ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 31 January 2011

မဇ္ဈိမဒေသမှ ကမ္ဘာအရပ်ရပ်သို့ သာသနာတော်ပြန့်ပွားခြင်း

(၁) ကသ္မိရ ဂန္ဓာရ
ကသ္မိရ, ဂန္ဓာရတိုင်းတို့တွင် သာသနာတော်သည် နှစ် ၁၀၀၀-ကျော် တည်ရှိခဲ့သော်လည်း သာသနာနှစ် ၅၀၀-လောက်အထိသာ ထေရ၀ါဒ သာသနာတည်ရှိပြီး နောက်ပိုင်းတွင် မာသံဃိတိဂိုဏ်း ရောက်လာကာ မဟာယာနသာသနာအဖြစ် သာသနာတော်နှစ် ၁၀၀၀-လောက်ထိ လွှမ်းမိုးခဲ့သည်။ နောင်အခါ ဘာသာခြားတို့ လွှမ်းမိုးသွားသည်။

(၂) မဟိံသကမဏ္ဍလ

မဟိံသကမဏ္ဍလ (မိုက်ဆိုးရ်)ပြည်မှာ မဇ္ဈိမဒေသတောင်ပိုင်းတွင် တည်ရှိ၍ ကလိင်္ဂတိုင်း အန္ဓတိုင်း၊ စောဠတိုင်း၊ ဒမိလတိုင်း၊ ပဏ္ဍုတိုင်း၊ မာလကုဋတိုင်းစသော ဣန္ဒိယ တောင်ဘက်စွန်းနိုင်ငံများသို့တိုင် ထေရ၀ါဒ သာသနာရောက်ခဲ့၍ သာသနာတော်နှစ် တစ်ထောင်ကျော်အထိ သာသနာထွန်းကားခဲ့သည်။ အဋ္ဌကထာ ကျမ်းပြုအကျော် မထေရ်မြတ်တို့ ထွက်ပေါ်ရာ တိုင်းဖြစ်၏။

(၃) ဒက္ခိဏပထ

ဝန၀ါသီမှာဒက္ခိဏပထအနောက်ဘက်တိုင်းနိုင်ငံများဖြစ်သည်။ ကျေးကုလားဟု မြန်မာတို့ ခေါ်ဆိုကြသော ပြည်နယ်များဖြစ်၍ ပင်လယ်ကမ်းရိုးတန်းတလျှောက် ကေရလာ, မလဘာနယ်တို့ ပါဝင်သည်။သာသနာတော်နှစ် ၁၀၀၀ကျော်ထိ ထေရ၀ါဒသာသနာထွန်းကားခဲ့၏။ အသောကမင်းတရား ကျောက်စာတွင် ဓမ္မမဟာမတ္တ သာသနာရေးရာ မင်းကြီးလက်အောက်၌ ၀ါဒပျံ့နှံ့ရေးမှူးများ ခန့်အပ်ဆောင်ရွက်ခဲ့သည့် ဌာနများအဖြစ် ကေရလပုတတိုင်း သတိယပုတတိုင်း တို့ကို ဖော်ပြထားသည်။

(၄) အပရန္တတိုင်း
အပရန္တတိုင်း ဗုံဗာဤ(ဘုံဘိုင်) နယ်ဖြစ်သည်။ အဇန္တာ အဲလိုရာဒေသ ၀ိဉ္ဈာတောင်တန်းဒေသတို့ ပါဝင်၏။ အဇန္တာကျောင်းတော်ကြီးမှာ နာမည်ကျော်ခဲ့၍ သာသနာတော်နှစ် ၇၀၀လောက်ထိ ထေရ၀ါဒ ထွန်းကား၏။ နောက်ပိုင်း မဟာယာနဂိုဏ်းထွန်းကားခဲ့၍ သာသနာတော်နှစ် ၁၀၀၀-ကျော်အထိ တည်ရှိခဲ့သည်။

(၅) မဟာရဋ္ဌ
မဟာရဋ္ဌတိုင်းမှာ အန္ဓရတိုင်း ၀န၀ါသီတိုင်း အပရန္တတိုင်းတို့ အကြားတွင် တည်ရှိ၍ ထေရ၀ါဒသာသနာထွန်းကားခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ကျော်ထိ သာသနာတော် တည်ရှိခဲ့သည်။

(၆) ယောနက
ယောနကတိုင်းသည် အနောက်မြောက်ပိုင်းဖြစ်သည်။ ဂန္ဓာရတိုင်း အပြင်ဘက် ကျရောက်သည်။ နေပြည်တော်မှ ယူဇနာရှစ်ရာ ကွာဝေးသည်။ ယောနသို့မဟုတ် ယောနကတိုင်းပြည်များကို ဂရိနိုင်ငံဟု ဆိုကြသည်။ အသောက ကျောက်စာအမှတ် ၁၃-တွင် ထိုတိုင်းသို့ ဓမ္မမဟာမတ္တ သာသနာရေးရာ အမတ်၊ ဓမ္မနိယုတ္တ တရားဖြန့်ဖြူးရေး တမန်အဖွဲ့များ ခန့်ထားစေလွှတ်ကြောင်း ယောနကနိုင်ငံနှင့် အနီးနားနိုင်ငံများသို့ တရားဓမ္မ ပျံ့နှံ့ရန် ၎င်းနိုင်ငံရှိ ဘုရင်များဖြစ်သော -

(၁) အံတိအိုက (အံတိယိုခ်ျစစ်မင်း) ဆိုက်ရီယ (ဆီရိယနိုင်ငံ)

(၂) တုလမယ (တိုလမီမင်း) ဖိလစ်ဒလ (အီးဂျစ်နိုင်ငံ)

(၃) အံတိကိနီ (အံနိဂိုနောစ့်မင်း) မက်ဆီဒိုနီးယားနိုင်ငံ၊

(၄) မက (မဂါ့စ်မင်း) ဆိုက်ရံနီ (အီဂျစ်အနောက်ပိုင်း)၊

(၅) အလိကသုဒရ (အလက္ကဇန္ဒြာမင်း) အပ္ပိရောဆီနိုင်ငံ -

တို့ထံ သာသနာပြုစေလွှတ်သည်။ သာသနာတော်နှစ် ၅၀၀ လောက်တွင် အရှင်ပီယုဟထေရ (အလက္ကဇန္ဒြိယပြည်သား) နှင့် အရှင်ဣသေနေသ (ပါလစ္စတိုင်းပြည်သား)တို့ ထိုနယ်များ၌ တရားဟောပြကြောင်း မှတ်တမ်းရှိ၍ သာသနာတော်နှစ်-၃၀၀ ကျော်ထိ တည်ရှိခဲ့သည်။ တူရကီစတန် အာဖဂန်နီစတန် ပါသိယန်နိုင်ငံတို့တွင် ဗုဒ္ဓသာသနာအနှစ် ၈၀၀ကျော်ထိ ပျံ့နှံ့ခဲ့သည်။ မဟာယာန သာသနာထွန်းကားခဲ့သည်။

ကမ္ဘောဇတိုင်း ကာဗူဥလ် ဥဒယာန တိုင်းမှာလည်း မဟာယာန သာသနာရောက်ရှိ ထွန်းကားခဲ့သည်။

(၇) ဟိမ၀န္တာဒေသ

ဟိမ၀န္တာနယ်စပ်ဒေသများမှာ နေပါလနယ် တောင်တန်းဒေသများ၊ စိနရဋ္ဌခေါ် တရုပ်ပြည်၊ ဆီက္ကန်၊ ဘူတန်၊ တိဘက်၊ ၀ူထန်(ခူတန်၊ ခိုတန်) နိုင်ငံများဖြစ်သည်။ ရာသီဥတု အေးလွန်းပြီး တောင်စဉ်အထပ်ထပ်ခရီး ဖြစ်သော်လည်း မဇ္ဈိမ မထေရ် ခေါင်းဆောင်သော မထေရ်တို့ သာသနာပြုခဲ့ကြသည်၊ အစပိုင်းတွင် ထေရ၀ါဒ သာသနာရောက်ရှိသွားသော်လည်း နောင်သောအခါ မဟာယာန သာသနာထွန်းကားသွားသည်။ ယခုထက်တိုင် မဟာယာနသာသနာ ထင်ရှားရှိသေးသည်။

(၈) လင်္ကာဒီပ သာသနာ

အရှင်မဟိန္ဒမထေရ်သည် သာသနာတော်နှစ် ၂၃၆-ခုနှစ် နယုန်လပြည့်နေ့တွင် သီဟိုဠ်သို့ ကြွတော်မူသည်။ ဒေ၀ါနံပိယတိဿ မင်းသည် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုကိုးကွယ်ပြီး သာသနာပြုခဲ့သည်။ မဟာဝိဟာရ ကျောင်းတိုက်ကြီးကို တည်ဆောက်လှူဒါန်းခဲ့သည်။ ထိုအချိန်မှစ၍ သီဟိုဠ်နိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်လာသည်။ အရှင်မဟိန္ဒ မထေရ်သည် မဟာအဋ္ဌကထာကျမ်းများကို သီဟဋ္ဌဘာသာသို့ ပြန်ဆိုပို့ချသဖြင့် သီဟိုဠ် သာသနာ ခိုင်မြဲလာသည်။ နောင်အခါဝယ် သာသနာတော်နှစ် ၄၅၀-ခုနှစ်၌ စတုတ္ထသံဂါယနာတင်တော်မူကြပြီး ပေထက်အက္ခရာ တင်ထားခဲ့ကြသဖြင့် ပိဋကစာပေသည် တိုးတက်ဖွံ့ဖြိုးလာသည်။ အသောကမင်းကြီး သားတော် အရှင်မဟိန္ဒကို သိဟိုဠ်သို့ စေလွှတ်ခြင်းသည် အကြောင်းထူးရှိသည်။ သီဟိုဠ်နိုင်ငံသည် သာသနာတော် ခိုင်မြဲတည်တံ့ကျယ်ပြန့်မည့် နိုင်ငံဖြစ်ကြောင်း အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် အနာဂတံသဉာဏ်တော်ဖြင့် မြင်တော်မူပြီး ဖြစ်၍ မင်းကြီး၏ သားတော်ကို ရွေးချယ် စေလွှတ်တော်မူခဲ့သည်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ သာသနာတော် ရောက်ရှိလာခြင်း
(၉) သုဝဏ္ဏဘူမိ
သုသဏ္ဏဘူမိ ခေါ် ရာမညတိုင်း သထုံမြို့တော်သို့ သာသနာတော်နှစ် ၂၃၅-ခုနှစ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိလာသည်။ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင်အနုရုဒ္ဓါ၊ အရှင်တိဿဂုတ္ထ အရှင်သောဏေယ မထေရ်ငါးပါးတို့သည် သာသနာပြုရန် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွတော်မူသည်။ သထုံမြို့ကား သုဓမ္မပူရအမည်ရှိ၏။ မင်းကား သီရိမာသောကမင်းဖြစ်သည်။

ထိုအချိန်မတိုင်မီက မင်းနန်းတော်၌ ဖွားမြင်တိုင်းသော သားသူငယ်တို့ကို ဘီလူးမတစ်ကောင်သည် သမုဒ္ဒရာမှ တက်လာ၍ ခိုးယူစားသောက်လေ့ရှိ၏။ မထေရ်တို့ရောက်သည့်နေ့၌လည်း နန်းတော်တွင် မင်းသားကလေးတစ်ဦး ဖွားမြင်သည်။ စောင့်ရှောက်နေကြသော သူတို့သည် ရုပ်သွင်ထူးဆန်းသော ထိုရဟန်းတို့ကို တွေ့လျှင် ဘီလူးမ၏ အပေါင်းအဖော်များဟုထင်ကာ ရိုက်ပုတ်ရန် ပြေးလာကြသည်။ အရှင်သောဏနှင့် အရှင်ဥတ္တရတို့က သံဃာတော်များဖြစ်ကြောင်း ရှင်းပြနေစဉ်မှာပင် ဘီလူးမသည် အခြံအရံများနှင့်တကွ သမုဒ္ဒရာမှ တက်လာ၏။ မထေရ်တို့လည်း ဘီလူးမထက် နှစ်ဆကြီးသော ပုံသဏ္ဌာန်ဖန်ဆင်း၍ ဘီလူးမများကို နှင်ထုတ်တော်မူသည်။ စည်းဝေးရောက်လာသော သူတို့အား ဒီဃနိကာယ သီလက္ခန္ဓ၀ဂ် ဗြဟ္မဇာလသုတ်တော်မြတ်ကို ဟောပြတော်မူရာ ပရိသတ်ပေါင်း ခြောက်သောင်းတို့ အရိယာဖြစ်ကြ၏။ သုံးထောင်ငါးရာသော ယောက်ျားတို့ ရဟန်းပြုကြကုန်၏။ တစ်ထောင့်ငါးရာသော အမျိုးသမီးတို့ ရဟန်းမ ပြုလုပ်ကြကုန်၏။ ဤသို့လျှင် သုဝဏ္ဏဘူမိ တိုင်း၌ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော် အခြေတကျ ထွန်းကားခဲ့လေသည်။

သာသနာဝင်စာပေတို့တွင် သုဝဏ္ဏဘူမိနှင့် စပ်၍ အကျဉ်းမျှသာ ရေးသားတော်မူခဲ့ကြသဖြင့် သုဝဏ္ဏဘူမိနှင့်စပ်၍ ခိုင်လုံမူရှိစေရန် လိုအပ်လာ၏။ မြန်မာတို့က သုဝဏ္ဏဘူမိဟု အချို့က ဆိုကြပြန်၏။ ယိုးဒယားပြည်တောင်ပိုင်း ဒွါရာဝတီ နိုင်ငံသည်လည်း သုဝဏ္ဏဘူမိဖြစ်နိုင်ကြောင်း ရေးကြပြန်၏။ ဣန္ဒိယတောင်ပိုင်း အနောက်ဘက်ကမ်း ဘုံဘိုင်နယ်ကို လည်းကောင်း၊ တချို့က သူရဋ္ဌတိုင်းနယ်ကို လည်းကောင်း၊ သုဝဏ္ဏဘူမိဖြစ်လေဟန် ပြောဆိုကြ၏။ သို့ဖြစ်၍ သုဝဏ္ဏဘူမိကို စိစစ်ရန်လိုအပ် လာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Sunday 30 January 2011

ကိုးဆယ့်ခြောက်ပါးရောဂါအမျိုးမျိုး


၁။ မျက်စိ၌ဖြစ်သောအနာ
၂။ နှာခေါင်း၌ဖြစ်သောအနာ
၃။ လျှာ၌ဖြစ်သောအနာ
၎။ ကိုယ်၌ ဖြစ်သောအနာ
၅။ ဦးခေါင်း၌ဖြစ်သောအနာ
၆။ နားရွက်၌ဖြစ်သောအနာ
၇။ ခံတွင်း၌ဖြစ်သောအနာ
၈။ နူတ်ခမ်း၌ ဖြစ်သောအနာ
၉။ သွား၌ဖြစ်သောအနာ
၁၀။ ချောင်းဆိုးသောအနာ
၁၁။ ကုတ်ဟီးနာ
၁၂။ ရှူနာပန်းနာ
၁၃။ ခေါင်းမေးသားနာ (ဖွတ်သိုနာ)
၁၄။ ဖျားသောအနာ
၁၅။ ကိုယ်တွင်းပူလောင်သောအနာ
၁၆။ ၀မ်း၌ဖြစ်သောအနာ
၁၇။ မူးဝေသောအနာ
၁၈။ ၀မ်းသွေးကျသောအနာ
၁၉။ လွန်စွာဝမ်းသွားသောအနာ
၂၀။ နူသောအနာ
၂၁။ ထွတ်မြင်းနာ
၂၂။ ခရုသင်းနာ(သမင်ဖြူ)
၂၃။ သွေးသားခန်းခြောက်သောအနာ
၂၄။ မြင်းသရိုက်နာ
၂၅။ ၀ဲစိုဝဲကြီးနာ
၂၆။ဝဲခြောက်ယားနာ
၂၇။ ပွေးနာ
၂၈။ အရည်ယိုသောအနာ
၂၉။ လက်ဖ၀ါး၊ ခြေဖ၀ါး ကွဲသောအနာ
၃၀။ ဖိတ်ကိုက်နာ
၃၁။ ကိုယ်ရောင်သောအနာ
၃၂။ အသားတိုးနာ

ဟူ၍ သုံးဆယ့်နှစ်ပါးသော ရောဂါတို့သည် လူတို့တွင် ဖြစ်ပေါ်သော ရောဂါများဖြစ်သည်။

ထိုရောဂါတို့သည် သည်းခြေတည်းဟူသော အကြောင်းကြောင့် ဖြစ်သောရောဂါ သုံးဆယ့်နှစ်ပါး၊ သလိပ်တည်းဟူသော အကြောင်း ကြောင့်ဖြစ်သောရောဂါ သုံးဆယ့်နှစ်ပါးနှင့် သွေးလေတည်းဟူသော အကြောင်းကြောင့်ဖြစ်သောရောဂါ သုံးဆယ်နှစ်ပါးဖြစ်ပြီး အားလုံး စုစုပေါင်းသော ရောဂါပေါင်း ကိုးဆယ့်ခြောက်ပါး ဖြစ်သည်။

လူတို့တွင် ရောဂါဝေဒနာအမျိုးမျိုးကပ်ရောက်လာရသည်မှာ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း၊ အပူအအေး မမျှတခြင်းတို့ကြောင့် ဖြစ်သည်။ မိမိတို့တွင် စွဲကပ်ကျရောက်လာသော ရောဂါများကို ပျောက်ကင်းချမ်းသာစေရန် နေ့စဉ် စားသုံးနေသော အစားအစာများနှင့် ကုစားနိုင်ရန် အပူနာ၊ အအေးနာ၊ အပူစာ၊ အအေးစာများကို သိရှိထားကြရမည် ဖြစ်သည်။


အဆိပ်အမျိုးမျိုးဖြေနည်း အကျဉ်းချုပ်


တက်တူကိုက်မူ = စလူခေါင်းကိုသွေးတိုက်
ဆီမီးစက်တိုက်မူ = ဆီမီးခွက်ကိုသွေးတိုက်
ကင်းလိပ်ကိုက်မူ = ပိတောက်နှစ်ကိုသွေးတိုက်
စိန်စားမိမူ = လက်ချားနှင့် သကြားသွေးတိုက်
မိုတောက်မူ = နွားယားရေမီးဖုတ်တိုက်
မဒိုင်းသီးစားမိမူ = ထန်းလျက်-တောက်ရပ်ခတ်တိုက်
ပျားတောက်မူ = တင်လဲတိုက်
ဖိုနုသန်ကောင်ကိုက်မူ = ဆေးဒန်းသွေးတိုက်
ဖားပြုတ်ကိုက်မူ = တင်လဲတိုက်
ပင့်ကူကိုက်မူ = ၀ါးနီမြစ်သွေးတိုက်
ခွေးရူးကိုက်မူ = ခွေးတောက်မြစ်၊ ချင်းရားမြစ်၊ ငရုတ်ကောင်းစပ်တိုက်
ကနခိုးလွန်မူ = မယ်ဇလီမြစ်သွေးတိုက်
စိန်လွန်မူ = စိန်ပန်းသွေးသောက်
မြှားဆိပ်သင့်မူ = ပုစွန်ဆီ၊ ခွေးသီးဆုံနှစ်ပါး သွေးသုပ် ဆပ်သွားမြစ်သွေးသုပ်၊ လက်ဖက်နှင့်သုပ်၊ စားလည်းစား
ဆီမီးတောက်ဥတောက်မူ = မန်ကျည်းသီးကိုစား
ခေါ်ရင်းတောက်မူ = ကြိတ်မှန်ရွတ်စား
ပျားရည်သီးသော် = မြေကြီးကိုလျက်
ထမင်းစားလွန်သော် = ထန်းလျက်ကိုစား
ငှက်ပျောသီးစားလွန်သော် = ဆားကိုလျက်
အဆိပ်အတောက်စားလွန်သော် = ခရမ်းကဆော့သီးကိုစား
အဆိမ့်လွန်သော် = သံပရာရည်ကိုသောက်
ဆေးမှားသော် = ကန့်ချုပ်နီမြစ်သွေးသောက်
မျက်စဉ်းလွန်သော် = ရေညှိကိုခတ်
အစပ်လွန်သော် = အချိုနှင့်နုတ်
အဖန်လွန်မူ = အချဉ်နှင့် နုတ်
အချဉ်လွန်မူ = အစပ်နှင့် နုတ်
အချိုလွန်မူ = အငန်နှင့် နုတ်
အဆိမ့်လွန်မူ = အခါးနှင့် နုတ်
အခါးလွန်မူ = အဖန်နှင့်နူတ်

