ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 29 June 2011

ရွှေကျင် ဆရာတော်ဘုရားကြီး၏ သိကောဝါဒစကားပုံမှ

၁။ ပုထုဇဉ်သော်လည်း သီလရှိလျှင် (အရိယာ)နှင့် တူ၏။ အပါယ် မရောက်။

၂။ ရေရှိမှ ကြာပွားသည်။ သီလရှိမှ သမာဓိများ၏။

၃။ ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။

၎။ ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏။

၅။ စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။

၆။ တရားဟော ကောင်းလျက် သီလမရှိလျှင် အနံ့ မမွှေးသော ပန်းနှင့်တူ၏။

၇။ ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။

၈။ ဘုန်းကြီးလျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့်တူ၏။

၉။ သီလရှိမှ ဒါနနှင့်ဘာဝနာ အကျိုးပေး သန်သည်။

၁၀။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘော တည်။ နတ်ပြည် တက်လိုလျှင် သီလလှေကား ထောင်။

၁၁။ အကုသိုလ်သည် သတ္တ၀ါကို အပါယ်ဆွဲချ၏။ သီလ ရှိသူကို ဆွဲ မချနိုင်။

၁၂။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။ သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။

၁၃။ လောကီဥစ္စာ စောင့်လျှင် တစ်သက်ချမ်းသာ။ သီလ စောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာ။

၁၄။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏။ ငြိမ်းလျှင် မှောင်၍ ညှော်နံ့ထွက်၏။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏။ ပျက်လျှင် မှောင်၍ ညှော်နံ့ ထွက်၏။

အမရပူရမြို့၊ မဟာဂန္ဓာရုံတိုက်၊ ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကဘိဝံသ၏ သီလနှင့်ဆက်နွယ်သော သြ၀ါဒများ

၁။ အချင်းချင်း မေတ္တာနဲ့နေကြ၊ ၀ိုင်းဝန်းကူညီကြပါ။ ငါးပါးသီလ လုံခြုံအောင် နေကြပါ။ ဘုရားရှိခိုးကြတာလဲ သြကာသနဲ့တင် မပြီးကြနဲ့။ တကယ့်ဗုဒ္ဓအစစ်၊ ဘုရားအစစ်ကို မှန်းပြီး အာရုံပြုကြပါ။ ကမ္ဘာသူကမ္ဘာသားဝေနေယျ သတ္တ၀ါတွေကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ အမြဲ မေတ္တာနဲ့ သစ္စာရှိရှိ နေကြပါ။

၂။ တရားသာ အားထုတ်ကြတယ်။ သီလတောင် မရှိကြဘူး။ သီလမရှိတော့ တရားအားထုတ်တာ မသန့်ရှင်းဘူး။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးဦစွာ သီလရှိရမယ်။ ဒါမှ တရားအားထုတ်တဲ့အခါ မိမိရဲ့ စိတ်သန့်ရှင်းတယ်။ ဒါမှ တရားမှန်တယ်။ ဒီလိုမှ ရှေးဦးစွာ သီလ မရှိရင် တရာအားထုတ်တော့ မသန့်ရှင်းဘူး။ နည်းလမ်းမကျဘူး။

၃။ သီလရှိသူဟာ သူကိုယ်တိုင်က စင်ကြယ်နေလို့ စိတ်တောင့်တတိုင်း ပြီးစီးနိုင်ပါတယ်။ ဒါကြောင့် ပစ္စည်းလေးပါး ပေါများလိုရင်၊ ချစ်ခင်လေးစား ကျော်ကြားလိုရင် သီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းကြပါ။

၎။ သီလစောင့်ထိန်းရတဲ့ ကျေးဇူးတွေဟာ ပြောပြလို့ မကုန်နိုင်ပါ။ နောက်ဆုံး နိဗ္ဗာန်ထိအောင် တင်ပို့ နိုင်ပါတယ်။ မြေသြဇာကောင်းမွန်တဲ့ လယ်ယာ ခြံမြေမှာ ဘယ်လို အသီးအနှံမဆို ဖြစ်ထွန်းနိုင်သလို ကန့်သတ်လို့ မရဘူး။

၅။ အေးမြကြည်လင် သန့်ရှင်းစင်ကြယ်တဲ့ စိတ်နှလုံးကောင်းနဲ့ ပြောဆို၊ လုပ်ကိုင်နေသူရဲ့ နောက်မှာ ချမ်းသာအမျိုးမျိုးဟာ အရိပ်ပမာ လိုက်နေကြပါတယ်။

၆။ တဖြည်းဖြည်းနဲ့ နောက်တစ်ဘ၀ ရွှေ့ကြဖို့ နီးနီးလာပြီ။ နောက်တစ်ဘ၀အတွက် ဒါနထက် သီလက ဘ၀ကောင်း ပို့နိုင်တယ်။ ဒါန မများသော်လည်း သီလကက များနေရင် နောက်ဘ၀မှာ မဆင်းရဲနိုင်ပါ။ သီလကို အထူးဂရုစိုက်ပါ။ ငါးပါးသီလထက် အာဇီဝဋ္ဌမက သီလက သာတယ်။ ထိုသီလကို သူတော်ကောင်းတိုင်း နေ့စဉ် ထိန်းရတယ်။

၇။ သီလသည် ဒီဘ၀၊ နောက်ဘ၀ ကာလမရွေး စိတ်ချမ်းသာ ကိုယ်ချမ်းသာကို ပေးနိုင်တယ်။ မေတ္တာ၊ ကရုဏာ၊ သစ္စာ၊ ခန္တီတို့လည်း ကောင်းကျိုးကို ပေးနိုင်တယ်၊ အရာရာ သတိထားပါ။

၈။ သီလပျက်နေကြလို့ ယခုဘ၀မှာပင် ဒုက္ခများနေကြတယ်။ နောက်ဘ၀ လူဆင်းရဲဘ၀ဖြစ်ပြီး သာ၍ ဒုက္ခရောက်ကြလိမ့်မယ်။

၉။ သီလစောင့်တိုင်း ဘုရားအာရုံရောက်အောင် ရှိခိုးပါ။ ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်ပါတယ်။

၁၀။ မေတ္တာတရား များများပို့ပါ။ မေတ္တာဘာဝနာဖြစ်ပါသည်။ သီလရှိမှ ဒါနအကျိုးပေးကောင်းပါသည်။ သီလရှိမှ ဘာဝနာတက်လို့ရသည်။ ရက်တော်တော်ကြာအောင် သီလများများ ထိန်းပါ။ အမြဲတော့ ငါးပါးသီလ လုံပါစေ။

၁၁။ သီလမကောင်းဘဲ ဘာဝနာကိုတက်ဖို့ မဖြစ်နိုင်ဘူး။ သီလမကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး။ သူများအထင်မသေးအောင် ဂုဏ်ရှိအောင်ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ဒါန ဖြစ်ပါတယ်။

၁၂။ ကံကောင်းဆိုတဲ့အထဲမှာ အခြေခံအကောင်းဆုံး ကံဟာ ငါးပါးသီလဖြစ်တယ်။ ထို့နောက် စီးပွား ရှာတဲ့အခါမှာ မတရား မပါမှ သမ္မာအာဇီဝဋ္ဌမက သီလဖြစ်တယ်။ ဒါထက် ပိုပြီးတတ်နိုင်ရင် ဥပုသ်သီလ ဖြစ်တယ်။

၁၃။ ကိုယ်က သီလမပေါက်မကြားထိန်းမှ တပည့်တွေကို သြ၀ါ ပေးနိုင်တယ်။ ဆရာက ပရမ်းပတာ နေရင် တပည့်တွေကို ဆုံးမ, လို့မရဘူး။

၁၄။ ဒါနပြုတဲ့အခါ သီလလည်း စင်ကြယ်အောင် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကိုစိုက်ပြီး “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ရူတဲ့ ဘာဝနာလည်း ဖြစ်အောင် ကြိုးစားတယ်။ သီလစောင့်တဲ့အခါလည်း ဒါနပါအောင် ဘာဝနာပါအောင် သတိထားတယ်။ ဒီလို အလိမ္မာများမှတော့ ကုသိုလ်ကြောင့် ကုသိုလ်တွေ အများကြီးထပ်၍ ဖြစ်ခွင့်ရတယ်။ နိဗ္ဗာန်အထိ ခရီးရှည်လှတယ်။ ပေါ့ပေါ့ဆဆနဲ့ သွားသွားနေတဲ့လူတွေ လမ်းဆုံး မရောက်နိုင်ပါ။

၁၅။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ၊ သမာဓိ၊ ပညာကို မကြည်ညိုတတ်ကြဘဲ ကျောင်းကောင်း၊ ကန်ကောင်းကို ကြည်ညိုတတ်ကြတယ်။

၁၆။ ဓမ္မကထိကတွေကလည်း ဒါန၊ သီလ၊ ဘာဝနာ တရားအကျိုးတွေ ဟောပါရဲ့။ လူတွေကလည်း နာကြပါရဲ့။ အကျင့်အလုပ်မပါဘဲ နာနေရုံဖြင့် အကျိုး မရှိပါဘူး။

၁၇။ လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။ သီလရှိမှ ကြည်ညိုကြတယ်။ ပညာတတ်မှ လေးစားကြတယ်။

၁၈။ သိပ္ပံပညာကို တိုးတက်လို့ အစားကောင်းတွေစားရ၊ အ၀တ်ကောင်းတွေဝတ်ရ၊ အနေကောင်းတွေနေရ၊ ဒါပေမယ့် အကျင့်စာရိတ္တဘက်က တိုးတက်မူမရှိသောကြောင့် စိတ်ချမ်းသာမူတော့ ရကြလိမ့်မယ် မထင်ပါ။ ဗုဒ္ဓတရားတော်ကို သိမှသာ စိတ်ချမ်းသာမူ ရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁၉။ ဒါနနဲ့ သီလမှာ ဒါနဟာ ပိုက်ဆံမကုန်ဘူးလား။ ကုန်တယ်။ သီလကော ကုန်ရဲ့လား၊ မကုန်ဘူး။ အကျိုးရတော့ ဘယ်ဟာက ကြီးသလဲ၊ သီလက ကြီးတယ်။

၂၀။ ကိုယ်ရေးကိုယ်တာအတွက် ကျင့်လမ်းသည် ကောင်း၏၊ သာသနာအတွက် ပရိယတ်သာ ဆက်တည်နိုင်၏။

၂၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ်ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုးရမယ်။

Tuesday 28 June 2011

ငွေနှင့် ကိုယ်ကျင့်သီလ

ငွေနဲ့ သီလကို ၀ယ်လို့မရပါဘူး။ ဥစ္စာပစ္စည်းနဲ့ သီလကို လဲလှယ်လို့ မရဘူး။

ငွေရှိပြီး၊ သီလမရှိတဲ့ လူရဲ့ နာမည်ပျက်သတင်းဆိုတာ ငွေမရှိ သီလမရှိတဲ့ နာမည်ပျက်သတင်းထက် ပိုကျော်ကြားတယ်။

အချို့က ငွေကြောင့် သီလ အပျက်ခံတယ်။ အချို့က မိန်းမကြောင့် သီလ အပျက်ခံတယ်။ အချို့က ဒေါသကြောင့် သီလအပျက်ခံတယ်။ သီလ အပျက်ခံတဲ့ပုံစံက အမျိုးမျိုးပါပဲ။

သမ္မာအာဇီဝမဟုတ်တဲ့ ငွေနဲ့နဖူးတွေ့ ဒူးတွေ့ တွေ့လာရင် သိပ်ကို သတိထားရပါမယ်။ ငွေဆိုတာကတော့ လိုချင်စရာပါပဲ။ အမြဲလည်း လိုနေတာပဲလေ။ ဒါပေမယ့် ရနည်း မမှန်တဲ့ငွေနောက်ကို လိုက်ရင် ဒုက္ခနဲ့ ပေါင်းရတယ်။ သီလဖျက်ပြီး လောဘသက္ကာယ နောက်ကို လိုက်လို့ အန္တရာယ် တွေ့ရတဲ့ လူတွေလည်း ရှိကြတယ်။

ငွေရတော့ ရတယ်။ သီလ ပျက်တော့ အကျင့်သီလ မကောင်းဘူးဆိုတဲ့ နာမည်ထွက်လာရော။ ပန်းသတင်း လေညင်းဆောင်သလို၊ လူ့သတင်းလည်း လူချင်းဆောင်တာပဲ မဟုတ်လား။ ဟုတ်ရင် ကျော်သလို၊ ပုပ်ရင်လည်း ပေါ်တာပဲလေ။

အချို့ဆို အဲသည်လို ဒုက္ခနဲ့ အန္တရာယ် တွေ့တော့မှ လောကမှာ ငွေနဲ့ ဥစ္စာသာ အရေးကြီးတာ မဟုတ်ဘူး၊ ငွေရှိရင် ပြီးစတမ်း မဟုတ်ဘူးဆိုတာ သိလာကြတော့တယ်လေ။ အကျင့်သီလသာ မျက်မှောက်ရော၊ တမလွန်ပါ ကောင်းတယ်။ သီလရဲ့တန်ဖိုးဟာ သီလပျက်မှ ပိုသိတတ်တာမျိုးပါ။

သီလဟာ သူတော်ကောင်းတို့ကိုင်စွဲတဲ့ လက်နက်။ သူတော်ကောင်းတွေရဲ့ လုပ်နည်းလုပ်ဟန်။ သီလက သိပ်မွန်မြတ်သန့်စင်လှပါတယ်။

မျက်မှောက်ဘ၀ရော၊ တမလွန်ဘ၀ပါ ကောင်းကျိုးပေးနိုင်တာတွေက ငွေမဟုတ်ဘူး။ ငွေဟာ မျက်မှောက် ဘ၀မှာ ကောင်းကျိုးပြုနိုင်တယ် ဆိုတာတောင် တမလွန်တော့ မပြုနိုင်ဘူး။ ယခုဘ၀နဲ့ နောင်ဘ၀ ကောင်းကျိုးပေးနိုင်တာက သီလ။

နောင်ဘ၀က အရေးမကြီးပါဘူး။ ငရဲက နောက်မှ ကျမှာပါ။ အခုဘ၀ သုံးရစားရဖို့ ငွေလိုတယ်ဆိုပြီး ရတဲ့နည်းများနဲ့ မိုက်တွင်းနက်သူတွေဟာ နောင်ဘ၀မဟုတ် ဒီဘ၀မှာတင် ဒုက္ခချောက်ထဲရောက်မှာ သေချာပါတယ်။

လူ့ဘ၀မှာ သိက္ခာရှိရှိ ဂုဏ်သရေပြည့်ပြည့် နေနိုင်သွားဖို့က အရေးကြီးလှပါတယ်။ ဂုဏ်ကျက်သရေဆိုတာက ငွေရှိမှမဟုတ်ပါဘူး။ ငွေမရှိလည်း အကျင့်သီလကောင်းရင် ဂုဏ်ရှိတာပါပဲ။ ကျော်စောတာပါပဲ။

“သည်လူ မရိုးဖြောင့်ဘူး။ ငွေတော့ရှိတယ်” ဆိုတာမျိုး ကြားဖူးကြပါလိမ့်မယ်။ အဲသည်လိုဆို ဘယ်မှာလဲ လူ့တန်ဖိုး ရှိတော့မလဲ။

ငွေရှိတာပဲလို့ ပြောတဲ့လူတွေဟာ ငွေရှိရက်နဲ့ မပြီးတာမျိုးတွေ၊ မရတာမျိုးတွေကို ခံစားရတတ်တယ်။

တွေးခေါ်ပညာရှင် ဘေကွန်က “ငွေသည် အစေခံကောင်း တစ်ဦးသာဖြစ်၍ ဆရာကောင်းတစ်ဦး မဟုတ်ချေ” လို့ ဆိုထားပါတယ်။

တွေးခေါ်ပညာရှင် ဆောက်(သ)က “ချစ်ခင်မြတ်နိုးမူ ဟူသ၍တွင် အနည်းနှင့်အများ ဆိုသလို အကန်းသဖွယ်သာလျှင် ဖြစ်၏။ သို့ရာတွင် ငွေကြေးကို ခင်တွယ်လျှင်ကား အဆိုးဝါးဆုံးပင်” လို့ဆိုတယ်။

တစ်ဖန် တွေးခေါ်ပညာရှင် ဆွတ်(ဖ)က “အမြော်အမြင်ရှိသူတစ်ယောက်အဖို့ ငွေကြေးကိစ္စက သူ့ဦးနှောက်ထဲတွင် ထားလျှင် ထားမည်ဖြစ်သော်လည်း သူ့အသည်းနှလုံးထဲတွင် ထားမည်မဟုတ်ချေ” လို့ဆိုတယ်။

ငွေရှိရင် ဘာမဆိုဖြစ်တယ်၊ ငွေရှိရင် ပြီးတယ်ဆိုတဲ့ စကားဟာ ရာနူန်းပြည့် မမှန်လှပါဘူး။

မေတ္တာကို ငွေနဲ့ ၀ယ်လို့ ရတဲနေရာရ၊ ရသူရ၊ မရသူ မရဘူး။

သီလကတော့ လုံးဝ ငွေနဲ့ဝယ်လို့ မရတဲ့အရာပါ။

ငွေရှိပြီး သိက္ခာမရှိတဲ့လူ၊ ပညာရှိပြီး သိက္ခာမရှိတဲ့လူ၊ မျိုးနွယ်ကောင်းပြီး သိက္ခာမရှိတဲ့လူ၊ ရုပ်ရည်သန့်ပြီး သိက္ခာမရှိတဲ့ လူတွေရှိကြသလို ငွေမရှိဘဲ သိက္ခာရှိတဲ့ လူတွေလည်း ရှိကြပါတယ်။

ရုပ်ရည်ဆိုးပြီး သိက္ခာကြောင့် ခင်မင်မူ များသူတွေလည်း ရှိပြန်ပါတယ်။

ဆွေမျိုးနွယ် မကောင်းဘဲ သိက္ခာကြောင့် ကျော်ကြားသူတွေလည်း ရှိနေပြန်ပါတယ်။

လောကမှာ ပညာလည်းရှိ၊ သိက္ခာလည်းရှိတဲ့လူကတော့ လူဖြစ်ရကျိုးအနပ်ဆုံး လူပါပဲ။

ငွေကြေးစကား ပြောလာတဲ့အခါမှာ သစ္စာတရားကို ရှေ့ထားတဲ့ ပညာရှိရဲ့ သိက္ခာဟာ ကျော်ကြားပြီးရင် ကျော်ကြားတာပဲ။

အချို့က ပြောပါတယ်။ အဲသည်လို သစ္စာတရား ရှေ့ထားနေရင် နာမည်ကြီး ထမင်းငတ်ဖြစ်မယ်တဲ့လေ။ မငတ်ပါဘူး။ မှန်မှန်စားရပါတယ်။ သစ္စာတရားနဲ့ သိက္ခာဖျက်ရင် ခဏသာ မျိုးမျိုးမျက်မျက်လေး စားရပြီး နောက်ကျတော့ လုံးဝငတ်ရော။

ငွေသာပဓာနဆိုတဲ့ ရုပ်ကြမ်းဝါဒတွော ကိုယ့်အတွက် ယာယီကောင်းကျိုး ရချင်ရမယ်။ အမြဲတမ်း ကောင်းကျိုး မပေးဘူး။ ငွေကို ရှေ့တန်းတင် အမှားလုပ်မိရင် မိမိအတွက်ရော၊ အများအတွက်ပါ ကောင်းကျိုး မပေးနိုင်ဘူး။

လူရဲ့ အရည်အချင်းကတော့ ငွေထက် တန်ဖိုးရှိပြီး ငွေဟာ အရည်အချင်းရှိသူရဲ့ အစေအပါးပါ။ ငွေကို လူက လုပ်တာ မဟုတ်ပါလား။

အကျင့်သီလကောင်းလို့ ကုသိုလ်ကံအကျိုးပေးလို့ နေ့ချင်းညချင်း ကြီးပွားချမ်းသာသူတွေ ရှိသလို နဂိုက အကျင့်သီလကောင်းပါလျက် အကျင့်ပျက်လို့ အကုသိုလ်ကံ ၀င်ပြီး နေ့ချင်းညချင်း မွဲသူတွေလည်း အများကြီးရှိပါတယ်။

အကျင့်သီလပေါ်မှာ တည်နေတာက စီးပွားရေး၊ ကြီးပွားရေးတွေပါ။ မျက်လှည်ပြလိုက်သလို ပျက်စီးဆုံးရူံးသွားကြရတာတွေဟာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ အကျင့်သီလကြောင့်ပါပဲ။

စီးပွားရှာရှာ၊ ငွေကြေးရှာရာမှာ ယှဉ်ပြိုင်မူတွေရှိပါတယ်။ အဲဒီလို ယှဉ်ပြိုင်မူတွေရှိတော့ သတိဝီရိယနဲ့ ဉာဏ်ကိုသုံးရတယ်။ အကျင့်သီလကိုလည်း ထိန်းရတယ်။ ယှဉ်ပြိုင်မူမှာ ကိုယ်အမြင့်ကိုယ်ရောက်ဖို့တွက် သူတပါးကို နင်းတက်ရတာမျိုး အောက်တန်းမကျရအောင် ကြီးပွားတိုးတက် ချင်သူတွေ သတိပြုရလိမ့်မယ်။

သီလပျက်တာ၊ စာရိတ္တ ချွတ်ယွင်းတာ၊ ပျင်းတာ၊ အခြား သူအပေါ် စေတနာခေါင်းပါးတာ၊ အဖြစ်အပျက်များ အပေါ် အသင့်အတင့် နှလုံးသွင်းမူ မရှိတာတွေဟာ စီးပွားပျက်မယ့် နိမိတ်လက္ခဏာတွေ ဖြစ်ပါတယ်။

ငွေဟာ လူကို မာန် တက်စေပါတယ်။ ဘ၀ မေ့စေပါတယ်။ ခက်ထန်မာန ထောင်လွှားစေပါတယ်။ အဲဒီမှာ အကျင့်သီလကို ထိခိုက်တတ်တယ်။ အမြဲကို ဆင်ခြင်နေရပါမယ်။ ငွေများများလက်ထဲရှိရင် ပိုပြီး ဆင်ခြင်နေရပါမယ်။

အကျင့်သီလဟာ မည်မျှထိ အရေးကြီးသလဲဆိုရင် စီးပွားပြိုင်ဘက်ဆီက အကျင့်သီလကိုပါမက ကိုယ့်ရဲ့ရန်သူဆီကတောင် အတုယူသင့်ရင် ယူရတယ်။ သူ့အကျင့်က ကောင်းရင် အတုခိုးရမှာပဲ။

လောကမှာ အကျင့်သီလ ဖျက်ပြီး “ဂျင်”လို လည်နေတဲ့ လူတွေအများကြီးပါပဲ။ အဲဒီလူတွေဟာ “ဂျင်” သဘောလို ပါပဲ။ လည်တုန်း ခဏလေးပါ။ မကြာဘူး ရပ်သွားရတာပဲ။

လှည်စားပြီး ငွေရှာတာ၊ အယောင်ဆောင်တာ၊ ကိုယ့်အပြစ်ကို ဖုံးဖိထားတာ။ အဲသည်မကောင်းတဲ့ အကျင့်ဆိုးတွေဟာ နောက်ဆုံး ပေါ်တာပဲ။ မပေါ်တာ မရှိသလောက်ပါဘဲ။

မကောင်းကြံ စီးပွားရှာတာ၊ မကောင်းတာ လုပ်တာတွေဟာ တစ်နေ့မဟုတ် တစ်နေ့နေ့မှာ ဒုက္ခပေးမှာ မုချပဲ။ လောကကြီးမှာ အမှန်တရားဟဟာ ဘယ်သူ့အမှားကိုမှ ခွင့်မပြုပါဘူး။

အတွေးတွေ၊ အဆင်းတွေ၊ အသံတွေ၊ ခံစားမူအာရုံတွေ၊ နောက်ကို လိုက်လွန်းရင် လူဟာ ငွေ သိပ်လိုလာတယ်။ ပြီးတော့ လောဘဇော တိုက်လာရော။ ငွေမူး မူးလာတယ်။ ပြဿနာ တက်ချင်လာတာဟာ အဲသည် အာရုံတွေက စတာဖြစ်ပါတယ်။

အဲဒီမှာ ဆရာကြီး ဦးသော်ဇင်ရဲ့ “ဒိဋ္ဌ၊ ဓမ္မ၊ နိဗ္ဗာန၊ လောကအလှ၊ သဘာဝ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်ကြည့်ကြပါ။

(၁) အဆင်းအာရုံ၊ မြင်ရတုံလည်း
မြင်ရုံမြင်ခိုက်၊ မြင်လေလိုက်၍

(၂) အသံအာရုံ၊ ကြားရတုံလည်း
ကြားရုံကြားခိုက်၊ ကြားလေလိုက်၍

(၃) အတွေ့အာရုံ၊ တွေ့ရတုံလည်း
တွေ့ရုံတွေ့ခိုက်၊ တွေ့လေလိုက်၍

(၄) အသိအာရုံ၊ သိရတုံလည်း
သိရုံသိလိုက်၊ သိလေလိုက်၍

(၅) ကြိုက်မကြိုက်ဝယ်၊ မတာတွယ်နှင့်
အဘယ်ပြဿနာ၊ ရှိမည်နည်း - တဲ့။


ငွေရေးကြေးရေးကိစ္စမှာ ကိုယ့်အတွက်သာ သိပြီး လူတကာအပေါ် အပေါ်စီးနဲ့ ပေါင်းသင်းဆက်ဆံ၊ အကျင့် မမှန်တဲ့ လူကို ပတ်ဝန်းကျင်ဟာ မပေါင်းချင်ကြဘူး။ ပေါင်းလည်း ဟန်ပြသာ ပေါင်းကြတယ်။ မေတ္တာမပါတဲ့ ဆက်ဆံမူဖြစ်တော့ စေတနာမပါသလို ရေရှည်လည်း မခံပေဘူး။

လူတွေထဲမှာ သနားစရာ အကောင်းဆုံးလူတွေဟာ ရည်မှန်းချက်နဲ့ ဒုက္ခအမျိုးမျိုခံ ကြိုးစားလာခဲ့ပြီး၊ ပန်းတိုင်ရောက်လုနီးမှ ဒဏ်မခံနိုင်ဘဲ အကျင့်သီလ ပျက်သွားသူများပဲ။ သူတို့ဟာ နီးခါမှ ပန်းတိုင်ပျေက်၊ နာမည်ပျက်ကြရပါတယ်။ အဲဒီလိုလူတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိမိရည်မှန်းချက် မရောက်သေးခင်ရော၊ ရောက်ပြီးချိန်ရော၊ အကျင့်သီလကို အပျက်မခံဘဲ ကိုင်ထားရမယ်။ အားသန်သန်၊ ဇွဲကောင်းကောင်း၊ ယုံကြည်ချက်နှင့် ကြိုးစားသူတွေ တစ်ချက်ကလေး တစ်ရက်ကလေး မမေ့ရမှာက အကျင့်သီလ။ လူ့ဘ၀အတွက် အကျိုးပေးနိုင်တာက အကျင့်သီလသာ တစ်ပါ။

အသက်တိုမူ၊ ရှည်မူ၊ အနာရောဂါများမူ၊ မများမူ၊ စီးပွားဖြစ်မူ၊ မဖြစ်မူဟာ ကံတရား၊ ကံစီမံဖန်တီးမူနဲ့ ဆိုင်သလို ကာယကံရှင်ရဲ့ အကျင့်သီလနဲ့လည်း ဆိုင်ပြန်တယ်။

ငွေရှာတဲ့ သုခရွာကို သွားရာမှာ ဒုက္ခလမ်းကြောင်းပေါ်က အနှောက်အယှက် အဖျက်အဆီးတွေ တွေ့ရတတ်စမြဲပါ။ အဲဒီမှာ ကြောက်ရွံ့ပြီး အကျင့်သီလပျက်ရင် ခရီးစဉ် ရပ်သွားရုံမက သွားရမယ့် ရွာလည်း မရောက်တော့ပါဘူး။

လူတွေက ပြောကြတယ်။ ငွေတွင်း နက်တယ်၊ နက်တယ်တဲ့။ ငွေတွင်းနက်တာ မတူးတတ်လို့ပါ။ အချို့က ပြောကြပြန်တယ်။ တူးတတ်တဲ့ လူတွေတော့ ရနေတာပဲ မဟုတ်လား။ ငွေတွင်းတူးရာမှာ အကျင့်သီလကိစ္စလည်းပါတယ်။ ဒါမပါရင် မပြီးပါဘူး။

ခက်တာက နက်တဲ့ငွေတွင်းကို လုံ့လ၊ ၀ီရိယ၊ ဇွဲနဲ့ မတူးချင်ဘဲ၊ သူများ တူးပြီးသား ငွေတွင်းတွေကို ကြားဖြတ် လုချင်နေကြတာပါပဲ။

ငွေရပုံ လေးမျိုးရှိပါတယ်။ လွယ်လွယ်ရပြီး မတရားတဲ့ငွေ၊ ခက်ခက်ခဲခဲရပြီး မတရားတဲ့ငွေ၊ လွယ်လွယ်ရပြီး တရားတဲ့ငွေ၊ ခက်ခက်ခဲခဲ ရပြီး တရားတဲ့ ငွေပါပဲ။

အဲဒီမှာ လွယ်လွယ်ရပြီးတရားတဲ့ ငွေမျိုးကြတော့ ကံထူးသူတွေသာ ရတတ်ကြပါတယ်။ ငွေဆိုတာ ဘယ်တော့မှ လွယ်လွယ် ရလေ့မရှိဘူး။ ခက်ခက်ခဲခဲနဲ့ပဲ ရကြတာပဲ။

ဆရာတက္ကသိုလ်လွမ်းဝေရဲ့ စာရတနာ စာအုပ်မှာ -
“ငွေသည် အလွန်အပေါင်းရ ခက်သည်။ မပေါင်းဘဲ နေ၍လည်း မဖြစ်၊ သူမပါလျှင် အဘယ်အရာမှ မပြီး။ သူ့ကိုပေါင်းတတ်လျှင် အလွန်အကျိုးရှိ၍ မပေါင်းတတ်လျှင် သူဌေးအခေါ်ခံရာမှ မျက်လှည့်ပြသကဲ့သို့ လူမွဲဘ၀သို့ ရောက်ရတတ်၏။ ရုံးရောက်သူ ရောက်၊ ထောင်ကျသူလည်း ကျ၊ ရာထူးပြုတ်သူလည်း ပြုတ်၊ ကိုယ်ကိုယ်ကို သတ်သေသူလည်း သေကြရ၏” လို့ ရေးသားထားပါတယ်။

“သူတော်ကောင်းများကား ဘယ်သောအခါမျှ ရုတ်တရက် ကြွယ်ဝချမ်းသာ မလာနိုင်ဘူး” တဲ့။ သည်အတွေးအခေါ်ကတော့ ကမ္ဘာ့တွေးခေါ်ရှင် ဆိုင်းရပ်(ခ်)ရဲ့ အတွေးအခေါ်ပါပဲ။

အဲဒီ အတွေးအခေါ်ကို ကြည့်ပြီး အကျင့်သီလ ကောင်းတဲ့သူတွေဟာ တဖြည်းဖြည်းသာ ချမ်းသာတယ်လို့ ယူဆရမှာပါ။

မဟုတ်တာ၊ မမှန်တာ၊ ဖြတ်လမ်း မလိုက်ရင် တဖြည်းဖြည်းမှသာ ချမ်းသာမှာပဲ မဟုတ်ပါလား။

တွေးခေါ်ရှင် လော(စ်)ကတော့ -
“ဓနဥစ္စာ ချမ်းသာမူများသည် အလုပ်၏ ဖန်တီးမူကြောင့်သာလျှင် ဖြစ်ပေသည်”လို့ ဆိုထားတယ်။

တစ်ဖန် တွေးခေါ်ရှင် အီး၊ ပီ၊ ဒေးရဲ့ အတွေးအခေါ်ဟာ အလွန်လေးနက်လှပါတယ်။ ဘယ်လိုလဲဆိုတော့ ...
“ပစ္စည်းဥစ္စာ ချမ်းသာဖို့မှာ ခက်ခဲတယ်။ သိမ်းဆည်းထားဖို့ ပိုခက်တယ်။ အဲဒါထက် စနစ်တကျ အသုံးချဖို့က ပိုပြီး အခက်အခဲဆုံးပါပဲ” တဲ့။

သဘောပေါက်တာကတော့ ရှာဖွေတာမှာရော၊ သိမ်းဆည်းတဲ့ နေရာမှာရော၊ စနစ်တကျ သုံးစွဲရာမှာရော လူရဲ့အကျင့်သီလနဲ့ ဆိုင်လာပြီ။ အကျင့်သီလပေါ်မှာ ငွေရမယ်။ အကျင့်သီလကောင်းရင် ကြာကြာခံမယ်။ မှန်မှန်ကန်ကန်လည်း သုံးစွဲရာရောက်မယ်။ နို့မို့ရင်တော့ ငွေကို လူကရှာပြီး ငွေက လူကို ပျက်သုဉ်းအောင် လုပ်ပြေးသွားမှာပဲ။

ငွေဟာ ဘ၀မဟုတ်ဘဲ အကျင့်သီလသာလျှင် ဘ၀ဖြစ်ပါတယ်။ အမှန်စင်စစ် အသက်ရှင်နေထိုင်ခြင်းဟာ အကျင့်သီလနဲ့ ပတ်သက်နေတယ်။ လူအဖြစ် ရပ်တည်နေပြီး အကျင့်သီလပျက်တဲ့အခါ ဘ၀ပါ လိုက်ပျက်တော့မှာပဲ။

အကျင့်သီလမြတ်ရင် မြတ်သလို၊ အကျင့်သီလ နိမ့်ကျရင် နိမ့်ကျသလို ဘ၀အနေအထားကို ပိုင်ဆိုင်မယ်။

ဘ၀ရဲ့အလှဟာ အကျင့်သီလ၊ အကျင့်သီလရဲ့ အလှက ဘ၀ပါပဲဆိုတာ အားလုံးကို သိစေလိုပါတယ်ရှင်။

Sunday 26 June 2011

ဒါန၊ သီလ၊ ဘာဝနာလို့ ဆိုအပ်တဲ့ ဗောဓိပက္ခိယတရား

ဗောဓိပက္ခိယတရားဆိုတာ ဘာလဲ။ ၀ဋ်သုံးပါးရဲ့ မူလဖြစ်တဲ့ ကိလေသာပယ်ဖို့ အားထုတ်တဲ့။ “ဒါန၊ သီလ၊ ဘာဝနာ” လို့ ဆိုအပ်တဲ့ ဗောဓိပက္ခိယ တရားဆိုတာကို အပိုင်း ခုနှစ်ပိုင်း အနေနဲ့ ခွဲပြရရင် -

၁။ သတိပဋ္ဌာန်းတရားလေးပါး။


၂။ သမ္မပ္ပဓာန်လေးပါး။


၃။ ဣဒ္ဓိပါဒ်လေးပါး။


၎။ ဣနြေ္ဒငါးပါး။


၅။ ဗိုလ်ငါးပါး။


၆။ ဗ္ဗောဇ္ဈင်ခုနှစ်ပါး။


၇။ မဂ္ဂရှစ်ပါး - တို့ပါပဲ။

သတိပဋ္ဌာန်းတရား လေးပါဟာ တစ်ကြောင်းတည်း တစ်လမ်းတည်သော ခရီးပါ။ အဲသည်ခရီးလမ်းက သတ္တ၀ါတွေကို ကိလေသာတည်းဟူတဲ့ အညစ်အကြေးက စင်ကြယ်စေချင်တာ။ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်းတို့က လွတ်မြောက်စေချင်တာ။ ပြီးတော့ ဆင်းရဲခြင်းနဲ့ နှလုံးမသာယာခြင်းတို့က ချုပ်ပျောက်စေချင်တာပါ။

အရိယမဂ်ကိုရဖို့အတွက် ဒုက္ခခပ်သိမ်းငြိမ်းရာ အမှန် နိဗ္ဗာန်ကို မျက်မှောက်ပြုတာပဲ။

သတိပဋ္ဌာန်းလေးပါးက -
- ကာယနုပဿနာ သတိပဋ္ဌာန်း


- ဝေဒနာနုပဿနာ သတိပဋ္ဌာန်း


- စိတ္တာနုပဿနာ သတိပဋ္ဌာန်း


- ဓမ္မာနုပဿနာ သတိပဋ္ဌာန်း တို့ ဖြစ်ပါတယ်။

အဲသည်လေးပါးရဲ့ အဓိပ္ပါယ်က -
ကိလေသာကို ပူပန်စေတဲ့ လုံ့လကို ပညာနဲ့ ဆင်ခြင်တာပါ။ သတိနဲ့ ကိုယ်ခန္ဓာကို တပ်မက်ခြင်းတွေ အဘိဇ္ဈာတွေ နှလုံးမသာယာတာတွေ ဗျာပါဒတွေမှန်သမျှ ဖျောက်ပြီးတော့ ကိုယ့်ကာယ ကိုယ်ရူတာ။ ဝေဒနာစိတ်တွေ နီဝရဏတရားတွေရူတာ ဖြစ်တယ်။

သမ္မပ္ပဓာတ်လေးပါးကတော့ -
- မဖြစ်ပေါ်သေးတဲ့ ယုတ်မာတဲ့ အကုသိုလ်တရားတွေကို မဖြစ်ပေါ်စေအောင် အလိုဆန္ဒကို ဖြစ်စေတာ အားထုတ်တာ၊ လုံ့လပြုတာ၊ စိတ်ကိုချီးမြှောက်တာ ပြီးတော့ ဆောက်တည်တိုက်တွန်းတာပဲ။ (မဖြစ်သေးတာကို မဖြစ်အောင်လုပ်တာ)။


- ကိုယ်သန္တာန်မှာ ဖြစ်ပေါ်ပြီးတဲ့ ယုတ်မာတဲ့အကုသိုလ် တရားတွေကို ပယ်စွန့်ဖို့ အားထုတ်လုံ့လပြုတာ။


- ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေ မြဲအောင် ပွားအောင် ပြည့်စုံအောင် အလိုဆန္ဒ ဖြစ်စေတာ။


- မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်အောင် ဆန္ဒပြုတာပဲ။

ဣဒ္ဓိပါဒ်လေးပါးက -
- ဆန္ဒကြောင့် ဖြစ်သော သမာဓိပဓာန ဖြစ်သော သင်္ခါရနှင့် ပြည့်စုံပြီးစီးခြင်း၏ အကြောင်း ဣဒ္ဓိပါဒ်ပွားများမူ။


- ၀ီရိယကြောင့်ဖြစ်သော


- စိတ်ကြောင့်ဖြစ်သော


- ပညာကြောင့်ဖြစ်သော သမာဓိပဓာန ဖြစ်သော သင်္ခါရနှင့် ပြည့်စုံပြီးစီးခြင်း၏ အကြောင်း ဣဒ္ဓိပါဒ်များ ပွားများမူတို့ ဖြစ်ပါတယ်။ အဲသည်တရားတွေဟာ ဆင့်ကဲ ဆင့်ကဲ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ရမယ့် တရားတွေပါ။

ဣနြေ္ဒငါးပါးကတော့ -
- ယုံကြည်ခြင်း၌ အစိုးရတာ


- အားထုတ်ခြင်းမှာ အစိုးရတာ


- မမေ့မလျော့သော တရားမှာ အစိုးရတာ


- ရူမှတ်သောနာမ်ရုပ်မှာ တည်တာ


- လက္ခဏာရေးသုံးပါးမှာ ဆင်ခြင်တာ

ဗိုလ်ငါးပါးကတော့ -
- သဒ္ဒါဗိုလ်


- ၀ီရိယဗိုလ်


- သတိဗိုလ်


- သမာဓိဗိုလ်


- ပညာဗိုလ်တွေပဲ။

ဗ္ဗောဇ္ဈင်ခုနှစ်ပါးက -
- သတိ သမ္ဗောဇ္ဈင်


- ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်


- ၀ီရိယ သမ္ဗောဇ္ဈင်


- ပီတိ သမ္ဗောဇ္ဈင်


- ပဿဒ္ဓိ သမ္ဗောဇ္ဈင်


- ဥပေက္ခာ သမ္ဗောဇ္ဈင်


- သမာဓိ သမ္ဗောဇ္ဈင်တို့ ဖြစ်ပါတယ်။

အဲသည် ဗောဇ္ဈင်တရား ခုနှစ်ပါး ပြည့်စုံရင် (အရတ္တမဂ်) ဟူသော ၀ိဇ္ဇာ။

ပြီးတော့ (အရဟတ္တဖိုလ်) ဟူသော ၀ိမုတ္တိတို့နှင့် ပြည်စုံခြင်းကို ရောက်ပါတယ်။ လောကီအကျိုးစီးပွား၊ သံသရာအကျိုးစီးပွား ဆောင်ရွက်နိုင်တယ်။

ဗုဒ္ဓမြတ်စွာဘုရားက -
“အို - ချစ်သား ရဟန်းတို့။ ငါဘုရား သာသနာတော်မှာ ရဟန်းဖြစ်ကုန်တဲ့ သူတို့ဟာ၊ မိမိတို့ တည်ဆောက်အပ်တဲ့ (သီလ)ကို မှီပြီး၊ သီလမှာ တည်ကုန်ပြီးသော ခုနှစ်ပါးသော ဗောဇ္ဈင်တရားတို့ကို အကြိမ်များစွာ ပွားများလေ့လာပြီး လောကုတ္တရာတရားတို့၌ ကြီးမြတ်တဲ့အဖြစ်၊ ပြန့်ပြောသော အဖြစ်ကို စင်စစ်အားဖြင့် ရောက်ကုန်တယ်။ တစ်နည်းဆိုသော် အရဟတ္တမဂ်ဟူသော ၀ိဇ္ဇာ၊ အရဟတ္တဖိုလ်ဟူသော ၀ိမုတ္တကို ရလိုတဲ့သူဟာ ထိုဆိုအပ်ပြီးသော ဗောဇ္ဈင်တရား ခုနှစ်ပါးကို ပွားများစေရမယ်” လို့ ဟောကြားတော်မူခဲ့တယ်။

ပြီးတော့ အမှတ်ခုနှစ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကတော့ နောက်မှ အခန်းတစ်ခန်းခွဲပြီး အကျယ် သီးခြားဖော်ပြပေးပါမယ်။

အဲသည် ဖော်ပြပြီးတဲ့ ဗောဓိပက္ခိတရား ခုနှစ်ပါးဟာ -
- လောကီအကျိုး


- လောကုတ္တရာအကျိုး


- သေမူ


- နာမူ


- ဂတိမမြဲမူတွေ

ကင်းရာကုန်ရာ ချုပ်ငြိမ်းရာဖြစ်တဲ့ မဂ်ဖိုလ်၊ နိဗ္ဗာန်ကို ရနိုင်တာမို့ သေသေချာချာကို လေ့လာအားထုတ် သင့်ပါတယ်။ အဲသည်တရားတွေနဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်။ ပြီးတော့ နားလည်သူတွေကို မေးပြီး ကြိုးစားတည်ဆောက်ယူသင့်တယ်။

နည်းနည်း သဘောပေါက်ရင်တောင်မှ နည်းနည်း အကျိုးရကြောင်း သိလာကြပါလိမ့်မယ်။

ဒါနထက် သီလကမြတ်တယ်

လှူဒါန်းခြင်းက မွန်မြတ်လှပါတယ်။ အလှူခံ ပုဂ္ဂိုလ်အတွက် အကျိုးရှိသလို၊ လှူသူမှာလည်း အကျိုးထပ်တူထပ်မျှ ရစမြဲပါ။ လူအချို့ဟာ ရှေးက လှူခဲ့လို့ ယခုဘ၀ ချမ်းသာပြီး လှူလို့ရှိ၊ ရှိလို့လှူနေကြပြန်တော့ ဒါနတရား ဆက်နေပါတယ်။ ဒါနမျိုးစေ့တွေ ပျိုးပြီးရင် ပျိုးနေတော့တယ်။ အချို့ကတော့ မလှူနိုင်လို့ မရှိ၊ မရှိပြန်တော့ မလှူ။ သည်လိုနဲ့ ဒါနပန်းတွေ ညှိုးနေရတယ်။

ဒါနဟာ အခုရော နောင်ရော အကျိုးပေးတော့ ဒါနမျိုးစေ့တွေ ကြဲနိုင်သမျှ ကြဲထားနိုင်ရင် အကောင်းဆုံးပါ။

တစ်ဘ၀ဆိုတာ ခဏလေးပါ။ ဘယ်မှာကြာလို့လဲ။ သံသရာကြီးနဲ့ နိုင်းစာလိုက်ရင် တစ်ဘ၀ဟာ ရေပွတ်ပမာပဲ။ အဲသည်တော့ တစ်ဘ၀ကိုသာ မစဉ်းစားကြဘဲ၊ တစ်ဘ၀ကဏ္ဍ လောက်သာ တွေးတောလုပ်ကိုင်မူ မဟုတ်ဘဲ သံသရာကိုမျှော်ပြီး လုပ်နိုင်ကြရင် ပိုကောင်းမယ်။

အဲသည်လိုဆိုပေမယ့် အမှန်တကယ်မှာ သိပ်တော့မလွယ်ဘူး။ တစ်ဘ၀ကလည်း စားဝတ်နေရေးတွေနဲ့ လုံးလည်လိုက်နေတာ မဟုတ်လား။ ဒါပေမယ့် တတ်နိုင်သမျှတော့ အဲသည်အတွေးကို ခေါင်းထဲ၊ အသိစိတ်ထဲမှာ ထည့်ထားရမယ်။

တစ်ခါတစ်လေမှာ စဉ်းစားမိတယ်။ သံသရာကြီးကိစ္စကို ထားဦး၊ တစ်ဘ၀က တစ်လကိုတောင်၊ တစ်နှစ်ကိုတောင် လိုအင်ဆန္ဒတွေ လိုအပ်မူတွေနဲ့ ချာလည်လည်နေလို့ စိတ်ညစ်မိတယ်။ အဲသည်မှာ တွေးစရာပါပဲ။ တစ်နှစ်၊ တစ်လ စားဝတ်နေရေး ဒုက္ခတွေ မရုန်းနိုင်လို့ သံသရာကို မေ့ထားလိုက်မလား။ မေ့ထားရင် ပိုပြီးတော့ ဆိုးပေတော့မယ်။

