ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 January 2011

ဒါနအကျိုးတရားများ



အလှူဒါနပြုလုပ်သူသည် အောက်ပါ အကျိုးတရားများကို ရရှိခံစားရသည်။ ၎င်းတို့မှာ -

(၁) လူအများ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရခြင်း၊

(၂) သူတော်ကောင်း အလှူခံပုဂ္ဂိုလ်များသည် အလှူရှင်ထံ ချဉ်းကပ်ရောက်လာကြခြင်း၊

(၃) ဂုဏ်သတင်းကောင်း ကျော်စောခြင်း၊

(၄) မင်းပရိသတ် ရဟန်းပရိသတ်စသော ပရိသတ်များအလယ်သို့ မကြေက်မရွံ့ ၀င်ရောက်နိုင်ခြင်း၊

(၅) သေသည်၏နောက်၌ နတ်ပြည်သို့ ရောက်ရခြင်းတို့ ဖြစ်သည်။

ထို့ပြင် ရဟန္တာမထေရ်မြတ်တို့၏ ချီးမြှောက်မူကို ရှေးဦးစွာခံယူရရှိခြင်း၊ ရဟန္တာမထေရ်မြတ်တို့၏ မိမိထံသို့ အလှူခံရန် ချဉ်းကပ်မူကို ရှေးဦးစွာ ခံယူရရှိခြင်း၊ လှူဖွယ်ဝတ္ထုများကို ရှေးဦးစွာ လှူဒါန်းခွင့်ရရှိခြင်း၊ တရားတော်များကို ရှေးဦးစွာ နာယူခွင့်ရရှိခြင်း စသည့်အကျိုးတရားများကိုလည်း ရရှိလေသည်။

ထို့ပြင် အလှူဒါနပြုသူသည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ အခြံအရံများ၍ ကျော်စောခြင်း၊ ဆင်းရဲကင်း၍ ချမ်းသာခြင်း၊ ဘေးဥပဒ်ကင်းခြင်း၊ ရောဂါအန္တရာယ်ကင်းခြင်း၊ လူနတ်တို့၏ အပူဇော်ကိုခံရခြင်း၊ ချစ်သူခင်သူများနှင့် မကွဲမကွာနေရခြင်း ဟူသော အကျိုးထူးများကိုပါ ခံစားရသည်။

ဒါနသည် အလှူပေး အလှူခံနှစ်ဦးလုံး၏ စိတ်ကို နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်နိုင်၏။ မယဉ်ကျေးသူများကို ယဉ်ကျေးစေနိုင်၏။ ကိစ္စခပ်သိမ်းကို ပြီးငြိမ်း အောင်မြင်စေနိုင်၏။ မိမိ၏ စကားကိုလည်း နားထောင်စေနိုင်၏။ စကြာမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့၏ လောကီစည်းစိမ်နှင့် သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ်ဟူသော လောကုတ္တရာစည်းစိမ်တို့ကို ပေးစွမ်းနိုင်၏။ ဈာန် ၀ိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရောက်အောင် အထောက်အပံ့အဖြစ် ကျေးဇူးပြုနိုင်၏။

ပြဆိုခဲ့ပြီးသော ဒါန၏ အကျိုးတရားများသည် အနည်းငယ်မျှသာ ဖြစ်သည်။ ဒါန၏ အကျိုးတရားများသည် ဖော်ပြ၍ မကုန်နိုင်အောင် များပြားလှသည်။ ဒါန၏ အကျိုးတရားများကို ဘုရားရှင်မှတပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ကုန်စင်အောင်မသိနိုင်ပေ။

ထို့ကြောင့် အကျိုးတရားလွန်စွာကြီးမား များပြားလှသော ဒါနတရားကို ဆည်းပူးအားထုတ်သင့်ပေသည်။

No comments:

Post a Comment