အပူနာနှင့် အအေးနာ၏လက္ခာများ


အပူနာ၏လက္ခဏာများ

၁။ ခြေဖျားအေးတတ်ခြင်း
၂။ ဆီးနည်းခြင်း
၃။ စကားများတတ်ခြင်း
၎။ အိပ်၍မပျော်ခြင်း
၅။ ရေငတ်ခြင်း
၆။ ဆီးနီခြင်း၊ ဆီးဝါခြင်း
၇။ လျှာအရသာ ခါးတတ်ခြင်း
၈။ အသံကျယ်လောင်တတ်ခြင်း
၉။ မငြိမ်မသက်၍ လူပ်ရှားမူများခြင်း
၁၀။ ယောက်ျားတွင် ဘယ်ဘက်၊ မိန်းမတွင်ညာဘက်၌ ရောဂါ တိုးခြင်း။


အအေးနာ၏လက္ခဏာများ

၁။ ခြေဖျား ပူတတ်ခြင်း
၂။ ဆီးများခြင်း
၃။ စကားပြောနည်းခြင်း
၎။ အိပ်၍ပျော်ခြင်း
၅။ ရေမငတ်ခြင်း
၆။ ဆီးဖြူခြင်း
၇။ လျှာအရသာချို၍ ပေါ့ပျက်ပျက်နေခြင်း
၈။ အသံတိုးခြင်း
၉။ လူပ်လူပ်ရှားရှားမရှိဘဲ ငြိမ်သက်စွာ နေလိုခြင်း
၁၀။ ယောက်ျားများတွင် ညာဘက်၊ မိန်းများတွင် ဘယ်ဘက်၌ ရောဂါတိုးခြင်း။

အတက်နာ = ၀မ်းချုပ်လျှင် အတက်နာ။

အသက်နာ = ၀မ်းသွားလျှင်၊ ၀မ်းသက်လျှင် အသက်နာ ဖြစ်သည်ဟူ၍ ယေဘုယျအားဖြင့် ဆုံးဖြတ်ကြသည်။

အပွင့်နာ = ချွေးထွက်ပြီး အခိုးအငွေ့များ ပွင့်နေလျှင် “အပွင့်နာ”။

အပိတ်နာ = ချွေးမထွက်ဘဲ အခိုးအငွေ့များ ပိန်နေလျှင် အပိတ်နာဟူ၍ မှတ်ယူကြလေသည်။

လူတို့ နေ့စဉ်နှင့်မျှ ချက်ပြုတ်စားသောက်နေကြသော အစားအစာတို့လည်း “အစာလည်းဆေး - ဆေးလည်းအစာ” ဆိုသော စကားအတိုင်း မိမိတို့တွင် ကပ်ရောက်သော ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည့် ဆေးတစ်ပါးဖြစ်၏။



အပူစာနှင့် အအေးစားများ


အပူစာများ

၁။ ဒန့်သလွန်သီးသည် ၀မ်းချုပ်၊ လေသက်၍ ဆီးနည်း၏။
၂။ တညင်းသီးသည် ၀မ်းချုပ်၊ လေသက်၍ ဆီးနည်း၏။
၃။ ဒူးရင်းသီးသည် ၀မ်းချုပ်၊ လေသက်၍ ဆီးနည်း၏။
၎။ ရှောက်ရွက်သည် ၀မ်းချုပ်၊ လေသက်၊ ချွေးထွက်၍ ဆီးနည်း၏။
၅။ ဒန့်သလွန်ရွက်သည် ၀မ်းချုပ်၊ လေသက်၊ ချွေးထွက်၍ ဆီးနည်း၏။
၆။ ဥသျှစ်ရွက်သည် ၀မ်းချုပ်၊ လေသက်၊ ချွေးထွက်၍ ဆီးနည်း၏။
၇။ ကုက္ကိုရွက်သည် ၀မ်းချုပ်၊ လေသက်၊ ခွှေးထွက်၍ ဆီးနည်း၏။
၈။ ရဲယိုရွက်သည် ၀မ်းချုပ်၊ လေသက်၊ ချွေးထွက်၍ သွေး သက်၏။
၉။ ကြိတ်မှန်ရွက်သည် သွေးတက်၏၊ လေသက်၏။
၁၀။ မြင်းခွာရွက်သည် ဆီးများ၏၊ လေသက်၏။
၁၁။ ကြာင်းရွက်သည် ၀မ်းသက်၏၊ လေသက်၏။
၁၂။ သက်ရင်းကြီးရွက်သည် ၀မ်းသက်၏၊ လေသက်၏။
၁၃။ ဂုံခါးရွက်သည် ၀မ်းချုပ်၊ လေသက်၏။
၁၄။ မုယားကြီးရွက်သည် ၀မ်းချုပ်၊ လေသက်၏။
၁၅။ ဖျောက်ဆိတ်ရွက်သည် ၀မ်းချုပ်၊ လေသက်၏။
၁၆ ။ ခွေးတောက်ရွက်သည် လေသက်၏၊ သွေးသက်၏။
၁၇။ ကြောင်လျှာရွက်သည် လေသက်၏။
၁၈။ သင်္ဘောရွက်သည် လေသက်၏။
၁၉။ တမာရွက်သည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ လေပွ၏၊ သွေးတက်၏။
၂၀။ ကြောင်ပန်းရွက်သည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ လေပွ၏၊ သွေးသက်၏။
၂၁။ ပင်စိမ်းရွက်သည် လေသက်၏၊ သွေးတက်၏။
၂၂။ ဇီယာရွက်သည် လေသက်၏၊ သွေးတက်၏။
၂၃။ စပါးလင်သည် လေသက်၏၊ သွေးတက်၏။
၂၄။ နံနံပင်သည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ လေသက်၏၊ သွေးတက်၏။
၂၅။ ပတဲကောသည် ဆီးနည်း၍ ၀မ်းချုပ်၏၊ ချွေးထွက်၏။
၂၆။ ချင်းသည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ လေသက်၏၊ ချွေးထွက်၏။
၂၇။ ငရုတ်ကောင်းသည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ ချွေးထွက်၏။
၂၈။ ငရုတ်သီးသည် လည်းကောင်း -
၂၉။ ကြက်သွန်ဖြူသည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ လေသက်၏၊ သွေးတက်၏။
၃၀။ မျှစ်သည် ဆီးနည်း၏၊ ၀မ်းချုပ်၏။
၃၁။ ပျဉ်းတော်သိမ်ရွက်သည် ဆီးနည်း၏၊ သွေးတက်၏။
၃၂။ နနွင်းစိမ်းသည် ဆီးနည်း၏၊ ၀မ်းချုပ်၏။
၃၃။ မိတ်သလင်သည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ လေသက်၏။
၃၄။ ခံတက်ချဉ်သည် ဆီးနည်း၏၊ လေချုပ်၏။
၃၅။ ဟင်းဂလားချဉ်သည် ဆီးနည်း၏။
၃၇။ ပဲကြီးသည် ၀မ်းသက်၏၊ လေသက်၏။
၃၈။ ပဲစင်းငုံသည် ၀မ်းသက်၏၊ လေသက်၏။
၃၉။ ဇာတိပ္ဖိုလ်သီးသည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ သွေးတက်၏။
၄၀။ အရက်သည် ဆီးနည်း၏၊ ၀မ်းချုပ်၏၊ သွေးတက်၏။
၄၁။ ဆိတ်သားသည် ဆီးနည်း၏၊ ၀မ်းချုပ်၊ သွေးတက်၏။
၄၂။ အမဲသားသည် ဆီးနည်း၏၊ ၀မ်းချုပ်၊ သွေးတက်၏။
၄၃။ ဂျီ(ချေ) သားသည် ဆီးနည်း၏၊ ၀မ်းချုပ်သွေးတက်၏။
၄၄။ သမင်းသားသည် ဆီးနည်း၏၊ ၀မ်းချုပ်၊ သွေးတက်၏။
၄၅။ သိုးသားသည် ဆီးနည်း၏၊ ၀မ်းချုပ်၊ သွေးတက်၏။
၄၆။ ခိုသားသည် ၀မ်းချုပ်၏၊ သွေးတက်၏၊ လေသက်၍ ဆီးနည်း၏၊ ချွေးမထွက်။
၄၇။ ချိုးသားသည် ၀မ်းချုပ်၏၊ သွေးတက်၏၊ လေသက်၍ ဆီးနည်း၏၊ ခွှေးမထွက်။
၄၈။ စာကလေးအသားသည် ၀မ်းချုပ်၏၊ သွေးတက်၏၊ လေသက်၍ ဆီးနည်း၏၊ ချွေးမထွက်။
၄၉။ ယုန်သားသည် ၀မ်းချုပ်၊ လေသက် ဆီးများ၏။


အအေးစာများ

၁။ ကန်စွန်းဥသည် ၀မ်းချုပ်၏၊ လေသက်၏။
၂။ အာလူးသည် ၀မ်းချုပ်၏၊ လေသက်၏။
၃။ အာတာလွတ်သည် ၀မ်းချုပ်၏၊ လေသက်၏။
၎။ ရွှေဖရုံသီးသည် ၀မ်းချုပ်၏၊ လေသက်၏။
၅။ ကြက်ဆူသီးသည် ၀မ်းချုပ်၏၊ လေသက်၏။
၆။ သစ်ဆိမ့်သီးသည် ၀မ်းချုပ်၏၊ လေသက်၏။
၇။ ကြက်ဟင်းခါးသီးသည် ၀မ်းချုပ်၏၊ လေသက်၏။
၈။ ကြက်ဟင်းခါးရွက်သည် ၀မ်းချုပ်၏၊ လေသက်၏။
၉။ ကညွတ်ရွက်သည် ၀မ်းချုပ်၏၊ လေသက်၏။
၁၀။ ပုစွန်ထုပ်သည် ၀မ်းချုပ်၏၊ လေသက်၏။
၁၁။ ရုံးပတီသီးသည် ၀မ်းချုပ်၊ လေချုပ်၏။
၁၂။ သရက်သီးစိမ်းသည် ၀မ်းချုပ်၊ လေချုပ်၏။
၁၃။ ပိန္နဲသီးကင်းသည် ၀မ်းချုပ်၊ လေချုပ်၏။
၁၄။ သပြေသီးသည် ၀မ်းချုပ်၊ လေချုပ်၏။
၁၅။ သြဇာသီးသည် ၀မ်းချုပ်၊ လေချုပ်၏။
၁၆။ သဖန်းသီးသည် ၀မ်းချုပ်၊ လေချုပ်၏။
၁၇။ သနပ်ရွက်သည် ၀မ်းချုပ်၊ လေချုပ်၏။
၁၈။ သဖန်းရွက်သည် ၀မ်းချုပ်၊ လေချုပ်၏။
၁၉။ ညံရွက်သည် ၀မ်းချုပ်၊ လေချုပ်၏။
၂၀။ ဆီးရွက်သည် ၀မ်းချုပ်၊ လေချုပ်၏။
၂၁။ လယ်ပတူရွက်သည် ၀မ်းချုပ်၊ လေချုပ်၏။
၂၂။ ပြည်ပန်းညိုရွက်သည် ၀မ်းချုပ်၊ လေချုပ်၏။
၂၃။ ကင်ပွန်းရွက်သည် ၀မ်းချုပ်၊ လေချုပ်၏။
၂၄။ ကိုင်းဥသည် ၀မ်းချုပ်၏၊ သွေးတက်၏။
၂၅။ ပုစွန်ဆိတ်သည် ၀မ်းချုပ်၏၊ သွေးတက်၏။
၂၆။ သဘောင်္သီးမှည့်သည် ဆီးများ၏၊ ၀မ်းသက်၏။
၂၇။ ဆူးလေသည် ဆီးများ၏၊ ၀မ်းသက်၏။
၂၈။ ဓနိရည်သည် ဆီးများ၏၊ ၀မ်းသက်၏။
၂၉။ မုန်လာဥသည် ဆီးများ၏၊ လေသက်၏။
၃၀။ စိမ်းစားဥသည် ဆီးများ၏၊ လေသက်၏။
၃၁။ ပဲချဉ်ပေါင်သည် ဆီးများ၏၊ လေသက်၏။
၃၂။ ပဲနီလေးသည် ဆီးများ၏၊ လေသက်၏။
၃၃။ ပဲရာဇာသည် ဆီးများ၏၊ လေသက်၏။
၃၄။ ကျောက်ဖရုံရွက်သည် ဆီးများ၏၊ လေသက်၏။
၃၅။ ဘူးရွက်သည် ဆီးများ၏၊ လေသက်၏။
၃၆။ ဗုံလုံရွက်သည် ဆီးများ၏၊ လေသက်၏။
၃၇။ ဘူးသီးသည် ဆီးများ၏၊ လေသက်၏။
၃၈။ ရှောက်ချိုသီးသည် ဆီးများ၏၊ လေသက်၏။
၃၉။ ဗုံလုံသီးသည် ဆီးများ၏၊ လေသက်၏။
၄၀။ အုန်းစိမ်းရည်သည် ဆီးများ၏၊ ၀မ်းချုပ်၏။
၄၁။ ဂေါ်ဖီထုပ်သည် ဆီးများ၏၊ လေသက်၏။
၄၂။ အုန်းသီးနုသည် ဆီးများ၏၊ လေသက်၏။
၄၃။ ထန်းလျက်သည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၄၄။ မန်ကျည်းဖျော်ရည်သည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၄၅။ ထန်းရည်သည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၄၆။ ကျွဲကောသီးသည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၄၇။ ရှောက်သီးသည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၄၈။ နာနတ်သီးသည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၄၉။ မရမ်းသီးစိမ်းသည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၅၀။ သရက်သီးမှည့်သည် ၀မ်းသက်၏၊ ဆီးများ၏၊ လေသက်၏။
၅၁။ ဇောင်းလျားသီးသည် ဆီးများ၏၊ လေချုပ်၏။
၅၂။ ဂွေးသီးသည် ဆီးများ၏၊ လေချုပ်၏။
၅၃။ နှင်းသီးသည် ဆီးများ၏၊ လေချုပ်၏။
၅၄။ ကင်းပုံရွက်သည် ဆီးများ၏၊ လေချုပ်၏။
၅၅။ ရွှေဖရုံရွက်သည် ဆီးများ၏၊ လေချုပ်၏။
၅၆။ မာလကာသီးသည် ၀မ်းချုပ်၏၊ လေချုပ်၏၊ သွေးချုပ်၏။
၅၇။ ဆီးသီးသည် ၀မ်းချုပ်၏၊ လေချုပ်၏၊ သွေးချုပ်၏။
၅၈။ ကြက်ပေါင်သီးသည် ၀မ်းချုပ်၏၊ လေချုပ်၏၊ သွေးချုပ်၏။
၅၉။ ဖရဲသီးသည် ၀မ်းချုပ်၏၊ ၀မ်းသက်၏၊ လေသက်၏၊
၆၀။ သခွားသီးသည် ဆီးများ၏၊ ၀မ်းသက်၏၊ လေသက်၏၊
၆၁။ သစ်တော်သီးသည် ဆီးများ၏၊ လေချုပ်၏၊ သွေးချုပ်၏။
၆၂။ သပျစ်သီးသည် ဆီးများ၏၊ ၀မ်းချုပ်၏၊ သွေးချုပ်၏။
၆၃။ ဇရစ်ရွက်သည် ဆီးများ၏၊ ၀မ်းချုပ်၏၊ သွေးချုပ်၏။
၆၄။ ပီလောရွက်သည် ဆီးများ၏၊ ၀မ်းချုပ်၏၊ သွေးချုပ်၏။
၆၅။ မန်ကျည်းရွက်သည် ဆီးများ၏၊ ၀မ်းချုပ်၏၊ သွေးချုပ်၏။
၆၆။ ကြက်ဥသည် ဆီးချုပ်၏၊ ၀မ်းချုပ်၏၊ သွေးသက်၏။
၆၇။ ပဲမြစ်သည် ဆီးချုပ်၏၊ ၀မ်းချုပ်၏၊ သွေးသက်၏။
၆၈။ ပိန္နဲသီးမှည့်သည် ၀မ်းသက်၏၊ လေသက်၏။
၆၉။ မင်းဂွတ်သီးသည် ၀မ်းချုပ်၏။
၇၀။ ပန်းသီးသည် ဆီးများ၏။
၇၁။ ကညိုသီးသည် ဆီးများ၏၊ ၀မ်းသက်၏။
၇၂။ ခရမ်းချဉ်သီးသည် ဆီးများ၏၊ လေသက်၏၊ သွေးသက်၏။
၇၃။ ဖန်ခါးသီးသည် ဆီးများ၏။ လေသက်၏၊ ၀မ်းသက်၏။
၇၄။ ခရမ်းကစော့သီးသည် ဆီးများ၏၊ လေသက်၏၊ ၀မ်းသက်၏။
၇၅။ ခ၀ဲသီးသည် လေချုပ်၏၊ ဆီးများ၏။
၇၆။ မန်ကျည်းသီးအစိမ်းသည် လေချုပ်၏၊ သွေးချုပ်၏။
၇၇။ ဆီးဖြူသီးသည် ဆီးများ၏၊ ၀မ်းသက်၏၊ လေချုပ်၏။
၇၈။ မန်ကျည်းမှည့်သည် ၀မ်းသက်၏၊ လေသက်၏။
၇၉။ မုန်လာချဉ်ဖတ်သည် ၀မ်းသက်၏၊ လေသက်၏။
၈၀။ မဲဇလီရွက်သည် ၀မ်းသက်၏၊ လေသက်၏။
၈၁။ သပွတ်ခါးသည် ၀မ်းသက်၏၊ လေသက်၏။
၈၂။ သီးသီးသည် ၀မ်းသက်၏၊ လေသက်၏။
၈၃။ ကုန်းကန်စွန်းရွက်သည် ဆီးများ၏၊ သွေးတက်၏။
၈၅။ ဂန့်ဂလာသည် ၀မ်းသက်၏၊ လေသက်၏၊ ဆီးများ၏။
၈၆။ မုန်လာရွက်သည် သွေးသက်၏၊ လေသက်၏။
၈၇။ မုန်ညင်းသည် သွေးသက်၏၊ လေသက်၏။
၈၈။ ဆလပ်ရွက်သည် ဆီးများ၏။
၈၉။ သကြားသည် ဆီးများ၏။
၉၀။ ပဲကြားသည် လေသက်၏၊ ၀မ်းသက်၏။
၉၁။ ပဲလွန်းသည် ၀မ်းချုပ်၏၊ လေပွ၏။
၉၂။ ပေါင်မုန့်သည် ၀မ်းချုပ်၏၊ လေပွ၏။
၉၃။ ဒိန်ချဉ်သည် ၀မ်းချုပ်ဒ၊ လေသက်၏၊ ဆီးများ၏။
၉၄။ စားတော်ပဲသည် ၀မ်းမှန်၏၊ လေမှန်၏။
၉၅။ ပဲကတ္တီပါသည် ၀မ်းမှန်၏၊ လေမှန်၏။
၉၆။ ကြံရည်သည် ဆီးများ၏၊ လေသက်၏။
၉၇။ ကောက်ညှင်းပါသော အစားအစာသည် ဆီးချုပ်၏၊ ၀မ်းချုပ်၏၊ လေချုပ်၏။
၉၈။ ရေပေါ်တွင် သွားလာနေသောငါးသည် တက်၏။
၉၉။ ရေအောက်တွင် သွားလာနေသောငါးသည် သက်၏။


ရှေးကရေးသား ဆေးနည်းများ



ကလေးချွဲထပျောက် ဆေးနည်း
- မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။(တစ်နည်း)
- ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။(တစ်နည်း)

ကလေးဆီးရောဂါပျောက် ဆေးနည်း
- ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။ (တစ်နည်း)
- ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)
- လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)

ကလေးထိပ်အုံ ဆေးနည်း
- ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍ ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။

ကလေးနို့မျက်ပျောက် ဆေးနည်း
- ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိ စေသည်။

ကလေးသူငယ်နာကင်းရန် ဆေးနည်း
- ငှက်ပျောသီးကို မီးဖုန်၍ မကြာခဏ ကျွေးပေးပါ။

ကလေးသန်ကျ ဆေးနည်း
- ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။

ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း
- ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖ၀ါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီးစည်းထားပေးပါ။

