ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 24 July 2011

၂ - ပုရိသ၀ိမာန (၅ - မဟာရထ၀ဂ် ၊ ၁ - မဏ္ဍူကဒေ၀ပုတ္တ၀ိမာန၀တ္ထု)

၈၅၇။ တန်ခိုးအားဖြင့်၎င်း၊ အခြံအရံ အကျော်အစောအားဖြင့်၎င်း ထွန်းတောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ်သူနည်း (ဟု မြတ်စွာဘုရားက မေးတော်မူ၏)။

၈၅၈။ အကျွန်ုပ်သည် ရှေးဘ၀က ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တ၀ါ ဖြစ်ခဲ့ဘူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဉ် နွားကျောင်းသာသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။

၈၅၉။ တခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ပြည့်စုံခြင်းကို၎င်း၊ အခြံအရံများခြင်းကို၎င်း ရူတော်မူပါလော့၊ အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရူတော်မူပါလော့၊ အကျွန်ုပ်၏ ကိုယ်ရေအဆင်းကို၎င်း၊ အရောင်အ၀ါကို၎င်း ရူတော်မူပါလော့။

၈၅၀။ ဂေါတမနွယ်ဘွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တ၀ါတို့သည်ကား စိုးရိမ်ပူပန်ခြင်းမရှိရာဖြစ်သော မတုန်လူပ်သော (နိဗ္ဗာန်) အရပ်သို့ (မချွတ်) ရောက်ကြရကုန်သည်သာတည်း (ဟု ဖြေကြား၏)။

ရှေးဦစွာ မဏ္ဍူက၀ိမာန၀တ္ထု ပြီး၏။

၁၂-ရဇ္ဇုမာလာဝိမာန၀တ္ထု

၈၂၆။ နတ်သမီး သင်သည် နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် တည်၏၊ ကောင်းစွာ တီးမူတ်သည်ရှိသော် လက်ခြေတို့ကို အထူးထူး အထွေထွေ မြှောက်ချီ၍ က၏။

၈၂၇။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာပျော်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်ကျူးရင့်ကြကုန်၏။

၈၂၈။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လိုင်ကုန်၏။

၈၂၉။ နတ်သမီး ကိုယ်ကို လှည့်လည် ယိမ်းနွဲ့ လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ်ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၈၃၀။ လေညှင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လူပ်ကုန်သော ဦးဆောက်ပန်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၈၃၁။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့၌ ပျံ့လှိုင်၏။

၈၃၂။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကိုသာ နမ်းရှူနေရ၏၊ နတ်၌ ဖြစ်သော အဆင်းကိုသာ တွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကိုငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၈၃၃။ အကျွန်ုပ်သည် ရှေးဘ၀က ဂယာရွာ၌ ပုဏ္ဏား၏ ကျွန်မ ဖြစ်ခဲ့ဘူးပါ၏။ အကျွန်ုပ်သည် ဘုန်းကံ နည်းလှပါ၏၊ ကျက်သရေ မရှိပါ၊ အကျွန်ုပ်ကို ရဇ္ဇုမာလာဟူ၍ လူတို့ သိကြပါကုန်၏။

၈၃၄။ အရှင်သခင်၏ ဆဲရေးခြင်းတို့ကြောင့်၎င်း၊ ရိုက်ပုတ်ခြင်းတို့ကြောင့်၎င်း၊ ခြိမ်းချောက်ခြင်းတို့ကြောင့်၎င်း စိတ်မချမ်းသာသောကြောင့် ရေအိုးကိုယူကာ အိမ်မှ ထွက်ခဲ့၍ ရေခပ်ရန်ကဲ့သို့ပြုကာ သွားခဲ့ပါ၏။

၈၃၅။ ခရီးလမ်းနဘေး၌ ရေအိုးကို ချထားပြီးလျှင် ငါ့အား အသက်ရှည်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤတောအုပ်၌ပင်လျှင် ငါသေတော့အံ့ (ဟု နှလုံးသွင်း၍) တောအုပ်သို့ ချဉ်းကပ်ခဲ့ပါ၏။

၈၃၆။ ကြိုးကွင်းကို မြဲမြံခိုင်ခံ့စွာပြု၍ သစ်ပင်၌ ဆွဲပြီးနောက်မှ တောတွင်းသို့ ၀င်နေသောသူ အဘယ်သူ ရှိသေးသနည်းဟု အရပ်မျက်နှာတို့ကို လှည့်လည် ကြည့်၏။

၈၃၇။ ထိုတောအုပ်တွင် သစ်ပင်၏ အနီး၌ ထိုင်နေတော်မူသော ခပ်သိမ်းသော သတ္တ၀ါ၏ အစီးအပွါးကို ဆောင်တော်မူသော ဈာန်ဝင်စားလျက် နေတော်မူသော ဘေးမရှိသော မြတ်စွာဘုရားကို မြင်ရပါ၏။

၈၃၈။ တောတွင်းသို့ ၀င်နေသောသူ အဘယ်သူနည်း၊ လူသားလေလော့ နတ်လေလောဟု ထိုအကျွန်ုပ်အား ထိန်လန့်ခြင်းနှင့်တကွ အသိဉာဏ် ဖြစ်ပေါ်လာပါ၏၊ မဖြစ်ဘူးမြဲ ဖြစ်သော ကြက်သီးမွေးညှင်း ထပါ၏။

၈၃၉။ ကြည်ညိုဖွယ်ကို ဆောင်တော်မူသော လူအပေါင်းတို့၏ အကြည်ညိုကို ခံတော်မူထိုက်သော ကိလေသာတောမှ ဖဲကြဉ်၍ နိဗ္ဗာန်သို့ ရောက်တော်မူသော မြတ်စွာဘုရားကို မြင်ရခြင်းကြောင့် အကျွန်ုပ်၏ စိတ်သည် ကြည်လင်ပါ၏၊ ဤပုဂ္ဂိုလ်သည် ဟူးဟူးညားညား (သာမန်လူစား) မဟုတ်။

၈၄၀။ ဤပုဂ္ဂိုလ်သည် စောင့်ရှောက်အပ်သော ဣနြေ္ဒရှိတော်မူသော (အရဟတ္တဖိုလ်) ဈာန်၌ မွေ့လျော်တော်မူသော အပအာရုံသို့ စိတ်မရောက်သော သတ္တ၀ါအားလုံး၏ အစီးအပွါးကို ရွက်ဆောင်တော်မူသော မြတ်စွာဘုရား ဖြစ်ပေလိမ့်မည်။

၈၄၁။ ဂူလိုဏ်၌ နေသော ခြင်္သေ့မင်းကံသို့ (မိစ္ဆာအယူရှိသူတို့) ကြောက်အပ်၍ (ထိုမိစ္ဆာအယူရှိသူတို့၏) ကြောက်ခြင်းကို ဖြစ်စေတတ်သော (ဖောက်ပြန်စိတ်ရှိသူတို့ ချဉ်းကပ်ရန် ခဲယဉ်းသော) မြတ်စွာဘုရားအား ရေသဖန်းပွင့်ကို တွေ့မြင်နိုင်ရန် ခဲယဉ်းလှသကဲ့သို့ ဖူးမြင်ရန် ခဲယဉ်းလှပေ၏။

၈၄၂။ ထိုမြတ်စွာဘုရားသည် နူးညံ့သော စကားတို့ဖြင့် ရဇ္ဇုမာလာ ဟု ခေါ်တော်မူပြီးလျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လော့ ဟု အကျွန်ုပ်ကို မိန့်တော်မူ၏။

၈၄၃။ အကျွန်ုပ်သည် အပြစ်ကင်း၍ အနက်နှင့် ယှဉ်သော သန့်ရှင်း သိမ်မွေ့သာယာဖွယ်သော ခပ်သိမ်းသော ပူဆွေးခြင်းတို့ကို ပယ်ဖျောက်တတ်သော ထိုစကားတော်ကို ကြားနာရခြင်းကြောင့် (ကြည်ညိုစိတ် ဖြစ်ခဲ့ပါ၏)။

၈၄၄။ ကြည်လင်၍ စင်ကြယ်သော စိတ်ရှိသော ဘာဝနာကံအားလျော်သော စိတ်ရှိသည်ကို သိတော်မူ၍ သတ္တ၀ါအားလုံး၏ အစီးအပွါးကို လိုလားတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား သွန်သင်ဆုံးမတော်မူပါ၏။

၈၄၅။ ဤတရားသည် ဒုက္ခသစ္စာတည်း၊ ဤတရားသည် ဆင်းရဲဖြစ်ပေါ်ကြောင်း သမုဒယသစ္စာတည်း၊ ဤတရားသည် ဒုက္ခချုပ်ရာ နိရောဓသစ္စာတည်း၊ ဤမဂ္ဂင်ရှစ်ပါးတရားသည် နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ္ဂသစ္စာတည်းဟု ဤသို့ အကျွန်ုပ်ကို ဟောကြားတော်မူပါ၏။

၈၄၆။ အကျွန်ုပ်သည် အစဉ်သနားခြင်း ရှိတော်မူ၍ သြ၀ါဒပေးခြင်း၌ လိမ်မာတော်မူသော မြတ်စွာဘုရား၏ အဆုံးအမတော်၌ တည်၍ သေခြင်းကင်းသော ငြိမ်သက်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်၏ အကြောင်းဖြစ်သော ရွေ့လျားစုတေခြင်း မရှိသော နိဗ္ဗာန်ကို ရခဲ့ပါပြီ။

၈၄၇။ အကျွန်ုပ်သည် (ရတနာသုံးပါး၌) မဆုတ်မနစ် တည်သော ချစ်ခြင်း ရှိပါ၏၊ သစ္စာလေးပါးကို သိခြင်းဟု ဆိုအပ်သော အကြောင်းမူလကြောင့်ဖြစ်သော သဒ္ဓါတရားဖြင့် (ဘုရားသည် သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူ၏၊ သံဃာတော်သည် သုပ္ပဋိပန္နစသော ဂုဏ်နှင့် ပြည့်စုံ၏ - ဟု) သိမြင်မူ၌ တုန်လူပ်ခြင်း မရှိမူ၍ မြတ်စွာဘုရား၏ ရင်နှစ်သမီးစစ် ဖြစ်ပါ၏။

၈၄၈။ ထိုအကျွန်ုပ်သည် တစုံတရာမျှ ဘေးမရှိပဲ မွေ့လျော်ရပါ၏၊ ပျော်ပါးရပါ၏၊ ၀မ်းမြောက်ရပါ၏၊ နတ်၌ဖြစ်သော ပန်းကို ပန်ဆင်ရပါ၏ (ကိုယ်နှင့် အသံနှစ်ပါးကို) နူးညံ့အောင် ပြုတတ်သော ချိုမြိန်သော အဖျော်ကို သောက်ရပါ၏။

၈၄၉-၈၅၀။ အာဠမ္ဗတူရိယာ၊ ဂဂ္ဂတူရိယာ၊ ဘီမတူရိယာ၊ သာဓုဝါဒီတူရိယာ၊ သံသယတူရိယာ၊ ပေါက္ခရတူရိယာ၊ သုဖဿတူရိယာ ဟူသော ခြောက်သောင်းကုန်သော တူရိယာတို့သည် အကျွန်ုပ်၏ နှစ်သက်မူ ၀မ်းမြောက်မူကို နိုးကြားစေပါကုန်၏၊ ၀ီဏာမောက္ခနတ်သမီး၊ နန္ဒာနတ်သမီး၊ သုနန္ဒာနတ်သမီး၊ သောဏဒိန္နာနတ်သမီး၊ သုဘဒ္ဒါနတ်သမီး၊ မုဒုဝါဒီနတ်သမီး ဤဆိုခဲ့ပြီးသော နတ်သမီးတို့နှင့် နတ်သမီးတို့တွင် အထူးသဖြင့် ချီးမွမ်းအပ်ပါကုန်သော အခြားနတ်သမီးတို့သည်လည်း အကျွန်ုပ်၏ နှစ်သက်ဝမ်းမြောက်မူကို နိုးကြားစေပါကုန်၏၊ ထိုနတ်သမီးတို့သည် လျောက်ပတ်သော အခါ၌ အကျွန်ုပ်ထံသို့ ချဉ်းကပ်ကုန်၍ ယခုအခါ အကျွန်ုပ်တို့သည် ကခုန်ပါကုန်အံ့ သီချင်းဆိုပါကုန်အံ့ ယခု သင့်ကို မွေ့လျော်စေကုန်ပါအံ့ဟု ပြောဆိုကြပါကုန်၏၊ စိုးရိမ်ခြင်းမရှိသော နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ဖြစ်သော တာဝတိံသာနတ်သားတို့၏ ဥယျာဉ်ကြီးဖြစ်အောင် ဤအရပ်ဌာနသည် ကောင်းမူ မပြုသောသူတို့အတွက် မဟုတ်၊ ကောင်းမူ ပြုပြီးသူတို့အတွက်သာလျှင် ဖြစ်၏၊ ကောင်းမူကို ပြုခြင်းမရှိသူတို့အား ဤဘ၀၌၎င်း တမလွန်ဘ၀၌၎င်း ချမ်းသာမူ မရှိနိုင်ပါ။

၈၅၅။ ကောင်းမူကို ပြုလေ့ရှိကုန်သော သူတို့အားသာလျှင် ဤဘ၀၌၎င်း၊ တမလွန်ဘ၀၌၎င်း ချမ်းသာခြင်း ရှိပါ၏၊ ထိုထိုတာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်ကို အလိုရှိကုန်သော သူတို့သည် ကုသိုလ်ကို များစွာပြုအပ်၏၊ ထိုစကားမှန်၏၊ ကောင်းမူကို အလိုရှိကုန်သော သူတို့သည် ကုသိုလ်ကို များစွာပြုအပ်၏၊ ထိုစကားမှန်၏၊ ကောင်းမူကို ပြုပြီးသူတို့သည် နတ်ပြည်၌ နတ်စည်းစိမ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ရကုန်၏။

၈၅၆။ မြတ်စွာဘုရားတို့သည် များစွာကုန်သော သတ္တ၀ါတို့၏ အကျိုးငှါ ပွင့်တော်မူကြကုန်သည်တကား၊ မြတ်စွာဘုရားတို့သည် လူတို့၏ မြတ်သော အလှူကိုခံခြင်းငှါ ထိုက်တော်မူကြကုန်၏၊ ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ လယ်တောမြေကောင်းသဖွယ် ဖြစ်သော အရိယာသံဃာ၏ ဖြစ်ရာလည်း ဖြစ်ပေကုန်၏၊ ယင်း ပုဂ္ဂိုလ်၌ ပြုထိုက်သည်ကို ပြုကုန်သောကြောင့် ပေးလှူ ပူဇော်ကုန်သောသူတို့သည် နတ်ပြည်၌ မွေ့လျော်ရကုန်၏ (ဟုလျှောက်၏)။

တဆယ့်နှစ်ခုမြောက်သော ရဇ္ဇုမာလာဝိမာန၀တ္ထု ပြီး၏
လေးခုမြောက်သော မဉ္ဇိဋ္ဌက၀ဂ် ပြီး၏။

ဣတ္ထိဝိမာနပါဠိတော်မြန်မာပြန် ပြီး၏။

Saturday 23 July 2011

၁၁-၀န္ဒန၀ိမာန၀တ္ထု

၈၁၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၈၂၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၈၂၂။ ထိုနတ်သမီးသည် ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၈၂၃။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက သီလနှင့်ပြည့်စုံကုန်သော ရဟန်းတို့ကို ဖူးမြင်၍ ထိုရဟန်းတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် စိတ်ကို ကြည်လင်စေလျက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီခြင်းကို ပြုခဲ့ဘူးပါ၏။

၈၂၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

တစ်ဆယ့်တခုမြောက်သော ၀န္ဒန၀ိမာန၀တ္ထု ပြီး၏။

၁၀။ ဥစ ၦဳ၀ိမာန၀တၳဳ

၈၀၈။ လ, နေတို့သည် ကောင်းကင်နှင့် တကွ ဤမြေကြီးကို ထွန်းပစေကုန်လျက် အလွန်တင့်တယ်ကြကုန် သကဲ့သို့ သင် နတ်သမီးသည် အလွန် တင့်တယ်ဘိ၏၊ ဗြဟ္မာမင်းသည် တာဝတိံသာနတ်ပြည်၌ နေကုန်သော သိကြားမင်းနှင့်တကွ နတ်တို့ကို သာလွန်၍ တင့်တယ်သကဲ့သို့ သင်သည် အသရေဖြင့်၎င်း၊ အရောင်အဆင်းဖြင့်၎င်း၊ အခြံအရံများဖြင့်၎င်း၊ တန်ခိုးအာနုဘော်ဖြင့်၎င်း သာလွန်၍ တင့်တယ်၏။

၈၀၉။ ကြာပန်းတို့ကို ပန်ဆင်သော (ရတနာဖြင့်ပြုသော) ဦးစိုက်ပန်းလည်း ရှိသော ရွှေရောင်စင်ကဲ့သို့ ပြောင်းပြောင်ထွန်းပသည့် ကိုယ်ရေအဆင်းလည်း ရှိသော တန်ဆာတို့ဖြင့် ဆင်ယင်သော ကိုယ်ရှိသော မြတ်သော အ၀တ်အရုံတို့ကိုလည်း ၀တ်ရုံသော တင့်တယ်သော နတ်သမီး သင့်ကို ငါမေးပါ၏၊ ငါ့ကို ရှိခိုးသော သင်ကား အဘယ်သူနည်း။

၈၁၀။ နတ်သမီး သင်သည် ရှေးက အဘယ်ကံကို ကိုယ်တိုင် ပြုခဲ့သနည်း၊ သင်သည် ရှေးဘ၀ လူဖြစ်ခဲ့စဉ်က အလှူပေးမူကိုလည်း လေ့ကျက်ခဲ့သလော၊ သို့မဟုတ် သီလစောင့်စည်းမူကိုမူလည်း ပြုခဲ့ဘူးသလော၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် နတ်ရွာ သုဂတိဘုံ၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ များသော အခြံအရံ ရှိသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်၏ အကျိုးနည်း၊ နတ်သမီး သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့။ (ဟု သျှင်မောဂ္ဂလာန်က မေး၏)။

၈၁၁။ အရှင်ဘုရား ယခုအခါ ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် (အရှင်ဘုရားသည်) ဆွမ်းခံခြင်းငှါ အကျွန်ုပ်တို့၏ အိမ်သို့ ကပ်ရောက်ခဲ့ပါ၏၊ ထိုသို့ ကပ်ရောက်ခြင်းကြောင့် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် ကြံပိုင်းကို အရှင်ဘုရားအား ပေးလှူခဲ့ပါ၏။

၈၁၂။ အရှင်ဘုရား နောင်အခါ ယောက္ခမ (မိန်းမသူ) သည်လည်း “ချွေးမငယ်ကြံကို အဘယ်အရပ်၌ စွန့်ပစ်လိုက်သနည်း” ဟု အကျွန်ုပ်ကို မေးစိစစ်ခဲ့ပါ၏၊ ထိုသို့ မေးသော် “အရှင်မ အကျွန်ုပ်သည် ထိုကြံပိုင်းကို စွန့်လည်း မစွန့်ပစ်ပါ၊ ခဲစားလည်း မခဲစားပါ၊ ကိလေသာ ငြိမ်းပြီးသော ရဟန်းအား အကျွန်ုပ်ကိုယ်တိုင် ပေးလှူလိုက်ပါ၏” ဟု ပြောကြားပါ၏)။

၈၁၃။ အရှင်ဘုရား ယောက္ခမ (မိန်းမသူ)သည် “ဟယ်...ချွေးမ ဤအိမ်ကို အစိုးရသူသည် သင်ဖြစ်သလော၊ သို့မဟုတ် ငါဖြစ်သလော” ဟု အကျွန်ုပ်ကို ဆိုမြည်းကြိမ်းမောင်း ပါ၏၊ ထိုယောက္ခမ (မိန်းမသူ)သည် အင်းပျဉ်ကို ယူ၍ အကျွန်ုပ်အား ပုတ်ခတ်ပါ၏၊ အကျွန်ုပ်သည်ထို လူ့ဘ၀မှ စုတေ၍ ကွယ်လွန်သည်ရှိသော် နတ်သမီး ဖြစ်ပါ၏။

၈၁၄။ အကျွန်ုပ်သည် အပြစ်မရှိကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကံကိုသာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင် ခံစားရပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော် နတ်တို့နှင့်တကွ စမ္ပာယ်ရပါ၏၊ အကျွန်ုပ်သည် ကာမဂုဏ် ငါးပါးတို့ဖြင့် မွေ့လျော် စံပျော်ရပါ၏။

၈၁၅။ အရှင်ဘုရား အကျွန်ုပ်သည် အပြစ်မရှိ ကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကုသိုလ်ကံကိုသာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင် ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည် ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံပါ၏၊ ကာမဂုဏ် ငါးပါးတို့နှင့်လည်း ပြည့်စုံပါ၏။

၈၁၆။ ဤသို့သော ကောင်းမူ၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူသည် ကြီးသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော်နတ်တို့နှင့် တကွ စပ္ပာယ်ရပါ၏၊ ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်စံပျော်ရပါ၏။

၈၁၇။ ဤသို့သော ကောင်းမူ၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူသည် ကြီးသော အာနုဘော် ရှိပါ၏၊ တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံပါ၏၊ အရှင်ဘုရား မျက်စိတထောင် အမြင်ဆောင်သော သိကြားမင်းသည် နန္ဒ၀န်ဥယျာဉ်၌ မွေ့လျော် စံပျော်ရပါ၏။

၈၁၈။ အရှင်ဘုရားအကျွန်ုပ်သည် သနားခြင်းနှင့်ယှဉ်သော ပညာရှိသော အရှင်ဘုရားကိုလည်း ဆည်းကပ်၍ ရှိခိုးခဲ့ပါ၏၊ အရှင်ဘုရား၏ အနာရောဂါ မရှိခြင်းကို မေးခဲ့ပါ၏၊ ထိုပြင် အကျွန်ုပ်သည် စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည် မရှိသော နှစ်သက်ခြင်းဖြင့် အရှင်ဘုရားအား ကြံပိုင်းကို ပေးလှူခဲ့ပါ၏။

ဆယ်ခုမြောက်သော ဥစ္ဆုဝိမာန၀တ္ထု ပြီး၏။

၉ - ပီတ၀ိမာန၀တ္ထု

၇၉၅-၆။ ရွှေဝါရောင်အ၀တ်ကို ၀တ်သော ရွှေဝါရောင် တံခွန်ရှိသော ရွှေဝါရောင် တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ရွှေဝါရောင်စန္ဒကူးဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသော ရွှေဝါရောင် ကြာပန်းကို ဆင်မြန်းသော ရွှေဝါရောင်ပြာဿဒ် ရွှေဝါရောင်အိပ်ရာ ရွှေဝါရာင်နေရာ ရွှေဝါရောင်ခွက် ရွှေဝါရောင်ထီး ရွှေဝါရောင် ရထား ရွှေဝါရောင်မြင်း ရွှေဝါရောင်သားမြီးယပ်ရှိသော နတ်သမီး -

၇၉၇။ သင်သည် ရှေးဘ၀က လူ့ပြည်၌ အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ နတ်သမီး ဤအကျိုးသည် အဘယ်ကုသိုလ်ထူး၏ အကျိုးနည်း၊ သင့်ကိုငါမေး၏၊ ဖြေကြားပါလော့ (ဟု သိကြားမင်းက မေး၏)။

၇၉၈-၉။ အရှင်သိကြားမင်း ခါးသည်ဖြစ်၍လူတို့ အလိုမရှိသော သပွတ်ခါးမည်သော နွယ်သည် ရှိပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ရည်မှတ်၍ အထူးကြည်လင်သော စိတ်ဖြင့် ထိုသပွတ်ခါးနွယ် ပန်းလေးပွင့်တို့ကို စေတီတော်ဆီသို့ ရှေးရှူဆောင်ယူခဲ့ပါ၏၊ အကျွန်ုပ်သည် ထို(ရန်သူ) နွားမ၌ သတိမထားမိသည် ဖြစ်၍ ထိုနွားအုပ် လာရာလမ်းကို မျှော်မကြည့်မိပါ။

၈၀၀။ ထိုနွားအုပ်မှ နွားသားငယ်ရှိသော နွားမသည် အကျွန်ုပ်ကို စေတီတော်သို့ မရောက်သေးမီ ဝှေ့သတ်ပါ၏၊ အကျွန်ုပ်သည် (စေတီတော်သို့ ကိုယ်တိုင်ရောက်၍ အလိုဆန္ဒအတိုင်း ပန်းကိုပူဇော်သဖြင့်) ထိုကောင်းမူကိုသာ ကောင်းစွာ ဆည်းပူးခဲ့ရပါမူ အကျွန်ုပ်အား ဤစည်းစိမ်ထက် သာလွန်၍ ဖြစ်ရာပါ၏။

၈၀၁။ နတ်တို့ထက် မြတ်တော်မူသော မဃအမည်ရှိသော နတ်တို့အရှင် သိကြားမင်း ထို (စေတီတော်ကို ပန်းတို့ဖြင့် ပူဇော်လို၍ သွားခြင်းတည်းဟူသော) ကောင်းမူကြောင့် လူ့ခန္ဓာကိုယ်ကို စွန့်၍ အရှင်သိကြားမင်း၏ အသင်းဝင် အပေါင်းအဖော်၏ အဖြစ်သို့ ရောက်လာရပါ၏ (ဟုဖြေကြား၏)။

၈၀၂။ နတ်တို့ထက် မြတ်တော်မူသော မဃအမည်ရှိသော တာဝတိံသာနတ်တို့အရှင် သိကြားမင်းသည် ဤစကားကို ကြားရသည်ရှိသော် တာဝတိံသာနတ်တို့ကိုရတနာသုံးပါးတို့၌ ကြည်ညိုစေလိုသော ကြောင့် မာတလိနတ်သားအား ဤစကားကို ပြောဆို၏။

၈၀၃။ မာတလိနတ်သား အံ့ဖွယ်ကောင်းသော ဆန်းကြယ်သော ဤကုသိုလ်ကံ၏အကျိုးကို ရှာစမ်းပါလော့၊ လှူဖွယ်ဝတ္ထု အနည်းငယ်မျှပင် ဖြစ်သော်လည်း ပြုအပ်သော ကောင်းမူသည်ကား များမြတ်သော အကျိုးရှိ၏။

၈၀၄။ ရှေးဘုရားတို့ကဲ့သို့ လာခြင်း ကောင်းတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်ဖြစ်စေ စိတ်ကြည်လင်သည်ရှိသော် ပေးလှူအပ်သော ဒါနမည်သည် နည်းသည်ဟူ၍ မရှိချေ။

၈၀၅။ မာတလိနတ်သား လာလှည့် ငါတို့သည်လည်း မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို အတိုင်းထက်အလွန် ပူဇော်ကြပါကုန်စို့၊ ကောင်းမူတို့ကို ဆည်းပူးခြင်းသည် ချမ်းသာ၏။

၈၀၆။ သက်တော် ထင်ရှားရှိတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ ပရိနိဗ္ဗာန်စံတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ စိတ်ထားညီမျှသည်ရှိသော် ညီမျှသော အကျိုးကို ပေးနိုင်၏၊ စိတ်ကို ကောင်းစွာ ထားခြင်းတည်းဟူသော အကြောင်းကြောင့် သတ္တ၀ါတို့သည် ကောင်းသောလားရာ သုဂတိကို သွားကြရကုန်၏။

၈၀၇။ မြတ်စွာဘုရားတို့သည် များစွာကုန်သော သူတို့၏ အကျိုးငှါ စင်စစ် ပွင့်တော်မူကြကုန်၏၊ ယင်းမြတ်စွာဘုရား၌ ဒါယကာတို့သည် ပူဇော်သကာကိုပြုသောကြောင့် နတ်ပြည်သို့ သွားကြရကုန်၏ (ဟု သိကြားမင်းကပြောဆို၏)။

ကိုးခုမြောက်သော ပီတ၀ိမာန၀တ္ထု ပြီး၏။

Wednesday 20 July 2011

၈ - အမ္ဗ၀ိမာန၀တ္ထု

၇၈၃။ သင်နတ်သမီး၏ နတ်၌ဖြစ်သော သရက်ဥယျာဉ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဉ်၌ ပြည့်ပြောကြီးကျယ်သော ပြသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံရှိ၏။

၇၈၄။ ဤပြာသာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲတောက်ပနေ၏၊ နတ်ဝတ်တန်ဆာ ဟူသော အသီး ရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင် ခြံရံအပ်၏။

၇၈၅-၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၈၇။ ထိုနတ်သမီးသည် ၀မ်းမြောက်ဝမ်းသာ။ ပ။ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၈၈။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက သရက်ပင်တို့ဖြင့် ခြံရံ အပ်သော ကျောင်းကို သံဃာတော်၏ (အကျိုးငှါ) ဆောက်လုပ်စေခဲ့၏။

၇၈၉-၇၉၀။ ဆောက်လုပ်အပ်သော ကျောင်းပြီးမြောက်၍ ကျောင်းပူဇော်ပွဲ ကျင်းပလတ်သော် အ၀တ်ဖြင့်ပြီးသော အသီးတို့ကို ပြုပြီးလျှင် သရက်ပင်တို့ကို ဖုံးလွှမ်းလျက် ထိုသရက်ပင်တို့၌ ဆီမီးကိုလည်း ညှိထွန်း၍ နတ်လူအပေါင်းတို့ထက် မြတ်သော သံဃာတော်ကို ဆွမ်းလုပ်ကျွေးလျက် ကြည်လင်သောစိတ်ဖြင့် ထိုကျောင်းကို သံဃာတော်အား ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၇၉၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ သရက်ဥယျာဉ်သည် နှလုံးမွေ့လျော်ဖွယ် ရှိပါ၏၊ ဤသရက်ဥယျာဉ်၌ ပြန့်ပြောကျယ်ဝန်းသော ပြသာဒ်သည် အထူးထူးသော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံလျက် နတ်သမီးအပေါင်းတို့ ကြွေးကြော်သံ ရှိပါ၏။

၇၉၂။ ဤ ပြဿာဒ်၌ ရွှေဖြင့်ပြီးသော ဆီမီးတန်ဆောင်ကြီးသည်လည်း အမြဲတောက်ပနေပါ၏၊ နတ်ဝတ်တန်ဆာဟူသော အသီးရှိကုန်သော သစ်ပင်တို့သည် ထက်ဝန်းကျင်မှ ခြံရံအပ်ပါ၏။

၇၉၃။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

ရှစ်ခုမြောက်သော အမ္ဗ၀ိမာန၀တ္ထု ပြီး၏။

၇ - စတုရိတ္ထိဝိမာန၀တ္ထု

၇၅၅-၆-၇။ အလွန် နှစ်သက်ဖွယ်ရှိသော အရောင် အဆင်းဖြင့်။ ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း။

၇၅၈။ ထိုနတ်သမီးသည် ၀မ်းမြောက် ၀မ်းသာ။ ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြား လျှောက်ထား၏။

၇၅၉။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံလှည့်လည်သော ရဟန်းအား ငုရွှေပန်းစည်းကို ပေးလှူခဲ့ပါ၏။

၇၆၀-၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

၇၆၂-၃-၄-၅။ အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း။

၇၆၅။
ထိုနတ်သမီးသည် ၀မ်းမြောက်ဝမ်းသာ။ ပ။ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြား လျှောက်ထား၏။

၇၆၆။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်ရာ အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏတမြို့တော်၌ ဆွမ်းခံ လှည့်လည်သော ရဟန်းအား ကြာညိုပန်းစည်းကို ပေးလှူခဲ့ပါ၏။

၇၆၇-၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့ သဘောရှိကုန်သော အရောင်အဆင်း ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

၇၆၉-၇၇၀-၁။ အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း။

၇၇၂။
ထိုနတ်သမီးသည် ၀မ်းမြောက်ဝမ်းသာ။ ပ။ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြား လျှောက်ထား၏။

၇၇၃။ အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်ရာ အရပ်ဝယ် နှလုံးမွေ့လျော်ဖွယ်ရှိသော ပဏ္ဏတမြို့တော်၌ ဆွမ်းခံ လှည့်လည်သော ရဟန်းအား ရေအိုင်၌ပေါက်၍ ဖြူသော ကြာစွယ် စိမ်းသောအရွက်ရှိသော ပဒုမာကြာစည်းကို ပေးလှူခဲ့ပါ၏။

၇၇၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့ သဘောရှိကုန်သော အရောင်အဆင်း ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

၇၇၆-၇-၈။ အလွန်နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း။

၇၇၉။ ထိုနတ်သမီးသည် ၀မ်းမြောက်ဝမ်းသာ။ ပ။ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြား လျှောက်ထား၏။

၇၈၀။ သုမနာအမည်ရှိသော အကျွန်ုပ်သည် ဧသိကတိုင်း ကုန်းမြင့်အရပ်ဝယ် နှလုံး မွေ့လျော်ဖွယ်ရှိသော ပဏ္ဏကတမြို့တော်၌ ဆွမ်းခံ လှည့်လည်သော ကောင်းသော စိတ်ရှိသော ရဟန်းအား ဆင်စွယ်အသွေး မြတ်လေးပန်းငုံတို့ကို ပေးလှူခဲ့ပါ၏။

၇၈၁။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့ သဘောရှိကုန်သော အရောင်အဆင်း ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

ခုနှစ်ခုမြောက်သော စတုရိတ္ထိဝိမာန၀တ္ထု ပြီး၏။

Tuesday 19 July 2011

၆ - ၀ိဟာရ၀ိမာန၀တ္ထု

၇၂၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထိုအတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၇၃၀။ သင် က-နေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာပျော်ဖွယ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ် ကျူးရင့်ကြကုန်၏။

၇၃၁။ သင် က-နေစဉ်အခါဝယ် ထိုအသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော ရနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လိုင်ကုန်၏။

၇၃၂။ နတ်သမီး ကိုယ်ကိုလှည့်လည် ယိမ်းနွှဲ့လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ်ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၇၃၃။ လေညှင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လူပ်ကုန်သော ဦးဆောက်ပန်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာသံကဲ့သို့ ကြားရ၏။

၇၃၄။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့၌ ပျံ့လှိုင်ပါ၏။

၇၃၅။ နတ်သမီး သင်သည် ထိုမွေးကြိုင်သော အနံ့ကိုသာ နမ်းရှူနေရ၏၊ နတ်၌ ဖြစ်သော အဆင်းကိုသာ တွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကို ငါမေး၏၊ ဖြေကြားပါလော့ (ဟု အသျှင်အနုရုဒ္ဓါက မေး၏)။

၇၃၆။ အရှင်ဘုရား အကျွန်ုပ်၏ အဆွေခင်ပွန်းမ (၀ိသာခါ) သည် သာဝတ္ထိပြည်၌ သံဃာတော်၏ (အကျိုးငှါ) ပုဗ္ဗာရုံကျောင်းတော်ကြီးကို ဆောက်လုပ်၏၊ ထို (ကျောင်းတော်ကြီး ပူဇော်ပွဲကျင်းပသော) အခါဝယ် ထိုကျောင်းတော်ကြီးကို၎င်း၊ နှစ်သက်ကြည်နူး ပူဇော်ပွဲကြီးကို၎င်း မြင်ရ၍ ကြည်ညိုသောကြောင့် ၀မ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုခဲ့ပါ၏။

၇၃၇။ အကျွန်ုပ်၏ ထိုဝမ်းမြောက်ဝမ်းသာ အနုမောဒနာ သက်သက်ကြောင့်ပင်လျှင် မဖြစ်ဘူးမြဲ ဖြစ်၍ ရူချင်စဖွယ်ဖြစ်သော ထက်ဝန်းကျင် တစ်ဆယ့်ခြောက်ယူဇနာရှိသော ဗိမာန်ကို ရခဲ့ပါ၏၊ ထိုဗိမာန်သည် အကျွန်ုပ်ကောင်းမူ၏ အာနုဘော်ကြောင့် ကောင်းကင်၌ သွားနိုင်ပါ၏။

၇၃၈။ ပုံစံတူ အတိုင်းအရှည်တူကုန်သော ပြာသာဒ်ဆောင်ပေါက်သော အကျွန်ုပ်၏ ဗိမာန်တို့သည် ထက်ဝန်းကျင် ယူဇနာတရာတိုင်တိုင် အလွန်တောက်ပစေကုန်လျက် ထွန်းလင်းပါကုန်၏။

၇၃၉။ အကျွန်ုပ်၏ ဤဗိမာန်၌ ရေကန်တို့သည် နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏၊ ငါးအပေါင်းတို့ မှီဝဲအပ်ကုန်၏၊ ကြည်သောရေ ရှိကုန်၏၊ အထူးသဖြင့် ကြည်လင်ကုန်၏၊ ရွှေအတိပြီးသော သဲတို့ဖြင့် ခင်းထားအပ်ပါကုန်၏။

၇၄၀။ အထူးထူးသော ကြာပဒုမာမျိုးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ကြာဖြူ ပုဏ္ဍရိတ်မျိုးတို့ဖြင့်လည်း ဖုံးလွှမ်းအပ်ကုန်၏၊ ကြည်သောရေ ရှိကုန်၏၊ လေညှင်းတိုက်ခတ်သဖြင့် လူပ်ကုန်သော နှစ်သက်မြတ်နိုးဖွယ် မွှေးကြိုင်သော ရနံ့တို့သည် ထက်ဝန်းကျင် ပျံ့လိုင်ကုန်၏။

၇၄၁။ ဗိမာန်အနီး၌ သပြေပင်တို့သည်၎င်း၊ ပိန္နဲပင်တို့သည်၎င်း၊ ထန်းပင်တို့သည်၎င်း၊ အုန်းတောတို့သည်၎င်း၊ အထူးထူးသော သစ်ပင်တို့သည်၎င်း မစိုက်ပျိုးရကုန်ပဲ ပေါက်ကုန်၏။

၇၄၂။ အကြင်သူသည် အထူးထူးသော တူရိယာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံ၍ နတ်သမီးအပေါင်းတို့ ကြွေးကြော်သံရှိသော ဤဗိမာန်ကို အိပ်မက်၌မူလည်း မြင်မက်ရာ၏ ထိုအိပ်မက် မြင်မက်သူသော်မှလည်း နှစ်သက်ရာ၏။

၇၄၃။ ဤသို့သဘောရှိသော မဖြစ်ဘူးမြဲဖြစ်၍ ရူချင်စဖွယ်ဖြစ်သော ထက်ဝန်းကျင်မှ ထွန်းပသော အရောင်ရှိသော ဗိမာန်သည် အကျွန်ုပ်၏ ကံကြောင့် ဖြစ်ပါ၏၊ (ထို့ကြောင့်) ကောင်းမူတို့ကို ပြုခြင်းငှါ သင့်လှပါ၏ (ဟု လျှောက်၏)။

