ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 7 January 2011

ဆောင်ရန် ရှောင်ရန် စာရိတ္တနှင့် ၀ါရိတ္တသီလ


သီလသည် မြတ်စွာဘုရားက “ပြုလုပ်ရမည်” ဟု ပညတ်ထားသော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း “စာရိတ္တသီလ”နှင့် မြတ်စွာဘုရားက “မပြုလုပ်ရ”ဟု ပယ်မြစ် မညတ်ထားသော သိက္ခာပုဒ်များကို ပညတ်ထားသည့် အတိုင်း ရှောင်ကြဉ်ခြင်း “၀ါရိတ္တသီလ” ဟု နှစ်မျိုးရှိသည်။


(၁)စာရိတ္တသီလ (ဆောင်ရန်သီလ)

စာရိတ္တသီလဆိုသည်မှာ အပြစ်မရှိသော လုပ်ငန်းတာဝန်များ၊ ၀တ္တရားများကို ပြုကျင့်လိုက်နာခြင်း၊ ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

လူကြီးသူမတို့ကို ရိုသေလေးစားခြင်း၊ အပြောအဆို လိမ္မာယဉ်ကျေးခြင်း၊ အသွားအလာ အနေအထိုင် နူးညံ့သိမ်မွေ့ခြင်း၊ ရဟန်းသံဃာ၊ ဆရာ၊ မိဘ၊ လူကြီးသူမတို့ရှေ့မှောက်၌ မိုးတိုးမတ်တတ်မသွားဘဲ ကိုယ်တိုင် ကိုင်းညွတ်၍ သွားခြင်း၊ ဆရာ၊ မိဘ အလျင် စားဦး စားဖျားမစားခြင်း၊ ရဟန်း၊ သံဃာ၊ ဆရာ၊ မိဘတို့ရှေ့၌ ကိုးရိုးကားရားမနေခြင်းစသော လူမူကျင့်ဝတ်များ၊ သိင်္ဂါလောဝါဒသုတ်လာ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ မယားကျင့်ဝတ်၊ လင့်ကျင့်ဝတ် စသည်တို့ကို လိုက်နာကျင့်သုံးခြင်းစသော ကျင့်ဝတ်များကို စာရိတ္တသီလဟု ခေါ်သည်။

စာရိတ္တသီလကို ယုံကြည်မူသဒ္ဓါတရား၊ မပျင်းမရိပြုလုပ်မူ ၀ီရိယတရား ဤတရားနှစ်ပါးနှင့် ပြည့်စုံသူမှသာ ဖြည်ကျင့်ဆောင်ရွက်နိုင်သည်။

ဤအကျင့်ကို ကျင့်လျှင် ကောင်းသောအကျင့်ဖြစ်၍ နောင်အခါ ကောင်းကျိုးရနိုင်မည်ဟု ယုံကြည်မူ သဒ္ဓါတရားနှင့် မပျင်းမရိ စိတ်ရှည်လက်ရှည် အားထုတ်လုပ်ကိုင်မူ ၀ီရိယတို့နှင့် ပြီးစီးအောင် အားထုတ်လုပ်ကိုင်နိုင်မှသာ စာရိတ္တသီလနှင့် ပြည့်စုံသူဟု ဆိုနိုင်သည်။


(၂) ၀ါရိတ္တသီလ (ရှောင်ရန်သီလ)

ဝါရိတ္တသီလဆိုသည်မှာ မြတ်စွာဘုရားက “ဤအမူမျိုး မပြုကျင့်ရ၊ မပြုကျင့်ကောင်း” ဟု ဆုံးမပညတ်ထားသော သူ့အသက်သတ်ခြင်းစသော ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။

ဝါရိတ္တသီလဟု ခေါ်သော ငါးပါးသီလကို ပြည့်စုံအောင် စောင့်ထိန်းခြင်းသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်အောင်ပို့ဆောင်နိုင်သကဲ့သို့ ဒုစရိုက်မူများကို ကမ္မပထမြောက် ကျူးလွန်ပါက မုချ အပါယ်ကျစေနိုင်သည်။


No comments:

Post a Comment