ကြက်ညှာ ဆေးနည်း
- ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။

ကင်းကိုက် ကင်းဆိပ်နိုင် ဆေးနည်း
- ကဆော့မြစ်ကိုဖြစ်စေ၊ ကြောင်ပန်းမြစ်ကိုဖြစ်စေ၊ သမန်းမြက်ကိုဖြစ်စေ၊ ပေါင်းမြက်ကိုဖြစ်စေ ရရာကို ညက်စွာဝါး၍ နား၌ သုတ်လိမ်းပေးပါက ကင်းဆိပ်မျိုးနိုင်၏။ ကင်းကိုက်ပျောက်ကင်း၏။ (တစ်နည်း)
- သပြေရွက်ကိုကြိတ်၍ အရည်ကို ကင်းကိုက်ခံရသောနေရာတွင် လူးပေးပါ။ (တစ်နည်း)
- မန်ကျည်းစေ့ကို သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)
- မြင်းခွာရွက်သတ္တုရည်နှင့်ကင်းကိုက်သော နေရာအား လိမ်းပေးပါ။ (တစ်နည်း)
- ခွေးလှေးယားသီး အစေ့ကို ကြီတ်၍ ကင်းကိုက်ခံရသော နေရာအား လိမ်းပေးပါ။ (တစ်နည်း)
- မန်ကျည်းရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- ငဖြူကြီးမြစ်ကို သွေး၍ ကင်းကိုက်ခံရသောနေရာအား လိမ်းပေးပါ။ (တစ်နည်း)
- တမာရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- ကင်းမြီးကောက်ကိုက်ပါက တမာပွင့်ကို ရူပေးပါ။ (တစ်နည်း)
- ကြေးဖလားကို ကင်းကိုက်ခံရသူကြားအောင် တီးပေးပါ။ (တစ်နည်း)

ကျပ်တီးနာပျောက် ဆေးနည်း
- လည်ပင်းတွင် အဖုအစေ့ ကလေးများအဖြစ် ပေါက်သော ကျပ်တီးနာကို မြန်မာကုက္ကိုစေ့ ကြိတ်၍ လိမ်းပေးပါ။

ကြွက်နို့ပျောက် ဆေးနည်း
- ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိပ်ကို ထုံးအနည်းငယ်ဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာတဖြည်းဖြည်းချင်း ချင်းတက်ဖြင့် ပွတ်ပေးပါ။ ကြွက်နို့် ပါသွားပါလိမ့်မည်။

ကိုယ်ရောင်ရောဂါပျောက် ဆေးနည်း
- ခံတက်ခေါက်၊ ဖျောက်ဆိတ်မြစ်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးကို အညီအမျှ သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
- နန်းလုံးကြိုင်မြစ်၊ ငရံ့ပတူမြစ်၊ ဘုမ္မရာဇာမြစ်၊ ပဲစင်းငုံမြစ်၊ ၎င်းဆေးလေးပါးကို တောအရက်ဖြင့် သွေးလိမ်းပေးပါ။ (တစ်နည်း)

ကျောပူခေါင်းပူထ ဆေးနည်း
- ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ရှိန်းခိုအနည်းငယ်ထည့်၍ ကြိတ်၍ အရည်ကို ငယ်ထိပ်မှနေ၍ အောက်သို့ လူးပေးပါ။

ကြက်မျက်သင့်ရောဂါပျောက် ဆေးနည်း
- ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)
- တမာရွက် သတ္တုရည် နှစ်ကျပ်ခွဲသားကို နံနက်စောစော နေ့စဉ်သောက်ပေးပါ၊ ရက်မကြာခင် ပျောက်ကင်းပါလိမ့်မည်။ (တစ်နည်း)
- လေညှင်းကို ဆိန်ကျင်ငယ်ရည်ဖြင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)

ကျင်ငယ်တစ်စက်တစ်စက်ကျရောဂါပျောက် ဆေးနည်း
- ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် သောက်ပါ။

ကျွဲအသားမာပျောက် ဆေးနည်း
- ထမင်းနှင့် ဆားကိုကြိတ်၍ မီးဖုန်ပြီး အုံထားပေးပါ။ (တစ်နည်း)
- ပြောင်းဖူးစေ့ကို ကြိတ်ပြီး အမူန့်လုပ်ပါ။ ၎င်းအမူန့်ကို ဆားအနည်းငယ်ထည့်၍ ဖျော်ပြီး လိမ်းပေးပါ။ အနာပေါ်တွင် ပိန်းရွက်အုံထားပေးပါ။ (တစ်နည်း)

ခရုသင်းပျောက် ဆေးနည်း
- ငှက်ပျောပင်၏ ပဉ္စငါးပါးအား ပြာချ၍ နနွင်းနှင့် လူးပေးပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်အရည်ကို မကြာခဏ လိမ်းပေးပါ။ (တစ်နည်း)

ခါးကိုက်ပျောက် ဆေးနည်း
- ၀ါးရွက်ကို ဟင်းချက်၍ သောက်ပါ။ (တစ်နည်း)
- ခါးကို ဆပ်ပြာရည်နှင့် နှိပ်နယ်ပေးပါ။ (တစ်နည်း)

ခူနာပျောက် ဆေးနည်း
- ဘူးရွက်နှင့် ထုံးဖြူကို အညီအမျှကြိတ်၍ ခူနာပေါ်မှာ အုံပေးပါ။ (တစ်နည်း)
- မြင်းချေး၊ ငရုတ်ကောင်း၊ ၎င်းဆေးနှစ်ပါးအား ညက်အောင်ကြိတ်ပြီး အုန်းဆီစစ်စစ်ဖြင့် ဖျော်၍ လိမ်းပေးပါ။ (တစ်နည်း)
- အုတ်ခဲအမူန့်ကို ဆီနှင့်နယ်ပြီး လုံး၍ ခူနာပေါ်မှာ လိမ်းပေးပါ။ (တစ်နည်း)
- သရက်ခေါက် လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး ကျင်ငယ်ရည်ထည့်၍ အနာကို လိမ်းထားပေးပါ၊ တစ်နေ့လျှင် အသစ် နှစ်ခါလောက် ပြောင်း၍ စိမ်ပေးပါ။ အပျောက်မြန်၏။ (တစ်နည်း)
- ညောင်ခေါက်ကို ရေနှင့်ညက်အောင်ကြိတ်ပြီး အနာကို အုံပေးပါ။ မှည့်စေလိုလျှင် ငါးပိထည့်၍ အုံပေးပါ။ မှည့်လွယ်ပြီး ခူနာ အပျောက်မြန်၏။ (တစ်နည်း)

ခေါင်းကိုက်ခဲပျောက် ဆေးနည်း
- မန်ကျည်းမှည့်ကို ဆားနှင့်နယ်၍ ရူပေးပါ။ (တစ်နည်း)
- အညာကုက္ကိုပွင့်ကို ရေနှင့်ကြိတ်ပြီး ဦးခေါင်းနှင့် နားထင်ကို လိမ်းပေးပါ။

ချောင်းဆိုး ရင်ကြပ်ပျောက် ဆေးနည်း
- ကျောက်ဖရုံမြစ်ကို အမူန့်ပြုလုပ်၍ ရေနွေးနှင့်သောက်ပါ။

ခံတွင်းပျက်ပျောက် ဆေးနည်း
- ငှက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပါ။

ခွေးရူးကိုက်နာပျောက် ဆေးနည်း
- ကြာစွယ်ကို လက်ဖက်ရည်နှင့် သွေး၍ သောက်ပါ။ (တစ်နည်း)
- ပဒိုင်းရွက် ငါးကျပ်သး၊ ဒုတ္ထာ တစ်ကျပ်သား၊ ၎င်းဆေးနှစ်ပါးကို ညက်စွာကြိတ်ပြီး ပဲကြီးစေ့ခန့် လုံးထားပါ။ လူကြီးကိုက်ခံရသော် တစ်လုံး၊ ကလေးကိုက်ခံရသော် တစ်ဝက်တိုက်ပါ။ အန်လျှင် ထန်းလျက်ကျွေးပါ။ (တစ်နည်း)
- ငရုတ်ကောင်း၊ မုရိုးမြစ်၊ ဘူးမြစ်၊ ခွေးတောက်မြစ်၊ ထင်းရူးသား ၎င်းတို့ကို ဆတူကြိတ်-ကြိတ်၍ တိုက်ပါ။

ချွေးငုပ်ပျောက် ဆေးနည်း
- ဧကရာဇ်မြစ်ကို ငါးပေါင်းကြော်လုပ်၍ စားပါ။ (တစ်နည်း)
- ကသစ်ပွင့်နှင့် တရုတ်စံကားပွင့်ကို လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)

ငါးခူငါးကျည်းစူးပျောက် ဆေးနည်း
- ငါးခူငါးကျည်းစူးပါက ဆီးဖြူသီးကို စားပေးပါ။

စိန်အဆိပ်ပျောက်ဖြေ ဆေးနည်း
- ကန်စွန်းရွက်ကို ကြက်ပြုတ်ရည်ဖြင့် ချက်၍စားပါ။ (တစ်နည်း)
- ရှားရွက်နှင့် ကန်စွန်းရွက် ချက်စားပါ။ (တစ်နည်း)
- ရှားစေးတစ်ကျပ်သားကို ရေနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)

ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် ဆေးနည်း
- ထန်းလျက်နှင့် ဇ၀က်သားဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။
- ခရုကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ။ ဆီးပူနာပျောက်၏။ (တစ်နည်း)
- ဆီးဖြူသီးကို တင်လဲနှင့်စားပါက ဆီးအောင့်ပျောက်ကင်း၏။ (တစ်နည်း)
- ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကရောဂါ ပျောက်၏။ (တစ်နည်း)
- ကြက်သားနှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
- ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)
- သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)
- ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။ (တစ်နည်း)
- ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်၏။ (တစ်နည်း)
- ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ၀အောင်စားပါ။ ဆီးချုပ်၊ ၀မ်းချုပ် ပျောက်ကင်း၏။ (တစ်နည်း)
- မြင်းခွာရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)
- ငုပင်၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။ (တစ်နည်း)
- ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
- ကြက်သွန်နီကို များများစားပေးပါ။ (တစ်နည်း)
- ထိကရုံးမြစ်ကို သွေး၍ သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
- ဆီးဖြူသီးအစေ့ကို စားပေးပါ။ (တစ်နည်း)
- တမာခေါက်ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ ဆီေးအာင့် ကျောက်တည် ပျောက်၏။
- ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်၏။ (တစ်နည်း)
- ဘူးသီးပြုတ်ကို များများစားပေးပါ။ (တစ်နည်း)
- ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ (တစ်နည်း)

ဆံပင်ကျွတ်ပျောက် ဆေးနည်း
- သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း၏။

ဆံပင်ပေါက် ဆေးနည်း
- သံပရာစေ့ကို ရေနှင့်ကြိတ်ပြီး နေ့စဉ်လိမ်ပေးပါ။

ဆံပင်နက် ဆေးနည်း
- တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီးချောမွတ်စေသည်။ (တစ်နည်း)
- မယားကြီးရွက်၊ ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကိုကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်ပေးပါ။ (တစ်နည်း)
- သူငယ်စာ ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။ (တစ်နည်း)
- မန်ကျည်းသီး ငါးကျပ်သား၊ ဆားငါးကျပ်သား၊ ပွေးကိုင်းရွက် ငါးကျပ်သား၊ သကြားတစ်ဆယ်ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။ (တစ်နည်း)
- သံချေး၊ မုယောပွင့်၊ ဆီးဖြူသီး ၎င်းတို့ကို အညီအမျှစု၍ ကြိတ်ပြီး သုံးရက်ခန့် လိမ်းပေးပါ။ (တစ်နည်း)
- မန်ကျည်းသီးအဆံကိုသွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။ (တစ်နည်း)
- ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။ (တစ်နည်း)
- ယမနေသီး အဆီကို နှာရူပေးလျှင် ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
- တမာသီးအဆံကို ကြိတ်မှန်ရွက်နှင့်ကြိတ်၍ နှာရူပေးပါက ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
- ဒါန်းကြီးရွက်နှင့် မဲနယ်ပင်ကို ကြိတ်၍ သတ္တုရည်ကို ဖြူသောဆံပင်အား လိမ်းပေးပါ။ (တစ်နည်း)
- ဒန္တသုခ ပင်လုံးပြုရည်ဖြင့် မကြာခဏ ခေါင်းလျှော်ပေးပါ။ ဆံပင်ဖြူပျောက်၍ ဘောက်ပါသေသည်။ (တစ်နည်း)

ဆံပင်ကောင်းရန် ဆေးနည်း
- တမာရွက်နှင့် ဆီးရွက်ကို ဆတူကြိတ်ပြီး အမူန့်ကို ခေါင်းမှာလိမ်းပေးပါ။ ဆယ့်နှစ်နာရီကြာလျှင် ဆေးကြောပေးပါ။ ဤနည်းအတိုင်း ရက်အနည်းငယ် ပြုလုပ်ပေးပါက ဆံပင်ကောင်း၍လာ၏။

ဆင်ခြေထောက်ရောဂါပျောက် ဆေးနည်း
- ငဖြူကြီးမြစ်ကို ဆန်ပုန်းရည်ဖြင့် သွေး၍ လူးပေးပါ။

ဆုံဆို့နာပျောက် ဆေးနည်း
- သင်္ဘောသီး အစိမ်ကို စားပေးပါ။ (တစ်နည်း)
- ငါးရန့်ပတူမြစ်ကို သွေး၍ လူးပေးပါ။ (တစ်နည်း)
- ကွမ်းသီးကိုကြိတ်၍ သုတ်လိမ်းပေးပါ။ (တစ်နည်း)

ဇက်လေးနာပျောက် ဆေးနည်း
- တမာခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ။

ညသေးပါရောဂါပျောက် ဆေးနည်း
- ကျီးအာသီး သတ္တုရည်ကို လက်ဖက်ရည်ဖွန်း တစ်ဝက်ခန့် ရက်အနည်းငယ် နေ့စဉ်ဆက်၍ သောက်ပါ။

ညောင်းကျရောဂါ ပျောက်ဆေးနည်း
- ကြောင်ပန်းရွက်ကိုပြုတ်၍ နွေးနွေးထားပြီး မကြာခဏသောက်ပါ။

ညှင်းပျောက်ဆေးနည်း
- ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)
- ကန့်ကိုရေနံဆီဖြင့်သွေး၍ ညအိပ်ရာဝင်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်း၏။ (တစ်နည်း)
- ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ (တစ်နည်း)
- လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။

တင်းတိတ်ပျောက် ဆေးနည်း
- ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် ပျောက်ကင်း၏။ (တစ်နည်း)
- လက်ပံပင်၏ဆူကို နို့ရည်နှင့်သွေး၍ တင်းတိတ်ရှိသော နေရာကို နေ့စဉ်ရက်ဆက် လိမ်းပေးပါက ရက်အနည်းငယ်အတွင်း ပျောက်ကင်း၏။ (တစ်နည်း)
- ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။ (တစ်နည်း)
- နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)
- ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။ (တစ်နည်း)
- သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
- ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။

ထိရှပွန်းပဲ့ခြင်းအနာပျောက် ဆေးနည်း
- ကိုယ်လက်အင်္ဂါ ထိရှိပွန်းပဲ့ခဲ့သော် တမာဆီကို လိမ်းပေးပါ။ (တစ်နည်း)
- နနွင်းနှင့် ကွမ်းစားထုံးကိုနယ်၍ အနာကိုထည့်ပေးပါ။ (တစ်နည်း)
- ခွေးသေးပန်းရွက်အရည်ကို ညှစ်၍ အနာကိုထည့်ပေးပြီး ပတ်တီးစည်းထားပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်အရည်ကိုညှစ်၍ ထည့်ပေးပါ။ (တစ်နည်း)
- ကုက္ကိုရွက်ကိုကြိတ်ညှစ်ပြီး သတ္တုရည်ကိုထည့်ပေး၍ ပတ်တီး စည်းထားပေးပါ။ (တစ်နည်း)

ဒူလာသွေးဝမ်းပျောက် ဆေးနည်း
- ငါးရှဉ့်ကို ဆီးဖြူသီးအခြောက်နှင့် ချက်၍စားပါ။

ဒူလာဝမ်းပိတ်တား ဆေးနည်း
- သံပရာရည်၊ ဆီ၊ ဆား ၎င်းဆေးသုံးပါးအား အညီအမျှ ရောစပ်၍ သောက်ပါ။

ဒူလာညောင်းညာကိုက်ခဲပျောက် ဆေးနည်း
- မြင်းခွာရွက် တစ်ဆယ်ကျပ်သား၊ သင်္ဘောဆီးဖြူမြစ် ငါးကျပ်သား၊ ၎င်းဆေးနှစ်ပါးအား သုံးခွက်တစ်ခွက်တင်ကျို၊ လက်ဖက်ရည် ဇွန်းဖြင့် တစ်နေ့သုံးကြိမ်သောက်ပါ။ (တစ်နည်း)
- ကုက္ကိုရွက်ကို အရည်ညှစ်၍ မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)
- ရှားစောင်း မြင်းနားရွက်အရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
- ရှားစောင်းလက်ပပ် သတ္တုရည်ကို မီးနွေးနွေးပြပြီး ညာဘက်နားကိုက်မူ ဘယ်ဘက်နားကိုထည့်၊ ဘယ်ဘက်နားကိုက်မူ ညာဘက်နားထဲသို့ ထည့်ပေးပါ။ လျင်မြန်စွာ ပျောက်ကင်းစေသည်။ (တစ်နည်း)
- ကြောင်ပန်းရွက်အရည်၊ နှမ်းဆီ၊ ပျားရည် ၎င်းဆေးသုံးပါးကို ဆတူရော၍ နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)

နားပြည်ယိုပျောက် ဆေးနည်း
- ငုရွက်၊ ကြောင်ပန်းရွက် ၎င်းဆေးနှစ်ပါးကို အရည်ညှစ်၍ နားကို ကျပ်ပေးပါ။ (တစ်နည်း)
- ကြောင်လျှာမြစ်ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးနှင့် ချက်ပါ။ ၎င်းကို နားထဲတွင် ကျပ်ပေးပါ။ (တစ်နည်း)
- တမာရွက်ကို ရေနှင့်ပြုတ်၍ နားကိုသန့်ရှင်းအောင် ဆေးကြောပေးပါ။ (တစ်နည်း)
- တမာဆီနှင့် ပျားရည်ရောပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
- ရှားစေးမူန့်ကို နားတွင်းသို့ အနည်းငယ် ဖြူးဖြူးထည့်ပေးပါ။ (တစ်နည်း)

နားလေထွက် ဆေးနည်း
- ကြောင်လျှာသီးနုနုကို သံပရာရည်လက်သုပ် လုပ်စားပါ။ (တစ်နည်း)
- ထောပတ်ကို မီးနွေးနွေးပြပြီး နားကျပ်ပေးပါ။ (တစ်နည်း)
- သစ်ကြံပိုးအဆီကို နားအတွင်းသို့ ကျပ်ပေးပါက နားအူ နားလေထွက် ပျောက်ကင်း၏။ (တစ်နည်း)

နို့နာပျောက် ဆေးနည်း
- နနွင်းနှင့် ခရုကို သွေးလိမ်းပါ။ (တစ်နည်း)
- လင်းလေနှင့် စပါးမြစ်ကို ကြိတ်၍အုံပေးပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်ကို ငါးကြင်းသားနှင့် ချက်၍စားပါ။ (တစ်နည်း)
- ဇရစ်ရိုးအရွက်များကို ဟင်းခါးချက်၍ စားပါ။ (တစ်နည်း)
- တမာရွက်ကြိတ်၍ နို့အုံကို လိမ်းကျံ အုံပေးပါ။ (တစ်နည်း)

မိခင်များနို့ထွက် ဆေးနည်း
- သင်္ဘောသီးအစိမ်းကို ဟင်းချက်၍စားပါ။ ရင်သားများတင်းမာလာပြီး နို့များထွက် စေသည်။

နှင်းခူပျောက် ဆေးနည်း
- ငါးခူခေါင်းကို ပြာကျအောင်မီးဖုတ်ပြီး ၎င်းပြာကို ရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ကနစို၊ ဆားခါး၊ မိတ်သလင် ၎င်းဆေးသုံးပါးအား အညီအမျှ စု၍ မီးဖုတ်ပြာချပါ၊ ၎င်းပြာကိုရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
- မဖောက်ထုံး သုံးကျပ်သား၊ တရော် ငါးကျပ်သာ၊ ရေနံချေး တစ်ဆယ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်နယ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ဘောင်မဘာရွက်၊ လောက်သေရွက်၊ ပဒိုင်းသီးရင့်ရင့် ၎င်းဆေး သုံးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးပြကာ လိမ်းပေးပါ။ (တစ်နည်း)
- ထိကရုံး ပဉ္စငါးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)
- သဘောင်္မယ်ဇလီရွက်ကို သံပရာရည်ဖြင့် ကြိတ်၍ လိမ်းပါး။ အနာကို ဖန်ရည်ဆေးပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် မှန်မှန်ပြုလုပ်ပေးပါ။ (တစ်နည်း)
- မြင်းချေးလေးကျပ်သား၊ ငရုတ်ကောင်း တစ်ကျပ်သား ၎င်းဆေးနှစ်ပါးအား မူန့်ပြုလုပ်၍ အုန်းဆီနှင့် လိမ်းပေးပါ။ (တစ်နည်း)
- ဂေါ်ဖီထုပ်အမြစ်ကို ပါးပါးလှီး၍ ခြောက်အောင် နေလှမ်းပါ။ အိုးတစ်လုံးတွင်ထည့်၍ ပြာချပါ။ ၎င်းပြာကို နံ့သာဖြူရည်နှင့်ဖျော်၍ တစ်နေ့ နှစ်ကြိမ်သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)

