ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 11 January 2011

ဇရာရဲ့ အငွေ့အသက်တွေ အကြောင်း







ကျွန်မတို့ မိန်းမတွေမှ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း လှချင်ကြတာပါပဲ။ ငယ်သူတွေ လှချင်ကြသလို အသက်အရွယ် ရလာရင်လည်း သူ့အတိုင်းအတာနဲ့သူ လှပဖို့ ကြိုးစားနေရတာပါပဲ။ ဘယ်အသက်အရွယ်ရောက်ရောက် ကျွန်မတို့ရဲ့ မျက်နှာလေးကို ဇရာဆိုတဲ့ အပြောင်းအလဲတွေဖြစ်ပေါ် လာခြင်းကနေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့်လည်း သူ့အသက်အရွယ်နဲ့သူ လိုအပ်တဲ့ အလှအပပြုပြင်ပစ္စည်းတွေ တစ်နေ့တခြား တိုးပွားလို့ လာနေတာပေါ့။

အချို့ဇရာရဲ့ အငွေ့အသက်တွေ ကျွန်မတို့ရဲ့ မျက်နှာပြင်ပေါ်မှာ နေရာယူလာတဲ့အခါ မိမိတို့တစ်တွေရဲ့ အသက်အရွယ်ကြီးရင့်လာပြီဆိုတာ သတိပေးနေသလိုပါပဲ။ ဒါပေမဲ့ သဘာဝမို့ ဒီအတိုင်း ပစ်ထားလိုက်တော့ မထိန်းသိမ်းတဲ့ အရာမှန်သမျှ အနှေးနဲ့အမြန် ပြုပြင်လို့မရတော့လောက်အောင် ပျက်စီးသွားမှာပေါ့။ အဲဒီတော့ ဘယ်အရာတွေက လိုအပ်တာထက်ပိုပြီး အိုမင်းရင့်ရော်မူကို ဖြစ်စေသလဲ။ ဘယ်အရာတွေကတော့ ပြုပြင်ထိန်းသိမ်းလို့ရကောင်းပါရဲ့။ နောက်ဆုံးဘယ်လိုမှ ပြုပြင်လို့မရတော့မှသာ သြ … ဒါကတော့ တို့တစ်တွေ မလွဲမသွေကြုံရမယ့် သဘာဝပဲဆိုတာကို လက်ခံမှာပါ။ အလှအပမြတ်နိုးသော လူတွေ အတော်များများပဲ အတွေးဟာလည်း ကျွန်မရဲ့အတွေးနဲ့ ကွာလှမယ်မထင်ပါဘူးနော်။

အဲဒီလို ဆုံးဖြတ်ချက်လေးတွေ မှန်ကန်ဖို့ရာမှာ စစ်မှန်တဲ့ အခြေခံခန္ဓာကိုယ်ရဲ့ အပြောင်းအလဲ အထူးသဖြင့် မျက်နှာပြင်ပေါ်မှာ သိသာထင်ရှားတဲ့ အရွယ်ရင့်လာတဲ့ အပြောင်းအလဲတွေဟာ ဘယ်လိုအကြောင်းကြောင့် ဖြစ်ပေါ်ရတယ်ဆိုတာ ကျွန်မတို့တစ်တွေ သိထားဖို့လိုပါတယ်။ ဘာကြောင့်လဲလို့မေးလာရင်တော့ အောက်ဖော်ပြပါ အချက်တွေကြောင့်လို့ပဲ ဖြေရပါလိမ့်မယ်။

ကျွန်မတို့ရဲ့ မျက်နှာပြင်ကို ဖုံးအုပ်ထားတဲ့ လူ့အရေပြား(skin) ဟာ ကျွန်မတို့အရွယ်ရောက်ချိန် (Late adolescence) အသက်အရွယ်အတိအကျကိုတော့ ပြောဖို့ခက်ပါတယ်။ အဲဒီအချိန်မှာ ကိုယ်အစိတ်အပိုင်းတွေ ကြီးထွားမူရပ်တန့်သွားချိန်လောက်ကစပြီး သူ့ရဲ့နုပျိုခြင်းတွေဟာ အိုမင်းရင့်ရော်ခြင်းဆိုတဲ့ တံခါးဝ ရောက်သွားပါပြီ။ ဒါပေမဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမူလက္ခဏာကိုတော့ ကျွန်မတို့ရဲ့ လူ့ဘ၀သက်တမ်း အလယ်လောက်အထိ ပြသလေ့မရှိပါဘူး။

