ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 26 June 2011

ဒါန၊ သီလ၊ ဘာဝနာလို့ ဆိုအပ်တဲ့ ဗောဓိပက္ခိယတရား

ဗောဓိပက္ခိယတရားဆိုတာ ဘာလဲ။ ၀ဋ်သုံးပါးရဲ့ မူလဖြစ်တဲ့ ကိလေသာပယ်ဖို့ အားထုတ်တဲ့။ “ဒါန၊ သီလ၊ ဘာဝနာ” လို့ ဆိုအပ်တဲ့ ဗောဓိပက္ခိယ တရားဆိုတာကို အပိုင်း ခုနှစ်ပိုင်း အနေနဲ့ ခွဲပြရရင် -

၁။ သတိပဋ္ဌာန်းတရားလေးပါး။


၂။ သမ္မပ္ပဓာန်လေးပါး။


၃။ ဣဒ္ဓိပါဒ်လေးပါး။


၎။ ဣနြေ္ဒငါးပါး။


၅။ ဗိုလ်ငါးပါး။


၆။ ဗ္ဗောဇ္ဈင်ခုနှစ်ပါး။


၇။ မဂ္ဂရှစ်ပါး - တို့ပါပဲ။

သတိပဋ္ဌာန်းတရား လေးပါဟာ တစ်ကြောင်းတည်း တစ်လမ်းတည်သော ခရီးပါ။ အဲသည်ခရီးလမ်းက သတ္တ၀ါတွေကို ကိလေသာတည်းဟူတဲ့ အညစ်အကြေးက စင်ကြယ်စေချင်တာ။ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်းတို့က လွတ်မြောက်စေချင်တာ။ ပြီးတော့ ဆင်းရဲခြင်းနဲ့ နှလုံးမသာယာခြင်းတို့က ချုပ်ပျောက်စေချင်တာပါ။

အရိယမဂ်ကိုရဖို့အတွက် ဒုက္ခခပ်သိမ်းငြိမ်းရာ အမှန် နိဗ္ဗာန်ကို မျက်မှောက်ပြုတာပဲ။

သတိပဋ္ဌာန်းလေးပါးက -
- ကာယနုပဿနာ သတိပဋ္ဌာန်း


- ဝေဒနာနုပဿနာ သတိပဋ္ဌာန်း


- စိတ္တာနုပဿနာ သတိပဋ္ဌာန်း


- ဓမ္မာနုပဿနာ သတိပဋ္ဌာန်း တို့ ဖြစ်ပါတယ်။

အဲသည်လေးပါးရဲ့ အဓိပ္ပါယ်က -
ကိလေသာကို ပူပန်စေတဲ့ လုံ့လကို ပညာနဲ့ ဆင်ခြင်တာပါ။ သတိနဲ့ ကိုယ်ခန္ဓာကို တပ်မက်ခြင်းတွေ အဘိဇ္ဈာတွေ နှလုံးမသာယာတာတွေ ဗျာပါဒတွေမှန်သမျှ ဖျောက်ပြီးတော့ ကိုယ့်ကာယ ကိုယ်ရူတာ။ ဝေဒနာစိတ်တွေ နီဝရဏတရားတွေရူတာ ဖြစ်တယ်။

သမ္မပ္ပဓာတ်လေးပါးကတော့ -
- မဖြစ်ပေါ်သေးတဲ့ ယုတ်မာတဲ့ အကုသိုလ်တရားတွေကို မဖြစ်ပေါ်စေအောင် အလိုဆန္ဒကို ဖြစ်စေတာ အားထုတ်တာ၊ လုံ့လပြုတာ၊ စိတ်ကိုချီးမြှောက်တာ ပြီးတော့ ဆောက်တည်တိုက်တွန်းတာပဲ။ (မဖြစ်သေးတာကို မဖြစ်အောင်လုပ်တာ)။


- ကိုယ်သန္တာန်မှာ ဖြစ်ပေါ်ပြီးတဲ့ ယုတ်မာတဲ့အကုသိုလ် တရားတွေကို ပယ်စွန့်ဖို့ အားထုတ်လုံ့လပြုတာ။


- ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေ မြဲအောင် ပွားအောင် ပြည့်စုံအောင် အလိုဆန္ဒ ဖြစ်စေတာ။


- မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်အောင် ဆန္ဒပြုတာပဲ။

ဣဒ္ဓိပါဒ်လေးပါးက -
- ဆန္ဒကြောင့် ဖြစ်သော သမာဓိပဓာန ဖြစ်သော သင်္ခါရနှင့် ပြည့်စုံပြီးစီးခြင်း၏ အကြောင်း ဣဒ္ဓိပါဒ်ပွားများမူ။


- ၀ီရိယကြောင့်ဖြစ်သော


- စိတ်ကြောင့်ဖြစ်သော


- ပညာကြောင့်ဖြစ်သော သမာဓိပဓာန ဖြစ်သော သင်္ခါရနှင့် ပြည့်စုံပြီးစီးခြင်း၏ အကြောင်း ဣဒ္ဓိပါဒ်များ ပွားများမူတို့ ဖြစ်ပါတယ်။ အဲသည်တရားတွေဟာ ဆင့်ကဲ ဆင့်ကဲ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ရမယ့် တရားတွေပါ။

ဣနြေ္ဒငါးပါးကတော့ -
- ယုံကြည်ခြင်း၌ အစိုးရတာ


- အားထုတ်ခြင်းမှာ အစိုးရတာ


- မမေ့မလျော့သော တရားမှာ အစိုးရတာ


- ရူမှတ်သောနာမ်ရုပ်မှာ တည်တာ


- လက္ခဏာရေးသုံးပါးမှာ ဆင်ခြင်တာ

ဗိုလ်ငါးပါးကတော့ -
- သဒ္ဒါဗိုလ်


- ၀ီရိယဗိုလ်


- သတိဗိုလ်


- သမာဓိဗိုလ်


- ပညာဗိုလ်တွေပဲ။

ဗ္ဗောဇ္ဈင်ခုနှစ်ပါးက -
- သတိ သမ္ဗောဇ္ဈင်


- ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်


- ၀ီရိယ သမ္ဗောဇ္ဈင်


- ပီတိ သမ္ဗောဇ္ဈင်


- ပဿဒ္ဓိ သမ္ဗောဇ္ဈင်


- ဥပေက္ခာ သမ္ဗောဇ္ဈင်


- သမာဓိ သမ္ဗောဇ္ဈင်တို့ ဖြစ်ပါတယ်။

အဲသည် ဗောဇ္ဈင်တရား ခုနှစ်ပါး ပြည့်စုံရင် (အရတ္တမဂ်) ဟူသော ၀ိဇ္ဇာ။

ပြီးတော့ (အရဟတ္တဖိုလ်) ဟူသော ၀ိမုတ္တိတို့နှင့် ပြည်စုံခြင်းကို ရောက်ပါတယ်။ လောကီအကျိုးစီးပွား၊ သံသရာအကျိုးစီးပွား ဆောင်ရွက်နိုင်တယ်။

ဗုဒ္ဓမြတ်စွာဘုရားက -
“အို - ချစ်သား ရဟန်းတို့။ ငါဘုရား သာသနာတော်မှာ ရဟန်းဖြစ်ကုန်တဲ့ သူတို့ဟာ၊ မိမိတို့ တည်ဆောက်အပ်တဲ့ (သီလ)ကို မှီပြီး၊ သီလမှာ တည်ကုန်ပြီးသော ခုနှစ်ပါးသော ဗောဇ္ဈင်တရားတို့ကို အကြိမ်များစွာ ပွားများလေ့လာပြီး လောကုတ္တရာတရားတို့၌ ကြီးမြတ်တဲ့အဖြစ်၊ ပြန့်ပြောသော အဖြစ်ကို စင်စစ်အားဖြင့် ရောက်ကုန်တယ်။ တစ်နည်းဆိုသော် အရဟတ္တမဂ်ဟူသော ၀ိဇ္ဇာ၊ အရဟတ္တဖိုလ်ဟူသော ၀ိမုတ္တကို ရလိုတဲ့သူဟာ ထိုဆိုအပ်ပြီးသော ဗောဇ္ဈင်တရား ခုနှစ်ပါးကို ပွားများစေရမယ်” လို့ ဟောကြားတော်မူခဲ့တယ်။

ပြီးတော့ အမှတ်ခုနှစ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကတော့ နောက်မှ အခန်းတစ်ခန်းခွဲပြီး အကျယ် သီးခြားဖော်ပြပေးပါမယ်။

အဲသည် ဖော်ပြပြီးတဲ့ ဗောဓိပက္ခိတရား ခုနှစ်ပါးဟာ -
- လောကီအကျိုး


- လောကုတ္တရာအကျိုး


- သေမူ


- နာမူ


- ဂတိမမြဲမူတွေ

ကင်းရာကုန်ရာ ချုပ်ငြိမ်းရာဖြစ်တဲ့ မဂ်ဖိုလ်၊ နိဗ္ဗာန်ကို ရနိုင်တာမို့ သေသေချာချာကို လေ့လာအားထုတ် သင့်ပါတယ်။ အဲသည်တရားတွေနဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်။ ပြီးတော့ နားလည်သူတွေကို မေးပြီး ကြိုးစားတည်ဆောက်ယူသင့်တယ်။

နည်းနည်း သဘောပေါက်ရင်တောင်မှ နည်းနည်း အကျိုးရကြောင်း သိလာကြပါလိမ့်မယ်။

No comments:

Post a Comment