အဲသည် သုံးမျိုးသုံးစားကတော့ -
- ဟိနသီလ
- မဇ္ဈိမသီလ
- ပဏိတသီလတို့ပါပဲ။

သူများတွေ အပြစ်ပြောတာ မခံချင်ဘူး။ ဝေဖန်ရူတ်ချမူကို မလိုလားဘဲ၊ ချီးမွမ်းထောမနာ သြဘာပေးမယ့် ကျော်စောထင်ရှား အောင်မြင်မူတွေကိုလိုချင်လို့ စောင့်ထိန်းနိုင် နေထိုင်နိုင်ပြီး ဆောက်တည်တဲ့ သီလကို “ဟိနသီလ” လို့ ခေါ်တယ်။

ဒုတိယသီလဖြစ်တဲ့ “မဇ္ဈိမသီလ”ကတော့ ကိုယ်လုပ်ကိုင် ဖန်တီးလိုက်တဲ့ ကုသိုလ်ကောင်းမူရဲ့ အကျိုးကို ကိုယ်ခံစားချင်လို့ လုပ်တာ၊ စောင့်ထိန်းတာ၊ ဆောက်တည်တာကပဲ။ (ကိုယ်ပြုမူတဲ့ ကောင်းမူအရ ကိုယ်ပြန်လည် ခံစားချင်တဲ့ သဘောပါ)။

အံ့သြစရာကောင်းတာက ဒါနထက် သီလမြတ်တဲ့ကိစ္စပါပဲ။ တွေးကြည့်လိုက်ပါ။ ဒါနက ပိုက်ဆံမကုန်ဘူးလား။ ကုန်တယ်။ ပစ္စည်းဥစ္စာ မကုန်ဘူးလား။ ကုန်ပါတယ်။ အလှူအတန်း များတာနဲ့အမျှ မပင်ပန်းဘူးလား။ ပင်ပန်းပါတယ်။

သီလ ကျတော့ရော။ သီလ ပိုက်ဆံကုန်လား။ မကုန်ဘူး။ ပစ္စည်းဥစ္စာ လျော့လား။ မလျော့ပါဘူး။ ဒါပေမယ့် အကျိုးရတာကြတော့ ဘယ်ဟာက ကြီးသလဲဆို ဒါနထက် သီလက ကြီးနေတယ်။ ဒါနထက် သီလက မြတ်ပါတယ်။

ဒါနထက် သီလမြတ်တယ်ဆိုတော့ သီလဟာ ဒါနထက် တန်ခိုးသတ္တိရှိတယ်။ အကျိုးပေး ပိုများတယ်။

သီလရဲ့အကျိုးပေးဟာ ရက်ရှည်လများ စောင့်ထိန်းတဲ့ သီလကို မဆိုပါနဲ့ဦး၊ တစ်ခဏဆောက်တည်တဲ့ သီလတောင်မှ အကျိုးကျေးဇူးအလွန်ကြီးမားစွာရတယ်။ အဲဒါကို သီလဆောက်တည်ကြည့်တဲ့အခါ ပိုသဘောပေါက် လက်တွေ့ခံစားရလိမ့်မယ်။

ဒါနပြုရင် ပထမဆုံး ဆရာတော်အသီးသီး သီလကို အရင်ခံခိုင်းတယ် မဟုတ်လား။ သီလကို ဆောက်တည်စေတာ မြင်တွေ့ကြရတယ်။

သီလကို တစ်နေ့၊ တစ်နာရီ၊ တစ်ခဏဆိုပြီး အထင်မသေးအပ်ဘူး။ ပေါ့ပေါ့တန်တန် မလုပ်အပ်ဘူး။ လေးလေးစားစားကို ဆောက်တည်ရမယ်။

တစ်နေ့၊ တစ်နာရီ၊ တစ်ခဏလေးတွေ ဆောက်တည်ပါများလာရင် သီလ ခိုင်လုံလာလိမ့်မယ်လေ။ ကြာတော့ များလာမယ်။

ဘာမဆို ဒါနပြုရုံ၊ ဆုတောင်းရုံနဲ့ ရမယ်ဆိုရင်တော့ လောကမှာ အရိယာတွေချည်းပဲ ဖြစ်နေကြမှာပါ။ အကျင့်သီလ မကောင်းဘဲ၊ အကျင့်သီလ မကျင့်ဘဲ ဒါနကောင်းမူပြု ဆုတောင်းရုံနဲ့ အရိယာသူတော်ကောင်း မဖြစ်နိုင်ဘူး။ ဒါနတွေ။ ဆုတောင်းတွေထက် အကျင့်ကာ အဓိက ဖြစ်တယ်။

စံကင်းဆရာတော်ဘုရားကြီးက “ဒါနမူ၊ သီလမူ၊ ဘာဝနာမူတွေဟာ သည်းခံနိုင်လို့ ဖြစ်ကြတာပဲ။ ခြုံပြီးပြောရရင် ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူကြတဲ့ ဘုရားရှင်တွေဟာ သည်းခံနိုင် လွန်းလို့ ဖြစ်တာပဲ။ အ၀ီစီငရဲ အပါယ်လေးဘုံ ကျနေသူများဟာ သည်းခံခြင်း မရှိကြလို့ပဲ” လို့ ဆိုမိန့်ခဲ့ပါတယ်။

လယ်တီဆရာတော် ဘုရားကြီးက “ဒါယကာ၊ ဒါယိကာမတို့ သီလကို အထူးသုတ်သင်ကြ၊ သတ္တ၀ါအားလုံးကို မေတ္တာ ဘာဝနာ ပွားကြလို့ ” မကြာခဏ သြ၀ါဒ ပေးတတ်ကြောင်း ဓမ္မစာရေး ဆရာတစ်ဦးရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ တွေ့ဖူး ဖတ်ဖူးခဲ့တယ်။

အဲသည်လို “သီလကို သုတ်သင်ကြလို့” မကြာခဏ သတိပေး သြ၀ါဒစကား ပြောကြားတာကြောင့် သီလရဲ့ အခန်းကဏ္ဍာ အတော်ပဲ ကြီးမားကြောင်း သိသာပါတယ်။

သီလဟာ လောကုတ္တရာ ရတနာပါ။ အရိယာ သူတော်ကောင်းတို့အတွက် ပြည့်စုံရန် လောကုတ္တရာ ရတနာတွေက သဒ္ဓါ, သီလ, ဟီရိ, သြတ္တပ္ပ, သုတ, စာဂနဲ့ ပညာတွေပါပဲ။

ဆရာတော်အရှင်သြဒါတသီရိဘိဝံသက “အမျိုးကောင်းဖြစ်၍ ပစ္စည်းပေါ၊ ပညာတတ်ပါသော်လည်း ကိုယ်ကျင့်သီလ မကောင်းသူကို မည်သူမျှ “လူတော်လူကောင်း” အဖြစ် မသတ်မှတ်နိုင်ပါ။ ပစ္စည်းဥစ္စာ မပေါများပါသော်လည်း ကိုယ်ကျင့်သီလကောင်းသူများဟာ လူတော်လူကောင်းဖြစ်ရန် သီလပါရမီဖြည့်ကျင့်ရမည်” လို့ မိန့်ဆိုပါတယ်။

မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသက “သာသနာဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ်။ ဘုရားအဆုံးအမဆိုတာ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါးပဲ ရှိတယ်။ ကိုယ်သိမ်မွေ့ပါ၊ နူတ်ချိုသာပါ၊ စိတ်ဖြောင့်မတ်ပါ။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ်ဆိုတာ အလကား။ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုရမယ်” တဲ့။

ဆရာတော်ကြီးတွေ တော်တော်များများ သီလနဲ့ ပတ်သက်ရင် အထူးဂရုစိုက်ဖို့ မိန့်ဆိုသြ၀ါဒ ပေးကြတယ်။

သီလဟာ လူရဲ့အသက်ပဲ။ အသက်ဟာ သီလပဲ။

မရှိတာထက် မသိတာဟာ ဘ၀မှာ ပိုခက်နေတယ်။ မသိတာတွေထက် အကျင့်သီလ မကောင်းတာက ပိုခက်ပြန်ရော။

ပြီးတော့ မကျင့်တာထက် မယုံကြည်တာတွေက အခက်ဆုံးပဲ။ အချို့က ဘာသာရေးကို သိပ်အလေးမထားကြဘူး။

အမှတ်တမဲ့နေသူတွေရဲ့ စိတ်ဟာ အကုသိုလ်ဘက် သွားနေတဲ့အတွက် အကုသိုလ်ကံ အကျိုးပေးကလည်း ထိုသူ့ဆီ အမြဲလိုက်နေတာ မဟုတ်လား။ အကုသိုလ်ကံ အကျိုးပေးဆိုတာ အလွန်ကြောက်ဖို့ ကောင်းလှပါတယ်။

ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ တရားသဘောအရ တည်မြဲနေတာ မဟုတ်ပါဘူး။ အဲသည်မှာ ဆင်းရဲလို့ ဆင်းရဲလို့ ဒါန၊ သီလ၊ ဘာဝနာတရားကို မပွားနိုင်ရင် လူ့ဘ၀ ရ, တာဟာ ရကျိုးနပ်မျာ မဟုတ်ပါဘူး။ ချမ်းသာတာကို ခံစားရလို့ လောကီအာရုံအမျိုးမျိုးကို လိုက်စားပြီးမိုးမမြင်၊ လေမမြင် အောက်ခြေလွတ်နေပြန်ရင် ဒါန၊ သီလ၊ ဘာဝနာတွေ ပွားရကောင်းမှန်းမသိအောင် ဖြစ်နေပြန်တော့လည်း လူ့ဘ၀ရကျိုး၊ လူဖြစ်ရကျိုး မနပ်ပြန်ဘူးပေါ့။

ဒါနထက် သီလက မြတ်တာကြောင့် လောကမှာ မလှူနိုင်လို့ အားမငယ်ပါနဲ့။ မလှူနိုင်သေးရင် လှူနိုင်အောင် ကြိုးစားရမယ်။ မလှူနိုင်လျှင် အကျင့်သီလကို ပိုဂရိုစိုက် ကြရမယ်လေ။ အဲ့ဒါကြောင့် မလှူချင်ရင်နေပါ၊ မချမ်းသာလည်းနေပါ။ အကျင့်သီတော့ မပျက်ပါစေနဲ့၊ အကျင့်သီလတော့ ချမ်းသာပါကြပါစေ။

ဓမ္မ၏ အနှစ်သာရ (၃)မျိုး

ဓမ္မရဲ့ အနှစ်သာရ (၃)မျိုးကတော့ သီလ၊ သမာဓိ၊ ပညာပါပဲ။ အဲသည်အနှစ်သာရ (၃)မျိုးက တန်ဖိုးရှိတယ်။ ဓမ္မရဲ့ အနှစ်သာရဖြစ်လို့ ကောင်းကျိုးပြုတယ်။ အနှစ်သာရကို ပိုင်ပိုင်နိုင်နိုင် တွေ့ရှိ ဆုပ်ကိုင်မိလေလေ မှန်ကန်သော ချမ်းသာသုခကို ရရှိလေလေပါပဲ။

ဓမ္မရဲ့ အနှစ်သာရတစ်မျိုးဟာ သီလဖြစ်တယ်။ ကျင့်ဝတ်ဖြစ်တယ်။

နူတ်နဲ့ပြောမိတဲ့ မကောင်းမူ၊ ကာယကံမြောက် ကျူးလွန်မိတဲ့ မကောင်းမူတွေကို ကင်းအောင်၊ မဖြစ်အောင် ရှောင်တာပါ။

မရှောင်နိုင်ဘဲ ကျူးလွန်ပြုလုပ် ပြောဆိုနေခဲ့ရင် စိတ်နှလုံး ညစ်နွမ်းတာနဲ့အမျှ အကုသိုလ်တွေ များနေမှာ ဖြစ်တယ်လေ။

မကောင်းမူတွေဟာ ညစ်ညမ်းတဲ့ စိတ်နှလုံးအခြေခံနဲ့ လျှောက်လုပ်တာ မဟုတ်လား။ စိတ်မညစ်ညမ်း မဖောက်ပြန်ဘဲ အကုသိုလ်တွေ လုပ်လို့မရဘူး။

ကိုယ်ရောနူတ်ပါ မထိန်းရင် စိတ်နှလုံး အညစ်အကြေးတွေဟာ များသထက်များမှာပါပဲ။ တိုးသာတိုးတယ်၊ ယုတ်လျော့သွားမှာ မဟုတ်ဘူး။

စိတ်နှလုံးအညစ်အကြေးတွေ အကုသိုလ်တွေဟာ လူတွေကို ဆင်းရဲဒုက္ခရောက်အောင် လုပ်မှာဖြစ်တယ်။ ချမ်းသာသုခနဲ့ ပြည့်ဝအောင် ဘယ်လိုမှ မလုပ်နိုင်ဘူး။

အဲ့သည် သဘောတရားကြောင့် ဓမ္မရဲ့ အနှစ်သာရသုံးမျိုးမှာ (သီလ)ဟာ နံပါတ်တစ်က ပါတာပေါ့။

ဓမ္မရဲ့ ဒုတိယအနှစ်သာရက သမာဓိဖြစ်ပါတယ်။ နည်းစနစ်မမှန်တဲ့ စိတ်ကူးယဉ်မူတွေ ကင်းတယ်။ ပြီးတော့ ယထာဘူတကျတဲ့ အာရုံနဲ့ အကူအညီနဲ့ စိတ်ကို တည်ငြိမ်အောင် ထားတာဟာ သမာဓိပါပဲ။

တည်ငြိမ်မူကင်းတဲ့ စိတ်ဟာ ညစ်ညမ်းနေတယ်။ မတည်ငြိမ်တဲ့ စိတ်ကူးယဉ်မူတွေ၊ ဒါမှမဟုတ် လိုချင်တောင့်တမူတွေအပေါ် အခြေခံပြီး တည်ငြိမ်နေတဲ့ စိတ်ကလည်း ညစ်ညမ်းနေတယ်။

အဲသည် ညစ်ညမ်းတဲ့စိတ်တွေက လူတွေကို ဆင်းရဲဒုက္ခရောက်အောင် လုပ်တယ်။ ချမ်းသာသုခတွေ ရလာအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။

သမာဓိမရှိရင် မိမိအတွက်လည်း မကောင်းဘူး။ အခြားသူတွေအတွက်လည်း မကောင်းဘူး။ ဆင်းရဲဒုက္ခသာ ဖြစ်နေလိမ့်မယ်။

ဓမ္မရဲ့ တတိယ အနှစ်သာရက ပညာပါ။

ရာဂ၊ ဒေါသ၊ မောဟတွေနဲ့ အဲတာတွေကြောင့် ဖြစ်လာတဲ့ သံယောဇဉ်အမျှင်တွေဟာ စိတ်နှလုံး အညစ်အကြေးတွေပါ။ အကုသိုလ်တွေပေါ့။

ပညာက အဲသည် သံယောဇဉ် အညစ်အကြေးတွေကို ဖယ်ရှားပစ်တယ်။ ပညာနဲ့ အညစ်အကြေးတွေ မဖယ်နိုင်ရင် ဆင်းရဲဒုက္ခ ရောက်နေမှာပဲ ။ ချမ်းသာသုခနဲ့ ဝေးတယ်။

သီလ၊ သမာဓိ၊ ပညာတွေကို အလေ့အကျင့် ပြုလုပ်တာဟာ ဓမ္မရဲ့အနှစ်သာရကို ဆုပ်ကိုင်မိအောင်လုပ်တာ ဖြစ်ပါတယ်။

ချမ်းသာသုခကို ရအောင်ပြုလုပ်တာ ဖြစ်ပါတယ်။

*လက်တစ်ဘက်ဖြင့်၊ လက်တစ်ဘက်ကို

ခြေတစ်ဘက်ဖြင့်၊ ခြေတစ်ဘက်ကို

ဆေးကြောရာသကဲ့သို့၊

ပညာကို သီလဖြင့် ဆေးကြောရာ၏။

သီလကို ပညာဖြင့် ဆေးကြောရာ၏။

အကြင်ပုဂ္ဂိုလ်၌ သီလရှိ၏။

ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။

အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏။

ထိုပုဂ္ဂိုလ်၌ သီလရှိ၏။

သီလရှိသောသူ၌ ပညာရှိ၏

ပညာရှိသောသူ၌ သီလရှိ၏။

သီလရှိသောသူ၌ သီလရှိ၏။

သီလနှင့်ပညာကို

လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။

ဗုဒ္ဓ၏သြ၀ါဒ (သောဏဒဏ္ဏသုတ်၊ သီလက္ခန္ဓ၀ဂ်၊ ဒီဃနိကာယ်)

ကိုယ်ကျင့်သီလ

ဘယ်သူများ ဘ၀ကို ခပ်ညံ့ညံ့နေချင်တယ်လို့ ကြားဖူးသလဲ။

လူတွေဟာ ကောင်းကောင်းနေချင်၊ ကောင်းကောင်းစားချင်၊ ကောင်းကောင်းဝတ်ချင် ကြတယ်။ အဲသည်လို နေရာတကာ ကောင်းကောင်းနေချင်၊ စားချင်၊ ၀တ်ချင်ပေမယ့် အကျင့်မကောင်းကြတာက ခက်တယ်လေ။

ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ်ပါ။ ပြုလုပ်တဲ့အခါမှာ သေးငယ်တဲ့ အပြုလေး လုပ်လို့ အကျိုးပေးမှာ မဟုတ်ဘူးလို့ မထင်ပါနဲ့။ တံစက်မြိတ်အောက်မှာ ချထားတဲ့ ရေအိုးဟာ ရေတစ်စက်၊ တစ်စက်ကျရုံနဲ့ မကြာမီ ပြည့်လာသလို နောင်တစ်ချိန်မှာ အကျိုးပေးမှာပါပဲ။ ပြည့်သွား၊ များသွားမှပဲလေ။ လူအချို့ဟာ ကောင်းမြတ်တဲ့ အလေ့အကျင့်ကို သိပေမယ့် မကျင့်ကြဘူး။ လူကောင်းလူမှန် ဖြစ်ချင်ရင် ကောင်းမြတ်တဲ့ အကျင့်သီလ အထုံဖြစ်အောင် လေ့ကျင့်ရမယ်။ ဘယ်အကျင့်ဟာ အသင့်လျော်ဘူးဆိုတာ နားလည်အောင် ကြိုးစားရမယ်။ ကြိုးစားရှောင်ရမယ်။

ရေသာခို အချောင်လိုက်ချင်တာ၊ တပ်နပ်စားဉာဏ်သုံးချင်တာ၊ ပျင်းရိတာ၊ ပေါ့လျော့တာ၊ သည်းမခံနိုင်တာတွေဟာ မကောင်းတဲ့ အကျင့်သီလတွေပဲ။

အဲ့သည် အကျင့်ဆိုးတွေဟာ တစ်စုံတစ်ယောက်ရဲ့ သန္တာန်မှာအမြစ်တွယ်ရင် ပြောင်းလဲပြုပြင်ဖို့ ခက်တယ်။ ဒါပေမယ့် မရဘူးတော့ မဟုတ်ပါဘူး။ ပြင်လို့ရပါတယ်။ ဆန္ဒတန်ခိုးဟာ ကောင်းမြတ်တဲ့ဘက်ကို သန်လာရင် ပြင်လို့ရတယ်။ အကျင့်သီလ ကောင်းမြတ်မှန်ကန်ရေးမှာ ဆန္ဒတန်ခိုးဟာ အကြီးဆုံး အောင်မြင်ရေး လက်နက်ဖြစ်တယ်။

သူတော်ကောင်းဥစ္စာ ခုနှစ်ပါးမှာ သီလလည်း ပေါတယ်။ သည်ခုနှစ်ပါးဟာ အမှန်တကယ် ရွှေ၊ ငွေ ထက်ကို အဖိုးတန်ပါတယ်။ အဲသည်ခုနှစ်ပါးက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပတို့ဖြစ်ပြီး စကားအရ ပြောရရင် ရတနာသုံးပါးနဲ့ ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်တာ။ ပြီးတော့ အကျင့်သီလရှိတာ၊ အကြားအမြင်ရှိတာ၊ ပေးကမ်းစွန့်ကြဲတာ၊ ခန္ဓာရဲ့ဖြစ်ခြင်း ပျက်ခြင်းကို သိတဲ့ ၀ိပဿနာပညာနဲ့ မကောင်းမူကို ရှက်တာ၊ မကောင်းမူကို ကြောက်တာတွေပါပဲ။

အကျင့်ကောင်း၊ အကျင့်မြတ်တွေနဲ့ သီလရှိသူဟာ စင်ကြယ်သန့်ရှင်းတဲ့ အပြောအဆို၊ အလုပ်အကိုင်၊ အကြံအစည်တွေကြောင့် စိတ်တောင့်တတိုင်း အောင်မြင်ပြီးစီးနေမှာပဲ။ ချစ်ခင်တဲ့ လူလည်းများ၊ နာမည်လည်း ကျော်ကြား၊ ငွေကြေးဥစ္စာလည်း ရနေမှာ ဖြစ်တော့တယ်။ အဲ့ဒါကြောင့် ရဟန်းပညာရှိ၊ လူပညာရှိနဲ့ လူကြီးသူမ၊ ဆရာသမားတွေက သီလကို မကျိုးပေါက်အောင် နေဖို့မှာကြတာ ဖြစ်တယ်။ သီလစောင့်ထိန်းဖို့ အထူးသတိပေးကြတာပါပဲ။

သီလကို စောင့်ထိန်းလို့ ဖြစ်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေဟာ အတိုင်းအဆမရှိအောင် များပါတယ်။ ပြောပြလို့လည်း မကုန်ခန်းနိုင်ဘူး။ သီလများလေ အကျိုးများလေ ဖြစ်သည်။ နောက်ဆုံးမှာ နိဗ္ဗာန်ထိအောင် ရောက်နိုင်ပါတယ်။ ရေခံ၊ မြေခံ၊ မြေသြဇာကောင်းတဲ့ လယ်မြေမှာ ဘာမျိုးစေ့မဆို ပျိုးနိုင်တဲ့ သဘောမျိုးပဲ။ သီလတရားနဲ့ ပြောဆိုလုပ်ကိုင်နေသူရဲ့ နောက်မှာ ချမ်းသာအမျိုးမျိုးဟာ အရိပ်လို လိုက်နေတော့တယ်။

ရုပ်ကောင်းခြင်းထက် စိတ်ကောင်းဖို့က အရေးကြီးလှတော့ သီလရှိဖို့ လိုအပ်တဲ့ကိစ္စပဲ။ သီလမှန်မှ စိတ်မှန်မှာပါ။

သီလပြည့်စုံမူကြောင့် ရတဲ့ အကျိုးကျေးဇူး ငါးပါးကတော့ -

၁။ မမ့မလျော့၊ မပေါ့မတန်မူကြောင့် စည်းစိမ်ဥစ္စာ ရွှေ၊ ငွေ တိုးတက်တယ်။

၂။ အကျင့် စာရိတ္တ ကောင်းတဲ့အတွက် ကျော်ဇောသတင်း ပျံ့နှံ့ခြင်းရှိတယ်။

၃။ ကိုယ့်ရဲ့ သီလဂုဏ်ကြောင့် လာသမျှ လူပရိသတ်၊ မင်းပရိသတ်၊ ရဟန်းပရိသတ် အလယ်မှာ ကြောက်ခြင်းကင်းပြီး ရွှင်ပျ ကျက်သရေရှိတဲ့ မျက်နှာနဲ့ နေရတယ်။

၎။ သီလရဲ့ သတ္တိဂုဏ်ကျေးဇူးကြောင့် သေခါနီးမှာ မတွေဝေဘူး။ မိမိလေ့ကျင့်ခဲ့သော သီလကောင်းမူ ကုသိုလ်ကို ထင်မြင်ပြီး သေရတယ်။