၇၄၄။ ထိုဝမ်းမြောက်ဝမ်းသာ အနုမောဒနာသက်သက်ကြောင့်ပင်လျှင် သင်နတ်သမီးသည် မဖြစ်ဘူးမြဲဖြစ်၍ ရူချင်စဖွယ်ဖြစ်သော ဗိမာန်ကို ရလေသေး၏၊ အကြင်ဝိသာခါ အမျိုးသမီးသည် (ပုဗ္ဗာရုံ) ကျောင်းအလှူကို ပေးလှူ၏၊ ထိုဝိသာခါအမျိုးသမီး၏ လားရာ ဂတိကို သင်ပြာဆိုပါလော့၊ ထို (၀ိသာခါ) အမျိုးသမီးသည် အဘယ်ဘုံ၌ ဖြစ်လေသနည်း (ဟု အသျှင်အနုရုဒ္ဓါက မေး၏)။

၇၄၅။ အရှင်ဘုရား ထိုအကြင်အမျိုးသမီး ၀ိသာခါသည် အကျွန်ုပ်၏ အဆွေခင်ပွန်းမ ဖြစ်ခဲ့ဘူးပါ၏၊ သစ္စာလေးပါး တရားကို သိပြီးတာ့ ထိုအမျိုးသမီး ၀ိသာခါသည် သံဃာတော်၏ အကျိုးငှါ (ဗုဗ္ဗာရုံ) ကျောင်းတော်ကြီးကို ဆောက်လုပ်စေ၏၊ (ဆွမ်းသင်္ကန်း စသော များမြတ်သော) အလှူကို ပေးလှူ၏၊

၇၄၆။ (ထိုနတ်ဘုံ၌) သုနိမ္မိတအမည်ရှိသော နိမ္မာနရတိနတ်မင်းကြီး၏ မိဖုရားဖြစ်ပါ၏၊ ထိုဝိသာခါနတ်သမီး၏ ကံအကျိုးကို ကြံစည်ခြင်းငှါ မတတ်နိုင်ပါ၊ ထိုဝိသာခါသည် အဘယ်ဘုံ၌ ဖြစ်လေသနည်းဟူသော အမေးပြဿနာကို (အရှင်ဘုရား) မေးတော်မူပါ၏၊ ထိုအမေးပြဿနာကို အရှင်ဘုရားအား ဟုတ်မှန်သောအတိုင်း အကျွန်ုပ် ဖြေကြားပါ၏။

၇၄၇။ ထို့ကြောင့် နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ သံဃာတော်အား လှူဖွယ်တို့ကို ပေးလှူကြကုန်လော့၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍ တရားတော်ကိုလည်း နာကြကုန်လော့၊ သင်တို့သည် အလွန်ရခဲသော လူအဖြစ်ရခြင်းကို ရအပ်၏ဟု အခြားသူတို့လည်း ဆောက်တည်ပါစေကုန်လော့။

၇၄၈။ ဗြဟ္မာမင်းအသံနှင့်တူသော အသံရှိတော်မူသော ရွှေစင်နှင့်တူသော အရေအဆင်းရှိတော်မူသော အရိယာမဂ်ဖြင့် နတ်နှင့်တကွသော လောက၏ အကြီးအမှူး ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုဂတိသို့ ရောက်ကြောင်းခရီးကို ဟောတော်မူ၏၊ နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ သံဃာတော်အား အလှူတို့ကို ပေးလှူကြကုန်လော့၊ ယင်းသံဃာတော်၌ ပေးလှူအပ်သော အလှူတို့သည် အကျိုးကြီးမြတ်ကုန်၏။

၇၄၉။ အကြင် ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ကုန်သော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် လေးယောက်အစုံတို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် လှူဖွယ်တို့ကို ခံယူခြင်းငှါ ထိုက်ကုန်၏။ ထိုပုဂ္ဂိုလ်တို့အား ပေးလှူကုန်သော လှူဖွယ်ဝတ္ထုတို့သည် များမြတ်သော အကျိုးရှိကုန်၏။

၇၅၀။ ကျင့်ဆဲမဂ်ပုဂ္ဂိုလ် လေးယောက်တို့သည်၎င်း၊ ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်တို့သည်၎င်း ဤပုဂ္ဂိုလ် ရှစ်ယောက် အပေါင်းသံဃာသည် ဖြောင့်မတ်ခြင်းသို့ ရောက်၏၊ ပညာသီလတို့နှင့် ပြည့်စုံ၏။

၇၅၁။ ပေးလှူကုန်သော လူတို့၏၎င်း၊ ကောင်းမူကို လိုလားကုန်သည်ဖြစ်၍ ပြည့်စုံမူ၏တည်ရာ “ဥပဓိ” လျှင် အကျိုးရှိသည့် ကောင်းမူကိုပြုကုန်သော သတ္တ၀ါတို့၏၎င်း သံဃာအား ပေးလှူသော အလှူသည် များမြတ်သော အကျိုးရှိ၏။

၇၅၂။ ထိုသံဃာတော်သည်သာလျှင် ပြန့်ပြော၏၊ မြင့်မြတ်သည့်ဖြစ်သို့ ရောက်၏၊ သမုဒ္ဒရာသည် (ရေအားဖြင့်) မရေတွက်နိုင်သကဲ့သို့ ထိုသံဃာတော်သည် (မိမိ၏ ဂုဏ်အားဖြင့်) မရေတွက်နိုင်၊ တရားတော်ကို ညွှန်ပြတတ်ကုန်သော လူတို့တွင် လုံ့လနှင့် ပြည့်စုံတော်မူသည့် မြတ်စွာဘုရား၏ တပည့်သာဖြစ်ကုန်သော ပညာအလင်းကို ပြုတတ်ကုန်သော ထိုသံဃာတို့သာလျှင် မြတ်ကုန်၏။

၇၅၃။ အကြင် သူတို့သည် သံဃာတော်ကို ရည်မှတ်၍ အလှူကို ပေးလှူကုန်၏၊ ထိုသူတို့၏ ပေးလှူခြင်းသည် ကောင်းသော ပေးကမ်းလှူဒါန်းပူဇော်ခြင်းပင် ဖြစ်၏၊ သံဃာ၌ တည်သော ထိုအလှူကို အကျိုးကြီးမြတ်၏ဟု လောကသုံးပါးကို သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ချီးမွမ်းတော်မူအပ်ကုန်၏။

၇၅၄။ လောက၌ အကြင်သူတို့သည် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက် ဤသို့ သဘောရှိသော (သံဃာကို ရည်မှတ်၍ပြုသည့်) ကောင်းမူကို အဖန်တလဲလဲ အောက်မေ့ကုန်သည်ဖြစ်၍ သွားလာ လှည့်လည်နေကုန်၏၊ ထိုသူတို့သည် ၀န်တိုမူ အညစ်အကြေးကို အကြောင်းရင်းနှင့်တကွ ပယ်ဖျောက်ကုန်၍ (ပညာရှိတို့) အကဲ့ရဲ့ မခံရကုန်ပဲ နတ်ပြည်သို့ ကပ်ရောက်ကြရကုန်၏။

ခြောက်ခုမြောက်သော ၀ိဟာရ၀ိမာန၀တ္ထု ပြီး၏။


Monday 18 July 2011

၅ - ကဉ္ဇိကဒါယိကာဝိနာမ၀တ္ထု

၇၁၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း စေလျက် တည်နေဘိ၏။

၇၂၀-၁။ နတ်သမီး အဘယ်ကိုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၂၂။ ထို နတ်သမီးသည် ၀မ်းမြောက် ၀မ်းသာ။ ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၂၃။ အကျွန်ုပ်သည်ကား ဗာရာဏသီပြည်၌ နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားအား ဆီးသီးရည်ဖြင့် ကောင်းစွာ ချက်၍ ဆီမွှေးသတ်ထားသော ပုန်းရည်ကို ပေးလှူခဲ့ဘူးပါ၏။

၇၂၄။ ဖြောင့်မတ်ခြင်းသို့ ရောက်တော်မူသော မြတ်စွာဘုရား၌ အထူးကြည်လင်သော စိတ်ဖြင့် ပိတ်ချင်းသီး ကြက်သွန် ပန်းရင်းနှင့် ရောယှက်သော ပုန်းရည်ကို (အသျှင်အာနန္ဒမှတဆင့်) ပေးလှူခဲ့ပါ၏။

၇၂၅။ အရှင်ဘုရား အင်္ဂါကြီးငယ်အလုံးစုံ ကောင်းခြင်းရှိသော လင်၏ ရူမငြီးသော မိန်းမသည် စကြ၀တေးမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ပုန်းရည်ကို ပေးလှူသော တခုသော ကံ၏ (အကျိုးကို) တဆယ့်ခြောက်စိတ်စိတ်၍ တစိတ်လောက်မျှ တန်ဘိုးမရှိပေ။

၇၂၆။ ရွှေစင် နိက္ခတသိန်း၊ မြင်းတသိန်း၊ အဿတိုရ်မြင်း ကသော ရထားတသိန်း၊ ပတ္တမြားနားဍောင်း ၀တ်ဆင်ကုန်သော သမီးကညာတသိန်း (ဤအလုံးစုံတို့သည်လည်း) ဤပုန်းရည်ကို ပေးလှူသော တခုသော ကံ၏ (အကျိုးကို) တဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်မျှလောက် တန်ဘိုးမရှိပေကုန်။

၇၂၇။ ဟိမ၀န္တာတောင်၌ ဖြစ်ကုန်သော စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုး တင်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုးဖြစ်ကုန်သော ဆင်အကောင်တရာတို့သည် ဤပုန်းရည်ကို ပေးလှူသော ကံ၏အကျိုးကို တဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဘိုးမရှိကြပေကုန်။

၇၂၈။ ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ ထိုစကြ၀တေးမင်း စည်းစိမ်သည် ဤပုန်းရည်ကို ပေးလှူသော တခုသော ကံ၏ အကျိုးကို တဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဘိုးမရှိပေ (ဟု ဖြေကြား၏)။

ငါးခုမြောက်သော ကဉ္ဇိကဒါယိကာဝိမာန၀တ္ထု ပြီး၏။

၎ - အလောမ၀ိမာန၀တ္ထု

၇၁၁။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း စေလျက် တည်နေဘိ၏။

၇၁၂-၃။ နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည် အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၁၄။ ထို နတ်သမီးသည် ၀မ်းမြောက် ၀မ်းသာ။ ပ။ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို ဖြေကြားလျှောက်ထား၏။

၇၁၅။ အကျွန်ုပ်သည်ကား ဗာရာဏသီပြည်၌ နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားအား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မုယောမုံ့ခြောက်ကို ကိုယ်ထိ လက်ရောက် ပေးလှူခဲ့ဘူးပါ၏။

၇၁၆။ ခြောက်လည်းခြောက်၍ ဆားလည်းမပါသော မယယောမုံ့အလှူ၏ အကျိုးကို ရူတော်မူပါလော့၊ နတ်ချမ်းသာသို့ ရောက်သော အလောမအမည်ရှိသော အကျွန်ုပ်ကို မြင်ရသည်ရှိသော အဘယ်သူသည် ကောင်းမူကို မပြုပဲ နေတော့အံ့နည်း။

၇၁၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

လေးခုမြောက်သော အလောမ၀ိမာန၀တ္ထု ပြီး၏။

၃ - နာဂ၀ိမာန၀တ္ထု

၇၀၅။ တန်ဆာဆင်ထားသော နတ်သမီး သင်သည် ပတ္တမြားရွှေစင်တို့ဖြင့် စီခြယ်ထားသော ရွှေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားသော ကောင်းစွာ ပြင်ဆင်ထားသော ကြီးစွာသော ဆင်မြတ်သို့ တက်စီး၍ ကောင်းကင်ခရီးဖြင့် ဤအရပ်သို့ ရောက်လာဘိ၏။

၇၀၆။ ဆင်၏ အစွယ်နှစ်ချောင်းတို့၌ ကြည်လင်သော ရေရှိသော ကောင်းစွာ ပွင့်သည့် ပဒုမာကြာပန်းရှိသော ရေကန်တို့ကို ဖန်ဆင်းအပ်ကုန်၏၊ ပဒုမာကြာတို့၌လည်း တူရိယာ အပေါင်းတို့သည် အလိုလို မြည်ကုန်၏၊ စိတ်နှလုံးကို ဆောင်တတ်ကုန်သော ဤနတ်သမီးတို့သည် က-လည်း က-ကုန်၏၊ သီလည်း သီဆိုကြကုန်၏။

၇၀၇။ အကျွန်ုပ်သည် ဗာရာဏသီပြည်၌ မြတ်စွာဘုရားအား ချဉ်းကပ်၍ အ၀တ်အစုံကို ပေးလှူခဲ့ဘူးပါ၏၊ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ မြေ၌ ထိုင်ကာ နှစ်သက်သည်ဖြစ်၍ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ပါ၏။

၇၀၉။ ရွှေစင်နှင့်တူသော အရောင်အဆင်းရှိတော်မူသော မြတ်စွာဘုရားသည်လည်း အကျွန်ုပ်အား (သမုဒယသစ္စာ၊ ဒုက္ခသစ္စာ) တို့၏ မမြဲသည်၏အဖြစ်ကို၎င်း၊ အကြောင်းတရားတို့ မပြုပြင်အပ်သော ဒုက္ခချုပ်ငြိမ်းရာ (နိရောဓသစ္စာ)၏ မြဲသည်၏အဖြစ်ကို၎င်း ဟောတော်မူပါ၏၊ (မဂ္ဂသစ္စာ) ကိုလည်း ဟောတော်မူပါ၏၊ ယင်းသို့ ဟောတော်မူခြင်းကြောင့် သစ္စာလေးပါးကို အကျွန်ုပ် သိရပါ၏။

၇၁၀။ အရှင်ဘုရား အကျွန်ုပ်သည် နည်းသော အသက် အပိုင်းအခြား ရှိသည်ဖြစ်၍ သေလွန်ခြင်းကြောင့် ထိုလူဘ၀မှ စုတေခဲ့သည်ရှိသော် တာဝတိံသာနတ်ပြည်၌ ဖြစ်၍ အခြံအရံနှင့် ပြည့်စုံရပါ၏၊ အကျွန်ုပ်သည် သိကြားမင်း၏ နတ်ပြည်နှစ်ထပ် အရပ်မျက်နှာတို့၌ ထင်ရှားကျော်စော၍ ယသုတ္တရာအမည်ရှိသော မယားတယောက် ဖြစ်ခဲ့ပါ၏ (ဟု လျှောက်၏)။

သုံးခုမြောက်သော နာဂ၀ိမာန၀တ္ထု ပြီး၏။

၂ - ပဘဿရ၀ိမာန၀တ္ထု

၆၉၇။ ပြိုးပြိုးပြက် မြတ်သော အရောင်အဆင်းရှိသော ကောင်းစွာနီသော အ၀တ်ကို ၀တ်သော စန္ဒကူးဖြင့် လိမ်းကျံထားသကဲ့သို့ နှစ်သက်ဖွယ် ကိုယ်ရှိသော တင့်တယ်ခြင်း ရှိသော တန်ခိုး အာနုဘော်ကြီးသော နတ်သမီး ငါ့ကို ရှိခိုးလာသော သင်ကား အဘယ်သူနည်း။

၆၉၈။ သင်၏ ပလ္လင်သည် အဘိုးများစွာ ထိုက်တန်၏၊ အထူးထူးသော ရတနာတို့ဖြင့်လည်း ဆန်းကြယ်၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ ယင်း ပလ္လင်၌ ထိုင်နေသော သင်သည် နန္ဒ၀န်ဥယျာဉ်၌ သိကြားမင်းကဲ့သို့ တင့်တယ်လှဘိ၏။

၆၉၉။ ကောင်းသော နတ်သမီး သင်သည် ရှေးဘ၀၌ အဘယ်သို့သော (သုစရိုက်) ကို ပြုကျင့် ခဲ့ဘူးသနည်း၊ နတ်သမီး သင်သည် နတ်ပြည်လောက၌ အဘယ် ကုသိုလ်၏ အကျိုးကို ခံစားနေဘိသနည်း၊ ဤအကျိုးသည် အဘယ် ကုသိုလ်ကံ၏ အကျိုးနည်း သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၇၀၀။ အရှင်ဘုရား ဆွမ်းခံလှည့်လည်သော အရှင်ဘုရားအား ပန်းကို၎င်း၊ တင်လဲကို၎င်း ပေးလှူခဲ့ပါ၏၊ နတ်ပြည်လောက၀ယ် ထိုကုသိုလ်ကံ၏ အကျိုးကို ခံစားရပါ၏။

၇၀၁။ အရှင်ဘုရား အကျွန်ုပ်အား နောင်တ တဖန် ပူပန်မူလည်း ဖြစ်နေပါ၏၊ ချွတ်ယွင်းမူကြောင့် ဆင်းရဲခြင်းလည်း ဖြစ်ပါ၏၊ အရှင်ဘုရား ဘုရားဟော တရားတော်တို့ကို အကျွန်ုပ်သည် မနာခဲ့ရပါ။

၇၀၂။ အရှင်ဘုရား ထိုသို့သော အကြောင်းကြောင့် အရှင်ဘုရားအား အကျွန်ုပ်လျှောက်ထား တောင်းပန်ပါ၏၊ အကြင် ပုဂ္ဂိုလ်သည် သနား စောင့်ရှောက်ထိုက်သူ ဖြစ်ရာ၏၊ ထိုပုဂ္ဂိုလ်အား မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူအပ်သော တရားတော်ကို ဆောက်တည်စေပါလော့။

၇၀၃။ အရှင်ဘုရား အကြင် နတ်တို့အား ဘုရားရတနာ၌၎င်း၊ တရားရတနာ၌၎င်း၊ သံဃာရတနာ၌၎င်း၊ ယုံကြည်မူ “သဒ္ဒါတရား” ရှိ၏၊ ထိုနတ်တို့သည် အသက်အားဖြင့်၎င်း အကျော်အစော အခြံအရံအားဖြင့်၎င်း၊ အသရေအားဖြင့်၎င်း အကျွန်ုပ်ထက် သာလွန်၍ တင့်တယ်ကြပါကုန်၏။

၇၀၄။ အခြားသော နတ်တို့သည် အကျွန်ုပ်ထက် တန်ခိုး အာနုဘော်အားဖြင့်၎င်း အဆင်းအားဖြင့်၎င်း သာလွန်ပါကုန်၏၊ အထူးသဖြင့် တန်ခိုးကြီးကြပါကုန်၏ (ဟု ဖြေကြား၏)။

နှစ်ခုမြောက်သော ပဘဿရ၀ိမာန၀တ္ထု ပြီး၏။

၎ - မဉ္ဇိဋ္ဌက၀ဂ် (၁ - မဉ္ဇိဋ္ဌက၀ိမာန၀တ္ထု)

၆၈၉။ နတ်သမီး သင်သည် ရွှေသဲခင်းထားသော မြေအဘို့ရှိသော မောင်းသော အရောင် ရှိသော ဗိမာန်၌ကောင်းစွာ တီးမူတ်အပ်သော အင်္ဂါငါးပါးရှိသော တူရိယာဖြင့် မွေ့လျော်နေဘိ၏။

၆၉၀။ (သင်၏ သုစရိုက် ကုသိုလ်တရားက) ဖန်ဆင်းထားသော ရတနာဖြင့်ပြီးသော ထိုဗိမာန်မှ ဆင်းသက်ပြီးလျှင် အခါခပ်သိမ်းပွင့်သော အင်ကြင်းတောသို့ သက်ဝင်ဘိ၏။

၆၉၁။ နတ်သမီး သင်သည် အကြင်အကြင် အင်ကြင်းပင်ရင်း၌ ရပ်တည်နေ၏၊ သစ်ပင်တကာ တို့ထက် မြတ်သော ထိုထိုအင်ကြင်းပင်သည် အောက်သို့ ကိုင်းညွတ်လျက် ပန်းတို့ကို ရွေချ၏။

