ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 17 January 2011

ဝိကာလဘောဇန သိက္ခာပုဒ် သိမှတ်ဖွယ်



နေလွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း

နေလွဲအခါ အစာစားခြင်းမှ ရှောင်ကြဉ်ပါ၏” ဆိုရာ၌ နေ့လည် မွန်းတည့်(၁၂)နာရီ အချိန်မှ နောက်ပိုင်းကို နေလွဲ မွန်းလွဲဟု ခေါ်၏။

ထိုနေလွဲသည်မှစ၍ နောက်နေ့ နံနက်အာရုဏ်တက်သည့်တိုင်အောင် ထမင်း ဟင်းလျာ မုန့် ပဲ သရေစာ သစ်သီးစသည့် စားသောက်ဖွယ်ရာ ဟူသမျှကို မစားရ။ ယင်း အစားအစာများကို စားလျှင် ၀ိကာလဘောဇနသိက္ခာပုဒ်ပျက်သည်။

ဆာလောင်မွတ်သိပ်မူ ဖြစ်ခဲ့သော် ဖျော်ရည်တစ်မျိုးမျုးကို သောက်ကောင်း၏။ ထန်းလျက်ကိုပင် မစားရ၊ ဖျော်ရည်လုပ်၍ သောက်ရသည်။


ညစာ မစားခြင်းအကျိုး

ညစာ မစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလတွင် တစ်ပါးမျှသာ ဖြစ်၏။ ညာစာ မစားမူတစ်ခုတည်းကို ဥပုသ်စောင့်သည်ဟု မဆိုနိုင်။ ဤ သိက္ခာပုဒ်၏ ရည်ရွယ်ချက်မှာ -

(၁) ကိစ္စနည်း၍ တရားအာရုံပြုနိုင်ရန် အချိန်များစွာ ရစေခြင်း၊

(၂) လောကီအာရုံ ကာမဂုဏ်၌ စိတ်မ၀င်စားအောင် လောဘ ဒေါသများ ထိန်းချုပ်ပြီး ဖြစ်စေခြင်းတို့ ဖြစ်၏။

ညစာစားလျှင် ညစာစားဖို့အတွက် ချက်စရာပြုတ်စရာ ရှာရ ဖွေရ ချက်ပြုတ် စီမံရသဖြင့် အလွန်ကိစ္စများ၏။ ထိုအလုပ်များကို လုပ်ကိုင်နေရလျှင် ဘုရား တရားအာရုံပြုရန် အချိန်နည်းသွားမည်။ ထို့ကြောင့် ညစာမစားခြင်းသည် အလုပ်ကိစ္စနည်း တရားအာရုံပြုဖို့ရန် အချိန်များစွာ ရစေခြင်း အကျိုးရှိသည်။

ညစာ စားခြင်းဖြင့် အင်အားပြည့်ဖြိုး၍ လောကီအာရုံ ကာမဂုဏ်ဘက်၌ စိတ်ညွတ်စေသည်။ ထို့ကြောင့် မေထုန်မူမှ ရှောင်ကြဉ်မူ အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းရာ၌ ခြောက်ပါးသီလ ထိန်းသိမ်းကြောင်း ပဉ္စင်္ဂုတ္တရပါဠိတော် ဂဝေသီသုတ်၌ လားရှိသည်။

ဓမ္မိကဥပါသကာ၊ နန္ဒမာတာတို့လည်း ဗြဟ္မစရိယငါးပါးသီလ၌ ၀ိကာလဘောဇနသိက္ခာပုဒ်ထည့်၍ ခြောက်ပါးသီလကို အသက်ထက်ဆုံး ကျင့်သုံးကြကြောင်း လားရှိသည်။

ကာမရာဂ သံယောဇဉ် ကင်းပြတ်ပြီးသော ဆတ္တပါဏိဥပါသကာ၊ ၀ိသာခသူဌေးစသူတို့ကဲ့သို့ လူဝတ်ကြောင့် အနာဂါမ်များ ဗြဟ္မစရိယသိက္ခာပုဒ်နှင့် ၀ိကာလဘောဇနသိက္ခာပုဒ်များ အလိုလို စောင့်စည်းပြီးဖြစ်ကြောင်း ကျမ်းဂန်တို့၌ ဆိုသည်။

No comments:

Post a Comment