၅။ ဆောက်တည်ခဲ့တဲ့ သီလအကျိုးကြောင့် သေခြင်းရဲ့ အခြားမဲ့မှာ နတ်ပြည်သို့ မချွတ်ရောက်တယ်။

သီလမရှိ၊ သီလ မဆောက်တည်လို့ အကျိုးယုတ်တဲ့ ငါးပါးလည်းရှိတယ်။ သီလရှိသူဟာ လက်ငင်းဘ၀မှာရော၊ လာမယ့်ဘ၀မှာရောအကျိုးခံစားရသလို သီလမရှိသူကြတော့လည်း အကျိုးယုတ်ခြင်း ငါးမျိုးကိုခံစားရတာပဲ။

အဲသည်ငါးပါးက -

၁။ အကျင့်သီလ မရှိ မေ့လျော့ ပေါ့တန်မူကြောင့် ဥစ္စာပစ္စည်းဆုတ်ယုတ်ခြင်းသို့ ရောက်ရတယ်။

၂။ အကျင့်သီလ မရှိသဖြင့် ကျော်စောခြင်း မရှိနိုင်ဘဲ ကဲ့ရဲ့ခြင်းကိုသာ ခံရတယ်။

၃။ အကျင့်သီလ ပျက်ပြားမူကြောင့် ကျက်သရေမဲ့ပြီး ပရိသတ်အလယ်မှာ ပွဲ မတိုးရဲဘူး။

၎။ သေခါနီးမှာ အကျင့်သီလ မရှိခဲ့မူကြောင့် အားကိုးမဲ့ပြီး တွေတွေဝေေ၀ သေရတယ်။

၅။ သေပြီး အခြားမဲ့မှာ ကောင်းရာမရောက်ပြန်ဘူး။ သီလညှိုးရင် ပျက်တယ်။

အဲ့ဒါဟာ လုံးဝအမှန်တရားပဲ။ သီလညှိုးပြီး၊ သီလမှိန်ပြီး အောင်မြင်ထွန်းကားနေတယ် ဆိုတာ မရှိဘူး။ ရှိလဲ ခဏတာ ရှိတာမျိုးပဲ ဖြစ်မယ်။

လောကမှာ သီလမညှိုးဘဲ စင်ကြယ်စွာ ကျင့်နိုင်သူတွေသာ ပိုမို အဆင့်အတန်း မြင့်ပါတယ်။

ဂုဏ်ကြီးသူ၊ ရာထူးကြီးသူတွေဟာ အဆင့်နဲ့အညီ သီလ၊ သမာဓိ၊ သိက္ခာ၊ ဂုဏ်တွေ ရှိကြတာပဲ။ အလကား ဂုဏ်မကြီးဘူး၊ ရာထူးမကြီးဘူး။ ရသင့်ရထိုက်လို့ အဆင့်မြင့်ကြ၊ ရာထူးကြီးကြ၊ ဂုဏ်ရှိကြတာပါ။

ရာထူးကြီးသူ၊ ဂုဏ်ကြီးသူ၊ အသက်အရွယ် ကြီးသူတွေဟာ အသက်အရွယ်အလိုက် အကျင့်သိက္ခာ စောင့်ရတယ်။ တော်ရိ လျော်ရိ ဖြစ်သလို နေလို့မရဘူး။ နေရင် ပိုအပြောခံရတယ်။ နာမည်ပျက် ဂုဏ်ပျက် ဖြစ်တတ်တယ်။

ရာထူးကြီးသူ၊ ဂုဏ်ကြီးသူတွေဟာ အရိုအသေ ခံထိုက်အောင် စံနမူနာပြ ဖြစ်ရတယ်။ ငယ်သူတွေ အတုယူတတ်အောင်ကို နေရတယ်။

အဓိကအချက်အချာ၊ အကြီးအကဲ ရာထူးတွေကို အရွယ်နဲ့အလိုက် ကျွမ်းကျင်မူ၊ လုပ်သက်၊ သီလသမာဓိ၊ လောကီပညာ အဆင့်အတန်း ပြည့်စုံသူများကို ခန့်ထားကြတယ်။ လုပ်သက် ဘယ်လောက်များများ သီလညှိုးရင် ရာထူးတက်ခဲတယ်။

ကြီးသူတွေရဲ့ အရည်အချင်း၊ သီလ၊ သမာဓိ ကင်းရှင်းသူ လက်အောက်မှာ ဂုဏ်အင်္ဂါ၊ သီလ၊ သမာဓိ ပြည့်စုံသူတွေ ဘယ်လိုလုပ်ပြီး အမူထမ်းလို့ ဖြစ်ပါတော့မလဲ။

အလုပ်အကိုင်မှာ ရိုသေ၊ ခန့်ညား၊ လေးစားလောက်သူ ခိုင်းမှ လက်အောက်ငယ်သားက လုပ်ချင်တယ်။ စိတ်တက်ကြွတယ်။ မလေးစားတဲ့လူက ခိုင်းရင် အလုပ်နှောင့်နှေးချင်တဲ့ သဘောရှိပါတယ်။

ကိုယ်စိတ်နှစ်ပါး ချမ်းသာမူကို လိုချင်ရင်၊ ဆင်းရဲခြင်းကို ရှောင်နိုင်သမျှ ရှောင်ချင်ရင်၊ ပြီးတော့ အသက်ရှည် ငြိမ်းချမ်းစွာ နေချင်ရင် “ငါးပါးသီလ” ကို မပြတ် တည်ဆောက်ရလိမ့်မယ်။ ငါးပါးသီလကို အရွယ်ရောက်တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး မှန်သမျှ သိကြပါတယ်။

သူတစ်ပါးအသက်ကို မသတ်ဘဲ ဒေါသစိတ်ကို ချုပ်ထိန်းမျိုသိပ်နိုင်ရင် ဒေါသမီးငြိမ်းပြီး စိတ်ချမ်းသာမယ်။ မေတ္တာစိတ်ပွားမယ်။ ပြီးတော့ ကြောင့်ကြမူပါ ကင်းပြီး စိတ်နှလုံးက အေးမြနေမှာပဲ။ ဒါတင်မကဘဲ ကိုယ့်ကို ကလဲ့စားချေမယ့် ဘေးရန်လည်း ကင်းပါတယ်။ ကလဲ့စားချေတတ်တဲ့စိတ်က အကုသိုလ်ကို နှစ်ထပ်ကိန်းလုပ်တာနဲ့ တူတယ်။ ဒေါသကို ထိန်းတဲ့သူဟာ နောင်တမလွန် ဘ၀မှာလဲ မခံရဘူး။

လစ်တဲ့အချိန် ခိုးချင်တဲ့စိတ်ရှိရင် လစ်တိုင်းမှာ ခိုးချင်လာလိမ့်မယ်။ လွယ်လွယ်ရဖူးရင် နောင်လဲ ခိုးချင်စိတ် ၀င်လာတယ်။ အဲသည်စိတ် ၀င်လာရင် ကိုယ့်ကိုယ်ကို အားမကိုးချင်တော့ဘူး။ ငွေရှာ ပစ္စည်းရှာရာမှာ လမ်းမှန်ကမ်းမှန်နည်းကို စိတ်အားမသန်တော့ဘူး။ မခိုးဝှက်ဘဲ ရှာမှသာ စင်ကြယ်တဲ့ပစ္စည်းနဲ့ အသက်မွေးနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်မှပါ။ ဒါတင်မကဘဲ အပြစ်ဘေးဒဏ်က လွတ်ပြီး ကြောင့်ကြမူကင်းတယ်။ ခိုးတာဟာ နည်းနည်းခိုးရာက စ, တတ်တယ်။ အဲ့ဒါကြောင့်လဲ နည်းနည်းခိုးတာကိုလဲ အကျင့်မလုပ်မိပါစေနဲ့။ ကလေးသူငယ်တွေကိုလည်း ခိုးကျင့်ပါအောင် ခွင့်မလွှတ်ရဘူး။

တွေ့မရှောင် အချောင်စိတ်နဲ့ သူတစ်ပါး သားမယားနဲ့ အုပ်ထိန်းသူ မလွတ်သူတွေအပေါ် အကြံအဖန်တွေ မလုပ်သင့်ဘူး။ ကာမေသုကို သတိနဲ့ကို ရှောင်ရမယ်။ အချို့က မသိမသာနဲ့ ကာမေသု ဖြစ်သွားကြတယ်။

ရှောင်ကြဉ်တဲ့အခါမှာ ကာမရာဂမီးနဲ့ တွဲတဲ့ ဒုက္ခတွေ မခံရဘူး။ နောင်ဘ၀လည်း မိန်းမလျာ မဖြစ်ရဘူး။ မယားခိုးမူနဲ့ စွပ်စွဲခံရမှာလည်း မပူရဘူး။ ကိုယ်ရဲ့ နီးကပ်တဲ့ မိတ်ဆွေဖြစ်တဲ့ သားမယားတွေရဲ့ မေတ္တာကို ခံယူရတယ်။ ကိုယ့်ခွန်အားတွေ မဆုတ်ယုတ်ဘူး။ နာမည်ဆိုးဖြစ်တဲ့ “ကြာကူရီ” တို့ “ကြွက်ပျင်း“ တို့လည်း အခေါ်မခံရဘူး။ အကျဉ်းထောင်တွေထဲမှာ မယားခိုး သမားတို့၊ မုဒိမ်းသမားတို့ဟာ မျက်နှာအငယ်ရဆုံး တရာခံတွေပဲ။ ကာမေသုကို ရှောင်တာဟာ အခြားသူတွေရဲ့ စိတ်ချမ်းသာမူကို ရှေးရူတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ဆင်းရဲမူ၊ ကြောင့်ကြမူတွေလည်း ကင်းတယ်။ ဖြစ်လာမယ့် ဘေးရန်တွေ ကင်းတယ်။ “မယားထိ ဓားကြည့်” ဆိုတဲ့ စကားရှိတယ်။ ကာမေသုသမား အချို့ဟာ ခင်ပွန်းသည်ရဲ့ ဓားသွားအောက်မှာ အသက်ပါသွားတာတွေ ရှိတယ်လေ။

မုသာဝါဒကို ရှောင်ကြဉ်ရင် ယခုသာမကဘဲ နောင်တမလွန် ဘ၀ပါ ကောင်းပါတယ်။ မုသာဝါဒရှောင်ရင် ယခု ဘာကောင်းသလဲ။ မှန်တဲ့ရောင်းဝယ် ပြောဆိုမူကြောင့် စီးပွားတတ်တယ်။ မုသာဝါဒ ရှောင်တဲ့လူဟာ ဘယ်တော့မှ ထမင်းမငတ်ဘူး။ မုသာဝါ မရှောင်တဲ့ ညာစားတဲ့လူကျတော့ ခဏသာ ကောင်းကောင်းစားရပြိး မကြာခင် ငတ်တတ်တယ်။

မဟုတ်မမှန် လုပ်ကြံမပြောခြင်းကြောင့် မုန်းတီးမူ နည်းတယ်။ မနာလိုဝန်တိုမူ ရှားပါးတယ်။ ဘေးရန်ကြောင့်ကြ ကင်းတယ်။ လူချစ်၊ လူယုံပြီး ကိုယ်နဲ့ အလုပ်လုပ်ချင်သူများတယ်။ အမှန်ကို ရဲရဲပြောလို့ သူများတကာထက် သိက္ခာပိုရှိတာပဲ။ မဟုတ်မမှန် ပြောခြင်းဟာ လောကလူ့ရွာထဲမှာ သိပ်ပြဿနာတက်တတ်တယ်။ အဲ့ဒါကြောင့် ငါးပါးသီလထဲမှာ မြတ်စွာဘုရားက ထည့်ဟောထားတာ ဖြစ်တယ်။

သုရာမေရယတဲ့။ နာမည်က သိပ်လှတယ်။ ငါးပါးသီလမှာ နောက်ဆုံးအချက် ဖြစ်ပေမယ့်လို့ အဲသည်အချက်ကို ကျူးလွန်ရင် ကျန်တာတွေလည်း ကျူးလွန်နိုင်တယ်။ သုရာမေရယဟာ ကံငါးပါးစလုံးကို ဆက်ဖြစ်နိုင်တဲ့ အစပါပဲ။ လောကီ အပြစ်ပေါင်းများစွာကို သူက ဖန်တီးတယ်။

အရက်မူးခြင်းက ပျော်စရာမဟုတ်ဘဲ ဘာတွေ ဖြစ်လာသလဲဆိုတော့ ဥစ္စာရူံး၊ ရောဂါရ၊ အသက်တို၊ ပတ်ဝန်းကျင်အော့နှလုံးနာ၊ သားသမီး မိဘတွေ မစားရ၊ စိတ်ရူးသွပ် နောက်ကျိ၊ ခန္ဓာကိုယ်နံစော်၊ အသိုက်အ၀န်း ဖယ်ကြဉ်၊ စီးပွားရေးလည်း အတူ ယုံယုံကြည်ကြည် မလုပ်ရဲကြ။ အရက်သမား အမှားတစ်ထောင်ပဲလေ။ အရိုင်းမှာ အရက်ဟာ ထိပ်ခေါင်ပါ။ ရှောင်နိုင်မှ ကိုယ်ရောစိတ်ပါ စင်ကြယ်တယ်။ ဘေးအန္တရာယ်ပေါင်းစုံ ကင်းနိုင်တယ်။

အကျင့်သီလထဲမှာ အဲသည်ငါးပါးကို အရင်ဆုံးဂရုစိုက်ရမှာ ဖြစ်တော့တယ်။ ပြီးတော့မှ ဒုစရိုက်ဆယ်ပါး။

လူတွေဟာ ငါးပါးသီလ မလွန်ကျူးဖို့ စောင့်ထိန်းရမှာကို သိသော်လည်း ဒုစရိုက်ဆယ်ပါးကို တစ်ခုမကျန် စောင့်ထိန်းရမယ်ဆိုတာ ငါးပါးသီလလောက် သဘောမပေါက်ကြဘူး။

ပြီးတော့ မုသာဝါဒကိစ္စမှာ ရှိသေးတယ်။ မုသာဝါဒဖြစ်တဲ့ ၀စီကံ (၄)ပါးကို ကျူးလွန်တယ်လို့ မထင်ဘဲနဲ့ ကျူးလွန်နေမိကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရယ်စရာ မောစရာပြောတာတွေ (ညစ်ညစ်ပတ်ပတ်ပြောတာ) တွေက သမ္ဖပ္ပလာဝါစာဖြစ်ပြီး မကောင်းပြောတာ အတင်းပြောတာ ပိသုဏ၀ါစာ ဖြစ်နေလို့ပါ။

အဲသည်စကားတွေသာ အကုသိုလ်ဖြစ်တယ်ဆိုတာ လူတော်တော်များများ ဂရုမစိုက်ကြဘူး။ တစ်နေ့တစ်နေ့ စကားလုံးပေါင်းများစွာ ပြောနေကြတာပဲ။

လူတွေရဲ့ သဘောမှာ ဘာရှိသလဲ။ လူတွေဟာ သူတစ်ပါးရဲ့ မကောင်းကြောင်းကို သိပ်ပြောချင် ဆိုချင်ကြတာ။ ၀ါသနာပဲ။

လူဟာ လူ့အကြောင်းကို အပြောချင်ဆုံး။ ဒါပေမယ့် အကောင်းပြောရမှာထက် အဆိုးကို ပြောရတာ ခံတွင်း အတွေ့ဆုံး။

မကောင်းပြောတာတွေကို နားထောင်ချင်တဲ့သူကလည်း နားထောင်ချင်ကြတယ်။ အချို့ဆို ပိုက်ဆံအကုန်ခံ သွားလာပြီးတောင် နားထောင်တယ်။ အချို့က လက်ဖက်ရည်ဆိုင် သွားနားထောင်တယ်။ အချို့ကတော့ အိမ်လည်ပြီး နားထောင်တယ်လေ။

မနောကံ ကျတော့ရော။ မနောကံနဲ့ ပြစ်မှားတာဟာ ပိုက်ဆံမပေးရတဲ့အတွက် တယ်ပြစ်များကြတာပဲ။ မနောကံနဲ့ အကုသိုလ်တက်ဖို့ဟာ သိပ်လွယ်တာ။ ချက်ချင်း စိတ်ကူး။ ချက်ချင်းကို အကုသိုလ်ရတာပဲ။

သိသလောက် လူငယ်တွေဆို ပိုပြီးတော့ ဆိုးတယ်။ လှပတာတွေမြင်ရင် ချက်ချင်း မနောကံနဲ့ပြစ်မှား ပစ်လိုက်ကြတာ ဟောခနဲ၊ ဒိုင်းခနဲပဲ။ အချို့ဆို ၀စီကံကတောင် လွှတ်ခနဲ ထွက်တယ်။

အချို့က မြင်မြင်ချင်း မနေနိုင်၊ မထိုင်နိုင်ဖြစ်ပြီး မနောကံက ချက်ချင်း ဖောက်ပြန်တာပဲ။ မနောကံထဲမှာ ပြစ်မှားပြီး ဇောချွေး တလုံးလုံးနဲ့။

အချို့ကျတော့ လောဘတက်တယ်။ သူများ ဥစ္စာပစ္စည်းနဲ့ စည်းစိမ်ကိုတွေ့ရင်၊ မရနိုင်မှန်း သိတာတောင် စိတ်က လိုချင်စိတ်နဲ့ ပစ်မှားလိုက်တာပဲ။

အဲ့ဒါကြောင့် သူတော်ကောင်းတွေဟာ ကိုယ်နဲ့ စိတ်ကို အမြဲမပြတ် သတိထားနေကြရတာ။

စင်ကြယ်ဖြူဆွတ်တဲ့ သီလနဲ့ ထုံမွှမ်းပွားများအပ်တဲ့ သမာဓိဟာ ကြီးသော အကျိုးဆက် ရှိပါတယ်။ တည်ကြည်လှတဲ့ သမာဓိနဲ့ ထုံမွမ်ပွားများအပ်တဲ့ ပညာဟာ ကြီးတဲ့ အကျိုးဆက် ရှိပါတယ်။

အဲသည်လို တည်ကြည်စူးရှတဲ့ ပညာနဲ့ ထုံမွမ်းပွားများအပ်တဲ့ စိတ်ဟာ အာသဝေါတရားတွေက ကျွတ်လွတ်တယ်။

ဒုစရိုက်(၁၀)ပါးကို ရှောင်ပြီး၊ (၅)ပါးသီလကို တည်ဆောက် အားထုတ်သည် ဖြစ်စေ၊ အားမထုတ်သည် ဖြစ်စေ၊ မလွန်ကျူးမိအောင်တော့ အမြဲကို အထူးကြိုးစား စောင့်ထိန်းရမှာပဲ။

ဝိပဿနာ၊ ဘာဝနာကို အားထုတ်သူအတွက်ကတော့ သီလ၊ သမာဓိတွေနဲ့ ထုံအပ်တဲ့ပညာကို များစွာရပါတော့တယ်။

လုံ့လရှိခြင်း၊ မမေ့လျော့ခြင်း၊ သီလစောင့်ခြင်း၊ မျက်စိစသော အိနြေ္ဒကို စောင့်ခြင်း၊ ဤလေးပါးတို့နဲ့ ပညာရှိဟာ သံသရာတည်းဟူသော သမုဒ္ဒရာမှာ ကိလေသာရေလျဉ် မဖျက်ဆီးနိုင်တဲ့ အရဟတ္တဖိုလ် တည်းဟူတဲ့ မိမိရဲ့ မှီခိုရာကျွန်းကို ပြုရာတယ် - လို့ ဓမ္မပဒမှာ ဆိုတယ်။

ပြီးတော့ သီလရှိခြင်းဟာ အိုတဲ့တိုင်အောင် ချမ်းသာတယ်၊ အခိုင်အမြဲတည်တဲ့ သဒ္ဓါတရားရှိတာဟာ ချမ်းသာတယ်၊ အသိဉာဏ်ပညာကို ရတာဟာ ချမ်းသာတယ်၊ မကောင်းမူ မပြုခြင်းဟာ ချမ်းသာတယ်လို့ ဆိုပါတယ်။

အကျင့်သီလဟာ လူတွေအတွက် အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။

သူတော်ကောင်း စစ်မှန်ရင် ကိုယ့်အသက်နဲ့တကွ စည်းစိမ်ဥစ္စာကို စွန့်ရင် စွန့်လွှတ်ကြတယ်။ အကျင့်သီလကိုတော့ ဘယ်လိုလောကဓံနဲ့ တွေ့တွေ့ မစွန့်လွှတ်ကြပါဘူး။

မြန်မာ့အမွေအနှစ် လိုချင်ရင် ယူလို့ရပါတယ် (LUKALAY79)




မြန်မာသူငယ်ချင်းများနေ့ (LUKALAY79) ထံမှ ကူးယူမျှဝေထားခြင်းဖြစ်ပါသည်။


http://friendsdaygroup.ning.com/forum/topics/2293535:Topic:1224533

မြန်မာ့အမွေအနှစ် လိုချင်ရင် ယူလို့ရပါတယ် (LUKALAY79)




မြန်မာသူငယ်ချင်းများနေ့ (LUKALAY79) ထံမှ ကူးယူမျှဝေထားခြင်းဖြစ်ပါသည်။

http://friendsdaygroup.ning.com/forum/topics/2293535:Topic:1231229?xg_source=activity

အမျိုးသမီးတစ်ဦးအပေါ်ထားရှိသည့် မေတ္တာအတွက် မည်သည့် အိန္ဒိယဗိမာန်ကြီးကို တည်ဆောက်ခဲ့သလဲ?

အိန္ဒိယနိုင်ငံရှိ တာ့ဂ်ျမဟာလ် Taj Mahal အဆောက်အအုံကြီးသည် ကမ္ဘာပေါ်တွင် အလှပဆုံး ဗိမာန်ကြီးများအနက် တစ်ခုအပါအ၀င် ဖြစ်သည်။ ကျောက်ဖြူများဖြင့် တည်ဆောက်ထားသည်။ အဖိုးတန်ကျောက်မျက်ရတနာမျိုးများဖြင့်  အတွင်း၌ စီခြယ်ထားသည်။

မဂို ဧကရာဇ် ရှား ဂျဟန်က ၁၆၃၁-ခုနှစ်တွင် နတ်ရွာစံသွားသည့် မိဖုရား မွန်း တပ်ဇ် မဟာလ် အတွက် အမှတ်တရ အထိမ်းအမှတ်အဖြစ် တည်ဆောက်စေခဲ့ခြင်း ဖြစ်သည်။

ပြတင်းများအဖြစ် မှန်များကို ဘယ်အခါက ပထမဆုံး စတင် သုံးလာခဲ့ကြသလဲ?

မှန်သည် ရှေးဟောင်းတီထွင်မူတစ်ရပ် ဖြစ်သည်။ သို့ရာတွင် နှစ်ပေါင်းများစွာ ကြာလာသည်အထိ မှန်ကို မည်သို့ လုပ်ကိုင်ရကြောင်း အတော်များများက နားမလည်ခဲ့ကြချေ။ မှန်များကို ငွေကြေးချမ်းသာသူတို့သာ ၀ယ်သုံးနိုင်ခဲ့သည်။ မှန်စီ အနုပညာ ထွန်းကားလာချိန်တွင်မှ ပြတင်းမှန်ချပ်များ အသုံးများလာခဲ့သည်။

ထိုအချိန်တွင်မှ မှန်ဈေးကျဆင်းလာသည်။ ၁၉-ရာစုနှစ်တွင် မှန်များကို အလုပ်ရုံများ၌ ထုတ်လုပ်လာနိုင်သည်။ လူအများ မှန်ပြတင်းများ နေရာတွင် သစ်သားတံခါးရွက်များ၊ တိရစ္ဆာန် အရေခွံများဖြင့် ပိတ်ဆို့ ကာဆီးခဲ့ကြရသည်။

ရှေးအခါက အိမ်အလယ် အပူဓာတ်ပေးစနစ် သုံးခဲ့ဖူးသလား?