နှာပိတ်ပျောက် ဆေးနည်း
- ကြိတ်မှန်ရွက်ကို အရည်ညှစ်၍ မကြာခဏ ရူပေးပါ။ (တစ်နည်း)
- လက်ချားကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)
- ကုက္ကိုစေ့ကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)
- ရေနံကို ရူပေးပါ။ (တစ်နည်း)

နှာခေါင်းရောဂါပျောက် ဆေးနည်း
- တမာဆီကိုရူသော် နှာခေါင်း၌ဖြစ်သော ရောဂါပျောက်ကင်း၏။

နှာရည်ယိုပျောက် ဆေးနည်း
- တမာရွက်နှင့် စမုန်ဖြူကို ကြိတ်၍ နှာခါင်းနှင့် နားထင်တွင် လိမ်းပေးပါ။ (တစ်နည်း)
- ကြက်သန်နီကို ရူပေးပါ။ (တစ်နည်း)

နှာခေါင်းသွေးလျှံပျောက် ဆေးနည်း
- ဟင်းနုနယ်ရွက်ကို ညက်စွာကြိတ်ပြီး နှာခေါင်းမှစ၍ မျက်နှာ အထက်ပိုင်းကို လိမ်းကျံပေးပါ။ (တစ်နည်း)
- နွားချေးခြောက်ကို ရူပေးပါ။ (တစ်နည်း)

နားထိုင်း၊ နားပင်းပျောက် ဆေးနည်း
- စပါးကြီးသည်းခြေ၊ ဖားဆီ ၎င်းဆေးနှစ်ပါးကို ရောစပ်၍ ငှက်ခါးတောင်နှင့် ကျပ်ပေးပါ။ (တစ်နည်း)
- သင်္ဘောစေ့တစ်စေ့၊ ဆားတစ်ရွေးသား၊ လေးညှင်းတစ်ပွင့် ၎င်းတို့ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ရောစပ်ပြီး ကျပ်ပေးပါ။ (တစ်နည်း)

နားအူပျောက် ဆေးနည်း
- စပါးလင်ဆီ၊ ထောပတ်ဆီ တစ်ခုခုကို နားမှာ ကျပ်ပေးပါ။

နားကိုက်ပျောက်ဆေးနည်း
- ရှားစောင်းလက်ပပ်ကို မီးကင်၍ အရည်ကိုယူပြီး နားထဲသို့ ထည့်ပေးပါ။ မကြာခဏ ပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
- ကြက်သွန်နီကို ထုထောင်း၍ အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)

နူနာရေဂါပျောက် ဆေးနည်း
- ရှားပင်၏အမြစ်၊ အခေါက်၊ အရွက်၊ အသီး၊ အပွင့် ပဉ္စငါးပါးကိုကျို၍ လိမ်းခြင်း၊ သောက်ခြင်း၊ ရူခြင်းများပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
- ပိတောက်သား အနှစ်ကို ထုထောင်း၍ ရေစိမ်ထားပါ။ ၎င်းအရည်ကို စိပ်၍သောက်ခြင်းဖြင့် နူနာရောဂါကို ပျောက်ကင်းစေနိုင်သည်။ (တစ်နည်း)

နို့ပျဉ်းကျရောဂါပျောက် ဆေးနည်း
- ၀က်ချေးမနှဲပင်(တံမြက်စည်းပင်) အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ သုံးကြိမ်လိမ်းပေးပါ။

ပင့်ကူကိုက်ပျောက် ဆေးနည်း
- ဆန်လှော်ကို ၀အောင်စားပါ။ (တစ်နည်း)
- ကြခတ်ခါးစောင်းကို သွေး၍လူးပေးပါ။ (တစ်နည်း)

ပန်းနာပျောက် ဆေးနည်း
- လေးညှင်း နှစ်ကျပ်ရှစ်ပဲ၊ ကရဝေး နှစ်ကျပ်ရှစ်ပဲ၊ ၎င်းဆေးနှစ်ပါးကို အမူန့်ပြုလုပ်၍ ပျားရည်နှင့်ရောပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် ဆီးကင်းခန့်စားပါ။ (တစ်နည်း)
- ဆီးဖြူသီးကို စားပေးပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ၎င်းဆေးနှစ်ပါးအားဆတူ ရော၍ကြိတ်ပြီး အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို ဆားအနည်းငယ် ထည့်၍ လက်ဖက်ရည် အကြမ်းပန်ကန်တစ်ဝက်ခန့် သောက်ပါ။(တစ်နည်း)
- ချင်းသတ္တုရည် တစ်ဆယ်ကျပ်သား၊ ရှောက်ရည် တစ်ဆယ်ကျပ်သား၊ ဆားမီးဖုတ် ငါးကျပ်သား ၎င်းဆေးသုံးပါးအား သမအောင်ရောစပ်၍ နံနက်တစ်ကြိမ် ညတစ်ကြိမ် ကြွေးဇွန်းတစ်ဇွန်းခန့် သောက်ပေးပါ။ (တစ်နည်း)

ပွေးပျောက် ဆေးနည်း
- ငု၊ ရွှေဝါ အရွက်ကိုကြိတ်၍ အရည်ကို သံပရာရည်နှင့် ဖျော်၍လိမ်းပါ။ (တစ်နည်း)
- ကလောသီးတ်လုံးကို ထုံးဖြူတစ်ကျပ်သားနှင့်ရောကြိတ်၍ ရေနံချေးနှင့်ချက်ပြီး အနာကို လိမ်းပေးပါ။ (တစ်နည်း)
- ကြက်သွန်ဖြူ၊ ဥတစ်လုံ ခုနစ်တတ်၊ သင်္ဘောမယ်ဇလီ ခုနှစ်ရွက် ၎င်းဆေးနှစ်ပါးအား ကြိတ်၍ ခုနှစ်လုံး လုံးပါ။ တစ်နေ့ တစ်လုံးကျ စားသွားပါ။ (တစ်နည်း)
- ကြက်သွန်ဖြူ ဥတစ်လုံးကို ဖင်လှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ ပွတ်ပေးပါ။ (တစ်နည်း)
- သနပ်သီးအတွင်းမှ အဆံကိုကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
- သင်္ဘောသီးအစိမ်းမှ ထွက်လာသောအစေးကို လိမ်းပေးပါ။ (တစ်နည်း)

ဖျားပြီး အားနည်းရောဂါပျောက် ဆေးနည်း
- တမာခေါက်ကိုပြုတ်၍ သောက်ပေးပါ။ ဖျားပြီး အားနည်းရောဂါပျောက်၏။

ဖောရောင်ပျောက်ဆေးနည်း
- ကနဖော့ကို ပြုတ်၍စားပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
- စိန္နဘော် အရွက်ကိုပြုတ်၍ ရေချိုးပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပါ။ (တစ်နည်း)

မီးယပ်ငုပ်ပျောက် ဆေးနည်း
- ကြိတ်မှန်ရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်နှင့် ထန်းလျက်ကျို၍ ဆားအနည်းငယ်ထည့်ပြီး သောက်ပါ။ (တစ်နည်း)
- ဒန့်သလွန်မြစ်ကို ဆားနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)

မီးယပ် ခေါင်းကိုက်ပျောက် ဆေးနည်း
- ဒန့်သလွန်မြစ်၊ ငရုတ်ကောင်း၊ ပန်းနု၊ လင်းလေ၊ ကုက္ကိုခေါက် ၎င်းဆေးငါးပါးအား အမျှစီစုပြီး ကြိတ်၍ အမူန့်လုပ်ရူပါ။

မီးယပ် ဆေးနည်း
- နနွင်းကို ရေနှင့်ဖျော်ပြီး သမအောင်နယ်၍ ကိုယ်ကို လိမ်းကျံပါ။

မီးဖွားလွယ်ကူသော ဆေးနည်း
- ပေါက်ပန်းဖြူကိုင်ကို လက်ဝဲလက်ယာကိုင်ပါစေ။ (တစ်နည်း)
- လက်ပံမို့သီးကို သွေး၍ လိမ်းပေးပါက အပူသက်သာစေသည်။ (တစ်နည်း)
- ငှက်ပျောသီးအမှည့်ကို အုံပေးပါ။ (တစ်နည်း)
- ၀ါစေ့အဆံကိုကြိတ်၍ အုံပေးပါ။ အပူသက်သာစေ၍ အမြန်ပျောက်ကင်း၏။ (တစ်နည်း)

မီးလောင်နာပျောက် ဆေးနည်း
- လူတစ်ကိုယ်လုံး မီးလောင်ခဲ့သော် ငှက်ပျောရွက်ကိုခင်း၍ အုပ်ထားပါ။

မိတ်ပျောက် ဆေးနည်း
- ခရေပွင့်ခြောက်ကို သနပ်ခါးနှင့် သွေး၍ လိမ်းပေးပါ။

မက်ကလောင်နာ ဆေးနည်း
- အပူပြင်း၍ မျက်စိဝါခြင်း၊ မျက်လုံးမဖွင့်ခြင်းရှိသော် စအိုဝတွင် အပူကန်၍ အဖုကလေးများ ရှိလိမ့်မည်။ ၎င်းအဖုလေးများအား ဖောက်ပေးပြီး ကြက်ဟင်းခါးအရည်ဖြင့် သုတ်လိမ်းပေးပါ။

မျက်စိနာ ဆေးနည်း
- နှမ်းလှော်ကို ရှူပေးပါ။ (တစ်နည်း)
- မန်ကျည်းပင်၏ အခေါက်အား ဆားအနည်းငယ်ထည့်၍ သွေးပြီး မျက်စိအား ကွင်းလိမ်းပေးပါ။ (တစ်နည်း)
- တမာရွက်ကို အရည်ညှစ်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)
- ကင်းမုန်ရွက်ကို ကြိတ်နယ်၍ (နင်ကရေယုန်၊ ငါကကင်းမုန်ဟုဆိုကာ) ရေယုန်ပေါက်သော နေရာအား မကြာခဏပွတ်ပေးပါက ပျောက်၏။ (တစ်နည်း)
- မန်ကျည်းပနီမြစ်ကို ဆားနှင့်သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)
- အုန်းဆီကို ရေနှင့်ဖျော်ပြီး မကြာခဏ သုတ်လိမ်းပေးခြင်းဖြင့်လည်း ပျောက်ကင်း၏။ (တစ်နည်း)
- စစ်သိမ်မြစ်ကို ဆားနှင့်သွေး၍ မျက်စိကိုကွင်းလိမ်းပေးပါ။ (တစ်နည်း)

ရင်ဘတ်နာပျောက် ဆေးနည်း
- ငရုတ်ကောင်းကို ပြာချ၍ ပျားရည်နှင့် စားပါက ပျောက်ကင်း၏။ (တစ်နည်း)
- သံပရာသီးအစိမ်း အခွံကို စားပေးပါက လေနာ၊ ရင်ဘတ်နာ ပျောက်ကင်း၏။ (တစ်နည်း)

ရေငတ်ဝမ်းကျပျောက် ဆေးနည်း
- မန်ကျည်းဖျော်ရည်ကို သောက်ပေးပါ။ (တစ်နည်း)
- ဧကရာဇ်မြစ်ကို သွေး၍ ဆန်ဆေးရည်နှင့် ရောစပ်ပြီး ကြွေဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် တိုက်ပါ။ (တစ်နည်း)

ရေဖျဉ်းရောဂါပျောက် ဆေးနည်း
- ယမနေမြစ်ကို သွေး၍သောက်ပါ၊ ကိုယ်ကိုလည်း လိမ်းပေးပါ။ (တစ်နည်း)
- ပွေးကိုင်းရွက်နှင့် ဆီးဖြူသီးကိုကြိတ်၍ အရည်ကို တိုက်ပေးပါ။ (တစ်နည်း)
- ပုန်းရည်တစ်ကျပ်သား၊ ဆီနှစ်ကျပ်သား၊ ဆားငါးပဲသား၊ ၎င်းဆေးသုံးပါးအား ကြေးနီခွက်တွင်ထည့်၍ နေလှမ်းပြီး သုံးကြိမ်သောက်ပေးပါ။ (တစ်နည်း)
- ကုက္ကိုခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပေးပါ။ (တစ်နည်း)

ရေကျောက်ပျောက် ဆေးနည်း
- စောင်းလျားသီးအရည်ကို ညှစ်၍တိုက်ပါ၊ ရေကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ချိုးပေးပါ။

လိပ်ခေါင်းပျောက် ဆေးနည်း
- တရုတ်စံကားပင် အမြစ်ကို ကျို၍သောက်ပါ။ (တစ်နည်း)
- ၀က်သားတစ်ဆယ်ကျပ်သားနှင့် ဖန်ခါးသီး တစ်ဆယ်ကျပ်သားအားရောချက်၍ တစ်ထိုင်တည်း ၀အောင်စားပါ။ သုံးကြိမ်လောက် အနည်းဆုံး ချက်စားပါ။ (တစ်နည်း)

လေထိုးလေအောင့်ပျောက် ဆေးနည်း
- ခွေးတောက်ရွက်ကို ဟင်းခါးချက်၍ သောက်ပေးပါ။

လည်ပင်းကြီးရောဂါပျောက် ဆေးနည်း
- ကြက်သွန်ဖြူအဆီကို တစ်နေ့ နှစ်ကြိမ်သုံးကြိမ် တိုက်ကျွေးခြင်း၊ အနာကို လိမ်းပေးခြင်းများကို ပြုလုပ်ပေးပါ။ (တစ်နည်း)
- ဟင်းဂလားအရိုင်းပင်၏ အရွက်ကို ကြက်သွန်ဖြူဥတစ်လုံးနှင့် ကြိတ်ပြီး အပြားလုပ်ပါ၊ ၎င်းအပြားကို အနားမှာ ကပ်ပေးပါ။ နံနက် ကပ်လျှင် ညခွာပါ၊ ညကပ်လျှင် နံနက်ခွာပါ၊ နေ့စဉ်ပြုလုပ်ပေး၍ ရက်အနည်းငယ် ကြာသောအခါ နုလျှင်ပိန်ပြီး၊ ရင့်လျှင်ပြည်ပေါက်၍ ပျောက်ကင်းပါသည်။

ဝဲပျောက် ဆေးနည်း
- ကြက်သွန်ဖြူကိုကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)
- ဘုမ္မရာဇာမြစ်ကိုသွေး၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)
- တမာရွက်ကိုကြိတ်၍ ဒိန်ချဉ်နှင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ကင်ပွန်းသီး လေးပဲသား၊ ကွမ်းသီးကြက်ချေး တစ်ကျပ်သား၊ လေးညှင်း တစ်ကျပ်သား၊ ဆေးဒါန်း တစ်ကျပ်သား၊ ကင်ပွန်းသီး၊ ကွမ်းသီး၊ လေးညှင်း ၎င်း ဆေးသုံးပါးအား ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်ပါ။ ၎င်းဆေးအားလုံးကို ရောစပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါက ၀ဲစိုဝဲခြောက်ကို ပျောက်ကင်း၏။ (တစ်နည်း)
- ထိကရုံး ပဉ္စငါးပါးအား အခြောက်လှန်း၍ပြာချပြီး ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ခရမ်းချဉ်ပင် ပဉ္စငါးပါးအား အခြောက်လှန်း ပြာချ၍ ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)

ဝက်ခြံပျောက် ဆေးနည်း
- ကွမ်းစားထုံးကို အုံပေးပါ။ ရောင်လျှင် ဇာတိပ္ပိုလ်သီးကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)
- ဆေးမြင်းခွာကို ဆန်ဆေးရည်ဖြင့် ကြိတ်၍ တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)
- ကွမ်းစားထုံးကို သြဇာစေ့နှင့်ကြိတ်၍ အနာထိပိကို အုံပေးပါ။ (တစ်နည်း)
- ငရုတ်ကောင်းဂေါ်ရဇင်းနှင့် ကြိတ်၍ ၀က်ခြံရှိသော နေရာတွင် လိမ်းပေးပါ။ (တစ်နည်း)
- သံပရာရည်နှင့် ဇ၀က်သားကိုရောစပ်၍ ၀က်ခြံရှိသော နေရာတွင် လိမ်းကျံပေးပါ။ (တစ်နည်း)
- ကသစ်ဆူးကို သွေး၍ ၀က်ခြံရှိသောနေရာကို လိမ်းပေးပါ။ (တစ်နည်း)
- လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ၀က်ခြံ၊ တင်းတိတ်တို့ ပျောက်ကင်း၏။ (တစ်နည်း)
- ညောင်ကြပ်ညွှန့်ကို ပဲပိစပ်နှင့် ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ကြက်ဆူရွက်အရည်ကို ဘူးစေ့နှင့်ကြိတ်၍ လိမ်းပေးပါ၊ ၀က်ခြံ၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)
- ရွှေဖရုံသီးအညျာကို ဆန်ဆေးရည်နှင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

ဝမ်းကိုက်ပျောက် ဆေးနည်း
- ငုရွက်ကို ဟင်းချက်စားပါ။ ကြော်စားပါ။ (တစ်နည်း)
- ချင့်ချိန်၍ သောက်ပါ။ (တစ်နည်း)
- ချင့်ချိန်၍ စားပါ။ (တစ်နည်း)
- ဆားပုတ်တစ်ကျပ်သား၊ ဆားခါးတစ်ကျပ်သား၊ မနကျည်းမှည့် ငါးကျပ်သား ၎င်းဆေးသုံးပါးအား ရောနယ်၍စားပါ။ (တစ်နည်း)
- ငရုတ်ကောင်း တစ်ဆ၊ ချင်းခြောက် နှစ်ဆ၊ လက်ထုပ် ခေါက်လေးဆ ၎င်းဆေးများကို တင်လဲဟောင်းနှင့် ရောနုယ်၍စားပါ။ (တစ်နည်း)
- ရှားစေး တစ်ပဲသား၊ ကွမ်းရွက် ဆယ်ရွက်၊ ကြောင်ပန်းရွက် လက်တစ်ဆုပ် ၎င်းဆေးသုံးပါးအား သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။ (တစ်နည်း)
- မြန်မာလက်ဖက်ခြောက် တစ်ကျပ်သား၊ သကြားတစ်ကျပ်သား၊ ဆီးဖြူသီး တစ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်၍ ကိုးလုး လုံးပါ။ တစ်နေ့သုံးလုံး သောက်ပါ။ သုံးရက်ကြာလျှင်လည်း ပျောက်ကင်း၏။ (တစ်နည်း)

သွေးဝမ်းသွားပျောက် ဆေးနည်း
- ဗာဒံရွက်ကို ကြက်သွန်ဖြူနှင့် ကြော်၍စားပါ။ (တစ်နည်း)
- မန်ကျည်းပွင့်နှင့် ထန်းလျက်ကို ရော၍စားပါ။ (တစ်နည်း)
- ယမနေသီးကို ပြုတ်၍သောက်ပါ။ (တစ်နည်း)

သွေးသန့်၍ အားရှိစေသော ဆေးနည်း
- တမာစေးကို သောက်ခြင်းအားဖြင့် သွေးများသန့်ရှင်းစေပြီး ရက်အနည်းငယ် စွဲသောက်ပါက ကိုယ်အားရှိ၍ လာ၏။

သွေးမစင်ကြယ်မူပျောက် ဆေးနည်း
- တမာခေါက်ကို ရေစိမ်၍ သောက်ပါ။ သွေးမစင်ကြယ်မူ ကင်းဝေးပြီး အဖုအနာများလည်း ပျောက်ကင်းစေသည်။

သွက်ချာပါဒရောဂါ ပျောက်ဆေးနည်း
- တမာဆီကို သွက်ချာပါဒ ရှိသူ၏ အင်္ဂါကြီးငယ်တို့အား လိမ်းကျံပေးခြင်းအားဖြင့် တဖြည်းဖြည်းပျောက်ကင်း၏။

သွားခိုင် ဆေးနည်း
- ရှားစေးကို အမူန့်ပြုလုပ်ပြီး သွားတိုက်ပါ။

သွားနာသွားကိုက်ပျောက် ဆေးနည်း
- ခွေးသေးပန်းရွက် အပင် ပဉ္စငါးပါးကို ကျိုက်ကျိုက်ဆူအောင်ပြုတ်၍ ခပ်နွေးနွေးကို ငုံပေးပါ။ ပိုကိုက်လျှင် မကြောက်ပါနှင့်၊ မကြာခဏ ငုံပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
- လက်ပံစေးနှင့် ရှားစေးကို ဆတူရောပြီး အမူန့်ပြုလုပ်၍ သွားနာ၊ သွားကိုက်သောနေရာအား သိပ်ပေးပါ။ (တစ်နည်း)
- တမာရွက်၊ တမာခေါက်တို့ကို ဆူအောင်ပြုတ်ပြီး ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)
- တမာရွက်အကြေမ်းကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလပ်ပါ။ ၎င်းကို သွားနာ သွားကိုက်သော နေရာများတွင် သိပ်ပေးပါ။ (တစ်နည်း)
- မရိုးစေနှင့် နှမ်းဆီရောစပ်၍ သွားကို သိပ်ပေး လိမ်းပေးပါ။ (တစ်နည်း)
- ကြက်ဥခွံ၊ ခဲပုတ် ၎င်းနှစ်မျိုးကို ထောင်း၍ သွားနာ၊ သွားကိုက် သိပ်ပေးပါ။ (တစ်နည်း)
- ကွမ်းသီးကြက်ချေးကိုပြာချ၍ ကျောက်ချဉ်ရှားစေးတို့ဖြင့် အမူန့်ပြုလုပ်ပြီး သိပ်ပေးပါ။ (တစ်နည်း)
- ထနောင်းခေါက်ကို ပြုတ်၍ ၎င်းအရည်ကို မပူမနွေး ငုံပေးပါ။ (တစ်နည်း)
- ခရေပွင့်အစိုကိုကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)
- ကုက္ကိုစေ့သုံးမတ်၊ ငရုတ်ကောင်းစေ့ သုံးမူး ၎င်းဆေးနှစ်ပါးကို ရောစပ်ကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)
- လေးညှင်းပွင့်၊ လေးညှင်းဆီ ရရာကို သွားနာ သွားကိုက်သောနေရာတွင် သိပ်ပေးပါ။ (တစ်နည်း)
- ပိတောက်ရွက်ကို ပြုတ်၍ ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)
- ခရမ်းကဆော့ပင်မြစ်ကို သွေး၍ သိပ်ပေးပါ။ (တစ်နည်း)
- လင်းလ၊ ငရုတ်ကောင်း၊ ချီးသီးအမျှစီကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
- သံပရာရွက်ကိုပြုတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)
- ကနစိုအဆံကိုကြိတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)
- စမုန်နက်နှင် ယမ်းစိမ်းကို အမျှစီကြိတ်၍ သိပ်ပေးပါ။ ရေနွေးဖြင့် ပလုပ်ကျင်းပါ။ (တစ်နည်း)
- ကွမ်းစားထုံးနှင့် အိမ်သုံးနနွင်းကို သမအောင်ရောစပ်၍ ကိုက်သော သွားပေါက်ထဲသို့ သိပ်ထည့်ပေးပါ။(တစ်နည်း)

သွေးဖျင်းဖုနာ ဆေးနည်း
- တမာခေါက်ကိုသွေး၍ အနာပေါ်တွင် ထူထူလိမ်းကျံပေးပါ။

သားဖွားမြန်စေရန် ဆေးနည်း
- တမာမြစ်ကို သားဖွားသောမိန်းမ၏ ခါး၌ချည်ထားပေးခြင်းဖြင့် လွယ်ကူစွာသားဖွားစေနိုင်သည်။ သားဖွားပြီးလျှင် ပြီးချင်း ဖြုတ်ပေးပါ။

သွေးထွက်သံယိုပျောက် ဆေးနည်း
- ထုံးကိုနနွင်းနှင့်ရောစပ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)
- ကုက္ကိုရွက်ကို ကြိတ်၍ သွေးထွက်၍ ဒဏ်ရာရရှိသော နေရာတွင် သိပ်ပေးပါ။ (တစ်နည်း)
- ခွေးသေးပန်းရွက်ကို ကြိတ်၍ သွေးထွက်သော ဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်ကိုကြိတ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)

သွေးအန်ရောဂါပျောက် ဆေးနည်း
- ကျောက်ဖရုံသီးကိုကြိတ်၍ အရည်ညှစ်ပြီး သောက်ပေးပါ။

သွေးတက်ရောဂါပျောက် ဆေးနည်း
- သားသည်မိခင်များ သွေးထွက်လျှင် နနွင်းမိုင်းကို ရူပေးပါ။

သံကျ ဆေးနည်း
- လင်းလေးနှင့် ရှိန်ခိုးကိုရောကြိတ်ပြီး ၀မ်းဗိုက်ကိုသုတ်လိမ်းပေးပါ။ အောက်သို့ သပ်ချ၍ လိမ်းပေးပါ။ (တစ်နည်း)
- နကျယ်ကောင်နေသော နကျယ်အုံကိုရေစိမ်၍ အပေါ်ရေကြည်စစ်၍ တိုက်ပါ။ (တစ်နည်း)
- မဖောက်ထုံး၊ ဆေးရွက်ကြီး၊ ရှိန်ခိုး ၎င်းဆေးသုံးပါးကို ကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး ၀မ်းဗိုက်ပေါ်မျာ လိမ်းပေးပါ။ (တစ်နည်း)
- သင်္ဘောသီအစေ့ကို ထန်းလျက်နှင့်နယ်ပြီး စားပါ။ (တစ်နည်း)
- နာနတ်သီးကို ပျားရည်နှင့်လူး၍ စားပါ။ (တစ်နည်း)
- ကြက်ဟင်းခါးရွက် အရည်ကို ညှစ်၍သောက်ပါ။ (တစ်နည်း)
- နာနတ်ရွက် သတ္တုရည်ကို သောက်ပါ။ (တစ်နည်း)
- ဂန့်ဂလာပင်ကိုကြိတ်၍ သတ္တုရည်ကိုသောက်ပါ။ (တစ်နည်း)
- ဘောစကိုင်းရွက်ကိုပြုတ်၍ ပါးပါးလှီးပြီး လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)

သမင်ဖြူနာပျောက် ဆေးနည်း
- ကြက်သွန်ဖြူကို နေ့စဉ် စားသုံးပေးပါ။ (တစ်နည်း)
- နနွင်းခါးနှင့် ပျားရည်ကို ရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့် နေ့စဉ်သုံးပေးပါ။ (တစ်နည်း)
- တောင်ဆီးဖြူပင် ပဉ္စငါးပါးကို သံးခွက်တစ်ခွက်တင်ကျို၍ သောက်ပေးပါ။ (တစ်နည်း)
- ခရာမြစ်ကိုသွေးပြီး ဆားအနည်းငယ်ထည့်၍ သောက်ပါ။ (တစ်နည်း)
- မြန်မာနှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍ ရေနွေးပူပူတွင် ခပ်၍သောက်ပါ။ နေ့စဉ် သောက်ခြင်းဖြင့် ရက်မကြာခင် ပျောက်ကင်း စေ၏။ (တစ်နည်း)

သွေးစုနာပျောက် ဆေးနည်း
- ပျားရည်နှင့် သံပုရာရည်ဆတူရော၍ သောက်ပေးပါ။

အဖျားဖြတ်ဆေးနည်း
- ကြက်သွန်နီကိုခွဲပြီး ရှိန်းခိုးသွပ်၍ မီိးကပင်စားပါ၊ အဖျားပြတ်၏။(တစ်နည်း)
- ကြိတ်မှန်ရွက် သုံးဇွန်း၊ ရေနွေး သုံးဇွန်း၊ ပျားရည် နှစ်ဇွန်း ၎င်းဆေးသုံးပါးကို သမအောင်မွှေပြီး အဖျားမတက်မီ ကြိုတင်တိုက်ပါ။

အဖျားဝမ်းသက် ဆေးနည်း
- နာတာရှည်အဖျား ၀မ်းသက်ရှိသူကို တမာခေါက်ကိုပြုတ်၍ ၎င်းအရည်ကို တိုက်ပါ။

အဖျားနာတာရှည်ပျောက် ဆေးနည်း
- နာတာရှည်အဖျားရှိသူသည် အဖျားတငွေ့ငွေ့ တက်နေပါက တမာရွက်ပြုတ်ရည်ကို တိုက်ပေးခြင်း၊ တမာပင်အောက်မှာနေခြင်းများ ပြုလုပ်ပေးပါ။

အနာပဆုပ်ပျောက် ဆေးနည်း
- ပဆုပ်ပနီအုံကို မီးနှင့် ကျွမ်းအောင်လှော်၍ ဆီနှင့်ပြန်ချက်ပါ။ ၎င်းကို လိမ်းပေးပါ။ (တစ်နည်း)
- သနပ်ခါး၏ အမြစ်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
- ဆီးဖြူသီးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- ထိကရုံးပဉ္စငါးပါးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)

အနာဝင်ပျောက် ဆေးနည်း
- ထန်းလျက်၊ ကြက်ချေးခြောက်၊ ဆေးတံဆေး ၎င်းဆေးသုံးပါးအား အညီအမျှကြိတ်၍ အနာဝချန်ပြီး ကွင်း၍ အနာကို လိမ်းပေးပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်ကို ထန်းလျက်နှင့် ဂုံညင်းဆံ သင့်ရုံထည့်ပြီး သောက်ပါ။ (တစ်နည်း)

အနာပျက်ရောဂါပျောက် ဆေးနည်း
- ဆေးကုသ၍မရသော အနာဟောင်း အနာပျက်များကို တမာရွက်ကိုကြိတ်ပြီး အနာကိုကပ်၍ ပတ်တီးစည်းထားပေးပါက ပျောက်၏။ (တစ်နည်း)
- အနာရောဂါရှိသူမျာျး၏ အိမ်တံခါး၊ အိမ်ပေါက်ဝများတွင် တမာရွက်၊ တာမကိုင်းများ ချိတ်ဆွဲထားပေးပါ။ (တစ်နည်း)

အနာစက်ရောဂါပျောက် ဆေးနည်း
- တမာရွက် တမာခေါက်များကို ပြုတ်၍ အနာကို ဖန်ရည် မကြာခဏ ဆေးပေးပါ။

အနာနှင့် အရိုးပုပ်ပျောက် ဆေးနည်း
- တမာရွက်ကို ထောပတ်နှင့်ရောပြီး ကြော်၍ကြိတ်ပါ။ ၀ါဂွမ်းနုနုဖြင့်တို့ပြီး အနာနှင့် အရိုးပုပ်နာများကို ထည့်ပေးပါ။ (တစ်နည်း)

အနာစိမ်းပျောက် ဆေးနည်း
- တမာရွက်ပြုတ်ရည်နှင့် အနာကို ဖန်ရည်ဆေးပြီး တမာဆီကို ထည့်ပေးပါ။ (တစ်နည်း)
- ခွေးထောက်ရွက်ကို မီးကင်၍ မကြာခဏ ကပ်ပေးပါ။ (တစ်နည်း)

အနာပေါက်ပျောက် ဆေးနည်း
- ထုံးနှင့် နနွင်းကို ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ဖလံတောင်ဝှေးအရွက်ကို မီးကင်ပြီး ကပ်ထားပေးပါက အနာနုလျှင် ပိန်သွားပြီး ရင့်လျှင် ပြည်များပေါက်၍ ပျောက်ကင်းပါမည်။ (တစ်နည်း)

အနာကျက် ဆေးနည်း
- ရှားစေးကို ပျားဖယောင်းနှင့်ရော၍ အနာပေါ်သို့ ကပ်ထားပေးခြင်းဖြင့် အနာ အမြန်ကျက်စေသည်။ (တစ်နည်း)
- တမာရွက်ပြုတ်ရည်ကို ပျားရည်နှင့် ရောစပ်၍ လိမ်းပေးပါက လျင်မြန်စွာ အကျက်မြန်သည်။

အရူးရောဂါပျောက် ဆေးနည်း
- နေ့စဉ် နံနက်စောစော တမာစေ့ နှစ်ကျပ်လေးပဲသားကို ရေစိမ်သောက်ခြင်းအားဖြင့် အရူးရောဂါ ပျောက်ကင်းစေပါသည်။

အရေပြားရောဂါ ပျောက်ဆေးနည်း
- တမာရွက်နုနု ဆယ့်နှစ်ပဲသားကို ကြိတ်၍ ရှာလပတ်ရည် ပြုလုပ်၍ နေ့စဉ်သောက်ပါ။ နှစ်ပတ်ကြာသော် ထူးခြားစွာ သက်သာပျောက်ကင်း၏။ (တစ်နည်း)
- တမာဆီကို ကိုယ်တွင် လိမ်းကျံပေးပါ။ (တစ်နည်း)

အနာပြည်ယိုပျောက် ဆေးနည်း
- အနာများ၌ ပြည်များထွက်၍ ယိုစီးပြီး မပျောက်ရှိခဲ့သော် တမာခေါက်ကို ပြာချ၍ လိမ်းပေးပါ။ (တစ်နည်း)
- ထန်းနို့ခြောက်ကို ပြာချ၍ အုန်းဆီနှင့်ဖျော်၍ လိမ်းကျံပေးပါ။

အနာပြည်ပေါက် ဆေးနည်း
- နွားချေးနှင့် ထန်းလျက်ကိုကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- သင်္ဘောကုက္ကိုခေါက်ကို သွေး၍ အနာပေါ်သို့ လိမ်းပေးပါ။ (တစ်နည်း)
- ကွမ်းရွက်ကို မီးကင်၍ အနာပေါ် ကပ်ထားပေးပါ။ (တစ်နည်း)

အဆိပ်မမိရန် ဆေးနည်း
- နေ့စဉ် နံနက်စောစော တမာရွက် လက်တစ်ဆုပ်ကို ၀ါးပေးပါက ကိုယ်၌ အဆိပ်ရောဂါ မမိနိုင်။

အဆိပ်ဖြေ ဆေးနည်း
- ကြွက်၊ ကင်း၊ ပုရွက်ဆိန်နီများ စသည့် အဆိပ်ရှိသော သတ္တ၀ါးများကိုက်ပါက ကိုက်သောနေရာကို သလဲရွက်ကြိတ်၍ ပွတ်ပေးပါ။ (တစ်နည်း)
- သင်္ဘောမယ်ဇလီရွက်ကို အဆိပ်ရှိသော သတ္တ၀ါကိုက်သည့် နေရာတွင် ပွတ်ပွတ်ပေးပါ။ (တစ်နည်း)
- သံပုရာသီးအရည်ကို သကြားအနည်းငယ် ထည့်၍သောက်ပါက ဘိန်း၊ အရက်မှဖြစ်သော အဆိပ်၊ အစာမှဖြစ်သော အဆိပ်၊ မြွေဆိပ်-ကင်းဆိပ်တို့ ပျောက်ကင်း၏။ (တစ်နည်း)
- တမာရွက်ရည်၊ မုန်ညင်းဆီ၊ ရေ-၎င်းဆေးသုံးပါးကိုချက်၍ အဆိပ်ရှိသော အနာကို လိမ်းပေးပါ။ (တစ်နည်း)
- ကုက္ကိုရွက်အပွင့်၊ အသီး၊ အခေါက်၊ အမြစ် ပဉ္စငါးပါးကို ကြိတ်၍သောက်ပါ၊ မျက်စဉ်းခတ်ပါ။ ရူပါ၊ အဆိပ်ရှိသောအနာကို လိမ်းပါ။ (တစ်နည်း)
- ကျောက်ချဉ်ကို သွေး၍လိမ်းပါ။ (တစ်နည်း)
- ချင်းခြောက်ကို အမူန့်ပြုလုပ်၍ စားပါ။ (တစ်နည်း)

အကြိတ်နာပျောက် ဆေးနည်း
- အကြိတ်နာများ ပေါ်ထွက်လာပါက နနွင်းနှင့် ထုံးကို ရောစပ်၍ လိမ်းပါ။

အကွက်ထခြင်းပျောက် ဆေးနည်း
- ကိုယ်တွင်း အကွက်ထခြင်းနှင့်အခြား ကိုယ်ရေပြားရောဂါများဖြစ်ပါက တမာရွက်ကိုကြိတ်၍ အရည်ကိုပွတ်လိမ်းပါ။

အဖုအကျိတ်ရောင်ပျောက် ဆေးနည်း
- ကိုယ်တွင် အဖုအကျိတ်များ ရောင်တင်းနေပါက တမာဆီကို လိမ်ပေးပါ။

အဆစ်အမြစ်ကိုက်ပျောက် ဆေးနည်း
- တမာအတွင်းသားအခေါက်ကို ရေနှင့်ပျစ်ပျစ်သွေး၍ လိမ်းပေးပါက မကြာခဏ လိမ်းပေးခြင်းအားဖြင့် ပျောက်ကင်း၏။ (တစ်နည်း)
- ပင်လယ်ကသစ်ပင် ပဉ္စငါးပါးကို နုပ်နုပ်စဉ်း၍ တောအရက်နှင့် စိမ်ပြီးလိမ်းပါ။ (တစ်နည်း)
- ရှောက်ရည်နှင့် ဓာတ်ဆီ ရောစပ်၍ လိမ်းပါ။ (တစ်နည်း)

အဖောအရောင်ပျောက် ဆေးနည်း
- ကြောင်ပန်းရွက်၊ သက်ရင်းကြီးရွက်၊ သက်ရင်းကြီးမြစ် ၎င်းဆေးသုံးပါးကိုကြိတ်၍ အရည်ကိုသောက်ပါ။ (တစ်နည်း)
- သင်္ဘောကုက္ကိုခေါက်နျင့် နနွင်းတက်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
- ဒါန်းကြီးရွက်ကို အရည်ညှစ်၍ လိမ်းပေးပါ။ (တစ်နည်း)
- သက်ရင်းကြီးမြစ်ကို သွေးပါ။ ရသောအရည်နှင့် ကြောင်ပန်းရွက်အရည် ရောစပ်၍ သောက်ပါ။ (တစ်နည်း)
- ကနဖော့ ပဉ္စငါးပါးကိုပြုတ်၍ ရေချိုးပါ။ (တစ်နည်း)
- နှမ်းဖတ်ကို ညက်စွာထောင်းပြီး ထန်းဖို ထန်းလျက်နှင့် ရော၍စားပါး။ (တစ်နည်း)

အနာဝင်ပျောက် ဆေးနည်း
- ကြက်သွန်ဖြူ ဥတစ်လုံကို ငရုတ်ကောင်း ခုနှစ်စေ့ဖြင့် ညက်စွာကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- အနာရှိသူ ညှော်မိ၍ ဇက်၊ ခါး တောင့်တင်းပြီး အနာဝင်နေပါက အုန်းရည်တွင် ငရုတ်ကောင်းမူန့် အနည်းငယ်ထည့်၍ ၀မ်းထဲရောက်အောင် တိုက်ပါ။ တဖြည်းဖြည်း ပျောက်ကင်းပါလိမ့်မည်။

အနာညှော်ဝင်ပျောက် ဆေးနည်း
- ကြက်င်းခါးအရွက်ကို ညှော်ဝင်၊ ညှော်မိသော အနာအား လိမ်းပေးပါ။

အပူလောင်နာပျောက် ဆေးနည်း
- ကွမ်းရွက်ကို သကြားနှင့်ရောစိပ်၍ ကြိတ်ပြီး အုံပေးပါ။

အူကျရောဂါပျောက် ဆေးနည်း
- ကြက်သွန်နီ ဥတစ်လုံကို ပါးပါးလှီး၍ သကြားတစ်ဖွန်းခန့်ဖြင့် ရေစိမ်ပါ။ တစ်ညခန့်စိမ်ပြီး သောက်ပါက ပျောက်၏။

အသည်းရောင် အသားဝါပျောက် ဆေးနည်း
- ငုပင်၏ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ ပျောက်ကင်း၏။ (တစ်နည်း)
- ကြက်မောက်ဆူပင်၏ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။

အနာပိုးကျပျောက် ဆေးနည်း
- အနာအတွင်းသို့ ပိုးလောက်များကျလာပါက တမာရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပြီး ဆေးရွက်ကြီးကိုပြာချ၍ သိပ်ပေးပါ။

အရိုးဆက်နည်း
- မြင်းခွာရွက်၊ မိတ်သလင်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးအား ဆတူရောကြိတ်၍ ကျိုးသောနေရာတွင် ကပ်၍ ပတ်တီးစည်းထားပေးပါ၊ အရိုးပြန်ဆက်၍ ပျောက်ကင်း၏။

အသံဝင်ပျောက် ဆေးနည်း
- ကင်ပါန်းသီးတစ်တောင့်ကို မီးကျွမ်းအောင်ဖုတ်ပါ၊ ဆားမီးဖုတ်နှင့်ရောစပ်၍ ပျားရည်နှင့်ဖျော်ပြီး စားပါ။

အသားမာပျောက် ဆေးနည်း
- သွတ်ကြီးမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ အသားမာရှိသောနေရာကို မကြာခဏ လိမ်းပေးပါ။

အဆစ်ရောင်ရောဂါပျောက် ဆေးနည်း
- ကသစ်ရွက်ကို ကြိတ်၍ လိမ်းပေးပါက ပျောက်၏။

အမွေးကျွတ်စေသော ဆေးနည်း
- ဆေးဒန်းနှင့် ကန့်ကိုကြိတ်၍ နာနတ်သီးမှည့် အရည်ဖြင့် ရောစပ်ပြီး လိမ်းပါ။ (တစ်နည်း)
- ကွမ်းသီးပင်မှ အရွကို ကန့်နှင့်အတူကြိတ်၍ လိမ်းပေးပါက အမွှေးဟူသမျှ ကျွတ်၏။ (တစ်နည်း)
လူတိုင်းလူတိုင်း ကြီးပွားချမ်းသာလိုစိတ် ရှိကြသည်။ ကြီးပွားချမ်းသာစေနိုင်သော စွမ်းရည်သတ္တိတွေလည်း များစွာရှိကြသည်။
ကြီးပွားချမ်းသာရေးအတွက် မိမိတို့ကြားဖူးနားဝရှိသမျှနှင့် နေ့မအားညမအား လုပ်ကိုင်ကြသော်လည်း လုပ်သလောက် အကျိုးမခံစားကြရပေ။
နည်းမှန်လမ်းမှန် မရှိခြင်းကြောင့် မဟုတ်၊ မသိခြင်းကြောင့်သာ ဖြစ်ပေသည်။
သုတေသီဇေယျာမင်း၏ မြန်မာ့ဆေးမှီးတိုများ စာအုပ်မှ ကောက်နုတ်တင်ပြပေးထားသည်။

၉-တိုင်း ၉-ဌာနတို့သို့ သာသနာပြု စေလွှတ်တော်မူခြင်း

အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်သည် ၀ါဒမျိုးစုံ ရူပ်ထွေးနေသည့် မိစ္ဆာဝါဒ သာသနာ့အညစ်အကြေးတို့ကို ဆေးကြောသုတ်သင်တော်မူကာ သံဂါယနာတင် သန့်စင်စေတော်မူပြီးနောက် သာသနာတော်၏ အနာဂတ် အရေးကို မြှော်တွေးတော်မူကာ သာသနာတော်သည် မဇ္ဈိမဒေသ ပြင်ပနိုင်ငံများ၌ ထွန်းကားမည်ကို အနာဂတံသဉာဏ်တော်ဖြင့် သိမြင်တော်မူသည်။ သို့ဖြစ်၍ သာသနာပြုနိုင်မည့် စွမ်းရည်ရှိတော်မူကြကုန်သော ရဟန္တာမထေရ်ကြီးတို့ကို ရွေးချယ်တော်မူ၍ အသောကမင်းကြီးနှင့် တိုင်ပင်ကာ အောက်ပါ ၉-တိုင်း ၉-ဌာနတို့သို့ သာသနာပြု စေလွှတ်တော်မူသည်။

၉-တိုင်း ၉-ဌာန


(၁) မဇ္ဈန္တိကမထေရ် အမှူးရှိသော သာသနာပြုများကို ကသ္မိရဂန္ဓာရတိုင်းသို့လည်းကောင်း၊

(၂) မဟာရေ၀တမထေရ် အမှူးရှိသော သာသနာပြုများကို မဟိံသကမဏ္ဍလ (မိုက်ဆိုးပြည်နယ်) သို့ လည်းကောင်း၊

(၃) ရက္ခိတမထေရ်အမှူးရှိသော သာသနာပြုများကို ဒက္ခိဏပထတောင်ပိုင်း ၀န၀ါသီ (မလဗာနယ်) သို့ လည်းကောင်း၊

(၄) ယောနကဓမ္မရက္ခိတမထေရ် အမှူးရှိသော သာသနာပြုများကို အပရန္တ (ဣန္ဒိယအနောက်ပိုင်း ကောဇနယ်) သို့ လည်းကောင်း၊

(၅) မဟာဓမ္မရက္ခိမထေရ် အမှူးရှိသော သာသနာပြုများကို မဟာရဋ္ဌတိုင်း (ဗုံဗာဤ-ဗုံဗိုင်နယ်) သို့ လည်းကောင်း၊

(၆) မဟာရက္ခိတမထေရ် အမှူးရှိသော သာသနာပြုများကို ယောနကတိုင်း (ပါသိယန်-ဂရိတ်နိုင်ငံ) သို့ လည်းကောင်း၊

(၇) မဇ္ဈိမမထေရ် အမှူးရှိသော သာသနာပြုများကို ဟိမ၀န္တာတိုင်းနယ်များသို့ လည်းကောင်း၊

(၈) မဟိန္ဒမထေရ် အမှူးရှိသော သာသနာပြုများကို တမ္ဗပဏ္ဏိသီဟိုဠ်ကျွန်းသို့ လည်းကောင်း၊

(၉) သောဏမထေရ်နှင့် ဥတ္တရမထေရ် အမှူးရှိသော သာသနာပြုများကို သုဝဏ္ဏဘူမိ-ရာမညတိုင်းသို့ လည်းကောင်း -

သံဃကံများ ဆောင်ရွက်နိုင်ရန် ငါးပါးစီ စေလွှတ်တော်မူသည်။ ထိုမထေရ်တို့သည် သံဂါယနာတင်ဆဲကာလ၊ သာသနာတော်နှစ် ၂၃၅-ခုနှစ် တပို့တွဲလ အတွင်း၌ပင် ကြွသွားတော်မူကြ၍ အရှင်မဟိန္ဒမထေရ်မှာမူ သာသနာတော်နှစ် ၂၃၆-ခုနှစ် နယုန်လကျမှ သီဟိုဠ်သို့ ကြွတော်မူသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

သရေခေတ္တရာပြည်သို့ သာသနာတော် ရောက်ရှိလာပုံ

မှန်နန်းရာဇ၀င်တော်ကြီးတွင် သရေခေတ္တရာပြည်ကို သာသနာသက္ကရာဇ် ၁၀၁-ခုနှစ်၊ တန်ခူးလဆန်း ၁-ရက်၌ တည်ကြောင်း အဆိုရှိသည်။ ဒွတ္တပေါင်မင်းကြီးလက်ထက်၌ ရဟန္တာအရှင်မြတ် သုံးထောင်ရှိသည်။ နေ့စဉ် ပစ္စည်းလေးပါး လှူဒါန်း၍ ဓာတ်တော်မွေတော်များကိုလည်း “ပေါပေါ၊ ညည်းညည်း၊ စည်စည်၊ လျောလျော၊ သောကြမ္မာ၊ မြင်ဗာဟု၊ မြသီထင်၊ ဘုရားတောင်၊ ဆုတောင်းပြည့် ၂-ဆူ၊ ပုထိုးကြီး”ဟူ၍ စေတီကြီး ၁၁-ဆူ တည်တော်မူ၏။ ယခုထက်တိုင် ဖူးမြော်နိုင်ကြသည်။

ဒွတ္တပေါင်မင်းကြီး၏ မိဖုရားကြီးများသည် ရဟန္တာအရှင်မြတ်များကို ကိုးကွယ်ကြသည်။ မင်းကြီးသမီးတော် သုဝဏ္ဏမာလာ မင်းသမီးသည် မဟာယာမ ရဟန္တာမထေရ်ကြီး၏ တရားကို နာကြားရသဖြင့် အခြွေအရံ တစ်ထောင်နှင့်အတူ ဘိက္ခုနီမ ၀တ်သည်၊ သုဓမ္မာထေရီအမည်ဖြင့် ထင်ရှားတော်မူသည်။

ဒွတ္တပေါင်မင်းကြီးသည် မိဖုရား သားတော် သမီးတော်တို့အား ဆန္ဒအလျောက် ရဟန်း၊ ရဟန်းမ ပြုခွင့်ပေးတော်မူ၏။ မင်းကြီးကိုယ်တိုင်လည်း သားတော် ရဟန္တာ နှစ်ပါး၏တရားကို နာကြားရသဖြင့် သောတာပန်တည်သည်။ တစ်နေ့ တစ်နေ့လျှင် ကိုးသိန်းသော ဥစ္စာတို့ကို စွန့်ပေ၏။ ရဟန်းယောက်ျား လေးသိန်း၊ ရဟန်းမိန်းမ သုံးသိန်း၊ တစ်နေ့ တစ်နေ့လျှင် ၇-သိန်းသော ရဟန်း သာမဏေတို့ကို စွန့်လှူကုန်၏။ သရေခေတ္တရာပြည်တွင် ဘိက္ခုသာသနာ ဘိက္ခုနီသာသနာတော် နှစ်ရပ်စလုံး တည်ရှိသည်။

သရေခေတ္တရာ ပျူတို့၏ ပေါင်းသင်းဆက်ဆံရေး အပြုအမူတို့သည် ယေဘုယျအားဖြင့် ဗုဒ္ဓသာသနာတော်မှ သက်ရောက်လာသည် လက္ခဏာများ ဖြစ်သည်။ ရုပ်ပွားဆင်းတုတော် စေတီတော်များကို ပူဇော်သော အလေ့အထ ကောင်းမွန်စွာ ထွန်းကားလျက်ရှိပြီး ဖြစ်သည်။ ရှေးဟောင်း သာသနိကပစ္စည်းများကို ထောက်ထား၍ ဗုဒ္ဓဘာသာသည် သရေခေတ္တရာနယ်မြေ၌ စောစီးစွာကပင် စည်ပင်နေပြီဖြစ်ကြောင်း သိသာသည်။

ခင်ဘကုန်းမှ တူးဖော်ရရှိသည့် ရွှေပေအချပ် ၂၀-တွင် အိန္ဒိယပြည်တောင်ပိုင်း ရှေးဟောင်း တေလဂူကနာဍိအက္ခရာဖြင့် ပိဋကတော် ကောက်နုတ်ချက်များ ပါရှိခြင်း၊ ကန်ဝက်ခေါင်းကုန်းမှ တူးဖော်တွေ့ရှိရသော မဏိတော်ကျိုး ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၏ ပလ္လင်ပတ်လည် မျက်နှာလေးဘက်စလုံး၌ ပျူနှင့် သက္ကတစာ ရောစပ်ရေးထိုးထားချက်များ စသည်တို့ကို အထောက်အထားပြု၍ ဗုဒ္ဓဘာသာစာပေကောင်းစွာ ထွန်းကား၍ ဘာသာရေး အသိစိတ်ဓာတ် အလွန်မြင့်မားနေကြပြီဖြစ်ကြောင်း သိသာသည်။

ဗိဿနိုး၊ သရေခေတ္တရာတို့နှင့် မရှေးမနှောင်းမှာပင် ဟန်လင်း ပျူမြို့ပြနိုင်ငံ ပေါ်ထွန်းခဲ့ဖူးသည်။ ဟန်လင်းခေတ်တွင်လည်း ဗုဒ္ဓဘာသာရောက်ရှိနေပြီဟု ခန့်မှန်းကြသည်။ ခရစ်မပေါ်မီကာလ ပျူမြို့ပြနိုင်ငံခေတ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်မူနှင့် စပ်၍ “ယောက်ျားလေးရော မိန်းကလေးပါ အသက်ခုနှစ်နှစ်အရွယ်ရောက်လျှင် ဆံချ၍ ဘုန်းကြီးကျောင်းသို့ ပို့ကာ သာသနာ့အဆုံးအမကို ယူလေ့ရှိကြသည်။ အသက် ၂၀-ပြည့်၍ သာသနာဘောင်၌ မပျော်မွေ့လျှင် ဆံရှည်ပြန်ထားကာ လူဝတ်လဲပြီး လူတို့ကျင့်ဝတ်အတိုင်း နေကြသည်” ဟု တရုတ်ရာဇ၀င်များက ဆိုသည်။ သို့ဖြစ်၍ သရေခေတ္တရာ အချိန်တလျှောက်တွင် သာသနာတော်သည် လွန်စွာထွန်းကား နေပြီဖြစ်ကြောင်း သိရှိရသည်။

သာသနာတော်နှစ် ၁၀၀နှင့် ၂၃၅-အကြား အချိန်သည် မဇ္ဈိမဒေသ၌ သာသနာဂိုဏ်းအသီးသီး ပေါ်ပေါက်လာချိန်ဖြစ်သည်။ အရှင်ယသမထေရ်ဦးဆောင်သော မထရ်တို့သည် အဓမ္မ၀တ္ထုဆယ်ပါးကို မအပ်စပ်ကြောင်း ဆုံးဖြတ်၍ ရဟန္တာမထေရ် ၇၀၀-ဖြင့် ဝေသာလီ၌ သံဂါယနာတင်တော်မူကြသောအခါ ဆန့်ကျင်ဘက်ကို လိုလားကြကုန်သော ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည် အဓမ္မ၀ါဒီ ရဟန်းတစ်သောင်း စုဝေးကြလျက် ကောသမ္ဗီမြို့တော်၌ စင်ပြိုင် သံဂါယနာတင်ကြကုန်၏။ သုတ် ၀ိနည်း အဘိဓမ္မာ ပဋိသမ္ဘိဒါ နိဒ္ဒေသ ဇာတက အချို့ကိုပယ်ထုတ်ကြကုန်၏။ မဟာသံဃိက သံဂါယနာဟု ခေါ်သည်။ လဇ္ဇီသူတော်ကောင်း မထေရ်ကြီးများ၏ အစဉ်အလာ ကျင့်ဆောင်မြဲ ထေရ၀ါဒမှ ခွဲထွက်ကာ မဟာသံဃိတိ ဂိုဏ်းဟု ဂိုဏ်းသီးခြား တည်ထောင်ကာ ၎င်းတို့ဝါဒ ကျယ်ပြန့်အောင် အားထုတ်ကြကုန်၏။

ထို့နောက် ထပ်မံ၍ မဟာသံဃိတိဂိုဏ်းမှ ဂေါကူလိကဂိုဏ်း၊ ဧကဗျောဟာရဂိုဏ်း ကွဲပြန်သည်။ ဂေါကူလိကဂိုဏ်းမှ ပဏ္ဏတ္တိဂိုဏ်း (ပညတ္တိဝါဒဂိုဏ်းဟုလည်းခေါ်၏)၊ ဗဟုဿုတိကဂိုဏ်းဟု ကွဲပြန်သည်။ ထိုဂိုဏ်းတို့အတွင်းမှ စေတိယဂိုဏ်း ပေးလာပြန်သဖြင့် ဂိုဏ်း ၆-ဂိုဏ်း ကွဲလာသည်။ ထေရ၀ါဒဂိုဏ်းကြီးမှလည်း မဟိံသာသကဂိုဏ်း၊ ၀ဇ္ဇိပုတ္တက ဂိုဏ်းဟု ၂-ဂိုဏ်း ကွဲပြန်သည်။ မဟိံသာသကဂိုဏ်းမှ သဗ္ဗတ္ထိဂိုဏ်းမှ ကဿပိယဂိုဏ်း၊ ဘဒ္ဒယာနိကဂိုဏ်း၊ ဆန္ဒာဂါရိကဂိုဏ်း (အနာဂါရိကဂိုဏ်း ဟုလည်းခေါ်၏)၊ သမိတိဂိုဏ်းဟု ၄-ဂိုဏ်းကွဲပြန်၏၊ သဗ္ဗတ္ထိဂိုဏ်းမှ ကဿပိယဂိုဏ်း (ကာဿပိယဂိုဏ်းလည်းခါ်၏)၊ သင်္ကန္တိကဂိုဏ်း၊ သုတ္တ၀ါဒဂိုဏ်းအားဖြင့် ၁၁-ဂိုဏ်း ကွဲသဖြင့် ထေရ၀ါဒဂိုဏ်းရင်းနှင့်တကွ ၁၂-ဂိုဏ်း ဖြစ်၍ မဟာသံဃိကဂိုဏ်းကွဲ ၆-ဂိုဏ်း၊ ထေရ၀ါဒဂိုဏ်းကွဲ ၁၂-ဂိုဏ်း ဤသို့အားဖြင့် တစ်ဆယ့်ရှစ်ဂိုဏ်း ကွဲခဲ့ကြကုန်၏။

ဤသို့ ဂိုဏ်းအမျိုးမျိုး ကွဲသော်လည်း ပင်ရင်းမူလ ပင်မ ထေရ၀ါဒ ဂိုဏ်းကြီးသည်သာလျှင် တည့်မတ်မှန်ကန်စွာ ရှင်သန် ကျန်ရစ်ခဲ့ပြီး ကျန်ဂိုဏ်းတို့အား အချင်းချင်း ငြင်းခုံတိုက်ခိုက်ရင်း တဖြည့်းဖြည်း ပျောက်ကွယ်သွားကြကုန်၏။ အချို့ဂိုဏ်းများလည်း လူကြိုက်များစေရန် ဗြာဟ္မာဏ၀ါဒ၊ ဒေသန္တရအကျင့်ဓလေ့များနှင့် ရောမွှေ ကျင့်သုံးကြလျက် မဟာယာန ဗုဒ္ဓဘာသာမည်ဖြင့် ပင်မ ထေရ၀ါဒမှ ဝေးကွာ၍ ဝေးကွာ၍ သွားကြလေသည်။ ဒီပ၀င်ကျမ်း၌ ထေရ၀ါဒမှ ကျန်ဂိုဏ်းကွဲ ၁၇-ခုကို ပင်မ ပညောင်ပင်ကြီး၌ မှီတွယ်ပေါက်ရောက်လာသော ဆူးငြောင့်များဟု ဆိုလေသည်။

အဓမ္မ၀ါဒများ တိုးဝင်လာသဖြင့် မဇ္ဈိမဒေသ၌ သာသနာတော် ယုတ်လျော့အားနည်းနေသည်ကို သိတော်မူကြသော ဒုတိယသံဂါယနာတင် မထေရ်တို့သည် သာသနာတော် အရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည့်သူကို ရှာဖွေကြည့်တော်မူကြသောအခါ ဗြဟ္မာ့ပြည်ရှိ တိဿဗြဟ္မာကြီးကို တွေ့၍ လူ့ပြည့်၌ ပဋိသန္ဓေယူကာ သာသနာပြုပါရန် တောင်းပန်ကြကုန်။ ဗြဟ္မာကြီးလည်း မထေရ်မြတ်တို့ကို ကတိပေးပြီး ဗြဟ္မာ့ပြည်မှ စုတေကာ မောဂ္ဂလိပုဏ္ဏားမကြီး၏ ၀မ်း၌ ပဋိသန္ဓေ ယူလေ၏။ မွေးဖွားလာသောအခါ မောဂ္ဂလိပုတ္တတိဿဟု အမည်တွင်၏၊ ပုဏ္ဏားလူမျိုးတို့၏ အတတ်ပညာ ဝေဒသုံးပုံ၌ ပါရဂူမြောက် တက်ကျွမ်း၏။ အရှင်သိဂ္ဂ၀မထေရ်၏ ကြိုးပမ်းမူကြောင့် သာသနာတော်ဘောင်သို့ ၀င်ရောက်လာသည်။ အရှင်စန္ဒ၀ဇ္ဇီမထေရ်၏ သင်ပြမူကြောင့် ပိဋကတ္တယပါရဂူ ဖြစ်လာ၏။ နောင်အခါ အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿဟူသော အမည်ဖြင့် လွန်စွာ ထင်ရှားသော ရဟန္တာမထေရ်ကြီး ဖြစ်တော်မူကာ အဟောဂင်္ဂါ အရပ်၌ သီတင်းသုံးတော်မူ၏။

