ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 3 January 2011

စေတနာသုံးတန်နှင့် ဒါနအင်္ဂါလက္ခဏာများ



ဒါနနှင့် ပတ်သက်လာလျှင် စေတနာသည် မပါမပြီး အရေးကြီးသည်။ စေတနာမရှိလျှင် မလှူဒါန်းနိုင်၊ စေတနာရှိမှသာ လှူဒါန်းနိုင်၏။ စေတနာဆိုရာမှာလည်း ပုဗ္ဗ မုဉ္စ အပရ ဟူ၍ သုံမျိုးရှိသည်။ စွန့်လွတ် လှူဒါန်းတုန်း လှူဒါန်းဆဲ၌ ဖြစ်ပေါ်သော စေတနာကို မုဉ္စစေတနာဟု ခေါ်သည်။ ဤ မုဉ္စစေတနာသည်သာလျှင် ဒါနတရားကိုယ် အစစ်ဖြစ်သည်။

အလှူဒါနပြုလုပ်ရာတွင် မလှူဒါန်းမီရှေ့အဖို့၌ လှူဖွယ်ဝတ္ထုများကို စုဆောင်းရှာဖွေရာအခါမှစ၍ “ငါသည် လောကီလောကုတ္တရာ များစွာသော စည်းစိမ်တို့၏ အကြောင်းဖြစ်သော အနုဂါမိတ (ဘ၀စဉ်ဆက်လိုက်တတ်သော) အလှူကုသိုကို ပြုရတော့မည်” စသည်ဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် ပုဗ္ဗစေတနာမည်၏။

လှူဖွယ်ဝတ္ထုပစ္စည်းအစုစုကို အလှူခံပုဂ္ဂိုလ်၏ လက်တွင်းသို့ ထည့်၍ စွန့်လွှတ်လှူဒါန်းဆဲအခါ “အနှစ်သာရမရှိသော ပစ္စည်းမှ အနှစ်သာရရှိသော ကုသိုလ်မျိုးစေ့ကို ထုတ်ယူနေပါတကား”ဟု စိတ်ကြည်လင်ရွှင်ပြစွာ လှူဒါန်းမူသည် မုဉ္စစေတနာမည်၏။

ပေးလှူပြီးနောက် “ ငါသည် ပညာရှိတို့ ချီးမွမ်းအပ်သော လှူဒါန်းမူကို ပြုလုပ်ခဲ့ရပေပြီ၊ ကောင်းပေစွ” ဟု အဖန်ဖန် အထပ်ထပ် အောက်မေ့ အမှတ်ရကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် အပရစေတနာ မည်၏။

ဤသို့လျှင် စေတနာသုံးတန်ပြည့်ဝစွာ လှူဒါန်းအပ်သော ဒါနသည် အကျိုးကြီးမားလှသည်။ လှူဒါန်းသူဘက်က ဤစေတနာသုံးတန်ပြည့်ဝရေးသည် အရေးကြီးသော အင်္ဂါရပ်ဖြစ်သည်။

ထို့ပြင် အလှူဒါနအကျိုးကြီးမားထက်သန်ရေးအတွက် အလှူခံပုဂ္ဂိုလ်သည် ရာဂကင်းသူ၊ သို့မဟုတ် ရာဂကင်းရန် ကျင့်ကြံနေသူ ဖြစ်ရမည်။
ဒေါသကင်းသူ၊ သို့မဟုတ် ဒေါသကင်းရန် ကျင့်ကြံနေသူ၊ ဒေါသ မောဟကင်းရန် ကျင့်ကြံပြီး ကျင့်ကြံဆဲ ဖြစ်တော်မူကြကုန်သော ပုဂ္ဂိုလ်မြတ်တို့မှာ အကောင်းဆုံးသော အလှူခံပုဂ္ဂိုလ်မြတ်များ ဖြစ်ကြသည်။ အခြားပုဂ္ဂိုလ်တို့မှာမူ သာမာန်အလှူခံပုဂ္ဂိုလ်မြတ်များ ဖြစ်ကြသည်။ အခြားပုဂ္ဂိုလ်တို့မှာမူ သာမန်အလှူခံပုဂ္ဂိုလ်တို့သာ ဖြစ်ကြသည်။ ဤသို့လျှင် အလှူပေးသူနှင့် အလှူခံသူ နှစ်ဦးနှစ်ဖက် အင်္ဂါလက္ခဏာနှင့် ပြည့်စုံရန် လိုအပ်ပါသည်။

ထို့ကြောင့် အလှူဒါနမြောက်ရန်အတွက် အလှူပေးသူ၊ အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ဝတ္ထု၊ လှူကြောင်းစေတနာ၊ ဤလေးပါးပြည့်စုံလျှင် ပေးလှူမူ ဒါနမြောက်၏။ လှူဖွယ်ဝတ္ထုသည် တရားသဖြင့် ရှာဖွေရရှိသော(ဓမ္မိယလဒ္ဓ) ပစ္စည်းဝတ္ထုဖြစ်ပါမူ ဒါနအကျိုးတရား ပိုမိုကြီးမားသည်။

သမုဒ္ဒရာရေ ပမာဏကို တစ်မူတ် တစ်ဖလား တစ်အိုးစသည်ဖြင့် ရေတွက်ခြင်ငှါ မတတ်ကောင်းသလို အထက်ပါအင်္ဂါများနှင့် ပြည့်စုံသော အလှူဒါန၏ အကျိုးအာနိသင် အတိုင်းအရှည်ပမာဏကိုလည်း ဤရွေ့ ဤမျှရှိ၏ဟု မရေတွက် မမှန်းဆနိုင်ပေ။

No comments:

Post a Comment