပြီ...” “ဟား...ဟား.. ဆောရီးညီလေးရာ ကိုယ်သတိရသွားတာလေး တစ်ခုကြောင့် ပါးစပ်က ထွတ်သွားတာ... လီဗိုက်ဂျင်းဝယ်ခဲ့ပါ...ခါးသုံးဆယ့်နှစ်... အရှည်ကသုံးဆယ့်နှစ်ဆိုရတယ်... ပြန်လာမှပိုက်ဆံယူ ဟုတ်လား..” “အိုကေ... သာ့ဒ်အီးရေ... ၀ယ်ခဲ့မယ်... ဟို.. ခုဏပြောတဲ့ ချေးထွက် ဂျင်းအကြောင်း ကျွန်တော်ပြန်လာရင်ပြောရမယ်... သာ့ဒ်အီး ပြောရင်တော့ ရယ်စရာပဲ ဖြစ်မှာပဲ....လစ်ပြီဗျို့...” အောင်သက်နိုင် နောက်ကျောကို ကြည့်ရင်း.... ကိုသက်ပန် ပြုံး၍ကျန်ခဲ့ရပါသည်။ ဂျင်းဘောင်းဘီ ၀ယ်ဖို့အကြောင်း ဖန်လာတော့မှ လွန်ခဲ့သည့် လေးနှစ်ခန့်က စီးခဲ့ရသော M.V PRO PACAFICA သင်္ဘောပေါ်တွင် ကြုံခဲ့ဖူးသော ဟာသ အတွေ့အကြုံလေးကို တစိမ့်စိမ့် တွေးမိပါသည်။ ဂျင်းဘောင်းဘီနှင့် ပက်သက်သော အဖြစ်အပျက် လေးတစ်ခုပါပဲ။
အဲဒီတုန်းက ကိုသက်ပန်တို့ သင်္ဘေခရီးစဉ်က အရှေ့ဘက်မှ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တရုတ်၊ ကိုရီးယား၊ အင်ဒိုနီးရှား အနောက်ဘက်မှာ တောင်အာဖရိက၊အာဂျီနီးနား၊ ဥရုဂွေး၊ ဘာရာဇီး စသောနိုင်ငံတွေပါ သုံးလတစ်ကြိမ် ခရီးစဉ် ဖြစ်သည်။ စင်္ကာပူတွင် မြန်မာပြည်မှ သင်္ဘေသား လူသစ်ငါးဦး လာသည်။ လေးဦးက ဒီသင်္ဘောမှာသာ လူသစ်ခေါ်ရသည်။ ကိုသက်ပန်တို့ ကုမ္ပဏီရဲ့ လူဟောင်းတွေပါပဲ။ သင်္ဘောလုံးဝမစီးဘူးသေးသည့် လူသစ်ကလေး တစ်ယောက်လည်း ပါတယ်။ သူ့နာမည်က ဇော်မျိုးနောင် ပါတဲ့။ ယခင် ပုသိမ်၊ ချောင်းသာ ဟိုတယ်တွင်လုပ်ခဲ့ဖူးပြီး၊ ယခု ကိုသက်ပန်တို့ သင်္ဘောပေါ်ကို TRAINING MESS MAN ရာထူးနှင့် တာဝန်ထမ်းဆောင်ဖို့ တက်လာသူဖြစ်သည်။ လူကောင်သေးသေး၊ အသားဖြူဖြူ၊ မျက်လုံးပြူးပြူးနှင့်သွက်လက်မည့် ပုံစံကလေးပါ။
သူဇော်မျိုးနောင်က ရန်ကုန်က ထွက်လာတုန်းက ၀တ်လာသည့် အ၀တ်အစားအပြင် သိပ်ပြီးကောင်းသော အ၀တ်အစားမရှိ၍ အဆင်ပြေသော ဆိပ်ကမ်းတွင် အ၀တ်အစားနည်းနည်း ၀ယ်ချင်ကြောင်း တဖွဖွပြောနေသဖြင့် ကိုသက်ပန်က အကြံပေးလိုက်ပါသည်။ နားလည်အတော်ပူလာလို့ပါ။
“ဟေ့ကောင်လေး...မနက်ဖြန်ခါ ဖူဆန်း(ကိုရီးယား)ကို သင်္ဘောဝင်မှာ...အဲဒီကြရင် အင်တာနေရှင်နယ် မားကက်ဆိုတဲ့ ရပ်ကွက်ကြီးတစ်ခုစာ ဈေးကြီးရှိတယ်...မင်းလိုချင်တာ အပ်ကနေ လေယာဉ်ပျံအထိ ၀ယ်လို့ရတယ်...အဲ့ဒီကိုသွား...”
“ကျွန်တော်မှ မသွားတတ်ပဲ သာ့ဒ်အီရာ...လိုက်ပို့ပါနော်...နော်”
“အေး...အေး...ပို့မည်ပို့ သင်္ချိုင်းကုန်းအထိပို့ အဲလေ...ကူးတို့အထိ ပို့ပေးရမှာပေါ့ကွာ...”