၆၉၂။ သင်၏ အင်ကြင်းတောသည် လေကြောင့် လူပ်၏၊ လေညှင်း တိုက်ခတ်၏၊ ငှက်အပေါင်းသည် မှီဝဲအပ်၏၊ ထိုအင်ကြင်းတော၏ ရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာအားလုံးတို့၌ ပျံ့လိုင်၏။

၆၉၃။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကိုသာ နမ်းရှူနေရ၏၊ နတ်၌ဖြစ်သော အဆင်းကိုသာ တွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကိုငါမေး၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၉၄။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက အရှင်သခင်အိမ်၌ ကျွန်မဖြစ်ခဲ့ဘူးပါ၏၊ ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ အင်ကြင်းပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ပါ၏။

၆၉၅။ အကျွန်ုပ်သည် အင်ကြင်းပန်းတို့ဖြင့် ပြီးသော ကောင်းစွာပြုအပ်သော ဦးဆောက်ပန်းကိုလည်း မြတ်စွာဘုရားအား ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ ကိုယ်ထိ လက်ရောက် ကပ်လှူခဲ့ပါ၏။

၆၉၆။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မူကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။

ရှေးဦးစွာသော မဉ္ဇိဋ္ဌက၀ိမာန၀တ္ထု ပြီး၏။

၁၀ - ပါရိစ ၦတၱက၀ိမာန၀တၳဳ

၆၈၀။ နတ်သမီး သင်သည် နှစ်သက်ဖွယ် နှလုံးမွေ့လျော်ဖွယ်ကို ဖြစ်စေတတ်သော ပါရိစ္ဆတ္တကအမည်ရှိသော ပင်လယ်ကသစ်ပင်၌ နတ်ပန်းကို သီကုံး၍ သီချင်းကိုသီဆိုလျက် ကောင်းစွာ စံပျော်နေဘိ၏။

၆၈၁။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း သာယာနာပျော်ဖွယ် နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အသံတို့သည် ထွက်ပေါ်ကျူးရင့်ကြကုန်၏။

၆၈၂။ သင် ကနေစဉ်အခါဝယ် ထိုသင်၏ အင်္ဂါကြီးငယ်တို့မှ အခါခပ်သိမ်း မွှေးကြိုင်သော အနံ့ရှိ၍ နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော နတ်၌ဖြစ်သော အနံ့တို့သည် ပျံ့လိုင်ကုန်၏။

၆၈၃။ နတ်သမီး ကိုယ်ကို လှည့်လည် ယိမ်းနွဲ့ လိုက်သည်ရှိသော် ဆံထုံးတို့၌ ပန်ဆင်အပ်ကုန်သော တန်ဆာတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၄။ လေညှင်းတိုက်ခတ်သဖြင့် လေကြောင့် ထက်ဝန်းကျင်မှ လူပ်ကုန်သော ဦးဆောက်ပန်းတို့၏ အသံကို အင်္ဂါငါးပါးရှိသော တူရိယာ၏ အသံကဲ့သို့ ကြားရ၏။

၆၈၅။ သင်၏ ဦးခေါင်း၌ မွှေးကြိုင်သော အနံ့ရှိသော နှလုံးမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ပန်းရနံ့သည် မဉ္ဇူသကနတ်ပန်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့၌ ပျံ့လှိုင်၏။

၆၈၆။ နတ်သမီး သင်သည် ထိုမွှေးကြိုင်သော အနံ့ကိုသာ နမ်းရှူနေရ၏၊ နတ်၌ ဖြစ်သော အဆင်းကိုသာ တွေ့မြင်နေရ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကိုငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၆၈၇။ အကျွန်ုပ်သည် ပြိုးပြိုးပြက်ထွက်သော အရောင်အလျှံရှိသော အဆင်း အနံ့နှင့် ပြည့်စုံသော သော်ကပန်းကုံးကို မြတ်စွာဘုရားအား ဆက်ကပ်ခဲ့ပါ၏။

၆၈၈။ အကျွန်ုပ်သည် ဘုရားရှင်တို့ ချီိးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်မူကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။

ဆယ်ခုမြောက်သော ပါရိစ္ဆတ္တက၀ိမာန၀တ္ထု ပြီး၏။


သုံးခုမြောက်သော ပါရိစ္ဆတ္တက၀ဂ် ပြီး၏။

၉ - ၀ိသာလက္ခိဝိမာန၀တ္ထု

၆၆၆။ တင့်တယ်ကျယ်ပြန့် မျက်လုံးခန့်သော နတ်သမီး နှလုံးမွေ့လျော် ပျော်ဖွယ်ရှိသော စိတ္တလတာဥယျာဉ်၌ နတ်သမီးအပေါင်းခြံရံလျက် ထက်ဝန်းကျင်မှ လှည့်လည်သွားလာနေသော သင်သည် အဘယ်အမည်ရှိပါသနည်း။

၆၆၇။ အကြင်အခါ တာဝတိံသာနတ်တို့သည် ဤဥယျာဉ်သို့ ၀င်ကုန်၏၊ ထိုအခါ ဤစိတ္တလတာဥယျာဉ်သို့ လာရောက်ခြင်းဟူသော အကြောင်းကြောင့် ဆ့င်ယာဉ်၊ မြင်းယာဉ်စသော ယာဉ်တို့နှင့် တကွသော ယာဉ်ရထားတို့နှင့် တကွသော တာဝတိံသာ နတ်အားလုံးတို့သည် ဆန်းကြယ်သော အခြင်းအရာ ရှိကုန်၏။

၆၆၈။ ဤအရပ်သို့ ရောက်လာ၍ ဥယျာဉ်၌ သွားလာလှည့်ပတ်သော သင်၏ ကိုယ်၌ မူကား ဆန်းကြယ်သော အခြင်းအရာ မထင်ခဲ့၊ နတ်သမီး အဘယ်ကုသိုလ်ကြောင့် သင်၏ ကိုယ်အဆင်းသည် ဤသို့ သဘောရှိသော စိတ္တလတာဥယျာဉ်၏ အရောင်ကို လွှမ်းမိုး၍ တည်ဘိသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်၏ အကျိုးနည်း၊ သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု သိကြားမင်းက မေး၏)။

၆၆၉။ နတ်တို့အရှင် သိကြားမင်း အကြင်ကုသိုလ်ကံကြောင့် အကျွန်ုပ်၏ ကိုယ်အဆင်းသည်၎င်း၊ လားရာဂတိသည်၎င်း၊ နတ်တန်ခိုးသည်၎င်း၊ အာနုဘော်သည်၎င်း (ဤသို့သဘောရှိ၏)။ ထိုကုသိုလ်ကံ နားဆင်တော်မူပါလော့။

၆၇၀။ အကျွန်ုပ်သည် ရှေးဘ၀၌ နှလုံးမွေ့လျော်ဖွယ် ရှိသော ရာဇဂြိုလ်ပြည်တွင် သုနန္ဒာအမည်ရှိသော ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ ယုံကြည်မူ “သဒ္ဒါ” စောင့်ထိန်းမူ “သီလ” နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမူ၌ မွေ့လျော်ခဲ့ပါ၏။

၆၇၁။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးကြည်လင်သော စိတ်ဖြင့် အ၀တ်အရုံကို၎င်း၊ ဆွမ်းကို၎င်း၊ ကျောင်း အိပ်ရာ နေရာကို၎င်း၊ ဆီမီးတန်ဆောင်ကို၎င်း ပေးလှူခဲ့ဘူးပါ၏

၆၇၂။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သောနေ့၌၎င်း၊ တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း၊ ရှစ်ရက်မြောက်သော နေ့၌၎င်း ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။

၆၇၃။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နူတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။

၆၇၄။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကားပြောဆိုခြင်းမှ၎င်း၊ မပေးသည်ကို ခိုးယူခြင်းမှ၎င်း၊ လင်ကိုကျော်လွန်၍ ယောက်ျားတပါးနှင့် သွားလာလွန်ကျူး၍ ကျင့်ခြင်းမှ၎င်း၊ သေရည်သေရက် သောက်ခြင်းမှ၎င်း ဝေးစွာရှောင်ကြဉ်ခဲ့ပါ၏။

၆၇၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ်မာခဲ့ပါ၏၊ စက္ခုငါးပါး ရှိတော်မူ၍ အကျော်အစော အခြံအရံ ရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၆၇၆။ မိဖတို့အိမ်မှ ကျွန်မသည် အကျွန်ုပ်အတွက် အခါခပ်သိမ်း ပန်းကို ရှေးရှူဆောင်ခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုပန်းအားလုံးကိုပင်လျှင် မြတ်စွာဘုရား၏ စေတီတော်၌ ပူဇော်တင်လှူခဲ့ပါ၏။

၆၇၈။ သိကြားမင်း အကျွန်ုပ်သည် စေတီတော်၌ ပန်းကို တင်လှူပူဇော်ခဲ့သော ထိုကုသိုလ်ကံကြောင့် အကျွန်ုပ်၏ ကိုယ်အဆင်းသည်၎င်း၊ လားရာဂတိသည်၎င်း၊ နတ်တန်ခိုးသည်၎င်း၊ အာနုဘော်သည်၎င်း (ဤသို့ သဘောရှိပါ၏)။

၆၇၉။ သိကြားမင်း အကျွန်ုပ်သည် သီလရှိသူ ဖြစ်ခဲ့ပါ၏၊ ထိုသီလသည် အကျိုးမပေးသေးပါ၊ ငါသည်ကား အဘယ်သို့သော အကြောင်းဖြင့် သကဒါဂါမ် မိန်းမဖြစ်ရပါအံ့နည်ုး အကျွန်ုပ် တောင့်တပါ၏ (ဟု ဖြေကြား၏)။

ကိုးခုမြောက်သော ၀ိသာလက္ခိဝိမာန၀တ္ထု ပြီး၏။

Sunday 17 July 2011

၈ - မလ္လိကာဝိမာန၀တ္ထု

၆၅၈။ ရွှေဝါရောင် အ၀တ်ကို ၀တ်သော ရွှေဝါရောင် (တံခွန်) ရှိသော ရွှေဝါရောင် တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော နတ်သမီး သင်သည် ချောမွေ့ပြေပြစ်ကုန်သော ရွှေဝါရာင်ကိုယ်ဝတ်တို့ဖြင့် တန်ဆာမဆင်သော်လည်း (မိမိပင်ကိုယ်အဆင်းဖြင့်ပင်) တင့်တယ်လှဘိ၏။

၆၅၉။ ရွှေလက်ကောက်ဝတ်သော ရွှေဦးဆောက်ပန်းကို ပန်ဆင်သော (ရတနာချည်ဖြင့် ချုပ်သည့်) ရွှေကွန်ရက်ငယ်ဖြင့် ဖုံးလွှမ်းသော ကိုယ်လည်းရှိသော အထူးထူးသော ရတနာပန်းကုံးလည်းရှိသော နတ်သမီး (သင်သည်) အဘယ်မည်သော နတ်သမီးနည်း။

၆၆၀။ (နတ်သမီး သင်၏ကိုယ်၌ ဆင်မြန်ေးသော ရတနာပန်းကုံးသည်) သိင်္ဂနိက်ရွှေစင်ဖြင့်လည်း ပြီး၏၊ ပတ္တမြားနီဖြင့်လည်း ပြီး၏၊ ပုလဲဖြင့်လည်း ပြီး၏ ကြောင်မျက်ရွဲဖြင့်လည်း ပြီး၏၊ ပတ္တမြားနီနှင့်တကွ ပတ္တမြားပြောက်ဖြင့်လည်း ပြီး၏၊ ခိုမျက်စိနှင့် တူကုန်သော ပတ္တမြားတို့ဖြင့် ဆန်းကြယ်၏။

၆၆၁။ ဤပန်းကုံးတို့တွင် အချို့အချို့သော ပန်းကုံးသည် ဥဒေါင်းသကဲ့သို့ ကောင်းသော အသံရှိ၏၊ ဟင်္သာမင်း၏ အသံကဲ့သို့ သာယာသော အသံရှိ၏၊ ကရ၀ိက်ငှက်သံကဲ့သို့ သာယာချိုမြိန်သော အသံရှိ၏၊ အင်္ဂါငါးပါးရှိသော တူရိယာစည်မျိုး၌ ကောင်းစွာ တီးမူတ်သော အသံကို ကြားရသကဲ့သို့ ထိုပန်းကုံးတို့၏ သာယာသော အသံကို ကြားရ၏။

၆၆၂။ သင်၏ ရထားသည်လည်း တင့်တယ်၏၊ နှစ်သက်ဖွယ်ရှိ၏၊ အထူးထူးသော ရတနာတို့ဖြင့် ဆန်းကြယ်၏၊ အထူးထူးသော အဆင်းရှိကုန်သော (လှည်းဘီး လှည်းသန် အစရှိသော) ဓာတ်တို့ဖြင့် ကောင်းစွာ ဝေဘန်အပ်သည်ဖြစ်၍ သာလျှင် တင့်တယ်၏။

၆၆၃။ နတ်သမီး ရွှေစင်နှင့်တူသော အရောင်အဆင်းရှိသော ထိုရထား၌တည်သော သင်သည် ဤအလုံးစုံသော မြေအရပ်ကို ထွန်းပစေ၏၊ ဤအကျိုးသည် အဘယ်ကုသိုလ် ကံ၏ အကျိုးနည်း၊ သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု အသျှင်နာရဒက မေး၏)။

၆၆၄။ မနိုင်းယှဉ်နိုင်သော ဂုဏ်ကျေးဇူးတို့နှင့် ပြည်စုံတော်မူသော ပရိနိဗ္ဗာန်စံတော်မူသော ဂေါတမမြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အထူးထူးသော ပတ္တမြားရွှေစင်တို့ဖြင့် ဆန်းကြယ်သော ပုလဲတို့ဖြင့်လည်း စီခြယ်အပ်သော ရွှေကွန်ရက်ဖြင့် ကောင်းစွာ ဖုံးလွှမ်းအပ်သည် ဖြစ်သောကြောင့် သောဝဏ္ဏဇာလ အမည်ရသော မဟာလတာတန်ဆာကို တင်လွှမ်းပူဇော်ခဲ့ပါ၏။

၆၆၅။ အရှင်ဘုရား အကျွန်ုပ်သည် ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်သော ထိုကုသိုလ်ကံကို ပြုရသောကြောင့် စိုးရိမ်ခြင်း ကင်းလျက် အနာရောဂါမရှိ ချမ်းချမ်းသာသာ မွေ့လျော်ရပါ၏ (ဟု ဖြေကြား၏)။

ရှစ်ခုမြောက်သော မလ္လိကာဝိမာန၀တ္ထု ပြီး၏။

ရ - ပေသ၀တီဝိမာန၀တ္ထု

၆၄၆။ ဖလ်ကျောက်တို့ဖြင့် ပြီးသော နံရံ ရွေငွေကွန်ရက်တို့ဖြင့် ဖုံးလွှမ်းထားအပ်သော အထူးထူးသော အဆင်းရှိသည်ဖြစ်၍ အထွေထွေဆန်းကြယ်သော နေရာအပြင်ရှိသော အလွန်မွေ့လျော်ဖွယ်ရှိသည့် နေရာဖြစ်သော ကုသိုလ်ကံက ဖန်ဆင်းအပ်သော (ရတနာခုနှစ်ပါးတို့ဖြင့် ပြီးသော ဆန်းကြယ်သော) တုရိုဏ်တိုင်းနှင့် ပြည့်စုံသော ရွှေသံတို့ဖြင့် ပြွမ်းသော တင့်တယ် ကျယ်ပျံ့သော ဤဗိမာန်ကို ငါမြင်ရ၏။

၆၄၇။ ကောင်းကင်ပြင်ဝယ် တန်ဆောင်မုန်းလအခါ အမိုက်မှောင်ကို ပယ်ဖျောက်တတ်သော ရောင်ခြည်တထောင် ဆောင်သော နေမင်းသည် အရပ်ဆယ်မျက်နှာတို့၌ ထွန်းလင်းတောက်ပ သကဲ့သို့၎င်း၊ ညအခါ ကောင်းကင်ထက်၌ တောက်ပသောမီးကဲ့သို့၎င်း၊ ထို့အတူ သင်၏ ဤဗိမာန်သည် ထွန်းလင်း တောက်ပ၏။

၆၄၈။ လျှပ်စစ်နွယ်ကဲ့သို့၎င်း၊ (အရောင်တောက်ပသည် ဖြစ်၍) မျက်စိကို ကျိန်းစပ်စေသကဲ့သို့၎င်း ကောင်းကင်ပြင်၌ တည်သော ဤဗိမာန်သည် စိတ်နှလုံးကို နှစ်သက်စေဘိ၏၊ စောင်း မုရိုးစည် ကြေးနင်း ခွက်ခွင်း လက်ခုပ်သံတို့ဖြင့် ပဲ့တင်ထပ်သော သင်၏ ဤဗိမာန်သည် သိကြားမြို့ကဲ့သို့ နတ်သမီး နတ်သား စည်းစိမ်ချမ်းသာတို့နှင့် ပြည့်စုံ၏။

၆၄၉။ ဤဗိမာန်၌ ကြာပဒုမာ ကုမုဒြာ ကြာဖြူ ကြာနီ ကြိုညိုသည်၎င်း၊ ဇွန်ပန်း ခေါင်ရမ်းပန်း လိပ်ဆူးရွှေပန်းတို့သည်၎င်း၊ (ပင်လုံးကျွတ်) ပွင့်ကုန်သော အင်ကြင်းပင်တို့သည်၎င်း၊ ပွင့်ကုန်သော သော်ကပင်တို့သည်၎င်း ရှိကုန်၏၊ ဤဗိမာန်သည် အထူးထူးသော မြတ်သောသစ်ပင်တို့၏ မွှေးကြိုင်သော အနံ့တို့ဖြင့် သင်းထုံကြိုင်လှိုင်၏။

၆၅၀။ အခြံအရံရှိသော နတ်သမီး သင်၏ ဗိမာန်အနီး၌ တည်သော နှလုံးမွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် ထင်းရူးပင် တောင်ပိန္နဲပင် မွှေးကြိုင်သော ဘုဇကပင်တို့နှင့်လည်း ယှဉ်၏၊ ထန်းအုန်းအစရှိသောမြက်မျိုး၊ ကောင်းစွာပွင့်၍ တွဲရရွဲကျသော နွယ်မျိုးတို့နှင့်လည်း ယှဉ်၏၊ မြကွန်ရက်နှင့်တူသော ရေလည်း ရှိ၏။

၆၅၁။ ရေ၌ပေါက်ကုန်သော အပွင့်မျိုးဖြစ်ကုန်သော ပန်းပင်တို့သည်၎င်း၊ ကြည်းကုန်း၌ ပေါက်ကုန်သော အပင်မျိုးဖြစ်ကုန်သော ပန်းပင်တို့သည်၎င်း၊ လူ့ပြည်၌ ရှိကုန် မရှိကုန်သော သစ်ပင် နတ်ပြည်၌ဖြစ်ကုန်သော သစ်ပင် အားလုံးတို့သည်၎င်း သင်၏ နေရာဗိမာန် အနီး၌ ပေါက်ရောက်ကုန်၏။

၆၅၂။ ကော့သော မျက်တောင်ရှိသော နတ်သမီး ဤအကျိုးသည် အဘယ်သို့သော ကိုယ်နူတ်နှလုံး စောင့်စည်းခြင်း ဣနြေ္ဒကို ဆုံးမခြင်း၏ အကျိုးဖြစ်ပါသနည်း၊ အကျိုးပေးရန် အားထုတ်အပ်သော အဘယ်ကံ၏ အစွမ်းဖြင့် သင်သည် ဤဗိမာန်၌ ဖြစ်လာရသနည်း၊ အကြင်ကံကြောင့် သင်သည် ဤဗိမာန်ကို ရ၏၊ ငါမေးမြန်းသည်အားလျော်စွာ ထိုကံကို ဖြေကြားပါလော့ (ဟု အသဆင်ဝင်္ဂီသ က မေး၏)။

