ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 January 2011

မပေးလှူကောင်းသော အလှူ(၁၀)မျိုး


(၁) မဇ္ဇဒါန = သေရည်အရက်ကို ပေးလှူခြင်း၊

(၂) သမဇ္ဇဒါန = ဇာတ်ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်း၊

(၃) ဣတ္ထိဒါန = မေထုန်အလို့ငှာ မိန်းမကို ပေးလှူခြင်း၊

(၄) ဥသဘဒါန = နွားမအပေါင်းတို့၏ အလယ်၌ နွားလား ဥသဘကို လွှတ်ပေးခြင်း၊

(၅) စိတ္တကမ္မဒါန = ကိလေသာထကြီစေတတ်သော ရုပ်ပုံ ပန်ချီကားများကို ပေးလှူခြင်း၊

(၆) သတ္ထဒါန = လက်နက်ကို ပေးလှူခြင်း၊

(၇) ၀ိသဒါန = အဆိပ်ကို ပေးလှူခြင်း၊

(၈) သင်္ခလိကဒါန = သံခြေချင်းကို ပေးလှူခြင်း၊

(၉) ကုက္ကုဋသူကရဒါန = ကြက်၊ ၀က်တို့ကို ပေးလှူခြင်း၊

(၁၀) တုလာကူဋ မာနကူဋဒါန = ချိန်စဉ်းလဲ၊ တောင်းစဉ်းလဲ(နှစ်ဘက်မညီမျှသော ချိန်ခွင်၊ တင်းမပြည့်သော တောင်း) တို့ကို ပေးလှူခြင်း၊

ဤ (၁၁)ပါးတို့သည် လောက၌ အလှူစာရင်းမ၀င်သော်လည်း အချိုသောသူတို့သည် ပေးလှူမိတတ်ကြ၏။ ပေးလှူမိလျှင် အပါယ်ဒုဂ္ဂတိဘ၀များသို့ ကျရောက်စေနိုင်သည်။ ထို့ကြောင့် ဤအလှူ (၁၀)မျိုးတို့ကို မပေးလှူမိကြရန် အထူးသတိထားသင့်သည်။

No comments:

Post a Comment