“ကျွန်တော်က ဂျင်းဘောင်းဘီ ကောင်းကောင်းဝယ်ချင်တာအစ်ကိုရ...ကျွန်တော်ရန်ကုန်မှာ ဆိုလည်း...ဂျင်းဘောင်းဘီပဲ ၀တ်တာ...”
သြော်...သည်ငတိက ဂျင်းဘောင်းညီ ခရေဇီသမား “ဟေ့ကောင်...မင်းလစာနည်းနည်းနဲ့ အမေရီကန်ဂျင်း အစစ်သွားမ၀ယ်နဲ့...ဈေးအရမ်းကြီးတာ...ကိုရီးယား မိတ်ဂျင်းဘောင်းဘီတွေလည်း မဆိုးပါဘူး။ ဈေးလည်းချိုတယ် အဲ့ဒါဝယ်...”
သည်လိုနှင့် ကိုရီးယားရောက်တော့ ကတိစကားအတိုင်း ဇော်မျိုးနောင်ကို ကိုသက်ပန် ဖူဆန်းမြို့ထဲခေါ်သွားရသည်။ အင်တာနေရှင်နယ် မားကက်ကိုရောက်တော့...ဂျင်းဘောင်းဘီချည်း သက်သက်ရောင်းသော ဆိုင်ကြီးတစ်ဆိုင်ကို ပို့းပေးလိုက်သည်။
“ကိုင်း...ကိုယ့်လူသဘောရှိ ရွေးစမ်း...ကြိုက်တာတွေ့ရင်ပြော...ငါဈေးဆစ်ပေးမယ်...”
ဟုတ်သည်။ ကိုရိးယားမှာ ဈေးဝယ်ရတာက ရန်ကုန်မျာလိုပါပဲ။ ဈေးဆစ်နိုင်ပါမှ၊ ၀ယ်ယူလိုသည့် ပစ္စည်းပေါ်တွင် ဈေးနှုန်းကို ကပ်ထားလင့်ကစား၊ ဈေးဆစ်၍ရသည်။ ကိုသက်ပန်ကတော့ ကိုရီး.ယားမှာ ဈေးဝယ်ရတာ၊ နည်းနည်းတော့ အထာကျနေပါပြီ။
“သာ့ဒ်အီးရေ ကျွန်တော် ဒီဂျင်းဘောင်းဘီလေး ကြိုက်တယ်ဗျာ...”
ဇော်မျိုးနောင် သာကောင့်သားထံမှ အသံထွက်လာသည်။
“ကြိုက်ရင်ဝတ်ကြည့်လေကွာ...တော်...မတော်ပေါ့...”
“၀တ်ကြည့်ပြီးပြီ...ဖဒ်ဒ်ပဲ...”
ကိုသက်ပန်က သူကြိုက်သည်ဆိုပြီး ရွေးထားသည့် ဘောင်းဘီကိုကြည့်ရင်း နှာခေါင်းရူံသွားးမိသည်။ ဘောင်းဘီပုံစံက အခုချိန် ခေတ်မစားတော့သော ခြေးအိုးအ၀ကျဉ်းကျဉ်းနျင့် ဖင်ကြပ်ဘောင်းဘီပုံ ချာလီပင်ပုံပဲ ခေါ်မလား။
“မင်းဘောင်းဘီကလည်းကွာ...အတော်ဝတ်ရ...ချွတ်ရ ခက်မယ့်ပုံပါလား...တခြားရွေးပါဦးလား...”
“ကျွန်တော်က အဲ့ဒီပုံစံမျိုးပဲ ကြိုက်တာ...ချပ်ချပ်ရပ်ရပ်နဲ့...”
သူကြိုက်တာဆိုတော့လည်း ဈေးဆစ်ပေးလိုက်ရသည်။ ဆယ့်သုံးဒေါ်လာခန့်နှင့်ရသည်။ သင်္ဘောကို ပြန်ရောက်တော့ ဇော်မျိုးနောင် သူ့ဂျင်းဘောင်းဘီ အသစ်ကို တံဆိပ်တန်း လန်းနှင့်ဝတ်ရင်း ရိုးအမျိုးမျိုးပြနေသည်။ ပေါပါ့ကွာ။ သင်္ဘောကလည်း အခုဆိပ်ကမ်းက ထါက်ကတည်းက ပင်လယ်ရက်ရှည် ခရီးစပြီ။ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့အထိ သွားမှာဆိုတော့ သူ့ဘောင်းဘီကို ကမ်းနားဆင်းရင်း ၀တ်ခွင့်မကြုံဖြစ်နေရှာ၏။
ကိုင်း...ချုံပြီး ပြောပြရင်ဖြင့်၊ ကိုသက်ပန်တို့ သင်္ဘောကြီး ဒါဘန်ဆိပ်ကမ်းကို ကပ်သည့်နေ့...အဲသည်ညမှာပဲ ဇော်မျိုးနောင်တစ်ယောက် သူ့ဂျင်းဘောင်းဘီအသစ်ကို စတိုင်ကျကျဝတ်ရင်း၊ ကဒက် (CADET) အဖွဲ့နှင့် ပါသွားသည်။ နိုက်ကလပ်မှာ ဒန့်ကြမည်တဲ့။ ကိုသက်ပန် ဂျူတီရှိ၍ မလိုက်ဖြစ်ပါ။ ညဆယ်နာရီခန့်မှာ အင်ဂျင်ခန်းသို့ဆင်း၍ ပုံမှန် ROUND CHECK လုပ်သည်။ ပြီး DECK ပေါ်တက်၍ ကုန်းပတ်တာဝန်ကျ အရာရှိကိုမင်းနိုင်နှင့် လေပေးနေမိသည်။
“ကိုသက်ပန်ရေ...ဟိုကောင် ဇော်မျိုးနောင်တော့ သူ့ဂျင်းဘောင်းဘီအသစ် ၀တ်ပြီး ရိုးစမိုးနဲ့ဆင်းသွားပြီဗျ...”
“ဟုတ်ပါ့ဗျာ...သူ့မှာ ဒီဘောင်းဘီကို ၀တ်ချင်လွန်းလို့ သင်္ဘောမြန်မြန်ကမ်းကပ်ပါစေ...ဆုတောင်းနေတာ ကလား...”
“ခုချိန်ထိ မလာကြသေးဘူး...ဘယ်နိုက်ကလပ်သွားကဲနေကြသလဲ မသိဘူးဗျ...ဒီမြို့က ကလပ်ကပေါပေါနဲ့...”
“လာတော့မှာပါ...မနက်လည်း အစောကြီး ထကြရဦးမှာ...”
ဟော...ပြောရင်းဆိုရင်း...မောင်မင်းကြီးသား အသက်ရှည်ဦးမည်။ သင်္ဘောရှိရာဘက်သို့ ဆိပ်ကမ်း ဂိတ်ပေါက်ဝဘက်မျ ကသောကမျော၊ မပြေးရုံတမယ် ခြေလှမ်းများဖြင့် လာနေသော ဇော်မျိုးနောင်ကို ကိုသက်ပန်တို့ တွေ့လိုက်ရသည်။ အုပ်စုကွဲလာပြီး ဒရောသောပါး လစ်လာပုံထောက်တော့ သည်ကောင်တွေ...ကလပ်မှာများ ရန်ဖြစ်လာကြပြီလားဟု...ကိုသက်ပန်ရော ကိုမင်းနိုင်ပါ ရင်ထိပ်သွားကြသည်။ ဇော်မျိုးနောင် သင်္ဘောပေါ်သို့ GAUNGWAY လှေကားမှ တ၀ုန်းဝုန်းပြေးတက်လာနေကြသည်။ မျက်နျာမှာလည်း ချွေးသီးတွေ အလုံးလိုက်နှင့် မျက်စိပျက်၊ မျက်နှာပျက် ဟုတ်ပါပြီ ဒီကောင်ကမ်းပေါ်မှာ တစ်ခုခုတော့ ဖြစ်လာပါပြီ။
“ဟေ့ကောင်...ဇော်မျိုးနောင် ဘာဖြစ်လာသလဲ...ပြောစမ်း...”
ကိုမင်းနိုင်ရော ကိုသက်ပန်ပါ လှမ်းအော်မေးသည်ကို ဂရုမထား တကြိုးတည်း သူ့အခန်းရှိရာသို့ ပြေးပါတော့သည်။ ကိုမင်းနိုင် အတော်စိုးရိမ်သွားပြီး အေဘီ (ABLE SEAMAN) စောဖေလင်းကို ဝေါ်ကီတော့ကီမှနေ၍ လှမ်းခေါ်လိုက်သည်။ စောဖလင်း ရောက်လာတော့...။
“ဟေ့...စောဖေလင်း ဟိုကောင် ဇော်မျိုးနောင် အခန်းကို သွားစမ်း...ဒီကောင်တွေအဖွဲ့ ကပ်းပေါ်မှာ ဘာဖြစ်သလဲမသိဘူး...ဒီကောင် တစ်ကောင်တည်း ပြန်လာပြီး သူ့အခန်းကိုပြေးတယ်...ဘာမှ မေးလို့လည်း မရဘူး...ဒီကောင လက်နက်တစ်ခုခု လာပြန်ယူတာလား မသိဘူး...သွားသွား မြန်မြန် သွားမေးစမ်း...အရေးကြီးတယ်...ငါသူကြီး (CAPTAIN) ဆီရီ ပို့လ်လုပ်သင့်ရင် လုပ်ထားရမှာ...”
စောဖေလင်း၊ ဇော်မျိုးနောင် အခန်းရှိရာသို့ အပြေးအလွှားလိုက်ချသွားသည်။ စောဖေလင်း ပြန်အလာကို စိုးတထင့်ထင့်နှင့် ကိုသက်ပန်တို့ စောင့်နေမိသည်။ အင်း...ရင်ထိပ်လိုက်ပါဘိ။ ငါးမိနစ်ခန့်ပဲကြာပါမည်။ စောဖေလင်း ပြန်ဆင်းလာသည်။ ကိုသက်ပန်တို့ မေးရန်ဟန်ပြင်လိုက်ခါမှ ငနဲက အတောမသတ် ခွတ်ထိုးခွက်လန် ရယ်ပါလေရော ခင်ဗျာ...။
“ဟား...ဟား...ဟား...ဟိုကောင်လေး...ဟိုကောင်လေး ဇော်မျိုးနောင်...ဟား...ဟား...ဟား...”
စကားပင်မပြောနိုင်ဘဲ၊ သူ့ဗိုက်ကို သူနှိပ်၍အူလှိုက်၊ သည်းလှိုက် ရယ်နေပါသည်။ မျက်ရည်များပင် ထွက်လို့။
“ဟာ...ဒီကောင် ဘာဖြစ်တာလဲ...ပြောဦးကွ...နင့်မေကလွှား...ဒီလောက်တောင် ရီရသလား...”
ကိုမင်းနိုင် ငေါက်လိုက်တော့သည်။
“ဟား...ဟာ...တကယ်ကို ရယ်ရလို့ပါ...သာ့ဒ်မိတ်ရာ...ဒီကောင်...ရန်ဖြစ်လာတာ မဟုတ်ပါဘူး...သူဟာသူပြန်လာတာတဲ့...သူတို့သွားတဲ့ ဘားက ဒီဂိတ်ဝနားတင်ပဲ...လမ်းမှာဗိုက်နာလာလို့ သင်္ဘောကို ပြန်ပြေးတာ...ဟီး..ဟီး...”
ကိုသက်ပန်တို့ နှစ်ဦးစလုံး အလုံးကြီးကျသွားသည်။ တောပါသေးရဲ့။
“ဟား...ဟား...ဟား...တကယ်ရယ်ရတယ်...နံလည်းနံလိုက်တာဗျာ...ဒီကောင်ချေး (ချီး) လူးနေပြီ...”
စောဖေလင်း အပြောကြောင့်၊ ကိုသက်ပန် အံ့သြသွားရပါသည်။
“ဟင်...ဘာလို့လည်းဟ...”
“ဘာဖြစ်ရမှာလဲ...သူ့ဂျင်းဘောင်းဘီ အသစ်စက်စက်က ကြပ်ထုပ်နေတော့ တော်တော်နဲ့ ချွတ်မရဘဲ...မအောင့်နိုင်လို့ ချေးတေါထွက်ကျကုန်တာ သူ့ဘောင်းဘီမှာရော အခန်းထဲက ကော်ဇောတွေမှာပါ ပေလူးကုန်တာ...သူ့ကိစ္စကြီးက အိမ်သာခန်းထဲ မရောက်ခင်း အထမြောက်သွားတာဗျ...ဟီး...ဟီး...ဟီး...”
ကိုသက်ပန်နှင့် ကိုမင်းနိုင် တ၀ါးဝါး တဟားဟားရယ်မိ ပါလေတော့သည်။ သူစိတကြိုက်ဝယ်ထားသော ဘောင်းဘီက သူ့ကို ဒုက္ခပေးသွားခြင်းပါတကား။
ရယ်နေရာမှ ကိုမင်းနိုင် မျက်နှာကြီးက အိုသွားပြီး မဲ့လာသည်။
“ဟင်...ဘာဖြစ်ရပြန်တာလဲဗျ...”
“မနက်ကြရင်...ဒီကောင် သူ့ချေးတွေစင်အောင်မှ ဆေးပါ့မလား...မသိဘူးဗျာ...သူ့ချေးပေလက်တွေနဲ့ ဘရိတ်ဖတ်စ်မျာ ကျွန်တော်တို့စားမယ့် ပန်ကန်တွေလာချပေးရင် ဒုက္ခပဲ...”
“အောင်မယ်လေးဗျာ...ဟုတ်ပါရဲ့...”
ဘယ်လိုပဲဖြစ်ဖြစ် နောင်တွင်ကိုသက်ပန်တို့ သင်္ဘောဦးမှာ တစ်ဦးတစ်ယောက် ဂျင်းဘောင်းဘီဝတ်ပြီးလား ဆိုမှဖြင့် မေးကြမြဲ စကားတစ်ခွန်းက ပုံသေလို ဖြစ်သွားသည်။ ပြန်ဖြေသူကလည်း အဖြေတစ်ခုတည်း။
မေး...
“ဟေ့ကောင်...မင်းဝတ်ထားတာ ဘာဂျင်းလဲ...”
ဖြေ...
“ဘဂျင်းရမလဲ...ချေး (ချီး) ထွက်ဂျင်းပေါ့ဗျ...”
ထိုသို့သော မေး၊ ဖြေသံများကို ကြားရလျှင် ဇော်မျိုးနောင် မျက်နှာကြီးက လမုသီးကို ဖနှောင့်နှင့်
“ ရွှေနားတော် လေချော်လိုက်ပုံက ”
“ဟူး.... ဒီတစ်ခေါက် ရန်ကုန်ပြန်နားရတာ မချောင်ပါလား ...”
ကိုသက်ပန် အသံထွက်၍ပင် ညည်းမိသည်။ ဟုတ်ပါ့ဗျာ ... အရင့်အရင်ခေါက်တွေဆို သင်္ဘောမှာ နှစ်စေ့၍ကိုယ့်နိုင်ငံ ပြန်လာလျှင် ပြန်ရောက်ခါစ တစ်ပတ်နှစ်ပတ်လောက်သာ အလုပ်များလေ့ရှိသည်။
S.E.C.D(သင်္ဘောသားရုံး)၊ ခြောက်ထက်ရုံးနှင့် မိခင်ကုမ္ပဏီ၊ နိုင်ငံခြား ကုသွယ်မယ့်ဘဏ်တို့ကို ပတ်ချာလည် လည့်ပြေး ရသည်။
အခုတစ်ခေါက်တော့ ဒီလိုမဟုတ်ပြီ။ အရင်တစ်ခေါက်တွေကမတတ်ဖြစ်ခဲ့သော ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအားလုံးကို တစ်ခုပြီးတစ်ခု ဆက်တိုက်တက်နေရသည်။ သင်တန်းများကတော့ မြန်မာသင်္ဘောသားနှင့် အရာရှိအားလုံးအတွက် ပင်လယ်ပြင်တွင် အသက်အန္တရယ် ကာကွယ်တားဆီးရေး။ ရှေးဦးသူနာပြုသင်တန်း စသည့် တို့ဖြစ်သည်။ မိမိတို့လုပ်ငန်းဆိုင်ရာ၊ ရာထူးအလိုက် ထက်သက်ရသော မွမ်းမံသင်တန်းများလည်း ရှိသေးသည်။ သင်တန်းများအားလုံး၏ ရည်ရွယ်ချက်မှာ မြန်မာသင်္ဘောသားအားလုံး ကမ္ဘာ့ပင်လယ်ပြင်တွင် မျက်နှာမငယ်ရဘဲ ရဲဝံ့စွာ စိုးမိုးလာနိုင်စေရေးအတွက်ပင်ဖြစ်သည်။
ထိုသင်တန်းများပြီး၍ နားမည်ရမလားမှတ်ပါတယ်။ နောက်ထက်တစ်မျိုးက လာပြန်ပါပြီ၊ ကိုသက်ပန်တို့ ကုမ္ပဏီမှ ကြီးကြပ်စီစဉ်၍ စစ်ဆေးသော အင်္ဂလိပ်စာနှင့် စကားပြောကျွမ်းကျင်မှု စာမေးပွဲတဲ့။ အရင်အခေါက်တွေက ပြန်လာရင် ဒါမျိုးမရှိခဲ့။ သည်တစ်ခေါက်တော့ ကြီးကောင်ကြီးမားနှင့် အင်္ဂလိပ်စာပြန်ကျက်ရမည့် ကိန်းပါပဲ စိတ်ညစ်ပါရဲ့။
အင်္ဂလိပ်စာကျွမ်းကျင်မှုကိုကွန်ပျူတာနှင့်စစ်သည်။ စကားပြောကျွမ်းကျင်မှုကို လူတွေ့စစ်ဆေးသည်။ ရာထူးကြီးငယ်အလိုက် အောင်မှတ်စံနှုန်းကို မြှင့်သွားသည်။ ကျလို့ကတော့ အင်္ဂလိပ်စာသင်တန်း ပြန်တတ်ပေတော့။ ပထမတော့ ကိုသက်ပန် ဘ၀င်မကျဖြစ်မိသည်။ သင်္ဘောစလိုက်ခါစကတည်းက သင်္ဘောပေါ်တွင် တွေ့သည့်လူမျိုးနှင့် ကြုံရသလို တွဲလုပ်ရသည်။ သူလည်း သူတတ်သလိုပြော၊ ကိုယ်လည်း ကိုယ်နားလည်သရွေ့ ထော့ကျိုးအင်္ဂလိပ်စကားနှင့်ယူနိုး၊ အိုင်နိုးနှစ်ယောက် နိုးတော့ သူခိုးပက်လက်လန် ဆိုတာမျိုးလိုပေါ့။ အဲ့ဒီလို လုပ်လဲ့ကြသည်။ အလုပ်တော့ဖြစ်သွားသည်။
ဒါပေမယ့် တစ်ကယ်စေ့စေ့ တွေးကြည့်တော့လည်း အင်္ဂလိပ်စာ စကားပြောကျွမ်းကျင်မှုက အရေးပါသောကဏ္ဍတွင် ရှိနေသည်ဆိုတာကို ငြင်းပယ်၍ မရပြန်။ မြန်မာသင်္ဘောသား အများစု၏ သင်္ဘောလုပ်ငန်းကျမ်းကျင်မှု အရည်အသွေးမှာ အကောင်းဆုံးအဆင့်တွင် ရှိနေသည်။ တစ်ခါတစ်ရံ ရွှေမြန်မာတွေလောက်မှ အရည်အချင်းမရှိဘဲနှင့် အင်္ဂလိပ်စကားပြောနိုင်တာ တစ်ချက်နှင့် ကိုယ့်အပေါ် လူဇော်လာလုပ်သော နိုင်ငံခြားသားမျိုးတွေနှင့် တွေ့လျှင် တော်အသည်းနာစရာကောင်းသည်။
ထိုအခါမျိုးတွင် အင်္ဂလိပ်လို ကောင်းကောင်းပြောဆိုနိုင်လျှင်ဖြင့် သည်အကောင်မျိုးတွေကို လုံးဝမှုစရာမရှိဟူသော အတွေးမျိုး ကိုသက်ပန် ခေါင်ထဲဝင်မိသည်။
အင်္ဂလိပ်လိုပြောသည်ကို နားလည်မှုလွဲသွားသဖြင့် နိုင်ငံခြားသားကပ္ပတိန်တစ်ယောက် ဒုက္ခများခဲ့ဖူးသည်။ ကိုသက်ပန်စီးခဲ့ဖူးသော သင်္ဘောတစ်စီးတွင်ဖြစ်သည်။ ထိုအကြောင်းကို တွေးမိတိုင်း ကိုသက်ပန်ပြုံး မိလေသည်။
၁၉၉၂ နှစ်ဦးပိုင်းလောက်ဖြစ်မည်။ ကိုသက်ပန်သင်္ဘောသည် ကနေဒါနိုင်ငံ၊ ဗန်ကူးပါးမြို့မှ ပြောင်းဖးစေ့များကို တင်ဆောင်ပြီး ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့သို့သွားနေချိန်ဖြစ်ြသည်။ သင်္ဘောကပ္ပတိန်မှာ ဂျာပန်လူမျိုး ဖြစ်သည်။ အလွန်စိတ်သဘော ကောင်းလှပြီး မြန်မာလူမျိုးများကို တော်ချစ်သော ကပ္ပတိန်ဖြစ်သည်။ မြန်မာကိုဘယ်လောက်အထိ ချစ်လည်းဆိုသော် သင်္ဘောပေါ်တွင် မြန်မာသင်္ကြန်လိုအခါမျိုး၊ လွတ်လပ်ရေးနေ့လိုမျိုး နေ့ထူးနေ့မြတ် အထိမ်းအမှတ် ပါတီလုပ်လျှင် ထိုကပ္ပတိန်မှာ မြန်မာတိုက်ပုံ၊လုံချည်တို့ဖြင့် ဖြည့်စုံစွာ ၀တ်ဆင်ပြီး ပါတီတတ်၏။ ကိုသက်ပန်တို့ မြန်မာအများစုက ဘောင်းဘီတို/ရှည် ဘွတ်ရှူးတို့ဖြင့် ပါတီတတ်၏။ ကောင်းလေစွ။
ကပ္ပတိန်၏ ဘောင်းဘီပွပွကြီး၏ ဘေးနှစ်ဖက်တွင် ချောကလက် သကြားလုံး မမြေဲအပြည့်ရှိ၏။သင်္ဘောပေါ်တွင် လည့်ပတ် စစ်ဆေးရင်း တွေ့သည့်လူကို ချောကလက်၊သကြားလုံးနှိုက်၍ ဝေသွားလေ့ရှိသည်။ ဆန်တာကလော့ ဘိုးဘိုးကြီးလိုပါပဲ။ သူ့မျက်နှာကလည်း အမြဲပြုံးချိုနေသည်။
စောစောကပြောခဲ့သော ခရီးစဉ်တွင် ကနေဒါကထွက်လာပြီး သုံးရက်ခန့်တွင် ကိုသက်ပန်တို့ သင်္ဘောမုန်တိုင်းမိသည်။နှစ်ရက်တိတိ လူးလူးလိမ့်လိမ့်ဖြင့် တော်ခံရသည်။ မဏိမေခလာနတ်သမီးလည်း သူ့ပိုင်နက် မဟုတ်၍ ပေါ်မလား။ ဘုရားသာကျုံး၍ ကန်တော့ရတော့သည်။
မုန်တိုင်းစဲသွားပြီး သင်္ဘောအခြေနေ ပုံမှန်ဖြစ်လာတော့ တင်လာသောကုန်များ ရေစို၍ ပျက်စီးမှု ရှိ/မရှိ ကပ္ပတိန်ကကိုယ်တိုင်စစ်ဆေးမည်ဟုဆိုလာသည်။ ပထမ ကုန်းပတ်အရာရှိနှင့် ဘိုဆင်(ကုန်းပတ်မှုး)တို့က ကုန်ပေါက် တစ်ခုချင်းကို ကုန်ပေါက်အဖုံး တစ်ခြမ်းစီဖွင့်ပေးထားရသည်။ ပြောင်းဖူးစေ့များ ကုန်ပေါက်နှုတ်ခမ်းဝအနီးအထိရှိသည်။ ဘိုဆင်ကိုစိုးဝင်းနှင့် အဖွင့်က အမှတ်လေးကူန်ပေါက်အဖုံးကို တစ်ခြမ်းဖွင့်ထားပေးခဲ့ပြီ သင်္ဘောဦးပိုင်းသို့ ထွက်သွားသည်။ အမှတ်လေး ကုန်ပေါက်အနီးရှိ ကုန်းအနီးရှိကုန်းပတ်ပေါ်တွင် သံချေးခေါက်၍သန့်ရှင်းရေးလုပ်ရန် ကဒက် ကျော်ဦးကို ဘိုဆင်ကခိုင်းသွားသည်။ ကျော်ဦးမှာ သင်္ဘေသို့ရောက်သည်မှာ တစ်လပင်မပြည့်သေး သဘောကောင်းပြီး ပေါတောတော နေတတ်သုမို့ ဟိုလူကစ၊ သည်လူကနောက်ဖြင့် လူချစ်လူခင်များသူဖြစ်သည်။
ကျော်ဦး တဒေါက်ဒေါက်နှင့် သံချေးခေါက်၍ ကောင်းနေဆဲ ကပ္ပတိန် ကုန်းပတ်ပေါ်သို့ ဆင်းလာသည်။ မကြာမီပင် ကျော်ဦးအနားသို့ ရောက်လာသည်။ ကျော်ဦးလုံးဝမော့မကြည့် အလုပ်ကြိုးစားမှန်းသိအောင် သင်္ဘောကြမ်းပေါက်မတတ် သံချေးခေါက်နေသည်။ ကပ္ပတိန်က ကျော်ဦးပခုံးကို လှမ်းပုတ်လိုက်မှ မော့ကြည့်လိုက်သည်း။
ကပ္ပတိန်က သူ့ဘောင်းဘီအိတ်ထဲမှဂျယ်လီနှင့် သကြားလုံး လုက်တစ်ဆုပ်ခန့်ကိုနှိုက်၍ ကျော်ဦးကိုလှမ်းပေးလိုက်သည်။ ပြုံးပြုံးကြီးနှင့် သူ့လက်မကိုလည်း ထောင်ပြသွားသည်။ တော်တယ်ပေါ့လေ........ ။ ကျော်ဦးတော် မနော်ခွေ့သွားသည်။ ကပ္ပတိန်ကတော့ ငါအလုပ်လုပ်တာကြိုက်သွားပြီ “ငါကွ” ဟု ဘ၀င်မြင့်ချင်သလိုဖြစ်သွားသည်။ ကပ္ပတိန်က အမှတ်(၄) ကုန်းပေါက်အဖုံးပေါ်သို့ တက်သွားသဖြင့် ကျော်ဦးလည်း သူ့အလုပ်သူဆက်လုပ်နေသည်။ ငါးမိနစ်ခန့်အကြာလောက်တွင် သူ့နောက်ဘက်မှ အော်ခေါ်သံလိုလိုကြားရသဖြင့် ကျော်ဦး သံချေးခေါက်တာ ခဏရပ်လိုက်ရင်း နားစွင့်လိုက်မိသည်။
“ အလို.......... ဟက်ပီး.....ဟက်ပီး (Happy Happy) ဆိုပါလား.......ဒါကကပ္ပတိန်အသံပဲ....”
ကျော်ဦး မတ်တတ်ရပ်လိုက်ရင်း တစ်ခြမ်းဖွင့်ထားသော အမှတ်-၄ ကုန်ပေါက်ထဲကို လှမ်းကြည့်လိုက်သည်။ ကပ္ပတိန်၏ အပေါ်ပိုင်းကို လှမ်းမြင်နေရသည်။ ကပ္ပတိန်က လက်နှစ်ဖက်ကိုဝှေ့ရမ်းရင်း သူ့ကိုလှမ်းအော်နေသည်။ ကျော်ဦး က ကပ္ပတိန်ကို စပ်ဖြီးဖြီးနှင့် ရယ်ပြလိုက်ရင်း ပြီးထိုင်၍ သူ့အလုပ်ကိုသူဆက်လုပ်နေသည်။ ကပ္ပတိန်၏ အော်သံကမှု မရပ်သေး။ ပြောင်းဖူးစေ့နှင့် သူရှိရာဘက်သို့ ကပ္ပတိန်က လှမ်းပေါက်နေသည်။ အတော်ပျော်တတ်၊ နောက်တတ်တဲ့ ကပ္ပတိန်ကြီးပဲဟုကျော်ဦးတွေးနေမိသည်။
ထိုစဉ် သင်္ဘောဦးဘက်မှ ဘိုဆင်ကိုစိုးဝင်း သူရှိရာဘက်သို့ လျှောက်လာသည်။ ကျော်ဦးက ဘိုဆင်ကိုမြင်မှ မတ်တတ်ထရပ်လိုက်ရင်း...
“ဘိုဆင် ကပ္ပတိန်ကြီးအတော် ပျော်နေတယ်ဗျ...ဟက်ပီးဟက်ပီးလည်း အော်တယ်။ ကျွန်တော့်ကိုလည်း ပြောင်းဖးစေ့တွေနဲ့ပေါက်တယ်ဗျ...”
ဘိုဆင် ကိုစိုးဝင်း အူကြောင်ကြောင်ဖြစ်သွားသည်။ ကပ္ပတိန် ဒီလောက်အထိတော့ မပေါပါဘူး။ ဘယ်လိုများပါလိမ့်ဟု တွေးနေဆဲ ကပ္ပတိန်အော်သံကို သူကိုယ်တိုင်နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည်။
“ဟော...ကြားလား ဘိုဆင်...ဟက်ပီး...ဟက်ပီးနဲ့အော်နေတယ်လေ”
ကျော်ဦးက ၀င်ပြောလိုက်သည်။ အမှတ်(၄)က်ုပေါက်ထဲက ကြားရခြင်းဖြစ်သည်။ ဘိုဆင်က ကုန်ပေါက်နှုတ်ခမ်းဝပေါ် တွယ်တက်ရင်း အတွင်းသို့လှမ်းကြည့်လိုက်သည့် တစ်ခဏ။ သူတွေ့လိုက်ရသည့် မြင်ကွင်းကား မထိတ်သာ မလန့်သာ။ ဘိုဆင်၏ မျက်စိအစုံမှာ ပုစွန်မျက်လုံးနှယ် ပြူးထွက်လာသည်။
“အောင်မယ်လေးဗျာ...ကပ္ပတိန်သေတော့မယ်...ဟေ့ကောင်...ကျော်ဦးခွေးမသားလေးရဲ့ဟက်ပီး...ဟက်ပီး အော်တာမဟုတ်ဘူး...ဟဲလ်မီး...ဟဲလ်မီး (HELP ME,HELP ME) အော်နေတာဟဲ့...သေချင်းဆိုးရဲ့...”
ကပ္ပတိန်မှာ ပြောင်းဖူးစေ့တွေ ကြားထဲတွင် တစ်ကိုယ်လုံး မြုပ်နေသည်မှာ ချိုင်းနားအထိရောက်နေပြီ ဖြစ်သည်။ လှုပ်လိုက်တိုင်း မြုပ်ဝင်နေခြင်းဖြစ်သည်။
“ဟေ့ကောင်...ကျော်ဦး ဘာကြောင်းတောင်တောင်လုပ်နေတာလဲ...သွား...သွား...ရှေ့က အေ.ဘီ (ABLE SEAMAN) တွေ သွားခေါ်စမ်း...အမြန်ဆုံးဒီကိုလာကြလို့...”
ဘိုဆင်က ပြောပြောဆိုဆိုနှင့် ဘိုဆင်စတိုးထဲမှ ကြိုးတစ်ချောင်းအမြန်ပြေးယူပြိး ကပ္ပတိန်ရှိရာသို့ လှမ်းပစ်ပေးလိုက်သည်။ ကပ္ပတိန်ကို ချိုင်းအောက်ဘက်မှ လျှို၍ သိုင်းချည်ခိုင်းရသည်။ အေ-ဘီ နှစ်ယောက်နှင့် ကျော်ဦးလည်း အပြေးအလွှား ရောက်ရှိလာကြသည်။
သူတိုပလေးယောက်အားနှင့် တဖြည်းဖြည်းချင်း ကုန်ပေါက်နှုတ်ခမ်းအနီးသို့ ဆွဲယူရသည်။ ကပ္ပတိန်သည် ယက်ကန်၊ ယက်ကန်နှင့် ပါလာသည်။ မျက်နှာကြီးလည်း နီရဲ၍နဖူးမှ ချွေးသီးများလည်း ဇီးကင်းခန့်သီးနေချိန်တွင် ကျော်ဦး၏ နဖူးမှချွေးက မြရာသီလောက်ဖြစ်နေပေပြီ။ မျက်နှာလည်း သွေးမရှိတော့။
“လုပ်...လုပ်ပါဦး ဘိုဆင်ရယ်...ကျွန်တော့်ကို ကယ်ပါဥိးဗျာ...ကပ္ပတိန်ကြီးစိတ်ဆိုးပြီး ကျွန်တော့်ကို မြန်မာပြည် ပြန်ပို့တော့မလားမသိဘူး...ပြောပြပေးပါဗျာ...နော်...နော်”
ဘိုဆင်ကိုစိုးဝင်း ကျော်ဦးမျက်နှာကြည့်၍ ဆွဲပဲထိုးရတော့မလို၊ သနားပဲသနားရတော့မလို ဖြစ်ရသည်။ ဒါပေမဲ့ ကပ္ပတိန်အား အဖြစ်မှန်ကို ရှင်းပြလိုက်သည်။ ကျော်ဦး ရွှေနားတော်လေးချော်သည့် ကိစ္စကိုပေါ့။
တော်ပါသေးသည်။ ကပ္ပတိန်က သူ့လက်သီးကြီးထန်းသီးလုံးခန့်နှင့် ကျော်ဦးငယ်ထိပ်ကို မနာအောင် ခပ်ဆတ်ဆတ်ထုလိုက်ရင်း ဘိုဆင်ဘက်သို့ လှည့်၍ စကားတစ်ခွန်း ပြောလိုက်သည်။
“ဘိုဆင် မနက်ဖြန်ကစပြီး ဒီကဒက်ကို ငါ့ဆီမှာ တစ်ရက်ကို တစ်နာရီ အင်္ဂလိပ်စကားပြော လာလေ့ကျင့်ခိုင်းရမည်ဟု...”
အားလုံးရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။
ဟင်...တော်ပါသေးရဲ့။
အပေါက်ခံထားရသည့်နှယ်...နောက်နောင်လည်း သူ့ဂျင်းဘောင်းဘီကို တစ်ခါမှဝတ်သည်ကို မတွေ့ရတော့၊ အတော်စိတ်နာသွားပုံရသည် ကိုသက်ပန်တိုပ နှုတ်ဖျားမှာတော့ “ဂျင်း...ဂျင်း...ဘာဂျင်းလဲတဲ့...ချစ်တဲ့စာဖတ်သူတွေကကော ဘာဂျင်းဘောင်းဘီ အမျိုးအစားများ နှစ်သက်ပါသလဲ...ဟဲ...ဟဲ..ဟဲ...”