ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 13 March 2009

ကပ်စေးနှဲမုဆိုးနှင့်လူရိုင်း


glitter-graphics.com
ဟိုးရှေးရှေးတုန်းက တောလိုက်ထွက်တဲ့ မုဆိုးတစ်ယောက်ဟာ သားကောင်ရှာရင်းနဲ့ မျက်စိ လည် လမ်းမှားပြီးလူသားစားတဲ့လူရိုင်းတွေရဲ့ နေရာဒေသကို ရောက်ရှိသွားတယ်။ လူရိုင်တွေ ကလည်း သူတို့ရဲ့နယ်မြေကို ကျူးကျော်လာတဲ့အတွက်ကြောင့် ကြိုးနဲ့တုတ်ပြီး ဖမ်းဆီးကာ သတ်ဖို့ ပြင်ဆင်ထားကြတယ်။ သူ့ကို သတ်ခါနီးရောက်တော့ လူရိုင်းခေါင်းဆောင်ရောက်လာ တယ်။ လူရိုင်းခေါင်းဆောင်က သူ့ကိုပြောတယ်။ မင်းကို ငါတို့အခွင့်အလမ်း (၃)ခုပေးမယ်။ အဲဒီ (၃)မျိုးထဲက မင်းကြိုက်တာ (၁)ခုကိုရွေးချယ်ပါ။ နံပါတ် (၁) ဒေါ်လာ(၁၀၀) ပေးလျှင် မင်းကို ပြန်လွှတ်ပေးမယ်။ အကယ်၍ ဒေါ်လာ (၁၀၀) မပေးနိုင်ဘူးဆိုလျှင်၊ နံပါတ် (၂) ငရုတ် သီးစိမ်း (၁) ပြည်စားပြရမယ်။ စားပြီးလျှင်လွှတ်ပေးမယ်။ အကယ်၍ ဒေါ်လာ (၁၀၀) လည်းမ ပေးနိုင်ဘူး။ ငရုတ်သီးတစ်ပြည်လဲ မစားနိုင်ဘူးဆိုလျှင်၊ နံပါတ် (၃) ကြိမ်ဒဏ်အချက် (၁၀၀) အရိုက်ခံရမယ်။ ရိုက်ပြီးလျှင် မင်းကိုလွှတ်ပေးမယ်။ ကြိုက်တာကိုရွေးချယ်ပါလို့ လူရိုင်းခေါင်း ဆောင်က ပြောလိုက်တယ်။ ဒီအခါမှာ မုဆိုးက စဉ်းစားတယ်။ ဒေါ်လာ (၁၀၀) ပေးရမယ်ဆို လျှင်လည်း သူ့မှာပါလာပါတယ်။ ဒေါ်လာ (၁၀၀) ဆိုတော့ အများကြီးပဲ ငါမပေးနိုင်ဘူး။ နှမြော စရာကောင်းတယ်။ ဒါကြောင့် ငရုတ်သီးပဲစားမယ်လို့ သူကပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ လူရိုင်းတွေက ငရုတ်သီးကို သူ့ရှေ့လာချပေးတယ်။ သူဟာ ငရုတ်သီး(၄/၅) တောင့်စားရုံနဲ့ အားအရမ်းစပ်တာပဲ။ တော်ပြီ...တော်ပြီ...ငရုတ်သီး မစားတော့ဘူး။ ကြိမ်ဒဏ်ပဲ အရိုက်ခံ တော့မယ်ဆိုပြီး ကြိမ်ဒဏ်အရိုက်ခံပြန်တယ်။ ကြိမ်ဒဏ် ကျတော့လည်း (၅) ချက်လောက် အ ရိုက်ခံရရုံနဲ့ ငယ်သံပါအောင် အော်ပြီးအားမခံနိုင်တော့ပါဘူး။ ခင်ဗျားတို့လိုချင်တဲ့ ဒေါ်လာ (၁၀၀) ပဲပေးတော့ မယ်ဆိုပြီး ဒေါ်လာ (၁၀၀) ကို ပေးလိုက်တော့တယ်။
လူရိုင်းတွေကသူ ဒေါ်လာ (၁၀၀) ပေးတဲ့အတွက်ကြောင့် သူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီမုဆိုးဟာ လုပ်သင့်လုပ်ထိုက်တာကို သိလျှက်နဲ့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ပဲ နှမြော တွန့်တို မိတဲ့အတွက်ကြောင့် ယခုလိုမျိုး ဆုံးရူံးခြင်းနှင့် ထိခိုက်နစ်နာမှုရှိရတာပါ။ ဒါကြောင့် သင်ဟာလည်း အထက်ပါ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး ပေးသင့်ပေးထိုက်တာ လုပ်သင့် လုပ်ထိုက်တာတွေကို ကိုယ်ချင်းစာ နားလည်အသိစိတ်ဖြင့် ကိုယ့်ဘ၀ကိုတိုးတက်ရေးကို ရှေးရူလုပ်ဆောင်ပါတော့လို့ အကြံပြုလိုက်ချင်ပါတယ်။


Friday 6 March 2009

{ လက်ဝါးပြင်နှင့်ကျန်းမာရေး }

လာရောက်လည်ပတ်စာဖတ်သူ မိတ်ဆွေအပေါင်းတို့...ဒီတစ်ခါတော့ မိမိကိုယ်ကိုကျန်းမာရေး အသိရှိကြအောင် လက်ဝါးပြင်ကိုကြည့်ပြီး ရောဂါရှာဖွေ စစ်ဆေးနည်းလေးကို မိတ်ဆွေသူငယ် ချင်းတို့ အသိအမြင်ကြွယ်ဝစေနိုင်ဖို့ “ လက်ဝါးပြင်နှင့်ကျန်းမာရေး” အကြောင်းလေးအနည်း ငယ်ပြန်လည်မျှဝေလိုက်ရပါတယ်။

၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
၎။ လက်တစ်ချောင်းစီ၏ပုံစံ
၅။ လက်ဝါးပြင်၏အရောင်အဆင်း
၆။ ဂြိုလ်ခုံပေါ်တွင်ပေါ်သောအကြောစိမ်း
၇။ လက်သည်းခွံအရွယ်အစား
၈။ လက်ဝါးပြင်ပေါ်မှလက္ခဏာလမ်းကြောင်း

* သတိပြုရန်
ယောက်ျားလေး - အသက် ၁၆ နှစ် အထက်မစှကြည့်ရမယ် - ဘယ်ဘက်လက်
မိန်းခလေး - အသက် ၁၆ နှစ် အထက်မှစကြည့်ရမယ် - ညာဘက်လက်
မကြည့်သင့်သောအချိန် - အရက်သောက်ပြီးချိန်၊ ဒေါသထွက်ချိန်၊ လူတွေအများအပြားရှိချိန်

* လက်ဆွဲနှုတ်ဆက်ချိန်
လက်မနှင့်လက်ညှိုး ၃၀ ဒီဂရီစောင်းနေရင် - ကိုယ်ခံအားနည်း၊ ကျန်းမာရေးဂရုစိုက်ရန်
လက်မနှင့်လက်ညှိုး ၄၅ ဒီဂရီစောင်းနေရင် - ကျန်းမာရေးကောင်း၊ ဟော်မုန်းပြောင်းလဲနေ
လက်မနှင့်လက်ညှိုး ၉၀ ဒီဂရီစောင်းနေရင် - သွက်လက်၊ အကောင်းမြင်ဝါဒီရှိ၊ အလုပ်ပေါ့ဆ

၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
* လက်ဝါးပြင် အေးစက်နေရင်.....
- သွေးကြောပိတ်ဆို့မှုများ
- သရက်ရွက်နဲ့ ကျောက်ကပ်အားနည်း
- အစာချေလမ်းကြောင်းမကောင်း
- လည်ပင်းမှာရှိတဲ့ ဂလင်းမကောင်း
- ကျောက်ကပ်နဲ့ ဆံပင်ဆက်စပ်နေ
- ဆံပင်ပါးရင်လည်းကျောက်ကပ်မကောင်း

* လက်ဝါးပြင် ပူနေရင်.....
- အသည်းကိုဂရုစိုက်
- သည်းခြေ၊ နှလုံး၊ သရက်ရွက်မကောင်း
- အာသီးရောင်၊ အာခေါင်ခြောက်၊ ပါးစပ်ခါး၊ အိပ်ရေးပျက်

* လက်ဝါးပြင် ချွေးထွက်နေရင် (ရိုးရိုးချွေးထွက်နေရင်).....
- ကိုယ်ခံအားနည်း
- သရက်ရွက်အားမကောင်း

* လက်ဝါးပြင် စေးကပ်ကပ်နဲ့အဆီပြန်နေရင်.....
- ဆီးချို၊ သွေးချိုဝေဒနာရှိ ၊ မရှိခဲ့ရင်လည်းရှိလာမယ့်အနေအထား
- ဟော်မုန်းဓာတ်မညီမျှ ပြောင်းလဲနေ

* လက်ဝါးပြင် ဖောင်းတင်းနေရင်.....
- အဆီများတဲ့လက်
- စားချင်တာစားတဲ့လက်မျိုး

* လက်ဝါးပြင် ခြောက်ကပ်နေရင်.....
- အဆုတ်ရောဂါ၊ အဆုတ်နဲ့အသားအရေဆက်စပ်နေ
- အဆုတ်-TV ရောဂါသမား

* လက်ဝါးပြင် အပူအအေးမညီမျှရင်....
- သွေးအားနည်း
- ရာသီဥတုဒဏ်ကိုမခံနိုင်

* လက်ဝါးပြင် ပျော့ပြီး အသားထူနေရင်.....
- ဖျတ်လတ်ပြီး ကိုယ်ခံအားကောင်း
- အချို့သောလက်ဖ၀ါးတွေဟာတော့ ထူပေမယ့် ကိုယ်ခံအားနည်းတက်

* ကိုယ်ခံအားကောင်း ၊ မကောင်းသူက.....
- ကိုယ်ခံအားကောင်းသူ (လက်ချောင်းထိပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ချက်ခြင်းပြန် ဖောင်းတက်လာရင်)
- ကိုယ်ခံအားနည်းသူ ( လက်ချောင်းထပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ပြန်ဖောင်းမလာပဲ ကြာနေရင်)

* လက်ဝါးပြင်ပျော့ပြီးအသားပါးရင် - အားနည်းခြင်း
* လက်ဝါးပြင်မာပြီးအသားပါးရင် - အစာချေမှုအားနည်း
* လက်ဝါးပြင်ပျော့ရင် - သက်သက်သာသာနေရသူ
* လက်ဝါးပြင်မာရင် - အမြဲသွာလာလှုပ်ရှားနေရသူ
* လက်ဝါးပြင်မာ၊ ကြမ်း၊ အသာမာတက်နေရင် - ငြိမ်ငြိမ်မနေရ ၊ အလုပ်အမြဲလုပ်နေရသူ

၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
- လက်သည်းခွံအရင်းမှာ လက်ပန်းကုံးလက်ချောင်းတိုင်းမပေါ်ရင် - ကယ်လ်ဆီယမ်ဓာတ်လို
- လက်သည်းခွံ ၅ပုံ၊ ၁ပုံ ခုံးနေရင် - သွေးအဆီများသူ
- လက်ပန်းကုံး - အဖြူရောင်မှကောင်း
- လက်ပန်းကုံး ပန်းရောင် - ဆီးချို၊ သွေးချို ရှိ
- လက်ပန်းကုံး အညိုရောင် - ကျောက်ကပ်မကောင်း
- လက်ပန်းကုံး မီးခိုးရောင်သမ်းနေ - အစာချေလမ်းကြောင်းမကောင်း
- လက်ပန်းကုံး အမဲရောင် - ကင်ဆာ ( အဆိပ်အတောက်များသူ)

၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
- လက်သည်းခွံပေါ်တွင် အဖြူစက်ပေါ်နေ - သွေးအားနည်း
- လက်သည်းခွံပေါ်တွင် အမဲစက်ပေါ်နေ - သတိထားရမယ် ( သွေးကြော၊ လေကြောပိတ်ဆို့)
- လက်သည်းခွံပေါ်တွင် အဆင်းကြောင်းထ - နာတာရှည်ရောဂါ၊ အာရုံကြော၊ ခုခံအားကျ
- လက်သည်းခွံပေါ်တွင် အမဲကြောင်းပေါ် - ကျောက်ကပ်အလွန်အမင်းပျက်စီးနေ၊ အသည်းနဲ့ ပတ်သတ်တဲ့ရောဂါ၊ ကင်ဆာ
- လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ (အလျားလိုက်) - အစာအိမ်အချဉ်ပေါက်
- လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ ( ဒေါင်လိုက် ) - ခေါင်းခဏခဏကိုက်တက်
- လက်သည်းခွန် မာလွန်းပျော့လွန်းရင် - ကယ်လ်ဆီယမ်ဓာတ်လို

၎။ လက်တစ်ချောင်းစီ၏ ပုံစံ

* လက်မ
(သရက်ရွက်၊ အဆုပ် ၊ နှလုံးနှင့်ဆိုင်)
- လက်မအရင်းတုတ်ပြီး အဖျားရှုးနေရင် - သွေးအဆီများ၊ အဆီလျော့ဖို့လို၊ အဆီချဖို့ခက်ခဲ
- လက်မအရင်းရူးပြီး အဖျားတုတ်နေရင် - အာဟာရစုပ်ယူမှုအားနည်း၊ ကိုယ်ခံအားနည်းသူ
- လက်မတုတ်တုတ်ခိုင်ခိုင်ရှိရင် - ဒေါသကြီး၊ အပူများသူ
- လက်မအရင်းရူပ်ထွေးပြီး တြိဂံပုံသဏ္ဍာန်ပေါ်နေရင်- နှလုံးရောဂါဖြစ်

*လက်ညှိုး
(အူလမ်းကြောင်း ၊ နှလုံးလမ်းကြောင်းကိုယ်စားပြု )
- လက်ညှိုးအရောင် ဖြူပြီးဖျော့နေရင် - ကိုယ်ခံအားမကောင်း
- လက်ညှိုးအရင်းတုန်ပြီး အဖျားရှုးနေရင် - အစာမချက်
- လက်ညှိုး တတိယအဆစ်ရူပ်ယှက်ခက်နေ - အစာအိမ်၊ လေဖြတ်
- လက်ညှိုးဘေးအကြောစိမ်းပေါ်နေ - ၀မ်းချုပ်၊ အကြောတက်၊ ခေါင်းကိုက်
- အကြောစိမ်းလက်ကောက်ဝတ်မှာပေါ် - နှလုံးရောဂါရှိ

* လက်ခလယ်
( ဦးခေါင်းကိုယ်စားပြု၊ ဦးခေါင်းမျက်လုံးနှာခေါင်းကိုယ်စားပြု )
- ဦးခေါင်း၊ မျက်လုံး၊ နှာခေါင်းနှင့်ဆိုင်

* လက်သူကြွယ်
(သည်းခြေ၊ အသည်းတို့ကို ကိုယ်စားပြု ၊ ဟော်မုန်းကဏ္ဍ)
- ခန္ဓာကိုယ်တစ်ခုလုံး အကြောထိန်းချုပ်
- အသည်း၊ သည်းခြေနှင့်ဆိုင်

* လက်သန်း
( ကျောက်ကပ်ကိုကိုယ်စားပြု၊ အူသိမ်နှလုံးအဖုံး၊ ရင်ပိုင်းအဆစ်လေပြွန်)
- ကျောက်ကပ်ကိုကိုယ်စားပြု ၊ နှလုံးအူသိမ်နဲ့ဆက်စပ်နေ
- လက်သန်းက ရှည်ဖျောင့် ပြီး လက်သူကြွယ် ဒုတိယဆစ်မှီ့နေမှကောင်း
- လက်သန်းက လက်သူကြွယ် ဒုတိယဆစ်ကိုမမှီပဲတိုနေရင် ( သရက်ရွက်မကောင်း၊ မွေးဖွား အင်္ဂါဖွင့်ဖြိုးမှုနည်း)
- လက်သန်း သိမ်လိုက်ရှုးလိုက် (ကျန်းမာရေးမကောင်း၊ ချူချာတဲ့လက်)

၅။ လက်ဝါးပြင်နှင့်အရောင်အဆင်း
လက်ဝါးပြင် ဖြူပြီးအေးစက်နေ - ကျောက်ကပ်၊ အဆုတ်၊ နှလုံး မကောင်း
လက်ဝါးပြင်အလွန်မင်းနီနေ - အဆီများ၊ သွေးတိုး၊ သွေးလည်ပတ်မှုမကောင်း
လက်ဝါးပြင် အမဲပျောက်များနေ - ဆေးလိပ်သောက်တဲ့သူ၊ သွေးကြောလေကြောပိတ်၊ အဆိပ်အတောက်များသူ
လက်ဝါးပြင် အဖြူမှာအ၀ါသန်းနေ - အသည်းလုပ်ငန်းပျက်စီး၊ အသည်းရောဂါ(အသားဝါ)၊ အစာချေဖျက်မှုမကောင်း
လက်ဝါးပြင် မဲပြီးဝါနေ - အခြေအနေဆိုး ( သွေး၊ အသည်းနှင့်ပက်သတ်)
လက်ဝါးပြင် စိမ်းပြီးညိုပုတ်ပုတ်ဖြစ် - ဦးနှောက်သွေးကြောပြတ်တက်၊ ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှုမကောင်း
အဆစ်တိုင်းမဲ၊ စိမ်း၊ စိမ်းပုတ်ပုတ်၊ ညိုပုတ်ပုတ်ဖြစ် - သွေးကြောပိတ်ဆို့မှုနည်း၊ နှလုံးကြွက် သားအားနည်း
လက်ဝါးပြင် နွေးထွေးပြီးပန်းရောင်သန်းနေ - ကျန်းမာရေးကောင်းသူ

* လူတစ်ယောက်ဟာ...
စိုးရိမ်တက်လွန်းရင် - အဆုတ်ကိုထိခိုက်
ကြောက်လန့်လွန်းရင် - ကျောက်ကပ်ကိုထိခိုက်
ဒေသကြီးလွန်းရင် - အသံကိုထိခိုက်
အပျော်လွန်ရင် - နှလုံးကိုထိခိုက်

သမီးရည်းစား နှစ်ယောက်

တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် ( Action) ဆိုတာပါဖို့လို့တယ်နော်။ ဒါကိုလုပ်မယ်၊ ဒီဟာကိုလုပ်ရမလား၊ လုပ်ရင်ကောင်းမလား ဆိုပြီး အပြောသာရှိပြီး အလုပ်မရှိတဲ့သူတွေဟာ ဘယ်လို အခွင့်အရေးတွေကိုမဆိုး အချိန်သာကုန်သွားမယ် မရရှိလိုက်ပဲ တစ်နည်းနည်းနဲ့ ဆုံးရူံးသွားနိုင်တယ်ဆိုတာကို ပုံပြင်လေးကို ဥပမာထားပြောပြပေးမယ်။
တစ်ခါတုန်းက တက္ကသိုလ် ကျောင်းသူ သမီးရည်းစားစုံတွဲ နှစ်ယောက်ဟာ ပန်းခြံတစ်ခုမှာ ချိန်းတွေ့ကြပါတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ သူတို့နှစ်ယောက် ဟာ ပန်းခြံထဲက ထိုင်ခုံမှာထိုင်ရင်းစကားပြောကြပါတယ်။ ဒီလိုနဲ့ ကောင်လေးက ကောင်မ လေးကိုပြောတယ်။ မင်းကို ငါနမ်းချင်တယ်။ ငါနမ်းရမလားလို့မေးတယ်။ ကောင်မလေးက ခေါင်းငုံ့နေတယ် အဖြေမပေးပါဘူး။ ဒါနဲ့ကောင်လေးက ထပ်ပြီးပြောတယ်။ ငါနမ်းလိုက်ရမ လားဆိုတော့ ကောင်မလေးက ခုံရဲ့အစွန်းဖက်ကို နဲနဲရွှေ့သွားတယ်။ ကောင်လေးကလဲ ကပ် လိုက်ပြီး တိုးကပ်လာတယ်။ ငါက တကယ်နမ်းတော့မှာနော်လို့ ထပ်ပြောလိုက်တော့ ကောင် မလေးဟာ ရှက်တဲ့အတွက်ကြောင့် ထွက်ပြေးသွားပါတော့တယ်။ အဲဒီနေ့ကစပြီး သူတို့သမီး ရည်းစားစုံတွဲဟာမတွေ့ဖြစ်ကြတော့ပါဘူး။ ၂ နှစ်လောက်ကြာတဲ့အခါမှ ကောင်လေးဟာ တက္ကသိုလ်နယ်မြေကိုရောက်လာခဲ့တယ်။ သူတို့ချိန်းတွေ့ခဲ့တဲ့ ပန်းခြံလေးကို သတိရတဲ့အ တွက်ကြောင့် ပန်းခြံကိုအလည်သွားခဲ့ပါတယ်။ ပန်းခြံထဲရောက်တော့ သူ့ချစ်သူကိုသတိရပြီး သူတို့ထိုင်ခဲ့တဲ့ ထိုင်ခုံလေးနား ရောက်လာခဲ့တယ်။ အဲဒီထိုင်ခုံမှာ ၁နှစ်အရွယ် ကလေးလေး တစ်ယောက်နဲ့စုံတွဲတစ်တွဲ ထိုင်နေတာကိုတွေ့ရတယ်။ သေချာကြည့်လိုက်တော့ သူနမ်းရမ လားလို့ပြောခဲ့တဲ့ သူ့ချစ်သူကောင်မလေး စုံတွဲဖြစ်နေတယ်။ သူအရမ်းအံ့သြသွားတယ်။ စိတ်လဲအရမ်းတိုးသွားတာနဲ့ သူ့ချစ်သူကောင်မလေးနားကို သွားပြီးပြောလိုက်ပါယ်။ မင်းကိုငါ အရမ်းချစ်ခဲ့တယ်။ ငါနမ်းရမလားမေးတော့ မင်းကမဖြေခဲ့ဘူး။
အခုတော့မင်းက အခြားတစ်ယောက်နဲ့ ကလေးတစ်ယောက်တောင် ရနေပြီ ပေါ့လေဆိုပြီး စိတ်ဆိုးဒေါသထွက်ပြီးပြောပါတယ်။ ဒီတော့သူ့ချစ်သူ ကောင်မလေးက စကားတစ်ခွန်းကိုသာ ပြန်ပြောလိုက်ပါတယ်။ အဲ့ဒီစကားကတော့ ဟုတ်တယ်၊ ရှင်ကျွန်မ ကိုချစ်ခဲ့တာမှန်တယ်။ ရှင် ကအပြောသမားပဲဖြစ်တယ်။ တကယ့်လက်တွေ့ လုပ်တဲ့လူမျိုးမှ မဟုတ်ဘူးဆိုပြီး ပြော လိုက်ပါတော့တယ်။ ဘယ်အလုပ်မဆို ပေါက်မြောက်အောင်မြင်ချင်ရင်တော့ ပြောနေတာ ထက်ပိုပြီး ကောင်းအောင်လုပ်ရမယ်လို့ ငါယုံကြည်ခဲ့တယ်။ ကိုယ့်မှာစိတ်ကူးယဉ် မျှော်မှန်း ချက်တွေ ဘယ်လောက်ပဲကြီးကြီး စီမံခန့်ခွဲမှုတွေဘယ်လောက်ပဲကောင်းကောင်း လက်တွေ့ လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုလျှင်တော့ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်မှာမဟုတ်ပါဘူး။ အောင်မြင်ခြင်းရဲ့ အဓိက သော့ချက်က (Action) လို့ခေါ်တဲ့ တကယ့်လုပ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့်မည်သည့်အရာကိုမဆို လက်တွေ့မလုပ်ပဲ ပြောသာပြောနေမည်ဆိုရင် တော့ ဆုံးရူံးနစ်နာမှုတွေနှင့်သာ ရင်ဆိုင်ကြရမှာဖြစ်လို့ အပြောသာမဟုတ်ပဲ ပြောသည့်အ တိုင်းလည်း လက်တွေ့လုပ်ဆောင်နိုင်သူမှသာလျှင် ရည်းမှန်းချက်ပန်းတိုင်ကို အရောက်လှမ်း နိုင်လိမ့်မည်ဖြစ်သည်။

မြင်းကုန်သည်ကြီးနဲ့ဘုရားရှင်

အချို့ လူတွေက ပြောရဆိုရ ဆုံးမရတာ အလွန်ခက်ခဲတယ်ဘုရား၊ အဲဒါဘယ်လိုလုပ်ရပါမလဲ။
ဒါကိုတော့ ဘုရားရှင်လက်ထက်က မြင်းကုန်သည်အကြောင်းလေး ပြောပြရဦးမယ်။
တစ်ခါတော့ အဲဒီမြင်းကုန်သည်ကြီးဟာ တစ်နေ့မှာတော့ မြတ်စွာဘုရားသီတင်းသုံးနေတဲ့ တောအုပ်အတွင်းကို ဖြတ်သန်းသွားတယ်။ မြတ်စွာဘုရားကိုလည်းမြင်လိုက်ရော သူ့ရှေ့မှာ သွားနေတဲ့မြင်းတွေကို ဟေ့...မြင်းတွေရပ်လို့ ပြောလိုက်တယ်။ မြင်းတွေလည်း ရှေ့ဆက်မ သွားကြတော့ဘူး။ ရပ်နေကြတာပေါ့။ ပြီးတော့ မြတ်စွာဘုရားကို ဦးချကန်တော့ တယ်၊ မြတ်စွာဘုရားရှင်က မြင်းကုန်သည်ကြိးကိုမေးတာပေါ့။ ဟဲ့...ဒကာတော်မြင်းကုန်သည်ကြီး သင့်ရဲ့မြင်းတွေ လိမ်မာလိုက်တာ၊ သင်ဘယ်လိုဆုံးမထားပါသလဲလို့ မေးလိုက်ပါတယ်။
ဒီတော့ မြင်းကုန်သည်ကြီးက မှန်လှပါဘုရား တစ်ချို့မြင်းတွေကို ချိုသာတဲ့စကားနဲ့ ပြောဆိုပြီး ယဉ်ကျေးအောင်လုပ်ရပါတယ်။ အဲ...ချိုသာတဲ့စကားနဲ့မှာ မလိမ္မာဘူးဆိုလျှင် ငေါက်ပြိးတော့ ဆုံးမပါတယ်။ ငေါက်ပြီးဆုံးမလို့ မရဘူးဆိုလျှင် ရိုက်ပြီးဆုံးမရပါတယ်။ ရိုက်ပြီးဆုံးမလို့မှ မရရ ဘူးဆိုလျှင် ချက်စားလိုက်ပါတယ်ဘုရားလို့ ဒီလို လျှောက်ပါတယ်။ ဒီအချိန်မှာ ရဟန်းတော် တွေဟာ ညီညာစွာ မြတ်စွာဘုရားရှင်ကိုလာပြီး ဦးချကြတယ်။ ညီညာစွာနဲ့ပဲ တရားစကားနာ ယူ၊ ယဉ်ကျေးသိမ်မွေ့စွာ ဦးချကန်တော့ ထွက်ခွာသွားကြတယ်၊ ဒီမြင်ကွင်းကို မြင်းကုန်သည် ကြီးကမြင်တော့ မြတ်စွာဘုရားကို လျှောက်တယ်။ အရှင်မြတ်ဘုရား ဒီရဟန်းတွေကို ဘယ်လိုများယဉ်ကျေးလိမ္မာအောင် ဆုံးမထားပါသလဲဘုရား၊ ဒီအခါမှာ မြတ်စွာဘုရားက ဒကာတော်မြင်းကုန်သည်ကြီး ငါလည်း သင့်လိုပါပဲ၊ ချိုသာတဲ့စကားနဲ့ပြောဆိုပြီး ယဉ်ကျေး အောင်လုပ်ရပါတယ်။
အဲ...ချိုသာတဲ့စကားနဲ့မှ မလိမ္မာဘူးဆိုလျှင် ငေါက်ပြီးတော့ ဆုံးမရပါတယ်။ ငေါက်ပြီးဆုံးမလို့ မှမရဘူးဆိုလျှင် ရိုက်ပြီးဆုံးမရပါတယ်။ ရိုက်ပြီးဆုံးမလို့မှ မရဘူးဆိုလျှင် ချက်စာလိုက်ပါတယ် လို့ မြတ်စွာဘုရားက အမိန့်ရှိလိုက်ပါတယ်။ ဒီတော့ မြင်းကုန်သည်ကြီးက အရှင်ဂေါတမက လည်း ချက်စားလိုက်တယ်ဟုတ်လား၊ အေးလေ ငါချက်စားတယ်ဆိုတာက သင့်လိုသူ့အသက် သတ်လိုက်တာမဟုတ်ဘူး၊ ဆိုဆုံးမမှုမပြုတော့ဘူး၊ အဲဒီလို ဆိုဆုံးမမှုမပြုတော့ခြင်းဟာ ဒီရဟန်းကို သတ်လိုက်သလိုပဲ၊ ဒါ့ကြောင့် သံသရာမှာဘ၀များစွာ ခန္ဓာအိမ်တွေဖြစ်ပြီး သေလို့မဆုံးတဲ့ သေခြင်းတရားနဲ့ပဲ လည်နေရတော့တယ်။ အဲ့ဒီဟာကို သတ်လိုက်တယ်လို့ ခေါ်တယ်။
ဒါ့ကြောင့် ယခုလည်း စေတနာထားပြောလို့ ကိုယ့်ရဲ့စကားကို နားမထောင်တဲ့ လူတွေ ကိုတွေ့ရင် ချက်သာစားလိုက်တော့လို့ အကြံဥာဏ်ပေးလိုက်ချင်ပါတယ်။

ကိုရင်ကိုငရုတ်ကျည်ပွေ့ဖြင့် လိုက်တဲ့

အချို့လူတွေကျောတ့ ကိုယ်ကစေတနာနဲ့ သူ့ဘ၀ကို ကယ်တင်ချင်လို့ စေတနာနဲ့ သွားပြီး ပြောတယ်၊ သူတို့က ထွက်ပြေးကြတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲသိချင်ကြတယ်မလား။ အင်း ...ဒါနဲ့ပတ်သတ်ပြီး ပုံပြင်လေးတစ်ပုဒ်ပြောပြရအုံးမယ် ။
ဟိုးရှေးရှေးတုန်းက တောရွာက ကိုရင်လေးတစ်ပါးဟာ စာသင်တိုက်ကိုတက်လာပြီး စာသင် တယ်၊ အသိကလည်းမရှိ ဆွမ်းခံအိမ်ကလည်း မရှိလို့ ရပ်ကွက်ထဲလှည့်ပြီး ဆွမ်းခံအိမ်ဖိတ်ရ တာပေါ့။ ဒါနဲ့ ရပ်ကွက်ထဲဝင်ပြီး အိမ်တစ်အိမ်က ဒကာမကြီးကို ဆွမ်းလောင်းနိုင်မယ်ဆိုလျှင် ဆွမ်းခံကြွလိုကြောင်း ပြောရတာပေါ့။ ဒီအခါမှ ဒကာမကြီးက ဆွမ်းချက်ရမှာလည်း ခပ် ပျင်းပျင်းဆိုတော့ ကိုရင် တပည့်တော်အိမ်မှာရှိတဲ့ ဒကာကြီးက ကိုရင်တွေဆိုလျှင် သူ က သိပ် မုန်းတယ်၊ ကိုရင် မြင်လျှင်ငရုပ်ကျည်ပွေ့နဲ့ လိုက်ပြီးရိုက်တတ်တယ်။ ဒါကြောင့် ကိုယ်ရင်ဒီမှာ ဆွမ်းမခံပါနဲ့လို့ ပြောလိုက်ပါတယ်။ အမှန်က ဒကာကြီးက ဒီလိုစိတ်မျိုးမရှိဘူး၊ စေတနာသဒ္ဒါ တရားကောင်းတဲ့ လူဖြစ်တယ်၊ သူက ဆွမ်းမလောင်းချင်လို့ ဒီလိုပြောလိုက်တာပါ။ ကိုရင် လည်း စိတ်ဓာတ်ကျပြီး အိမ်ဝိုင်းထဲက ထွက်သွားတယ်၊ အိမ်ဝိုင်းထဲက ထွက်တဲ့အချိန် ဒကာကြီးက အပြင်က ပြန်လာတာနဲ့တိုးတယ်၊ လမ်းမှာရှောင်လိုက်တာပေါ့။
ဒါနဲ့ ဒကာကြီးက အိမ်ထဲရောက်တော့ ကိုရင်ဘာလာလုပ်တာလည်းလို့ သူ့မိန်းမကိုမေးတယ်၊ ကိုရင်ကကြံကြံဖန်ဖန်ဒီမှာလာပြိး ငရုပ်ကျည်ပွေ့ အလှူခံတယ်လို့ ပြောလိုက်ပါတယ်၊ ဒါများ ကွယ် လှူလိုက်ပြီးတာပဲလို့ ပြောတယ်၊ သူ့မိန်းမက ဒါဆိုရှင်ပဲလှူလိုက်တော့ဆိုပြီး ငရုပ်ကျည် ပွေ့ကို သူယောင်္ကျားလက်ထဲပေးလိုက်တယ်၊ ကိုရင်လည်း ပထမဆုံးစဖိတ်တဲ့အိမ်က ကန် တော့ ဆွမ်းပြောလိုက်လို့ စိတ်ညစ်ပြီး ကျန်တဲ့အိမ်ကိုမဖိတ်ပဲ ကျောင်းပြန်သွားတယ်။ ဒကာ ကြီးကလည်း ကိုရင်ကိုမှီအောင် နောက်ကနေလိုက်ရတာပေါ့။ ဟာ...ငါ့နောက်ကနေဒကာကြီး ငရုပ်ကျည်ပွေ့နဲ့ လိုက်လာပြီမဖြစ်ဘူး၊ ပြေးမှပဲဆိုပြီး ကိုရင်က ရှေ့ကပြေး ဒကာကြီးက နောက်ကလိုက် ကိုရင်နေအုံး၊ ငရုပ်ကျည်ပွေ့ယူသွားအုံးဆိုပြီး နောက်ကလိုက်ပေးတယ်၊ အမှန်တော့ ဒကာကြီးက စေတနာနဲ့လိုက်ပေးတာ၊ ကိုရင်က ငရုတ်ကျည်ပွေ့နဲ့ လိုက်ရိုက် တယ်လို့ထင်မှတ်ပြီး စေတနာကိုတလွဲထင်ကာ ရှေ့ကပြေးတာပေါ့၊ တစ်ဖက်က တစ်လွဲထင် တာဖြစ်လေတော့ စေတနာနဲ့ လိုက်ပေးပေမယ့်လည်း အလကားဖြစ်တော့ တာပေါ့။ လိုက်မ ပေးတာကမှ သက်သာလိမ့်အုံးမယ် ဆိုသလိုကိုယ်ကစေတနာနဲ့ သတင်းကောင်း သွားပေး တယ်၊ သူကထွက်ပြေးတယ်ဆိုရင် ရှိပါစေတော့၊ အမောမခံတော့နဲ့ ။
ဒါ့ကြောင့် မိမိကစေတနာနဲ့ သူတစ်ပါးကို ပြောဆို၊ ကူညီ၊ လုပ်ကိုင်၊ သင်ကြား၊ အခွင့်ရေးပေးတာကို အခွင့်အရေးမှန်းမသိပဲ ၊ အတင်းအတမ ထွက်ပြေးနေမယ်ဆိုရင် အဲ့ဒီသူကို အမောခံမ လိုက်နဲ့တော့ သူ့ဟာသူပြေးနေပါစေတော့ ဟုတ်ပြီးလား...မိတ်ဆွေ တို့။

သာဓုခေါ်ပုံပြင်

ခွင့်လွှတ်သည်းခံခြင်းဆိုတာ ဘယ်အတိုင်းအတာအထိ ထားရမလဲ။ နောက်ပုံပြင်လေး တစ်ပုဒ်နဲ့ ပြောပြဦးမယ်။
ဟိုးတုန်းက ဘုန်းကြီးတစ်ပါး ဆွမ်းခံသွားတယ်၊ ဒကာမအိမ်ရောက်တော့ ဒကာမက ဆွမ်းရော၊ ဆွမ်းဟင်းပါလောင်းတယ်၊ အဲဒီအခါမှာ ဘုန်းကြီးက သာဓု...သာဓု လို့ပဲခေါ်ပါတယ်၊ အဲဒါနဲ့ တစ်နေ့ကျတော့ ဒကာမက ဆွမ်းဟင်း မောလင်းတော့ဘူး၊ ဆွမ်းပဲလောင်းတယ်၊ အဲဒီအခါမှာ လည်း ဘုန်းကြီးက သာဓု...သာဓုလို့ ခေါ်ပြန်ပါတယ်၊ ဆွမ်းဟင်းမပါတာတောင် သာဓုလို့ ခေါ်ပြန်တယ်၊ နောက်နေ့လာလျှင်တော့ ကန့်တော့ဆွမ်းပါလို့ပြောတော့မယ်၊ ဒါနဲ့ဘုန်းကြီးကြွ လာတယ်၊ ကန့်တော့ဆွမ်းပါလို့ ပြောလိုက်တယ်၊ ဒီအခါမှာလည်း ဘုန်းကြီးက သာဓု...သာဓု လို့ ခေါ်ပြန်တယ်၊ နောက်တစ်နေ့လာလျှင်တော့ ဆဲလွှတ်မယ်၊ နောက်နေ့ရောက်လို့ ဘုန်းကြီးကြွလာတော့ ဆဲလွတ်ပါတယ်၊ ဒါကိုလည်း ဘုန်းကြီးက သာဓု..သာဓုခေါ်ပြီး ပြန်ကြွ သွားတယ်။
ဟင်...ဒီဘုန်းကြီး ဆဲတာတောင် သာဓုခေါ်တယ်။ ဒီတစ်ခါ လာပါစေဦး သပိတ်တွေယူပြီး လွှင့်ပစ်မယ်၊ နောက်နေ့ကြွလာတော့ သပိတ်တွေယူပြီး လွှင့်ပစ်လိုက်တယ်၊ ဒီအခါမှာလည်း ဘုန်းကြီးက သာဓု...သာဓု ခေါ်ပြီး သွားပြန်ပါတယ်။ ဟင် ဘုန်းကြီးသပိတ်ယူလွှင့်ပစ်တာ တောင် သာဓုခေါ်ပြန်တယ်။ ဒီတစ်ခါလာလျှင်တော့ ရိုက်ကိုလွတ်ပြစ်မယ်၊ နောက်နေ့ကြွလာ တယ်၊ တုန်နဲ့ရိုက်လွတ်တယ်၊ ဘုန်းကြီး ခေါင်းပေါက်သွားတယ်၊ ဒါကိုလည်း ဘုန်းကြီးက သာဓု...သာဓုလိုပ ခေါ်ပြန်တယ်၊ ဒါနဲ့ ဒကာမကြီးက သိချင်တာနဲ့ အရှင်ဘုရားက ဘာ့ကြောင့် သာဓု ခဏခဏခေါ်နေရတာလဲလို့ မေးလိုက်ပါတယ်၊ အေးလေဆွမ်း၊ ဆွမ်းဟင်းရောလောင်း လို့ သာဓုခေါ်ရတယ်၊ နောက်ကျတော့ ဆွမ်းပဲလောင်းတယ်၊ မလောင်းတာနဲ့စာလျှင်တော် သေးတယ်၊ သာဓုခေါ်ရတယ်၊ နောက်နေ့ကျတော့ ကန့်တော့ဆွမ်းလို့ပြောတယ်၊ ငါနေပူထဲမှာ ကြာကြာမရပ်ရလို့တော်သေးတယ် သာဓုခေါ်ရပြန်တယ်၊ နောက်တစ်နေ့ကျတော့ ဆွဲပြီးလွှတ် တယ်၊ ငါ့သပိတ်တွေယူပြိး လွှင့်မပစ်သေးတာ တော်သေးတယ်၊ သာဓုခေါ်ရပြန်တယ်၊ နောက်တစ်နေ့ကျတော့ သပိတ်တွေယူပြီးလွှင့်ပစ်တယ်၊ ငါ့အသား မထိသေးတာ တော်သေး တယ်၊ သာဓုခေါ်ပြန်တယ်၊ ဒီနေ့ကျတော့ ငါ့ခေါင်းပေါက်အောင် ရိုက်တယ်၊ ငါ့ကိုသေအောင် မရိုက်တာ တော်သေးတယ်။ သည်းခံခြင်းရဲ့ သာဓုပဲပေါ့ကွယ်။ တစ်ကယ်တော့ သည်းခံခြင်း ဆိုတာ သာဓုပါ။
ဒါ့ကြောင့် နောက်နောင်များ မိမိကိုသူတစ်ပါးက မနာလိုတာ၊ အကောင်းမမြင်တာ၊ ပုတ် ခတ်တာ၊ မုန်းတီးတာ တွေများရှိလို့ အဆင်မပြေခဲ့ရင် အားလုံးကို သာဓုသာခေါ်လိုက်ပါတော့ မိတ်ဆွေတို့။

ဘုရားကယ်ပါ

လူတွေဟာဘ၀မှာ ကံကြမ္မာကောင်းတွေကို မျှော်လင့်တတ်ကြပါတယ်။ ကံကြမ္မာကောင်းကို မျှော်လင့်တတ်ကြပေမဲ့ ဘယ်ဟာကံကြမ္မာကောင်းရယ်လို့ မှန်းဆမသိရှိနိုင်ကြပါဘူး။ ကံကြမ္မာ ကောင်းဆိုတာ ပြဿနာအဖြစ်နဲ့လည်း ၀င်လာတတ်တယ်။ အခက်အခအယောင်ဆောင် ပြီးတော့လည်း လာတတ်တယ်။ မိတ်ဆွေကောင်း အဖြစ်နဲ့လည်းလာတတ်တယ်။ ကျဉ်းထဲ ကြပ်ထဲ ဘေးဒုက္ခရောက်နေစဉ်မှာလည်း လာတတ်ကြတယ်။ ရန်သူဟန်ဆောင်ပြီးတော့ လည်းလာတတ်တယ်။ ဒါ့ကြောင့် ဘယ်ဟာမျိုးကို ကံကြမ္မာကောင်းဖြစ်လိမ့်မယ်လို့ သိနိုင်ခြင်း ငှာမစွမ်းနိုင်ကြပါဘူး။ အဲဒီလို မသိရှိတဲ့အတွက်ကြောင့် ကယ်တင်ရှင်ကံကြမ္မာကောင်းလာ သော်လည်း လက်မခံနှင်ထုတ်တတ်ကြပါတယ်။ ဒါနဲ့ပတ်သတ်လို့ ပုံပြင်လေးတစ်ပုဒ် ပြော ပြချင်ပါတယ်။
တစ်ခါတုန်းက မြစ်ကမ်းနံဘေး တစ်ခုမှာရှိတဲ့ ရွာတစ်ရွာဟာ မိုးတွင်းခါကာလ၌ ညသန်ခေါင် ယံ အချိန်တွင် မြစ်ရေလျှံလာပြီး ထိုရွာကလေးကို ရေများတဖြည်ဖြည်းစီးဝင် ရောက်ရှိလာခဲ့ပါ တယ်။ မနက်မိုးလင်းချိန်တွင် မြစ်ရေဟာ လူနေအိမ်များ၏ အမြင့်တစ်ဝက်လောက်အထိ ရေတက်လာပါတယ်။ ဒါကြောင့် အနီးအနားရွာမှ လူများက အဲဒီိရွာမှာ ရှိတဲ့လူများကို စက်လှေများဖြင့် ကယ်ဆယ်ရန် ရောက်ရှိလာကြပါတယ်။ ရွာမှာရှိတဲ့ သူများဟာလည်းအ သက်ဘေးကို လွတ်အောင်ပြေးနေရတဲ့အတွက်ကြောင့် ဘာပစ္စည်းမှ သယ်ယူနိုင်စွမ်း မရှိကြ တော့ပါဘူး။ ဒီအချိန်မှာ ဘုရားတရားကြည်ညိုတဲ့ အဖွားကြီးတစ်ယောက်ဟာ လူတကာ တွေရေဘေးလွတ်ရာကို ပြေးနေကြတဲ့အချိန်မှာ သူကတော့ ဘုရားကိုပဲ ကယ်တော်မှုပါ။ ကယ်တော်မှုပါဆိုပြီး ဘုရားကို လက်အုပ်ချီ ရှိခိုးနေပါတယ်။
အဲဒီအချိန်မှာ ရေတက်လာတာ သူ့အိမ်ပေါ်မှာ မတ်တပ်ရပ်နေတာကို ဒူးခေါင်းလောက်ရောက် လာပြီဖြစ်တယ်။ ဒီချိန်ခါမှာ လှေကလေးတစ်စီးက ရောက်လာတယ်။ အဖွားမြန်မြန်လာပါဆိုပြီး တော့ ပြောတယ်။ အဖွားက “ငါမလိုက်ဘူး။ ငါ့ကိုဘုရားလာ ကယ်လိမ့်မယ်။ နင်တို့ပဲသွားကြ” လို့ပြောလိုက်တယ်။ လှေသမားလည်း တခြားလူတွေကို ကယ်ပြီးထွက်သွားတယ်။ အဖွားကြီး ကတော့ ဘုရားရားကယ်ပါ၊ ကယ်ပါနဲ့ပဲ ဘုရားကိုတနေတယ်။ နောက်ထပ် (၁၅) မိနစ်ခန့်အ ကြာရေက အဖွားကြီးရဲ့ ခါးအောက်မှာရောက်လာတဲ့အချိန်မှာ နောက်ထပ်လှေတစ်စီးထပ် ရောက်လာပြန်တယ်။ အဖွားမြန်မြန်လာ။ မြန်မြန်လာဆိုပြီး လာကယ်ပြန်တယ်။ အဖွားကြီးက “ငါမလိုက်ဘူး ငါ့ကို ဘုရားလာကယ်လိမ့်မယ်” လို့ပြောလိုက်ပြန်တယ်။ လှေသမားသည် အခြားကယ်စရာရှိတဲ့ လူတွေကိုကယ်ပြီး ထွက်သွားလိုက်ပြန်တယ်။ အဖွားကြီးကတော့ လက် အုပ်ချီပြီး ဘုရားကယ်ပါ။ ကယ်ပါလို့ပဲ ဘုရားကိုတမ်းတနေပါတယ်။ နောက်ထပ် (၁၅) မိနစ် ခန့်အကြာမှာ ရေကအဖွားကြီးရဲ့ လည်ပင်းနားရောက်လာတယ်။ အဲဒီအချိန်မှာလည်း ရဟတ် ယာဉ်တစ်စီး ထပ်ရောက် လာပြန်တယ် “ကြိုးဆွဲပြီးတက်ခဲ့ပါ” လို့ ပြောတယ် ဒါပေမယ့် အဖွား ကြီးက “သွား၊ သွား ငါ့ကို ဘုရားကယ်လိမ့်မယ်”လို့ တစ်ခါပြောပြန်တယ်။ အဲဒီ ရဟတ်ယာဉ် ကလည်း အဖွားကြီးကို ခေါ်မရတဲ့အဆုံး ထွက်ခွာသွားတော့တယ်။ အဖွားကြီးကလည်း“ ဘုရားကယ်ပါ၊ ဘုရားကယ်ပါ” လို့ ဘုရားကိုတရင်း ရေနစ်ပြီး သေဆုံးသွားတော့တယ်။ အဖွား ကြီး ရေနစ်သေပြီးနောက် ငရဲပြည်ရောက်သွားတယ်။ ငရဲပြည်မှာ ယမမင်းနဲ့တွေ့တယ်။ ယမမမင်းကိုလည်းတွေ့ရောဘုရားကို အရမ်းစိတ်ဆိုးတဲ့အကြောင်း ယမမင်းကိုပြောပြီး ရန်တွေ့တယ်။ ယမမင်းကလည်း “နင့်ကို ဘုရားလာကယ်တာ (၃) ကြိမ် (၃) ခါ ရှိပြီ၊ ဒါကိုနင်က မလိုက်ဘူး” ဆိုပြီး ငြင်းခဲ့လို့ အခုငရဲပြည်ကို ရောက်လာတာ လို့” ပြောလိုက်ပါ တော့ တယ်။ လူ့ဘ၀မှာလည်း ဒီလိုပါပဲ။ လူတွေဟာ ကိုယ့်ဆီကို ဘုရားလာကယ်လို့ ကယ်မှန်းမသိကြပါဘူး။ ဒါ့ကြောင့် ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ လွဲကြရတာဖြစ်တယ် လို့ပြောချင်ပါတယ်။
ဒါကြောင့် မိမိတို့ထံကို မသိမသာလာနေတဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေကိုလည်း အသုံးမချတတ်ဖူး မသိလိုက်ဖူးဆိုရင် အခွင့်အရေးတွေကတော့ မသိမသာပြန်ထွက်သွားကြ ပါလိမ့်မယ်

" လူသားတို့ ကြီးပွားတိုးတက်ရေး ကျင့်စဉ် "

ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြေ သာ ဘာသာရေးခေါင်းဆောင်တို့က လောကလူသားတို့ ကြီးပွားချမ်းသာရေးအတွက် မိမိတို့အမြင် မိမိတို့ရှု့ထောင့်အသီးသီးက နေ ဟောပြောညွှန်ပြခဲ့ကြပါသည်။ ထိုဘုရားတို့တွင် အိန္ဒိယတွင်ပေါ်ထွန်းခဲ့သော ဂေါတမဗုဒ္ဓသည် ပစ္စုပ္ပန်လက်တွေ့ လောကကြီးပွားချမ်းသာတိုးတက်ရေး၊ တမလွန်ဘ၀ကြီးပွားချမ်းသာတိုးတက် ရေး၊ နောက်ဆုံး ဘ၀လွတ်မြောက်ရေးတို့အတွက် နည်းလမ်းများ၊ ကျင့်စဉ်များကို သုတ္တန်ဒေသနာတော်ဖြင့်တစ်မျိုး၊ ၀ိနည်းဒေသနာဖြင့်တစ်သွယ်၊ အဘိဓမ္မာနည်းဖြင့်တစ်ဖုံ နည်းမျိုးစုံဖြင့် လမ်းညွှန်ဟော ကြားခဲ့ပါသည်။ ဂေါတမဗုဒ္ဓက"အတ္တဟိ အတ္တနော နာထော" မိမိကိုယ်ကို အားကိုလုပ်ပါ၊ ဆုတောင်း၍မရ လုပ်မှရမည်။ လုပ်ရာတွင်ကံ၊ ဉာဏ်၊ ၀ိရိယ၊ ဉာဏ်နှင့်ယှဉ် လုံ့လ၀ိရိယဖြင့် ကံဆိုသော အလုပ်ကို ကြိုးစားလုပ်ပါ။ ဤသို့လုပ်ဆောင်သောသူသည် ပစ္စုပ္ပန၊် တမလွန် ဘ၀သံသရာ အဆက်ဆက်တို့၌ ကောင်းကျိုးအစဉ်အဆက် ရရှိခံစားရပြီး နောက်ဆုံးချမ်းမြေ့ငြိမ်းေ အးရာ နိဗ္ဗာန်သို့ရောက်မည်ဟု ဟောကြားထားပါသည်။ ဘ၀တိုးတက်ကြီးပွားရေးအတွက် ကျင့်စဉ် (၇)ချက်မှာ-
(၁) ထကြွလုံ့လရှိရမည်။
(၂) သတိရှိရမည်။
(၃) စင်ကြယ်သောကိုယ်မှု၊ နှုတ်မှု၊ ကြံစည်မှု ရှိရမည်။
(၄) စူးစမ်းဆင်ခြင် စီစစ်၍ ပြုလုပ်တက်ရမည်။
(၅) စောင့်စည်းသောဣနြေ္ဒရှိရမည် ။
(၆) တရားသဖြင့် အသက်မွေးရမည်။
(၇) မမေ့မလျော့ရှိရမည်။

flower ထကြွလုံ့လလုံမှု
လောကီလောကုတ်နှစ်ဖြာသော အကျိုးစီးပွားကို အလိုရှိကြသော သူတို့သည် ထကြွလုံ့လရှိမှု၊ ကြိုးစားဆောင်ရွက်မှု၊ အားထုတ်ထက်သန်မှုများ ရှိရန်အထူးလိုအပ်လှပါသည်။ ပျင်းရိသောသူအား အဘယ်မှာ အတက်ပညာတက်ပါအံ့နည်း။ အတက်မရှိသောသူအား ဥစ္စာဘယ်မှာ ရပါအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရပါအံ့နည်း။ အဆွေခင်ပွန်းမရှိသော သူအား ချမ်းသာအဘယ်မှာ ရပါအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာရှိပါအံ့နည်း။ ပညာရှာရာတွင်ဖြစ်စေ။ ဥစ္စာရှာရာတွင်ဖြစ်စေ၊ ကုသိုလ်ရှာရာတွင်ဖြစ်စေ၊ လုံ့လ၀ီရိယ ဇွဲသတ္တိသည် လိုအပ်သည်သာဖြစ်ပါသည်။ ထိုသို့ရှိပါမှ ဥစ္စာချမ်းသာ၊ နတ်ချမ်းသာ၊ လူချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိခံစား ကြရပါမည်။

flower သတိရှိခြင်း၊
သတိဟူသည် ပိုသည်မရှိ၊ လိုသည်သာ ရှိပါသည်။ မိမိ၏လုပ်ငန်းတစ်ခုကောင်း၊ မကောင်း၊ သင့်၊ မသင့်၊ တော်၊ မတော်၊ ဖြစ်နိုင်၊ မဖြစ်နိုင်ကို စိစစ်ဆောင်ရွက်ကြရာဝယ် သတိတရားသည် အလွန်လိုအပ်ပါသည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူမြင်သည်ဟူ၍ ပညာရှိတို့ ဆိုထားပါသည်။ မတက်ကျွမ်း၊ နားမလည်သေးသောအလုပ်များကို လုပ်ကိုင်ဆောင်ရွက်ကြရာဝယ် တက်ကျွမ်းနားလည်မှုရရှိအောင် သတိထား၍ ကြည့်ရှုလေ့လာစူးစမ် ဆင်ခြင်ရပါသည်။ ဗိုလ်ငါးပါးတွင် အထိန်းအချုပ်အင်အားအဖြစ် အမြဲလိုအပ်နေသော လက်ကိုင်စွဲတရား ဖြစ်ပါသည်။

Arrow စင်ကြယ်စွာဆောင်ရွက်ခြင်း၊
ဘ၀၏ပညာရေး၊ ကြီးပွားရေး၊ တိုးတက်အောင်မြင်နိုင်ရေးအ တွက် ကာယကံ၊ ၀စီကံ၊ မနောကံ များသည် အဓိကအရေးကြီးဆုံးသော သော့ချက်ကြီးများ ဖြစ်ကြပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် စင်ကြယ်စွာ မှန်မှန်ကန်ကန်ဆောင်ရွက်သူများသ ည် ကောင်းသောအကျိုးကျေးဇူးကို ရရှိရာတွင် အချိန်ကြာမြင့်မှရတက်ပါသည် ။ သို့သော်အကျိုးပေးချိန်ရောက်သော် ကြာရှည်စွာ အကျိုးပေးတက်သော သဘောရှိပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံ စင်ကြယ်စွာမရှိ ကောက်ကျစ်လိမ်ညာ၍ ပြုမူ၊ ပြောဆို၊ ကြံစည်သူတို့သည် တစ်ခါတစ်ရံ အပေါ်ယံ တခဏချင်းအားဖြင့် အကျိုးရရှိသည်။ အကျိုးပေးကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြာရှည်မခံပေ၊ အကျိုးပေးမမြဲပါ။ ရေရှည်အားဖြင့် အခံရဆိုးသော စိတ်ညစ်စိတ်ဆိုး ဖွယ်ရာသာယာမှုမရှိသော ဆိုးကျိုးကိုသာ ရရှိပါသည်။ ထို့ကြောင့် တခဏ အကျိုးကိုသာ မကြည့်ရ။ ရေရှည်အကျိုးကိုကြည့်၍ ကာယကံ၊ ၀စီကံ၊ မနောကံ ဒုစရိုက်တို့ကို ရှောင်ကြဉ်ရ မည်ဟူ၍ ဗုဒ္ဓကဟောကြားထားခြင်း ဖြစ်ပါသည်။ လူ၏စိတ်သည် "ပါပသ္မိံရမတိ မနော" မကောင်းမှု၌ မွေ့လျော်တက်သည်ဖြစ်၍ ကာယကံ၊ ၀စီကံ၊ စင်ကြယ်ဟန် ဖြောင့်မတ်ဟန်ရှိ သော်လည်း မနောကံမှုကား ဖြောင့်မတ်ရန် ခဲယဉ်းလှပါသည်။ လိမ်ညာကောက်ကျစ်သော စိတ်၊ သူတစ်ပါးကို မနာလိုသောစိတ်၊ သူတစ်ပါးကို မရစေချင်၊ မိမိသာရလိုသော ၀န်တိုစိတ်၊ ထောင်လွားသောစိတ်တို့သည် အပြင်ကမမြင်နိုင်သော်လည်း မျက်စိတ်တမှိတ် လျှပ်တပြက် အတွင်းဖြစ်ပေါ်တက်သဖြင့် စိတ်စင်ကြယ်မှုကို အထူးသတိထားကြရသည်။

flower စူးစမ်းဆင်ခြင်ခြင်း၊
အချိန်အခါနှင့် အခြေအနေကို စပ်ဟပ်၍ စိစစ်စူးစမ်းဆင်ခြင်ခြင်းသ ည် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ပြီး လိုအပ်သောအကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။ အဘိဓမ္မာသဘာဝအရ ပညိနြေ္ဒစေတသိတ်နှင့်ယှဉ်၍ စီစဉ်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ပညာစေတသိတ်ရှင်သန်အား ပြင်းစေရန် ပညာရှိသူတော်ကောင်း လူလိမ္မာများနှင့် ပေါင်းသင်းဆက်ဆံ၍ ပညာဗဟုသုတတို့ကို ဆည်းပူးထားရပါမည်။ ထိုသို့ပညာရှိပြီး ပညာနှင့် စူးစမ်းဆင်ခြင်တက်သော် မိမိလိုအပ်သော အကျိုးများ ပြီးစီးစေနိုင်ပါသည်။

flower ဣနြေ္ဒစောင့်စည်းခြင်း၊
သက်ရှိသတ္တ၀ါတို့တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣနြေ္ဒ(၆)ပါးရှိသည်။ ပစ္စုပ္ပန်ဘ၀ နောင်တမလွန် ဘ၀သံသရာ အဆက်ဆက် ဘ၀ကောင်းကျိုးချမ်းသာများကို ရရှိခံစားကြသောသူတိုင်း ဣနြေ္ဒ(၆)ပါးကို သူ့နေရာနှင့်သူ ထိန်းကွပ်စောင့်စည်းတက်ရပါ မည်။ အရေးကြီးသော လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်နေစဉ်အတွင်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိအာရုံတို့ကို တပ်မက်မှုနည်းနိုင်သမျှ နည်းပါးရပါမည်။ တစ်ဘက်က ထိုအာရုံများကို စွဲမက်လိုက်သည်နှင့် တပြိုင်နက်ထဲ မိမိလုပ်ငန်းဆောင်ရွက်မှုများအပေါ်၌ စူးစိုက်မှုအားနည်းသွားတက်၍ လုပ်ငန်းအောင်မြင်မှု နှောင့်နှေးသွားတက်ပါသည်။

flower တရားသဖြင့်အသက်မွေးခြင်း၊
မတရားသဖြင့် အသက်မွေးမှုတွင် တစ်ခါတစ်ရံအကျိုးတရားကား ရလွယ်ကောင်း၏။ သို့သော် ကြာရှည်မခံပါ။ မြန်မြန်ပျက်စီးနိုင်ပါသည် ။ မတရားပြုထားက စိုးရိမ်ပူပန်ရသည်။ မိမိပြုသော မကောင်းမှုကံက တစ်ချိန်ချိန်တွင် မကောင်းကျိုးပြန်ပေးမည်သာဖြစ်သည်။ မိမိကာယ၊ ဉာဏ လုပ်အားဖြင့် ထိုက်သင့်သောအကျိုးအမြတ်ကိုသာ ယူရပါမည်။ အပြစ်ရှိ၍ အကောင်းကျိုးကို ဖြစ်စေသော အကုသိုလ်လုပ်ငန်းနှင့် အနိုင်အထက်ပြု၍ မတရားပြုကာ စားသုံးခြင်း၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားခြင်း ၊ လုပ်အားစိုက်မထုတ်ဘဲ အချောင်ခိုရေသာလိုက်၍ အကျိုးအမြတ်ကို အဓမ္မရယူခြင်းသည် မတရားသော အသက်မွေးမှုများဖြစ်ကြပါသည် ။ ယခင်ကောင်း၍ ယခုကောင်းသည်။ ယခုကောင်းမှနောင်ကောင်းမည် ဟု ဆိုသကဲ့သို့ ယခုပစ္စုပ္ပန်လုပ်ရပ်များက အပြစ်ကင်း၍ ကောင်းကျိုးပေးနိုင်သော ကုသိုလ်လုပ်ငန်းများဖြစ်လျှင် နောင်အခါအကျိုးပေးရာတွင်လည်း ကောင်းကျိုးများ ရနိုင်ပါသည်။

flower မမေ့မလျော့ခြင်း၊
ပညာရပ်များကို လေ့လာဆည်းပူးနေသော ကျောင်းသား၊ ကျောင်းသူများသည် လည်းကောင်း၊ ကျွမ်းကျင်မှုလုပ်ငန်းရပ်များ စူးစမ်းရှာဖွေ မှတ်သားရသော ပညာရပ်များ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များကို လေ့လာနေသော လုပ်သားများတို့သည်လည်းကော င်း၊ မိမိလုပ်ငန်းဆိုင်ရာ သင်ပြီး၊ တက်ပြီး၊ သိပြီးသောအချက်လက်များ မမေ့မလျော့စေရန် သတိမူနေစေရန် အလေ့အကျင့် ပြုဖန်များနေရပါမည်။ ကျွမ်းကျင်မှုရှိအောင် ထပ်ခါတလဲလဲ လေ့ကျင့်ပြုလုပ်ရပါမည်။ လောကတွင် မတက်ကျွမ်းသေးသော ပညာရပ်များ၊ နားမလည်သေးသော လုပ်ငန်းများ ဆက်လက်လေ့လာစရာ သိစရာပညာရပ်များ များစွာရှိနေပါသည်။ ထိုအရာများကို တက်ကျွမ်းနားလည်နိုင်သမျှ တက်ကျွမ်းနားလည်စေရန် ဂရုပြုမှတ်သားရမည်။ ပေါ့ပေါ့တန်တန် အမှုမဲ့ အမှတ်မဲ့ မနေရပါ။ အမြဲမမေ့မလျော့အောင် ကြိုးစားလေ့ကျင့် သင်ယူနေရပါမည်။

ရည်းစား နဲ့ ချစ်သူ ကွာဟချက်...

ရည်းစား .....♥♥♥

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့ သူ...........လို့
်ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားယုံ........
ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......♥♥♥

ချစ်သူ.........♥♥♥

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......♥♥


Forword mail မှ ပြန်လည်ကူးယူမျှဝေပါသည်။

" အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး... "

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့ ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့ လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင် စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။ အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်.....။

Forword mail မှ ပြန်လည်ကူးယူမျှဝေပါသည်။

သူဌေးကြီးတစ်ယောက်နှင့် သူတောင်းစားတစ်ယောက် ထမင်းတစ်ထုပ်

မိမိဟာ ကျန်းမာရေးကောင်းမှ စိတ်ချမ်းသာမှုရှိမယ်။ ကိုယ့်မှာ ငွေကြေးတွေ ဘယ်လောက်ပဲ ရှိရှိ ကျန်းမာရေးမကောင်းးဘူးဆိုလျှင် ငွေကြေးစည်းစိမ်ဥစ္စာတွေဟာ အလကားပါပဲဆိုတာကို ပုံပြင်လေးတစ်ပုဒ်နဲ့ ပြောပြမယ်။
ဟိုတုန်း က အင်မတန် ချမ်းသာကြွယ်ဝလှတဲ့ သူဋ္ဌေးကြီးတစ်ယောက်ဟာ သွေးချို၊ ဆီးချိုနဲ့ လေဖြတ် နေတဲ့အတွက်ကြောင့် ဘီးတပ်တွန်းလှည်းပေါ်မှာထိုင်ပြီး ဆောင်းတွင်းအခါကာလ နေပူဆာလှုံ နေပါတယ်။ ဒီအချိန်မှာပဲ သူ့ရဲ့အိမ်ရှေ့သစ်ပင်အောက်မှာ သူတောင်း စားတစ်ယောက်က သူ တောင်းလို့ရတဲ့ ကြက်သားထမင်း ထုပ်ကြီးကို အပေါ်မြှောက်လိုက်၊ နမ်းလိုက်၊ အပေါ် မြှောက်လိုက်၊ နမ်းလိုက် လုပ်ပြီးပျော်ရွှင်နေတယ်ဒါကို သူဌေးကြီးက အသာလေးကြည့်နေ တယ်။ သူတောင်းစားဟာ ထမင်းထုပ်ကို ရင်ခါင်ပိုက်ပြီး ပက် လက်လှန်အိပ်ချလိုက်ပြန်တယ်။ သူ့မျက်နှာမှာလည်း ဒီနေ့ငါအရမ်းကံကောင်းတဲ့နေ့၊ အ ရမ်းပျော် ရွှင်စရာကောင်းတဲ့နေ့ပဲဆိုတဲ့ ၀မ်းပန်းတသာ မျက်နှာကိုတွေ့မြင်နေရပါတယ်။ အိပ်နေရာက တစ်ခါပြန်ပြီး ငုတ်တုတ်ထိုင် လိုက်ပြန်တယ်။ ထမင်းထုပ်ကိုထပ်ပြီး အပေါ်မြှောက်လိုက် ပြန်တယ်။ ရောဂါမျိုးစုံကြောင့်စိတ် ညစ်နေရတဲ့ သူဋ္ဌေးဟာ သူတောင်းစားကိုကြည့်ပြီး စိတ်ပျော်သလိုလိုတောင် ဖြစ်လာမိတယ်။ သူတောင်းစားဟာ ထမင်းထုပ်ကိုဖြေပြီးတော့ တင်မလ္လင်ခွေထိုင်ပြီး အားရပါးရထိုင်စားပါ တယ်။
သူဋ္ဌေးကြီးကလည်း သူတောင်းစားထမင်းစားတာကိုကြည့်ပြီး စားချင်တဲ့စိတ်ကဖြစ်ကာ သွား ရေပါကျလာပါတယ်။ သူ့ကိုယ်သူလည်း ပြန်စဉ်းစားပါတယ်။ သြော်...ငါဟာ ဒီမြို့မှာဆိုလျှင် အချမ်းသာဆုံး သူဌေးးကြီဖြစ်တယ်။ ပစ္စည်းဥစ္စာပေါသလို အခြွေအရံလည်း ပေါတယ်။ ဒါပေ မယ့် အဲ့ဒီစည်းစိမ်ချမ်းသာတွေဟာ ငါ့ကိုစိတ်ချမ်းသာအောင် ငါ့ကိုကျန်းမာလာအောင် မလုပ် ပေးနိုင်ကြဘူး။ အခုဆိုလျှင် ညည အိပ်မပျော်၊ လမ်းလျှောက်လို့က လည်းမရ၊ ထိုင်နေပြန် တော့လည်း တစ်ကိုယ်လုံး ပိုးမွှားတွေကိုက်သလို ခံစားနေရတယ်။ အစားအသောက်ဆိုရင် လည်း မတည့်တာတွေကခပ်များများ စားရတဲ့ အစာကျပြန်တော့လည်း စားလို့မကောင်းဘူး။ အကယ်၍သာ၊ ငါဟာကျမ်းမာလာခဲ့မယ်ဆိုလျှင် ဒီ သူတောင်းစားလိုမျိုးအားရပါးရ ထမင်းစား နိုင်ရမယ်ဆိုလျှင် သူတောင်းစားဘ၀နျင့် သူဌေးဘ၀နှင့်လဲလို့ရမည် ဆိုလျှင် လဲလိုက်ချင်ပါ တယ်....တဲ့။ သေချာ စဉ်းစားကြည့်ပါ။ မကျန်းမာတဲ့ မျက်နှာဟာ ပြုံးလို့မရတော့ပါဘူး။ အပြုံး မရှိတဲ့မျက်နှာဟာ အသက်ရှင်လျှက် ဘ၀သေနေတာနဲ့ အတူတူပါပဲ။ ကျန်းမာရေးကို နံပါတ်(၁) လို့ထားလိုက်၊ စည်းစိမ်ဥစ္စာတွေကို သုည(၀) လို့ထားလိုက်။ (၁) ရဲ့နောက်မှာ သုံည(၀) တွေဘယ်လောက်များများ (၁) ဂဏန်းပြုတ်သွား ပြီဆိုလျှင် နောက်က သုည(၀) တွေဟာတန်ဘိုး မရှိတော့ဘူး။ သူအဲဒီလို စဉ်းစားနေစဉ်မှာပဲ၊ သူတောင်းစားဟာ သစ်ပင် အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဖြစ်တယ်။
သူဌေးကြီးဟာ သူတောင်းစား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကိုကြည့်ပြီး သူအိပ်မပျော်ခဲ့ လို့ စိတ်ဆင်းရဲခဲ့ရတဲ့ ညပေါင်းများစွာကိုတွေးပြီး ၀မ်းနည်နေပါတယ်။ သူ့ဘ၀ဟာ လမ်းဘေး မှာနေတဲ့သူတောင်းစားလောက်တောင်မှ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရတဲ့ ဘ၀ပါလားလို့တွေးရင်း မျက်၇ည်များ အလိုလိုကျလာပါတယ်။ သူတွေးနေစဉ်မှာပဲ သူ့ရှေ့မြင် ကွင်းက သူတောင်းစားဟာ အိပ်ရေးဝလို့ အိပ်ယာကနိုးလာပြီး အကြောအချင်တွေဆန့်ပြီး သူ့ကိုယ်ပေါ်က ဖုန်တွေခါပြီး “သီချင်း” လေးဆိုကာ သူဌေးကြီးရဲ့အိမ်ရှေ့ သစ်ပင်အောက် မှနေ ပြီး သူတောင်းစားဟာ သူ့ဘ၀သူကျေနပ် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားပါတော့တယ်။ စာဖတ် သူအနေနဲ့ အထက်ပါအဖြစ်အပျက်ကို သေချာစဉ်းစားကြည့်ပါ။ ကိုယ်လည်းဒီလိုအဖြစ် အပျက်မျိုး ကြုံဆုံရဦးမှာဖြစ်တယ်။ လူရယ်လို့ ဖြစ်လာရင် ငွေကြေးတွေဘယ်လောက် ပြည့်စုံ ပြည့်စုံ၊ ပြီးပြည့်စုံတဲ့ ကျန်းမာခြင်းဆိုတာ ဒေါင်ဒေါင်မြည်တဲ့ကျန်းမာခြင်း၊ တစ်နည်းအားဖြင့် ခံနိုင်ရည်ရှိတဲ့ ကျန်းမာခြင်းကိုပြောတာပါ။ ခံနိုင်ရည်ရှိတယ်ဆိုတာ အိပ်ရေးပျက်ခံနိုင်ခြင်း၊ အဆာခံနိုင်ခြင်း၊ အပင်ပန်းခံနိုင်ခြင်းနှင့် ရာသီဥတုဒဏ် ခံနိုင်ခြင်းကိုပြောတာပါ။ အဲဒီပြီးပြည့်စုံ တဲ့ ကျန်းမာခြင်းကို ရရှိနိုင်ဖို့ ဆိုတာက သုည(၀)ဆိုတဲ့ စည်းစိမ်ဥစ္စာရှိရုံနဲ့မပြည့်စုံ၊ သုည (၀) ကို တန်ဖိုးမြှင့်တင်ပေးနိုင်တဲ့ ကျန်းမာခြင်းဆိုတဲ့ (၁) ရှိမှသား သုည(၀) များလည်း တန်ဖိုးရှိ တော့မည်မဟုတ်ပါလားမိတ်ဆွေ။
ဒါ့ကြောင့် ဘ၀တိုးတက်အောင်မြင်ဖို့ ကြိုးစားကြရာမှာ သုည(၀) ကိုသာ ဦးစားပေးပြီး (၁) ကိုဂရုမစိုက်ခဲ့ရင်တော့ (၁) ဟာရှေ့မှာရှိမှ သုည(၀) ကတန်ဖိုးရှိနေတာမို့ ကျန်းမာခြင်းကို လည်း (၁) နေရာကနေထားတက်ဖို့ အင်မတန်လိုအပ်ကြောင်းကို အလုပ်သာလုပ် ငွေတွေသာ ကုန်းရှာနေကြပြီး ကျန်းမာရေးကိုဂရိုမစိုက်ပဲ အလုပ်လုပ်နေကြတဲ့ သူတွေရှိခဲ့ရင် သတိပေး လိုက်ပါတယ်။

ကြောင်နဲ့ကြွက်

အချို့လူတွေက မိမိအတွက်လိုအပ်နေတဲ့ပညာကို တက်တဲ့သူထံမှာ သင်ယူရမှာ မကောင်း တာတွေကို ကောင်းမွန်လာအောင်၊ မအောင်မြင်တာတွေ အောင်မြင်လာအောင်၊ မိမိဘ၀ ကောင်းမွန်လာအောင် ပြောင်းလဲပစ်ဖို့ သူတစ်ပါးထံမှာ မာနကိုချ တပည့်အဖြစ်ပြောင်းလဲ သင်ယူဖို့ ဘာလို့များ အင်မတန် ၀န်လေးကြတာပါလိမ့်နော်။ ဒါနဲ့ ပတ်သတ်လို့ ပုံပြင် လေးတစ်ပုဒ်ပြောပြမယ်။
တစ်ခါတုန်းက အင်မတန်မှ လျင်မြန်ပါးနပ်တဲ့ ကြောင်တစ်ကောင်ဟာ ဗိုက်ဆာနေတဲ့ အတွက် ကြောင့် အစာလိုက်ရှာပါတယ်။ ဒီအချိန်မှာပဲ သူ့ရှေ့က ကြွက်တစ်ကောင်က တွင်းတစ်တွင်းထဲ ကို ၀င်ပြေးသွားတယ်။ ဒါနဲ့ ကြောင်က အဲဒီ ကြွက်တွင်းဝနားမှာပဲ ကြွက်ထွက်လာမယ့်အချိန် ကို စောင့်နေပါတယ်။ ကြွက်ကလည်း တော်တော်နဲ့ ထွက်မလာရဲပါဘူး။ ကြောင်ကလည်း ဗိုက်ဆာနေပြီ၊ တွင်းနှုတ်မခမ်ကနေ တညောင်ညောင်နဲ့ ကြွက် ထွက်လာအောင် အသံပေး နေတယ်။ သူ့စိတ်ထဲမှာတော့ ကြောင်သံကြားတာနဲ့ ကြွက်က လန့်ပြီးထွက်လာမယ် ထင်ထား တာပါ။ ဒါပေမယ့် ကြွက်ကကြောင်သံကြားလေ ထွက်မလာရဲလေပါပဲ ဒီအခါ ကြောင် ကစဉ်း စားပြီ အင်း...ငါဒီအတိုင်းနေ့တိုင်းအော်နေရင်တော့ ကြွက်ထွက်လာမှာ မဟုတ်တော့ဘူး။
ဒါ့ကြောင့် ငါတော့ ဒီလိုနေလို့မဖြစ်တော့ဖူး။ အခြားသူထက် ပညာသွားသင်ဦးမယ်ဆိုပြီး ထွက်သွားတယ်။ ပညာသင်ပြီး ပြန်လာတော့ ကြွက် တွင်းဝမှာပဲ ပြန်စောင့်နေပါတယ်။ တွင်း ထဲမျာရှိတဲ့ ကြွက်ကလည်း အပြင်ဖက်မှာကြောင်ရှိ၊ မရှိနားစွင့်နေပါတယ်။ ဒီအချိန်မှာ ခွေးဟောင်သံကို ကြားလိုက်ပါတယ်။ ခွေးဟောင်သံကြားတော့ ကြွက်က စဉ်းစားတယ်။ အင်း...ခွေးရှိလျှင်တော့ ကြောင်ရှိမှာ မဟုတ်တော့ဘူးဆိုပြီး အစာရှာဖို့ ထွက်လာပါတော့ တယ်။ တွင်းနှုတ်ခမ်းဝရောက်ေ၇ာ ကြောင်က ကြွက်ကို ဖမ်းကိုက်လိုက်ပါတယ်။ ကြောင်က ကြွက်ကို စားမယ်လုပ်တော့ ကြွက်ကနေပြီး ကြောင်ကိုပြောတယ် ခဏနေပါဦး၊ ကြောင်ကြီး ရယ်၊ မေးပါရစေဦး၊ အစောပိုင်းတုန်းက ကြောင်သံကြားလို့ ထွက်မလာဘူး။ အခုခေါးဟောင် သံကြားလို့ထွက်လာတာဖြစ်တယ်။ ကြောင်ဆိုတာက ခွေးကို ကြောက်တဲ့အမျိုး၊ ခွေးရှိရင် ကြောင်ရှိမှာ မဟုတ်ဘူးဆိုပြီးတော့ ကျုပ်ကထွက်လာတာ၊ ခင်ဗျားက ဒီနေရာကို ဘယ်လိုလုပ် ပြီး ရောက်နေတာလဲ လို့မေးလိုက်ပါတယ်။ ဒီအခါမှာကြောင်ကအေး...ငါလဲသိတယ်၊ မင်းငါ့အသံကြားလို့ ထွက်မလာရဲဘူးဆိုတာကို ငါသိတဲ့အတွက်ကြောင့် ဒီကြောင် အော်နည်း အတိုင်း အော်နေရင် မင်းကိုစားရမှာ မဟုတ်တော့ဘူးလေ။ အစာငတ်ပြီး သေသွားနိုင်တယ်။
ဒါ့ကြောင့် ငါကခွေးဟောင်တဲ့ နည်းပညာကို သွားသင်ခဲ့တာပဲ ဖြစ်တယ်။ ဒီခွေးဟောင် နည်းပညာကြောင့် ယခုလိုမင်းကို ဖမ်းနိုင်တာပဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီနေရာမှာ ကြောင်ဟာ အရင်လိုပဲ အော်နေပြီး အတွေးအခေါ်ပြောင်းလဲကာ ခေါးစောင်တဲ့ပညာကို သင်ယူခဲ့တဲ့အတွက်ကြောင့် သူလိုချင်တာကို ရရှိခဲ့တာပဲဖြစ်တယ်။ ယနေ့ခေတ်လူတွေလည်း ငါးကြီးက ငါးသေးကို မြိုတယ်ဆိုတဲ့ အတွေးအခေါ် ပြောင်းပြီး လျင်တဲ့ ငါးက နှေးကွေးတဲ့ ငါးကို စားနိုင်သလို ကိုယ့်ရဲ့ အတွေးအခေါ်ဟာလည်း သမားရိုးကျအတွေးအခေါ်တွေမှ ပြောင်းလဲပစ်ရမယ်။ ကြောင်အော်နည်းအတိုင်းတစ်သက်လု့း အော်နေလို့တော့ မဖြစ်တော့ ဘူး။ ခွေးဟောင်နည်းပညာလေးလည်း တတ်အောင် သင်ထားဖို့လိုလာပြီဖြစ်တယ်။
ဒါ့ကြောင့် မိမိအတွက် အမှန်လိုအပ်လာရင် မည်သူ့ထံကမဆို သင်ယူတက်ဖို့လိုတယ်နော်။

တွင်းနက်ထဲကျသွားတဲ့ မျောက်နှစ်ကောင်

အချို့လူတွေဟာ တစ်ဦးတစ်ယောက်ကများ မိမိလုပ်နေတဲ့အလုပ်ကို မကောင်းဖူး၊ မဖြစ်နိုင်ဘူး၊ မအောင်မြင်နိုင်ဘူး၊ မရနိုင်တော့ဘူးလို့ တစ်ဖက်သားကပြောဆိုလိုက်တာနဲ့ ဘာ လို့ဆက်မကြိုးစာတော့ပဲ နောက်ဆုတ်တက်ကြရတာလဲ။ ဒါကိုလည်းပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာ ပေးမယ်နော်။
တစ်ခါတုန်းက တောနက်ထဲမှာနေတဲ့ မျောက်အုပ်ကြီး တအုပ်ဟာ သူတို့မရောက်ဘူးတဲ့ တောကြီးမျက်မဲထဲမှာ ခရီးလှည့်လည်သွားလာနေ ကြပါတယ်။ အဲဒီလိုလှည့်နေတုန်း သစ်ရွက် တွေ ဖုံးနေတဲ့ တွင်းနက်ကြီးထဲကို သူတို့အုပ်စုထဲက မျောက်ငယ်နှစ်ကောင် ကျရောက်သွား ပါတယ်။ ကျန်တဲ့မျောက်တွေဟာ တွင်းနှုတ်ခမ်းမှာ ၀ိုင်းအုံပြီးတော့ နေကြပါတယ်။ တွင်းကြီး ဟာ ဘယ်လောက်နက်သလဲဆိုလျှင် ကျသွားတဲ့မျောက်နှစ်ကောင်းကိုတောင် မမြင်ရတော့ပါ ဘူး။ တွင်းနှုတ်ခမ်းမှာရှိတဲ့ မျောက်တွေက သူတို့အချင်းချင်းပြောနေကြပါတယ်။ မင်းတို့ နှစ်ကောင်တော့သွားပြီ၊ ဘယ်လိုမှ ပြန်တက်လို့ မရတော့ဘူး။ တွင်းထဲမှာပဲ သေကြရတော့ မယ်လို့ ပြောနေကြပါတယ်။ တွင်းထဲမှာရှိတဲ့ “မျောက်” နှစ်ကောင်က တွင်းနှုတ်ခမ်းမှာ ပြောနေကြတဲ့ “မျောက်”တွေရဲ့ စကားကိုကြားပေမဲ့ လျစ်လျူရူပြိး သူတို့မှာ အစွမ်းရှိသမျှနှင့် တွင်းနှုတ်ခမ်းစီကို အတင်းခုန်တက်လာကြပါတော့တယ်။ တွင်းနှုတ်ခမ်းစီက “မျောက်”တွေက ဒါကိုမြင်ကြတဲ့အခါမှာ သံပြိုင်အော်ကြပါတယ်။ ဟေ့ကောင်တွေ...အဲဒီလို မလုပ်ကြနဲပလေ၊ မင်းတို့တော့ သေကုန်ကြတော့မှာပဲ။ ဟာ...တော်တော်ခက်တဲ့ကောင်တွေ မင်းတို့ခုန်တက်နေ လို့လည်းတွင်းပေါ် ရောက်လာနိုင်မှာ မဟုတ်ဘူး။ တက်မရတဲ့အတူတူ အေးအေးဆေးဆေးပဲ အသေခံလိုက်ကြပါလားကွာ၊ မင်းတို့ ဒီလိုခုန်တက်နေတော့ ပင်လဲပင်ပန်းတယ်။ ကိုယ်လက် တွေလည်း နာတယ်။ အမေားလည်းဆို့တယ် သေရမဲ့အတူတူ အေးအေးဆေးဆေး အသေခံ လိုက်တာက ပိုမကောင်းဘူးလားလို့ ၀ိုင်းပြီး အကြံပြုကြတယ်။
အဲဒီလိုပြောလွန်းမက ၀ိုင်းပြောကြတော့ တွင်းထဲကျနေတဲ့ မျောက်နှစ်ကောင်အနက် တစ်ကောင် ကတော့ ၀ိုင်းပြောတဲ့“ မျောက်” တွေရဲ့ စကားကို နားထောင်ပြီး တွင်းနှုတ်ခမ်းပေါ် ရောက်ဖို့ဆက်ပြီး မကြိုးစားတော့ပါဘူး။ အဲဒီလိုမကြိုးစားပဲနဲ့ စိတ်လျှော့လိုက်ရာ ရောက်နေ တဲ့တွင်းတ၀က်ကနေ အောက်ကိုပြုတ်ကျပြီး သေသွားပါတော့တယ်။ ကျန်တဲ့မျောက်တ ကောင်ကတော့ တွင်းနှုတ်ခမ်းက “မျောက်”တွေရဲ့ပြောစကားကို နားမထောင်ပဲ ရှိသမျှစွမ်း အား အကုန်ထုတ်ပြီး နှစ်ဆတိုးပြီး ခုန်တက်နေပါတယ်။ ဒီလိုတက်နေတာကိုမြင်တော့ မိတ်ဆွေ“မျောက်” တွေက၀ိုင်းပြီး အော်ကြပြန်တယ်။ ဟေ့ကောင်တော်ပါ တော့... အသားနာခံပြီး ခုန်တက်မနေပါနဲ့ မင်းအခုလို ခုန်တက်လဲရမှာ မဟုတ်ပါဘူး။ အသေသာခံ လိုက်ပါ သူငယ်ချင်းဆိုပြီး ၀ိုင်းအော်ပြောကြပြန်တယ်၊ ဒါပေမဲ့ ခုန်တက်နေတဲ့“မျောက်” ကတော့ထပ်ပြီး နှစ်ဆတိုးတောင် ခုန်တက်လာပြန်ပါတယ်။
နောက်ဆုံးမှာတော့ တွင်းထဲက“မျောက်” ဟာ တွင်းနှုတ်ခမ်းပေါ် ရောက်လာပါတယ်။ ဒီလို ရောက်လာတာတောင် မိတ်ဆွေ“မျောက်” တွေကမကျေနပ်ကြဘူး။ မင်းကွာငါတို့တတွေ ဒီလောက်တားနေ ပြောနေတာမကြားဘူးလားကွလို့ မေးလိုက်တယ်။ တွင်းထဲကတက်လာတဲ့ “မျောက်”က အမေားဖြေရင်းနဲ့ သူ့အပေါင်းအသင်းမျောက်တွေကိုရှင်းပြတယ်။ ငါ့နားက သိပ်မကောင်းဘူးကွ၊ မင်းတို့အော်နေတာဟာ ငါ့ကိုတားနေတာလားဆိုတာ ငါမသိဘူးကွာ၊ မင်းတို့က ငါ့ကိုဝိုင်းပြီးတွင်းနှုတ်ခမ်းပေါ်ရောက်အောင် မြန်မြန်တက်၊ မြန်မြန်တက်လို့ အားပေးနေတယ်လို့ ထင်တဲ့အတွက်ကြောင့် အပေါ်ကိုရောက်လာတာပဲလို့ ပြောလိုက်ပါတယ်။ ဒါဟာ လူ့ဘ၀လူတွေရဲ့ စိတ်နေစိတ်ထားဖြစ်ပုံနဲ့ တွင်းနှုတ်ခမ်းပေါ်က “မျောက်“တွေဟာ အတူတူပဲဖြစ်တယ်။ အကောင်းထဲကနေအဆိုးထဲ ရောက်သွားကြပြီဆိုလျှင် စေတနာ ကောင်း နဲ့ပြောသလိုလိုနဲ့ ထပ်ပြီး ထိုးနှက်ကြပါတယ်။ လူတစ်ယောက်ကို ရေနွေးပူနဲပလောင်းသတ်မှ သေတာမဟုတ်ပါဘူး။ ရေအေးအေးနဲ့ တပေါက်ချင်းချသတ်ရင်လဲ သေနိုင်ပါတယ်။ မိမိရဲ့ စကားလုံးတစ်လုံးကြောင့် လူတစ်ယောက်ရဲ့ ဘ၀ကိုသေစေ၊ ရှင်စေနိုင်တယ်ဆိုတာကို ပြောချင်တာပဲဖြစ်ပါတယ်။ လူ့ဘ၀မှာတွေ့ကြုံရမဲ့ အဓိကမိတ်ဆွေ သုံးမျိုးရှိပါတယ်။ ဒါကတော့ ပထမမိတ်ဆွေ၊ ဒုတိယမိတ်ဆွေ၊ တတိယမိတ်ဆွေဆိုပြီး ရှိပါတယ်။ ပထမမိတ်ဆွေ အမျိုးအစားက ကိုယ့်ကိုချစ်တဲ့လူဖြစ်တယ်။ ကိုယ့်ကိုချစ်တဲ့လူနဲ့ တွေ့ကြုံဆုံရပြီဆိုလျှင် စိတ်နှလုံးချမ်းမြေ့ ရပါတယ်။ ဒုတိယမိတ်ဆွေ အမျိုးအစားက တော့ မုန်းတဲ့လူပဲ ဖြစ်ပါတယ်။ မုန်းတဲ့လူနဲ့ တွေ့ရတော့လဲ ကိုယ်ဟာသတိ ရှိတဲ့လူ-သတိမြဲမြံတဲ့သူ ဖြစ်လာရတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုမုန်းတဲ့သူဆိုတာ ကိုယ့်အားနည်းချက်။ ကိုယ့်ချွတ်ယွင်း ချက်ကို အမြဲကြည့်နေတတ်တယ်ဆိုတော့ ကိုယ်က အမြဲသတိထား နေရတယ်။ သတိထားနေ ရင်းနဲ့ သတိရှိတဲ့လူ ဖြစ်လာရတာပါပဲ။ တတိယလူတစ်မျိုးကတော့ ကိုယ့်ကိုဥပေက္ခာပြုတဲ့ သူမျိုးပဲဖြစ်တယ်။ ကိုယ်ဘာပဲဖြစ်ဖြစ် ဆင်းရဲဆင်းရဲ ချမ်းသာချမ်းသာ ဘာခံစားမှုမှမရှိပဲ ဥပေက္ခာပြုထားတတ်တယ်။ သူဟာ ရိုင်းပင်ကူညီ စောင့်ရှောက်တတ်တဲ့ လူများမဟုတ်တဲ့ အတွက်ကြောင့် ဘာမျှော်လင့်ချက်မှ ထားလို့မရပါဘူး။ ဒီလိုလူမျိုးနဲ့ တွေ့တဲ အခါမှာ ကိုယ့်ကိုယ်ကိုပဲ အားကိုးယုံကြည်မင ဖြစ်လာရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမိတ်ဆွေ (၃) မျိုးလုံးကို ကျေးဇူးတင်တတ်ရမှာပဲဖြစ်တယ်။
မိမိရဲ့စိတ်ထားက စိတ်သဘောထား ပြည့်ဝစွာထားတတ်မယ်ဆိုလျှင် ဘယ်လိုလူမျိုးနဲ့ပဲ တွေ့တွေ့ကိုယ့်အတွက် အကျိုးရှိနေမှာပဲဖြစ်တယ်။ အခက်အခဲ အကျဉ်းအကြပ် အနှောင်အ ဖွဲ့တွေဟာ လူကို အောင်မြင်တဲ့သူဖြစ်အောင် ပြဿနာကို ဖြေရှင်းနိုင်တဲ့သူဖြစ်အောင် ဖန်တီး ပေးတာပဲ ဖြစ်တယ်။ ဘေးတွေရန်တွေ အန္တရာယ်တွေဟာလူကို သတိရှိသူစေ့စပ်သေချာသူ၊ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဇွဲလုံ့လရှိသူ၊ ဦးဆောင်နိုင်သူဖြစ်အောင် ဖန်တီးပေးတာပဲဖြစ်တယ်။ တခါတရံမှာ အဆိုးဆုံးဆိုတဲ့အရာတွေဟာ အကောင်းဆုံးနေရာကိုရောက် အောင်ပို့ပေးတတ် တာမျိုးတွေလဲရှိပါတယ်။
ဒါကြောင့် မည်သည့်အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့နေရပါစေ။ အသက်မသေမချင်း မျှော်လင့်ချက်ရှိ၊ ကြိုးစားပိုင်ခွင့်ဆိုတာ ရှိနေစမြဲပါ။ မပစ်ခင်ကျည်ဆံကုန် တာမျိုးတော့ မဖြစ်ကြပါစေနဲ့။ မိမိအသက်မသေသေးသမျှ မျှော်လင့်ချက်ဆိုတာ ရှိနေပါတယ် မိတ်ဆွေ။

ဘဲကျောင်းသားလေးနှင့် နွားကျောင်းသားလေး

အချို့သောလူတွေဟာ သူများပြောစကားတွေကို သိပ်ကိုယုံလွယ်ကြတယ်။ ကောင်းတယ်ဆို ရင် မကောင်းလည်းလိုက်လုပ် ၊ ကောင်းတာကို မကောင်းဖူးဆိုရင် မလုပ်ကြတော့ပြန်ဖူး။ လူဆိုတာဟာ ကိုယ့်အသက်တစ်ချောင်းနဲ့ကိုယ် ရပ်တည်နေတာဖြစ်လို့ ကိုယ်ပိုင် ဆုံးဖြတ်ဥာဏ်ရှိရမယ်။ နောက်ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း ကိုယ်ပိုင် စူးစမ်း ဆင်ခြင်ပြီးမှ ဆုံးဖြတ်လုပ်ကိုင်သင့်ပါတယ်ဆိုတာကို ပုံပြင်လေးတစ်ပုဒ်နဲ့ပြောပြဦးမယ်။
တစ်ခါတုန်းက ဘဲကျောင်းသားလေးတစ်ယောက်ဟာ မြစ်ဆိပ်မှာဘဲကျောင်းနေတယ်။ ဘဲတွေ ဟာလည်းမြစ်ထဲမှာ ပျော်ရွှင်စွာရေကစားနေကြတယ်။ ဒီအချိန်မှာ နွားကျောင်းသားတစ် ယောက်က နွားအုပ်ကြီးနဲ့ ရောက်ရှိလာပါတယ်။ နွားကျောင်းသားလေးက ဘဲကျောင်းသားကို လှမ်းပြီး မေးပါတယ်။ ဟေ့...ဘဲကျောင်းသား ဒီမြစ်ကို ဘယ်လိုဖြတ်ရသလဲ။ ငါ့နွား တွေနဲ့မြစ်ကိုဖြတ်မလို့ဆိုပြီး မေးပါတယ်။ ဒီတော့ ဘဲကျောင်းသားက “မြစ်ကိုဘယလိုဖြတ်ရသ လဲဆိုတာ ငါမသိဘူး။ ငါ့ဘဲတွေကော့ ခြေထောက်တိုတိုလေးတွေနဲ့တောင်မှ မြစ်ကိုဖြတ်လို့ရ တယ်။ မင်းနွားက ခြေထောက် အရှည်ကြီးတွေပဲ။ မြစ်ကိုပိုပြီး မြန်မြန်ဖြတ်လို့ရမှာပေါ့လို့ ပြောလိုက်တယ်။ နွားကျောင်းသားလည်း ဘဲကျောင်းသားရဲ့စကားကို သဘောကျလက်ခံတဲ့ အတွက်ကြောင့် တစ်ဖက်ကမ်းကို သွားခိုင်းလိုက်ပါတော့တယ်။ နွားတွေအားလုံးဟာ မြစ်အ လယ်ခေါင်လည်းရောက်ရော အားလုံးရေနစ်သေကုန် ပါတော့တယ်။ နွားကျောင်းသားဟာ ဗဟုသုတလည်းမရှိ၊ လေ့လာဆည်းပူးမှုလည်းမရှိတဲ့ အတွက်ကြောင့် နွားတွေရဲ့အသက် ဆုံးရူံးသွားရတာပဲဖြစ်တယ်။
ဒါ့ကြောင့်မည်သည့်အလုပ်ကိုမဆို မိမိကိုယ်ပိုင်ဥာဏ်နဲ့ အကျိုးနဲ့အကြောင်းကို အသေအချာ စူးစမ်းဆင်ခြင်မှုမရှိပဲ သူများပြော စကားနားယောင် သူများပြောသလို လိုက်လုပ်လို့ကတော့ မိမိကိုယ်ကိုမပိုင်ပဲ သူများကသာ ပိုင်ဆိုင်သွားပြီး ကြီးမားသောဆုံးရူံးမှုတွေသာ ဖြစ်လာပါ လိမ့်မယ်။ မည်သည့်အလုပ်ကိုမဆို မည်မျှလွယ်ကူနေပါစေ။ အရင်ဆုံးစူးစမ်းဆင်ခြင် လေ့လာ သုံးသပ်ပြီးမှသာ လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။

Wednesday 4 March 2009

ဘ၀တွေအောင်မြင်ဖို့ လိုအပ်ချက်လေးတွေ

"အရာရာကိုအကောင်းမြင်ပါ "
လူသားတိုင်းကို နဂိုထက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားပါ။ ကိုယ်မျှော်လင့်ထားတဲ့ အတိုင်းပို၍ တော်မလားဘူး၊ ဖြစ်မလာဘူးဆိုလျှင်လည်း စိတ်မပျက်ပါနဲ့၊ ဆက်ပြီးမျှော်လင့် အားပေးခြင်းဖြင့် သူ့ဘ၀ကို တိုးတက်အောင် ဆက်လက်ကြိုးစားနိုင်ဘို့အတွက် အထောက်အ ကူပြု အားပေးနေခြင်းသာဖြစ်တယ်လို့ မှတ်ယူလိုက်ပါ။

"ပုံစံပြောင်း"
သင့်အနေနဲ့ လူတစ်ယောက်ကို ပုံစံပြောင်းပြီး ထိန်းကျောင်းချင်ပါသလား။ သူ့ဘ၀ကို ပိုပြီး ကောင်းးလာအောင်လုပ်ချင်တဲ့စိတ်ဟာ အလွန်ကောင်းပါတယ်။ ကျွန်ုပ်လဲသဘောတူပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို သင့်ကိုယ်သင်စပြီး လုပ်ကြည့်ပါလား။ ကိုယ်ကျိုးသက်သက် စမ်းလုပ် ကြည့်ပါ။ တစ်ခြားလူတွေ ပိုပြီးကောင်းလာအောင် လုပ်ပေးရတာထက် မိမိကိုယ်ကိုပိုပြီး ကောင်းအောင်လုပ်ရတာက ပိုပြီးတွက်ချေကိုက်ပါတယ်။ အဲ...ပိုပြီးတော့လည်း အန္တရာယ် ကင်းပါတယ်လို့ အကြံပြုချင်ပါတယ်။

"ပုံစံခွက်"
လူတိုင်းမှာ ပုံစံခွက်ရှိပါတယ်။ နေရာတကာမှာ ကိုယ့်ရဲ့ပုံစံခွက်ကြီးကို ရှေ့တန်းတင်ကာ ထုတ် ထုတ်ပြီးမပြပါနဲ့။ ဆိုလိုတာက လက်ရှိကိုယ်ပိုင် လုပ်ငန်းရှိနေတဲ့လူကို သူ့လုပ်ငန်းမကောင်း ကြောင်းပြောပြီး ကိုယ့်လုပ်ငန်းကောင်းကြောင်း ပြောတာမျိုးကို ဆိုလိုတာပါ။ သူ့ပုံစံခွက် မကောင်းသည့် တိုင်အောင် သူ့လုပ်ငန်းအကြောင်းကို ချီးမွမ်းပါ။ ကိုယ်က ချီးမွှမ်းလိုက်ပြီ ဆိုတာနဲ့ သူ့လုပ်ငန်းအပေါ် ထားရှိတဲ့စိတ်ထား မှန်သမျှတွေကို ကြားသိရပါလိမ့်မယ်။ အဲဒီလို ကြားသိမှုအပေါ်မှာ သူ့ပုံစံခွက်ကောင်းလျှင် ကောင်းတဲ့အကြောင်း၊ မကောင်းလျှင် မကောင်း တဲ့အကြောင်း ရှင်းပြပါလိမ့်မယ်။ ကိုယ့်အနေနဲပ သူပြောသမျှကို စိတ်ရှည်စွာနားထောင်ပြီး မိမိလက်ရှိ လုပ်ငန်းနှင့်နှိုင်းယှဉ်ကာ ရှင်းပြနိုင်ပြီဆိုလျှင် ကိုယ့်မိတ်ဆွေက မကောင်းတဲ့ ပုံစံခွက်ကို လွှင့်ပစ်ပြီး ကောင်းတဲ့ပုံစံခွက်ကို သိမ်းပိုက်ပါလိမ့်မည်။ ကိုယ့်ပုံစံခွက်ကို သဘော ကျလျှင် ကိုယ့်ပုံစံခွက်ထဲ ရောက်လာပါလိမ့်မယ်။

"ကိုယ်စိတ်ကိုစစ်ပါ"
လူတိုင်းကို အပြစ်မတင်ပါနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့၊ ဝေဖန်အပြစ်မပြောပါနဲ့၊ ကိုယ် ကိုယ်တိုင်လည်း အပြစ်တင်တာ၊ ဝေဖန်တာမခံနိုင်ဘူး၊ ဝေဖန်အပြစ်ပြောခြင်းဟာ ဘယ်သူ့ကို မှ အကျိုးမပြုဘူး၊ ဥပမာ- လူတစ်ယောက်ကို ဝေဖန်ကြည့်၊ သူ့ကိုယ်သူကာကွယ်ခုခံဖို့ အသင့် ပြင်ဆငိခိုင်းလိုက်သလိုဖြစ်သွားတယ်။ သူလုပ်တာကိုင်တာ အမှန်အကန်ဖြစ်တယ်လို့ သူပြော ဆိုတော့မယ် မဟုတ်လား၊ ဝေဖန်ရေးလုပ်တဲ့သူကို အန္တရာယ်တွေဝန်းရံလာလိမ့်မယ်။ ဝေဖန် ရေးဟာ လူတစ်ယောက်ရဲ့အတ္တကို ဒဏ်ရာရသွားစေနိုင်ပါတယ်။ သူ့ကိုယ်သူ အရေးပါအရာ ရောက်သူလို့ ယူဆနေတာကို ထိခိုက်သွားစေတယ်။
ဒါဆိုဘယ်သူက ကျေနပ်မှာလဲ၊ ကိုယ့်ကိုမကျေမနပ်ဖြစ်ပြီပေါ့ ကိုယ်ကဘယ်လောက်ပဲ ဝေဖန်အပြစ်တင်မှုတွေလုပ်လုပ်၊ အပြစ်ရှိသူကတော့ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ဘယ်တော့ မှ ယူဆမှာမဟုတ်ဘူး။ နောင်တဆိုတာမျိုးတော့ ဝေလာဝေး၊ ဒါဟာ လူ့သဘာဝပဲ၊ ပြစ်မှု ကျူးလွန်သူတစ်ဦးဟာ သူ့ကိုယ်သူကလွဲပြီး တစ်ခြားလူအားလုံးကိုသာ အပြစ်တင်မယ်၊ ကျွန်ုပ် တို့အားလုံး ဒီလိုချည်းပါပဲ။ နောက်ဆုံးဝေဖန်သူကို အပြစ်ပြန်တင်မယ်။ ရန်သူအဖြစ် သတ်မှတ်လိမ့်မယ်၊ ကိုယ်လဲသူတို့လို အခြေအနေမျိုးနဲ့ကြုံရင် ဒီလိုလုပ်မိ မှာပဲဆိုပြီး စာနာထောက်ထားမှုပေးလိုက်ပါ။ လူတိုင်းက အမှားမကင်းတတ်ကြပါဘူး။ ခဲတံမှာ ခဲဖျက်တပ်ထားတာဟာ လူတိုင်းအမှားမကင်းတတ်ကြလို့ပါ။ ကိုယ့်စိတ်ကိုစစ်၊ ကိုယ့်အပြစ်ကို ရူ၊ သူ့အပြစ်ကိုမရှုနဲ့၊ အဲဒါတစ်ကယ့် ဘေးလုံခြုံတဲ့လူပဲလို့ ပြောချင်ပါတယ်။

"မေတ္တာတရား"
ကိုယ့်ရဲ့စိတ်ထားတွေကို ပြင်လိုက်ကြရအောင်။ လူတွေကို အပြစ်တင်ရူံ့ချတာထက် သူတို့ကို နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားကြရအောင်။ လူကောင်းမှာပဲဖြစ်ဖြစ်၊ လူဆိုးမှာပဲဖြစ်ဖြစ် စိတ်ကောင်းနှလုံးကောင်းထားရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထဲကလူဖြစ်ပြီး လူ့အ သွေးအသားနဲ့ တည်ဆောက်ထာလို့ပါ။ ဒါကြောင့် တရားကျင့်ကြတဲ့ဆရာတော်ကြီးတွေဟာ လူသားတွေကို မေတ္တာပို့တဲ့အခါမှာ ဤသူတော်ကောင်း ဘေးရန်ကင်းပါစေ၊ ဤသူတော် ကောင်း စိတ်ဆင်းရဲခြင်းမှ ကင်းပါစေဆိုပြီး မေတ္တာပို့ကြတယ်။ ကိုယ်ကမေတ္တာတရားထားမှ သူတို့ကလည်း မေတ္တာစိတ်ဖြစ်လာကြလိမ့်မယ်။ ခက်ထန်ကြမ်းတန်း ဒေါသကြီးတဲ့ လူကိုစာ နာမေတ္တာစိတ်ဖြင့် ဆက်ဆံကြည့်လျှင် နှုးညံ့သိမ်မွေ့လာပါလိမ့်မယ်။ လူတစ်ဦးချင်းစီရဲ့ အ ကြောင်းကို သိလျှင် အားလုံးအားလုံး သနားစရာတွေချည်းပါပဲ။ အားလုံးကိုသိရင် အားလုံးကို ခွင့်လွှတ်တတ်လာပါလိမ့်မယ်။

"အလျင်စလို"
တစ်ဦးနှင့်တစ်ဦးစတွေ့စဉ်မှာ မစူးစမ်းအစင်ခြင် မလေ့လာပဲနဲ့ ဘယ်အကြောင်းအရာကိုမှ အ လျှင်စလို မလုပ်မိပါစေနဲ့။ အလျှင်စလိုဆုံးဖြတ်မိလျှင် နောင်သောအခါမှာ ပူပန်မှုအထွဋ်အထပ် ရောက်တက်ပါတယ်။ သူတစ်ပါးထိခိုက်နစ်နာပြီး အကျိုးမရှိတဲ့စကားကို အလျှင်စလို မပြောမိ အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါ။

"ချီးမွှမ်းပါ"
ချီးမွှမ်းစကားဆိုရင် လူတိုင်းကြားချင်ကြပါတယ်။ လူတွေငါ့ကို အားမပေးကြဘူး။ ငါကရောလူ တွေကို အားပေးလို့လား။ လူတွေငါ့ကိုအကောင်း မမြင်ကြဘူး။ ငါကရောလူတွေကို အားပေး လို့လား။ လူတွေက ငါ့ကိုမေတ္တာမထားကြဘူး။ ငါကရောလူတွေကို မေတ္တာထားလို့လား။ ကိုယ်ကလူတွေကို အကောင်းမြင်မှ လူတွေကလည်း ကိုယ့်ကိုအကောင်း မြင်ကြလိမ့်မယ်။ ချီး မွှမ်းတယ်ဆိုတာ အားပေးခြင်းတစ်မျိုးပဲဖြစ်တယ်။ အလုပ်သမား ၁၀၀ မှာ ၉၉ ယောက်သော အလုပ်သမားတွေဟာ သူတို့ကိုဆက်ဆံလျှင် ချီးမွှမ်းအားပေးပြီး ဆက်ဆံပါက အလုပ်မကြိုး စားတဲ့သူ တစ်ယောက်မှမရှိဘူး။ လူဆိုတာဝေဖန် အပြစ်ပြောတာထက် ချီးမွှမ်းတာကိုပဲ ခံယူ ချင်ကြပါတယ်။ ဒါကြောင့် သူတပါးကြားချင်တဲ့ စကားကို အမြဲပြောပေးပါ။

"မြှင့်တင်ခြင်း"
လူတစ်ဦးချင်းရဲ့ဘ၀ကို မြှင့်တင်ပေးချင်လျှင် သူ့ရဲ့တန်ဖိုးကိုသိပြီး တန်ဖိုးရှိတဲ့အကြောင်းထုတ် ဖော်ပြောပါ။ ချိးမွှမ်းစရာရှိလျှင် သူ့ရဲ့လုပ်ဆောင်ချက်ကို ချက်ခြင်းချီးမွှမ်းပါ။ သူ့ရဲ့စိတ်ဓာတ်ကို ရင့်ကျက်ကောင်းမွမ်လာအောင် လေ့ကျင့်ပေးပါ။ အချိန်တိုင်းမှာ သူ့ရဲ့ကောင်းကွက်ကိုအမြဲ တမ်းဂုဏ်ယူပြီး ပြောကြားပေးပါ။ အပြစ်တွေ့လျှင်အပြစ်ကို ထုတ်မပြပဲ ဒါကဒီလိုလေးရှိတယ် ဆိုပြီး အပြုသဘောဆောင် မေတ္တာစိတ်ဖြင့် နားလည်အောင်ရှင်းပြပေးပါ။ ကိုယ့်ပါးစပ်ပြော သမား သူကလက်တွေ့ သမား။ နဖူးတွေ့ ဒူးတွေ့ အခက်အခဲကို လက်တွေ့သမားက ၇င်ဆိုင် ဖြတ်သန်းရတာပဲဖြစ်တယ်။ ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့သမားဟာ ပိုပြီးရင့် ကျက်တယ်။ မင်းဟာတကယ်အားကိုးထိုက်တယ်။ မင်းဟာ အချိန်နာရီနဲ့အမျှ တိုးတက်လာ တယ်။ အဖက်ဖက်မှာပိုပြီးပြည့်စုံ ကောင်းမွန်လာတယ်။ မင်းဟာ ငါ့အတွက် စိတ်အချရဆုံး။ အယုံကြည်ရဆု့း။ အကောင်းဆုံးတန်ဖိုးရှိတဲ့ မရှိမဖြစ်လူသားပဲ ဖြစ်တယ်။ ငါထင်တယ်။ မင်း ဟာ ဒီထက်ဒီထက် ထပ်ပြီးတော်လာလိမ့်အုံးမယ်။ အဲ့ဒါကြောင့် မင်းနဲ့တွေ့ရတာ ငါအရမ်းကံ ကောင်းတယ်လို့ ပြောပေးခြင်းဖြင့် မြှင့်တင်ပေးပါ။

"ညည်းညူခြင်း"
တစ်ချို့လူတွေဟာ အပြစ်ပြောခြင်း၊ ညည်းညူခြင်းဆိုတဲ့ အလုပ်တွေကို ရေးကြီးခွင်ကျယ် သေရေးရှင်ရေးပမာ ပြောတတ်ကြတယ်။ အပြစ်ပြောပြီး ညည်းညူတတ်တဲ့လူတွေဟာ အဆိုးမြင်သူတွေသာ ဖြစ်တယ်။ မျက်နှာ ကြည်လင်မှုမရှိ။ မီးကဲ့သို့ ပူလောင်သောသူများ ဖြစ်တယ်။ သူတို့မှာ မိတ်ဆွေကောင်းဆိုတာ မရှိနိုင်တော့ပါဘူး။ မိတ်ဆွေကောင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံရသဖြင့် အခွင့်အလမ်းကောင်းများနှင့်လည်း လွဲကြရပါတယ်။ အပြစ်ပြောပြီး ညည်းညူတတ်တဲ့လူနားကို လူမပြောနှင့်ခွေးတောင် မကပ်ချင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော ညည်းညူပြီး အပြစ်ပြောတတ်တဲ့သူနားကို နေလိုတဲ့ စိတ်ရှိလို့လား? ။ နောက်ဘယ်တော့မှ မညည်းညူပါနှင့် မိမိသူတစ်ပါးနှစ်ဦးစလုံး မကြိုက်တဲ့ ဒီအကျင့်ဆိုးတွေကို ဖျောက်ဖျက်ကြရ အောင်။

"ကိုယ့်ကိုယ်ကို သုံးသပ်ခြင်း"
မျက်စိနှစ်လုံးဟာ သူတစ်ပါးကို ကြည့်ရန်သာမဟုတ် မိမိကိုယ်ကို မိမိပြန်ကြည်ရန်လည်း လိုအပ်ပါတယ်။ နားနှစ်ဖက်ဟာ သူများပြောတာကို နားထောင်ရန်သာမဟုတ်။ မိမိပြောတာကို လည်း ပြန်လည်နားထောင်ရန် လိုအပ်ပါတယ်။ နှာခေါင်းနှစ်ပေါက်ဟာ သူများအနံ့ကို သိရန် သာမဟုတ်။ ကိုယ့်အနံ့ကို သိရန်လည်းလိုအပ်ပါတယ်။ ပါးစပ်တစ်ပေါက်ဟာ သူများကို အပြစ်ပြောရန်သာမဟုတ်။ မိမိကိုယ်ကို မိမိပြန်ပြောရန်လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့ မျက်လုံး ကိုယ့်ပါးစပ်တွေဟာ သူတစ်ပါးကိုကြည့်ပြီး အပြစ်ပြောဖို့အတွက်ကိုသာ အသုံးချခဲ့ မယ်ဆိုရင်သင့်ရဲ့အနားမှာ မိတ်ဆွေစစ် မိတ်ဆွေကောင်း ဘယ်တော့မှ ရောက်မလာနိုင်တော့ ဘူးဆိုတာကို သင်ဘယ်တော့မှ မမေ့ပါနဲ့။ အချိန်တိုင်းမှာ သင့်ကိုယ်သင်အမြဲ သုံးသပ်ပါ။

"မပြုံးနိုင်လျှင် သင်ဟာအရူံး"
လူ့ဘ၀ဆိုတာ လူ့ဘောင်အဖွဲ့အစည်းဖြင့် ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်တယ်။ တစ်ဦး တစ်ယောက်တည်း ခွဲထွက်နေလို့ အကျိုးစီးပွားများစွာ မဖြစ်ထွန်းနိုင်ပါဘူး။ လူသားရဲ့ အရင်း အမြစ်ကို နားလည်ကြတဲ့ ကမ္ဘာ့ စီးပွားရေးသိပ္ပံပညာရှင်များဟာ တစ်ဦးတစ်ယောက်တည်းနဲ့ ကိုယ်လိုချင်တာတွေကို လုပ်ယူလို့မရမှန်းသိကြတဲ့အတွက် လူသားအရင်းအမြစ် အဖွဲ့အစည်း ကို စုစည်းတည်ထောင်လိုက်ကြပါတယ်။ ကိုယ်သွားလိုရာ ပန်းတိုင်ကိုလိုချင်သည့်အရာကို ရအောင် ထုတ်ယူနိုင်စွမ်းရှိခဲ့ကြပြီးဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအားလုံးဟာ ကိုယ့် ရဲ့ ဘ၀ခရီးသွားဖော်တွေပဲ ဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစဉ်မှာ ဖော်ရွေပျူငှာစွာ အပြုံးဖြင့် ဆက်ဆံနိုင်ကြရမည်။ အတက်ခရီးမှာ တွေ့ဆုံကြုံရတဲ့ ဘ၀ခရိးဖော်တွေကို မထေ မဲ့မြင် မလေးမစား မဆက်ဆံကြရဘူး။ ဘာကြောင့်လည်းဆိုတော့ အဆင်းခရီးကျလျှင် သူတို့နဲ့ ပြန်ဆုံဦးမှာပဲဖြစ်တယ်။ တစ်ချို့လူတွေကျတော့ ကိုယ့်ဘ၀ရဲ့ လိုအပ်ချက်တွေကို ကိုယ့်ဘ၀ ခရီးဖော်တွေက မကူညီမဖန်တီးနိုင်ကြဘူးဆိုလျှင် အမုန်းတရားတွေဖွဲ့ပြီး အမုန်းတရားဖြင့် ခွဲခွာသွားကြတယ်။ နောင်တစ်ချိန်မှာ ပြန်ဆုံကြရင်လည်း အပြုံးနှင့် မနှုတ်ဆက်နိုင်တော့ဘူး။ အပြုံးနဲ့ တွေ့ဆုံကြပြီး အမုန်းနဲ့ခွဲခွာ ကြမည်ဆိုရင်တော့ ကိုယ်ဟာ အရူံးသမားဖြစ်ပြီပေါ့။ ဒါကြောင့် ကိုယ်ဟာ ဘယ်သူနဲ့တွေ့တွေ့ အရူံးသမား မဖြစ်စေရတော့ဘူးဆိုတဲ့ စိတ်ကိုမွေးမြူ ရမယ်။

သင့်ရဲ့ပါးစပ်
လူတွေဟာ ပါးစပ်တစ်ပေါက်၊ နားနှစ်ပေါက်ရှိပေမဲ့ နားနှစ်ပေါက်ကိုသိပ်ပြီး အသုံးမပြုတတ်ကြ ဘူး။ လူတစ်ယောက်နှင့်တွေ့ပြီဆိုလျှင် နားထောင်ဖို့ထက် စိတ်ကူးတည့်ရာ တွေးထင်ယူဆ ချက်တွေကို စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ကြတယ်။ ပါးစပ်ကိုပဲ စိတ်စေရာ စေခိုင်းတတ်ကြ တယ်။ လူမှာ ပါးစပ်တစ်ပေါက်ထဲ ရှိလို့သာတော်သေးတယ်။ ရှိသမျှအပေါက် (၉) ပေါက်စလုံး သာ ပြောလို့ရမယ်ဆိုရင် မနားတမ်းပြောကြမှာ အမှန်ပဲဖြစ်တယ်။ လူတစ်ယောက်နှင့် တွေ့ပြီ ဆိုရင် စကားတွေကို မရပ်မနားပြောတတ်ကြတယ်။ မလွှဲသာလို့ နားထောင်ကြပြီဆိုရင်လည်း နားထောင်ချင်ယောင်ဆောင်ပြဲီး စိတ်ကူးတည့်ရာ တွေးနေတတ်ကြတယ်။ နောက်ထပ် ကိုယ် ပြောရမဲ့ စကားကိုသာ ဆက်ပြောဖို့တွေးနေ စဉ်းစားနေတတ်ကြပါတယ်။ အဆိုအမိန့်တစ်ခု ရှိတယ်။ မင်းရဲ့လျှာက သူများနားနှစ်ဖက်ကိုသွားပြီး မပိတ်မိပါစေနဲ့တဲ့။ ကိုယ်ပြောတဲ့စကား သူမကြားချင်တော့ဘူးဆိုရင် ကိုယ့်လျှာနှစ်ဖက်ကိုသွားပြီး မပိတ်မိပါစေနဲ့တဲ့။ သူ့ဆီက ကိုယ် လိုချင်တဲ့အခွင့်အလမ်း ဘာတစ်ခုမှ ရတော့မျာမဟုတ်တော့ဘူး။ သူပြောနေစဉ်ကလည်း ကိုယ့်စိတ်အာ၇ုံတွေဟာ တခြားစကြ၀ဠာကို ရောက်နေသည့်အလား ဘာတစ်ခုမှလေးလေး နက်နက် မှတ်သားမှုမရှိပါဘူး။ ပြောသူနဲ့ နားထောင်သူအကြားမှာ ကမ္ဘာကမ္ဘာ အဝေးဖြစ်ပြီ ပေါ့။ ဒါကြောင့် သင်တကယ်သူ့ဆီက အခွင့်အလမ်းကိုလိုချင်လျှင် နားနှစ်ဖက်ကိုဖွင့်ပါ။ မလို အပ်လျှင်သင့်ပါးစပ်ကို ပိတ်ထားလိုက်ပါ။ ဒါဟာ သင့်အတွက် အကောင်းဆုံးအခွင့်အလမ်း ယူနည်းပဲ ဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။

"ကောင်းကွက်"
လူတိုင်းမှာ မြင်နိုင်တဲ့ကောင်းကွက်၊ မမြင်နိုင်တဲ့ကောင်းကွက်ဆိုတာ ရှိနေတတ်ကြပါတယ်။ လူအများစုက လူတွေကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တက်ကြတယ်။ ပြဿနာဖြစ်တယ်ဆိုတာ ကလည်း သူ့အကြောင်းကိုယ်မသိ၊ ကိုယ့်အကြောင်းသူမသိ အတွင်းစိတ်ရင်းသဘောက မမှန် တာတွေပြောကြလို့ ပြဿနာဖြစ်ကြရတာပါ။ အတွင်းစိတ်ရင်း သဘောအမှန်ကိုသာ သိကြ မယ်ဆိုလျှင် ပြဿနာဖြစ်စရာအကြောင်း မရှိတော့ပါဘူး။ ဘယ်လိုပင် ကိုယ်ကျင့်တရား မကောင်းတဲ့လူပဲဖြစ်ဖြစ် သူ့မှာကောင်းကွက်တော့ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာပြုရလျှင် သင့်ကိုယ်သင် ပြန်ဆန်းစစ်ကြည့်ပါ။ သင်ကိုယ်တိုင်ပင်လျှင် ကောင်းကွက်၊ မကောင်းကွက်ရှိ နေတာကို သိရပါလိမ့်မယ်။ ကိုယ့် ပတ်ဝန်းကျင်က မိတ်ဆွေတွေမှာလည်း သင့်ရဲ့မကောင်း ကွက်ကို ခွင့်လွှတ်ပေးသလို ကိုယ့်မိတ်ဆွေတွေကိုလည်း နာလည်ခွင့်လွှတ်ပေးတတ်ရမယ်။ သင့်ကိုလည်း လူတွေအားလုံးက နားလည်မှုအပြည့်ရှိတဲ့ မိတ်ဆွေကောင်းလို့ သတ်မှတ်ကြပါ လိမ့်မယ်။ ကိုယ့်မိတ်ဆွေတွေကို နောင်တစ်ချိန်မှာ နောင်တရစေမဲ့ စိတ်လွတ်ကိုယ်လွတ် အပြစ်တင်စကားတွေကို အပြစ်တင်မစောမိပါစေနဲ့။ ပုံပြင်ေးလတစ်ခု ပြောပြဦးမယ်။
တစ်ခါတုန်းက စာရေးဆရာတစ်ဦးဟာ သူ့ရည်းစားနဲ့ မြစ်ကမ်း နံဘေးမှာလမ်းလျှောက်လာကြ တယ်။ အဲ့ဒီအခါမှာ စာရေးဆရာကညရဲ့ ရူခင်းတွေမှာ မီးရောင်တွေကြောင့် ကြည့်ရတာသိပ် ကိုသာယာ လှပတာပဲနော်လို့ ပြောတယ်။ အဲဒီအခါမှာ သူ့ရည်းစားက မြစ်နဘေးက ရေတွေ မြောင်းပုပ်တွေကို ကြည်ရတာ အင်မတန်စိတ်ညစ်စရာကြီးလို့ ပြောတယ်။ လမ်းလျှောက်ရင်း အမြင်တွေက ကွာခြားနေတယ်။ စာရေးဆရာနဲ့ သူ့ရည်းစားဟာ မကြာခင်မှာပဲ ကွဲသွား ကြတယ်။ အမြင်မှမတူတာကိုး အဆိုးမြင်တတ်တဲံ စိတ်ဟာ မိမိအတွက် အကျိုးစီးပွား တွေ ပျက်စီးနိုင်သလို၊ မိတ်ဆွေကောင်းတွေနဲ့လည်း လမ်းခွဲသွား ကြရလိမ့်မည် ဖြစ်သည်။ အကောင်းမြင်စိတ်ဟာ စိတ်ချမ်းသာမှုကို ဖြစ်စေပြီး အဆိုးမြင်စိတ်ဟာ စိတ်ဆင်းရဲမှုကို ဖြစ်စေခဲ့တယ်။ ဒါကြောင့် နောက်ငါဘယ်တော့မှ အဆိုးမြင်စိတ်မမွေးတော့ဘူး။ ကောင်းစိတ် ကောင်းကွက်ကို ပဲရှာတော့မယ်လို့ ဆုံဖြတ်လိုက်ပါ။

လျှော်ထမ်းသမားနှစ်ယောက်

ဟိုးရှေးရှေးတုန်းက သာဝတ္ထိပြည်မှာနေတဲ့ ကုန်သည်သူငယ်ချင်းနှစ်ယောက်ရှိခဲ့တယ်။ သူတို့ သူငယ်ချင်း နှစ်ယောက်ဟာ တစ်နေ့မှာ ခရီးတစ်ခုကို နှစ်ယောက်အတူတူ သွားဖြစ်ကြတယ်။ သူတို့နေတဲ့ သာဝတ္ထိမြို့ကနေ ဗာရာဏသီပြည်ကို သွားရန်အတွက် မနက်စောစော ခရီးထွက် လာခဲ့ကြတယ်။ တောတောင်တွေကိုလည်း ဖြတ်သန်းခဲ့ကြရတယ်။ ဒီလိုနဲပ ခရီးတစ်ခု အလှမ်း ဝေးရောက်တဲ့အခါမှာတော့ လျှော်ပုံတစ်ပုံတွေ့ရတယ်။ တစ်ယောက်က အကြံတစ်ခုရလိုက် တယ်။ သူ့သူငယ်ချင်းကို ဖွင့်ပြောလိုက်တယ်။ သူငယ်ချင်း ငါတို့ခရီးသွားတာ ဒီတိုင်းလက် ချည်းပဲ သွားနေမယ့်အတူတူ ဒီလျှော်တွေထမ်းပြီး သယ်သွားမယ်။ ဟို ဗာရာဏသီ ရောက်လို့ ရှိရင် ဒီလျှော်တွေကို ရောင်းစားမယ်။ ဒီအကြံကို သူ့သူငယ်ချင်းကလည်း သဘောတူလိုက် တယ်။ အဲဒီလိုနဲ့ ရှေ့ခရီးတစ်ထောက်မှာ အထည်အလိပ်တွေတွေ့တယ်။

ဒါ့ကြောင့် ပထမသူငယ်ချင်းက လျှော်တွေကို ချထားပြီး အထည်တွေကိုသယ်ဖို့ ဒုတိယသူငယ် ချင်းကို ပြောတယ်။ ဒုတိယ သူငယ်ချင်းက လျှော်တွေကို အဝေးကြီးကတည်းက သယ်လာခဲ့ ရတယ်။ ငါတော့ လျှော်ပဲဆက်သယ်မယ်လို့ ပြောတယ်။ ပထမသူငယ်ချင်းကတော့ လျှော် တွေကိုချပြီး အ၀တ်အထည်တွေကို သယ်သွားတယ်။ ဒုတိယ သူငယ်ချင်းကတော့ လျှော်ကိုပဲ ဆက်သယ်သွားတယ်။ ဒီလိုနဲ့ ရှေ့ခရီးတထောက်နားတဲ့နေရာ ရောက်ပြန်တော့ အဲဒီမှာလည်း ငွေထည်ပစ္စည်းတွေကိုသယ်တယ်။ ဒုတိယသူငယ်ချင်းကတော့လျှော်တွေပဲ ဆက်ပြီးထမ်းသွား တယ်။ အဲဒီလိုနဲ့ခရီးဆက်ခဲ့ရာ ဗာရာဏသီမြို့နားရောက်ခါနီးကျတော့ ရွှေထည် ပစ္စည်းတွေကို တွေ့ပြန်တယ်။

ပထမသူငယ်ချင်းက ဒုတိယသူငယ်ချင်းကို လျှော်တွေထားခဲ့ပြီး ရွှေတွေကို သယ်ရအောင်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒုတိယသူငယ်ချင်းက ငါကဒီလျှော်တွေကို အဝေးကြီးကတည်းက ထမ်းလာခဲ့ရတာ။ ဒီလျှော်တွေကို ငါမစွန့်နိုင်တော့ဘူး။ ဒါကြောင့် အိမ် အထိပဲ သယ်သွားတော့မယ်လို့ ပြောလိုက်တယ်။ ပထမသူငယ်ချင်းကတော့ ငွေတွေကိုချပြီး ရွှေတွေကို သယ်သွားပါတော့တယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်စလုံး အိမ်ပြန်ရောက် သွား ကြတယ်။ ပထမသူငယ်ချင်းကတော့ ခရီးတစ်လျှောက်လုံး တစ်မျိုးထဲဆုပ်ကိုင်ထားခြင်းမရှိဘဲ ကောင်းသထက်ကောင်းရာကို ရွေးချယ်ပြီးသယ်ဆောင်လာခဲ့တဲ့အတွက်ကြောင့် ဘ၀တစ်ခု လုံးမှာ နဂိုရှိရင်းစွဲပစ္စည်းအပေါ်၌သာလျှင် တစ်လမ်းလုံး တွယ်တာလာခဲ့တဲ့အတွက်ကြောင့် မကောင်းမှန်းသိသော်လည်း မစွန့်လွှတ်နိုင်ဘူး။ ခရီးတစ်ခုဆုံးလို့ အိမ်ပြန်ရောက်တဲ့အခါမှာ လည်း သူ့မိန်းမရဲ့ဆဲဆိုခြင်းကိုခံရပါတယ်။ ဒီအဖြစ်အပျက် အကြောင်းအရာကတော့ ယနေ့ ခေတ် လူများနှင့် အလွန်ပင် တူညီလှပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ လူအများစုဟာ မိမိထံမှောက် အခွင့်အလမ်းတွေ ဘယ်လောက်ပင် ရောက်စေကာမှု လက်ရှိလုပ်ငန်းအပေါ်၍သာလျှင် အချိန်တွေပေးဆပ်ကာ အချိန်တွေကုန် ဆုံး၍ နေကြရတယ်။ “အနည်းငယ်သော စည်းစိမ်ချမ်းသာကို စွန့်လွတ်ခြင်းသည် ကြီးစွာသော အကျိုးကိုရရှိစေနိုင်သည်” ဟုဆိုသောစကားဟာ ဘယ်အလုပ်ဘယ်အကြောင်းအရာမဆို ရိုး မြေကျစွဲထားခြင်း မရှိပဲ စွန့်သင့်သည့်အချိန်မှာ စွန့်၊ ရယူသင့်သည့် အချိန်မှာ ရယူ၊ ခေတ်နှင့် အညီ မိမိအတွေးအခေါ်တွေပြောင်းလဲပြီး ခေတ်သစ် စနစ်သစ်လုပ်ငန်းများကို ရွေးချယ်လုပ် ကိုင်နိုင်သော သူများသာလျှင် အချိန်အခါမဆိုင်း စည်းစိမ်ချမ်းသာများစွာ ရရှိနိုင်သည်။

အနည်းငယ်မျှကို စွန့်လွှတ်ရမှာ ကြောက်သောသူသည် အပြောင်းအလဲသစ်တစ်ခုကို ရင်မ ဆိုင်ရဲသောကြောင့် ကြီးစွာသော အခွင့်အလမ်းနှင့် လွဲကြရတယ်။ လူတွေအများစုဟာ လျှော် ထမ်းတဲ့ အလုပ်ဖြင့်ပင် အချိန်ကုန်လုံးသွားတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကတော့ ခေတ် နှင့်အညီပြောင်းလဲတိုးတက်ချင်လျှင် လျှော်ထမ်းသမားလိုမဖြစ်အောင် ဂရုစိုက်ကြရမှာပဲဖြစ် သည်။ ဒါသည်ပင်လျှင် ဘ၀အတွက်အကောင်းဆုံး ပညာပေးသင်ခန်းစာကြီး တစ်ရပ်ပင် ဖြစ်တယ်လို့ မှတ်ယူကြပါလေတော့။

ငွေကိုပိုက်ဖြင့် သွယ်ယူသောရေထမ်းသမား

လူတွေဟာ အောင်မြင်ကြီးပွားလိုတဲ့စိတ် လူတိုင်းမှာ ရှိကြသည်။ ဒါပေမယ့် တကယ့်လက် တွေ့မှာတော့ အောင်မြင်ကြီးပွားတဲ့ အလုပ်ကိစ္စကို လက်တွေ့ကျကျ လုပ်နိုင်ခြင်းမှာ မစွမ်း နိုင်ကြချေ။ တစ်ချို့လူတွေကြည့်ပါလား။ ဟေ့...သူငယ်ချင်း အောင်မြင်ကြီးပွားချမ်းသာတဲ့ နည်း ငါ့မှာရှိတယ်။ အဲဒါမင်းလုပ်နိုင်မလား။ ဒီအခါမှာ သူက ဘယ်လိုပြန်ဖြေသလဲဆိုတော့ အေး မင်းပြောတာတော့ ဟုတ်ပါတယ်။

ငါကချမ်းသာချင်တာတော့ အမှန်ပါပဲ။ ချမ်းတော့ချမ်း သာချင်တယ်။ နင်ပြောတဲ့ ချမ်းသာခြင်းအကြောင်း ငါစဉ်းစားဥိးမယ်ဆိုပြီး တုန့်ပြန်လိုက်ပါ တယ်။ ဒီနေရာမှာ သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ်က ချမ်းသာချင်းလားလို့ မေးလိုက် တော့ သူက ချမ်းသာချင်တယ်လို့ဖြေတယ်။ အဲဒါဆိုရင် မင်းကို ငါချမ်းသာတဲ့နည်းပြောမယ်။ ပြမယ်ဆိုတော့သူက “စဉ်းစားဦးမယ်” လို့ အဖြေပေးလိုက်တယ်။ ကဲစဉ်းစားကြည့်တော့။ ချမ်းသာမယ် ဆိုတဲ့အရာများ၊ ကိုယ်လိုချင်နေမှတော့ ဘာများစဉ်းစားနေစရာလိုသေးလို့လဲ။ ဒါကြောင့်လဲ လူတွေမချမ်းသာကြတာပဲဖြစ်တယ်။ အခွင့်အလမ်းဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ(၃)ကြိမ် (၃)ခါတံခါးခေါက်ပြီး ၀င်လာတတ်တယ်လို့ ဆိုကြတယ်။ အခွင့်အလမ်းကို အခွင့်အလမ်းမှန်း မသိတဲ့သူဟာ ကိုယ့်ရဲ့ခြေထောက်ရှေ့မှ ငွေထုပ်ကြီးလာပြီးချပေးနေတာ တောင်မှ ရှာဖွေတွေ့နိုင်မှာ မဟုတ်ပါဘူး။ မချမ်းသာတဲ့နည်းတွေဟာ နှစ်ပေါင်း (၂၀) (၃၀) လုပ်လည်း မချမ်းသာနိုင်ဘူး။ နောက်(၅)နှစ်နေလည်း ဒီအတိုင်း၊ နောက် (၁၀)နှစ်နေလည်း ဒီပုံစံ၊ ဒါဟာ တကယ်ချမ်းသာတဲ့ နည်းမဟုတ်လို့ပေါ့။ တကယ့်ချမ်းသာတဲ့နည်းဟာ တစ်လ၊ တစ်နှစ်အတွင်းမှာပင်လျှင် ဘ၀တစ်ဆစ်ချိုး ပြောင်းလဲသွားအောင် ငွေကြေးဓနဥစ္စာများစွာ တိုးတက် ပြောင်းလဲခြင်းတွေနဲ့အတူ ရရှိပိုင်ဆိုင်စေပါတယ်။ အခွင့်အလမ်းကို အခွင့်အလမ်း မှန်းမသိတဲ့လူရဲ့ရှေ့မှာ ဘယ်လိုပင် အကျိုးအကြောင်း အဆိုးအကောင်း ယှဉ်ပြ၍ စနစ်တကျ ချပြနည်းလမ်းပေးသော်လည်း လက်ရှိ ခါးကုန်းအောင်လုပ်နေတဲ့ အလုပ်လောက် ယုံကြည်မှု မရှိပါဘူး။ သက်သက်သာသာ အလွယ်တကူနဲ့ ငွေရပေါက်ရလမ်းကို တစ်သက်လုံးခါးကုန်းပြီး လုပ်ရတဲ့ အလုပ်လောက် သူစိတ်မချပါဘူး။ ဟိုးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ်ရှိတယ်။
ရွာလေးတစ်ရွာမှာ မောင်ဇင်နွယ်နဲ့ မောင်တင်ညိုဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ရှိပါတယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ သူတို့ရွာနဲ့(၂)မိုင်လောက်ဝေးတဲ့ တောင်ကျစမ်းချောင်းလေး ကနေပြီး နေ့စဉ်ရွာထဲကို ရေထမ်းပြီးရောင်းကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မောင်ဇင်နွယ် မှာ အကြံတစ်ခုရလိုက်တယ်။ မောင်တင်ညိုရေ ငါတို့ ရေထမ်းရောင်းတဲ့ ဘ၀ကလွတ်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါတို့ရေထမ်းရတဲ့ ဘ၀မှလွတ်တဲ့နည်းစနစ်ကို အသုံးပြုကြရအောင်။ အဲဒါက ဘာလဲဆိုတော့ ဒီစမ်းချောင်းလေးထဲကနေပြီး ရွာထဲရောက်အောင် ရတဲ့ငွေလေးနဲ့ ရေပိုက်သွယ်ကြရအောင်။ တဖြည်းဖြည်းချင်း ရေပိုက်ကို နဲနဲချင်း ဆက်သွယ်သွားနိုင်လျှင် မကြာမီမှာ ရွာထဲကို ရေပိုက် ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျရင် ရေထမ်းစရာလဲမလို တော့ဘူး။ ရွာထဲမှာ ရေကန်တစ်ခုလုပ်၊ အဲဒီရေကန်ထဲကနေ ရေတွေခပ်ရောင်းလို့ရပြီဆိုပြီး မောင်ဇင်နွယ်က သူ့ရဲ့အကြံကို ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ မောင်တင်ညိုက ဘာပြန်ပြောသ လဲဆိုတော့ဟ...သူငယ်ချင်း မောင်ဇင်နွယ်၊ မင်းကလည်း ကြံကြံဖန်ဖန် အလုပ်ရူပ်အောင် စဉ်းစားနေတယ်။ ငါတို့ဘိုးဘွာဘီဘင် လက်ထက်ကတည်းက အစဉ်အဆက် ဒီစမ်းချောင်းက နေ ရေထမ်းရောင်းလာကြတယ်။ ငါကတော့ ရေထမ်းရတဲ့ အလုပ်ကိုပဲပျော်တယ်။ ဒီတိုင်းထမ်း ရောင်းနေလို့လဲရတာပဲဥစ္စာ။ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး အလုပ်ရူပ်အောင် ရေပိုက်သွယ်တဲ့ အလုပ်ကိုတော့ ငါမလုပ်ချင်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါနဲ့ မောင်ဇင်နွယ်က အေး.. . မင်း မသွယ်ချင်လဲနေပါ။ ငါက ကောင်းတဲ့အကြံကို ပြောပြတာပဲဖြစ်တယ်။ ဒီနေ့ကစပြီး ရေထမ်းတဲ့ ဘ၀က လွတ်အောင်တော့ ရေပိုက်သွယ်တဲ့စနစ်ကို တဖြည်းဖြည်းချင်း လုပ်သွားမယ်လို့ ဆုံး ဖြတ်ချက်ချလိုက်ပြီလို့ သူကပြောလိုက်ပါတယ်။ မောင်ဇင်နွယ်ဟာ မောင်တင်ညိုနဲ့အတူ ရေထမ်းရောင်းရင်း မြို့ကနေရေပိုက်ကိုတဖြည်းဖြည်းချင်း ၀ယ်တယ်။ စမ်းချောင်းကနေ ရေပိုက်ကို တဖြည်းဖြည်းချင်း ဆက်သွားတယ်။

