ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 January 2011

ထာဝရကုသိုလ်(၆)မျိုး



(၁) အာရာမရောပ ဒါန = ပန်းဥယျာဉ် သစ်သီးဥယျာဉ်များကို စိုက်ပျိုး၍ လှူဒါန်းခြင်း၊

(၂) ၀နရောပါ ဒါန = အရိပ်ရပင် စားသုံးပင်စသော သစ်ပင်ကြီးငယ်တို့ကို စိုက်ပျိုး၍ လှူဒါန်းခြင်း၊

(၃) သေတုကာရက ဒါန = တံတားခင်း လမ်းဖောက်၍ လှူဒါန်းခြင်း၊

(၄) ပပါ ဒါန = ရေချမ်းစင်တည်၍ လှူဒါန်းခြင်း၊

(၅) ဥဒပါန ဒါန = ရေတွင်းရေကန် ရေမြောင်းများတူး၍ လှူဒါန်းခြင်း၊

(၆) ဥပဿယ ဒါန = ဇရပ် တန်ဆောင် ဂူ ကျောင်း ပြာသာဒ် နားနေရိပ်သာ ဆေးရုံ ဆေးခန်းစသော အဆောက်အုံများ ဆောက်လုပ် လှူဒါန်းခြင်း။

ဤခြောက်ပါးသော ထာဝရကုသိုလ်တို့အနက် အလှူတစ်မျိုးမျိုးကို လှူဒါန်းသော အလှူရှင်သည် နေ့ရောညဉ့်ပါ အခါခပ်သိမ်း အမြဲထာဝရ ကုသိုလ်တရားတိုးပွားနေ၍ ကွယ်လွန်သည့်နောက် နတ်ပြည်သို့ လားရောက်ရသည်။

No comments:

Post a Comment