အပူဓာတ်ပေးစနစ် သုံးခဲ့ဖူးကြသည်။ ရိုမန် ဗိသုကာပညာရှင်များသည် အိမ်များနှင့် အနားယူဂေဟာ Villas များတည်ဆောက်ရာတွင် အပူဓာတ်ရရှိရန် စီစဉ်တတ်ကြသည်။ အိမ်ပြင်ပတွင် မီးပြင်းဖိုကြီး ထားရှိသည်။ မီးပြင်းဖိုမှ လေပူရှိန်များကို ကြမ်းပြင်များနှင့် နံရံများပတ်လည်ရှိ အပေါက်များ၊ ဂယ်ပေါက်များမှ တဆင့် အိမ်ကြီးထဲသို ပ၀င်ရောက်စေခဲ့သည်။ မျက်မှောက်ကာလ လူများက အဆိုပါ အပူရှိန်ပေးစနစ်သည် ပတ်ဝန်းကျင်ကို မထိခိုက်နိုင်ဟု ယူဆသည်။

အခြားတစ်ဖက်တွင်လည်း အဆိုပါ အပူဓာတ်ပေးစနစ်သည် ပတ်ဝန်းကျင် လေထုကို ထိပါးစေသည်ဟု အများက ယူဆသည်။ သစ်သားထင်းချောင်းများစွာ မီးရို့ရာမှ လေပူများ ထွက်လာသောကြောင့် ဖြစ်သည်။

မြောက်အမေရိက အင်ဒီယန်လူနီများ မြို့ကြီးတွေ တည်ဆောက်ခဲ့သလား?

မြောက်အမေရိက အင်ဒီယန်လူနီတိုင်းသည် လှည့်လည်သွားလာနေသူ မုဆိုးများ မဟုတ်ကြချ။ အရီဇိုးနားနှင့် နယူးမက္ကဇီကိုပြည်နယ်များတွင် လယ်ယာလုပ်ကိုင်ရန် ပိုမို သဘောကျတတ်သည့် အင်ဒီယန်ဒေသများ ရှိခဲ့သည်။ သို့ရာတွင် တဲအရှင်များ tents သည် လယ်ယာလုပ်ငန်းနှင့် အမှန်တကယ် မကိုက်ညီလှကြောင်း တွေ့မိကြသည်။

ထို့ကြောင့် နယူးမက္ကဇီကိုပြည်နယ်တွင် သီးသန့် မြို့ငယ်ကလေးများ တည်ထောင်ရန် အိမ်များဆောက်ကြသည်။ ပျူဘလို Pueblos ဟုခေါ်သည်။ စပိန်ဘာသာဖြင့် ရွာများဟု အဓိပ္ပာယ်ရသည်။ အိမ်များကို စက်ဝိုင်းခြမ်းပုံဆောက်သည်။ နေလှန်းအုတ်ခဲများဖြင့် ဆောက်သည်။ အိမ်များသည် တိုက်ခန်းများအဖြစ် ခွဲခြားထားသော အဆောက်အုံးကြီးများနှင့် တူသည်။

ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးမြို့သည် ဘယ်မြို့လဲ?

အရှေ့အလယ်ပိုင်း ဒေသတွင် တည်ဆောက်ထားသည်။ သမ္မာကျမ်းစာထဲ၌ပင် အုတ်တံတိုင်း ခိုင်ခိုင်မာမာနှင့် လှပသော မြို့တစ်မြို့အဖြစ် မှတ်တမ်းတင်ထားသည့် ဖော်ပြပါ ဂျယ်ရီခိုမြို့ကို ခရစ်မပေါ်မီ ၇၈၀၀-ခုနှစ် ၀န်းကျင်အတွင်း တည်ဆောက်ခဲ့သည်။ အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရသည်။ အကြိမ်ကြိမ် ပြန်လည် တည်ဆောက်ခဲ့ရသည်။

ဂျယ်ရီခိုမြို့ရှိနာမည်ကျော် တံတိုင်းကြီးသည် ထိပ်ပိုင်းတွင် တစ်မီတာခွဲ ထူသည်။ သမ္မာကျမ်းစာ အဆိုအရ ဘုရားသခင်သည် ဂျယ်ရီခိုမြို့သားများ မကောင်းမူဒုစရိုက်ရှောင်ကြရန် ယောရူ Joshua အား ပြောခိုင်းသည်။ ယောရူသည် မိမိ၏ တံပိုးကို မူတ်လိုက်သည်။ ထုထည်ကြီးမားလှသော အုတ်တံတိုင်းကြီးသည် ရုတ်တရက် ပြိုကျသည်။ ယောရူသည် ဂျယ်ရီခိုမြို့ကို သိမ်းပိုက်ရရှိသည်။

ရွာတစ်ရွာဆိုတာ ဘာလဲ?

ရွာဆိုသည်မှာ မိသားစုနည်းနည်းအတွက် နေရာထိုင်ခင်းဖြစ်သည်။ စာသင်ကျောင်းတစ်ကျောင်း၊ ဆရာဝန်တစ်ဦး၊ ၀တ်ပြုရန်နေရာ တစ်နေရာနှင့် ဆိုင်အနည်းငယ် ရှိတတ်သည်။ ရွာသည် လူသားများ ပထမဆုံး အခြေစိုက် နေထိုင်မူပုံစံ ဖြစ်သည်။ အင်ဒိုနီးရှား၊ တောင်အမေရိက၊ အာဖရိက စသည့် နိုင်ငံများတွင် ရွာများစွာ ရှိနေသေးသည်။

နိုင်ငံများစွာ၏ ကျေးလက်ပိုင်းတွင် ရွာများ တည်ထားသလိုပင် အလုပ်သမားများအတွက် အထူးသဖြင့် တည်ဆောက်ပေးထားသည့် ရက်အား အနားယူ ရွာများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တည်းခိုနေထိုင်နိုင်ရန် အိုလံပစ်ရွာများလည်း ရှိသေးသည်။

သစ်တိုင် မြေစိုက်အိမ်များ ဘယ်လို တည်ဆောက်ခဲ့ကြသလဲ?

သစ်တိုင် မြေစိုက်အိမ်များ Pile-dwelling ပုံစံသည် မျက်မှောက်ကာလ ကနေဒါမှ သစ်လုံးအိမ်ကလေးများနှင့် တူလှသည်။ ခေါင်မိုးများသည် တစ်ဖက်သို့ လျှောဆင်းသွားသည်။ နံရံနိမ့်နိမ့်များဖြင့်လည်း ကာရံထားသည်။ မြေစိုက်အိမ်များကို သစ်သားဖြင့် Wooden Platform များပေါ်တွင် ဆောက်ထားသည်။ ဆိုင်ရှည်ကြီးများ မြေစိုက်တည်ဆောက် ထားသည်။ ရံဖန်ရံခါ ရေအိုင် သို့မဟုတ် မြစ်အတွင်း ရေပြင်ပေါ်တွင် ဖြစ်စေ တည်ဆောက်တတ်သည်။

အိမ်တက်ဆောက်ထားသည့် သစ်သားခုံမြင့်များသည် ကာကွယ်ရေးအတွက် အသုံးကျသည်။ လူသား ရန်သူများကိုသာမက မြေကြွက်ကြီးများ၊ အိမ်ကြွက်များ အပါအ၀င် အဖျက်သတ္တ၀ါများရန်မှ အကာအကွယ်ပြုလျက်ရှိသည်။

လူသားတွေ ဘယ်အချိန်တုန်းက ဂူတွေထဲ နေခဲ့ကြသလဲ?

သမိုင်းမတင်မီ ခေတ်ဦးပိုင်းတွင် ဂူများသည် လူသားများအတွက် နေအိမ်များ ဖြစ်ခဲ့သည်။ ဂူအတွင်းပိုင်း၌ သမိုင်းဦးလူတို့ နေထိုင်စရာများ ဖန်တီးခဲ့သည်။ သစ်ကိုင်းများ ဘောင်ခတ်လျက် တိရစ္ဆာန်သားရေများ ဖြန့်ကြက် နေထိုင်ခဲ့ကြသည်။ သို့တည်းမဟုတ် သစ်သား တဲအိမ်များ တည်ဆောက်နေထိုင်ခဲ့ကြသည်။

အကယ်၍ ဂူဝတစ်ခုကို အခြေအနေကောင်းကောင်း တွေ့ရှိခဲ့လျှင် သို့မဟုတ် ဂူတစ်ပေါက်နှင့် တစ်ပေါက် နီးကပ်စွာတည်ရှိနေလျှင် လူများသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်သွားခဲ့ကြသည်။

အီတလီနိုင်ငံ လူဂါရီယာဒေသ ဘာလ်ဇီရော့စီ ဂူထဲတွင် သမိုင်းဦးလူများ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀,၀၀၀ မှ ၁၀,၀၀၀ အထိ နေထိုင်သွားခဲ့သည် အထောက်အထားများ တွေ့ထားသည်။

လက်ပ် လူမျိုး(Lapps) တွေ ဘယ်မှာနေထိုင်ကြသလဲ?

လက်ပ်တို့သည် လက်ပ်လင့်ဒ် ခေါ် အာတိတ်ဒေသတစ်ခုတွင် နေထိုင်ကြသည်။ လက်ပ်လင့်ဒ်သည် ဥရောပမြောက်ပိုင်း တစ်ပိုင်းလုံး ပါဝင် ကျယ်ပြန့်သည်။

လက်ပ်တို့၏ ဘိုးဘေးများသည် အာရှတိုက်အလယ်ပိုင်းတွင် နေထိုင်ခဲ့သည်။ လက်ပ်တို့တွင် ကိုယ်ပိုင် ဘာသာစကားရှိသည်။ သိုးမွေးနှင့် ရိန်းဒီးယား သမင်သားရေရောင်စုံ ၀တ်စုံများ ချုပ်လုပ် ၀တ်ဆင်သည်။ တောင်ပေါ် လက်ပ်တို့သည် ရိန်းဒီးယား သမင်အုပ်ကြီးများ မွေးမြူ သွားလာနေကြသည်။ မြစ်ကမ်းနေ လက်ပ်တို့သည် မြစ်ကမ်းများနဘေးတွင် အတည်တကျ နေထိုင်တတ်သည်။ ပင်လယ်ပျော် လက်ပ်တို့မှာမူ ပင်လယ်ကမ်းရိုးတစ်လျှောက် သစ်သားတဲအိမ်များ တည်ဆောက်နေထိုင်သည်။ တံငါသည်များ အဖြစ် အသက်မွေးသည်။

အက်စကီးမိုးတွေ ဘယ်မှာ နေကြသလဲ?

အက်စကီးမိုးတို့သည် မြောက်အမေရိကတိုက် ၀င်ရိုးစွန်း အေးမြဒေသများနှင့် အာရှတိုက် အရှေ့မြောက်ဘက်တွင် နေထိုင်သည်။ တရုတ်နှင့် ဂျပန်အနွယ်များ ဖြစ်သည်။ အက်စကီးမိုးတို့၏ ဘိုးဘေးများသည် အာတိတ်ဒေသကို ဖြတ်ကျော် ၀င်ရောက်ခဲ့ဟန်တူသည်။

အက်စကီးမိုးတို့သည် အအေးဒဏ် ခံနိုင်ရည်ရှိအောင် သင်ကြား တတ်မြောက်ထားသည်။ ပူနွေးသော သားမွေးကုတ်အင်္ကျီများ ချုပ်လုပ်သုံးစွဲသည်။ မြေကြီးထဲတွင် တစ်ဝက်မြုပ် ထားသော မြက်ခင်းမိုးအိမ်များ ဆောက်လုပ်နေထိုင်သည်။ ဆောင်းရာသီတွင် ရပ်ဝေး ရေခဲပြင်ပေါ်ရောက် မုဆိုးများသည် ရေခဲတုံးများဖြင့် အိမ်ဆောက်သည်။ အစ်ဂလူး igloo ဟု ခေါ်သည်။ ယခုအခါတွင် အက်စကီးမိုးအများစုသည် မြို့များရှိ သစ်သားအိမ်များတွင် နေထိုင်လျက်ရှိသည်။

ပစ်ဂမီ လူပုမျိုးတွေ ဘယ်မှာနေကြသလဲ?

ပစ်ဂမီတို့သည် လူကောင်သေးသေးကလေးများဖြစ်သည်။ ရှေးရိုး ထုံးစံဓလေ့အတိုင်း နေထိုင်လျက်ရှိသည်။ ပစ်ဂမီအုပ်စုများသည် ဝေးလ့ခေါင်းပါးသော အာဖရိကတိုက် ဒေသများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း အန်ဒမန်ကျွန်းစုများ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် နေထိုင်သည်။ လူဦးရေနည်းပါးလှသည်။ ဆက်လက်၍ လူဦးရေကျဆင်းလာခဲ့သည်။

လူသိအများဆုံး ပစ်ဂမီလူမျိုးစုမှာ နီဂရိလီုလို Negrillos များဖြစ်သည်။ အာဖရိကတိုက် အလယ်ပိုင်းတွင် နေထိုင်သည်။ အရွယ်ရောက်ပြီး နီဂရီလို လူကြီးတစ်ယောက်၏ အရပ်အမြင့်သည် သာမန်အရွယ် ၁၀နှစ်သား ကလေးငယ် တစ်ယောက်၏ အမြင့်နှင့် တူညီမူ ရှိသည်။

တွားရက် Tuareg လူမျိုးစုတွေ ဘယ်မှာနေကြသလဲ?

တွားရက်လူမျိုးစုသည် အာဖရိကမြောက်ပိုင်းမှ ခြေသလုံး အိမ်တိုင်သမားများ ဖြစ်သည်။ တွားရက်အချို့သည် ဆာဟာရ သဲကန္တာရကြီးအတွင်း လှည့်လည်သွားလာနေထိုင်သည်။ အချို့မှာ ထိုဒေသ တောင်ပိုင်းအစွန်းတွင် နေထိုင်ပြီး ကုန်ကူးနေကြသည်။ တွားရက်တို့သည် ဘာဘာ Berber လူမျိုးမလာမီကပင် အာဖရိကမြောက်ပိုင်း၌ နေထိုင်လာခဲ့သည်။

တွားရက်တို့သည် တွားရက် ဘာသာစကားဟောင်းကို သုံးသည်။ ရှေးရေးနည်းအတိုင်း ရေးမှတ်ကြသည်။ တွားရက်တို့သည် မွတ်စလင်များဖြစ်သည်။ အခြား မွတ်စလင်များနှင့် ကွဲပြားချက်မှာ တွားရက်အမျိုးသားများက မျက်နှာကို ပ၀ါစည်းရခြင်းဖြစ်သည်။ တွားရက်လူမျိုးစုတွင် လူတန်းစားနှစ်ရပ် ခွဲထားသည်။ မှူးမတ်မျိုးများနှင့် ကျေးကျွန်ဟူ၍ ဖြစ်သည်။ မှူးမတ်မျိုးသည် ကုလားအုတ်များ၊ ဆိတ်များ၊ သိုးများ ပိုင်ဆိုင်သည်။ အိုအေစစ်များတွင် နေထိုင် လယ်လုပ်သည်။ ကျေးကျွန်မျိုးတို့မှာမူ မှူးမတ်တို့၏ သိုး ဆိတ်အုပ်များကို ထိန်းကျောင်းပေးရသည်။

မအိုရီ တိုင်းရင်းသားတွေ ဘယ်မှာနေကြသလဲ?

မအိုရီ Maoris တို့သည် နယူးဇီလန်ဇာတိ တိုင်းရင်းသားများဖြစ်သည်။ မအိုရီ ဟူသော ဝေါဟာရအနက်မှာ တိုင်းရင်းသား ဖြစ်သည်။

မအိုရီတိုင်းရင်းသားတို့သည် ပိုလီနီရှန် ဘာသာစကားသုံးနူန်းသည်။ လွန်ခဲ့သော နှစ်ပေါင်း ရာပေါင်းများစွာက မအိုရီတို့၏ ဘိုးဘေးဘီဘင်များသည် ကနူးလှေကြီးများဖြင့် ဝေးလံခေါင်းပါး ပစ္စိဖိတ်သမုဒ္ဒရာ ကျွန်းများမှ ထွက်ခွာခဲ့ကြသည်။ မအိုရီတို့သည် နယူးဇီလန်ကျွန်းတွင် ပထမဆုံး အခြေစိုက်သူများ ဖြစ်သည်။ ပန်းပုရုပ်လုံးသွင်းခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ အ၀တ်အထည်များ ရက်လုပ်ခြင်းအတတ်၌ ကျွမ်းကျင်ကြသည်။

အဘိုရီဂျင် တိုင်းရင်းသားတွေ ဘယ်မှာနေကြသလဲ?

အဘိုရီဂျင် aborigines ဆိုသည် နိုင်ငံတစ်နိုင်ငံသို့ အစောဆုံး ရောက်ရှိနေထိုင်သူများ ဖြစ်ကြသည်။ အဘိုရီဂျင်များစွာရှိသည့်အနက် သြစတြေလျ အဘိုရီဂျင်တို့ လူသိများသည်။

ဥရောပတိုက်သားများ သြစတြေလျတိုက်သို့ ပထမဆုံး ရောက်ရှိသွားချိန်တွင် အဘိုရီဂျင် ၃၀၀,၀၀၀ခန့် ရှိနေကြသည်။ ယခုအခါ ၁၁၀,၀၀၀ခန့်သာ ကျန်ရှိတော့သည်။ သြစတြေလျ အဘိုရီဂျင်များတွင် ကိုယ်ပိုင်ဂီတ၊ အနုပညာနှင့် ဘာသာရေးရှိသည်။ အဘိုရီဂျင်တို့သည် ကိုရိုဘိုရီ corroboree ခေါ် ဂီတ အကပွဲတော်များ မကြာမကြာ ကျင်းပတတ်သည်။ သူတို့လက်နက်မှာ ဘွန်းမီရန်း boomerang ခေါ် ပစ်ပေါက်ရသည့် သစ်သားလက်နက် ဖြစ်သည်။ ပစ်လိုက်လျှင် ပစ်လွှတ်သူလက်ထဲ ပြန်လည် ရောက်ရှိလာနိုင်အောင် ဘွန်းမီရန်း အပေါ့စားများလည်း တီထွင်သုံးစွဲသည်။

ပုံစံဖော်စကိတ်စီးခြင်း Figure Skating ဆိုတာ ဘာလဲ?

ရေခဲပြင်ပေါ် စကိတ်စီး အားကစားပွဲများအနက် တစ်မျိုးဖြစ်သည်။ (အခြားစကိတ်စီးခြင်းနှစ်မျိုးမှာ အရှိန်ပြင်းပြင်း စကိတ်စီးခြင်း Speed skating နှင့် ရေခဲပြင်ပေါ် စကိတ်စီး ကခုန်ခြင်း Ice dancing တို့ ဖြစ်သည်။) Figure skating အားကစားပွဲတွင် Figure on ice ခေါ် စကိတ်စီးနည်းပုံစံ သတ်မှတ်ပါရှိသည်။

Figure Skating ပြိုင်ပွဲတွင် စကိတ်စီးနည်းနှစ်မျိုး သတ်မှတ် ပါဝင်သည် ။ သင်္ချာဂဏန်း 8 ပုံစံပေါ်အောင် စကိတ်စီးခြင်း School skating နှင့် ကြိုက်သည့်ပုံစံဖြင့် စကိတ်စီးခြင်း Free skating တို့ဖြစ်သည်။ ရှစ်ပုံစံပေါ်အောင် စီးရာတွင် စကိတ်တစ်ဖက်တည်း သို့မဟုတ် စကိတ်တစ်ဖက်စီးပြီး ပြိုင်နိုင်သည်။ အဆိုပါ စကိတ်စီးနည်းတွင်လည်း မူကွဲ ၇၀မျိုးရှိသည်။ ကြိုက်သည့်ပုံစံဖြင့် စကိတ်စီးခြင်းသည် ပိုမို လွတ်လပ်မူရှိသည်။ စုံတွဲ စကိတ်စီးရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ယှဉ်တွဲ စကိတ်စီးပြရသည်။

ရေခဲလျှောစီးလမ်းကြောင်း ဘာကြောင့် ရှည်လျားရသလဲ?

လမ်းကြောင်း ရှည်သည်နှင့်အမျှ လျှောစီးသူတစ်ဦးအတွက် လမ်းကြောင်း တိုထက် ပိုမိုထိန်းချုပ်နိုင်သည်။ မတ်စောက်သော ဆင်ခြေလျောတစ်ခုတွင် မျက်နှာပြင်ပေါ်မှ အလွယ်တကူ လျှောဆင်းသွားနိုင်သည်။ လျှောစီးလမ်းကြောင်း အစွန်းသည် နှင်းထုထဲ တိုးဝင်နေပါက လျှောစီးသူသည် လမ်းကြောင်းနှင့် အရှိန်ပြောင်းရသည်။ လျှောစီးလမ်းကြောင်း မျက်နှာပြင်သည် မြေမာနှင့် ဆက်စပ်နေပြီး ပိုမိုကျယ်ပြန့်ပါက လျှောစီးသူအနေဖြင့် ပိုမို ထိန်းချုပ်နိုင်သည်။

နိုင်ငံဖြတ်ကျော် ရေခဲလျှောစီးမူကို တောင်အဆင်းထက် ဆင်ခြေလျော ခပ်ပြေပြေအပေါ် သွားလာရာတွင် အသုံးပြုသည်။ လမ်းကြောင်းလည်း အလွန်ကျဉ်းမြောင်းသည်။

P လေးကနေ တစ်ဆင့်ဝင်မယ် (ဂျေဂျူဝိုင်)


ကျွန်တော် အစတော့ FreeGate 680f နဲ့ ဖြစ်ဖြစ် Ultrasurf 97 နဲ့ ဖြစ်ဖြစ် Proxy အသုံးပြုနည်းလေးကို ရေးပေးမလို့ လုပ်နေတာ။ အဲဒီ ဆော့်ဝဲလ်တွေ သုံးကြည့်တော့ မရတာနဲ့ မရေးတော့ဘူး လုပ်နေတုန်း မောင် (စွယ်စုံ)ကျမ်း ဆိုက်လေးကနေ ပိုစ့်အဖြစ် ရေးထားတဲ့ add ons လေး တစ်ခု ကိုသွားတွေ့ပါတယ်။ ကျွန်တော် အဲဒါလေးကို စမ်းသုံးကြည့်လိုက်တော့ အဆင်ပြေတာကို တွေ့ရတယ်။ ကျော်ကြည့်တော့ http://www.blogger.com လို ဆိုက်မျိုးမှာတောင် ပိုစ့်တွေ ဝင်ရေးလို့ ရတဲ့ အနေအထားကို သွားတွေ့ရတယ်။ အဲဒီတော့ အဲဒီအသုံးပြုနည်းလေးကို သူငယ်ချင်းတွေဆီ ဖြန့်ပေးလိုက်ပါတယ်။ မဘန်းခင် သုံးကြည့်ကြပေါ့။


ဒီနေရာလေး ကို ကလစ်ချလိုက်ပါ။ Mozilla ဆိုက်ရဲ့ addons တွေထဲက တစ်ခုတည်းသော phzilla ကို ဒေါင်းလိုက်ပါ။ ဒေါင်းလို့ လွယ်ပါတယ်။




တချို့ကွန်ပျူတာမှာ ညာဘက် အောက်နားထောင့်မှာ ပေါ်ပြီးတော့ တချို့ ကွန်ပျူတာမှာတော့ address bar အဆုံးနားလေးမှာ ပေါ်ပါတယ်။



ကျော်ပြီးမှ ဝင်ရမယ့် ဝက်ဆိုက်တစ်ခုခုကို address bar မှာ ရိုက်ထည့်လိုက်ပါ။ ကျွန်တော် အဲလို ပြောရတာက ကျွန်တော်တို့ မန္တလေး မိန်းတစ်နေရာက အင်တာနက်ဆိုက်မှာ သွားသုံးတော့ ကျွန်တော့်ကို Google Search ထဲကို လိပ်စာ ဒီထဲမှာ ရိုက်ထည့်ပါလို့ အတင်း ခိုင်းဖူးလို့ပါ။ အမေပေးလိုက်တဲ့ ဆန်တစ်ခွဲ နဲ့သွားတွေ့နေလို့ ဟောက်ပစ်လိုက်ရတယ်။ အဲဒါကြောင့် address bar ထဲ ရိုက်ထည့်ပါလို့ ပြောရတာပါ။ အဲလို ရိုက်ထည့်ပြီးနောက် P လေးကို နှိပ်လိုက်ပါ။



အဲဒါဆို လိပ်စာမှာက PH:: https:// စသဖြင့် ဖော်ပြသွားမှာ ဖြစ်ပြီး ဘန်းထားတဲ့ ဆိုက်ကို ဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်။

အဆင်ပြေနိုင်ပါစေ။

ဂျေဂျူဝိုင်


ဘလော့ဝင်မရသူတွေအတွက် Pလေးကနေ ကိုယ်တိုင်အသုံးပြုရာတွင် အစဉ်ပြေနေပါသဖြင့်

http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:1126761

မြန်မာသူငယ်ချင်းများနေ့ (ကိုဂျေဂျူဝိုင်)ထံမှ ပြန်လည်ကူးယူမျှဝေပေးထားပါသည်။


ဖော်မှူလာဝမ်း ကားပြိုင်ပွဲဆိုတာ ဘာလဲ?

