ဖီးဒိစ် Phideas သည် ရှေးဟောင်း ဂရိနိုင်ငံမှ ပန်းပုဆရာတစ်ဦး ဖြစ်သည်။ သူ့လက်ရာများစွာ မကျန်ရှိတော့သော်လည်း မျက်မှောက်ကာလအထိ ဂုဏ်သတင်း ကျော်ကြားနေဆဲပင်။ ဖီးဒိစ်သည် ခရစ်မပေါ်မီ ၄၉၀-ခုနှစ်ခန့်မှ ၄၃၀-ခုနှစ်အထိ ရှိနေခဲ့ပုံရသည်။ အေသင်မြို့ ဘုရင် ပရီး ကလီးစ်သည် ပါသီနွန် ဘုရားကျောင်း ရုပ်လုံးများအပါအ၀င် အရေးကြီးသော တည်ဆောက်ရေး အစီအစဉ်ကြီးတစ်ရပ်ကို ဦးဆောင်စေခဲ့သည်။
ဖီးဒိစ်၏ အေသီနာ နတ်သမီးရုပ်တုကြီးကို ရွှေ၊ ဆင်စွယ် တို့ဖြင့် ထုလုပ်သည်။ ၁၀မီတာမြင့်သည်။ အေသင်မြို့တွင် စိုက်ထူခဲ့သမျှ ရုပ်တုများစွာအနက် အကြီးမားဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် အေသီနာ နတ်သမီး ကြေးရုပ်ကြီးကို ထုလုပ်ခဲ့ရာ ပို၍ မြင့်မားသည်။ သို့ရာတွင် ဖီးဒိစ်အား ပြည်နှင်ဒဏ်ပေးလိုက်သည်။ နတ်သမီးရုပ်၏ ဒိုင်းလွှာပေါ်တွင် ဖီးဒိစ်က မိမိပုံတူနှင့် ပရီး ကလီးစ်၏ ပုံတူကို ထည့်ထုခဲ့ခြင်းဖြင့် မလေးမစားလုပ်ရာရောက်သည်ဟု စွပ်စွဲ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

Thursday, 23 June 2011
ဖီးဒိစ် ဆိုတာ ဘယ်သူလဲ?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment