ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 16 January 2011

ဗြဟ္မစရိယပဉ္စမကသီလ (ကောမာရဗြဟ္မစရိယသီလ)


ကောမာရဗြဟ္မစရိယ(မေထုန်အမူမှ ရှောင်ကြဉ်ခြင်းလျှင် ငါးခုမြောက်သီလ) ဟူသည် ငယ်သွေးငယ်မူ ဖြူစင်သူတို့၏ ဥစ္စာဖြစ်သော မြတ်သောအကျင့်သီလ အနက်အဓိပ္ပါယ်ရသည်၊ အမျိုးသမီးအတွက်မူ “ကောမာရိ ဗြဟ္မစရိယသီလ” ဟု ခေါ်သည်။ သီလခံယူဆောက်တည်နည်းမှာ ငါးပါး သီလအတိုင်းပင် ဖြစ်သည်။ သိက္ခာပုဒ်တို့ကို ဆောက်တည်ရာ၌ “ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” အစား၊ “အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဟူ၍ ဆောက်တည်ရသည်။ သီလ တောင်းခံသောအခါလည်း “ပဉ္စသီလံ” အစား၊ “ကောမာရဗြဟ္မစရိယ ပဉ္စမကသီလံ” ဟု တောင်းရသည်။ ဤမျှသာထူးသည်။
မေထုန်အကျင့်ဟူသည်ကား လူများ၌သာမက ကာမ(၁၁)ဘုံ အကုန်ရှိသည်။ နတ်ပြည်၌ကား ပို၍ပင် ခမ်းနားကြီးကျယ်လှသည်။ ယုတ်စွာ့အဆုံး ရေနေ ကုန်းနေ ကောင်းကင်နေ ဖြစ်ကြသော ပိုးမွှားကလေးများမှအစ တိရစ္ဆာန် တို့၌လည်း မေထုန်အမူ ရှိကြသည်။

ဤအမူကို မစွန့်နိုင်ကြသည့်အတွက် ရိုက်နှက် သတ်ပုတ် ထိုးခုတ် လုယက် မတရား နိုင်းထက်ပြုမူ စသည်ဖြစ်ပွားကာ ပစ္စုပ္ပန်ဘ၀တွင်ပင် ဆင်းရဲကြရ၏။ ထောင်ကျကြ အညှဉ်းဆဲခံ ကြရသည်။ တမလွန်ဘ၀တွင်လည်း အပါယ်ဆင်းရဲ ၀ဋ်ဆင်းရဲများ ခံစားကြရသည်။

ဆင်းရဲမှန်သမျှ ဤ ငါးဖြာအာရုံ ကာမဂုဏ်မှ စခဲ့သည်ဖြစ်ရာ သာသနာတော်တွင်း သာသနာပ သူတော်စင်မှန်သမျှတို့သည် အထူးသဖြင့် ဤမေထုန်ကာမမှ အကျွတ်အလွတ် ရှောင်ကြဉ်ကြသည်။

ကဿပဘုရားရှင်လက်ထက်က ခေမာ၊ ဥပ္ပလ၀ဏ်၊ ပဋာစာရာ၊ ဓမ္မဒိန္နာ၊ ကုဏ္ဍလကေသီ၊ ကိသာဂေါတမီထေရီများနှင့် ၀ိသာခါတို့၏ အလောင်းအလျာဖြစ်သော ကိကီမင်းကြီး၏ သမီးတော် ညီအစ်မ ခုနစ်ဖော် တို့သည် အနှစ် နှစ်သောင်းပတ်လုံး အပျိုစင်ဘ၀ဖြင့် ဤကောမာရိဗြဟ္မစရိယခေါ် ငါးပါးသီလကို စောင့်ထိန်းခဲ့ကြသည်။

အလားတူပင် အလောင်းတော် ဥဒယဘဒ္ဒမင်းနှင့် မင်းသမီးတို့သည် လည်းကောင်း၊ ဒုကူလနှင့်ပါရိကာ တို့သည် လည်းကောင်း အိပ်ရာတစ်ခုတည်း၌ အိပ်ကြသော်လည်း ကျူးလွန်ဖောက်ပြားမူ မရှိကြဘဲ စင်ကြယ်သော မေတ္တာဓာတ်ဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက် သက်ဆုံးတိုင်အောင် စောင့်စည်းခဲ့ကြသည်။

အပျို လူပျိုများ အိမ်ထောင်မရှိသူများ၊ အိမ်ထောင်ရှိသော်လည်း အခိုက်အတန့်ခွဲခွာနေသူများ ရိုးရိုးငါးပါးသီလအစား ဤသီလကို ဆောက်တည်ကြသည်၊ ပို၍ နုပျိုကျန်းမာ အသက်ရှည်စွာ နေရ၏။

No comments:

Post a Comment