ဒီနေရာမှာ အရေပြားဆဲလ်ပွားတဲ့ အရှိန်ဟာ ငယ်စဉ်တုန်းကလို လျင်မြန်မူမရှိတော့ဘဲ အပေါ်ယံကွာကျသွားတဲ့ (skin) နေရာကို အရေပြားဆဲလ်အသစ်တွေက တဖြည်းဖြည်းချင်းသာ အစားထိုးပါတယ်။ တတိယအရေပြားအလွှာဖြစ်တဲ့ ဒါးမစ်(Dermis) တွေနဲ့ ဖွဲ့စည်းထားတဲ့ အီလပ်စတင်(Elastin)နဲ့ ကော်လာဂျင်(Collagen) တွေရဲ့ တောင့်တင်းမူဟာလည်း လျော့ကျသွားပါတယ်။ ဒါ့အပြင် Dermis ရဲ့ အောက်ဘက်မှာရှိတဲ့ အဆီပြင်ဟာလည်း ကျလာတာကို တွေ့ရပါတယ်။ အရေပြာထိန်းသိမ်းတဲ့နေရာမှာ တစ်နည်းတစ်လမ်းနဲ့ အထောက်အကူဖြစ်ပေးတဲ့ အဆီ (Sebum) နဲ့ချွေး(Sweat) တွေ ထွက်နူန်းဟာလည်း လျော့ကျသွားတာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် အရေပြားဟာလည်း သူ့မှာရှိသင့်တဲ့ အစိုဓာတ်(Moistrue) ကို ထိမ်းသိန်းနိုင်မူ စွမ်းရည် လျော့ပါးသွားရပါတယ်။ အရေပြားမှာရှိတဲ့ တင်းရင်းတဲ့သတ္တိ(Elasticity) လျော့နည်းသွားတဲ့ နေရာတွေနဲ့ (Demis) ပါသွားတဲ့နေရာတွေမျာ သိသာတဲ့ အပြောင်းအလဲကတော့ အရေပြား တွန့်ခေါက်မူတွေ ဖြစ်ပေါ်လာခြင်းပါပဲ။ မျက်နှာပြင်မှာဆိုရင်တော့ နဂိုကတည်းက နူးညံ့ပြီး ပါးတဲ့ အရေပြားတွေဖြစ်တဲ့ မျက်စိတစ်ဝိုက်နဲ့ နူတ်ခမ်းတစ်ဝိုက်က အရေပြားတွေဟာ ပိုပြီး မြန်မြန်တွန့်ခေါက်ဖို့ ဖြစ်လာပါတယ်။ အဲဒါကို ကျေးငှက်တွေရဲ့ ခြေထောက်သဏ္ဌာန်တူလို့ (Crow’s feet) ဆိုပြီး မျက်လုံးရဲ့ ထောင့်တွေမှာ မြင်တွေ့ရပါတယ်။ အဆီပြင်တွဲကျလာတဲ့အတွက် မျက်ခုံးနှစ်ဖက်ဟာ အိတွဲကျလာတယ်။ ဒါ့အပြင် မျက်လုံးရဲ့ အပေါ်နဲ့အောက်မှာရှိတဲ့ မျက်ခွံတွေရဲ့ အောက်မှာရှိတဲ့ အဆီပြင်တွေ အိတွဲလာတဲ့ အတွက် မျက်လုံးလည်း မှေးသွားပါတယ်။ အဲဒီအတိုင်းပါပဲ မေးရိုးအောက်မှာရှိတဲ့ အဆီပြင်တွဲကျတော့ မေးစေ့(၂)ထပ်ဖြစ်သလို မြင်ရတယ်။ လည်ပင်းတစ်ဝိုက်မှာလည်း အရစ်အတွဲတွေ ဖြစ်ပေါ်တာကို မြင်ကြရမှာပါပဲ။

