ဂါထာဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားနှင့် ဗကဗြဟ္မာကြီးတို့ တန်ခိုးပြိုင် ပုန်းအောင်းကြရာတွင် ဗြဟ္မာကြီးက ပထမစတင်ပုန်းအောင်းသည်။ ဗြဟ္မာကြီး ပုန်းအောင်းသမျှ ဘုရားရှင်က ဖော်ထုတ်နိုင်သည်။ ဘုရားရှင် အလှည့်သို့ ရောက်သော် မြတ်စွာဘုရားက “ဗြဟ္မာအများ ငါဘုရားအသံကိုသာ ကြားပါစေ၊ ငါဘုရား ကိုယ်တော်ကိုမူ မမြင်ကြရစေကုန်သတည်း” ဟု အဓိဋ္ဌာန်တော်မူ၍ ထိုင်တော်မူလျက်ပင် ပုန်းကွယ်နေစဉ် “ဘဝေ ၀ါဟံ” အစချီသော ဂါထာကို ရွတ်ဆို ဟောကြားတော်မူခဲ့သည်။
ဗြဟ္မာများကား မြတ်စွာဘုရား အသံတော်ကိုသာ ကြားနေကြရသည်။ မြတ်စွာဘုရား ကိုယ်တော်ကိုမူ လုံးဝမမြင်ကြရပေ။ ဤဂါထာသည် မူလပဏ္ဏာသပါဠိတော်၊ ဗြဟ္မနိမန္တနိကသုတ်၌ ပါရှိ၏။
ဂါထာ
ဘေ၀၀ါဟံ ဘယံ ဒိသွာ၊ ဘ၀ဉ္စ ၀ိဘဝေသိနံ။
ဘ၀ံ နာဘိဝဒိံ ကိဉ္စိ၊ နန္ဒိဉ္စ န ဥပါဒိယိံ။
မြန်မာပြန်
ငါဘုရားသည် ဘ၀၌ အိုနာသေရေးစသော ဘေးဒုက္ခကို လည်းကောင်း၊ ကာမရူပ အရူပ လောကသုံးဘုံ အလုံးစုံကို လည်းကောင်း၊ ဘ၀ကင်းရာ ရှာသူတို့၏ သံသရာ၌ အဖန်တလဲလဲ ဖြစ်ခြင်းကိုလည်းကောင်း၊ သိမြင်တော်မူသောကြောင့် သာလျှင် တစ်စုံတစ်ခုသော ဘ၀ကိုမျှ(တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်း မတပ်မက်၊ ဘ၀၌ နှစ်သက်ခြင်း(ဘ၀တဏှာ) ကိုလည်း မစွဲယူတော့ပြီ။
Saturday 22 January 2011
ဘဝေ ၀ါဟံ ဘယံ ဒိသွာ ဂါထာ
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓပရိတ်နှင့် ဂါထာတော်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment