ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 7 January 2011

သီလညစ်ညူးခြင်း


ငါးပါးသီလ၊ ရှစ်ပါးသီလစသော သီလတို့၌ အစသိက္ခာပုဒ် ဖြစ်စေ၊ အဆုံးသိက္ခာပုဒ် ဖြစ်စေ၊ ပျက်လျှင် သီလကျိုးပြတ်သည် မည်၏။ အလယ် သိက္ခာပုဒ်ပျက်လျှင် ပေါက်သည် မည်၏၊ သိက္ခာပုဒ် တစ်ခုကျော် စသည်ဖြင့် အကြေားအကြားမှာ သိက္ခာပုဒ်ပျက်လျှင် ပြောက်သည်မည်၏။ အစ အလယ် အဆုံး တစ်မျိုးမျိုး၌ သိက္ခာပုဒ်နှစ်မျိုး သုံးမျိုးဆက်၍ ပျက်လျှင် ကြားသည်မည်၏။

သီလကျိုးခြင်း၊ ပေါက်ခြင်း၊ ပြောက်ခြင်း၊ ကြားခြင်းတို့သည် သီလညစ်ညူးခြင်း ဖြစ်သည်။

ထိုကျိုးခြင်း၊ ပေါက်ခြင်း၊ ပြောက်ခြင်း၊ ကြားခြင်း တို့မရှိစေကာမူ မေထုန်ငယ်ခုနှစ်ပါးကြောင့်လည်း သီလညစ်ညူးခြင်း ဖြစ်နိုင်သည်။

ထိုမေထုန်ငယ် ခုနှစ်ပါးမှာ -

(၁) အမျိုးသမီး၏ ကိုယ်ထိလက်ရောက် ပြုစုမူများကို သာယာခြင်း၊

(၂) အမျိုးသမီးနှင့် အတူတူ ပြင်းစွာ ရယ်မော တသောသော နေရသည်ကို သာယာခြင်း၊

(၃) အမျိုးသမီးနှင့် မျက်စိချင်းဆိုင် ပြိုင်၍ ကြည့်နေရသည်ကို သာယာခြင်း၊

(၄) အမျိုးသမီး၏ ရယ်မောသံ၊ စကားပြောသံ၊ သီချင်းဆိုသံတို့ကို နားထောင်၍ သာယာခြင်း၊

(၅) အမျိုးသမီးနှင့်အတူ ရယ်ရွှင်ပြောကြား ကစားခဲ့ဖူးသည်များကို အောက်မေ့သာယာခြင်း၊

( ၆) သူတပါးတို့ စည်းစိမ်ခံစားနေရသည်ကို ကြည့်၍ သာယာခြင်း၊

(၇) သီလအကျင့်ဖြင့် နတ်စည်းစိမ်ကို တောင့်တသာယာခြင်း၊

တို့ဖြစ်သည်။

အမျိုးသမီးများလည်း အမျိုးသားများနည်းတူ မှတ်ယူရာ၏။

ထိုမှတပါးလည်း အောက်ဖော်ပြပါ ယုတ်ညံ့သော တရားများကြောင့်လည်း သီလညစ်နွမ်းရ၏ -

ကောဓ = အမျက်ထွက်ခြင်း၊

ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း၊

မက္ခ = သူ့ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း၊

ပဠာသ = အပြိုင်ပြုခြင်း၊ ဖက်ပြိုင်တုပခြင်း၊

ဣဿာ = သူတပါးကြီးပွားချမ်းသားသည်ကို မနာလိုခြင်း၊ မရူဆိတ်နိုင်ခြင်း၊

မစ္ဆရိယ = မိမိစည်းစိမ်ကို နှမြောဝန်တိုခြင်း၊ သူတပါးနှင့် ဆက်ဆံရမည်ကို တွန့်တိုစေးနှဲခြင်း၊

မာယာ = မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်း၊

သာဋ္ဌေယျ = မိမိ၌ ထင်ရှားမရှိသောဂုဏ်ကို ရှိဟန်ဆောင်ခြင်း၊

တို့ဖြစ်ကြသည်။

No comments:

Post a Comment