ကောင်းပါပြီ။ အသက်ကြီးရင် မလွဲမသွေရင့်ရော်ရမှာပဲဆိုတာ အများလက်ခံထားတဲ့ အရာပါပဲ။ ဒါ့အပြင် အခြားအချက်တွေရှိသေးလားဆိုရင်တော့ ကျွန်မတို့ရဲ့ မျိုးရိုးဗီဇကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။ ပြီးတဲ့အပြင် ကျွန်မတို့နေ့စဉ် နေထိုင် စားသောက်မူဘ၀ပုံစံကလည်း အများကြီး သက်ဆိုင်နေတယ် ဆိုတာပါပဲ။

ဘယ်လိုအခြေအနေတွေမှာ ပိုပြီး သိသာလာသလဲဆိုရင် အသားဖြူသူတွေဟာ အသားညိုသူတွေ ထက်စာရင်နေရာင်နဲ့ ထိတွေ့လို့ဖြစ်ပေါ်ရတဲ့ ရင့်ရော်မူကို ပိုခံစားရတတ်တယ်လို့ ဆိုပါတယ်။ တစ်နည်းတွေးကြည့်ရင်တော့ အရေပြားဆဲလ်ပွားရာ Epidermis က Basal cell layer ကို နေရောင်ခြည်ကနေ ထီးမိုးသလို အကာအကွယ်ပေးတဲ့ ရောင်ခြယ်ဆဲလ် Melanocyte တွေဟာ အသားဖြူသူတွေမှာ လျော့နည်းနေတာကြောင့်လို့ ယူဆနိုင်ပါတယ်။

နေရောင်ခြည်ကြာရှည်စွာ ထိတွေ့မူ ခံရတဲ့ အရေပြားက တဖြည်းဖြည်းနဲ့ အိတွဲပြီး သားရေ(Leather) လို အသွင်ပြောင်းလာတတ်ပါတယ်။
မျက်နှာအရေးအကြောင်းတွေ ပေါ်လာတာမကြိုက်သူတွေအတွက် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။

ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးတွေထဲက အချက်တစ်ချက်ကတော့ သွေးအတွင်း ဓာတ်ပြုမူ စွမ်းအင် မြင့်မားတဲ့ အောက်ဆီဂျင်(Oxygen free radicals) တွေ မြင့်တက်လာခြင်းပါပဲ။ ဒီ OFR တွေ ဟာ သက်ရှိဆဲလ်တွေရဲ့ မျက်နှာပြင်အမြှေးပါး(Cell membrance) တွေကို ထိခိုက်ပျက်စီးစေတဲ့ အတွက် အရေပြားမှာရှိတဲ့ Cells တွေကိုလည်း အချိန်မတိုင်ခင်မှာ ရင့်ရော်စေပါတယ်။ ထို့အတူ လေထုညစ်ညမ်းမူ(Air Polution) ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေဟာလည်း အလားတူ OFR တွေ သွေးအတွင်းမြင့်တက်ဖို့ တွ့ကြုံရတတ်ပါတယ်။

အချို့အ၀လွန်သူ အမျိုးသမီးတွေ ပိန်အောင် ကြိုးစားကြရာမှ ရုတ်တရက် ကိုယ်အလေးချိန် လျော့ကသွားတဲ့အခါမျိုးမှာ အရေပြားအောက်မှာရှိတဲ့ အဆီတချို့ လျော့ပါးသွားတဲ့အတွက် အရေပြားအိတဲကျလာတာမျိုးကိုလည်း တွေ့ကြုံရတတ်ပါတယ်။ နိစ္စဓူဝ စိတ်ဖိစီးမူဒဏ်(Stress) ကို ခံစားရသူတွေဟာလည်း အခြားသူတွေထက် မျက်နှာအကျမြန်တာကိုလည်းတွေ့ရတတ်ပါတယ်။

မျက်နှာအရေးအကြောင်းတွေ ပေါ်လာတာ မကြိုက်သူတွေအတွက် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အပေါ်ယံအရေပြားလွှာကို ဖယ်ရှားခြင်းအားဖြင့် အရေပြားတွန့်ခေါက်မူကို သက်သာစေသလို အရေပြားမှာရှိနေတဲ့ မညီညာတဲ့ချိုင့် များကိုလည်း ပြေပြစ်စေတဲ့အတွက် နုပျိုတဲ့အသွင်ကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေကတော့ အရေပြားကို ပွတ်တိုက်စားပစ်ခြင်း(Dermabrasion) နည်းလမ်းနဲ့ ဓာတုအက်ဆစ်များကို အသုံးပြုပြီး အပေါ်ယံအရေပြားလွှာကို ကွာကျအောင် ပြုလုပ်ခြင်းမျိုး(Chemical peels) နည်းလမ်းတွေ ပါပဲ။ နည်းလမ်းတွေကတော့ အအာဘီယမ်(Erbium) သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုဒ်(Carbondioxide) လေဆာရောင်ခြည်အသုံးပြုခြင်း၊ ဘိုတောက်(Botox) ဆေးဝါး အရေပြားအောက်ထိုးနှံခြင်းတို့အားဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မူနှင့် အရေပြားတွန့်ခေါက်မူတို့ကို လျော့ပါးပျောက်ကွယ်အောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။

မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ထိုနည်းလမ်းကို မိမိအသုံးပြုရန် သင့်မသင့်ကို ဆရာဝန်/ ဆရာမတစ်ဦးဦးနဲ့ တိုင်ပင်ညှိနိုင်းသင့်ပါတယ်။ အထူးသဖြင့် ယနေ့အမျိုသမီးများအကြား လူသိများနေသည့်(Botox injection) ကို အသုံးပြုမည်ဆိုပါက မဖြစ်မနေ အကြံဉာဏ်ရယူရပါမည်။ ယခုဖော်ပြမည့်(Botox) အကြောင်းသည်လည်း ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း စာဖတ်သူ တစ်စုံတစ်ခုသော အတိုင်းအတာထိ အသိပညာရရှိစေရန် ဆေးပညာအကြံပေး ဒေါက်တာနိုဘယ်လ်နှင့် ဦးစွာတိုင်ပင်ပြီး ရေးသားခြင်း ဖြစ်ပါသည်။

ကျွန်မတို့ရဲ့ မျက်နှာပြင်မှာ အရေးအကြောင်းဖြစ်ရတဲ့အချက်ထဲမှာ မျက်နှာပြင်မှာရှိတဲ့ ကြွက်သားစုငယ်တွေ(Small muscle groups) တွေ ကြာရှည်စွာ ကျုံ့ခြင်း(Contraction) ကြောင့်က အဓိကဖြစ်သည်။ အထူးသဖြင့် မျက်မှောင်ကျုံ့လေ့ရှိသူတွေဆိုရင် မျက်ခုံးနှစ်ခုကြားနဖူးမှာ နက်ရိုင်းတဲ့ အတွန့်အခေါက် ဖြစ်ဖို့ အခြေအနေများသလို အနေအထားပုံမှန် မဟုတ်တဲ့မျက်နှာအမူအရာတွေ၊ ဆိုလိုတာက မဲ့ရွဲ့နေတတ်တဲ့သူ မျက်နှာထားတင်းတင်းနဲ့ အပြုံးအရယ်နည်းတဲ့သူတွေမှာ အရေးအကြောင်း(Wrinkles) ဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ အဲဒီ (Facial expression) မျက်နှာ အမူအရာဟာလည် မိမိစိတ်တွင်ခံစားမူ(Stress) နဲ့ အများကြီးဆက်စပ်နေတယ်ဆိုတာလည်း လူတိုင်းသိပါတယ်။

အသက်ရလာလို့ နားထင်ဘက် မျက်ခမ်းစပ်မှာ မြင်တွေ့ရတဲ့ ကျေးငှက်တွေရဲ့ခြေထောက်သဏ္ဌာန် အတွန့်အခေါက်ဟာလည်း အရေပြားအောက်မှာရှိတဲ့ ကြွက်သားငယ်လေးတွေ ပုံသဏ္ဌာန်မမှန် ကျုံ့မူကြောင့်ပါပဲ။ ဒီလို ကြွက်သားစုတွေ ကျုံ့ရခြင်းဟာ သူတို့တစ်တွေကို ထန်းချုပ်လမ်းကြောင်းနေတဲ့ အာရုံကြောသတင်းအချက်အလက်(Nerve Signal) တွေကြောင့်ပဲ ဖြစ်ပါတယ်။ Botox ဟာ (Never Signal) တွေကို တားဆီးလိုက်တဲ့အတွက် ကြွက်သားစုတွေဟာ (Contraction) လုပ်ဆောင်နိုင်မူ မရှိတောဘဲ ပြေလျော့သွားတဲ့အတွက် အပေါ်ယံအရေပြားမှာ ဖြစ်ပေါ်နေတဲ့အတွန့်အခေါက်တွေဟာလည်း လျော့နည်းသွားရပါတယ်။

(B0tox) ထိုးဆေးလို့ ဈေးကွက်မှာသိတဲ့ အရေပြားအောက်ကို ဆေးထိုးအပ်နဲ့ ထိုးသွင်းရတဲ့ ဆေးရဲ့ ဓာတုဗေဒအမည်ကတော့ (Botulinum Toxin)ပါပဲ။ (Toxin) ဆိုတဲ့အတွက် အဆိပ်တစ်မျိုး ဖြစ်နေပါတယ်။ အဲဒီအဆိပ်ကိုပဲ လူတွေက အကျိုးရှိအောင် အသုံးပြုလိုက်တာပါပဲ။
(Botox) ကို တွန့်ခေါက်နေတဲ့ အရပြားအောက်က ကြွက်သားထဲ ထိုးထည့်လိုက်ခြင်းအားဖြင့် နာရီပိုင်း (သို့မဟုတ်) တစ်ခါတစ်ရံ မိမိတို့လိုချင်သော ပြုပြင်မူ အပြည့်အစုံကို ၃ရက်မှ ၄ရက်အတွင်း ရရှိတာကို တွေ့ရပါတယ်။ ဆေးထိုးပြီးနောက် အချိန်ပိုင်းအတွင်းမှာပဲ မိမိတို့ရဲ့ လုပ်ငန်းခွင် အသီးသီးကို မပျက်မကွက် ၀င်ရောက်နိုင်တာကိုလည်း တွေ့ရပါတယ်။ ပြုပြင်ထားတဲ့ မျက်နှာပြင် အရေပြားအခြေအနေဟာလည်း ရက်ပေါင်း(၁၂၀)လောက်အထိ ယခင်အတိုင်း နုပျိုသွားတဲ့ အခြေအနေကို ရရှိမှာ ဖြစ်ပါတယ်။

ဒီ (Botox) ကို အလှအပအပြင် ဆေးပညာရပ်ပိုင်းဆိုင်ရာမှာ (Strabismus) လို့ခေါ်တဲ့ မျက်စိကြွက်သား ပြဿနာကြောင့် မျက်စိစွေစောင်း(Squint) သူတွေ၊ လည်ပင်းနှင့် ကုပ်ပိုးပိုင်းဆိုင်ရာ ကြွက်သားပုံမမှန် ကျုံ့မူပြဿနာကြောင့် အနေအထားမမှန် စောင်းငန်းသူတွေမှာလည်း အသုံးပြုနိုင်ကြောင်း ဗဟုသုတအနေနဲ့ သိရပါတယ်။

