တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....
]]မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... }} ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး ]]မင်း ကြာလှချည်လား¿ အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ}} လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက ]]ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ}} ဟူတည်း။
xxxxxxxxxxxxxxxxxxxxxxxxxx
တစ်ခါက ပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခုရှိသတဲ့။ ရုပ်တုနှစ်တုကို မျက်နှာချင်းဆိုင် တည်ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တစ်နေ့မှာ အချစ်နတ်သား မြှားနတ်မောင်ဟာ ရုပ်တုနှစ်ခုကို တွေ့သွားပြီး ]]မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောကြည့်နေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ မင်းတို့ကို သနားလို့ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ၁၅မိနစ်လောက် ငါအသက်သွင်းပေးလိုက်မယ်။ ကြိုက်တာ လုပ်တော့..... }} လို့ ပြောပြီး လူအဖြစ် အသက်သွင်းပေးလိုက်တယ်။
အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ နှစ်ပေါင်းများစွာ ရပ်နေရတဲ့ အမြင့်ကနေ ၀မ်းသာအားရ ခုန်ချပြီး ချုံတစ်ခုထဲ ပြေးဝင်သွားကြတယ်။ ၁၀မိနစ်အကြာမှ ချုံထဲက ပြန်ထွက်လာတဲ့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က ]] အချိန်၅မိနစ် ကျန်သေးတယ်.. ကြိုက်တာ လုပ်ကြဦး}} လို့ ပြောတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြန်ပြေးဝင်သွားကြတယ်။
ဒီတစ်ခါတော့ ချုံထဲကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။ မိန်းကလေး ပြောလိုက်တာက....
]]ကဲ... ဒီတစ်ခါ ရှင့်အလှည့်.. ခိုကို ကျွန်မချုပ်ထားပေးမယ်။ ခိုခေါင်းပေါ် ရှင်မစင်စွန့်ချလိုက်တော့}} ဟူတည်း။
xxxxxxxxxxxxxxxxxxxxxxxxxx
ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။
]] ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}
ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်
]]ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။
ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။
၁။ ဒေါ်လာ ၁ သန်း လိုချင်တယ်
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။
(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။
နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်။
ဘုရားသခင်ကပြန်ပြောတယ်။
- ]]ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}
ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ ]] အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....
]] အို ဘုရားသခင်၊ ကျွန်တော်မှာ မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။
သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။
]] ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}
xxxxxxxxxxxxxxxxxxxxxxxxxx
အင်း...စောင့်ရတာစိတ်မရှည်တော့ဘူး။
ကျမကိုရှင့်အနားကနေထွက်သွားစေချင်သလား။
နိုး...အဲဒီအကြောင်းကိုလုံးဝမစဉ်းစားနှင့်။
ချစ်လားလို့။
အင်း...အမြဲတမ်းပဲ။
ကျမကိုလိမ်တဲ့အလုပ်လုပ်သလား။
ဟင့်အင်း....ဘာလို့ခဏခဏမေးတာလဲ။
ကျမကိုနမ်းချင်သလား။
အခွင့်အရေးရတိုင်းပေါ့ကွာ။
ကျမကိုရိုက်ဖို့စိတ်ကူးလား။
မင်းအတွေးမကြောင်ပါနှင့်။ငါအဲလိုလူစားမျိုးမဟုတ်ဘူး။
ရှင့်ကိုယုံကြည်လို့ရမယ်လို့အာမခံလား။
ဟုတ်။
အချစ်ရေ။
လက်ထပ်ပြီးစီးပြီး။အောက်ကနေစဖတ်ပါ။
အီးမေးကရတာပါ။
xxxxxxxxxxxxxxxxxxxxxxxxxx
တစ်ခါက သူငယ်ချင်း သုံးယောက် ရှိရာ ပထမတစ်ယောက်မှာ အလွန်ရိုးသားတည်ကြည်ပြီးဇနီးမယားအပေါ်အလွန်မှ သစ္စာ ရှိလေသည်။
ဒုတိယတစ်ယောက်မှာ အိမ်ထောင် သုံးဆက်ကြဖူး သော်လည်း နောက်ဆုံး ဇနီး အပေါ်တွင်ကား မဖောက်ပြန်ခဲ့ပေ။
တတိယတစ်ယောက်မှာ ကား အလွန်ရှုပ်ပွေလေသည်။ သို့သော် သူသည် သေခါနီးတွင် အမြင်မှန်ရကာ ဘုရားထံ ၀န်ချတောင်းပန်လေသည်။
ထိုသူ သုံးယောက်သေလွန်သော် ကောင်းကင် နိုင်ငံသို့ ရောက်ကြပြီး၊ ဘုရားသခင်က တရားစစ်လေသည်။
ပထမလူအား ဤသို့ အမိန့်ချလေသည်။ မင်းဟာ အလွန်ရိုးသားတယ်။ အိမ်ထောင်ရေး မှာ သစ္စာ ရှိတယ်။ ဒီတော့ ဟောဒီ ထာဝရဘုံမှာ လျှောက်လည်ဖို့ မာစီဒီးကားယူသွားစေ ဆိုပြီး ကားသော့ ကိုပေးလိုက်လေသည်။
ဒုတိယလူအား မင်းဟာ အိမ်ထောင်သုံးဆက်ရှိသော်လည်း၊ နောက်ဆုံးမိန်းမအပေါ်မှာ သစ္စာ ရှိလို့၊ မင်း ကောင်းကင်ဘုံမှာ လျှောက်လည်ဖို့ တိုယိုတာ မတ်တူး ယူသွားစေ ဟုဆိုသည်။
တတိယလူအား မင်းဟာ လူ့ပြည်မှာတုန်းက တော်တော်ဆိုး ခဲ့တာကိုး ဒါပေမဲ့ နောက်ပိုင်း မင်းအမြင်မှန်ရသွားတော့ မင်းကောင်းကင် နိုင်ငံမှာ လျှောက်လည်ဖို့ ဒေါ့ဂျစ်ကားယူသွားဆိုပြီးပေးလိုက်သတဲ့။
အဲဒီသုံးယောက်လည်း လျှောက်လည်လိုက် ကြတာ ၁ ပတ်အကြာမှာ ကောင်းကင်နိုင်ငံရဲ့ လမ်းဆုံတစ်ခုမှာ အမှတ်မထင်သွားဆုံကြတယ်တဲ့။ ဆုံပုံကလည်းဒီလို။ လမ်းဆုံမှာ မာစီဒီးကားစီးတဲ့ သူငယ်ချင်းက လမ်းဘေးမှာ ကားကိုထိုးရပ်ပြီးငိုနေတာကိုး။
အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက်ကမေးတယ်။ မင်းနှဲ့ကွာ မာစီဒီး စီးနေရတာတောင် ဘာအလိုမကျ၊ မပြည့်စုံလို့လည်းပေါ့။
အဲဒါနဲ့ မာစီဒီးကားစီးပိုင်ရှင် ပထမသူငယ်ချင်းပြောလိုက်သည်မှာကား...........
' အစောကလေးတင် ငါ့မိန်းမကို စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာမြင်လိုက်လို့ '။
xxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော့် ပို့စ်ကို ဖတ်လို့ အဆင်မပြေဘူးဆိုရင် တာဝန်ရှိသူများမှ ဖျက်ပေးကြပါခင်ဗျာ)
တစ်ရက်... အမျိုးသမီးတစ်ယောက် သူ့ယောက်ျားလုပ်သူကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်မလေးမှ မေးလိုက်သည်။ ]] ကဲ ကျွန်မဘာကူညီပေးရမလဲ }}
အမျိုးသမီးမှ အနည်းငယ်ရှက်ရွံ့စွာဖြင့် ]] ဒေါက်တာ... ကျွန်မတို့နှစ်ယောက်မှာ အိမ်ထောင်ရေးသုခ အတွက် အဆင်မပြေဖြစ်နေလို့ပါ }}
ဒေါက်တာ။ ။ ရှင်တို့အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ
အမျိုးသမီး။ ။ ၁ - နှစ်လောက်ရှိပါပြီရှင်
ဒေါက်တာ။ ။ ကလေးတွေရောရှိပြီလား
အမျိုးသမီး။ ။ မရှိသေးပါဘူးရှင်
ဒေါက်တာ။ ။ မိဘတွေနဲ့ အတူနေတာလား
အမျိုးသမီး။ ။ မဟုတ်ပါဘူး ဒေါက်တာ၊ နှစ်ယောက်တည်းနေတာပါ
ဒေါက်တာ။ ။ ဟုတ်ပြီလေ၊ ကျွန်မ နှစ်ယောက်လုံးကိုဆေးစစ်ချက်လိုချင်တယ်။ အစ်မကို အရင်စစ်ဆေးကြည့်မယ်လေ
ခဏအကြာ စမ်းသပ်ခန်းထဲမှ ထွက်လာပြီးနောက်
ဒေါက်တာ။ ။ အစ်မမှာတော့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ချွတ်ယွင်းချက်မရှိပါဘူး။ သိပ်စိတ်ညစ်မခံပါနဲ့။ ဒီလောက်ဆိုရပါပြီ။ ကဲ အစ်မ အမျိုးသားကို စစ်ဆေးကြည့်ရအောင်
၎င်း၏အမျိုးသားကို ဒေါက်တာမှ စမ်းသပ်ခန်းသို့ခေါ် သွားလေသည်။
ဒေါက်တာ။ ။ ရှင် ဆေးလိပ်သောက်သလား
အမျိုးသား။ ။ မသောက်ပါဘူး ဒေါက်တာ
ဒေါက်တာ။ ။ အရက်ကော
အမျိုးသား။ ။ တခါတလေတော့ သောက်ပါတယ်။ ဒါပေမယ့် တော်တော် နဲပါတယ်။
ဒေါက်တာ။ ။ ရှင်မှာ အလုပ်နဲ့ ပတ်သတ်ပြီးတော့ကော စိတ်ဖိစီးမှုတော်တော်များလား၊ ပြီးတော့ ရှင်ရဲ့ နေ့တဓူဝ ဖြတ်သန်းပုံလေး နဲနဲလောက်ပြောပြနိုင်မလား။
အမျိုးသား။ ။ ကျွန်တော့် အလုပ်ထဲမှာတော့ သိပ်ပြီး ပရက်ရှာ အများကြီးမရှိပါဘူး။ နေ့စဉ် ဖြစ်ပျက်ပုံလေးတွေကိုတော့ ဒေါက်တာသိချင်ရင် ကျွန်တော်ပြောပြပါ့မယ်။
]] ဒီလိုပါ ဒေါက်တာ၊ ကျွန်တော် မနက်အိမ်က ထွက်လို့ ရုံးသွားဖို့ ကားမှတ်တိုင်ရောက်ရင် ဆုံဆုံနေတတ်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူက ကျွန်တော့်ကိုတွေ့ရင် နှုတ်ဆက်ပြီး
]] ရှင် ရုံးကို အရင်သွားမလား၊ ဒါမှမဟုတ်......... }} လို့မေးတယ်။ ကျွန်တော် ]ဒါမှမဟုတ်} ကိုရွေးလိုက်တယ်။
ရုံးရောက်တယ်ဆိုရင်ပဲ ကျွန်တော့် အတွင်းရေးမှူးမလေးက ဖိုင်တွေ တထပ်ကြီးကိုယူလာပါရော။ ]] ဆရာ၊ စာရင်းတွေ အရင်စစ်မလား၊ ဒါမှမဟုတ် ...........}}။ ကျွန်တော် ဒါမှမဟုတ် ကိုရွေးလိုက်တယ်။
နေ့လည် ထမင်းစားချိန်ရောက်တော့ ရုံးဘေးက စားသောက်ဆိုင်ကနေ ကျွန်တော့် အတွက် နေ့လည်စာမှာစားတယ်။ ဆိုင်က စားပွဲထိုးကောင်မလေးက နေ့လည်စာလာပို့ရင်း
]] အကို ထမင်းအရင်စားမလား၊ ဒါမှမဟုတ်..........}} ကျွန်တော် ဒါမှမဟုတ်ကိုပဲရွေးတယ်။
တနေကုန် ရုံးမှာ အလုပ်တွေလုပ်ပြီးပြန်တော့ အိမ်ကိုရောက်တယ်ဆိုရင် ကျွန်တော့် အမျိုးသမီးက အလုပ်ချိန်နောက်ကျတဲ့အတွက် မရောက်သေးပါဘူး။ တစ်ယောက်တည်း အိမ်တံခါးကိုသော့ဖွင့်နေတုန်း ဘေးခန်းက အမျိုးသမီးကတံခါးဖွင့်ပြီး လှမ်းမေးတယ်။
]] ရှင် အိမ်ထဲအရင်ဝင်တော့မှာလား၊ ဒါမှမဟုတ်......... }}။ မပြောင်းလဲတတ်တဲ့ ကျွန်တော်က ]ဒါမှမဟုတ်} ကိုပဲရွေးလိုက်တယ်။ အဲ ပြသနာက ကျွန်တော့် အမျိုးသမီး ပြန်လာတဲ့အချိန်ကျရင် ကျွန်တော်က အိပ်ယာထဲမှာ အိပ်မောကျနေတတ်တာပဲ။
ဒေါက်တာက လူနာအမျိုးသားကို သေချာကြည့်ရင်းမေးလိုက်သည်။
]] ရှင် ဆေးစစ်ချက်အရင်ယူချင်သလား၊ ဒါမှမဟုတ် ..............