၆၅၃။ အကြင်ကုသိုလ်ကံကြောင့်လည်း ကြိုးကြာ ဥဒေါင်း ဇင်ယော်ငှက် အပေါင်းတို့၏ သွားလာရာဖြစ်၍ ရေပေါ်ငှက် ဟင်္သာငှက်မင်းတို့၏ ကျက်စားရာဖြစ်သော စစ္စလီငှက် ဥသြငှက်တို့၏ မြည်တွန်ရာဖြစ်သော ဤဗိမာန်ကို အကျွန်ုပ်ရအပ်ပါ၏၊ အရှင်ဘုရား (ဗိမာန်ရကြောင်း ဖြစ်သော) ထိုကံကို အရှင်ဘုရားအား လျှောက်ကြားပါအံ့၊ နားထောင်တော်မူပါ။

၆၅၄။ အကြင် ကုသိုလ်ကံကြောင့်လည်း အထူးထူးသော အကိုင်း အခက်တို့ဖြင့် ဆန်းကြယ်သော သစ်ခွတ်ပင် သပြေပင် သော်ကပင်လည်းရှိသော ဤဗိမာန်ကို အကျွန်ုပ် ရအပ်ပါ၏၊ အရှင်ဘုရား (ဗိမာန်ရကြောင်း ဖြစ်သော) ထိုကံကို အရှင်ဘုရားအား လျှောက်ကြားပါအံ့၊ နားထောင်တော်မူပါ။

၆၅၅။ အရှင်ဘုရား မဂဓတိုင်းမြတ်၏ အရှေ့အရပ်မျက်နှာ၌ နာဠကမည်သော ရွာရှိပါ၏၊ ထိုရွာ၌ အကျွနိုပ်သည် ရှေးဘ၀က (သူကြွယ်မျိုးဝယ်) ချွေးမဖြစ်ခဲ့ဘူးပါ၏၊ ထိုရွာ၌ အကျွန်ုပ်ကို ပေသ၀တီဟူ၍ လူအများ သိကြပါကုန်၏။

၆၅၆။ အရှင်ဘုရား ထိုအကျွန်ုပ်သည် အကျိုးအကြောင်း၌ လိမ်မာတော်မူသည့် မြတ်စွာဘုရားကို ရိုသေလေးစားတတ်သော နတ်လူအပေါင်းတို့ ပူဇော်အပ်သော များမြတ်သော ဂုဏ်ကျေးဇူးရှိတော်မူသော မနိုင်းယှဉ်အပ်သော ဂုဏ်ရှိသော ပရိနိဗ္ဗာန် စံလွန်တော်မူသော ဥပတိဿအမည်ရသော အသျှင်သာရိပုတြာမထေရ်မြတ်ကို ၀မ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပန်းတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ပါ၏။

၆၅၇။ အရှင်ဘုရား အလွန်မြတ်သော အနုပါဒိသေသနိဗ္ဗာန်သို့ ကြွသွားတော်မူသော အဆုံးစွန်သော ကိုယ်ခန္ဓာကိုဆောင်သော ပြန့်ပြောကောင်းမြတ်သော ရဟန်းကို ပူဇော်ခြင်းကြောင့် အကျွန်ုပ်သည် လူ၌ဖြစ်သော ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် တာဝတိံသာနတ်အဖြစ်သို့ ရောက်၍ ဤနတ်ပြည်ဝယ် ဤဗိမာန်ကို အုပ်စိုးနေရပါ၏ (ဟု ဖြေကြား၏)။

ခုနှစ်ခုမြောက်သော ပေသ၀တီဝိမာန၀တ္ထု ပြီး၏။

၆ - ဒဒ္ဒလ္လ၀ိမာန၀တ္ထု

၆၁၉။ များသော အခြံအရံရှိသော (ဘဒ္ဒါနတ်သမီး) သင်သည် အဆင်းအားဖြင့်၎င်း အခြံအရံအားဖြင့်၎င်း ထွန်းလင်းတောက်ပလျက် တာဝတိံသာနတ်အားလုံးတို့ကို အရောင်အဆင်းဖြင့် လွန်၍ တင့်တယ်ဘိ၏ (ဟု သုဘဒ္ဒါနတ်သမီးက ဆို၏)။

၆၂၀။ အကျွန်ုပ်သည် သင့်ကို မမြင်ဘူးပါ၊ ဤယခု မြင်ရခြင်းသည် ရှေးဦးစွာ မြင်ရခြင်းပါတည်း၊ အဘယ်နတ်ပြည်မှလာ၍ အကျွန်ုပ်ကို (ဘဒ္ဒါဟု) အမည်ဖြင့် ခေါ်ဆိုဘိသနည်း (ဟု ဘဒ္ဒါနတ်သမီးက မေး၏)။

၆၂၁။ အရှင်မ ဘဒ္ဒါ အကျွန်ုပ်သည် ရှေးလူ့ဘ၀က သုဘဒ္ဒါအမည်ဖြင့် ဖြစ်ခဲ့ပါ၏၊ သင်နှင့် လင်တူ မယားလည်း ဖြစ်ခဲ့ပါ၏၊ သင်၏ ညီမငယ်လည်း ဖြစ်ခဲ့ပါ၏။

၆၂၂။ ထိုအကျွန်ုပ်သည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ထိုလူ့ အဖြစ်မှ လွတ်ကင်း၍ သေလွန်သည်ရှိသော် နိမ္မာနရတိပြည်၌ ဖြစ်ရပါ၏ (ဟု သုဘဒ္ဒါ နတ်သမီးက ဖြေကြား၏)။

၆၂၃။ သုဘဒ္ဒါ သင်သည် မိမိဖြစ်ရာဘ၀ကို အကြင် နိမ္မာနရတိနတ်တို့၏ အတွင်းဝယ် ဖြစ်ရပါ၏ဟု ပြောကြား၏၊ ထိုနိမ္မာနရတိနတ်ဘုံတို့သို့ ကုသိုလ်များစွာပြုသော သတ္တ၀ါတို့သည်သာ ရောက်နိုင်ကြကုန်၏။

၆၂၄။ ထိုသို့ဖြစ်လျက် သင်သည် အဘယ်အကြောင်းကြောင့် အဘယ်သူကမူလည်း ဆုံးမသည်ဖြစ်၍ အဘယ်သို့သော သဘောရှိသော အလှူပေးခြင်းဖြင့်၎င်း၊ အဘယ်သို့ သဘောရှိသော အကျင့်သီလဖြင့်၎င်း အခြံအရံ အကျော်အစောရှိပါသနည်း။

၆၂၅။ သုဘဒ္ဒါ နတ်သမီး သင်သည် ဤသို့ သဘောရှိသော အခြံအရံ အကျော်အစောသို့ ရောက်၍ ပြန့်ပြော များမြတ်သော အကျိုးထူးကို ရဘိသနည်း၊ ဤအကျိုးထူးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးထူးပါသနည်း၊ သင့်ကို ငါမေး၏၊ သင်ဖြေကြားပါလော့ (ဟု မေး၏)။

၆၂၆။ ရှေးဘ၀က မြတ်သော အလှူကိုခံထိုက်သော သံဃာတော်အား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ရှစ်ပါးစာသော ဆွမ်းတို့ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၆၂၇-၈။ ထိုကုသိုလ်ကြောင့် အကျွန်ုပ်အား ထိုသို့ သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏၊ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပါပါ၏ (ဟု ဖြေကြား၏)။

၆၂၉။ ငါသည် ကိုယ်နူတ်နှလုံး စောင့်စည်းကုန်သော မြတ်သော မဂ်အကျင့်ကို ကျင့်ကုန်သောသင့်ထက် (အရေအတွက်)များစွာကုန်သော ရဟန်းတို့ကို ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ကိုယ်ထိလက်ရောက် ဆွမ်းအဖျော်ဖြင့် ရောင့်ရဲစေခဲ့ဘူးပါ၏။

၆၃၀။ ငါသည် သင့်ထက် များစွာ ပေးလှူခဲ့ပါလျက် ယုတ်နိမ့်သော (တာဝတိံသာနတ်ဘုံ) ၌ ဖြစ်လာရ၏၊ သင်သည်ကား အနည်းငယ်မျှသာ ပေးလှူခဲ့ပါလျက် အဘယ်ကြောင့် ပြန့်ပြောများမြတ်သော အကျိုးထူးကို ရဘိသနည်း၊ သုဘဒ္ဒါနတ်သမီး ဤအကျိုးသည် အဘယ် ကုသိုလ်ကံ၏ အကျိုးထူးနည်း၊ သင့်ကို ငါမေး၏၊ ဖြေကြားပါလော့ (ဟု မေး၏)။

၆၃၁။ ရှေးဘ၀၌ နှလုံးကို ပွါးစေတတ်သော ရေ၀တ အမည်ရှိသော ရဟန်းသည် အကျွန်ုပ် ဖူးမြင်ဘူးသော ရဟန်း ဖြစ်ပါ၏၊ မိမိလျှင် ရှစ်ယောက်မြောက်သော ထိုရေ၀တမည်သော ရဟန်းကို ဆွမ်းဖြင့် အကျွန်ုပ် ပင့်ဘိတ်ခဲ့ပါ၏။

၆၃၂။ အကျွန်ုပ်၏ အကျိုးကို ရှေးရှူလိုလားသော ထိုအသျှင်ရေ၀တသည် အကျွနုပ်ကို သနားသဖြင့် သံဃာတော်အား ပေးလှူလော့ဟု ဆို၏၊ အကျွနုပ်သည် ထိုအသျှင်ရေ၀တ၏ စကားကို လိုက်နာခဲ့ပါ၏။

၆၃၃။ သံဃာသို့ရောက်သော ထိုအလှူသည် မနိုင်းယှဉ်သော အကျိုး၌ တည်၏၊ သင်သည် ပုဂ္ဂိုလ်တို့အား ပေးလှူခဲ့၏၊ သင်၏ ထိုပုဂ္ဂလိကအလှူသည် အကျိုး မကြီး (ဟု ဖြေကြား၏)။

၆၃၄။ သံဃာတော်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏ဟု ယခုမှ သာလျှင် အကျွန်ုပ် သိရပါ၏၊ ထိုအကျွန်ုပ်သည် လူအဖြစ်သို့ ရောက်သည်ရှိသော် အလှူခံပုဂ္ဂိုလ်တို့၏ အခြင်းအရာကို သိ၍ ၀န်တိုမူကင်းလျက် မမေ့မလျော့ပဲ သံဃာအား လှူဖွယ်ဝတ္ထုတို့ကို အခါခါပေးလှူပါတော့အံ့ (ဟု ပြောဆိုဝန်ခံ၏)။

၆၃၅။ သဒ္ဒါ အကြင်နတ်သမီးသည် သင်နှင့်အတူ စကားပြောဆို၏၊ တာဝတိံသာနတ်အားလုံးတို့ထက် အရောင်အဆင်းဖြင့် လွန်၍ တင့်တယ်၏၊ ထိုနတ်သမီးသည် အဘယ်မည်သော နတ်သမီးနည်း (ဟု သိကြားမင်းက မေး၏)။

၆၃၆။ နတ်တို့အရှင် သိကြားမင်း (ထိုနတ်သမီးသည်) လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ် အခါက အကျွန်ုပ်၏ လင်တူ မယားလည်း ဖြစ်ခဲ့ဘူးပါ၏၊ ညီမငယ်လည်း ဖြစ်ခဲ့ဘူးပါ၏၊ သံဃာအား အလှူဒါနတို့ကို ပေးလှူခြင်းကြောင့် ပြုအပ်ပြီးသော ကောင်းမူရှိသည်ဖြစ်၍ အထူး တင့်တယ်ပါ၏ (ဟု ဖြေကြား၏)။

၆၃၇။ သဒ္ဒါ ရှေ့ဘ၀၌ သင့်ညီမသည် မနိုင်းယှဉ်အပ်သော ဂုဏ်ရှိသော သံဃာ၌ အလှူကို တည်စေသောကြောင့် လျောက်ပတ်သော အကြောင်းဖြင့် သင့်ထက် တင့်တယ်၏။

၆၃၈။ ထိုစကားမှန်၏၊ အကြင်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏၊ ထိုအလှူခံပုဂ္ဂိုလ်အား ပေးကမ်းခြင်း၏ အကျိုးကို ၀ိဇ္ဈကုဋ်တောင်၌ (သီတင်းသုံးနေတော်မူသော) မြတ်စွာဘုရားအား ငါမေးခဲ့ဘူး၏။

၆၃၉။ ပေးလှူကုန်သော လူတို့၏၎င်း ကုသိုလ်ကောင်းမူကို လိုလားကုန်သည်ဖြစ်၍ ပြည့်စုံမူတည်ရာ “ဥပဓိ” လျှင် အကျိုးရှိသည့် ကောင်းမူကို ပြုကုန်သော သတ္တ၀ါတို့၏၎င်း အဘယ်အလှူခံပုဂ္ဂိုလ်အား ပေးလှူသော အလှူသည် အကျိုးကြီးမြတ်သနည်း (ဟု ငါမေးခဲ့ဘူး၏)။

၆၄၀။ အကြင် အလှူခံပုဂ္ဂိုလ်အား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏၊ ထိုအလှူခံပုဂ္ဂိုလ်အား ခွဲဝေပေးကမ်းခြင်း၏ အကျိုးကို၎င်း၊ သတ္တ၀ါတို့၏ ဥစ္စာဖြစ်သော ကံ၏ အကျိုးနှစ်ပါးကို၎င်း သိတော်မူသော မြတ်စွာဘုရားသည် ထိုအမေးကို ငါ့အားဖြေကြားတော်မူ၏။

၆၄၁။ ကျင့်ဆဲမဂ်ပုဂ္ဂိုလ် လေးယောက်တို့သည်၎င်း၊ ဖိုလ်၌တည်ကုန်သော ပုဂ္ဂိုလ်လေးယောက်တို့သည်၎င်း ဤပုဂ္ဂိုလ်ရှစ်ယောက် အပေါင်းသံဃာသည် ဖြောင့်မတ်ခြင်းသို့ ရောက်၏၊ ပညာသီလနှင့် ပြည့်စုံ၏။

၆၄၂။ ပေးလှူကုန်သော လူတို့၏၎င်း၊ ကုသိုလ်ကောင်းမူကို လိုလားကုန်သည်ဖြစ်၍ ပြည့်စုံမူ၏ တည်ရာ “ဥပဓိ” လျှင် အကျိုးရှိသည့် ကောင်းမူကို ပြုကုန်သော သတ္တ၀ါတို့၏၎င်း သံဃာအား ပေးလှူသော ကုသိုလ်သည် အကျိုးကြီးမြတ်၏ (ဟု ဖြေကြားတော်မူ၏)။

၆၄၃။ ထိုသံဃာတော်သည်သာလျှင် ပြန့်ပြော၏၊ မြင့်မြတ်သည့်အဖြစ်သို့ ရောက်၏၊ သမုဒ္ဒရာသည် (ရေအားဖြင့်) မရေမတွက်နိုင်သကဲ့သို့ ထိုသံဃာတော်သည် မိမိ၏ဂုဏ်အားဖြင့် မရေတွက်နိုင်၊ တရားတော်ကို ညွန်ပြတတ်ကုန်သော လူတို့တွင် လုံ့လနှင့် ပြည့်စုံတော်မူသည့် မြတ်စွာဘုရား၏ တပည့်သားဖြစ်ကုန်သော ပညာအလင်းကို ပြုတတ်ကုန်သော ထိုသံဃာတို့သည်သာလျှင် မြတ်ကုန်၏။

၆၄၄။ အကြင်သူတို့သည် သံဃာတော်ကို ရည်မှတ်၍ အလှူကို ပေးလှူကုန်၏၊ ထိုသူတို့၏ ပေးလှူခြင်းသည် ကောင်းသော ပေးကမ်းလှူဒါန်းပူဇော်ခြင်းပင် ဖြစ်၏၊ သံဃာ၌တည်သော ထိုအလှူကို အကျိုးကြီးမြတ်၏ (ဟု) လောကသုံးပါးကို သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ချီးမွမ်းတော်မူအပ်ကုန်၏။

၆၄၅။ လောက၌ အကြင်သူတို့သည် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက် ဤသို့သေဘာရှိသော (သံဃာကို ရည်မှတ်၍ ပြုသည့်) ကောင်းမူကို အဖန်တလဲလဲ အောက်မေ့ကုန်သည်ဖြစ်၍ သွားလာလှည့်လည် နေကုန်၏၊ ထိုသူတို့သည် ၀န်တိုမူ အညစ်အကြေးကို အကြောင်းရင်းနှင့်တကွ ပယ်ဖျောက်ကုန်၍ (ပညာရှိတို့) အကဲ့ရဲ့ မခံရကုန်ပဲ နတ်ပြည်သို့ ကပ်ရောက်ကြရကုန်၏။

ခြောက်ခုမြောက်သော ဒဒ္ဒလ္လ၀ိမာန၀တ္ထု ပြီး၏။

Saturday 16 July 2011

၁၂ - ဖာဏိတဒါယိကာဝိမာန၀တ္ထု (၁-၂၅)

၅၁၂ - ဖာဏိတဒါယိကာဝိမာန၀တ္ထု (၁)

၄၁၇။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေဘိသနည်း။

၄၂၀။ ထိုနတ်သမီးသည်။ ပ။ အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား၏။

၄၂၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား တင်လဲကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၁၃ - ဥစ္ဆုခဏ္ဍိကဒါယိကာဝတ္ထု (၂)
၄၂၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ကြံပိုင်းကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၁၄ - တိမ္ဗရုသကဒါယိကာဝိမာန၀တ္ထု (၃)
၄၃၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရန်းအား တည်သီးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၁၅ - ကက္ကာရိကဒါယိကာဝိမာန၀တ္ထု (၄)
၄၄၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သခွါးငဆစ်သီးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၁၆ - ဧဠာလုကဒါယိကာဝိမာန၀တ္ထု (၅)
၄၅၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သခွါးငကြောင်သိးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၁၇ - ၀လ္လိဖလဒါယိကာဝိမာန၀တ္ထု (၆)
၄၆၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖရုံသီးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၁၈ - ဖာရုသကဒါယိကာဝိမာန၀တ္ထု (၇)
၄၆၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဖက်သက်တရော်သီးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၁၉ - တ္ထပ္ပတာပကဒါယိကာဝိမာန၀တ္ထု (၈)
၄၇၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား မီးအိုးကင်းကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၀ - သာကမုဋ္ဌိဒါယိကာဝိမာန၀တ္ထု (၉)
၄၈၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လက်တဆုပ်မျှသော ဟင်းရွက်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၁ - ပုပ္ဖကမုဋ္ဌိဒါယိကာဝိမာန၀တ္ထု (၁၀)
၄၉၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လက်တဆုပ်မျှသော ပန်းကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၂ - မူလကဒါယိကာဝိမာန၀တ္ထု (၁၁)
၅၀၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား အမြစ်(ခဲဘွယ်)ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၃ - နိမ္ဗမုဋ္ဌိဒါယိကာဝိမာန၀တ္ထု (၁၂)
၅၀၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လက်တစ်ဆုပ်မျှသော တမာရွက်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၄ - အမ္ဗကဉ္ဇိကဒါယိကာဝိမာန၀တ္ထု (၁၃)
၅၁၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ပုန်းရည်ချဉ်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၅ - ဒေါဏိနိမ္မဇ္ဇနိဒါယိကာဝိမာန၀တ္ထု (၁၄)
၅၂၅ - အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား နှမ်းဆီထွေးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၆ - ကာယဗန္ဓနဒါယိကာဝိမာန၀တ္ထု (၁၅)
၅၃၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ခါးပန်းကြိုးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၇ - အံသဗဒ္ဓကဒါယိကာဝိမာန၀တ္ထု (၁၆)
၅၄၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ပုခုံးဖွဲ့ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၈ - အာယောဂပဋ္ဋဒါယိကာဝိမာန၀တ္ထု (၁၇)
၅၄၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား အာယောဂပဋ်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၂၉ - ၀ိဓူပနဒါယိကာဝိမာန၀တ္ထု (၁၈)
၅၅၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား လေးထောင့်ယပ်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၃၀ - တာလ၀ဏ္ဋဒါယိကာဝိမာန၀တ္ထု (၁၉)
၅၆၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ထန်းရွက်ယပ်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၃၁ - မောရဟတ္ထဒါယိကာဝိမာန၀တ္ထု (၂၀)
၅၇၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဥဒေါင်းတောင်တို့ဖြင့် ပြုအပ်သော ခြင်နှင်ယပ်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၃၂ - ဆတ္တဒါယိကာဝိမာန၀တ္ထု (၂၁)
၅၈၁။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ထီးကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၃၃ - ဥပါဟနဒါယိကာဝိမာန၀တ္ထု (၂၂)
၅၈၉။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ဘိနပ်ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၃၄ - ပူဝဒါယိကာဝိမာန၀တ္ထု (၂၃)
၅၉၇။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား မုံ့ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၃၅ - မောဒကဒါယိကာဝိမာန၀တ္ထု (၂၄)
၆၀၅။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား ကတွတ်မုံ့ကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၃၆ - သက္ခလိကာဒါယိကာဝိမာန၀တ္ထု (၂၅)
၆၁၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား သကာခဲကို ပေးလှူခဲ့ဘူးပါ၏။ ပ။