မျက်နှာပြင်ပေါ်မှာရှိတဲ့ နက်နဲတဲ့ အရေးအကြောင်းတွေဆိုရင် လုံးဝကွယ်ပျောက်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမဲ့ တစ်ခုသိထားရမှာက တစ်ခါထိုးပြီး ရာသက်ပန်ကောင်နေမှာတော့ မဟုတ်ပါဘူး။ နောက်တစ်ချက်က (Botox) ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုမဟုတ်တဲ့အတွက် အချိန်တန်ရင်ခန္ဓာကိုယ်က သူ့ကို အပြီးဖယ်ရှားပစ်ပါလိမ့်မယ်။ ဒါကြောင်း အသေအချာပြောရရင် လူတစ်ဦးနဲ့ တစ်ဦးပေါ်မူတည်ပြီး ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မူနူန်း မတူညီတဲ့အပေါ် ရရှိမယ့် အစွမ်းအာနိသင်ကလည်း (၂)လမှ (၃)လအထိ ကြာရှည်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်ရင် (၃)လမှ (၆)လတိုင်မှာ (Botox) ထိုးနှံဖို့ လိုပါတယ်။

ဒီနေရာမှာ စာဖတ်သူတို့ မေးခွန်းထုတ်နိုင်တာကတော့ (Botox) ဟာ တို့တစ်တွေ ခန္ဓာကိုယ်အတွက် အန္တာရာယ်မရှိဘူးလားဆိုရင် ပြီးပြည့်စုံတဲ့ အဖြေတော့ ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲရောက်သွားပြီး အချိန်ကြာလာတာနဲ့အမျှ ဓာတ်ပြယ်သွားတဲ့ သဘောကြောင့် အချိန်ပိုင်းခြားပြီး ပြန်ပြန်ထိုးနှံရတယ်။ ဒါ့အပြင် နှစ်နဲ့ချီပြီး ထပ်ကာတလဲလဲ အသုံးပြုရင် ခန္ဓာကိုယ်အပေါ် ဘယ်လိုဆိုးကျိုး သက်ရောက်နိုင်တယ်ဆိုတာကို ဖော်ပြမယ့် ဆေးသုတေသန စာတမ်းတွေ ထွက်ဖို့ အချိန်စောင့်ရပါဦးမယ်။

ဒါပေမဲ့(Botox) ထိုးနှံသူတွေထဲမှာ မကြာခဏတွေ့ကြုံနိုင်တဲ့ အခြေအနေတွေကတော့ ခေါင်းကိုက်ခြင်း(Headache)၊ အရေပြားအောက် သွေးခြေဥခြင်း(Bruising)၊ တုပ်ကွေးပုံစံ မအီမသာဖြစ်ခြင်း(Flulik Symptoms)၊ အပေါ်မျက်ခွံတွဲကျခြင်း(Ptosis)၊ ပျို့ချင်အန်ချင်သလိုဖြစ်ခြင်း (Nausea)၊ ဒါ့အပြင် တခြားပြဿနာတွေကတော့ ထိုးနှံထားတဲ့နေရာမှာ နာကျင်ခံစားရခြင်း၊ နီရဲနေခြင်း၊ ဆေးများလွန်းသွားရင်တော့ မျက်နှာပြင်မှာရှိတဲ့ ကြွက်သားတွေနဲ့ ပုံဖော်ရတဲ့ မျက်နှာအမူအရာ(Facial expression) တွေမှာ အားနည်းသွားတာကိုတွေ့ရပါတယ်။

ဒါပေမဲ့(wrinkles) တွေကို လျော့နည်းအောင် ပြုလုပ်တဲ့ အခြားနည်းလမ်းများထက်စာရင်တော့ ဆေးထိုးရတာ လွယ်ကူတယ်၊ နာကျင်မူနည်းတယ်၊ ရရှိမယ့် အကျိုးအာနိသင်က မြန်ဆန်တယ်ဆိုတာကြောင့်(Botox) ဟာ ယခုလောလောဆယ်မှာတော့ အသုံးအများဆုံးလို ဖြစ်နေပါတယ်။ ဒါပေမဲ့ လှချင်လို့ ပြုပြင်ခံရမယ့်သူက မိမိမူဆိုတဲ့အတိုင်း ရရှိမယ့် အကျိုးအပြစ်ကို အသေချာစဉ်းစားပြီးမလုပ်ဆောင်ခင်မှာကျွမ်းကျင်တဲ့ ဆေးပညာရှင်နဲ့ တိုင်ပင်သင့်ပါကြောင်း

Yukikokyi



No comments:

Post a Comment