ထိုအချိန် မဇ္ဈိမဒေသ အိန္ဒယနိုင်ငံ၌ မောရိယမင်းဆက် စန္ဒဂုတ္တမင်းမျိုးတို့ အုပ်စိုးနေချိန်ဖြစ်၏။ ဗိန္ဒုသာရမင်းကြီးသည် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအဖြစ် ဓမ္မာ မိဖုရားကြီးကိုချီမြှောက်တော်မူသည်။ ထို မိဖုရားကြီးမှ အသောကမင်းသားကို မွေးဖွားသည်၊ အရွယ်ရောက်သောအခါ ဥဇ္ဇေနီမြို့ကို စားရသည်။ ဝေဒိဿကမြို့မှ သူဌေးသမီးကို မိဖုရားမြှောက်ရာ သားတော် မဟိန္နနှင့် သမီးတော် သင်္ဃမိတ္တာတို့ ထွန်းကားသည်၊ ခမည်းတော် ကွယ်လွန်ချိန်တွင် ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ တိုင်းရေးပြည်ရေး မအေးဆေးသဖြင့် လေးနှစ်တိုင်တိုင် အဘိသိက်မခံယူသေးဘဲ နိုင်ငံတော်ကို ချဲ့ထွင်းခဲ့သည်။ အင်ပါယာ ဧကရာဇ်ဘုရင်ကြီးအဖြစ် သာသနာတော်နှစ် ၂၁၈-နှစ်တွင် အဘိသိက်ခံယူခဲ့သည်။ ဗြာဟ္မဏဘာသာဝင် ခြောက်သောင်းကျော်ကို ဆွမ်းဝတ်မပျက် ကျွေးနေခဲ့သည်။

တစ်နေ့သော် နောင်တော် သုမနမင်းသား၏ သားတော် ၇-နှစ်အရွယ် နိဂြောဓသာမဏေကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင် မင်းတရားကြီး ဖြစ်လာသည်။ မင်းကြီးသည် တိတ္ထိတို့ကို ထောက်ပံ့လှူဒါန်းမူ ရပ်စဲ၍ သာသနာတော်မြတ်အား အကြီးအကျယ် လှူဒါန်းတော်မူသည်။ တိတ္ထိခြောက်သောင်းတို့သည် လာဘ်လာဘနည်းပါးကြသဖြင့် လာဘ်ပေါများရာ သာသနာဘောင်သို့ ရဟန်းယောင်ဆောင်၍ ၀င်လာကြကုန်၏။ ၎င်းတို့၏ ၀ါဒများကိုလည်း သွတ်သွင်းလာကြကုန်၏။ ထိုအခါ ဥပုသ် ပ၀ါရဏာ ကံကြီး ကံငယ်ကိစ္စတို့၌ သံဃာ့ပရိသတ် မစင်ကြယ် မသန့်ရှင်း တော့ပေ။ ပရိတ်သတ် မစင်ကြယ်သောကြောင့် ရဟန်းသံဃာတော်တို့ ဥပုသ်မပြုကြကုန်၏။ သာသနာတော်၌ အညစ်အကြေး ဆူးငြောင့်ဘေးရန် များစွာဖြစ်၍ ခုနှစ်နှစ်တိုင်တိုင် ဥပုသ်မပြုကြကုန်။

မင်းကြီးကြားသိသောအခါ အဓိကရုဏ်းကို ငြိမ်းစေ ဥပုသ်ပြုစေဟု အမတ်တစ်ယောက်ကို စေလိုက်သော ဥပုသ်ပြုခိုင်းရာ မပြုသူ သံဃာကောင်းများကို သတ်မိလေသည်။ မင်းကြီး၏ညီတော် တိဿမထေရ်အလှည့်တွင် မသတ်ရဲသဖြင့် မည်သို့ပြုရပါမည်နည်းဟု မင်းကြီးကို မေးလျှောက်၏။ ထိုအခါ မင်းကြီးသည် “ထိုသို့ ငါမစေခိုင်းဘဲလျက် သတ်လေသည်ကား ငါ့အား မကောင်းမူ ဖြစ်လေသလော”ဟု သံသယ၀င်သဖြင့် သံဃာအား မေးတော်မူ၏။ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်မှာ အဟောဂင်္ဂါတွင် သီတင်းသုံးနေသဖြင့် ထိုအမေးကို ဖြေရန် ပင့်ဆောင်စေ၏။ စေတနာမပါရှိလျှင် ကောင်းမူမှလွတ်ကြောင်း တိတ္ထိရဇာတ်ကိုကိုးကား၍ ဖြေတော်မူ၏။ ခုနှစ်ရက်တိုင်အောင်လည်း မြတ်စွာဘုရား၏ အယူဝါဒကို သင်ကြားပေးတော်မူ၏။ ရဟန်းတို့ကို စုဝေးစေ၍ မင်းကြီးကိုယ်တိုင် မေးမြန်းစစ်ဆေးတော်မူသည်။ မြတ်စွာဘုရားသည် ၀ိဘဇ္ဇ၀ါဒ ရှိတော်မူ၏ဟု ဖြေဆိုသော ရဟန်းတို့ကိုသာ အမှန်ဖြေဆိုသူများဟု သတ်မှတ်၍ အခြား ၀ါဒဖြေဆိုသူတို့ကို လူဝတ်လဲစေ၏။ သံဃာတော်တို့ သန့်ရှင်းစင်ကြယ်သွားပြီဖြစ်၍ ဥပုသ်ပြုတော်မူကြကုန်၏။

ထိုသံဃာ့အစည်းအဝေးပွဲကြီးတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်သည် မြတ်စွာဘုရား ထားတော်မူခဲ့သော မာတိကာရှစ်ပါးကို အဦးထားလျက် မြတ်စွာဘုရား၏၀ါဒ (သက၀ါဒ) ၌ သုတ်ငါးရာ၊ အခြားသူတို့၏ အယူဝါဒ (ပရ၀ါဒ) ၌ သုတ်ငါးရာ ၀ါဒပေါင်း တစ်ထောင်၊ သုတ်ပေါင်း တစ်ထောင်တို့ကို ထုတ်နုတ်ရှင်းပြ၍ ပရ၀ါဒတို့ကို ပယ်ရှားကာ ကာထာဝတ္ထုကျမ်းကြီးကို ဟောတော်မူ၏။ ထို့နောက် သာသနာတော် သန့်ရှင်းစင်ကြယ်စေရန်အတွက် ရဟန္တာမထေရ်ကြီးတစ်ထောင် ရွေးချယ်တော်မူကာ ကိုးလပတ်လုံး ပါဋလိပုတ်ပြည် အသောကာရုံ ကျောင်းတော်၌ တတိယ သံဂါယနာတင်တော်မူ၏။ တတိယ သံဂါယနာတင်ချိန်သည် မဇ္ဈိမဒေသ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာသောကမင်းကြီး နန်းစံ တစ်ဆယ့်ရှစ်နှစ်၊ မြန်မာနိုင်ငံ သရေခေတ္တရာပြည်၌ ရန်ပေါင်မင်း နန်းစံ ၂၁-နှစ် ဖြစ်လေ၍ သာသနာတော်နှစ် ၂၃၅-ခုနှစ် ဖြစ်လေသည်။ သီရိဓမ္မာသောကနှင့် ရန်ပေါင်းမင်းနန်းပြိုင်ဖြစ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဗိဿနိုးသို့ သာသနာတော် ရောက်ရှိခြင်း


ဗိဿနိုး ဟန်လင်း သရေခေတ္တရာတို့ကို မြန်မာနိုင်ငံသမိုင်းဝင်ခေတ်တွင် ပျူလူမျိုးတို့၏ မြို့ပြနိုင်ငံများအဖြစ် ရှေးဟောင်းတူးဖော်မူ သုတေသနပြုချက်များအရ လက်ခံထားကြသည်။ တကောင်း သရေခေတ္တရာ မတိုင်မီကပင် ပျူမင်းပေါင်း ၁၃၉၃-ပါး အုပ်စိုးခဲ့သည် နိုင်ငံကြီး ရှိခဲ့ကြောင်း ဇမ္ဗုကွန်ချာ မြန်မာပုရာဏ်ကျမ်းတွင် ပြဆိုထားသည်။

ဗိဿနိုးမြို့ဟောင်း တူးဖော်တွေ့ရှိချက်များအရ သုတေသနပညာရှင်တို့က အောက်ပါအတိုင်း ခန့်မှန်းကြသည်။ ဗိဿနိုးမြို့သည် သရေခေတ္တရာနှင့် ဟန်လင်းတို့ထက် ရှေးကျသော မြို့ပြနိုင်ငံဖြစ်၍ အေဒီ ၁-ရာစုခန့်ကပင် စတင်တည်ရှိခဲ့သည်။ တရုတ်နိုင်ငံ အိန္ဒိယနိုင်ငံတို့နှင့် ကူးသန်းဆက်သွယ်မူ ရှိခဲ့သည်။ အိန္ဒိယတောင်ပိုင်းနှင့် ဆက်သွယ်မူ ပိုမိုများပြာသည်၊ အများစု ကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်မှ ရောက်ရှိလာခဲ့သည်။ အိန္ဒိယနိုင်ငံ အန္ဓရဒေသမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။

စာပေအရေးအသားအဖြစ် အိန္ဒိယပြည် အန္ဓရနိုင်ငံတွင် အေဒီ ၂-ရာစုခန့်က ဗြဟ္မီအက္ခရာဖြင့် ရေးသားသော ပါဠိစာပေမျိုးကို တွေ့ရသည်။ ဗိဿနိုးမြို့ဟောင်းကို တူးဖော်၍ သုတေသနပြုကြရာ ကျောင်းသင်္ခမ်း အဆောက်အဦး ဖြစ်ဟန်တူသော အဆောက်အဦးများကို တွေ့ရသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်မူ အဆင့်အတန်း မြင့်မားလျက်ရှိကြောင်း သိရှိရသည်။ ထေရ၀ါဒ ရဟန်းတော်ပေါင်း ထောင်ပေါင်းများစွာ သီတင်သုံးသည်ဟုလည်း ခေတ်သမိုင်းပညာရှင်တို့ ရေးသားကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဒုတိယသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ


မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အနှစ်(၁၀၀)မြောက်၌ သာသနာတော်ယုတ်လျော့ မှေးမှိန်ခြင်း၏ အကြောင်းဖြစ်သော အဓမ္မ၀တ္ထု ဆယ်ပါး ပေါ်ပေါက်လာသည်။ ဝေသာလီပြည်နေ ၀ဇ္ဇီတိုင်းသား ရဟန်းများသည် “ရွှေ ငွေကို အလှူခံကောင်းသည်” စသော ဆယ်ပါးသော အဓမ္မ၀တ္ထုတို့ကို အပ်စပ်လေဟန် ဓမ္မ၀တ္ထုပြုလုပ်ကြသဖြင့် အရှင်အာနန္ဒာမထေရ်၏ တပည့်ဖြစ်သော အရှင်ယသ ရဟန္တာမထေရ်ကြီးက အမှန်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။ အရှင်ယသမထေရ်၏ ကြိုးပမ်းအားထုတ်မူကြောင့် အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမိ စသော ရဟန္တာမထေရ်ကြီးများသည် သေသာလီ ဝေသာလီပြည် ၀ါလိကာရုံကျောင်းတော်၌ စည်းဝေးကြသည်။ အဓမ္မ၀တ္ထုဆယ်ပါးကို သံဃာ့အလယ်တွင် ဖြေရှင်း ဆုံးဖြတ်တော်မူပြီး မြတ်စွာဘုရား၏ တရားတော်များ သန့်ရှင်းစေရန် ရှစ်လတိုင်တိုင် သံဂါယနာတင်တော်မူကြသည်။ ကာလာသောကမင်း၏ အကူအညီကို ရယူတော်မူခဲ့ကြသည်။

ထိုအခါ မဇ္ဈိမဒေသ ပါဋလိပုတ်၌ ကာလာသောကမင်း နန်းစံ(၁၀)နှစ် ဖြစ်သည်။ မြန်မာနိုင်ငံ သရေခေတ္တရာပြည်၌ ဒွတ္တပေါင်မင်းကြီး ဘိသိက်မခံမီ တစ်နှစ်အချိန်ဖြစ်သည်။ ကာလာသောကမင်းနှင့် ဒွတ္တပေါင်းမင်းတို့ နန်းပြိုင် ဖြစ်ကြ၏။

ဘုရားပွင့်တော်မူစ သာသနာ မြန်မာနိုင်ငံသို့ ရောက်လာပုံ


မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊(ဘီစီ ၆-ရာစု) တွင် အိန္ဒိယနိုင်ငံ ဥရုဝေလတော မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်ဝယ် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခဲ့သည်။ သတ္တသတ္တာ ရက်ပေါင်း ၄၉-ရက်ကြာ ဆွမ်းအာဟာရ မဘုဉ်းပေးဘဲ ဖလသမာပတ် ချမ်းသာဖြင့် မျှတနေတော်မူခဲ့သည်။ နောက်ဆုံး သတ္တာဖြစ်သော ရာဇာယတန သတ္တာဟတွင် လင်းလွန်းပင်ရင်း၌ ၇-ရက်တိုင်တိုင် ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူခဲ့သည်။

ထိုအချိန်တွင် ဥက္ကလာတိုင်းမှ တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့သည် လှည်းငါးရာဖြင့် မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားကြလေရာ ဆွေမျိုးတော်စပ်ဖူးသော နတ်၏ လမ်းညွှန်ချက်အရ မြတ်စွာဘုရား ထံတော်မှောက်သို့ ဖူးတွေ့ရန် ရောက်လာကြသည်။

တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့က မိမိတို့တွင်ပါလာသော ပျားရည် ထောပတ်တို့ ပေါင်းစပ်၍ မုန့်မူန့်နှင့် ဆုပ်ထားသော ပျားမုန့်ဆုပ်ကို ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် စတုမဟာရာဇ် နတမင်းကြီးလေးပါးတို့ လှူဒါန်းအပ်သော သပိတ်တော်ဖြင့် ခံယူတော်မူပြီး ဘုဉ်းပေးသုံးဆောင်တော်မူသည်။ ကုန်သည်ညီနောင်တို့သည် ပထမဆုံး ဆွမ်းကပ်ခွင့်ရရုံမျှမက မြတ်စွာဘုရား ဟောကြားအပ်သော တရားစကားကို နာယူကြပြီး(ဘုရားနှင့်တရား) သရဏဂုံ နှစ်ပါးကို ခံယူဆောက်တည်ခွင့်လည်း ရကြသည်။ ဤဘုရားလက်ထက်၌ ပထမမဆုံး ဒွေဝါစိက သရဏဂုံ(သရဏဂုံ နှစ်ပါး) ဆောက်တည်သူများ ဖြစ်ကြသည်။ သံဃာတော်ဟူ၍ မပေါ်ပေါက် သေးသဖြင့် သံဃသရဏဂုံကို မဆောက်တည်ရ၊ ထို့နောက် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ဖို့ရန် ချီးမြှင့်တော်မူပါဟု လျှောက်ထားကြရာ မြတ်စွာဘုရားသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ ပါလာသော ဆံတော်(၈)ဆူကို ၀ါဆိုလဆန်း ၃-ရက်နေ့၌ ချီးမြှင့်တော်မူသည်။

ကုန်သည်ညီနောင်တို့သည် မဇ္ဈိမဒေသမှ မိမိတို့ နေထိုင်ရာ သုဝဏ္ဏဘူမိတိုင်း ဥက္ကလာပဇနပုဒ်သို့ ပြန်လာခဲ့ကြသည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့၌ ပြန်ရောက်လာကြသည်။ မင်းနှင့်တကွသော ပြည်သူပြည်သားတို့က ကြိုဆို ပူဇော်ကြပြီး သိင်္ဂုတ္တရကုန်းတော်၌ တိကုမ္ဘမည်သော စေတီတော်တည်၍ ဆံတော်မြတ်များကို ဌာပနာကြလေသည်။ ထိုစေတီတော်ကား မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် ကိန်းဝမ် စံပယ်တော်မူသော ရွှေတိဂုံစေတီတော်မြတ်ကြီးပင် ဖြစ်လေသည်။

သာသနာတော် အစမှအဆုံးတိုင် တည်တဲ့ ပြန့်ပွား ထွန်းကားတော်မူမည်ကို အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသော မြတ်စွာဘုရားသည် မိမိ၏ သရီရဓာတ်တော် ဆံတော်မြတ်တို့ကို ချီးမြှင့်ပေးသနားတော်မူခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရား၏ သာသနာတော်တွင် ပထမဦးဆုံး အထူးခြားဆုံး ချီးမြှင့်တော်မူခြင်း ဖြစ်သည်။ ဤ ဆံတော်မြတ်များသည် ဗုဒ္ဓသာသနာတော်၏ အထိမ်းအမှတ် လက္ခဏာများ ဖြစ်သည်။ သာသနာတော်အစမှ အဆုံးတိုင်တည်နေ ကိန်းဝပ်တော်မူမည့် နိမိတ်ဖြစ်လေသည်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် (သဇီဝ ဇီဝမာနက) အသက်ရှင်ဆဲသော ကိုယ်တော်မှ ခွဲစိတ်၍ ကိုးကွယ်ရာ ပေးလိုက်သဖြင့် ဆံတော်ကိုလည်း ဇီဝမာနက ဆံတော် - အသက်ရှင်သော ဆံတော်ဟု ရည်ရွယ်၍ ရွှေတိဂုံဆံတော်ရှင်ဟု (ရှင်) ထည့်၍ ခေါ်ဆိုကြသည်။

ရွှေတိဂုံ ဆံတော်ရှင်စေတီတော်မြတ်မှာ ဗုဒ္ဓမြတ်စွာ သာသနာတော်တွင် လူ့ပြည်၌ ရှေးဦးစွာ တည်ထားကိုးကွယ်သော စေတီတော်မြတ် ဖြစ်လေသည်။

ဦးငါးဦး
(၁) ဘုရားရှင်အား ပထမဆုံးဖူးတွေကရသူ(ဘုရားဖူးဦး)၊

(၂) ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ (ဆွမ်းလှူဦး)

(၃) ပထမဆုံ ဒွေဝါစိက သရဏဂုံတည်ကြသူ (သရဏဂုံဦး)

(၄) ပထမဆုံး ဆံတော်ရှင် အချီးမြှင့်ခံရသူ (ဆံတော်ဓာတ်တော်ဦး)

(၅) ပထမဆုံး ဘုရားစေတီတည်ကြရသူ (စေတီဦး - ဘုရားဦး)

ဦးငါးဦးဖြင့် သာသနာတော်ကို ကိုးကွယ်ခွင့် ရသောသူများမှာ ဥက္ကလာတိုင်းဖွား မြန်မာပြည်သားတို့ပင်ဖြစ်ကြောင်း သာသနာ့သမိုင်းများတွင် မှတ်တမ်းတင်ခဲ့ကြသည်။ ဤဘုရားလက်ထက်တွင် ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံ၌ ပထမဆုံး အခြေတည်ခြင်ဖစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာတော်မြတ် အတွက် ဘူမိနက်သန် မှန်ရာဒေသ ဖြစ်လေသည်။

ဥက္ကလာတိုင်းဟူသည်မှာ မြန်မာပြည် သုဝဏ္ဏဘူမိအရပ်ရှိ ဥက္ကလာပတိုင်းပင် ဖြစ်သည်။ ဘုရားမပွင့်မီကပင် ပြောင်းရွှေ့လာကြသော မဇ္ဈိမဒေသ တေလင်္ဂဏတိုင်းသားတို့သည် မိမိတို့ နေရပ်အမည်များကို ယူ၍ ဥက္ကလာ (ဥက္ကလာပ) တိုင်းဟု မှည့်ခေါ်ကြသည်၊ မိမိတို့နေထိုင်ရာမြို့ကိုလည်း အသိတဉ္စနမြို့ဟူ၍လည်းကောင်း၊ ပေါက္ခရ၀တီမြို့ဟူ၍လည်းကောင်း၊ ဥက္ကလာမြို့ဟူ၍လည်းကောင်း အမည်သုံးမျိုးဖြင့် မှည့်ခေါ်ခဲ့ကြကုန်၏။ ထိုမြို့သည်ပင် နောင်အခါ၌ တိဂုံမြို့၊ ဒဂုံမြို့ဟု အမည်တွင်ပြန်၏။ ယခုအခါ ရန်ကုန်မြို့ဟု ခေါ်တွင်လာကြလေသည်။

မြတ်စွာဘုရားရှင် လက်ထက်တော်ကပင် အရှင်ပုဏ္ဏမထေရ်၊ အရှင်ဂ၀ံပတိမထေရ်တို့၏ ပင့်လျှောက်ချက်ကြောင့် မြတ်စွာဘုရားသည် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းများလည်း ရှိပါသည်။ မြတ်စွာဘုရားတို့ မည်သည် တရားဟောပြ ချေချွတ်ရမည့်သူသာ ရှိပါက ယူဇနာပေါင်း ထောင်သောင်းဝေးကွာသော ဒေသပင်ဖြစ်စေ ကြွရောက်တော်မူခဲ့သည့် သာဓကများ ရှိခဲ့သည်။