၆၁၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့ပ၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့် ပြည့်စုံသော နတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြတ်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၆၁၅-၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်းသည် ဖြစ်ပါ၏။ ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းပပါ၏။

၆၁၇။ အလိုရှိအပ်သော အဆင်းရှိကုန်သော နတ်သမီးတို့ကို မြင်ရပြီ၊ ထို့ကြောင့် ဤတာဝတိံသာ နတ်ပြည်သို့ အကျွန်ုပ်၏ လာရောက်ခြင်းသည် ကောင်းသော လာရောက်ခြင်းပေတည်း၊ ယနေ့ အကျွန်ုပ်၏ မိုးသောက်ခြင်းသည် ကောင်းသော မိုးသောက်ခြင်း ပေတကား၊ ယနေ့ အကျွန်ုပ်၏ အိပ်ရာမှ ထခြင်းသည် ကောင်းသော ထခြင်းပေတကား။

၆၁၈။ ထိုနတ်သမီးတို့၏ ကုသိုလ်တရားကို ကြားနာရ၍ အလှူပေးခြင်းဖြင့်၎င်း၊ ကောင်းသော အကျင့်ကို ကျင့်ခြင်းဖြင့်၎င်း၊ စောင့်စည်းခြင်းဖြင့်၎င်း၊ ဣနြေ္ဒတို့ကို ဆု့းမခြင်းဖြင့်၎င်း များစွာသော ကုသိုလ်ကို ပြုပါတော့အံ့၊ အကြင်နိဗ္ဗာန်သို့ ရောက်သည်ရှိသော် မစိုးရိမ်ရကုန်၊ ထိုအကျွန်ုပ်သည် များစွာသော ကုသိုလ်ကိုပြု၍ ထိုမစိုးရိမ်ရရာ နိဗ္ဗာန်အရပ်သို့ သွားပါတော့အံ့ (ဟု ဂုတ္တိလဆရာက ဆို၏)။

ငါးခုမြောက်သော ဂုတ္တိလ၀ိမာန၀တ္ထု ပြီး၏။

၁၁ - ခီရောဒနဒါယိကာဝိမာန၀တ္ထု (၃)

၄၀၉။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေဘိသနည်း။

၄၁၀-၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သော အရောင်အဆင်း ဖြစ်သနည်း။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၄၁၂။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၄၁၃။ အကျွန်ုပ်သည် ဆွမ်းခံလှည့်လည်သော ရဟန်းအား နို့ဆွမ်းကို ပေးလှူခဲ့ဘူးပါ၏၊ ဤသို့ နို့ဆွမ်းပေးလှူသော ကံကို ပြုခဲ့သောကြောင့် နတ်ရွာသုဂတိသို့ ကပ်ရောက်၍ ၀မ်းမြောက်ရပါ၏။

၄၁၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၄၁၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

(အခြားမဲ့ဖြစ်သော နှစ်ဆယ့်ငါးပါးသော ၀ိမာန၀တ္ထုကို ခီရောဒနဒါယိကာ ၀ိမာန၀တ္ထုကို အကျယ်ပြသကဲ့သို့ အကျယ်ပြအပ်၏)။

၁၀ - အပရကမ္မကာရိနီဝိမာန၀တ္ထု (၄)

၄၀၁။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေဘိသနည်း။

၄၀၄။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၄၀၅။ အကျွန်ုပ်သည် သူတပါးတို့၏ အမူကြီးငယ်ကို လုပ်ဆောင်ရသော အမူကိစ္စ၌ မပျင်းမရိသော ကျွန်မဖြစ်ခဲ့ဘူးပါ၏၊ အမျက် မထွက်တတ်ပါ၊ အလွန် ထောင်လွှားတတ်သော မာန်မာနလည်း မရှိခဲ့ပါ၊ မိမိ အဘို့ဘာဂကို(အလိုရှိကုန်သူတို့အား) ခွဲဝေ ပေးကမ်းတတ်သော အလေ့ ရှိခဲ့ဘူးပါ၏။

၄၀၆။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၄၀၇-၈။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၉ - ဥပဋ္ဌာန၀ိမာန၀တ္ထု (၃)

၃၉၃-၄-၅။အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေဘိသနည်း။

၃၉၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၉၇။ အကျွန်ုပ်သည် ကြမ်းကြုတ်ကုန်သော အမျက်လည်း ထွက်တတ်ကုန်သော ရုန်ကရင်းသော စကားလည်း ရှိကုန်သော ယောက္ခမ မိန်းမသူကို၎င်း၊ ယောက္ခမ ယောက်ျားသူကို၎င်း ငြူစူခြင်းကင်းကာ လုပ်ကျွေးခဲ့ပါ၏၊ မိမိဥစ္စာဖြစ်သော သီလအားဖြင့် မမေ့မလျော့ ဖြစ်ခဲ့ပါ၏။

၃၉၈။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၉၉။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၈ - ဥဒကဒါယိကာဝိမာန၀တ္ထု (၂)

၃၈၅-၆-၇။အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေဘိသနည်း။

၃၈၈။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၈၉။ ရေဆိပ်၌ တည်သော အကျွန်ုပ်သည် အထူး ကြည်လင်သော စိတ်ဖြင့် ရဟန်းအား သောက်ရေ သုံးဆောင်ရေကို ပေးလှူခဲ့ပါ၏၊ ဤသို့ ချစ်မြတ်နိုးဖွယ် ၀တ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၉၀။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၇ - ဧကူပေါသထ၀ိမာန၀တ္ထု (၁)

၃၇၇-၈-၉။ အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်း တောက်ပစေဘိသနည်း။

၃၈၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၈၁။ အကျွန်ုပ်သည် ခရီးသွားကုန်သော ရဟန်းယောက်ျားတို့ကို၎င်း၊ ရဟန်းမိန်းမတို့ကို၎င်း ဖူးမြင်ခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုရဟန်းတို့၏ တရားကို ကြားနာရ၍ တနေ့မျှ ဥပုသ်သုံးခြင်းကို ကျင့်သုံးခဲ့ပါ၏။

၃၈၂။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၈၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၆ - ဂန္ဓပဉ္စင်္ဂုလိကဒါယိကာဝိမာန၀တ္ထု

၃၇၀။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၃၇၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၃၇၂။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၇၃။ အကျွန်ုပ်သည် ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာပေးခြင်းကို ပေးလှူခဲ့ဘူးပါ၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၇၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၇၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။


(အခြားမဲ့ဖြစ်သော စတုရ၀ိမာန၀တ္ထုကို ဂန္ဓပဉ္စင်္ဂုလိက ဒါယိကာဝတ္ထုကို အကျယ်ပြသကဲ့သို့ ထို့အတူ အကျယ်ပြအပ်၏)။

၅ - ရသုတ္တမဒါယိကာဝိမာန၀တ္ထု (၄)

၃၆၁။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၃၆၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၃၆၃။ တန်ခိုးအာနုကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၃၆၄။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၆၅။ ကောင်းမြတ်သော အရသာကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်၎င်း၊ မိန်းမတို့တွင်၎င်း မြတ်၏၊ ဤနည်းအတိုင်း ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၆၆။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၆၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၎ - ဖလုတ္တမဒါယိကာဝိမာန၀တ္ထု (၃)

၃၅၃။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။



၃၅၄။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။



၃၅၅။ အာနုကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။



၃၅၆။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။



၃၅၇။ ကောင်းမြတ်သော သစ်သီးကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်၎င်း၊ မိန်းမတို့တွင်၎င်း မြတ်၏၊ ဤနည်းအတိုင်း ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။



၃၅၈။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။



၃၅၉-၃၆၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

Friday 15 July 2011

၃ - ဂန္ဓုတ္တမဒါယိကာဝိမာန၀တ္ထု (၂)

၃၄၅။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၃၄၆။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ပါကုန်သနည်း။

၃၄၇။ အာနုကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၃၄၈။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၄၉။ ကောင်းမြတ်သော နံ့သာကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်၎င်း၊ မိန်းမတို့တွင်၎င်း မြတ်၏၊ ဤနည်းအတိုင်း ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၅၀။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့်ပြည့်စုံသော နတ်သမီးဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင်ထက် မြက်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၅၁-၂။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်းဖြစ်ပါ၏၊ ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၂ - ပုပ္ဖုတ္တမဒါယိကာဝိမာန၀တ္ထု (၁)

၃၃၇။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၃၃၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၃၃၉။ အာနုကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏။ ပ။ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၃၄၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၄၁။ ကောင်းမြတ်သော အ၀တ်ကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်၎င်း မိန်းမတို့တွင်၎င်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ် ၀တ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၄၂။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့် ပြည့်စုံသောနတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင် ထက်မြတ်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၄၃-၃၄၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ကံထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ် အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၅ - ဂုတ္တိလ၀ိမာန(၁-၀တ္ထုတ္တမဒါယိကာဝိမာန၀တ္ထု)

၃၂၇။ ကောသိယအနွယ်ဖြစ်သော သိကြားမင်း ညို့ခုနှစ်ချောင်းရှိသော အလွန်သာယာသော အသံရှိသော နှလုံးမွေ့လျော်ဖွယ်ရှိသော စောင်းအတတ်ကို (မုသိလအား) သင်ကြားပေးခဲ့၏၊ ထိုမုသိလသည် အကျွန်ုပ်ကို မင်းယင်ပြင်၌ (လာခဲ့ အတတ်ကို ပြလှည့်ဟု) ခေါ် နေပါ၏၊ (သိကြားမင်းသည်) အကျွန်ုပ်၏ ကိုးကွယ်ရာဖြစ်ပါလော့။

၃၂၈။ ဆရာဂုတ္တိလ ငါသည် သင်၏ ကိုးကွယ်ရာဖြစ်အံ့၊ ငါသည် ဆရာသမားတို့အား ပူဇော်တတ်သောသူတည်း၊ သင့်ကို တပည့်(မုသိလ) သည် အနိုင်မရလတ္တံ့၊ သင်သည်သာလျှင် တပည့်ကို နိုင်ရလတ္တံ့။

၃၂၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၃၃၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင် အဆင်းဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာရကုန်သနည်း။

၃၃၁။ အာနုကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၃၃၂။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၃၃။ ကောင်းမြတ်သော အ၀တ်ကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်၎င်း မိန်းမတို့တွင်၎င်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ် ၀တ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၃၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့် ပြည့်စုံသောနတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင် ထက်မြတ်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၃၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ကံထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ် အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၃၃၆။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကြင် အ၀တ်ပုဆိုး ပေးလှူသော ကောင်းမူကို ပြုခဲ့ပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပထွန်းလင်းသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

(အခြားမဲ့ဖြစ်သော စတုရ၀ိမာန၀တ္ထုလေးခုကို ၀တ္ထုဒါယိကာဝတ္ထုကို အကျယ်ပြသကဲ့သို့ ထို့အတူ အကျယ်ပြအပ်၏)။


Thursday 14 July 2011

၎- လတာဝိမာန၀တ္ထု

၃၁၆။ တင့်တယ်ထွန်းပသည်ဖြစ်၍ ပညာရှိသော လတာနတ်သမီးသည်၎င်း၊ သဇ္ဇာနတ်သမီးသည်၎င်း၊ ပ၀ရာနတ်သမီးသည်၎င်း၊ အစ္စိမတိနတ်သမီးသည်၎င်း၊ သုတာနတ်သမီးသည်၎င်း ဘုန်းကျက်သရေရှိသော မင်းမြတ်ဖြစ်သော ဝေဿ၀ဏ်နတ်မင်း၏ သမီးတော်တို့ပါတည်း၊ ဟုတ်မှန်တိုင်းသော ဂုဏ်တို့ဖြင့် တင့်တယ်ကြပါကုန်၏။

၃၁၇။ ဤဟိမ၀န္တာတော၌ အေးမြသော ရေရှိသော ကြာတောရှိသော ဘေးမရှိသော (အနောတတ္တအိုင်မှ စီးဆင်းသော) မြစ်သို့ နတ်သမီး ငါးယောက်တို့သည် ရေချိုးရန် လာရောက်ကြပါကုန်၏၊ ထိုနတ်သမီးတို့သည် ထိုမြစ်၌ ရေချိုးကြကုန်ပြီးလျှင် မွေ့လျော်ပျော်ပါးကြကာ ကကုန် သီချင်းဆိုကုန်ကြပြီးလတ်သော သုတာနတ်သမီးသည် လတာနတ်သမီးကို မေးမြန်းပြောဆို၏။

၃၁၈။ ကြာပန်းတို့ကို ပန်ဆင်ထားသော ဦးစိုက်ပန်းလည်းရှိသော ရွှေစင်ရောင်ကဲ့သို့ ပြောင်ပြောင်ထွန်းပသည့် ကိုယ်ရောင် အဆင်းလည်းရှိသော နီနီတွေးတွေး မျက်ရေးတို့နှင့် ပြည့်စုံသည့် မျက်စိလည်းရှိသော ထက်ကောင်းကင်ဘုံဗိမာန်ဝယ် တင့်တယ်သော ရှည်သော အသက်ရှိသော အစ်မကြီးလတာ သင့်ကို အကျွန်ုပ်မေးပါ၏။ အဘယ်သို့သော ကုသိုလ်ကံက သင့်အား ကျော်စောခြင်း အခြံအရံများခြင်းကို ပြုပါသနည်း။

၃၁၉။ ကောင်းမြတ်သော အစ်မကြီးလတာ အဘယ်ကုသိုလ်ထူးကြောင့် သင်သည်လင်၏အထူး ချစ်မြတ်နိုး ခံရသူ ဖြစ်ရပါသနည်း၊ အဆင်းအားဖြင့် အလွန်အကျူး အထူးကောင်းမြတ်ခြင်းရှိသူ ဖြစ်ပါသနည်း၊ ကခြင်း သီခြင်း တီးမူတ်ခြင်း၌ လိမ်မာသူဖြစ်သနည်း၊ နတ်သား နတ်သမီးတို့က (လတာ အဘယ်မှာနည်း စသည်ဖြင့်) အမေးအမြန်း ခံနေရနသော သင်သည် အကျွန်ုပ်တို့အား ဖြေကြားပါလော့ (ဟု သုတာနတ်သမီးက မေး၏)။

၃၂၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက များမြတ်သော စည်းစိမ်ရှိသော အမျိုး၌ ချွေးမ ဖြစ်ခဲ့ဘူးပါ၏၊ အမျက်မထွက်တတ်ပါ၊ လင်၏အလိုသို့ လိုက်ခဲ့ပါ၏၊ ဥပုသ်စောင့်သုံးခြင်း၌ မမေ့ မလျော့ခဲ့ပါ။

၃၂၁။ အကျွန်ုပ်သည် လူဖြစ်စဉ်အခါက ငယ်ရွယ်သူပင် ဖြစ်သော်လည်း ယုတ်မာမူ မရှိခဲ့ပါ၊ ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ ခဲအို မတ် ယောက္ခမ (ယောက်ျားသူ) ကျွန်ယောက်ျား ကျွန်မိန်းမတို့နှင့် တကွသော လင်ကို နှစ်သက်စေခဲ့ပါ၏၊ ထိုချွေးမဖြစ်စဉ်အခါ၌ အကျွန်ုပ်သည် အကျော်အစော အခြံအရံ ပြည့်စုံကြောင်း ကောင်းမူကို ပြုခဲ့ပါ၏။

၃၂၂။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် အကြောင်းလေးပါးတို့ဖြင့် အခြားသော နတ်သမီးတို့ထက် ထူးကဲ သာလွန်သော အသက်ရှည်ခြင်းကို၎င်း၊ အဆင်းလှခြင်းကို၎င်း၊ ချမ်းသာကြီးခြင်းကို၎င်း၊ ခွန်အားကြီးခြင်းကို၎င်း၊ ရပါ၏၊ အတိုင်းမသိသော ပျော်မြူးမွေ့လျော်ခြင်းကိုလည်း ခံစားရပါ၏၊ (ဟု လတာနတ်သမီးက ပြော၏)။

၃၂၃။ ဤ အစ်မကြီးလတာ ပြောဆိုသော စကားကို သင်တို့ ကြားကြပြီ မဟုတ်ပါလော၊ အကျွန်ုပ်တို့သည် အကြင်စကားကို မေးကုန်၏၊ ထိုစကားကို အကျွန်ုပ်တို့အား ဖြေကြား၏၊ လင်တို့မည်သည်ကား မိန်းမဖြစ်ကုန်သော အကျွန်ုပ်တို့၏ ထူးကဲသော ကိုးကွယ်ရာလည်း ဖြစ်ကြပါကုန်၏၊ ထိုအကျွန်ုပ်တို့၏ မြတ်သော နတ်လည်း ဖြစ်ကြပါကုန်၏။

၃၂၄။ အကြင်လင်တို့၌ (ကျင့်ရာသောဝတ်နှင့် ပြည့်စုံအောင် ကျင့်သည်ရှိသော်) မိန်းမတို့သည် လင်ကို ရိုသေသူမိန်းမ (ပတိဗ္ဗတာ) မည်ကုန်၏၊ အကျွန်ုပ်တို့အားလုံးသည် လင်တို့၌ ကျင့်အပ်သော တရားကို ကျင့်ကြပါကုန်စို့၊ အကျွန်ုပ်တို့အားလုံးသည်လင်တို့၌ ကျင့်အပ်သော တရားကို ကျင့်ခြင်းကြောင့် ဤအစ်မကြီး လတာပြောဆိုသော စည်းစိမ်မျိုးကို ရကြပါကုန်လတ္တံ့။

၃၂၅။ တောင်စဉ် တောအုပ်၌ ကျက်စားလေ့ရှိသော အသားစားခြင်္သေ့သည် မဟိန္ဓရမည်သောတောင်၌ နေလျက် အခြေလေးချောင်းရှိကုန်ငယ်ကုန်သော သားကောင်းတို့ကို နှိမ်နင်းသတ်ဖြတ်၍ စားသကဲ့သို့ -

၃၂၆။ ထို့အတူသာလျှင် ဤလောက၌ ယုံကြည်မူ (သဒ္ဒါ) ရှိသော အရိယာတပည်မသည် လင်ကို အမှီပြု၍ လင်အားလျော်သော အကျင့်ရှိသည်ဖြစ်လျက် အမျက်ဒေါသကို ပယ်စွန့်ကာ ၀န်တိုမူ (မစ္ဆရိယ) ကို နှိမ်နှင်းပြီးလျှင် တရားကို ကျင့်လေ့ရှိ၏၊ ထိုမိန်းမသည် နတ်ပြည်၌ မွေ့လျော်ရ၏။

လေးခုမြောက်သော လတာဝိမာန၀တ္ထု ပြီး၏။

၃ - ပလ္လင်္က၀ိမာန၀တ္ထု

၃၀၇။ အာနုဘော်ကြီးသော နတ်သမီး ကျောက်မျက်ရတနာ ရွှေစင်တို့ဖြင့် ဆန်းကြယ်၍ ပန်းတို့ဖြင့်လည်း ပြွမ်းသော အိပ်ရာနေရာဖြစ်သော ပြန့်ပြော ကြီးကျယ်သော ထိုပလ္လင်မြတ်၌ တန်ခိုးအမျိုးမျိုး ဖန်ဆင်းလျက် နေဘိ၏။

၃၀၈။ ဤနတ်သမီးတို့သည်လည်း သင်၏ ထက်ဝန်းကျင်မှ ကလည်း ကကြကုန်၏၊ သီဆိုလည်း သီဆိုကြကုန်၏၊ ၀မ်းမြောက်လည်း ၀မ်းမြောက်ကုန်၏၊ အာနုဘော်ကြီးသော နတ်သမီး (သင်သည်) နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် ဤသို့တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ် ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း။

၃၀၉။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက စည်းစိမ်ကြွယ်ဝသော အမျိုး၌ ချွေးမဖြစ်ခဲ့ဘူးပါ၏၊ အမျက်အထွက်တတ်ပါ၊ လင်၏အလိုသို့ လိုက်ခဲ့ပါ၏၊ ဥပုသ်စောင့်ခြင်း၌ မမေ့ မလျော့ခဲ့ပါ။

၃၁၀။ အကျွန်ုပ်သည် လူဖြစ်စဉ်အခါက ငယ်ရွယ်သူပင် ဖြစ်သော်လည်း ယုတ်မာမူ မရှိခဲ့ပါ၊ ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ လင်ကို နှစ်သက်စေခဲ့ပါ၏၊ နေ့၌ဖြစ်စေ ညဉ့်၌ဖြစ်စေ နှစ်ခြိုက်ဖွယ်ကိုသာ ကျင့်လေ့ရှိသူ ဖြစ်ခဲ့ပါ၏၊ သီလရှိသူ ဖြစ်ခဲ့ပါ၏။

၃၁၁။ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏၊ ခိုးယူခြင်းမှ ကင်းခဲ့ပါ၏၊ စင်ကြယ်သော ကာယကံ ရှိခဲ့ပါ၏၊ စင်ကြယ်သော အကျင့်မြတ် ရှိခဲ့ပါ၏၊ သေရည်သေရက်ကို သောက်စားခြင်း မရှိခဲ့ပါ၊ မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပါ၊ သိက္ခာပုဒ် ငါးပါးတို့၌ ဖြည့်ကျင့်လေ့ ရှိခဲ့ပါ၏။

၃၁၂-၃။ အကျွန်ုပ်သည်ရှေးဘ၀က ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ လဆန်းပက္ခ၊ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သောနေ့၌၎င်း၊ တဆယ့်ငါးရက်မြောက်သောနေ့၌၎င်း၊ ရှစ်ရက်မြောက်သောနေ့၌၎င်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း တရားအားလျော်စွာ ကျင့်လေ့ရှိသည်ဖြစ်၍ နှစ်သိမ့်သော စိတ်ရှိသည်ဖြစ်လျက် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို စောင့်သုံးခဲ့ပါ၏၊ အပြစ်မရှိ၍ ချမ်းသာကို ပွါးစေတတ်သော မြတ်သော အင်္ဂါရှစ်ပါးတိှု့နှင့် ပြည့်စုံသော ဤဥပုသ်ကိုလည်း ကောင်းစွာ ဆောက်တည်ခဲ့၍ လင်၌ ကောင်းစွာကျင့်သော ဂုဏ်နှင့် ပြည့်စုံခဲ့ပါ၏၊ လင်၏ အလိုသို့ လိုက်ခဲ့ပါ၏၊ မြတ်စွာဘုရား၏ တပည့်သာဝိကာမ ဖြစ်ခဲ့ပါ၏။

၃၁၄။ သက်ရှိလောက လူ့ဘ၀၌ ဤသို့သဘောရှိသော ကုသိုလ်ကံကို ပြုခဲ့ခြင်းကြောင့် ထူးသောအဘို့ ရှိခဲ့ပါ၏၊ ခန္ဓာကိုယ် ပျက်စီးသည်မှ နောက် တမလွန်လောက၌ နတ်တန်ခိုးနှင့် ပြည်စုံခြင်းသို့ ရောက်၍ ကောင်းသော လားရာသုဂတိသို့ လားရောက်ခဲ့ရပါ၏။

၃၁၅။ နှလုံးမွေ့လျော်ဖွယ်ရှိ၍ မြတ်သော ဗိမာန်ပြဿာဒ်၌ အကျွန်ုပ်ကို နတ်သမီး အပေါင်းခြံရံအပ်ပါ၏၊ နတ်တို့၏ ဗိမာန်သို့ ရောက်၍ အသက်ရှည်သော အကျွန်ုပ်ကို မိမိတို့ အရောင်အ၀ါဖြင့် ထွန်းလင်းကုန်သော နတ်အပေါင်းတို့သည် မွေ့လျော် စေကြပါကုန်၏။

သုံးခုမြောက်သော ပလ္လင်္က၀ိမာန၀တ္ထု ပြီး၏။

Wednesday 13 July 2011

၂ - ဥစ္ဆုဒါယိကာဝိမာန၀တ္ထု

၂၉၆။ လ, နေတို့သည် ကောင်းကင်နှင့် တကွ ဤမြေကြီးကို ထွန်းပစေကုန်လျက် အလွန်တင့်တယ်ကြကုန် သကဲ့သို့ သင် နတ်သမီးသည် အလွန် တင့်တယ်ဘိ၏၊ ဗြဟ္မာမင်းသည် တာဝတိံသာနတ်ပြည်၌ နေကုန်သော သိကြားမင်းနှင့်တကွ နတ်တို့ကို သာလွန်၍ တင့်တယ်သကဲ့သို့ သင်သည် အသရေဖြင့်၎င်း၊ အရောင်အဆင်းဖြင့်၎င်း၊ အခြံအရံများဖြင့်၎င်း၊ တန်ခိုးအာနုဘော်ဖြင့်၎င်း သာလွန်၍ တင့်တယ်၏။

၂၉၇။ ကြာပန်းတို့ကို ပန်ဆင်သော (ရတနာဖြင့်ပြုသော) ဦးစိုက်ပန်းလည်း ရှိသော ရွှေရောင်စင်ကဲ့သို့ ပြောင်းပြောင်ထွန်းပသည့် ကိုယ်ရေအဆင်းလည်း ရှိသော တန်ဆာတို့ဖြင့် ဆင်ယင်သော ကိုယ်ရှိသော မြတ်သော အ၀တ်အရုံတို့ကိုလည်း ၀တ်ရုံသော တင့်တယ်သော နတ်သမီး သင့်ကို ငါမေးပါ၏၊ ငါ့ကို ရှိခိုးသော သင်ကား အဘယ်သူနည်း။

၂၉၈။ နတ်သမီး သင်သည် ရှေးက အဘယ်ကံကို ကိုယ်တိုင် ပြုခဲ့သနည်း၊ သင်သည် ရှေးဘ၀ လူဖြစ်ခဲ့စဉ်က အလှူပေးမူကိုလည်း လေ့ကျက်ခဲ့သလော၊ သို့မဟုတ် သီလစောင့်စည်းမူကိုမူလည်း ပြုခဲ့ဘူးသလော၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် နတ်ရွာ သုဂတိဘုံ၌ ပဋိသန္ဓေအားဖြင့် ဖြစ်၍ များသော အခြံအရံ ရှိသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်၏ အကျိုးနည်း၊ နတ်သမီး သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့။

၂၉၉။ အရှင်ဘုရား ယခုအခါ ဤရာဇဂြိုဟ်ပြည်၌ပင်လျှင် (အရှင်ဘုရားသည်) ဆွမ်းခံခြင်းငှါ အကျွန်ုပ်တို့၏ အိမ်သို့ ကပ်ရောက်ခဲ့ပါ၏၊ ထိုသို့ ကပ်ရောက်ခြင်းကြောင့် အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည်မရှိသော နှစ်သက်ခြင်းဖြင့် ကြံပိုင်းကို အရှင်ဘုရားအား ပေးလှူခဲ့ပါ၏။

၃၀၀။ အရှင်ဘုရား နောင်အခါ ယောက္ခမ (မိန်းမသူ) သည်လည်း “ချွေးမငယ်ကြံကို အဘယ်အရပ်၌ စွန့်ပစ်လိုက်သနည်း” ဟု အကျွန်ုပ်ကို မေးစိစစ်ခဲ့ပါ၏၊ ထိုသို့ မေးသော် “အရှင်မ အကျွန်ုပ်သည် ထိုကြံပိုင်းကို စွန့်လည်း မစွန့်ပစ်ပါ၊ ခဲစားလည်း မခဲစားပါ၊ ကိလေသာ ငြိမ်းပြီးသော ရဟန်းအား အကျွန်ုပ်ကိုယ်တိုင် ပေးလှူလိုက်ပါ၏” ဟု ပြောကြားပါ၏)။

၃၀၁။ အရှင်ဘုရား ယောက္ခမ (မိန်းမသူ)သည် “ဟယ်...ချွေးမ ဤအိမ်ကို အစိုးရသူသည် သင်ဖြစ်သလော၊ သို့မဟုတ် ငါဖြစ်သလော” ဟု အကျွန်ုပ်ကို ဆိုမြည်းကြိမ်းမောင်း ပါ၏၊ ထိုယောက္ခမ (မိန်းမသူ)သည် အင်းပျဉ်ကို ယူ၍ အကျွန်ုပ်အား ပုတ်ခတ်ပါ၏၊ အကျွန်ုပ်သည်ထို လူ့ဘ၀မှ စုတေ၍ ကွယ်လွန်သည်ရှိသော် နတ်သမီး ဖြစ်ပါ၏။

၃၀၂။ အကျွန်ုပ်သည် အပြစ်မရှိကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကံကိုသာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင် ခံစားရပါ၏၊ အကျွန်ုပ်သည် အပေါင်းအဖော် နတ်တို့နှင့်တကွ စမ္ပာယ်ရပါ၏၊ အကျွန်ုပ်သည် ကာမဂုဏ် ငါးပါးတို့ဖြင့် မွေ့လျော် စံပျော်ရပါ၏။

၃၀၃။ အရှင်ဘုရား အကျွန်ုပ်သည် အပြစ်မရှိ ကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိသော ထိုကြံပိုင်းလှူသော ကုသိုလ်ကံကိုသာလျှင် ပြုခဲ့ပါ၏၊ ချမ်းသာသော ကုသိုလ်ကံ၏ အကျိုးကိုလည်း ကိုယ်တိုင် သုံးဆောင် ခံစားရပါ၏၊ အကျွန်ုပ်သည် တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည် ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံပါ၏၊ ကာမဂုဏ် ငါးပါးတို့နှင့်လည်း ပြည့်စုံပါ၏။

၃၀၄။ ဤသို့သော ကောင်းမူ၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူသည် ကြီးသော အာနုဘော် ရှိပါ၏၊ တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံပါ၏၊ အရှင်ဘုရား မျက်စိတထောင် အမြင်ဆောင်သော သိကြားမင်းသည် နန္ဒ၀န်ဥယျာဉ်၌ မွေ့လျော် စံပျော်သကဲ့သို့ (အကျွန်ုပ်) စံပျော်ရပါ၏။

၃၀၅။ ဤသို့သော ကောင်းမူ၏ အကျိုးသည် များလှပါ၏၊ အကျွန်ုပ်၏ ကြံပိုင်းအလှူသည် ကြီးသော အာနုဘော် ရှိပါ၏၊ တာဝတိံသာနတ်တို့ စောင့်ရှောက်အပ်သည်ဖြစ်၍ သိကြားမင်းကဲ့သို့ လုံခြုံပါ၏၊ အရှင်ဘုရား မျက်စိတထောင် အမြင်ဆောင်သော သိကြားမင်းသည် နန္ဒ၀န်ဥယျာဉ်၌ မွေ့လျော် စံပျော်ရပါ၏။

၃၀၆။ အရှင်ဘုရားအကျွန်ုပ်သည် သနားခြင်းနှင့်ယှဉ်သော ပညာရှိသော အရှင်ဘုရားကိုလည်း ဆည်းကပ်၍ ရှိခိုးခဲ့ပါ၏၊ အရှင်ဘုရား၏ အနာရောဂါ မရှိခြင်းကို မေးခဲ့ပါ၏၊ ထိုပြင် အကျွန်ုပ်သည် စိတ်ရှိသည်ဖြစ်၍ အတိုင်းအရှည် မရှိသော နှစ်သက်ခြင်းဖြင့် အရှင်ဘုရားအား ကြံပိုင်းကို ပေးလှူခဲ့ပါ၏။

နှစ်ခုမြောက်သော ဥစ္ဆုဒါယိကာဝိမာန၀တ္ထု ပြီး၏။

Tuesday 12 July 2011

၃ - ပါရိစ္ဆတ္တက၀ဂ် (၁-ဥဠာရ၀ိမာန၀တ္ထု)

၂၈၆။ သင်၏ အခြံအရံသည် များမြတ်လှ၏၊ အရောင်အဆင်းသည်လည်း ကောင်းမြတ်လှ၏၊ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ တန်ဆာဆင်ယင်အပ်သော နတ်သမီးတို့သည်၎င်း၊ နတ်သားတို့သည်၎င်း ကလည်း ကကြကုန်၏ သီလည်း သီဆိုကြကုန်၏။

၂၈၇။ နတ်သမီး သင့်ကို ပူဇော်ခြင်းဖြင့် ၀မ်းမြောက်ကုန်၏၊ သင့်ကို ပူဇော်ရန် ခြံရံကုန်၏၊ ရူချင်စဖွယ်ဖြစ်သော နတ်သမီး သင်၏ ဤဗိမာန်တို့သည် ရွှေအတိ ဖြစ်ကုန်၏။

၂၈၈။ အလှိုအပ်သော ၀တ္ထုခပ်သိမ်းတို့နှင့် ပြည့်စုံသော သင်သည် ထိုနတ်သမီး နတ်သားတို့ကို အစိုးရသူဖြစ်၏၊ ကောင်းသော နတ်ပြည်၌ ဖြစ်လာ၍ ကြီးမြတ်သော အာနုဘော်ရှိသူလည်း ဖြစ်၏၊ နတ်ပြည်၌ မြတ်သော ၀မ်းမြောက်ခြင်းဖြင့် ၀မ်းမြောက်ရသူလည်းဖြစ်၏၊ နတ်သမီး ဤအကျိုးသည် အဘယ်ကုသိုလ်ကံ၏ အကျိုးနည်း၊ သင့်ကို ငါမေးပါ၏၊ သင်ဖြေကြားပါလော့ (ဟု အသျှင်မောဂ္ဂလ္လာန်ကမေးတော်မူ၏)။

၂၈၉-၂၉၀။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက သီလမရှိသော အမျိုး၌ ချွေးမ ဖြစ်ခဲ့ပါပြီ၊ အကျွန်ုပ်သည် ရတနာသုံးပါး၏ဂုဏ်၊ ကံ-ကံ၏အကျိုးကို ယုံကြည်မူ (သဒ္ဒါ) မရှိကုန်သော နှမြောစေးနှဲသော ယောက္ခမ စသည်တို့တွင် ယုံကြည်မူ (သဒ္ဒါ)၊ စောင့်ထိန်းမူ (သီလ)နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေလှူဒါန်းမူ၌ မွေ့လျော်ခဲ့ပါ၏၊ အကျွန်ုပ်သည် ဆွမ်းခံကြွလာသော အရှင်မြတ်အား အိုးကင်းမုံ့ကို ပေးလှူခဲ့ပါ၏။

၂၉၁။ အကျွန်ုပ်သည် ထိုအခါ ယောက္ခမ (မိန်းမသူ) အား “ဤအိမ်သို့ ရဟန်းသည် ကြွရောက်လာပါ၏၊ အကျွန်ုပ်သည် ထိုရဟန်းအား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အိုးကင်းမုံ့ကို ကိုယ်ထိလက်ရောက် ပေးလှူလိုက်ပါပြီ” ဟု ပြောကြားပါ၏။

၂၉၂။ ဤသို့ ပြောာကားသောအခါ ယောက္ခမ (မိန်းမသူ)သည် “ဟယ်ချွေးမ အကျွန်ုပ်သည် ရဟန်းအား ပေးလှူလို၏” ဟု ငါ့ကို ကြားလိုစိတ် မရှိခဲ့၊ သင်သည် (လူကြီး မိဘ) အဆုံးအမခံခဲ့ရသူမဟုတ်” ဟု ဆိုမြည် ကြိမ်းမောင်း၏။

၂၉၃။ ထိုသို့ ဆိုမြည် ကြိမ်းမောင်းပြီးနောက် ယောက္ခမ (မိန်းမသူ) သည် အမျက်ထွက်၍ ကျည်ပွေ့ဖြင့် အကျွန်ုပ်ကို ရိုက်ပါ၏၊ ပခုံးရိုး ကျိုးသည်တိုင်အောင် အကျွန်ုပ်ကို ရိုက်နှက်ညှဉ်းဆဲပါ၏၊ အကျွန်ုပ်သည် ကြာမြင့်စွာ အသက်ရှည်ခြင်းငှါ မတတ်နိုင်တော့ပါ။

၂၉၄။ ထိုအကျွန်ုပ်သည် ခန္ဓာကိုယ်ပျက်ခြင်းကြောင့် ထိုသို့သော ဆင်းရဲမှလွတ်၍ သေသည်ရှိသော် တာဝတိံသာနတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရပါ၏။

၂၉၅။ ထို ကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏။

ရှေးဦးစွာသော ဥဠာရ၀ိမာန၀တ္ထု ပြီး၏။

၁၁- ဒုတိယဘိက္ခာဒါယိကာဝိမာန၀တ္ထု

၂၇၈။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၇၉-၂၈၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၂၈၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ။ပ။ ဤ အကျိုး၏အကြောင်းကံ ပြဿနာကို မေးသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၂၈၂။ အကျွန်ုပ်သည် ရှေးဘ၀ လူ့လောက၀ယ်လူဖြစ်ခဲ့စဉ်က ....။

၂၈၃။ ကိလေသာမြူ ကင်းတော်မူသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျိသော စိတ်ရှိတော်မူသော ရဟန္တာကို ဖူးမြင်ခဲ့ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမြတ်စွာဘုရားအား ဆွမ်းကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၂၈၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်းအဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