ကမ္ဘာပေါ်တွင် အထက်တန်းအကျဆုံး ကားပြိုင်ပွဲ အမျိုးအစား တစ်ရပ်ဖြစ်သည်။ ဂရန်းပရီ ကားပြိုင်ပွဲများ၏ အဓိက အရေးအကြီးဆုံးအချက်မှာ Formula One ကားအမျိုးအစား ချင်းချင်းသာ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

ဖော်မျူလာဝမ် ပြိုင်ကားတစ်စင်းပုံစံသည် နိမ့်သည်။ သပ် (Wedge-shaped) နှင့် ပုံစံတူသည်။ အဆိုပါ ကားမျိုးသည် တစ်နာရီလျှင် ကီလိုမီတာ ၃၂၀နူန်းရောက်နိုင်သည် ကားပြိုင်ပွဲ အကွာအဝေးသည် ကီလိုမီတာ ၃၂၀ရှည်လျားသည်။ ပတ်ဝိုင်းလျက် မောင်းရသည်။ လမ်းဖြောင့်ဖြောင့်၊ လမ်းကျယ်ကျယ်၊ လမ်းအကွေ့ကြီးများအတိုင်း ယှဉ်ပြိုင်မောင်းရသည်။

Gtalk&Gmail အကောင့် password များ မေ့နေလျှင်(သို့)အခိုးခံရလျှင် ပြည်လည်ရယူနည်း

http://good-wallpapers.com/pictures/2559/gmail.jpg

သိပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။


ဒါပေမယ့် မန်ဘာတစ်ယောက်ရဲ့ gmail account အခိုးခံရတယ်ဆိုလို့ တင်ပေးလိုက်ပါတယ်။


ဒီနေရာမှာ အရေးကြီးတာက မိမိအကောင့်ရဲ့ security question & recovery email ကိုသိရှိထားဖို့လိုအပ်ပါတယ်။


1။ ဂျီတော့ ဘောက်စ့်လေးထဲမှာရှိတဲ့ Forgot your password? ကိုနှိပ်လိုက်ပါ။


2။ username & email လိပ်စာကိုဖြည့်ပြီး submit ကိုနှိပ်လိုက်ပါ။


3။ ပေးထားတဲ့ စာလုံးစောင်းလေးတွေကို မှန်အောင်ဖြည့်ပြီး continue ကိုနှိပ်ပါ။


4။ Answer my security question ရှေ့က အ၀ိုင်းလေးကို နှိပ်လိုက်ပါ။


5။ အကောင့်ဖွင့်စဉ်က မိမိဖြေထားသော အဖြေကို ဖြည့်ပေးလိုက်ပါ။


6။ ပေးထားတဲ့ ကွက်လပ်2ခု ထဲမှာ password အသစ်ကို တူအောင်ဖြည့်ပြီး Reset Password ကိုနှိပ်လိုက်ပါက မိမိရဲ့ Gtalk&Gmail အကောင့်များ ၄င်း password အသစ်ဖြင့် ၀င်ရောက်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။


အားလုံး မိမိရဲ့ အကောင့်များ မေ့ခြင်း၊ ပျောက်ခြင်း။ အခိုးခံရခြင်းမှ ကင်းဝေးကြပါစေ။


ကိုယ်ရန်တော်'s blogမှ ကူယူပြသပါတယ်။

Saturday 25 June 2011

ရေခဲလျှောစီးလမ်းကြောင်း ဘာကြောင့် ရှည်လျားရသလဲ?

လမ်းကြောင်းရှည်သည်နှင့်အမျှ လျှော်စီးသူတစ်ဦးအတွက် လမ်းကြောင်း တိုထက် ပိုမိုထိန်းချုပ်နိုင်သည်။ မတ်စောက်သော ဆင်ခြေလျှောတစ်ခုတွင် မျက်နှာပြင်ပေါ်မှ အလွယ်တကူ လျှောဆင်း သွားနိုင်သည်။ လျှောစီးလမ်းကြောင်း အစွန်းသည် နှင်းထုထဲ တိုးဝင်နပါက လျှောစီးသူသည် လမ်းကြောင်းနှင့် အရှိန်ပြောင်းရသည်။ လျှောစီးလမ်းကြောင်း မျက်နှာပြင်သည် မြေမာနှင့် ဆက်စပ်နေပြီး ပိုမိုကျယ်ပြန့်ပါက လျှောစီးသူအနေဖြင့် ပိုမို ထိန်းချုပ်နိုင်သည်။

နိုင်ငံဖြတ်ကျော် ရေခဲလျှောစီးမူကို တောင်အဆင်းထက် ဆင်ခြေလျော ခပ်ပြေပြေအပေါ် သွားလာရာတွင် အသုံးပြုသည်။ လမ်းကြောင်းလည်း အလွန်ကျဉ်းမြောင်းသည်။

ဖော်မျူလာဝမ်း ကားပြိုင်ပွဲဆိုတာ ဘာလဲ?

ကမ္ဘာပေါ်တွင် အထက်တန်းအကျဆုံး ကားပြိုင်ပွဲ အမျိုးအစား တစ်ရပ်ဖြစ်သည်။ ဂရန်းပရီ ကားပြိုင်ပွဲများ၏ အဓိက အရေးအကြီးဆုံးအချက်မှာ Formula One ကားအမျိုးအစား ချင်းချင်းသာ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

ဖော်မျူလာဝမ်း ပြိုင်ကားတစ်စင်းပုံစံသည် နိမ့်သည်။ သပ် (Wedge-shaped) နှင့် ပုံစံတူသည်။ အဆိုပါ ကားမျိုးသည် တစ်နာရီလျှင် ကီလိုမီတာ ၃၂၀နူန်းရောက်နိုင်သည် ကားပြိုင်ပွဲ အကွာအဝေးသည် ကီလိုမီတာ ၃၂၀ရှည်လျားသည်။ ပတ်ဝိုင်းလျက် မောင်းရသည်။ လမ်းဖြောင့်ဖြောင့်၊ လမ်းကျယ်ကျယ်၊ လမ်းအကွေ့ကြီးများအတိုင်း ယှဉ်ပြိုင်မောင်းရသည်။

မော်တော်ကားပြိုင်ပွဲများ ဘယ်အချိန်က စတင်ခဲ့သလဲ?

မော်တော်ကားပြိုင်ပွဲကို ၁၈၇၅-ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည်။ ပါရီမြို့မှ ဘော်ဒိုးမြို့ အသွားအပြန် ပြိုင်မောင်းခဲ့ကြသည်။ အယ်မီလီ လယ်ဗတ်ဆော Emile Levassor အနိုင်ရရှိသည်။ ပျမ်းမျှ တစ်နာရီ ၂၄ကီလိုမီတာနူန်းဖြင့် ၄၈နာရီကျော်ကျော် မောင်းခဲ့ရသည်။

ဂရုန်းပရီ The Grand Prix ကားပြိုင်ပွဲစဉ်များကို ၁၉၀၆ ခုနှစ်တွင် ပြင်သစ် ကားထုတ်လုပ်ရေး လုပ်ငန်းရှင်များက စတင် ကျင်းပခဲ့သည်။ မျက်မှောက်ကာလအထိ နှစ်စဉ်မပျက် ကျင်းပဆဲ ဖြစ်သည်။

ဘတ်စကက်ဘောကစားနည်းကို ဘယ်အချိန်က စတင်ခဲ့သလဲ?

ဘတ်စကက်ဘောကစားနည်းကို အမေရိကန်ပြည်ထောင်စုတွင် ၁၈၉၁-ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ကစားခဲ့သည်။ ကာယပညာသင်တန်းသားများ ငြီးငွေ့မူပပျောက်ပြီး စိတ်အားတက်ကြွလာစေရန် ရည်ရွယ်သည်။

စတင်ကစားချိန်က ပထမဆုံး ဂိုးစည်းနေရာသည် မက်မုံသီး တောင်းနှစ်လုံးဖြစ်သည်။ နှစ်နှစ်ခန့်ကြာမှ သံကွင်းနှင့် ပိုက်ကို စတင် အသုံးပြုသည်။ ထိုစဉ်က ဂိုးဝင်သွားသော ဘောလုံးကို လှေကားထောင်ပြီး တက်ယူရသည်။ ထို့ကြောင့် ပိုက်အောက်ပိုင်းကို ဖောက်ပစ်ရသည်။ ထိုအခါမှ ဂိုးဝင်သွားပြီး ဘောလုံးအောက်သို့ ပြန်ကျလာနိုင်ခဲ့သည်။

မျက်မှောက်ကာလတွင် ဘတ်စကက်ဘော ကစားနည်းကို တစ်ကမ္ဘာလုံး လူကြိုက်များလျက်ရှိသည်။

ဘောလုံးကို ဘာကြောင့် လူကြိုက်များလာတာလဲ?

ဘောလုံးကစားနည်း Soccer သည် ကမ္ဘာပေါ်တွင် လူကြိုက် အများဆုံး အားကစားနည်းဖြစ်သည်။ ကမ္ဘာ့တိုက်အသီးသီးတွင် ဘောလုံးကစားလျက်ရှိသည်။ ၁၈၆၀ပြည့်လွန်နှစ်များအတွင်း ကစားပွဲထိန်းချုပ်နိုင်ရန် ဘောလုံးအဖွဲ့ Football Association ပေါ်လာသည်။ ဗြိတိန်နိုင်ငံတွင် ဘောလုံးကစားနည်း ဥပဒေများ ချမှတ်လာခဲ့သည်။

ဘောလုံးကစားနည်းသည် သာမန် ရိုးရိုးကလေးပင်။ တစ်သင်းလျှင် လူ ၁၁-ဦးစီပါဝင်သည်။ ပြိုင်ဘက်အသင်း ဂိုးပေါက်ထဲသို့ ဘောလုံးဝင်သွားအောင် ကန်သွင်းရသည်။ ကစာသမားများ သည်ဘောလုံးကို ခြေဖြင့်ဖြစ်စေ၊ ခေါင်းဖြင့်ဖြစ်စေ ထိန်းကြသည်။ ဘောလုံးကို လက်မောင်းများဖြင့် ဖြစ်စေ၊ လက်များဖြင့် ဖြစ်စေ ထိကိုင်ခွင့် မပေးပေ။ ဂိုးဖမ်းသူသာ ဘောလုံးကို လက်ဖြင့် ကိုင်တွယ်ခွင့်ရှိသည်။ သို့ရာတွင် ဂိုးတိုင်ရှေ့ပင်နယ်တီ ဧရိယာအတွင်း၌သာ ဖြစ်ရမည်။

Friday 24 June 2011

ဆူမို နပမ်းသမားများသည် ဘာကြောင့် လူထွားကြီးများ ဖြစ်နေရသလဲ?

ဆူမိုနပမ်းသမားများသည် လူထွားကြီးများ ဖြစ်ကြသည်။ အတော်ဆုံး ဆူမိုနပမ်းသမားကြီးများသည် အရပ်အမောင်း ၁ဒသမ ၈၃မီတာ မြင့်မားပြီး အလေးချိန် ကီလိုဂရမ် ၁၃၀၊ သို့မဟုတ် ၁၃၀ကျော် ရှိတတ်သည်။ နပမ်းသမားသည် ကိုယ်ခန္ဓာ ကြီးထွားလေလေ ချန်ပီယန်တစ်ယောက် ဖြစ်လာရန် အခွင့်အလမ်းသာလေလေ ဖြစ်သည်။

ဆူမို နပမ်းပွဲများကို သဲပြင် ကြိုးဝိုင်းငယ်တစ်ခုပေါ်တွင် ကျင်းပတတ်သည်။ ဆူမို နပမ်းပွဲ၏ အဓိကပန်းတိုင်မှာ ပြိုင်ဘက်ဖြစ်သူအား မြေပေါ်သို့ ကျသွားအောင်ဖြစ်စေ၊ လူတစ်ကိုယ်လုံး ကြိုးဝိုင်းထဲမှ လွင့်ထွက်သွားအောင်ဖြစ်စေ ကြိုးပမ်းနိုင်ခြင်း ဖြစ်သည်။

ကရာတေးပညာတွင် ဘာကြောင့် ခါးပတ်အရောင် ခွဲထားတာလဲ?

ကရာတေးသမား၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်ကို ထိုသူ ၀တ်ဆင်ထားသည့် ခါးပတ်အရောင်ဖြင့် ပြသထားသည်။ ဆရာ အဆင့်ရှိသူများ ခါးပတ်နက် ပတ်သည်။ သင်တန်းသားများသည် အညိုရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင် ခါးပတ် အသီးသီး ပတ်ကြရသည်။ သင်ခါစများအတွက် ခါးပတ်အဖြူရောင် သတ်မှတ်ထားသည်။

ကရာတေးသမားများသည် ခန္ဓာကိုယ်အတွင်း ကြွက်သား အင်အား တစ်ရပ်လုံး စုစည်းပြီး တစ်ချက်တည်းဖြင့် ခပ်ပြင်းပြင်း ထိုးနှက်တိုက်ခိုက်မူအပေါ် အာရုံစူးစိုက်လေ့ကျင့်ရသည်။ လက်များ၊ လက်သီးများ၊ တံတောင်ဆစ်များ၊ ခြေဖ၀ါးများ အသုံးချလျက် ကရာတေးပညာ ပြကြရသည်။

ကိုယ်ခံသိုင်းပညာ ဘယ်အချိန်မှာ ပထမဆုံး ဖြစ်ပေါ်လာခဲ့သလဲ?

ကိုယ်ခံသိုင်းပညာ Martial arts ဆိုသည်မှာ မိမိကိုယ်ကို ကာကွယ်ရေးနှင့် တိုက်ခိုက်ရေးနည်းစနစ်များ ဖြစ်ကြသည်။ ၁၉ရာစု အဆုံးနှင့် ၂၀ရာစု အစပိုင်းတွင် ဂျပန်နိုင်ငံ၌ စတင် ကျင့်သုံးခဲ့ပြီး အားကစားမူများတွင် ပါဝင်လာခဲ့သည်။ ဂျူဂျစ်ဆု ခေါ် ရာစုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သော နည်းပညာများအပေါ် အခြေခံသည်။

အဓိက ကိုယ်ခံပညာများသည် ဂျူဒို၊ ကာရာတေး၊ အိုက်ကီဒို၊ ဆူမိုနှင့် ကန်ဒိုတို့ ဖြစ်သည်။ ကင်ဒိုပညာတွင်သာ လက်နက်ကို အသုံးပြုတတ်သည်။ အခြားပညာရပ်များသည် ထုနှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ကိုင်ပေါက်ခြင်း၊ လည်ပင်းညှစ်ခြင်း သို့မဟုတ် ချုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်သည်။

ရေကူးဟန်အချို့သည် ဘာကြောင့် အခြားသူများထက် ပိုမို မြန်ဆန်စေသလဲ?

ရေသည် လူသားတို့ ထိုးဖောက် ဖြတ်သန်းရန် ကြိုးစားရာ၌ အဆီးအတားတစ်ခုပမာ ဟန့်တားနေတတ်သည်။ ရေကူးဟန် အချို့သည် အခြားသူများထက် ရေ၏ ခုခံတားဆီးနေမူကို လျော့ပါးစေနိုင်သည်။ ထို့ကြောင့် အခြားသူများထက် ပိုမိုလျင်မြန်စွာ ကူးခတ်နိုင်ခြင်းဖြစ်သည်။

အမြန်ဆုံး ရေပြင်ကိုထိုးခွဲ၍ ကူးခတ်ရာ၌ အထိရောက်ဆုံး ကူးနည်းမှာ Crawl ခေါ် ကူးခတ်နည်း ဖြစ်သည်။ ဤသို့သော လက်ယက် ခြေခတ်နည်းဖြင့် ခန္ဓာကိုယ်အား အတိမ်ဆုံး ရေပမာဏကို ဖြတ်တောက် ရောက်ရှိသွား စေနိုင်သည်။ အခြား အဓိက ရေကူးနည်းများတွင် နောက်ပြန်ကူး၊ လိပ်ပြာကူးနှင့် breast stroke နည်းတို့ ပါဝင်သည်။

လှေပြိုင်ပွဲကို ဘာကြောင့် လူပိုတင်ခေါ်ခဲ့တာလဲ?

လှေပြိုင်ပွဲ အသင်းတစ်သင်းလျှင် လှော်ခတ်သူ လေးဦးမှ ရှစ်ဦးစီ ပါရှိသည်။ ရံဖန်ရံခါ လှော်ခတ်မူမပြုဘဲ ပဲ့ကိုင်သူ ရှစ်ဦးစီ ပါရှိသည်။ ရံဖန်ရံခါ လှော်ခတ်မူမပြုဘဲ ပဲ့ကိုင်သူ တစ်ဦး ပါရှိလာတတ်သည်။ ထိုသူသည် ပဲ့ကိုင်ပေးပြီး ခတ်သမားများ၏ လှော်ချက်များ ညီစေရန် ဆောင်ရွက်ပေးရာ၌ အရေးကြီးသည်။

လှေလှော်သမားများသည် ခပ်လျှောလျှော ထိုင်ခုံပေါ်တွင် ရှေ့သို့ ခြေကန်လျက် တန်းစီထိုင်ရသည်။ တစ်ဦးစီတွင် လှော်တက် တစ်စုံကို အသုံးပြုရသည်။

ငါးမျိုးစုံပြိုင်ပွဲဆိုတာ ဘာလဲ?

ငါးမျိုးစုံပြိုင်ပွဲ Pentathlon သည် အားကစားနည်းငါးမျိုးယှဉ်ပြိုင်ရသည်။ ဂရိဘာသာ Pente (ငါး)၊ athlon (ပြိုင်ပွဲ) ဟု အဓိပ္ပာယ်ရသည်။ ပင်တာသလွန်ပြိုင်ပွဲတွင် အားကစားသမားတစ်ဦးသည် ပြိုင်ပွဲ ငါးမျိုး ၀င်ရသည်။ အမှတ်အများဆုံးရသူ အနိုင်ရသည်။

ရှေးခေတ် ဂရိနှင့် ရောမတွင် အားကစားသမားတစ်ဦး၏ အားကစားကျွမ်းကျင်မူ စွမ်းရည်ကို တစ်ချိန်တည်း ခေတ်သစ် ငါးမျိုးစုံပြိုင်ပွဲတွင် မြင်းစီးခြင်း၊ ဓားခုတ်ခြင်း၊ ရေကူးခြင်း၊ သေနတ်ပစ်ခြင်းနှင့် မီတာ ၄၀၀၀ ပြေးခြင်းတို့ပါဝင်သည်။

ဂေါက်ရိုက်သမားများ အများစုတွင် ဘာကြောင့် ဟင်ဒီကက်များ ရှိရသလဲ?

အားနည်းချက်ရှိ၍ အကျောပေးခြင်း (handicap) သည် ဂေါက်ရိုက်ရာတွင် တော်သူနှင့် ညံ့သူ တရားမျှတစွာ ယှဉ်ပြိုင် အမှတ်ရနိုင်စေသည့် စနစ်ဖြစ်သည်။ ဂေါက်ရိုက်သမားတစ်ဦးတွင် ပြိုင်ပွဲ ပြီးဆုံးချိန်အထိ လိုအပ်မည့် ရိုက်ချက်များပေါ် မူတည်၍ (minus points)များ သတ်မှတ်ပေးထားသည်။


အလွန်တော်သော ဂေါက်ရိုက်သမားသည် ရိုက်ချက်နည်းတတ်သည်။ ထို့ကြောင့် handicap ပိုနည်းသည်။ မတော်သော ဂေါက်ရိုက်သမားများသည် ရိုက်ချက်ပိုသောကြောင့် handicap ပိုများနေတတ်သည်။ ဂေါက်ရိုက်ပြိုင်ပွဲတစ်ခု၏ ရည်မှန်းချက်မှာ ဂေါက်ရိုက်သမားတစ်ဦးသည် (Tea ) ခေါ် အစပြုနေရာမှ အဝေးရှိ တွင်းပေါက်ငယ် တစ်ခုထဲသို့ ရိုက်ချက်နည်းနည်းဖြင့် ဂေါက်သီး ရောက်ရှိစေရေး ဖြစ်သည်။ ဂေါက်ရိုက်သမားတွင် ရိုက်တံအမျိုးမျိုး ရှိသည်။ အစ နေရာမှ သတ်မှတ်ထားသည့် ကျင်းအထိ ၉၀ မီတာမှ ၅၅၀မီတာ (ကိုက် ၁၀၀မှ ကိုက် ၆၀၀) အထိ ကွာဝေးသည်။ ကစားပွဲတစ်ခုလုံး ပြီးမြောက်ရန် ၁၈တွင်း ရိုက်ရသည်။

ကျွမ်းဘားကစားနည်းသည် ဘာကြောင့် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်နေရသလဲ?

ကျွမ်းဘား ကစားနည်းသည် ရှေးဂရိနိုင်ငံတွင် အလွန်လူကြိုက်များခဲ့သည့် လူပ်ရှားမူ တစ်ရပ်ဖြစ်သည်။ ကျွမ်းဘားကစားနည်းကို ၁၉ရာစုနှစ်တွင် ပြန်၍ စိတ်ဝင်စားလာကြသည်။ ၁၈၉၆ခုနှစ် ပထမဆုံး ခေတ်သစ် အိုလံပစ်ပြိုင်ပွဲတွင် ထည့်သွင်းခဲ့သည်။ ၁၉၅၂ခုနှစ်အထိ အမျိုးသမီး ကျွမ်းဘားပြိုင်ပွဲ တစ်ပွဲစီသာ ကန့်သတ် ကျင်းပခဲ့သည်။

ကျွမ်းဘားအားကစားသမားများသည် horizontal bar, parallel bar, rings, balance beam, pommel horse နှင့် vault horse စသည့် ကိရိယာများဖြင့် ကာယလူပ်ရှားမူအမျိုးမျိုးကို ပြုလုပ်ရသည်။ ကြမ်းပေါ်တွင် ကျွမ်းဘားကစားရခြင်းလည်း ပါဝင်သည်။

အပြေးသမားများသည် ဘာကြောင့် ခြေကန်တုံးကို အသုံးပြုကြသလဲ?

ခြေကန်တုံး (Starting blocks) များသည် အပြေးသမားအား ရှေ့ဘက်သို့ သွက်လက်စွာနှင့် အရှိန်အဟုန်ပြင်းစွာ တွန်းပို့ရောက်ရှိစေနိုင်သည်။ သာမန် ရပ်၍ ပြေးခြင်းထက် အရှိန်ပိုရနိုင်သည်။ ခြေကန်တုံးများသည် ပြေးခုန်ပစ်ပြိုင်ပွဲများအတွက်သာ လိုအပ်သည်။

၁၈၈၄ ခုနှစ်အထိ အပြေးသမားများသည် မတ်တတ်ရပ် အနေအထားဖြင့်ဖြစ်စေ၊ ရှေ့သို့ ကိုယ်ကိုင်း၍ဖြစ်စေ စတင်ပြေးရသည်။၁၈၈၄ခုနှစ်တွင်အပြေးသမားတစ်ဦးသည် ခြေထောက်တစ်ဖက်ကို ရှေ့ထားပြီး ရှေ့လက်နှစ် ဖက်ကို မြေကြီးပေါ်ချကာ ၀ပ်တွားရာမှ ထပြေးသည့် ပုံစံကို စတင်အသုံးပြုခဲ့သည်။ ထိုအနေအထားမျိုးဖြင့် ပြေးခြင်းသည် အပြေးသမားတစ်ဦးအတွက် ရှေ့ဘက်သို့ အရှိန်အဟုန်ပြင်းပြင်း ပြေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

အဝေးပြေးပြိုင်ပွဲများကို အဘယ်ကြောင့် မာရသွန်ဟု လူသိများရသလဲ?

အိုလံပစ်ပွဲတော်အတွင်း အဝေးပြေးပြိုင်ပွဲများအနက် အထူးခြားဆုံး ကစားပွဲမှာ မာရသွန် အပြေးပြိုင်ပွဲ ဖြစ်သည်။ ခရစ်မပေါ်မီ ၄၉၀ခုနှစ်တွင် ဂရိစစ်သားတစ်ဦး၏ သမိုင်းဝင်အောင် ပြေးခဲ့မူမှ မာရသွန်ဟူသော အမည်ကို ရယူခဲ့သည်။

စစ်ပွဲတွင် ဂရိတို့က ပါရှင်တပ်များအပေါ် အနိုင်ရရှိသည့် သတင်း ကြေညာရန် အဆိုပါ ဂရိစစ်သားသည် မာရသွန် လွင်ပြင်မှ အေသင်မြို့အရောက် ပြေးခဲ့သည်။

အိုလံပစ်ပွဲတော်များ ဘယ်အချိန်က စတင်ခဲ့သလဲ?

ခရစ်မပေါ်မီ (၇၇၆ -ခုနှစ်) မှစ၍ ဂရိလူမျိုးများသည် အိုလံပစ်ပွဲတော်များကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ ထိုအချိန်တွင် Zeus နတ်ဘုရားကို ပူဇော်ရန် ပန်းချီပညာရှင်များ၊ စာရေးဆရာများ၊ အားကစားသမားများ စုဝေးရောက်ရှိတတ်သည်။ ပြိုင်ပွဲများကို အိုလံပီယာ တောင်တွင် ကျင်းပခဲ့သည်။ အိုလံပစ် အားကစားပွဲဟု ကျော်ကြားလာခဲ့သည်။

ပထမဦးဆုံး အိုလံပစ် ပြိုင်ပွဲများသည် အားကစားသက်သက် မဟုတ်ချေ။ ပြဇာတ်များ ကကြသည်။ ကဗျာများ ရွတ်ကြသည်။ ပြေးပွဲများ ကျင်ပကြသည်။ ဂရိလူမျိုးများအတွက် အိုလံပစ်ပြိုင်ပွဲများသည် စိတ်နှင့်ရုပ် ပေါင်းစပ်မူကို ဖော်ပြပြီး Zeus နတ်ဘုရားထံ အောင်ပွဲဆုတောင်းခံနိုင်သည်ဟု ယူဆကြသည်။

အိုလံပစ်ပွဲတော်များကို ၃ရက်ကြာမျှ ကျင်းပခဲ့သည်။ အားကစားသမားများသည် အပြေးပြိုင်ကြသည်။ နပမ်းသတ်ကြသည်။ မြင်းစီးပြိုင်ကြသည်။ မြင်းလှည်းမောင်းပြိုင်ကြသည်။ ပွဲတော်မစမီ ကျမ်းသစ္စာကျိန်ရသည်။ ပြိုင်ပွဲများ အပြီးတွင် ဆုပေးပွဲများ စားသောက်ပွဲများ ကျင်းပတတ်ကြသည်။

ပြောက်ကျားဆိုတာ ဘာတွေလဲ?

စစ်ပွဲအတွင်း ရန်သူတပ်များအတွင်း ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး ထွက်ပြေး တပ်ဖျောက်သွားတတ် သူများသည် ပြောက်ကျားများ ဖြစ်သည်။ သူတို့သည် အုပ်စုငယ်များဖြင့် တိုက်ခိုက်တတ်သည်။ တပ်ကြီးတစ်တပ်၏ အစိတ်အပိုင်း အဖြစ်လည်း မတိုက်တတ်ပေ။ ယူနီဖောင်းလည်း မ၀တ်တတ်ကြပေ။ ပြောက်ကျား guerilla ဟူသော စပိန်ဝေါဟာရ၏ အဓိပ္ပာယ်သည် စစ်ပွဲကလေး ဖြစ်သည်။

ပြောက်ကျား အဖွဲ့ငယ်များသည် ရံဖန်ရံခါ ရန်သူနောက်ကျောဘက်မှ ၀င်တိုက်လေ့ရှိသည်။ ရန်သူ ကင်းစခန်းများကို အလစ်ဝင်တိုက်လေ့ရှိသည်။ ရန်သူယာဉ်တန်းကို ချောင်းမြောင်း တိုက်ခိုက်သည်။ ရန်သူမီးရထားကို ဖောက်ခွဲဖျက်ဆီးတတ်သည်။ ပြောက်ကျားများသည် ဒေသခံများထံမှ အစားအသောက်နှင့် ခိုလူံစရာနေရာများ ရတတ်သည်။ သူတို့သည် ရန်သူ အလွယ်တကူ ၀င်မတိုက်နိုင်မည့် နေရာမျိုးတွင် ပုန်းခိုနေတတ်သည်။ ပြောက်ကျားတို့သည် အင်အားအနည်းငယ်မျှဖြင့်ပင် ရန်သူတပ်ကြီးများကို ဒုက္ခကြီးမားစွာ ပေးနိုင်သည်။

ရော့ကက်ဒုံးပျံကို ဘယ်သူတွေ ထွင်ခဲ့တာလဲ?

တရုတ်လူမျိုးများသည် ယမ်းမူန့်များ ပြွန်ခေါင်းများအတွင် ထိုးထည့် သွတ်သွင်းပြီး ရော့ကက်ဒုံးပျံ တီထွင်ခဲ့သည်။ သာမန် ဗျောက်အိုးကလေးတစ်လုံးအပေါ် အခြေပြုလျက် မျက်မှောက်ကာလ အာကာသ ဒုံးများ ဖြစ်ပေါ်လာခဲ့ရသည်။

လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာကပင် မီးရို့လျှင် ယမ်းမူန့်များ ပေါက်ကွဲထွက်တတ်ကြောင်း တရုတ်လူမျိုးများ ရှာဖွေတွေ့ကြသည်။ ပြွန်ခေါင်းတစ်ခုအတွင်း ယမ်းမူန့်များထည့်ပြီး မိးရို့လိုက်လျှင် ပေါက်ကွဲအားကြောင့် ဓာတ်ငွေ့ပူပူများ လွင့်ထွက်သွားတတ်သည်။ ဤနည်းဖြင့် ပြွန်ချောင်းသည် မျက်နှာချင်းဆိုင်အရပ်သို့ လွင့်ပျံ ရောက်ရှိသွားသည်။

တရုတ်လူမျိုးများသည် မီးအိုး ဗျောက်အိုးများကို အပျော်သက်သက် ပစ်ဖောက်ခဲ့သည့်နည်းတူ စစ်ပွဲလက်နက်အဖြစ် ဒုံးများ ပစ်လွှတ်ခဲ့ကြသည်။

အဲလ်ဗစ် ပရက်စလေ ဆိုတာ ဘယ်သူလဲ?

အဲလ်ဗစ် ပရက်စလေသည် ပထမဦးဆုံးသော ပေါ့ပ်အဆိုတော်များအနက် တစ်ဦးဖြစ်သည်။ ရော့အင်ရိုး အဆိုတော်အဖြစ် စင်မြင့်ပေါ်တက် ဖျော်ဖြေခဲ့မူများကြောင့် အုန်းအုန်းကျွတ်ကျွတ် ဖြစ်ခဲ့ရသည်။ Heartbreak Hotel နှင့် Jailhouse Rock ကဲ့သို့သော သီချင်းများဖြင့် ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များ အတွင်း အထူးလူကြိုက်များခဲ့သည်။

၁၉၃၅ခုနှစ်တွင် မွေးဖွားသည်။ အမေရိကန် ပြည်ထောင်စု တောင်ပိုင်း ချောင်ကျကျဒေသနေ ဆင်းရဲသား မိသားစုမှ ဆင်းသက်လာသည်။ ၁၉၅၅ခုနှစ်တွင် ဓာတ်ပြားကုမ္ပဏီကြီးတစ်ခုနှင့် စာချုပ်ရသည်။ မကြာမီကာလအတွင်း လူကြီုက်မများသေးသော်လည်း နိုင်ငံတကာ ကျော်ကြားသူ ဖြစ်လာသည်။ ပရက်စလေသည် အ၀တ်အစား တောက်တောက်ပြောင်းပြောင်များ ၀တ်တတ်သည်။ အသံပြင်းပြင်းဖြင့် ကျယ်လောင်စွာ အော်ဟစ်ဆိုတတ်သည်။ တင်ပါးကို လူပ်ယမ်းရင်း သီချင်းဆိုတတ်သည်။ သူသီချင်းဆိုလျှင် မည်သူမျှ ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်ခဲ့ရသည်။

ဂစ်တာကို ဘာပွဲသုံးတူရိယာအဖြစ် ဘယ်သူတီထွင်ပေးခဲ့သလဲ?

ဂစ်တာသည် ရိုးရာတူရိယာပစ္စည်းတစ်မျိုး ဖြစ်သည်။ ၂၀ရာစုနှစ်သို့ ရောက်လာသည်အထိ စပိန်နိုင်ငံတွင် ရိုးရာတေးများကို တီးမူတ်ဖျော်ဖြေရာ၌ သုံးခဲ့သည်။ မျက်မှောက်ကာလတွင်လည်း ကွန်ဆတ် ကပွဲသုံးတူရိယာပစ္စည်းအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ဂစ်တာပညာရှင် Andreas Segovia ၏ တီထွင်လုပ်ဆောင်ပေးခဲ့မူ ကျေးဇူးကြောင့် ဖြစ်သည်။

ဆီဂိုဗီယားအား ၁၈၉၄ ခုနှစ်တွင် စပိန်နိုင်ငံ၌ မွေးဖွားသည်။ ဂန္ထ၀င်တေးများကို ဂစ်တာဖြင့် တီးခတ်ရန် စိတ်ကူးရလာခဲ့သည်။ ပထမဆုံး Lute ခေါ် ဂစ်တာတစ်မျိုးဖြင့် တီးခတ်ကြည့်သည်။ နောင်တွင် အခြား တေးပြုစာဆိုများ၏ လက်ရာများကို တီးခတ်လာခဲ့သည်။ အခြား တေးပြုစာဆိုတို့များတွင် ဂျေ အက်စ် ဘာ့ခ်ျနှင့် ဟင်ဒယ်တို့ ပါဝင်သည်။

ရှာလော့ဟုမ်း ဆိုတာ တကယ်ရှိခဲ့သလား?

ရှာလော့ဟုမ်းသည် တစ်သက်လုံး ကျော်ကြားနေမည့် စုံထောက်ကျော်ကြီးများစွာအနက် တစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ အမှန်စင်စစ် အပြင်လောကတွင် တကယ်မရှိခဲ့ပေ။ နော်ဗယ်ဝတ္ထုရေး ဆရာကြီး ဆာ အာသာ ကွန်နန်ဒွိုင် (၁၈၅၉-၁၉၃၀)၏ ဖန်တီးချက် ဇာတ်ကောင်ဖြစ်သည်။

ရှားလော့ဟုမ်းသည် ပထမဆုံးစိတ်ကူးယဉ် စုံထောက်ဇာတ်ကောင်း မဟုတ်ပေ။ စာရေးဆရာ အက်ဂါ အလန်းပိုးသည် စုံထောက် M.Dupin ကို ဖန်တီးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ရှားလော့ဟုမ်းသည် လူများစွာ၏ နှလုံးကို သိမ်းကျုံး ဆွဲင်နိုင်ခဲ့သည်။ ရှားလော့ဟုမ်း၏ စရိုက်လက္ခဏာနှင့် ၀တ်စားနေထိုင်မူ ဟန်ပန်ကို အသေးစိတ် ဖော်ပြနိုင်ခဲ့သောကြောင့် အမှန်တကယ် ရှိခဲ့သည်ဟု ထင်မှတ်ခဲ့ကြသည်။ ရှားလော့ဟုမ်း နေထိုင်ခဲ့သည့် အိမ်ကြီးကိုလည်း ရှာဖွေခဲ့မိကြသည်။

ကင်ဒစ်ဆိုတာ ဘယ်သူလဲ?

ပြင်သစ်စာရေးဆရာ ဗောလတ်ယား Voltaire (၁၆၉၄-၁၇၇၈) ရေးသားသည့် သရော်စာ နော်ဗယ်မှ ဇာတ်ကောင်အမည် ဖြစ်သည်။

ကင်ဒစ် Candide နော်ဗယ်တွင် အခြေအနေကောင်းသော လောကများစွာအနက် အကောင်းဆုံးလောကတွင် မိမိတို့ နေထိုင်နေရသည်ဟု လက်ခံထားသည့် လူငယ် တစ်ဦးအကြောင်း ပြောပြထားသည်။

အဆိုပါ အဆိုးမြင်ဝါဒကို ဗော်လတဲယားက ထိုးနှက် ဝေဖန်ခဲ့သည်။ ၀တ္ထုထဲတွင် ကင်ဒစ်သည် ကြောက်ဖွယ် လန့်ဖွယ် စွန့်စားခန်းအမျိုးမျိုးအတွင်း ပတ်သက်ပါဝင်ခဲ့ရပြီးနောက် “ကောင်းကောင်း နေတတ်ဖို့ဆိုတာ ကိုယ့်ဥယျာဉ် ကိုယ်သွားပြီး ပျိုးထောင်ပေးတာပါကလား” ဟု သဘောပေါက်သွားပုံကို ဖော်ပြထားသည်။

စစ်နဲ့ ငြိမ်းချမ်းရေးကို ဘယ်သူရေးခဲ့သလဲ?

စစ်နှင့် ငြိမ်းချမ်းရေးသည် ရေးခဲ့ဖူးသမျှ နော်ဗယ်ဝတ္ထုရှည်ကြီးများစွာအနက် တစ်ခု အပါအ၀င်အဖြစ် ရည်ညွန်းတတ်ကြသည်။ ရုရှ စာရေးဆရာကြီး လီယိုတောစတွိုင်း (၁၈၂၈-၁၉၁၀) ၏ လက်ရာ ဖြစ်သည်။

စာအုပ်တွင် ၁၈၀၀ ပြည့်လွန်နှစ်ကာလများမှ ဇာတ်လမ်းစထားသည်။ မင်းစိုးရာဇာမိသားစုတစ်စု၏ ဘ၀အခြေအနေများနှင့် မော်စကိုမြို့အား နပိုလီယံ လာရောက်တိုက်ခိုက်မူစသည့် သမိုင်းဝင် ဖြစ်ရပ်ကြီးများက သူတို့အပေါ် သြဇာသက်ရောက်မူများ ဖော်ပြပါရှိသည်။


အင်နာ ကရနီနာ Anna Karenina သည်တော်စတွိုင်း၏ အခြား နော်ဗယ်ကြီးတစ်အုပ် ဖြစ်သည်။ လူ့အသိုင်းအ၀ိုင်းမှ ဖယ်ကြဉ်ခံရသူ အမျိုးသမီးတစ်ဦးအကြောင်း ရေးထားသည်။

မိုဘီဒစ်ဆိုတာ ဘာလဲ?

မိုဘီဒစ်သည် ဧရာမ ငါးမန်းဖြူကြီးတစ်ကောင် ဖြစ်သည်။ အမေရိကန်စာရေးဆရာ ဟာမန် မဲလ်ဗီးလ် ရေးသားခဲ့သည့် စာအုပ်တွင် အဆိုပါ ငါးမန်းဖြူကြီး ပါရှိသည်။

မိုဘီဒစ်ဝတ္ထုသည် အမှန်အားဖြင့် ကပ္ပတိန် အဟက် Captain Ahab ၏ ဇာတ်ကြောင်း ဖြစ်သည်။ အဟက်သည် သင်္ဘောသား ဟောင်းကြီးတစ်ဦးဖြစ်သည်။ ငါးမန်းဖြူကြီးကို ဖမ်းဆီးရရှိရန် တစ်သက်လုံး ကြိုးစားနေခဲ့သူ ဖြစ်သည်။

မိုဘီဒစ်ကို လိုက်ဖမ်းရင်း အဟက်၏ ခြေတစ်ဖက် ဆူံးရူံးခဲ့ရသည်။ ငါးမန်းဖြူကြီးကို ဖမ်းမိရေးသည်သာ သူ၏ စွဲလမ်းတောင့်တမူကြီးဖြစ်သည်။ ၀တ္ထုအဆုံးသတ်တွင် အဟက်၏သင်္ဘောကြီး ပျက်စီးသွားရသည်။ တစ်ယောက်သာ အသက်ရှင်ကျန်ရစ်သည်။

ဟန်းစ် ခရစ္စတီယံ အန်ဒါဆင် ဆိုတာ ဘယ်သူလဲ?

ဟန်းစ် ခရစ္စတီယံ အန်ဒါဆင် (၁၈၀၅-၁၈၇၅) သည် ဒိန်းမတ်နိုင်ငံမှ ဒိန်းလူမျိုးတစ်ဦး ဖြစ်သည်။ ဘဲရုပ်ဆိုးကလေး The Ugly Ducking ကဲ့သို့သော ကလေးပုံပြင်များ ရေးသားခဲ့သည်။

ဟန်းစ် ခရစ္စတီယံ၏ ပထမဆုံး ပုံပြင်စာအုပ်သည် လူသိ အလွန်များခဲ့သည်။ The Tinderbox နှင့် Princess and the Pea ပုံပြင်များ ပါရှိသည်။ ဟန်းစ် ခရစ္စတီယံသည် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ပြီးမှ တကယ်တမ်းအောင်မြင် လာခဲ့သည်။ မိမိ၏ ပုံပြင်များကို ရိုးရာပုံပြင်များအပေါ် မှီငြမ်းသည်။ သို့ရာတွင် ပုံပြင်အများစုသည် မိမိ၏၀မ်းနည်းဖွယ်ရာ အထီးကျန် ဘ၀ဖြစ်ရပ်များအပေါ် ထင်ပ်ချက်များ ဖြစ်ကြသည်။

သူရဲကောင်းသုံးယောက်သည် ဘယ်သူတွေလဲ?

သူရဲကောင်းသုံးယောက် The Three Musketeers သည် ပြင်သစ် စာရေးဆရာ အဲလက်ဇန္ဒားဒူးမား (၁၈၀၃-၁၈၇၀)၏ အဓိက ဇာတ်ကောင်များ ဖြစ်သည်။ ပေါသိုး၊ အားသိုး၊ အားရမစ်နှင့် သူတို့၏ မိတ်ဆွေ ဒါးတညံတို့အကြောင်း ရေးသားထားခြင်း ဖြစ်သည်။ ၁၇ရာစု ပြင်သစ်နိုင်ငံ၏ စွန့်စားရေးသမားကြီးများ အဖြစ် သရုပ်ဖော်ထားခြင်း ဖြစ်သည်။

ဒူးမားသည် The Count of Monte Cristo လွမ်းဖွယ်ဝတ္ထုတစ်ပုဒ်ကိုလည်း ရေးခဲ့သည်။ မိမိအား မတော်တရားဖမ်းဆီး ထောင်ချခဲ့သူတစ်ဦးအပေါ် ကလဲ့စားချေရန် ကြိုးစားနိုင်ခဲ့သည့် ထူးဆန်းသော ထောင်ထွက်ကြီး တစ်ယောက်အကြောင်း ၀တ္ထုဖြစ်သည်။

ဗစ်တာဟူးဂိုး ဆိုတာ ဘယ်သူလဲ?

ဗစ်တာဟူးဂိုး (၁၈၀၂-၁၈၈၅)သည် ပြင်သစ်ကဗျာဆရာ၊ ပြဇာတ်ဆရာနှင့် နော်ဗယ် ၀တ္ထုရေးဆရာ တစ်ဦးဖြစ်သည်။ မျက်မှောက်ကာလအထိပင် ဗစ်တာဟူးဂိုး၏ နော်ထရာဒမ်းက ခါးကုန်းကြီး The Hunchback of Notre Dame နှင့် ဒုက္ခဘုံ Les Miserables နော်ဗယ် ၀တ္ထုကြီးနှစ်ပုဒ်ကြောင့် အမှတ်ရနေဆဲဖြစ်သည်။ ဗစ်တာဟူးဂိုးသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့၍ ပြင်သစ်နိုင်ငံမှ နှစ်ပေါင်း ၂၀နီးပါး ထွက်ခွာ နေထိုင်ခဲ့ရသည်။

ယင်းသို့ ရပ်ဝေးရောက်နေရစဉ်အတွင် ဟူးဂိုးသည် ကဗျာစာအုပ်နှစ်အုပ်နှင့် ဒုက္ခဘုံ နော်ဗယ်ကြီးကို ရေးသားထုတ်ဝေခဲ့သည်။ ဒုက္ခဘုံဝတ္ထုတွင် ယွန်း ဗာလယွန်း Jean Valiean ဆိုသူ လောကကြီးတွင် ရိုးသား အသုံးဝင်စွာ နေထိုင် အသက်မွေးရန် ကြိုးပမ်းခဲ့သည့် ၀ရမ်းပြေးကြီး တစ်ယောက်အကြောင်း ဖော်ပြပါရှိသည်။ ဘ၀ဆုံးခါနီးတွင် ဟူးဂိုးသည် နိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၈၈၅-ခုနှစ်တွင် ပြင်သစ်၌ ကွယ်လွန်သည်။

ဖရန်ကင်စတိတ် သတ္တ၀ါကြီးကို ဘယ်သူဖန်တီးခဲ့တာလဲ?

သိပ္ပံပညာရှင် ဖရန်ကင်စတိန် Frankenstein နှင့် လူသားအစိတ်အပိုင်း ပေါင်းစုံမှ ပေါင်းစပ်ဖန်တီး အသက်သွင်းပေးထားသည့် သတ္တ၀ါကြီးတစ်ကောင်အကြောင်း ဇာတ်လမ်းဖြစ်သည်။ မေရီ ရှယ်လီ (၁၇၉၇ - ၁၈၅၁) ရေးသားခဲ့သည်။

မေရီရှယ်လီသည် နာမည်ကျော် ကဗျာဆရာ ပါစီဘိုင်ရှီ ရှယ်လီ၏ ဇနီးဖြစ်သည်။

ဒေါက်တာဖရန်ကင်စတိန် ဖန်တီးလိုက်သည့် ဖရန်ကင် စတိန် သတ္တ၀ါကြီးသည် ကမ္ဘာလောကကြီး အတွင်း ရက်စက်မူများနှင့် မကောင်းမူ ဒုစရိုက်ပေါင်းစုံကို တွေ့မြင် ခံစားရပြီးနောက် အကြမ်းဖက် သတ္တ၀ါကြီးဘ၀သို့ ပြောင်းလဲသွားခဲ့ရသည်။ ဖရန်ကင်စတိန် ၀တ္ထုသည် ၁၈၁၈ ခုနှစ်တွင် စတင် ထွက်ပေါ်လာသည်။

ဂါလီဗာ ခရီးစဉ်များကို ဘယ်သူရေးခဲ့သလဲ?

Gulliver’s Travels သည် လီမြူယယ် ဂါလီဗာဆိုသူ သင်္ဘော ဆရာဝန်တစ်ဦး၏ စွန့်စားခန်း သရော်ဝတ္ထုဖြစ်သည်။ ဂျိုနာ သန် ဆွစ်ဖ် ဆိုသူ ရေးခဲ့သည်။ ၁၆၆၇-ခုနှစ် မှ ၁၇၄၅-ခုနှစ်အထိ နေထိုင်သွားခဲ့သည်။ ခရစ်ယာန်ဘုန်းကြီးနှင့် ပညာရှင် တစ်ဦးဖြစ်သည်။ အိုင်ယာလန်တွင် မွေးဖွားသည်။ ဒပ်ဗလင်မြို့ ထရီနီတီကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။ နောက်ဆုံးတွင် စိန့်ပက်ထရစ် ကတ်သီဒရယ် ဘုရားကျောင်းတွင် ဂိုဏ်းအုပ်ဖြစ်လာသည်။

ဆွဖ်၏ ရေးသားချက်များတွင် သရော်သံ ဖုံးလွှမ်းနေသည်။ တစ်ခါတစ်ရံ လူကြိုက်နည်းခဲ့သည်။ ကလေးများအတွက် ပျော်စရာဇာတ်လမ်းအဖြစ် ရေးခဲ့ပါသည်ဆိုသော ဂါလီဗာခရီးစဉ်များ သည်ပင် လောကကြီးကို ရယ်မောပြောင်လှောင်ရန် ရည်ရွယ်ရေးသည်ဟု သူကိုယ်တိုင် ၀န်ခံဖူးသည်။ ဆွစ်ဖ်တို့ ခေတ်ကာလ စိတ်မချမ်းမြေ့ဖွယ်ဘ၀နှင့် နိုင်ငံရေးအခြေအနေကို သွယ်ဝိုက်ကာ ထိုးနှက်ဝေဖန် ရေးသားခဲ့ခြင်းသာ ဖြစ်သည်။

ရော်ဘင်ဆန် ခရူးဆိုး ဆိုတာ ဘယ်သူလဲ?

ရော်ဘင်ဆန် ခရူးဆိုးသည် သဘောင်္ပျက်သွားသူ သင်္ဘောသားတစ်ဦး၏ စွန့်စားမူ ဇာတ်လမ်းထဲမှ ဇာတ်ကောင် လူစွမ်းကောင်း တစ်ဦး အမည်ဖြစ်သည်။ စာရေးဆရာ ဒန်နီယယ် ဒီဖိုးသည် ရော်ဘင်ဆန်ခရူးဆိုး ၀တ္ထုကို ၁၇၁၉ခုနှစ်တွင် ရေးသားသည်။

ဝတ္ထုဇာတ်ကြောင်းတွင် ရော်ဘင်ဆန်ခရူးဆိုးသည် သင်္ဘောပျက်မှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ တစ်ဦးအဖြစ် လူသူမနီး ကျွန်းတစ်ကျွန်းပေါ် သွားတင်နေပုံကို ဖော်ပြပါရှိသည်။ ကျွန်းပေါ် သောင်တင်နေသူ သနားစဖွယ် လူ၏ သူတစ်ပါးအပေါ် အားမကိုးဘဲ မိမိဘာသာ ဘ၀ရပ်တည်နိုင်ရေး ကြိုးပမ်းမူ အကြံဉာဏ်များကို အမြဲ သဘောကျလာခဲ့ကြသည်။ ဒီဖိုးသည် သင်္ဘောပျက် သင်္ဘောသားများ၏ တကယ့်ဖြစ်ရပ်မှန်များမှ ၀တ္ထုကို စိတ်ကူး ရလာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် အလက်ဇန္ဒာ ဆဲလ်ကတ်ခေါ် သင်္ဘောသားတစ်ဦး၏ ဇာတ်လမ်းမှ စိတ်ကူးရယူခဲ့သည်။ ဆဲလ်ကတ်သည် ရော်ဘင်ဆန်ခရူးဆိုးအတိုင်းပင် ဒီဖိုးတို့ခေတ်တွင် ထင်ရှားခဲ့သည်။

နတ်သမီးပုံပြင်များကို ဘယ်သူ ပထမဆုံး စုစည်းထုတ်ဝေခဲ့သလဲ?

နတ်သမီးပုံပြင်များစွာသည် နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်၍ မည်သူရေးခဲ့မှန်း မသိနိုင်တော့ပေ။ သို့ရာတွင် ဥရောပမှ ရိုးရာပုံပြင်များကိုမူ ပြင်သစ်စာရေးဆရာ Charles Perrault က ၁၆၇၉ ခုနှစ်တွင် ပထမဦးစွာ စုစည်းခဲ့ကြောင်း သိရသည်။ ပုံပြင် စုဆောင်းသမား ဂျာမန်ညီနောင်မှာ Jacob Carl Grimm နှင့် Willian Carl Grimm တို့ ဖြစ်သည်။

Perrault ၏ ပုံပြင်များတွင် Puss in Boots နှင့် Blue Beard တို့ ပါဝင်သည်။ ဂရင်းညီနောင် စုဆောင်းပုံပြင်များတွင် Hansel and Gretel နှင့် Tom Thumb တို့ ပါဝင်ခဲ့သည်။

ဒွန်ကွီးဇုတ် ဆိုတာ ဘယ်သူလဲ?

ဒွန်ကွီးဇုတ် (Don Quixote) သည် ၁၇ရာစုနှစ် စပိန်စာရေးဆရာ မီဂဲလ် ဆာဗင်တေး (၁၅၄၇-၁၆၁၆) ရေးသည့် နော်ဗယ်ဝတ္ထု တစ်အုပ်ထဲမှ ဇာတ်ကောင်ဖြစ်သည်။

ဒွန်ကွီးဇုတ်သည် ဆန်းကြယ်သော စိတ်ကူးပိုင်ရှင် လူအိုကြီး ဖြစ်သည်။ နိုက်သူရဲကောင်းတစ်ဦး ဖြစ်ချင်လှပြီး သူရဲကောင်း သတ္တိကို ထင်ရှားအောင် ပြချင်လှသည်။

ဒွန်ကွီးဇုတ် ၀တ္ထုထဲမှ လူသိအများဆုံး ဇာတ်ကွက်တစ်ကွက်မှာ မျက်စိအဝေးမူန်လှသူ ဒွန်ကွီးဇုတ်သည် လေရဟတ်တန်းကြီးကို ရန်သူ ဘီလူးကြီးများဟု အထင်မှားပြီး တိုက်ခိုက်ရန် ဟန်ပြင်ခန်းဖြစ်သည်။

ကင်တာဘာရီ ဒဏ္ဍာရီများကို ဘယ်သူရေးခဲ့သလဲ?

ကင်တာဘာရီ ပုံပြင်ဒဏ္ဍာရီများ The Cantabury Tales များသည် အင်္ဂလိပ် ကဗျာဆရာ ဂျော့ဖရီချောစား၏ လက်ရာဖြစ်သည်။

ကင်တာဘာရီ ပုံပြင်ဒဏ္ဍာရီများစာအုပ်သည် ကဗျာဖြင့် ရေးသားထားသည့် ဇာတ်လမ်းပေါင်းချုပ် ဖြစ်သည်။ ၁၄-ရာစုနှစ်တွင် လန်ဒန်မှ ကင်တာဘာရီမြို့သို့ ဘုရားဖူး ပေါင်းစုံ ပြောခဲ့ဆိုခဲ့ကြသည့် ဇာတ်လမ်းအမျိုးမျိုး ဖြစ်တန်ရာသည်။ ဇာတ်လမ်းများတွင် ပြောပြသူ၏ စရိုက်လက္ခဏာများ ထင်ဟပ်လျက်ရှိသည်။ စက်ရုံပိုင်ရှင် ညစ်ညမ်းပုံပြင်မှသည် နိုက် သူရဲကောင်းများ၏ ရဲစွမ်းသတ္တိ ဇာတ်လမ်းများ အထိပါဝင်သည်။ ကင်တာဘာရီ ဒဏ္ဍာရီများကို မျက်မှောက် ကာလ အရေးအသားဖြင့် ဖတ်ရူနိုင်ကြသည်။

ပီထရာ့ခ်ျ ဆိုတာ ဘယ်သူလဲ?

Petrarch (၁၃၀၄-၁၃၇၄) သည် အီတလီ ကဗျာဆရာတစ်ဦး ဖြစ်သည်။ ဥရောပ ကဗျာ စာပေလောက အပေါ် သြဇာ လွန်စွာသက်ရောက်ခဲ့သည်။

ပီထရာ့ခ်ျ၏ အမည်ပြည်အစုံသည် ဖရန်ဆက်စကို ပီထရာ့ခ်ျ ဖြစ်သည်။ မိမိကိုယ်ပိုင် လင်္ကာ ၄၀၀ကျော် ဖွဲ့ဆိုခဲ့သည်။ ကဗျာအများစုမှာ လော်ရာဆိုသူ အမျိုးသမီးတစ်ဦးသို့ ရည်ညွှန်းသည်။ ကဗျာရေးရာတွင် စာကြောင်း အရေအတွက်ကို သီးခြားသတ်မှတ် စံနမူနာပြခဲ့သည်။ လက်တင် ကဗျာများကို လေ့လာပြီး အချိန် ကုန်လွန်စေခဲ့သည်။ ပီထရာ့ခ်ျ၏ ကဗျာကျေးဇူးကြောင့် ပျောက်ဆုံးနေသော ရောမ Livy နှင့် Cicero တို့၏ ကဗျာကို ပြန်လည်တွေ့ရှိနိုင်ခဲ့သည်။

Divine Comedy လင်္ကာရှည်ကို ဘယ်သူရေးခဲ့သလဲ?

Divine Comedy လင်္ကာရှည်သည် အလယ်ခေတ် ဥရောပတွင် ရေးခဲ့ဖူးသမျှ စာပေများအနက် အရေးအပါဆုံးလက်ရာဖြစ်ရာ ပညာရှင်များက သတ်မှတ်ထားသည်။ အီတလီကဗျာဆရာ ဒန်တေ Danta Aligheri က အီတာလျံ ဘာသာဖြင့် ရေးခဲ့သည်။

အဆိုပါ လင်္ကာရှည်သည် ၁၃၂၁ ခုနှစ်လောက်တွင်မှ ပြီးဆုံးခဲ့သည်။ သုံးပိုင်း ပါဝင်သည်။ ကဗျာဆရာ ဒန်တေကိုယ်တိုင် ငရဲပြည်၊ သေမင်းပြည်နှင့် ကောင်းကင်ဘုံသို့ စိတ်ကူးဖြင့် ရောက်သွားပုံများ ဖော်ပြထားသည်။

တစ်ထောင့်တစ်ညပုံပြင်များကို ဘယ်သူပြောခဲ့သလဲ?

တစ်ခါက အာရေဗျနိုင်ငံတွင် ရှာရာဇတ် ဆိုသူ မင်းသမီးကလေးတစ်ပါး ရှိခဲ့သည်။ မင်းသမီးသည် ညပေါင်း ၁၀၀၁ ည တိုင်တိုင် ပုံပြင်များ ပြောပြနိုင်ခြင်းဖြင့် မိမိအသက်ကို ကယ်တင်နိုင်ခဲ့သည်။

ဇာတ်လမ်းမှာ မိဖုရား တစ်နေ့တစ်ယောက် လက်ထပ်ယူပြီး နောက်တစ်နေ့ သတ်ပစ်တတ်သည့် ရက်စက် ကြမ်းကြုတ်သည့် ဘုရင်ကြီးတစ်ပါးအကြောင်း ဖြစ်သည်။ မင်းသမီး ရှာရာဇတ်နှင့် လက်ထပ်သည့် ညတွင် မင်းသမီးသည် ဘုရင်ကြီးအား ပုံပြစ်တစ်ခု စတင် ပြောပြသည်။ ပုံပြင်မဆုံးသေး၍ ဆက်၍ နားထောင်လိုလျှင် မိမိအား နောက်တစ်နေ့ အသက်ရှင်ခွင့်ပေးရန် အချိန်ဆွဲ နိုင်ခဲ့သည်။ မင်းသမီး ရှာရာဇတ် ပြောပြသွားသည့် တစ်ထောင့်တစ်ည ပုံပြင်များတွင် သင်္ဘောသား ဆင်းဘတ်နှင့် အာလာဒင်တို့ ပါဝင်သည်။

ဂင်ဂျီပုံပြင်ကို ဘယ်သူရေးခဲ့သလဲ?

ဂင်ဂျီပုံပြင်ကို The Tale of Genji သည် ၁၁ရာစုနှစ် ဂျပန်နိုင်ငံတွင် ထွက်ပေါ်လာသည်။ ပထမဆုံး ပွဲဦးထွက် ဂျပန် နော်ဗယ်ဝတ္ထုဟု ပြောတတ်ကြသည်။ အမျိုးသမီး စာရေးဆရာမ မူရာဆာကိ ရှိကီဘု ဖြစ်သည်။

စာအုပ်ရေးသည့်နှစ်မှာ ၁၀၁၀ ခုနှစ်လောက်တွင် ဖြစ်နိုင်သည်။ တစ်မုဟုတ်ချင်း အောင်မြင်သွားသည်။ နောင်လာမည့် ရာစုနှစ်ပေါင်း များစွာအထိ ကျော်ကြားခဲ့သည်။ ဇာတ်လမ်းမှာ ဂင်ဂျီမင်းသား၏ ဘ၀နှင့် ချစ်သူများအကြောင်းဖြစ်သည်။ ဂင်ဂျီသည် အမျိုးသမီးများစွာနှင့် ချစ်ကြိုက်သည်။ ချစ်သူတစ်ဦးစီက မင်းသားအပေါ် သဘာဝတစ်မျိုးစီ တုံ့ပြန် ပြုမူခဲ့ကြသည်။

အိုမာခေးယမ်း ဆိုတာ ဘယ်သူလဲ?

အိုမာခေးယမ်းသည် ၁၁ရာစုနှစ် ပါရှန်လူမျိုး ကဗျာဆရာ၊ နက္ခတ္တဗေဒ ပညာရှင်နှင့် ထူးချွန်ပြောင်မြောက်သော ဘာသာရပ် ပါရဂူတစ်ဦး ဖြစ်သည်။ ကဗျာဆရာကြီးအဖြစ် ပိုမိုကျော်ကြား ခဲ့သည်။ ရုဘေယတ် Rubaiyat ခေါ် အိုမာခေယမ်း၏ ကဗျာစုကို ၁၉ရာစုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

သူ့ခေတ် သူ့အခါတွင် အိုမာခေယမ်းသည် သိပ္ပံ၊ သမိုင်း၊ ဥပဒေ၊ ဆေးဝါးနှင့် အထူးသဖြင့် သင်္ချာဗေဒဆိုင်ရာ ရေးသားပြုစုသူအဖြစ် ထင်ရှားနေခဲ့သည်။ အိုမာခေယမ်းကွယ်လွန်ပြီး နှစ်ပေါင်း ၂၀၀ အကြာတွင်မှ ရဘေယတ်ကဗျာစုကို ပုံနှိပ် ထုတ်ဝေသည်။

ပထမဆုံး တက္ကသိုလ်များကို အဘယ်တွင် စဖွင့်ခဲ့ကြသလဲ?

တက္ကသိုလ်ဆိုသည်မှာ ပညာစုံ သင်ယူတတ်မြောက်ရာနေရာ ဖြစ်သည်။ အလယ်ခေတ် အသိပညာသစ်များအရ ဥရောပတိုက် တစ်လွှားတွင် ပညာသင်ယူရန် ပင်မနေရာကြီးများ တည်ဆောက်လာကြသည်။ အဆိုပါ တက္ကသိုလ်ကြီးများ မျက်မှောက်ကာလ အထိ တည်ရှိနေသေးသည်။

၁၃၀၀ပြည့်နှစ်လွန်များတွင် အသိပညာ ပိုမိုလျင်မြန်စွာ ကြွယ်လာကြသည်။ ရာစုနှစ်ပေါင်းများစွာပင် ပညာရးသည် ဘုရားကျောင်းများနှင့်သာ သက်ဆိုင်ခဲ့သည်။ ယခုအခါ ဥရောပတစ်တိုက်လုံးတွင် တက္ကသိုလ်များစွာပေါ်လာခဲ့သည်။ ပါရီ၊ ဘိုလော့ဂနာ၊ အောက်စဖို့၊ ကင်းဘရစ်၊ ပရာဟာ စသည့်မြို့ကြီးများတွင် ဧရာမတက္ကသိုလ်ကြီးများ တည်ထောင်ကြသည်။ တက္ကသိုလ်များတွင် အစပိုင်း၌ ဥပဒေ၊ ကျမ်းစာနှင့် ဆေးပညာများသာ သင်ပေးခဲ့သည်။ ၉ရာစုနှစ် အီတလီနိုင်ငံတွင် ဆာလာနို ဆေးတက္ကသိုလ် စတင်တည်ထောင်သည်။

မျက်စိမမြင်စာဆိုတာ ဘာလဲ?

မျက်မမြင်စာ Braille သည် ဖောင်းကြွအစက်ကလေး သင်္ကေတများ ဖြစ်သည်။ မျက်မမြင်များသည် စာမျက်နှာ တစ်ခုပေါ်ရှိ အစက်ကလေးများကို လက်ချောင်းကလေးများဖြင့် စမ်းသပ်ကြည့်ပြီး ဘရေးလ်စာကို ဖတ်နိုင်ကြသည်။ ၁၈၂၀ ပြည့်လွန်နှစ်များအတွင်း ကိုယ်တိုင်မျက်စိမမြင်သူ လူဝီဘရေးလ်ဆိုသူ ကျောင်းသားတစ်ဦးက မျက်မမြင်စာကို တီထွင်ခဲ့သည်။

ဘရေးလ်သည် အက္ခရာစာလုံးများ၊ ပုဒ်ဖြတ် အမှတ်အသားများ၊ ကိန်းဂဏန်းများ၊ ဂီတသင်္ကေတများအတွက် အစက်ပုံစံ ၆၃-မျိုး တီထွင်ခဲ့သည်။ ဘရေးလ်စာကို လက်နှိပ်စက်လည်း ရိုက်နိုင်ကြသည်။

ဆွံ့အ နားမကြားသူများအတွက် ဘာသာစကားသည် အဘယ်နည်း?

ဆွံ့အနားမကြားသူများအတွက် ဘာသာစကားသည် ပါးစပ်ဖြင့် မဟုတ်ဘဲ လက်များ လက်ချောင်းများဖြင့် အချက်ပြ စကားပြောခြင်းစနစ် ဖြစ်သည်။ နားမကြားသူ၊ စကားမပြောနိုင်သူများသည် ထိုစနစ်ကိုသုံးပြီး ပြောချင်ရာ ပြောနိုင်သည်။

ဆွံ့အ နားမကြား ဘာသာစကား နှစ်မျိုးရှိသည်။ တစ်နည်းမှာ လက်တစ်ဖက်တည်း သုံးရသည်။ အခြားနည်းမှာ လက်နှစ်ဖက်စလုံး အသုံးပြုရသည်။ နည်းစနစ်နှစ်ခုစလုံးတွင် လက်ချောင်းကလေးများ အနေအထားသည် အက္ခရာစာလုံး အမျိုးမျိုးကို ဖော်ပြသည်။ စနစ်တစ်ခုစီတွင် တစ်ကြိမ်လျှင် စာလုံးတစ်လုံးသာ ပေါင်းနိုင်သည်။ ဆွံ့အ နားမကြား ဘာသာစကားသုံးခြင်းသည် သာမန် စကားပြောခြင်းထက် နှေးကွေးသည်။ ဆွံ့အ နားမကြားသူများအားအခြားကိုယ်လက်အမူအရာများ၊မျက်နှာအပြောင်းအလဲများဖြင့် ဖြတ်လမ်းသဘောပြောလျှင် အမြန်ဆုံးနားလည်တတ်ကြသည်။

မော့စ် သင်္ကေတ ဆိုတာ ဘာလဲ?

မော့စ်သင်္ကေတ Morse Code သည် အက္ခရာများနှင့် ဂဏန်းများအစား အစက်များ၊ မျဉ်းတိုများ အစားထိုးစနစ်ပင် ဖြစ်သည်။ တစ်ချိန်သောကာလက ၀ိုင်ယာများ သိုပမဟုတ် ရေဒီယိုများမှ တစ်ဆင့် ကြေးနန်းပို့နည်းစနစ်တစ်ရပ်ဖြစ်ခဲ့သည် အဆိုပါ သင်္ကေတကို ဆင်မြူယယ်မော့စ်ဆိုသူ အမေရိကန်လူမျိုးတစ်ဦးက ၁၈၃၇ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။

မော့စ်သင်္ကေတတွင် အက္ခရာစာလုံးများ၊ ကိန်းဂဏန်းများ၊ ပုဒ်ဖြတ်များကို အစက်ကလေးများ၊ မျဉ်းများဖြင့် အစားထိုးပေးထားသည်။ အစက်ကလေးများသည် အတိုအချက်ပြလက္ခဏာများ၊ မျဉ်းရှည်များသည် အရှည်အချက်ပြလက္ခဏာများအဖြစ် ပေးပို့ခဲ့သည်။ ပို့ရာတွင် ခလုတ်ကလေးတစ်ခုကို ပြောင်းလဲ နှိပ်ပေးရုံဖြင့် လက်ခံသူဘက်တွင် လျှပ်စစ်နှင့် ရေဒီယိုသင်္ကေတများ မြန်မြန်ဆန်ဆန် ပေါ်ထွက် ကြားသိနိုင်သည်။