ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 7 January 2011

ပါယာသိမြို့စားနှင့် ဥတ္တရလုလင်


ရှေးအခါက ပါယာသိမြို့စားသည် အလှူဒါနပွဲကြီး တစ်ခုကို ပြုလုပ်သည်။ ထိုအလှူဒါနပွဲ၌ မိမိကိုယ်စား အလှူပွဲစီစဉ်ရန် ဥတ္တရလုလင်ကို စေခိုင်းသည်။

ဥတ္တရလုလင်သည် ကိုယ်စားအဖြစ်ဖြင့် ပေးလှူရသော်လည်း မိမိ၏ အလှူကဲ့သို့သဘောထားကာ အားထုတ်ကြိုးပမ်းခဲ့သည်။ အသက်တမ်း ကုန်ဆုံးသောအခါ အလှူရှင်ပါယာသိမြို့စားသည် စတုမဟာရာဇ်နတ်ပြည်၌ ဖြစ်သည်။ ဥတ္တရလုလင်သည် တာဝတိံသာနတ်ပြည်၌ ဖြစ်သည်။

တစ်နေ့သော် ဂ၀မ္ပတိမထေရ်သည် နတ်ပြည်သို့ ကြွတော်မူသည်။ ပထမဦးစွာ စတုမဟာရ်နတ်ပြည်၌ ရှိသော အခြံအရံ နတ်သမီး နတ်သားကင်းမဲ့သည့် သေရိသကနတ်ဗိမာန်သို့ ကြွတော်မူသည်။ ထိုဗိမာန်တွင် မရိုမသေ တော်စွာလျော်စွာ အလှူပေးခဲ့သော ပါယာသိမြို့စား နတ်သားကို တွေ့ရသည်။ ထိုနတ်သားက ဤသို့ လျှောက်သည် -

“အရှင်ဘုရား - တပည့်တော်သည် ပါယာသိမြို့စား ဖြစ်ပါသည်။ အလှူပြုစဉ်က အလှူခံပုဂ္ဂိုလ်တို့ကို မရိုမသေ ပေးလှူခဲ့ခြင်း၊ မိမိလက်ဖြင့် ကိုယ်တိုင်ကိုင်၍ သာဟတ္ထိက မြောက်အောင် မပေးမလှူခဲ့ခြင်း၊ သူတပါးတို့ အံ့ဖွယ်သရဲဖြစ်အောင် မပေးမလှူခဲ့ခြင်း၊ လှူဖွယ်ဝတ္ထုတို့ကို မိမိကိုယ်တိုင် မသံးစွဲလို၍ ပစ်လွှင့်ထားအပ်သော ၀တ္ထုကဲ့သို့ သဘောထားကာ ပေးလှူမိခဲ့ခြင်းကြောင့် ယုတ်ညံ့အောက်ကျသော စတုမဟာရာဇ်နတ်ဘုံ၌ ဖြစ်ရပါသည်။ မိမိအလှူ၌ ဝေယျာဝစ္စအမူ အားစိုက်ပြုလုပ်ခဲ့သော ဥတ္တရလုလင်မှာမူ ရိုသေစွာပေးလှူခဲ့ခြင်း၊ ကိုယ်တိုင်လက်ဖြင့်ကိုင်၍ သာဟတ္ထိကမြောက်အောင် ပေးလှူခဲ့ခြင်း၊ သူတပါးတို့ အံ့ဖွယ်သရဲဖြစ်အောင် ပေးလှူခဲ့ခြင်း၊ လှူဖွယ်ဝတ္ထုကို ပစ်လွှင့်သကဲ့သို့ မဟုတ်ဘဲ ကောင်းမွန်စွာ ပေးလှူခဲ့ခြင်းတို့ကြောင့် မိမိနတ်ပြည်ထက် မြင့်မြတ် အထက်တန်းကျသော တာဝတိံသာနတ်ပြည်သို့ လားရောက်ရပါသည်။ အရှင်ဘုရား လူ့ပြည်သို့ ပြန်ရောက်သောအခါ လူအပေါင်းကို ရိုသေစွာ ပေးလှူကြရန်၊ သူတပါးကို စေခိုင်းလျက် မျက်နှာလွဲခဲပစ်မပြုလုပ်ဘဲ မိမိလက်ဖြင့် ကိုယ်တိုင်ကိုင်၍ သာဟတ္ထိကမြောက်အောင် ပေးလှူကြရန်နှင့် ပစ္စည်းဝတ္ထုကို ပစ်လွှင့်သကဲ့သို့ မဟုတ်ဘဲ ကောင်းမွန်စွာ ပေးလှူကြရန် ဟောပြောပေးစေလိုပါသည်ဘုရား” ဟု တောင်းပန် လျှောက်ထားလေသည်။

ဂ၀မ္ပတိမထေရ်ကလည်း လူ့ပြည်သို့ ပြန်လည်ရောက်ရှိသောအခါ နတ်သားလျှောက်ထားသည့်အတိုင်း လူတို့အား ပြန်လည်ဟောပြလေသည်။

လူတို့လည်း ဂ၀မ္မတိမထေရ်ဟောပြသည့်အတိုင်း လိုက်နာပြုကျင့်ကြသဖြင့် တာဝတိံသာနတ်ပြည်သို့ လားရောက်ကြရလေသည်။

No comments:

Post a Comment