တစ်ချို့ရွာသူရွာသားတွေကလည်း သူရေပိုက်သွယ်တဲ့ စနစ်ကို သဘောကျကြတဲ့အတွက်ကြောင့် အလှူငွေများကိုလည်း ၀ိုင်းပြီး ထည့်ကြတယ်။ အဲဒီလိုနဲ့ မောင်ဇင်နွယ်က ရေပိုက်သွယ်လိုက်တာ တစ်နှစ်မပြည့်ခင်မှာပဲ ရွာကို ရေပိုက်ရောက်သွားတယ်။ ရေပိုက်သွယ်ပြီးပြီဆိုတော့ ရေကန်ကိုလုပ်တယ်။ ရေကန်ထဲ ကို ရေသွယ်ထည့်ပြီး အဲဒီနေ့ကစပြီး ရေထမ်းတဲ့ဘ၀မှ လွတ်ကာ ရေခပ်ရောင်းတဲ့ လူတစ်ယောက် ဖြစ်သွားပါတော့တယ်။

မောင်တင်ညိုကတော့ ရေထမ်းတဲ့ဘ၀မှာပဲ ရှိနေတဲ့အတွက်ကြောင့် ရေထမ်းပြီး ရောင်းတဲ့ အ တွက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနွယ်ပြီး အရိုးပြိုင်းပြိုင်းကျလာပါတော့တယ်။ အသက်(၅၀/၆၀) ရှိသည့်တိုင်အောင် ရေထမ်းတဲ့ဘ၀မှာပဲရှိနေပါတော့တယ်။ အထက်ပါအ အကြော်ငးအရာ အဖြစ်အပျက်သည်ကား ယနေ့ခေတ် လူများနှင့်အလွန်ပင် ကိုက်ညီလှပါ တယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ သမာရိုးကျလုပ်ရိုးလုပ်စဉ် များ၌သာလျှင် အချိန်ကုန်ဆုံးကြလျှက် တစ်သက်လုံး ခါးကုန်းအောင် လုပ်ရတဲ့ အလုပ်မျိုးကိုသာလျှင် နှစ် သက်ကျေနပ်ကြတယ်။ ယနေ့(၂၁)ရာစု ကမ္ဘာကြီးတွင် နည်းပညာခေတ် ထွန်းကားလာပြီ ဖြစ်တဲ့အတွက်ကြောင့် ယခုလက်ရှိလုပ်ငန်းများထက်ကောင်းသော ကြီးပွားချမ်းသာရေး လုပ်ငန်းများကို လေ့လာကြရမည် ဖြစ်တယ်။ အကယ်၍များ ယခုလက်ရှိလုပ်ငန်းသည် သင့်ဘ၀အတွက် ၀င်ငွေအကောင်းဆုံးရသည့်လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ယူဆပါက (၁၀)နာရီ လုပ်ရမည့် အုလပ်ဆိုလျှင် (၅)နာရီနှင့် ပြီးပြတ်အောင် စီမံနိုင်တဲ့လူဖြစ်ရပါမယ်။ မိမိ အတွက်ပိုလျှံလာတဲ့ အချိန်များကို ခေတ်ပေါ် နည်းစံနစ်သစ်များကို လေ့ကျင့်သင်ယူရင်းဖြင့် တစ်နည်းတစ်ပုံ ဈေးကွက်ထိုးဖောက်ရန် စီမံဆောင်ရွက်ကြရပါလိမ့်မယ်။ အချိန်နှင့်ငွေဟာ လူ့ဘ၀၌ အလွန်တန်ဘိုးရှိပါတယ်။ သူတပါးလုပ်နိုင်တဲ့အလုပ်ကို သင်ကိုယ်တိုင် မလုပ်ပါနှင့်။ သင်လုပ်ရမည့် အလုပ်ကိုလည်း သူတစ်ပါးကို မခိုင်းပါနှင့်။ သင်ကိုယ်တိုင်လုပ်မှ အမြန်ဆုံးပြီး မယ်ဆိုလျှင် ထိုအလုပ်ကို သင်ကိုယ်တိုင်ပဲလုပ်ပါ။ အချိန်ကို တန်ဘိုးရှိစွာ စိစစ် အသုံးပြုနိုင် ခြင်းဟာ သင့်ထံကိုငွေတွေဒလဟောစီးဝင်နေသည့်ပမာ သင့်ထံကိုလည်း ငွေတွေဒလဟော စဲီးဝင်အောင် ကြိုးစားအားထုတ်ပါလော့ဟု အကြံပြုလိုက်ချင်ပါတယ်။

အဆင့်မြင့်ကားကြီးနှင့် သူဌေးကြီး

သူဌေးကြီးတစ်ယောက်ဟာ အလွန်အင်မတန်မှ အဆင့်မြင့်သောလှပတဲ့ ကားကြီးတစ်စီးကို ပိုင်ဆိုင်ထားပါတယ်။ သူဌေးကြီးဟာ အသက်ကလည်းကြီးပြီဖြစ်တဲ့ အတွက်ကြောင့် သူအင်မ တန်မှ နှစ်သက်တဲ့ သူကိုယ်တိုင်တီထွင်ထားတဲ့ကားကြီးကို စိတ်ချရတဲ့ လူတစ်ယောက်ကို အမွေပေးထားခဲ့ချင်ပါတယ်။ ဒါပေမယ့် ဒီကားကိုပိုင်ဆိုင်မယ့်သူက ရိုးသား၊ ကြိုးစားတဲ့ လူဖြစ် ရမယ်။ ဒီကားနဲ့ပတ်သတ်လို့ ပျက်စီးချို့ယွင်းသွားလို့ရှိရင် ကားမှာသုံးတဲ့ ၀က်အူသေးသေး လေးမှအစ တစ်ပုံစံတည်းဖြစ်အောင် တီထွင်ဖန်တီးနိုင်တဲ့ လူဖြစ်ရမယ်။ ဒါကြောင့် ဒီကားကြီး ကို လွှဲအပ်အမွေပေးဖို့အတွက် သင်ယူချင်တဲ့စိတ်လည်းရှိမယ်။ ရိုးသားကြိုးစားတဲ့ လူတစ် ယောက်လည်း ဖြစ်ရမယ်ဆိုတဲ့ လူမျိုးကို မြို့ရွာတွေမှာ လှည့်ပြီးရှာပါတယ်။ ဒီလိုနဲ့ သူဌေးကြီး ဟာ အလွန်အင်မတန်မှ ဆင်းရဲလှတဲ့ ရွာလေးတစ်ခုကို ရောက်ရှိသွားပါတယ်။ အဲသည်ရွာ လေးတစ်ရွာမှာ အသက်နှစ်ဆယ်ခန့်ရှိတဲ့ ဆင်းရဲလှတဲ့ လူငယ်လေးဟာ သံပြားတစ်ချပ်ကို ကလေးကစားစရာ ကားပုံစံတစ်ခုကို ပြုလုပ်နေပါတယ်။

ဒီလူငယ်လေးဟာ ပစ္စည်းကိ၇ိယာ အစုံအလင်မရှိဘဲနဲပ ခဲရာခဲဆစ် လုပ်နေခြင်းဖြစ်ပါတယ်။ ဒါကို သူဌေးကြီးကမြင်တော့ အလွန်သဘောကျ သွားပါတယ်။ “ ဟေ့...လူလေး၊ မင်း ကြည့်ရ တာ ကားနဲ့ပတ်သတ်လို့ ၀ါသနာပါတဲ့ သဘောရှိတယ်။ ဒါကြောင့် “ဟော...ဟိုမှာမြင်နေရတဲ့ ကားကြီးမျိုးရော မလိုချင်ဘူးလားလို့” မေးလိုက်ပါတယ်။“ဟာ...အဘဘ ကလည်း ကျွန်တော် က အဲလိုကားမျိုါ်မှ မလုပ်တတ်တာလို့” ပြောလိုက်ပါတယ်။ ဒီတော့ သူဌေးကြီးက “ကားလုပ်ရ တာ ဘာမှမခက်ဘူး။ သင်ယူချင်း တဲ့စိတ်ပဲခက်တာ...မင်းမှာသာ သင်ယူချင်တဲ့စိတ်ရှိရင် ဒီကာလုပ်ပုံလုပ်နည်းတွေကို ငါသင်ပြပေးမယ်လို့” ပြောလိုက်ပါတယ်။ လူငယ်လေးက အရမ်း ၀မ်းသာသွားတယ်။ “တကယ်ပြောတာလား အဘ” “အေး...တကယ်ပြောတာပေါ့” ဒါဆိုရင် ကျွန်တော်လိုက်သင်မယ်လို့” လူငယ်လေးက ပြောလိုက်ပါတယ်။ သူဌေးကြီးက လူငယ်လေး ကိုအရမ်းသဘောကျသွားတဲ့ အတွက်ကြောင့် သူ့ရဲ့အိမ်ကိုခေါ်သွားခဲ့တယ်။ သူဌေးကြီးဟာ သူ့ရဲ့အိမ်ရောက်တော့ တောသားလူငယ်လေးအတွက် အခန်းတစ်ခန်းနှင့် စားစရာများကို စီစဉ်ထားရှိပေးပါတယ်။ သူဌေးကြီးဟာ မိုးလင်းကနေမိုးချုပ်ထိ ကားနဲ့ပတ်သတ်တဲ့ ၀က်အူ၊ သံချောင်း၊ သံပြား၊ အင်ဂျင် စသည့်ပစ္စည်းများကို ထုပ်လုပ်ပုံ၊ ထုတ်လုပ်နည်း စနစ်တကျ လူငယ်လေးကို သင်ပြပေးပါတယ်။ အဲဒီလိုနပြ နေ့စဉ်ရက်စက်ဆိုသလို ကားနဲ့ပတ်သက်တဲ့ ပညာတွေကို သင်ပြပေးပါတယ်။ ကားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း ထုတ်လုပ် ပြီးတဲ့အခါ အဆင့်မြင့်ကားကြီးကိုတည်ဆောက်ပါတယ်။ အဲဒီလိုတည်ဆောက်ပြီးတဲ့အခါ ကားကိုမောင်းကြည့်ပါတယ်။ ကားမောင်းလို့ရပြီဆိုတာနဲ့ စက်ပြင်ဂိုဒေါင်ထဲကို သွင်းပြီးကား ကြီးကို တစ်စစီပြန် ဖြုတ်ခိုင်းပါတယ်။ ပြီးတာနဲ့ တစ်ခါပြန်တပ်ခိုင်းပါတယ်။

ဒီလိုတပ်လိုက် ဖြုတ်လိုက် စက်နှိုးလိုက်နှင့်လေ့ကျင့်လိုက်ရာ တောသားလူငယ်လေးမှနေပြီး အဆင့်မြင့်ကား ထုတ်လုပ်တဲ့သူ တစ်ယောက်အဖြစ် ကျွမ်းကျင်သွားခဲ့ပါပြီ။ ဒီလိုကျွမ်းကျင် သွားတာကို သူဌေးကြီး ကကြည့်ပြီးအလွန်ပဲ သဘောကျကျေနပ်သွားပါတယ်။ သူဌေးကြီးက လူငယ်လေးကို မေးလိုက်ပါတယ်။ “လူလေး...မင်းအနေနဲ့ ဒီလိုအဆင့်မြင့်ကားကြီး မျိုးမလုပ် တတ်ပါဘူးလို့ ပြောလို့ရသေးလား” “ဟုတ်ကဲ့...အဘမရတော့ပါဘူး” “အေးလေ ဟိုတုန်းက မင်းကသင်မှမသင်ရသေးတာ အခုတော့သင်ပြီးသွားပြီဆိုတော့ တတ်မြောက်သွားပြီပေါ့။ ငါ မင်းကို မေးပါရစေအုံး။ ဒီကားကြီးကို မင်းမစီးချင်ဘူးလား...” “ဟာ...အဘကလည်းဒီကားနဲ့ ကျွန်တော်နဲ့မတန်ပါဘူးလို့ ပြောလိုက်ပါတယ်။ ဒီတော့ သူဌေးကြီးက “မင်းက ဒီကားနဲ့ မတန်ဘူးလို့ ထင်နေတာပါ။ ကားတောင်မှ မင်းကိုယ်တိုင် တီထွင်တတ်ပြီဆိုတော့ ဒီကားနဲ့မင်း နဲ့မထိုက် တန်ဘူးဆိုရင် ဘယ်သူကလာပြီး ထိုက်တန် နိုင်ပါ့မလဲ။ ဒါကြောင့် ဘာမှထပ် ပြောမနေနဲ့တော့။ အခုမင်းဒီကားပေါ်တက်တော့ဆိုပြီး သူဌေးကြီးက ကားတံခါးကို ဆွဲဖွင့်ပေး လိုက်ပါတယ်။ လူငယ်လေးက သူဌေးကြီးကိုကြောက်ပြီး ကားပေါ်တက်ထိုင်လိုက်ပါတယ်။ ကားတံခါးလည်းပိတ်လိုက်ရော လူငယ်လေးမှာ ကြက်သီးမွှေးညှင်းများထအောင် လန့်သွား ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီကားမျိုးကို သူတစ်ခါမှမစီးဖူးဘူး။ ကားဖင်ထိုင်ခုံနဲ့ သူနဲ့မ တန်ဘူးလို့ ထင်ထားတယ်။ သူဌေးကြီးက ကားမောင်းတဲ့ နေရာမှာဝင်ထိုင်လိုက်ပါတယ်။ ပြီးတာနဲ့ ကားကို မြို့ပြင်အဝေးပြေးလမ်းမကြီးရှိရာ မောင်းနှင်သွားပါတော့တယ်။ လူငယ်လေး ရဲ့စိတ်ထဲမှာ ကားပေါ်မှာထိုင်လိုက်နေပေမဲ့ လေထဲမှာလွင့်မြောနေသလို ခံစားနေရပါတယ်။ ဒီလိုနဲ့ သူဌေးကြီး ကသူ့ကိုမေးလိုက်ပါတယ်။ “လူလေး...မင်းလည်း ဒီကားကို မောင်းမယ်ဆို ရင် ဖြစ်လိမ့်မယ် လို့မတွေးမိဘူးလား” “ဟုတ်ကဲ့...အဘသင်မယ်ဆိုရင်တော့ မောင်းတက် မယ်လို့ထင်ပါတယ်” လို့ပြောလိုက်တယ်။ သူဌေးကြီးဟာ ကားကိုရပ်လိုက်ပါတယ်။ ကားပေါ် ကဆင်းပြီး လူငယ်လေးနှင့် ထိုင်ခုံချင်း လဲထိုင်လိုက်ပါတယ်။ လူငယ်လေးကို ကားမောင်းတဲ့ နေရာမှာ သူဌေးကြီးက ထိုင်ခိုင်းလိုက်တဲ့ အတွက်ကြောင့်အလွန်ပင် ကြောက်လန့်နေပါတယ်။ ပြီးတော့ သူကပြောလိုက်ပါတယ်။ အဘ ကျွန်တော်ကားမောမင်းတတ်ပါဘူး။ ဘာကြောင့် ကျွန်တော့်ကို ဒီမှာထိုင်ခိုင်းရတာလဲလို့ မေးလိုက်ပါတယ်။

ဒီတော့ သူဌေးကြီးက “အေး...မင်းကို ကားမောင်းသင်ပေးမလို့...ငါခိုင်းတဲ့ အတိုင်းလိုက်ပြီး လုပ်ပါ။ ကားသော့ကိုဖွင့် စက်ကိုနှိုးပါ။ ဘာမှ စိတ်မပူပါနဲ့။ မင်းရဲ့ဘေးနားမှာ စိတ်ချရတဲ့ကား မောင်းကျွမ်းကျင်တဲ့ ဆရာကောင်းတစ်ယောက်ရှိနေတယ်လို့ သဘောထားပါ။ မင်းကားမ မောင်းတက်လည်း ဘာမှမပူနဲ့။ မင်းကို ကားမောင်းသင်ရင်းနဲ့ငါပါ ကားမောင်းကူပေးမှာပါ။ ဟုတ်ပြီလား...ဟုတ်ကဲ့အဘ။ ဒီလိုနဲ့ သူဌေးကြီးဟာ သူ့လက်နဲ့ စတီယာတိုင်ကို ကိုင်ပြီးကလပ်ကို ဘယ်လိုနင်းရတယ်။ လီဘာကို ဘယ်လို တင်၇တယ်။ စီယာတိုင်ကို ဘယ်လိုကိုင်ရတယ်။ လမ်းတွေရဲ့ အကွေ့အကောက်မှာ ဘယ်လိုမောင်းရတယ်။ ရှေ့မှာ ရှောင်စ၇ာရှိ၇င် ဘယ်နှုန်းနဲ့မောင်းရတယ်။ ရှေ့မှာ ရှောင်စရာမရှိရင် ဘယ်နှုန်းမောင်းရတယ်။ လမ်းတွေဟာဖြောင့်နေပေမယ့် မြေလိမ်နေတာမျိုးရှိလျှင် ကားဟာမောင်းနေရင်း ဘေးကို ရောက်သွားတတ်တယ်။ ရှေ့မှာရှောင်စရာရှိရင် ကားဟွန်းသံကို ဘယ်လောက်အကွာ အဝေး က ကြိုပြီးတီးရတယ်။ ကားစထွက်လျှင် ကားရပ်မည်ဆိုလျှင် လီဘာကို ဘယ်လို လျှော့ပြီး ဘယ်လိုဘရိတ်အုပ်ရမည် ဆိုတာကို အသေးစိပ် သင်ပြပေးပါတယ်။ ဒီလိုနဲ့ တောသားလူငယ် လေးဟာ သူဌေးကြီးပြောတဲ့ စကားတွေကိုနားထောင်ရင်း မောင်းလိုက်ရာ ခရီးမိုင်ပေါင်းများ စွာကို မောင်းနှင်နိုင်ခဲ့ပါတယ်။ သူ့စိတ်ထဲမှာလည်း သူဌေးကြီး မောင်းကူလို့ ယခုလိုမောင်းနိုင် တာလို့ ထင်နေပါတယ်။ ဒါပေမယ့် သူဌေးကြီးက သူ့ရဲ့ဘေးနားထိုင်ခုံမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ပါတယ်။

လူငယ်လေးဟာ သူ့ဟာသူအရမ်းအံ့သြ သွားပါတယ်။ ငါ့စိတ်ထဲမှာ သူဌေးကြီး မောင်းပေးနေတယ်လို့ထင်နေတာ။ ခုတော့...ငါကိုယ်တိုင် အဆင့်မြင့်ကားကြီးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ မောင်းနိုင်ခဲ့တာပါလားလို့တွေးရင်း နဲ့ဝမ်းသာ လာခဲ့ပါတယ်။ ဒိအချိန် မှာ သူဌေးကြီးက အိပ်ရာကနိုးလာပါတယ်။ ဘယ်လိုလဲလူလေး...မင်းကားမမောင်းနိုင်ဘူး ဆိုတာ ဟုတ်သေးရဲ့လား...ဟုတ်ကဲ့“အဘ” ကျွန်တော်အခု အဆင့်မြင့်ကားကြီးကို မောင်းနိုင် သွားပြီလို့ ကျေနပ်ဝမ်းသာစွာ အားရပါးရ ပြောလိုက်ပါတယ်။ သူဌေးကြီးကလည်း လူငယ်လေး ရဲ့ ကြိုးစားမှုတွေကို အရမ်းသဘောကျသွားတယ်။ ဒီလိုနဲ့ သူဌေးကြီးက လူလေးရှေ့နားကား ရပ်ပါဦး...ဆိုပြီး အရပ်ခိုင်းလိုက်တယ်။ ပြီးတော့ သူဌေးကြီးက လူငယ်လေးကို ပြောလိုက်ပါ တယ်။ လူလေး...ဒီကားကြီးနဲ့ ပတ်သတ်လို့ ကျွမ်းကျင်နားလည်မှု အရှိဆုံး လူဟာလည်း မင်းပဲ ဖြစ်တယ်။

ဒါကြောင့် အလုပ်တစ်ခုကို မလုပ်ရသေးခင် အရင်ဆုံး မလုပ်တတ်ဖူး၊ မလုပ်နိုင်ဖူး လို့ ဆင်ခြေပေးတတ်တဲ့ ပါးစပ်က ထမင်းငတ်တတ်တယ်နော်။ ဆင်ခြေပေးတယ်ဆိုတာဟာ ပျင်းတဲ့ လူတွေအလုပ်ပါ။ ကောင်းတဲ့ ၊ မှန်ကန်တဲ့ အလုပ် ၊ လုပ်သင့်တယ်ထင်ရင် မဖြစ်မနေ လုပ်ရမယ်။ မသိရင်၊ မတတ်ရင်လည်း သူတစ်ပါးထံမှာ သင်ယူတတ်ရမယ်နော်။ တစ်ကယ် တော့ မလုပ်သေးတာပဲရှိတယ်။ မလုပ်တတ်တာဘားမှမရှိဖူးဆိုတာ မိတ်ဆွေတို့မှတ်ထားပါ။ စစ်မရောက်ခင် မျှားကုန်တာမျိုး ဘယ်တော့မှမဖြစ်ပါစေနဲ့လို့ အကြံပေးချင်ပါတယ်။

WEBSITE ကောင်းကောင်းလေးတွေကြည့်ကြမယ်


glitter-graphics.com
(Andy Warhol နှင့် Whitney ပြတိုက်အကြောင်း)
http://www.artmuseum.net
(တေးသီချင်းပေါင်း ရှစ်သိန်းကျော် ရရှိနိုင်)
http://www.avdiogalaxy.com
( ကမ္ဘာကျော်ပုံပြင်များ)
http://www.storiestogrowby.com
(ကလေးများအတွက် စကားထာ နှင့် ပဟေဋိများ)
http://www.road.dahl.org.ok
( အိပ်ရာဝင်ပုံပြင်များ)
http://www.Familyplay.com/stories
(ကွန်ပျူတာတွင် anitvirus အဖြစ်အခမဲ့စစ်ဆေးပေးရန်)
http://www.symatec.com/secoritycheck
(နည်းပညာဆောင်းပါးများ)
http://www.enet.com
(မက်ဆာချူဆက်နည်းပညာတက္ကသိုလ် လစဉ်ထုတ်မဂ္ဂဇင်း)
http://www.technologre view.com
(FM သီချင်း ၂၄နာရီ နားထောင်နိုင်)
http://www.Yangoncity.com
(ဗီဒီယိုနှင့် ဇာတ်လမ်းများ)
http://www.atomfilms.com

(ကွန်ပျူတာသမိုင်း)
http://www.V/MP.Mosephile.com/compoting
(စွယ်စုံကျမ်းများ)
http://www.eb.com
http://www.worldbook.com
http://www.encartamsn.com
(fontဖောင့်များအခမဲ့ရနိုင်)
http://www.printerideas.com/font fairy
(PC Advisor မဂ္ဂဇင်း)
http://www.pacdvisor.co.ok
(မြန်မာဓာတ်ပုံများ)
http://www.ayeyarwady.com
(မြန်မာနိုင်ငံအနှံရှိဓာတ်ပုံများ)
http://www.myanmar photogallary.com
(မြန်မာ e-book,e-paining, e-movie များနှင့် မြန်မာ font များရနိုင်)
http://www.foreverspace.com.mm
(ကမ္ဘာမြေပုံအသီးသီး၏ မြေပုံနှင့် အကြောင်းအရာစုံ)
http://www. atlapedia.com
(အွန်လိုင်းသတင်းစာ)
http://www.onlinenewspapers.com
(နိုင်ငံပေါင်းစုံရှိ တက္ကသိုလ် ကောလိပ်များအကြောင်းရှာဖွေနိုင်)
http://www.searchedu.com
(တက္ကသိုလ်၊ကောလိပ်ပေါင်းစုံမှ သုတေသနစာတမ်းများ၊ သတင်းစာများ လေ့လာနိုင်)
http://www.cheathouse.com


CHRISTMAS

http://www.christmas.com
http://www.merry-christmas.com
http://www.happychristmas.com
http://www.janimations.net/xmas
http://www.whychristmas.com

FORGMAIL

http://www.3proxy.com
http://www.mailgoogle.com
http://www.unipeak.com
http://www.mail.google.com
http://www.glite.sayni.net
http://www.yoyahoo.com
http://www.hoooe.com
http://www.yeehart.com
http://www.gmail.com
http://www.wwlmail.com
http://www.168city.com
http://www.rediff.com
http://www.justachat.com
http://www.inbox.com
http://www.30gigs.com
http://www.sandiego.com
http://www.coolyork.com
http://www.coolcafe.com
http://www.hotmail.com
http://www.yahoo.com
http://www.walla.com
http://www.fastmail.fm
http://www.mail.com
http://www.mail.buffalo.com
http://www.mytrashmail.com
http://www.goowy.com
http://www.muchomail.com
http://www.lycos.com
http://www.myway.com
http://www.care2.com
http://www.myspace.com

PAINTING

http://www.painting.about.org
http://www.simplypainting.com
http://www.newmuseum.org
http://www.comics.com
http://www.the-gallwry-of-china.com
http://www.louvre.fr
http://www.moma.org
http://www.thavibu.com
http://www.insight-gallery.com
http://www.acdmedia.com
http://www.culture.gr
http://www.artseoul.net
http://www.kodakgallery.com

GAMES

http://www.games.msn.com
http://www.heat.net
http://www.gocheat.com
http://www.pogo.com
http://www.gamedomain.com
http://www.happypuppy.com
http://www.retro64.com
http://www.everquest.com
http://www.gamers.com
http://www.gamepro.com
http://www.kidsfreewar.com
http://www.counter-strike.net
http://www.addictinggames.com
http://www.rpgplanet.com
http://www.ragnarok.co.kr
http://www.bigfishgames.com

FASHION

http://www.giordano.com
http://www.hangten.com
http://www.adidas.com
http://www.rolex.com
http://www.levis.com
http://www.imb.it
http://www.guess.com
http://www.swatch.com
http://www.dressforsuccess.nl
http://www.hermes.com
http://www.soochi.co.uk
http://www.lacoste.com
http://www.substance.com
http://www.beauty.com
http://www.cosmetics.com
http://www.revion.com
http://www.oakley.com

MYANMAR WEBSITE

http://www.allmyanmar.com
http://www.bagan.net.mm
http://www.yangoncity.com.mm
http://www.planet.com
http://www.myanmars.net
http://www.shewsagar.com
http://www.alpha.com.mm
http://www.ainmat.com
http://www.modins.net
http://www.myanmarmp3.net
http://www.yangon.com.mm
http://www.myanmar.com
http://www.mict-part.com.mm
http://www.mmcgi.net
http://www.yangonnow.com
http://www.shwedream.com
http://www.shwenadi.com
http://www.yadanar.com
http://www.mchronicle.com.mm
http://www.visitmyanmar.com
http://www.myanmarpyithar.net
http://www.mail4u.com.mm
http://www.flashband.net
http://www.shopping.com.mm
http://www.yangon.co.uk
http://www.foreverspace.com.mm
http://www.yangon.cu.uk
http://www.myanmaryellowpages.biz
http://www.ayinepan.com
http://www.shwedarling.com
http://www.kyawmyothu.net.tc
http://www.myanmardirectory.org.uk
http://www.smmyanmar.com
http://www.myanmarcompytermarker.com
http://www.weblogmm.net
http://www.myanmarchat.net.tc
http://www.myanmartraveonline.com
http://www.asianjobbus.com
http://www.edhamma.com
http://www.first-11.com
http://www.myanmargoal.com
http://www.popularmyanmar.com
http://www.peoplemyanmar.com
http://www.lexicanstar.com
http://www.shwehinthar.com
http://www.cytroncomputing.com
http://www.trademarkmyanmar.com
http://www.mopa.org.mm
http://www.jorunalpportunity.com
http://www.wbts.com.mm
http://www.mcf.org.mm
http://www.etrademyanmar.com
http://www.mmtimes.com
http://www.cherrythitsar.org
http://www.shewchat.com
http://www.iburmese.com
http://www.mymyanmar.net
http://www.nyakabar.com
http://www.myanmarmyanmar.com
http://www.khayanpyareinmet.com
http://www.mit.com.mm
http://www.yamc.info
http://www.zawinhtut.com
http://www.likaungmyat.com
http://www.saisaionline.com
http://www.shinmee.com
http://www.htooeainthin.com
http://www.redmyanmar.net
http://www.myanmarvcc.org
http://www.burmeseclassic.com
http://www.myanmarbible.net
http://www.khainyanmar.com
http://www.soemin.net
http://www.myanmardigest.com
http://www.myanmardotcom.mm
http://www.mrtv3.net.mm
http://www.maung.com
http://www.hsdejong.nl/burma
http://www.kaunglay05.multiply.com
http://www.myitzuri.com
http://www.jat.net.tc

ANTIVIRUS

http://www.symantec.com
http://www.girlsofr.com
http://www.avast.com
http://www.mcafee.com
http://www.pandasoftware.com
http://www.kaspersky.com
http://www.trendmicro.com
http://www.f-secure.com

FUNJOKE

http://www.coolfunnyjokes.com
http://www.fun-brain.com
http://www.funschool.com
http://www.cartonnetword.com
http://www.jokesgaller.com
http://www.funnypostcard.com
http://www.cartoons.com
http://www.unclefred.com
http://www.comedycentral.com
http://www.glasnergen.com

HOBBY

http://www.knitting.about.com
http://www.knitting.universe.com
http://www.spy.com
http://www.all.babykids.com
http://www.aristofashion.com
http://www.costume.co.jp/suits
http://www.yagi.co.jp
http://www.americanrhetoric.com
http://www.spacesounds.com
http://www.whalesounds.com
http://www.sinosaursounds.com
http://www.stormsounds.com
http://www.onlineconversion.com
http://www.smart-resources.com
http://www.singingfish.com
http://www.freecycle.com
http://www.ofoto.com

VOIP TALK & CHAT

http://www.google.com
http://www.skype.com
http://www.messenger.yahoo.com
http://www.get.live.com/messager/overview
http://www.vzochat.com
http://www.qq.co.za
http://www.oovoochat.com
http://www.enuddy.com/index.php
http://www.voipstunt.com/en
http://www.internercalls.com
http://www.aim.com
http://www.meebome.com
http://www.kolim.com
http://www.person.com (myanmarSite)


SPORT

http://www.vega.com
http://www.socernet.com
http://www.sport.com
http://www.fa.premiership.com
http://www.sportinglife.com
http://www.livescore.com
http://www.asianbookie.com
http://www.linso.net
http://www.espnstar.com
http://www.goals365.com
http://www.goonersguide.com
http://www.scccerstand.com
http://www.livescore.cz
http://www.livescore.cc
http://www.uefa.com
http://www.soccerwinners.com
http://www.sportingnews.com
http://www.solfweb.com
http://www.manutd.com
http://www.cheiseafc.com
http://www.realmadna.com
http://www.fifa.com
http://www.footballasia.com
http://www.livegoal.net

EDUCATION

http://www.searchedu.com
http://www.cheathouse.com
http://www.ox.ac.uk
http://www.cam.ac.uk
http://www.ait.ac.th
http://www.nus.edu.sg
http://www.ntu.edu.sg
http://www.toefl.org
http://www.ets.org
http://www.ielts.org
http://www.unesco.com
http://www.discovery.com
http://www.intisar.edu.my
http://www.webster.ac.th
http://www.kumon.co.jp
http://www.eastwestcenter.org
http://www.tp.edu.sg
http://www.nyp.edu.sg
http://www.tourismacademy.edu.sg
http://www.studying-singapore.com

ENTERTAINMENT

http://www.tvguide.com
http://www.modelsurf.com
http://www.itv.com
http://www.launch.yahoo.com
http://www.lyrics.com
http://www.us.imdb.com
http://www.sokorean.com
http://www.ftv.com
http://www.fashionreviews.com
http://www.abcgallery.com
http://www.asianart.com/index.html
http://www.fine-art.com
http://www.oscars.com
http://www.startv.com
http://www.koreanfilm.org
http://www.theentertainmentportal.com
http://www.sodrama.com
http://www.hollywood.org
http://www.ubctv.com
http://www.startv.com
http://www.freetranslation.com

COMMUNICATION

http://www.nokia.com
http://www.motorola.com
http://www.thaicom.net
http://www.alvarion.com
http://www.vodafone.com
http://www.o2.co.uk
http://www.starhub.com
http://www.mobile.com
http://www.ladbrokes.com
http://www.flybmi.com
http://www.textmefree.com
http://www.sms.com
http://www.singtel.com
http://www.beonline.ru
http://www.megafonmoscow.ru

HAIRSTYLE

http://www.hair.styles.org
http://www.edwardwadsworth.com
http://www.hair-findes.com
http://www.beauty.about.com
http://www.beautyworlds.com
http://www.folica.com
http://www.stellure.com
http://www.hair-factor.com
http://www.hair-recruitment.com

“ လူတိုင်းတမ်းတတဲ့ လမင်းအမေ ”

click to comment

* သားသမီးဆိုတဲ့ သီတာရေစင်တွေကို
မေတ္တာရေတံခွန်မှ
သွင်သွင်စီးကျနေသမျှ
လောကမှာ
အမေဆိုတာ မဆိတ်သုဉ်းဘူး။

* သားမျှော်နေကျ ပြတင်းဝမှာ
အဝေးကိုမျှော်ငေး တွေးမိတာက
လောကကို အကျိုးပြုတဲ့နေမင်းဟာ
အဖေဆိုလျှင်
လူတိုင်းတမ်းတတဲ့ လမင်းကြီးဟာ
အမေပဲပေါ့...အမေ။

* သားသမီးအတွက်ဆို
အမေလျှောက်မယ့်ခရီး
အရိပ်မလို လက်နက်မယူ
ဗလာကြီးဖြစ်စေတော့
အရိပ်အေးအေး၊ အားမွေးထားတယ်
အဲဒါ သားနဲ့သမီးပါပဲ...တဲ့။

* အနေဆင်းရဲ၊ မွဲတေပါစေ
ရင်မှာလွယ်မွေး၊ သူ့ရင်သွေးကို
ပစ်ထားမသွား၊ လက်စွဲထား၍
လမ်းမလယ်မှာ၊ သံစာစာနဲ့
ထမင်းနဲ့ရေ
အချိန်တန် အစဉ်သင့်
သားသမီးအတွက်၊ အားခဲလို့ရှာ
ယိုင်လဲမသွားဘူး။
မှုးမိုက်မသွားဘူး။
သားသမီးဆိုတဲ့အသိ
အမြဲရှိနေတဲ့ အမေ။

* ပုခက်လွှဲတဲ့၊ အမေ့လက်က
ကမ္ဘာကြီးကို၊ ပွေ့ပိုက်ဖို့ကြိုးစား
အမေ့နှလုံးခုန်ချက်တိုင်းဟာ
ရဲရင့်တဲ့တွန်းအား စွမ်းပကားတွေနဲ့
အဏုမြူစွမ်းအားကိုမကြောက်
အံ့လောက်ပါတယ်အမေ။
လူသားတိုင်းရဲ့အမေ။
သတ္တ၀ါတိုင်းရဲ့ အမေ။

* အမေ့မေတ္တာ အတိမ်အနက်ကို
မြတ်နိုးချိန်စက်ဖို့
ရင်ဟက်တက်ကွဲပါစေ
တသသဖြစ်သူတွေထဲမှာ
စာသမား၊ ကဗျာသမားတွေက
ထိပ်ဆုံးကပါ
အပြာရောင်စာလုံးတွေနဲ့
ရောင်စုံလှလှအတွေးတွေကို
အမေ့မေတ္တာ လည်တိုင်ကြော့ကြော့မှာ
အလှဆင်သူတို့ကိုလည်း
နှလုံးသားကို
အမေပေးထားတယ်လေ။

* သားသမီးအတွက်ဆို
အမေဟာလေ
ကိုယ့်ကိုယ်ကို အကျွမ်းခံ
ဖယောင်းတိုင်လို အလင်းပေး...အနစ်နာခံ
တုမရတဲ့နည်းနာတွေနဲ့
လောကအလယ်မှာ တင့်တယ်ရအောင်
လမ်းပြပေးရှာတယ်
မေတ္တာအလင်းတွေနဲ့။

* တစ်ခါက...ကားစီး၍သွား
လိုတဲ့ခရီးရောက်တော့...ကားပေါ်ကဆင်း
ကားလမ်းကိုဖြတ်တော့
ဆလွန်းကား အဖြူရောင်က
သားကို
အပြေးလေးလာ ရန်ထောင်တယ်အမေ
အမေ့သား ကျွန်တော်လေ
တုံ့ပြန်လို့ ရန်မထောင်
အမေ့မေတ္တာလွှမ်းခြုံ
ရန်ကိုအောင်နိုင်ခဲ့တယ်
အမေတိုင်းရဲ့မေတ္တာကြောင့်ပါ
အဲဒါ...သားအမြင်
မှားသလားအမေ။

*
ပြန်ပြောင်းတသ၊ သတိရမိတယ်အမေ
သားကိုသခင်၊ လင်ကိုဘုရား
ဒီစကားကို အမေကိုးကွယ်
လင်မရှိတဲ့နောက်
သခင်ခြောက်ယောက် လူလားမြောက်အောင်
တောင်လေ၊ မြောက်လေ ဘယ်လေတိုက်တိုက်
အမေကာပေး ဘယာဝေးအောင်
တုမရတဲ့အား၊ စွမ်းပကားတွေနဲ့ပေါ့။
ကျေနပ်ပါတယ်...အမေ။

* “ပုဗ္ဗစရိယ မိနှင့်ဖ”
“မာတာပိတုဂုဏော အနန္တော”
“မာတာပိတု ဥပဋ္ဌာနံ”
“မာတာယထာ နီယံပုတ္တ မာယုသာ
ဧကပုတ္တ မနုရက္ခေ...တဲ့ အမေ
အမေ့ဂုဏ်ပုဒ်၊ အမေ့သရုပ်ကို
ဖော်ထုတ်သလား မမေးပါနဲ့
ဗုဒ္ဓဟောဖော် ဒေသနာတော်မှာ
အမေ့ကိုရှေ့ထား တင်စားသမုတ်
ထင်ရှားထုတ်ခဲ့၊ ဖော်ကျူးခဲ့
အမေတိုင်းဟာ ဂုဏ်နဲ့ဒြပ်နဲ့။

* ကာလလရေကြည် တည်နေသည်မှ
လူဖြစ်အောင်မွေးဖွား
ဒီကြားထဲ
တစ်မိပေါက်၊ တစ်ယောက်ထွန်း
မိုက်လွန်းတဲ့သားသမီးကီုရ
ဘ၀မလှပေမဲ့
တောင်းဆိုးပလုံးဆိုးလို
ပစ်ရိုးထုံးစံမရှိ
သားဆိုးအမေ တပေပေ
သားဆိုတဲ့အသိ၊ သမီးဆိုတဲ့အသိကြောင့်
အမေထားတဲ့မေတ္တာဟာ
အနှစ်နဲ့အကာ အတူတူ၊ အဖြူသက်သက်
အလှကင်းတဲ့စာရင်းမှာ အမေတွေမပါဘူး။

* ဟော...ဒီနေ့၊ ဒီအချိန်အထိ
တစ်နယ်တစ်ကျေး၊ အမေနဲ့ဝေးရာမှာ...နေတော့
ဝါလကင်းလွတ်၊ သီတင်းကျွန်ပြီ
ရွှေလည်ကြော့ကြော့၊ ခေါင်းမော့မော့နဲ့
အမေမျှော်တယ်
ရင်ခွင်ပိုက်အရွယ်မှတ်ထင်တုန်း
ဖုန်းဆက်တာလည်း၊ နေ့ညမဆုံး
စိတ်မချတာ၊ အမေ့စေတနာ။
နုပျိုဆဲပါ၊ အမေ့မေတ္တာ။

* ဒီသတင်းမေး၊ ဟိုဗေဒင်ကြည့်
သားအရေး၊ စုံပေးထောက်လှမ်း
ဟို...ယတြာချေ၊ ဒီအလှူကိုပြု
စိတ်အစုစုနဲ့ပြုတာ အခါခါ။

* အမေ
အမေကတစ်ရွာမှာ၊ တစ်ပြည်မှာကသား
ခွဲနေငြားလည်း
သားလေ
အမေ့ကိုလွမ်းဆွတ်ပိုမိ
ပျိုမြစ်မေတ္တာ၊ စေတနာနှင့်
အမေ့ကျေးဇူး ဂုဏ်အထူးကို
နေ့စဉ်ရိုကျိုး၊ ဆတက်တိုးလို့
မလပ်ပွားများလျက်ပါအမေ။

* အထောက်အထားမလို
သားအတွေးကို အကိုးပြို ဆိုချင်ပါတယ်
အမေရှိတဲ့အိမ်ဟာ
အောက်ထစ်ဆုံး တဲအိမ်တစ်အိမ်ဖြစ်ပါစေ
အလုံခြုံဆုံး
အမေ့မေတ္တာဖွဲ့တေးကဗျာသာ
အသာယာဆုံး
အမေပေးတဲ့ အလင်းရောင်ဟာ
လောကမှာ အလင်းလက်ဆုံး
သားအတွက် အောင်မြင်မှုဆိုတာ
အမေ့မေတ္တာကြောင့်ရခဲ့တာပါ
ဒါ့ကြောင့်
အမေဆိုတဲ့ စကားတွေက
ပျားရည်လိုချို
မြစ်တစ်စင်းလို စီးဆင်းနေတယ်...အမေ။

* အမေ့ဂုဏ် အမေ့ဒြပ်
ထင်ဟပ်အောင်ဖော်ညွှန်း
ကဗျာတွေ စာတွေ တစ်စွန်းတစ်စနဲ့
တကယ်တော့ အမေ
ဖော်ညွှန်းဆိုသမျှ
ပမာ၊ ပမေယျတွေဟာ
အမေ့မေတ္တာအောက်မှာ
ဝပ်ဆင်းခတွား၊ ရိုကျိုးသွားတယ်...အမေ။

* ရှင်တော်ဗုဒ္ဓ၊ စောအဖက
မာတုပေါသထကသုတ်တော်မှာ
အမေ့မေတ္တာ၊ ဂုဏ်မဟာကို
နှိုင်းပြရာ၊ ပမာကား
စကြ၀ဌာကြီးက အပ်နဖားသာ
နှစ်သိန်းလေးသောင်း အထုပေါင်းတဲ့
မဟာပထ၀ီက ၀ါးရွက်ပမာ
ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့
မြင်းမိုရ်ရွှေတောင်က နွားဦးချို
သမုဒ္ဒရာကြီးက မိုးရေတစ်ပေါက်လောက်သာ
ခရီးရောက်တယ်လို့
ဟောကြားထားတယ်...အမေ။

* ဒါကြောင့်လည်း...အမေ
သားမျှော်နေကျ ပြတင်းဝမှာ
အဝေးကိုမျှော်ငေး တွေးမိတာက
လောကကို အကျိုးပြုတဲ့နေမင်းဟာ
အဖေဆိုလျှင်
လူတိုင်းတမ်းတတဲ့ လမင်းကြီးဟာ
အမေပဲပေါ့...အမေ။

*လမင်းအမေ အသက်တစ်ရာ့နှစ်ဆယ်တိုင် လင်းလက်နိုင်ပါစေ။
* ဓမ္မအလင်းတန်း အစဉ်ဖျန်း ငြိမ်းချမ်းသာယာ ရှိပါစေ။

" မေမေ........" (အမည်မသိ)

click to comment
ကိုးလလွယ် ဆယ်လဖွား
အသက်ကိုရင်း မွေးပေးခဲ့သည်
ဖဝါး လက်နှစ်လုံး
ပခုံးလက်နှစ်သစ်
ခြင်မှက် ဖြုတ်ယင်သောဝ် မသန်းစေခဲ့...

သွေးမှ ဖြစ်တည် နို့ချိုရည်ကို
မပျက်တိုက်ကျွေး ကြီးပြင်းစေခဲ့...

ငယ်စဉ်တောင်ကျေး ပြုစုယုယလို့
သားတို့ နှလုံး ရွှင်ပြုံးစေရယ်
ပင်ပန်း သောဝ်မှ အပြုံးမပျက်
ကျေနပ်ခဲ့သည် အိုအမေ...

အချိန်တန်လို့ ကြီးပြင်းပြန်သော်
ပညာကိုပေး အမွေဖြစ်ခဲ့
လူများအလယ် ဂုဏ်တင့်စေသည်
ကျေးဇူးကြီးလှပါသည် အိုအမေ...

ပညာစုံလို့ အချိန်တန်ပြန်
သင့်တော်သူကို ရှာဖွေကာရယ်
သားသမီးတို့ အတွက်
စီမံရွက်ဆောင်ခဲ့ပြန်သည်..
ဘဝတသက်အေးဖို့ရယ်...

သားတို့ ဘဝ အခြေစုံလို့
ချမ်းသာ တည်ငြိမ်လေသောဝ်
ကျေနပ်အပြုံး ပီတိမျက်နှာ
အေးချမ်းစွာနှင့် ဆန်ရေကို မရှိစေခဲ့....

ထိုရ် ထိုရ် ကျေးဇူး
မဟာပထဝီ မြေကြီးထုမက
ကြီးမားလှသော အိုအမေ...
အဝေးရောက်သားမောင်
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
ရှိခိုး ကန်တော့လိုက်ပါသည်......