ဝူလ်ဖန်း အမာဒုစ် မိုးဇတ် (၁၇၅၆-၁၇၉၁)သည် အသက် ၃၅-နှစ်ခန့်သာ အသက်ရှည်ခဲ့သည်။ သို့ရာတွင် ထိုမျှတိုတောင်းလှသော အသက်ကာလအတွင်း ကမ္ဘာ့အကျော်ကြားဆုံး တေးပြုစာဆိုကြီး များအနက် တစ်ဦး အပါအ၀င် ဖြစ်လာခဲ့သည်။
မိုးဇက်သည် အသက် ငါးနှစ်အရွယ်မှစ၍ တေးပြုခဲ့သည်။ ကလေးဘ၀ကပင် Harpsichord စောင်းနှင့် တယော ကျွမ်းကျင်သည်။ မိုးဇတ်သည် တူရိယာပစ္စည်းအမျိုးမျိုး အသုံးပြုနိုင်သည့် concerto တေးသွားများစွာ ရေးသားခဲ့သည်။ The Mariage of Figaro, The Magic Flute, Don Giovanni နှင့် Cosi Fan Tutte အပါအ၀င် သံစုံတေးသွားများ၊ အော်ပရာကြီးများလည်း ပြုစုခဲ့သည်။
No comments:
Post a Comment