အနာဂတံသဉာဏ်တော်မြတ်ဖြင့် အနာဂတ်သာသနာတော် တည်တဲ့ထွန်းကားမည့် မြန်မာပြည်ကို သိမြင်တော်မူမည်မှာလည်း သံသယဖြစ်စရာ မရှိပါချေ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူ၍ အနာဂတ်သာသနာတော်အတွက် ပရိတ်မေတ္တာစသော တစုံတခုသော ဓမ္မအင်အားများ ပေးသနားတော်မူခဲ့မည်ကိုလည်း ယုံမှားဖွယ် မရှိပေ။

မြတ်စွာဘုရားလက်ထက်တော်ကပင် ၀ိဋဋူဘမင်းသား၏ တိုက်ခိုက်သတ်ဖြတ်မူကြောင့် ဘုရားအမျိုးတော်များဖြစ်သော ကပိလ၀တ်နေပြည်တော်မှ ဓဇရာဇာမင်းသည် မြန်မာနိုင်ငံ တကောင်းပြည်သို့ ရောက်လာခဲ့သည်။ ပထမ တကောင်းဆက်ဘုရင် ဘိန္နကမင်း၏ မိဖုရားကြီး နာဂဆိန်နှင့် “မလည်” အရပ်တွင် တွေ့ရှိကြပြီး အမျိုးတူများဖြစ်ကြသဖြင့် အဘိသိက် ခံယူခဲ့ကြသည်။ ထိုအဘိသိက်ခံယူပြီး ရွှေနန်းတည်တော်မူသည့် အကြောင်းမှန်နန်းရာဇ၀င်၌ မှတ်တမ်းတင်ရာတွင် ရဟန္တာမထေရ်မြတ်နှစ်ပါးတို့က ပရိတ်ရွတ်တော်မူကြောင်းကို တွေ့ရသဖြင့် ဗုဒ္ဓသာသနာသည် တကောင်းပြည်၌ ထွန်းကားနေပြီဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း တပြည်လုံး အတိုင်းအတာထိ ကျယ်ပြန့်မူ မရှိသေးပေ။

ဝေသာလီနိုင်ငံ


ရခိုင်ပြည်မြောက်ပိုင်း၊ ကုလားတန်မြစ်ဝှမ်းဒေသ ဓည၀တီနိုင်ငံကို ဘီစီ ၂၆၆၆-ခန့်က မာရယုမင်း တည်ထောင်ခဲ့သည်။ ဝေသာလီမြို့ပြနိုင်ငံဟု ခေါ်တွင်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံနှင့် ကုန်းလမ်း ရေလမ်း အဆက်အသွယ်ရှိသည်။ ကူးလူးဆက်ဆံမူ အများဆုံး ပြုလုပ်သည်။

မြတ်စွာဘုရား ပွင့်တော်မမူမီ ဘီိစီ ၆-ရာစုလောက်က မြန်မာနိုင်ငံတွင် တကောင်းပြည်၊ သုဝဏ္ဏဘူမိပြည်၊ ဝေသာလီပြည် ဟူ၍ လူနေစည်ကားသော မြို့ပြ နိုင်ငံများ ဖြစ်ထွန်းပေါ်ပေါက်နေပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံနှင့် ရေလမ်း ကုန်းလမ်း ဆက်သွယ်နေကြပြီဖြစ်သည်။ မြို့ရွာနယ်ပယ်နှင့် လူအမည်များကို ပါဠိ သက္ကတ အမည်များ မှည့်ခေါ်လေ့ရှိကြသည်ကို တွေ့ရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

သုဝဏ္ဏဘူမိနိုင်ငံ


သုဝဏ္ဏဘူမိနိုင်ငံ၏ အချက်အချာဒေသမှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တ၀ိုက် ဖြစ်သည်။ မွန်လူမျိုးတို့ အခြေစိုက်၍ မြို့ပြထီးနန်း တည်ထောင်ခဲ့ကြသည်။ ယင်းဒေသသည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ မုတ္တမတောင်တန်း၏ အနောက်ဘက် လွင်ပြင်မှာ ရှေးယခင်က ပင်လယ်လွှမ်းနေခဲ့သည်။ ထိုစဉ်က ပင်လယ်ကမ်းစပ်သည် ယခုအရက်သည် မ(တိုက်ကလး)ရွာ ဖြစ်သော ကေလာသတောင်ခြေအထိ ရောက်ရှိခဲ့သည်။ အရက်သည်မရွာနျင့် သထုံမြို့နေရာတို့မှ လေး၊ မြှားများ၊ ကျောက်ကြိုများ၊ နိုင်ငံခြားသင်္ဘောများ၏ အပိုင်းအစများကို တူးဖော်တွေ့ရှိခဲ့သည်။

သုဝဏ္ဏဘူမိသည် မွန်တို့၏ ဌာနဖြစ်သော ရာမညတိုင်း ဖြစ်သည်။ ရှေးယခင်က သုဝဏ္ဏဘူမိသည် စစ်တောင်းမြစ်နှင့် သံလွင်မြစ်နှစ်သွယ်ကြား ဒေသဖြစ်သည်။ လွန်ခဲ့သော ဘီစီ ၂၀၀၀-ကျော်လောက် အချိန်က မွန်ခမာအနွယ်ဝင်တို့သည် အရှေ့တောင် အာရှ မြစ်ဝှမ်းဒေသများသို့ တစတစ ပြောင်းရွှေ့လာကြသည်။ မြစ်နီမြစ်ဝကျွန်းပေါ်၊ မဲခေါင်မြစ်ဝကျွန်းပေါ်၊ စစ်တောင်း သံလွင်၊ ဂျိုင်း မြစ်ဝကျွန်းပေါ်ဒေသတို့တွင် ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ထိ ကျယ်ပြန့်သည် မွန်ခမာ၊ အနွယ်ဝင် အချို့သည် ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသများသို့လည်း ရောက်ခဲ့ကြသည်။

မွန်လူမျိုးတို့သည် ဘီစီ ၁၇-ရာစုအတွင်းက သုဝဏ္ဏဘူမိကို တည်ထောင်ခဲ့ကြသည်။ အိန္ဒိယကုန်သည်များနှင့် စွန့်စားသူများ ရောင်းဝယ် ဖောက်ကားကြသဖြင့် သုဝဏ္ဏဘူမိဒေသသည် လွန်စွာ ကြွယ်ဝချမ်းသာခဲ့သည်။ ထိုအချိန်က သုဝဏ္ဏဘူမိသည် ရာမညတိုင်းကြီးအဖြစ် ကျယ်ပြန့်သည်။ ပုသိမ် ၃၂-မြို့၊ ဒလ-၃၂မြို့ ပိုင်းခြား၍ အုပ်ချုပ်ကြသည်။ ရွှေ ဆင်စွယ် ပျားရည်တို့ ထွက်၍ သုဝဏ္ဏဘူမိ ရွှေမြေဟု ခေါ်တွင်ခဲ့ကြသည်။ ပင်လယ်ရပ်ခြားနိုင်ငံတို့နှင့် ကုန်သွယ်မူ ပြုရုံသာမက သုဝဏ္ဏဘူမိမှ တနင်္သာရီ ရိုးမကို ဖြတ်ကျော်၍ အရှေ့ဘက်ရှိ နိုင်ငံများနှင့်လည်း ကုန်းလမ်းခရီးဖြင့် ကုန်သွယ်ခဲ့သည်။ အိန္ဒိယနိုင်ငံနှင့် ပင်လယ်ရေကြောင်း အဆက်အသွယ်ကောင်းသည်။

ဂင်္ဂါလွင်ပြင်သို့ ရောက်ရှိသွားသော မွန်ခမာအနွယ်ဝင်တို့နှင့် ဆက်သွယ်၍ ကုန်းကြောင်းခရီး ကုန်ရောင်းကုန်ဝယ် သွားကြသည်။ အိန္ဒိယတောင်ပိုင်း ကလိင်္ဂတိုင်း၊ တေလင်္ဂဏတိုင်း အရပ်ဒေသတို့မှ တိလင်္ဂဏလူမျိုးတို့လည်း စစ်မက်ရေးကြောင့် ပြေးဝင်လာကြပြီး ဒဂုံဒေသတွင် နေထိုင်လာကြသည်။ မွန်ခမာအနွယ်ဝင်ချင်း ဖြစ်ကြသဖြင့် မကြာခင်မျာပင် ရောနှောသွားကြသည်။ မွန်ရှေးဟောင်း ကလေးချော့ သီချင်းအရ အိန္ဒိယတောင်ပိုင်းမှ ၀င်ရောက်လာသူတို့သည် ဒဂုံဒေသကို ဥက္ကလာ(ဥက္ကလာပ)ဟု အမည် သမုတ်ကြသည်။ အမည်များမှာလည်း ပါဠိ သက္ကတအမည်များ ဖြစ်ကြသည်။ မိမိတို့နေရင်းဒေသ ဂင်္ဂါလွင်ပြင်သို့ ရာသီဥတုသာယာသော အချိန်တွင် လှည်းများဖြင့် ကုန်ကူးသန်းရောင်းဝယ် သွားလာကြသည်။ အိန္ဒိယနှင့် သုဝဏ္ဏဘူမိ ကုန်းလမ်း ဆက်သွယ်ရေးသည် ဘီစီ ၆-ရာစု မတိုင်မီကပင် ရှိနေလိမ့်မည်ဟု ဆိုကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဘုရားမပွင့်မီကာလ မြန်မာပြည်အခြေအနေ


တကောင်းပြည်ကို စတင်တည်ထောင်ချိန်က မြန်မာနိုင်ငံအထက်ပိုင်းတွင် အရှေ့ဘက်၌ ပျူလူမျိုး၊ အနောက်ဘက်၌ ကမ်းယံလူမျိုး၊ မြောက်ဘက်၌ သက်လူမျိုး၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ဝှမ်းတို့တွင် မွန်လူမျိုးများလည်း ရောက်ရှိနေကြပြီ ဖြစ်သည် ဆိုကြသည်။

တွေ့ရှိရသောအထောက်အထားများအရ မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ပြနိုင်ငံများအဖြစ် အောက်ပါအတိုင်း တွေ့ရသည်။ မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၌ တကောင်းပြည်ကြီး တည်ရှိနေသည်။ မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်မြောက်ပိုင်းဒေသ၌ ဝေသာလီပြည်တည်ရှိနေသည်။ မြန်မာပြည်၏တောင်ဘက် ပင်လယ်ကမ်းခြေ အရပ်၌ သုဝဏ္ဏဘူမိခေါ် သထုံပြည်တည်ရှိနေသည်။ ပြည်မြို့အရှေ့ဘက် မှော်ဇာရွာတည်ရာအရပ်၌ သရေခေတ္တရာပြည် တည်ရှိနေသည်။ ၎င်းပြင် မြန်မာပြည်အလယ်ပိုင်း ဗိဿနိုး၊ ပြည်၊ ဟန်လင်း၊ ပျူနိုင်ငံတို့လည်း တည်ရှိနေကြသည်။

တကောင်းပြည်သည် မြတ်စွာဘုရား ပွင့်တော်မမူမီကပင် တည်ရှိပြီးဖြစ်သည်။ ဣန္ဒိယပြည်မြောက်ပိုင်းနှင့် ပတ်ကွိုင်တောင်ကြားလမ်း၊ ဟူးကောင်းတောင်ကြားလမ်း အဆက်အသွယ်ရှိခဲ့သည်။ တရုတ်ပိုင် လမ်းမကြီးပေါ်တွင် တည်ရှိပြီး အိန္ဒိယ တရုတ်ကုန်သွယ်ရေး အချက်အချာဒေသ ဖြစ်သည်။ သာကီဝင်မင်းတို့နှင့် ရောနှောသွားပြီးသည့်နောက် ပါဠိ သက္ကတအမည်များတွင်ကျယ်လေသည်။ အိန္ဒယနိုင်ငံမှ လာသူများဖြစ်၍ အိန္ဒိယနိုင်ငံမှ မြို့မြစ်တောင်များ၏ အမည်များကို အထုယူ မှည့်ခေါ်ကြသည်။ (ဧရာဝတီမြစ်၊ သလ္လာဝတီမြစ်၊ သင်္ကဿနဂိုရ်၊ ပဉ္စာလရာဇ် စသည်တို့ဖြစ်ကြသည်။)

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

မြန်မာနိုင်ငံသို့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် ရောက်ရှိ ထွန်းကား ပြန့်ပွားလာပုံ


လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀-ကျော်က မဇ္ဈိမဒေသတွင် မြတ်စွာဘုရား ပွင့်တော်မူသည်မှစ၍ ၄၅-၀ါပတ်လုံး တရားတော်များကို ဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရား၏ တရားတော်များကို နာကြားကြရသဖြင့် လူ နတ် ဗြဟ္မာ သတ္တ၀ါများစွာတို့ သံသရာဝဋ်ဒုက္ခမှ ထွက်မြောက် ကြကုန်၏။ မြတ်စွာဘုရား၏ တပည့်သာဝက အဆက်ဆက်များကလည်း တရားတော်များကို ဆက်လက် ဟောကြားကြပြန်သဖြင့် ဗုဒ္ဓသာသနာတော်သည် ကမ္ဘာအနှံ့ပြန့်ပွား တိုးတက်လာသည်။ သာသနာတော်သည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သည့်နည်းတူ မြန်မာနိုင်ငံသို့လည်း ရောက်ရှိထွန်းကား ပြန့်ပွားလာခဲ့သည်။

ပုဂံ့ခေတ်တွင် သန့်စင်ပျိုးထောင်ခဲ့သော ထေရ၀ါဒ ဗုဒ္ဓဘာသာကြောင့် မြန်မာတို့၏ အမျိုးသားယဉ်ကျေးမူကြီး ဖြစ်လာသည်အထိ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာတရားတော်က သွန်သင်ခဲ့သည်။ မြန်မာတို့၏ စည်းလုံးညီညွတ်သော အမျိုးဘာသာ သာသနာစိတ်ဓာတ်အားမာန်ကို ဗုဒ္ဓဘာသာတရားတော်က ပြုစုပျိုးထောင်ပေးခဲ့သည်။ ဗုဒ္ဓဘာသာတရားတော်သည် မြန်မာပြည်ဖွား တိုင်းရင်းသားတိုပ၏ အကျိုးစီးပွားကို အမြဲ ဆောင်ရွက်ပေးတော်မူသဖြင့် သာသနာ့သမိုင်း အပြည့်အ၀ကို စနစ်တကျ လေ့လာသင်ပေးသည်။

မြတ်စွာဘုရား ပွင့်တော်မမူမီ ရှေးအခါက အိန္ဒိယနိုင်ငံတွင် ပဉ္စာလမင်းနှင့် သာကီဝင်များဖြစ်သော ဒေ၀ဒဟ၊ ကပိလ၀တ်၊ ကောလိယမင်းတို့ စစ်ဖြစ်ကြရာ သာကီဝင်မင်းမျိုးတို့ စစ်ပွဲတွင် အရေးနိမ့်ခဲ့သည်။ ကပိလ၀တ်ပြည်မှ အဘိရာဇာ သာကီဝင်မင်းသည် စစ်သည် အလုံးအရင်းနှင့် မြန်မာနိုင်ငံ တကောင်းအရပ်သို့ ထွက်ခဲ့သည်။ သင်္ကဿနဂိုရ်ဟု အမည်သမုတ်ပြီး တကောင်းပြည်ကို တည်ထောင်စိုးစံသည်။ တကောင်းသို့ ရောက်နှင့်နေသော ရှေးဦး မြန်မာလူမျိုးတို့နှင့် မဇ္ဈိမမှ နောက်ရောက်လာသော သာကီဝင် အဘိရာဇာတို့မှာ တိဗက်မြန်မာအုပ်စုတူ လူမျိုးချင်းဖြစ်၍ ပေါင်းစုနေနိုင်ကြသည်။ အဘိရာဇာ တကောင်းပြည်ကို တည်ထောင်ချိန်မှာ ဘီစီ ၆-ရာစုကျော် အချိန်ဖြစ်သည်။

Wednesday 26 January 2011

ပိဋကတ်နိကာယ်သိမှတ်ဖွယ်


သီဟိုဠ်သာသနာပြု မြန်မာပြည်အား ရဟန်းတော် ဦးဝိနယာလင်္ကာရ မထေရ်မြတ် သီိဟိုဠ်၌ သီတင်းသုံးတော်မူစဉ် ကန္ဒီမြို့ရှိ မြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်စစ်နှင့်အတူ ကိန်းဝပ်စံပယ်ပွားတော်မူသော မြတ်စွယ်တော်ဖြစ်သည်။

Tuesday 25 January 2011

အခက်အခဲဟူသမျှ ကျော်လွှား လွန်မြောက်နိုင်သည့် ဂါထာတော်



ဂါထာဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် ညတစ်ည၀ယ် လနတ်သားသည် ရာဟု အသူရိန်မင်းကြီး၏ ဖမ်းယူခြင်းကို ခံရ၏။ ထိုအခါ လနတ်သားသည် မြတ်စွာဘုရားကို သတိရ အာရုံပြုလျက် တမ်းတ တိုင်တည်သောအားဖြင့် ပထမဂါထာကို ရွတ်ဆိုသည်။ ထိုအခါ မြတ်စွာဘုရားသည် ဒုက္ခရောက်နေသော လနတ်သား အခက်အခဲမှ လွတ်မြောက်ရေးအတွက် ဒုတိယဂါထာကို ရွတ်ဆိုတော်မူကာ ရာဟုအသူရိန်နတ်ကြီးအား အမိန့်ပေးတော်မူသည်။ မြတ်စွာဘုရား၏ အမိန့်ပေး မေတ္တာရပ်ခံစကားကြောင့် ရာဟုအသူရိန်သည် လဗိမာန်ကို ဖမ်းထားရာမှ လွှတ်လိုက်သဖြင့် ချမ်းသာသုခ ရခဲ့သည်။

ဂါထာ

၁။ နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နော သ္မိ၊ တဿ မေ သရဏံ ဘ၀။

၂။ ထထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု၊ ဗုဒ္ဓါ လောကာနုကမ္ပကာ။

မြန်မာပြန်

၁။ ၀ီရ၊ ကြီးမြတ်သော လုံ့လ ၀ီရိယ ရှိတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ ရှင်တော်မြတ်ဘုရားအား။ မေ၊ တပည့်တော်၏။ နမော၊ လက်စုံမိုး၍ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ တွံ၊ ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗဓိ၊ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် ဟူသော ကျဉ်းကျပ်ရာ ဋ္ဌာနအပေါင်းမှ။ ၀ိပ္ပမုတ္တော၊ ကောင်းစွာမချွတ် ကျွတ်လွတ်တော်မူသည်။ အသိ၊ ဖြစ်ပြီ။ အဟံ ပန၊ တပည့်တော်မှာမူကား။ သမ္ဗာဓပ္ပဋိပန္နော၊ ရာဟု အသူရိန် နတ်မင်းကြီး၏ ဖမ်းဆီးခြင်းကို ခံနေရ၍ ကျပ်တည်းကျဉ်းမြောင်း လဲလျောင်းနေရသည်(၀ါ) အခက်အခက်နှင့် ရင်ဆိုင်နေရသည်။ အသ္မိ၊ ဖြစ်၏။ တွံ၊ ရှင်တော်မြတ်ဘုရားသည်။ တဿ မေ၊ ထိုသို့ အခက်အခဲနှင့် ရင်ဆိုင်နေရသည့် တပည့်တော်၏။ သရဏံ၊ ကိုးကွယ်အားထားရာသည်။ ဘ၀၊ ဖြစ်တော်မူပါဘုရား။

၂။ ရာဟု၊ အို - ရာဟုအသူရိန်၊ စန္ဒိမာ၊ လနတ်သားသည်။ အရဟန္တံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ တထာဂတံ၊ မြတ်စွာဘုရားကို။ သရဏံ၊ မှီခိုအားထား ကိုးစားရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ပါ၏။ စန္ဒံ၊ လဗိမာန်ကို။ ပမုဉ္စဿု၊ လွှတ်လိုက်ပါလော။ ဗုဒ္ဓါ၊ ဘုရားရှင်တို့မည်သည်။ လောကာနုကမ္ပကာ။ လူ နတ် ဗြဟ္မာ သတ္တ၀ါ ဟူသမျှကို သနားသမူ ကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြကုန်၏။ ရာဟု၊ ရာဟုအသူရိန်နတ်။ တွံ၊ သင်သည်။ စန္ဒံ၊ လဗိမာန်ကို။ ပမုဉ္စဿု၊ လွှတ်လိုက်ပါလော။