xxxxxxxxxxxxxxxxxxxxxxxxxx
ပေါင်ချိန်စက် နဲ့ ဗေဒင်
ဗိုလ်ချုပ်ဈေးက ပေါင်ချိန်စက်ကလေးတွေ တွေ့ဖူးမှာပေါ့... ပေါင်ချိန်တဲ့အပြင် ပေါင်ချိန်မှတ်တမ်း ကတ်ပြားလေးနောက်မှာ ... ဗေဒင်ပါတယ်လေ.... ဘိုဘိုဟန်သီချင်းထဲမှာတောင်ပါသေး...]]ဗိုလ်ချုပ်ဈေး ပေါင်ချိန်စက်... ပေါင်ချိန်တုန်းဟောတဲ့ အကြောင်းလေး အချစ်ရေးမကောင်းနိုင်ဘူး}} ဆိုတာလေ...
အဲဒါပေါ့ဗျာ... တစ်နေ့တော့... ကံဇော်တစ်ယောက် ဗိုလ်ချုပ်ဈေးရောက်တုန်း... ပေါင်ချိန်ဦးမှပဲ ဆိုပြီး ပေါင်ဝင်ချိန်သတဲ့။ ပေါင်ချိန်စက် ဗေဒင်ဘာတွေများဟောမလဲလို့ပေါ့နော်။ ပေါင်ချိန်ကတော့ ခန့်မှန်းချေ သိပြီးသားပါ.. သူ့ကိုယ်သူတော့။ ပေါင်ချိန်စက်က ကတ်ပြားလေး ကျလာတော့ ကြည့်လိုက်တဲ့အခါ... ပေါင်ချိန် ၁၉၅ ပေါင်...လို့မှတ်တမ်းက ပြသတဲ့။ အဲဒါနဲ့ နောက်ဘက်လှန်ပြီး ဗေဒင်ကိုဖတ်ကြည့်လိုက်သတဲ့။ ဗေဒင်က အခု ခဏနေ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားတော့မှာ လို့ ပါသတဲ့။ အဲဒါနဲ့ ချစ်ဦးမောင်လေး တစ်ယောက် အံ့သြသွားတာပေါ့။ သူက မကွေးသွားမှာကိုး...အခုဒီကထွက်ရင်... ဒါပေမယ့် ချက်ခြင်းပဲ တွေးမိပါတယ်... အင်း လူတိုင်းအတွက် ဒီတစ်ခုပဲ ရေးထားတာဖြစ်ရင်ဖြစ်မှာပေါ့.. ပေါင်ချိန်စက်ဗေဒင် မှန်မမှန် နောက်တစ်ခေါက် ထပ်ချိန်မယ်ပေါ့..
အဲဒါနဲ့ပဲ...ခဏနေတော့ နောက်တစ်ခေါက် ထပ်ချိန်ပြန်ရောတဲ့။ ပေါင်ချိန်မှတ်တမ်းထွက်လာလို့ကြည့်လိုက်တော့... ၁၉၅ ပေါင်ပဲ။ ဒါပေမယ့် နောက်ဘက်က ဗေဒင်ကိုကြည့်လိုက်တော့....ဗေဒင်က ဒီလိုရေးထားသတဲ့။ သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... မကြာခင်မှာ နာနတ်သီးစားမှာ ဖြစ်တယ်တဲ့။ ချစ်ဦးမောင်လေးလည်း အံ့သြသွားတာပေါ့။ သူမှ နာနတ်သီး မစားတာ.... ဟင် ဗေဒင်ကမှန်လည်း မမှန်ဘူးပေါ့။ အဲဒီအချိန်မှာပဲ.... နာနတ်သီး ဗန်းနဲ့လိုက်ရောင်းတဲ့ကောင်လေး သူ့ဘေးနားရောက်လာပါလေရော... နာနတ်သီးစိတ်တွေကကြည့်ရတာ အရမ်းစားကောင်းမယ့်ပုံဖြစ်နေတာနဲ့ သူလည်း ၀ယ်စားမိရောတဲ့။ ၀ယ်စားပြီးမှ ဟိုက် ဗေဒင်က မှန်နေပါရောလားပေါ့....
ဟုတ်တော့ဟုတ်နေပြီ... ဒီပေါင်ချိန်စက်ဗေဒင်ကတော့... နောက်တစ်ခေါက် ထပ်စမ်းဦးမှပဲ ဆိုပြီးထပ်ချိန်ပြန်ရော...ဒီတစ်ခါလည်း ၁၉၅ ပေါင်ပဲပြသတဲ့။ ဗေဒင်ကတော့ သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... ခုနလေးတင် နာနတ်သီးစားပြီးပြီ သင်ဟာ မကွေးရောက်လည်း ကျူးပစ်ဖိုရမ်ဝင်ပြီး ပို့စ်တွေတင်ဦးမှာပဲ လို့ ဟောသတဲ့..(ဟင်းဟင်း... ၀န်ခံကြရအောင်ထဲမှာ ရေးထားပြီးသား ပို့စ်တွေတင်ဖို့သာပြင်ထား ).. အဲဒါနဲ့သူလည်း ဟင် ငါ့စိတ်ကူးတွေသိနေပြန်ပြီပေါ့... ငါနောက်တစ်ခေါက်ထပ်စမ်းမယ်ပေါ့..
ထပ်ချိန်ပြန်ရော... ၁၉၅ ပေါင်... ဗေဒင်ကဒီတစ်ခါကျတော့...သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... ခုနလေးတင် နာနတ်သီးစားပြီးပြီ သင်ဟာ မကွေးရောက်လည်း ကျူးပစ်ဖိုရမ်ဝင်ပြီး ပို့စ်တွေတင်ဦးမှာပဲ၊ ပြီးတော့ သင်ဟာ ၁ မိနစ်အတွင်း အီးပေါက်လိမ့်မယ်ပေါ့..... အဲတော့ မောင်ချစ်ဦးမောင်လေးက... ဟာဒါတော့မဖြစ်နိုင်ဘူး.. ငါက ဘယ်တော့မှ လူတွေကြားထဲ အီးမပေါက်ဘူးပေါ့.. အထူးသဖြင့် ပေါင်ချိန်စက် တာဝန်ယူထားတဲ့ ကောင်မလေးရှေ့မှာ ဘယ်ပေါက်မတုန်းပေါ့.. အဲဒီအချိန်မှာပဲ ပေါင်ချိန်စက်ပေါ်ကအဆင်း ခြေချော်ပြီး... အီးပေါက်ချင်တာကို ခုနက ထိန်းထားတာ... မထိန်းနိုင်ဘဲ အီးပေါက်မိသတဲ့။
ဟာ..... ဒီဗေဒင်မှန်ပြန်ပြီ...ကဲ နောက်ဆုံးတစ်ခေါက်စမ်းသပ်မှပဲ.....ဆိုပြီး ထပ်ချိန်သတဲ့။ ၁၉၅ ပေါင်ပဲ....ဒီတစ်ခါတော့ဗေဒင်က သင်ဟာ မကွေးသွားဖို့ အဝေးပြေးကားဂိတ်ကို သွားမှာဖြစ်တယ်... ခုနလေးတင် နာနတ်သီးစားပြီးပြီ သင်ဟာ မကွေးရောက်လည်း ကျူးပစ်ဖိုရမ်ဝင်ပြီး ပို့စ်တွေတင်ဦးမှာပဲ၊ ပြီးခဲ့တဲ့ ခဏလေးက အီးပေါက်ထားတယ်၊ အခု ငါ့ကိုမယုံလို့ ပေါင်ခဏခဏချိန်နေတာနဲ့ မကွေးသွားမယ့် အဝေးပြေးကား လွတ်သွားပြီ လို့ ပြောသတဲ့ကွယ်...
ရယ်ရလွန်းလို့ MMCP ကကူးလာတာပါ
xxxxxxxxxxxxxxxxxxxxxxxxxx
ဒါပဲယူတော့နော်.
ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။
{{ ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊ ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}
ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်...
{{ ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်၊ မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။
ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။
၁။{ ဒေါ်လာ ၁ သန်း လိုချင်တယ်}
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။
(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ {နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်}
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။
နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။{ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်}
ဘုရားသခင်ကပြန်ပြောတယ်။
- {{ ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}
ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ {{ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.....
{{ အို.. ဘုရားသခင်၊ ကျွန်တော်မှာ မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊ သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။
သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။ ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။
{{ ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}
xxxxxxxxxxxxxxxxxxxxxxxxxx
အံဝင်ခွင်ကျ.....