တစ်ဆယ်တခုမြောက်သော ဒုတိယဘိက္ခာဒါယိကာဝိမာန၀တ္ထု ပြီး၏။

၁၀ - ပဌမဘိက္ခာဒါယိကာဝိမာန၀တ္ထု

၂၇၀။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၇၁-၂။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၂၇၃။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ။ပ။ ဤ အကျိုး၏အကြောင်းကံ ပြဿနာကို မေးသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၂၇၄။ အကျွန်ုပ်သည် ရှေးဘ၀ လူ့လောက၀ယ်လူဖြစ်ခဲ့စဉ်က ....။

၂၇၅။ ကိလေသာမြူ ကင်းတော်မူသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျိသော စိတ်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ထိုမြတ်စွာဘုရားအား ဆွမ်းကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ပါ၏။

၂၅၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်းအဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ဆယ်ခုမြောက်သော ဘိက္ခာဒါယိကာဝိမာန၀တ္ထု ပြီး၏။

၉-သုနိဒ္ဒါဝိမာန၀တ္ထု

၂၅၈။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့်။ပ။ တည်ဘိ၏။

၂၅၉-၂၆၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၂၆၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ။ပ။ ဤ အကျိုး၏အကြောင်းကံ ပြဿနာကို မေးသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၂၆၂။ ရာဇဂြိုလ်ပြည်၌ သုနိဒ္ဒါအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများသိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မူ (သဒ္ဒါ)၊ စောင့်ထိန်းမူ (သီလ)နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမူ၌ မွေ့လျော်ခဲ့ပါ၏။

၂၆၃။ (နိဒ္ဒါဝိမာန၀တ္ထုကို အကျယ်ပြသကဲ့သို့ သုနိဒ္ဒါဝိမာန၀တ္ထုကို အကျယ်ချဲ့အပ်၏။)

၂၅၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ်မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၅၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်းအဆင်း ဖြစ်ပါ၏။ပ။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ကိုးခုမြောက်သော သုနိဒ္ဒါဝိမာန၀တ္ထု ပြီး၏။

၈ - နိဒ္ဒါဝိမာန၀တ္ထု

၂၄၆။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၄၇-၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၂၄၉။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ။ပ။ ဤ အကျိုး၏အကြောင်းကံ ပြဿနာကို မေးသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၂၅၀။ ရာဇဂြိုလ်ပြည်၌ နိဒ္ဒါအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများသိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မူ (သဒ္ဒါ)၊ စောင့်ထိန်းမူ (သီလ)နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမူ၌ မွေ့လျော်ခဲ့ပါ၏။

၂၅၁။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သောစိတ်ဖြင့် အ၀တ်အရုံကို၎င်း၊ ဆွမ်းကို၎င်း၊ ကျောင်းအိပ်ရာနေရာကို၎င်း၊ ဆီမီးတန်ဆောင်ကို၎င်း ပေးလှူခဲ့ပါ၏။

၂၅၂။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သော နေ့၌၎င်း၊ တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း၊ ရှစ်ရက်မြောက်သော နေ့၌၎င်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။

၂၅၃။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နူတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထို ကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။

၂၅၄။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှ၎င်း၊ မပေးသည်ကို ခိုးယူခြင်းမှ၎င်း၊ လင်ကိုကျော်လွန်၍ ယောက်ျားတပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှ၎င်း၊ သေရည်သေရက် သောက်ခြင်းမှ၎င်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၅၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ်မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၅၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်းအဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ရှစ်ခုမြောက်သော နိဒ္ဒါဝိမာန၀တ္ထု ပြီး၏

၇ - ဥပေါသထာဝိမာန၀တ္ထု

၂၂၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၃၀-၁။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း။ပ။ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၂၃၂။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ။ပ။ ဤ အကျိုး၏ အကြောင်းကံ ပြဿနာကို မေးသည်အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၂၃၃။ သာကေတမြို့၌ ဥပေါသထာ အမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများသိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မူ (သဒ္ဒါ)၊ စောင့်ထိန်းမူ (သီလ)နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမူ၌ မွေ့လျော်ခဲ့ပါ၏။

၂၃၄။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သောစိတ်ဖြင့် အ၀တ်အရုံကို၎င်း၊ ဆွမ်းကို၎င်း၊ ကျောင်းအိပ်ရာနေရာကို၎င်း၊ ဆီမီးတန်ဆောင်ကို၎င်း ပေးလှူခဲ့ပါ၏။

၂၃၅။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သော နေ့၌၎င်း၊ တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း၊ ရှစ်ရက်မြောက်သော နေ့၌၎င်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။

၂၃၆။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နူတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထို ကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။

၂၃၇။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှ၎င်း၊ မပေးသည်ကို ခိုးယူခြင်းမှ၎င်း၊ လင်ကိုကျော်လွန်၍ ယောက်ျားတပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှ၎င်း၊ သေရည်သေရက် သောက်ခြင်းမှ၎င်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၃၈။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ်မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၃၉-၂၄၀။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်းအဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၂၄၁။ နန္ဒ၀န်ဥယျာဉ် (သတင်း)ကို မပြတ်ကြားရခြင်းကြောင့် အကျွန်ုပ်အား ထိုနန္ဒ၀န်ဥယျာဉ်၌ ဖြစ်လိုဆန္ဒ ဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်သည် နန္ဒ၀န်ဥယျာဉ်၌ စိတ်၏တောင့်တခြင်းကြောင့် ထိုနန္ဒ၀န်ဥယျာဉ်ရှိသော တာဝတိံသာနတ်ပြည်၌ ဖြစ်ရပါ၏။

၂၄၂။ သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၏ (ရဟန်းတို့ ငါသည် အနည်းငးယ်သော ဘ၀ကိုမျှ တပ်မက်ခြင်းကိုလည်း မချီးမွမ်း စသော) စကားတော်ကို မလိုက်နာခဲ့မိပါ၊ ထိုအကျွန်ုပ်သည် ယုတ်သော ဘ၀၌ စိတ်၏ တောင့်တခြင်းကြောင့် နောက်မှ နောင်တရသူ ဖြစ်ရပါ၏ (ဟု လျှောက်၏)။

၂၄၃။ ဥပေါသထာမည်သော နတ်သမီး သင်သည် ဤဗိမာန်၌ အဘယ်မျှလောက် ကြာမြင့်စွာ နေရလိမ့်မည်နည်း၊ အသက်ကို အကယ်၍ သိပါမူ ငါမေးအပ်သော သင်သည် ငါ့အား ဖြေကြားလော့ (ဟု အသျှင်မောဂ္ဂလ္လာန် မေး၏)။

၂၄၄။ ရဟန်းမြတ် အကျွန်ုပ်သည် သုံးကုဋေခြောက်သောင်းတို့ပတ်လုံး ဤနတ်ပြည်၌တည်၍ ဤနတ်ပြည်မှ စုတေသည်ရှိသော် လူတို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရလတ္တံ့ (ဟု လျှောက်၏)။

၂၄၅။ ဥပေါသထာမည်သော နတ်သမီး သင် မကြောက်ပါလင့်၊ ထူးသော သောတာပန်အဖြစ်သို့ ရောက်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏၊ သင်သည် ဒုဂ္ဂတိဘ၀ကို ပယ်ပြီဖြစ်၏ (ဟု မိန့်တော်မူ၏)။

ခုနှစ်ခုမြောက်သော ဥပေါသထာဝိမာန၀တ္ထု ပြီး၏။

Monday 11 July 2011

၆ - သောဏဒိန္နာဝိမာန၀တ္ထု

၂၁၇။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၂၁၈။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။

၂၁၉။ အာနုဘော်ကြီးသောနတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပသနည်း။

၂၂၀။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၂၂၁။ နဠန္ဒာမြို့၌ သောဏဒိန္နာအမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများသိကြပါကုန်၏၊ အကျွန်ုပ်သည် ယုံကြည်မူ (သဒ္ဓါ)၊ စောင့်ထိန်းမူ (သီလ) နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမူ၌ မွေ့လျော်ခဲ့ပါ၏။

၂၂၂။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သောစိတ်ဖြင့် အ၀တ်အရုံကို၎င်း၊ ဆွမ်းကို၎င်း၊ ကျောင်းအိပ်ရာနေရာကို၎င်း၊ ဆီမီးတန်ဆောင်ကို၎င်း ပေးလှူခဲ့ပါ၏။

၂၂၃။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သော နေ့၌၎င်း၊ တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း၊ ရှစ်ရက်မြောက်သော နေ့၌၎င်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။

၂၂၄။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နူတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထို ကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။

၂၂၅။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှ၎င်း၊ မပေးသည်ကို ခိုးယူခြင်းမှ၎င်း၊ လင်ကိုကျော်လွန်၍ ယောက်ျားတပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှ၎င်း၊ သေရည်သေရက် သောက်ခြင်းမှ၎င်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၂၆။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ်မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၂၂၇။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်းအဆင်း ဖြစ်ပါ၏။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

ခြောက်ခုမြောက်သော သောဏဒိန္နာဝိမာန၀တ္ထု ပြီး၏။

၅ - ဘဒ္ဒိတ္ထိဝိမာန၀တ္ထု

၂၀၆-၇။ ညိုသောအဆင်းတို့၎င်း၊ ရွှေသောအဆင်းတို့၎င်း၊ မည်းသောအဆင်းတို့၎င်း၊ မောင်းသော အဆင်းတို့၎င်း၊ နီသောအဆင်းတို့၎င်း ထိုမှတပါး (ဖြူသော အဆင်းစသည်တို့သည်၎င်း) ဤသို့ အဆင်းအမျိုးမျိုး ရှိကုန်သော ၀တ်ဆံဝတ်မူန်တို့ဖြင့် ခြံရံအပ်ကုန်သော မန္ဒာရ၀အမည်ရှိသော နတ်ပန်းတို့ဖြင့် သီကုံးအပ်သော ပန်းကုံးကို ဦးထိပ်၌ ပန်ဘိ၏၊ ကောင်းသောပညာရှိသော နတ်သမီး ဤသို့သော အဆင်းတို့နှင့် စပ်ယှဉ်ကုန်သော သစ်ပင်တို့သည် တပါးသော နတ်ပြည်တို့၌ မရှိကုန်။

၂၀၈။ များသော အခြံအရံရှိသော နတ်သမီး အဘယ်ကုသိုလ်ထူးကြောင့် တာဝတိံသာနတ်ပြည်၌ ဖြစ်ရသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်၏ အကျိုးနည်း၊ ငါမေးအပ်သည်ဖြစ်၍ သင်သည် ဖြေကြားလော့ (ဟု မြတ်စွာဘုရားက မေးတော်မူ၏)။

၂၀၉။ ကိမိလမြို့တွင် ဘဒ္ဒိတ္ထိကာ အမည်ရှိသော ဥပါသိကာမဟူ၍ အကျွန်ုပ်ကို လူများသိကြပါကုန်၏၊ ယုံကြည်မူ “သဒ္ဒါ” စောင့်ထိန်းမူ “သီလ”နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခမ်သိမ်း ခွဲဝေပေးကမ်းမူ၌ မွေ့လျော်ခဲ့ပါ၏။

၂၁၀။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့် အ၀တ်အရုံကို၎င်း၊ ဆွမ်းကို၎င်း၊ အိပ်ရာနေရာကို၎င်း၊ ဆီမီး တန်ဆောင်ကို၎င်း ပေးလှူခဲ့ပါ၏။

၂၁၁။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သော နေ့၌၎င်း၊ တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း၊ ရှစ်ရက်မြောက်သော နေ့၌၎င်း၊ ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။

၂၁၂။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နှင့်နူတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထို ကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။

၂၁၃။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကား ပြောဆိုခြင်းမှ၎င်း၊ မပေးသည်ကို ခိုးယူခြင်းမှ၎င်း၊ လင်ကိုကျော်လွန်၍ ယောက်ျားတပါးနှင့် သွားလာ လွန်ကျူး၍ ကျင့်ခြင်းမှ၎င်း၊ သေရည်သေရက် သောက်ခြင်းမှ၎င်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။

၂၁၄။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယာသစ္စာတို့၌ လိမ္မာခဲ့ပါ၏၊ စက္ခုငါးပါးရှိတော်မူ၍ မြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ (ကုသိုလ် တရားတို့၌) မမေ့မလျော့ နေခဲ့ပါ၏၊ ပြုပြီးသောချမ်းသာ၏ တည်ရာ သုစရိုက် ပြုပြီးသော ကုသိုလ်ရှိသည်ဖြစ်၍ ထိုဘ၀မှ စုတေလတ်သော် မိမိအရောင်အ၀ါဖြင့် ထွန်းပလျက် နှစ်သက်ဖွယ်ရာ တာဝတိံသာနတ်ပြည်၌ လှည့်လည်နေ ထိုင်ရပါ၏။

၂၁၅။ မြတ်သောအစီးအပွားတို့ဖြင့် သနားစောင့်ရှောက်တတ်ကုန်သော ရဟန်းတို့ကို၎င်း၊ ကိလေသာတို့ကို ပူပန်စေတတ်သော အကျင့်မြတ်ရှိသော အဂ္ဂသာဝကအစုံဖြစ်သော ရဟန်းမြတ်ကို၎င်း လုပ်ကျွေးခဲ့ဘူးပါ၏၊ ပြုပြီးသော ချမ်းသာ၏ တည်ရာ သုစရိုက် ပြုပြိးသော ကုသိုလ်ရှိသည်ဖြစ်၍ ထိုဘ၀မှ စုတေခဲ့သော မိမိအရောင်အ၀ါဖြင့် ထွန်းပလျက် နှစ်သက်ဖွယ် တာဝတိံသာ နတ်ပြည်၌ လှည့်လည်နေ ထိုင်ရပါ၏။

၂၁၆။ အကျွန်ုပ်သည် အတိုင်းအရှည်မရှိမူ၍ ချမ်းသာကို ဆောင်နိုင်သည့် အင်္ဂါရှစ်ပါးရှိသော ဥပုသ်ကို အမြဲမပြတ် စောင့်သုံးခဲ့ပါ၏၊ ပြုပြီးသော ချမ်းသာ၏ တည်ရာ သုစရိုက် ပြုပြီးသော ကုသိုလ်ရှိသည်ဖြစ်၍ ထိုဘ၀မှစုတေခဲ့သော် မိမိအရောင်အ၀ါဖြင့် ထွန်းပလျက် နှစ်သက်ဖွယ်ရာ တာဝတိံသာနတ်ပြည်၌ လှည့် လည် နေထိုင်ရပါ၏။

ငါးခုမြောက်သော ဘဒ္ဒတ္ထိဝိမာန၀တ္ထု ပြီး၏။

၎ - စဏ္ဍာလိဝိမာန၀တ္ထု

၁၉၅။ စဏ္ဍာလီဒါယိကာမကြီး အခြံအရံ အကျော်အစောရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလော၊ အမြတ်ဆုံး ဣသိဖြစ်တော်မူသော မြတ်စွာဘုရားသည် သင့်ကိုသာလျှင် ချီးမြှောက်တော်မူခြင်းငှါ ရပ်တည်တော်မူ၏။

၁၉၆။ တာဒိဂုဏ်နှင့် -၁ ပြည့်စုံတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေလော့၊ လျင်မြန်စွာ လက်အုပ်ချီ၍ ရှိခိုးလိုက်လော့၊ သင်၏ အသက်သည် အလွန်တိုတောင်းလှ၏၊ (ဟု အသျှင်မောဂ္ဂလ္လာန် မိန့်တော်မူ၏)။

၁၉၇။ ပွါးအပ်ပြီးသောစိတ်ရှိသော အဆုံးဖြစ်သော ကိုယ်ခန္ဓာကို ဆောင်သော အသျှင်မောဂ္ဂလ္လာန်က တိုက်တွင်းသဖြင့် စဏ္ဍာလီဒါယိကာမကြီးသည် အခြံအရံ အကျော်အစော ရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလေ၏။

၁၉၈။ အမိုက်တိုက်လောက၌ ဉာဏ်အလင်းကို ပြုတော်မူတတ်သော မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးလျက် တည်သော ထိုစဏ္ဍာလီဒါယိကာမကြီးကို နွားမသည် ဝှေ့သတ်လေ၏။

၁၉၉။ နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ရောက်သော စဏ္ဍာလီနတ်သမီးသည် အာသဝေါကုန်ပြီး၍ ကိလသာမြူကင်းပြီးသော တဏှာမရှိသော ဆိတ်ငြိမ်ရာ တောအရပ်၌ တယောက်ထီးတည်းနေသော အသျှင်မောဂ္ဂလ္လာန်ထံသို့ ချဉ်းကပ်၍ ကြီးသော လုံ့လရှိသော အရှင်ဘုရား အာနုဘော်ကြီးတော်မူသော အရှင်ဘုရားကို အကျွန်ုပ်ရှိခိုးပါ၏ (ဟု လျှောက်၏)။

၂၀၀။ တင့်တယ်ခြင်း ဂုဏ်နှင့် ပြည့်စုံသော နတ်သမီး ရွှေစင်အဆင်းနှင့် တူသော အဆင်းရှိသော ထွန်းလင်းတောက်ပ၍ များသော အခြံအရံရှိသော အမျိုးမျိုးသော ဆန်းကြယ်ခြင်းရှိသည်ဖြစ်၍ နတ်သမီးအပေါင်းခြံရံလျက် ဗိမာန်မှသက်ဆင်းကာ ငါ့အား ရှိခိုးသော သင်သည် အဘယ်သူနည်း (ဟု အသျှင်မောဂ္ဂလ္လာန်မေး၏)။

၂၀၁။ အရှင်မြတ်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးခြင်းကြောင့် ဒွန်းစဏ္ဍားအမျိုးမှ စုတေခဲ့သည်ရှိသော် နှစ်သက်စဖွယ် တာဝတိံသာနတ်ပြည်ဝယ် အလုံးစုံ ကောင်းမြတ် တင့်တယ်သော ဗိမာန်၌ ဖြစ်ရပါ၏။

၂၀၂။ နတ်သမီးတသိန်းတို့သည် အကျွန်ုပ်ကို ခြံရံ၍ တည်ပါကုန်၏၊ အကျွန်ုပ်သည် ထိုနတ်သမီး တသိန်းတို့ထက် အရောင်အဆင်းအားဖြင့်၎င်း အခြံအရံအားဖြင့်၎င်း အသက်အားဖြင့်၎င်း မြတ်ပါ၏၊ အထူးသဖြင့် ချီးမွမ်းအပ်ပါ၏။


-------------------------------------------------------------------------------------------------

၁-တာဒိဂုဏ် = လောကဓံနှင့် ကြုံသော်လည်း တုန်လူပ်ခြင်းမရှိ သည်းခံနိုင်သော ဂုဏ်။

၂၀၄။ အရှင်ဘုရား လောက၌ အကျွန်ုပ်သည် ပြုအပ်ပြီးသော ကုသိုလ် အများရှိပါ၏၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံပါ၏၊ အောက်မေ့မူသတိနှင့် ပြည့်စုံပါ၏၊ မုနိဖြစ်တော်မူသော သနားခြင်း ရှိတော်မူသော ထိုအရှင်ဘုရားကို ရှိခိုးခြင်းငှါ လာရောက်ပါ၏။

၂၀၅။ သူတပါးကျေးဇူးကို သိတတ်သော သူတပါးကျေးဇူးကို ထင်စွာပြုတတ်သော စဏ္ဍာလီနတ်သမီးသည် ဤစကားကိုဆိုပြီး၍ ကိလေသာတို့မှ ကင်းဝေးခြင်းစသော ဂုဏ်နှင့် ပြည့်စုံသော အသျှင်မောဂ္ဂလ္လာန်၏ ခြေတို့ကိုရှိခိုးပြီးလျှင် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

လေးခုမြောက်သော စဏ္ဍာလိဝိမာန၀တ္ထု ပြီး၏