ဟစ်တလာအာဏာရလာပြီးနောက်.....ဂျူးလူမျိုးများကိုသတ်ဖြတ်စဉ်က....ရွာတစ်ရွာတွင် အဘွားအိုတစ်ယောက်သည် ဟစ်တလာကိုမုန်းတီးကာ နေ့ တိုင်း ဟစ်တလာသေပါစေဟု ဆဲဆိုမြည်တမ်းရာ သူမမွေးထားသော ကြက်တူရွေးကလည်း နေ့ တိုင်း ဟစ်တလာသေပါစေဟု အော်နေတော့သည်။ တစ်ရက်တွင် ဟစ်တလာ၏တပ်များရွာကို ရောက်လာကာစစ်သားတချို့ ကင်းလှည့်စဉ် ထို အဘွားအို၏ ကြက်တူရွေးက ဟစ်တလာသေပါစေဟု အော်နေသဖြင့် စစ်သားများဒေါပွကာ အဘွားအိုအား... အဘွားကြီး..ခင်ဗျား ကြက်တူရွေးနောက်တစ်နေ့ ဒီလိုအော်ရင် သတ်ပစ်မယ်ဟုကြိမ်းမောင်းကြလေသည်။ အဘွားအိုက...တိရစ္ဆာန်မို့ မသိလို့ အော်တာပါ....နောက်ဒီလိုမဖြစ်စေရပါဘူးဆိုတော့မှ...ပြန်သွားကြသည်။ နောက်နေ့ စစ်သားများလာသောအခါ ကြက်တူရွေးက ဟစ်တလာသေပါစေဟုအော်ပြန်သည်။ စစ်သားများက အဘွားကြီး နောက်နေ့ မှာ ခင်ဗျား ကြက်တူရွေး ထပ်အော်ရင် ကြက်တူရွေးရော ခင်ဗျားပါသတ်ပစ်မယ်ဟု ခြိမ်းခြောက်သွားလေသည်။ အဘွားအိုလည်းစိတ်ညစ်ကာ ကြံရာမရတဲ့အဆုံး ရွာရှိ ကျောင်းထိုင်ဆရာတော်ထံ လျှောက်ထားရာ.. ဆရာတော်က...ဒါများဒကာမကြီးရယ် ဘုန်းဘုန်းဆီမှာ ကြက်တူရွေးတစ်ကောင်ရှိတယ်....ဒီကောင်က အရမ်းအေးတာ..ဘာမှမပြောဘူး..ဒီကောင်နဲ့ ဒကာမကြီးကြက်တူရွေး ခဏလဲထားလိုက်ပေါ့ဟုဆိုကာ အကောင်ချင်းလဲလိုက်ကြသည်။ နောက်နေ့ စစ်သားများရောက်လာသောအခါ ဆရာတော်၏ ကြက်တူရွေးက ဘာမှမပြောဘဲ ငြိမ်နေသဖြင့်... စစ်သားတစ်ယောက်က ဟေ့ကောင်ကြီး ငြိမ်လှချည်လား..လုပ်ပါအုံးလား....ဘာတဲ့ ဟစ်တလာသေပါစေလေ ကြက်တူရွေးက ဘာမှမပြောဘဲနေရာ စစ်သားက ဟေ့ ဟစ်တလာသေပါစေ..ဟစ်တလာသေပါစေ...ဟုမခံချင်အောင်ပြောရာ..ထိုအခါမှဆရာတော်ကြက်တူရွေးက အောင်မြင်သောအသံဖြင့်.... ....တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား...ဟုတခွန်းတည်းပြောလိုက်တော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxx
အားနာရင် ခါးပါတတ်တယ်နော်...
တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။
ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .
အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။
တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။
ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊
နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။
ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။
ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။
ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့  ပြောပြပါတယ်။
ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။
တခြားဆုတောင်းချေ လို့  ပြောရှာတယ်။
ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီး
အင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။
..................
ဒါပေမယ့် နင်ကတိတည်ရမယ်
ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်
ကောင်းပြီ။
နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။
ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။
ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .
ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။
ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့် သူ့
အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။
ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။
တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို
တခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။
ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း ရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။
တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီး ကြောင် တော့တာပဲ။
ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊
အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့  ချုပ် ရတာအမော။
ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။
ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့
ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။
ဒီလိုနဲ့ 
တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။
ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။
မယုံနိုင်စရာပါပဲ။
ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။
ဗိုက်ကလေးကပူလို့  . . .။
ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်း တစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ပေမယ့်
ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ့  ပြန်ပြေးသွားပါလေရော။
အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . . . .
xxxxxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment