ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 7 January 2011

သီလစင်ကြယ်ခြင်း


ထိုသို့ မကျိုး မပေါက် မပြောက် မကြားသော သီလသည် စင်ကြယ်သည်ဖြစ်၍ တဏှာ၏ကျွန်အဖြစ်မှ တော်လှန်လွတ်မြောက်သောကြောင့် “ဘုဇိဿ သီလ” မည်၏။ ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် “၀ိညုပသဋ္ဌ သီလ” လည်းမည်၏။ ငါ့သီလသည် အလွန်တရာစင်ကြယ်သည်၊ ဤသီလကြောင့် နောင်သောအခါ ကြီးကျယ်သော လူနတ်စည်းစိမ်း ချမ်းသာများကို ရရှိပါစေ စသည်ဖြင့် မျှော်လင့်တပ်မက်ခြင်းမရှိ၊ သီလမျှဖြင့် နိဗ္ဗာန်ရနိုင်သည်ဟု တယူသန် အစွဲကြီးမူလည်း မရှိခြင်းကြောင့် “အပရာမဋ္ဌ သီလ” လည်းမည်၏။

ဤသို့ ပြဆိုခဲ့ပြီးသောအတိုင်း သီလသည် -

(၁) မကျိုးမပြတ်ခြင်း၊

(၂) မပေါက်ခြင်း၊

(၃) မပြောက်ခြင်း၊

(၄) မကြားခြင်း၊

(၅)တဏှာကို တော်လှန်နိုင်ခြင်း၊

(၆) ပညာရှိတို့ ချီးမွမ်းအပ်ခြင်း၊

(၇)တဏှာဒိဋ္ဌိတို့ဖြင့် သုံးသပ်မူမရှိခြင်း။ (သီလနှင့်စပ်၍ တဏှာ၊ ဒိဋ္ဌိမဖြစ်ခြင်း) –

ဤအင်္ဂါခုနှစ်ပါးသည် သီလစင်ကြယ်ကြောင်း တရားတို့ ဖြစ်ကုန်၏။

ထိုခုနှစ်ပါးနှင့် ပြည့်စုံသော သီလသည်သာ သမာဓိကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သမာဓိကို ရယူလိုသော ပုဂ္ဂိုလ်မြတ်သည် မိမိ၏သီလကို ဤအင်္ဂါ ခုနှစ်ပါးနှင့် ပြည့်စုံအောင် အားထုတ်ရ၏။ ရစ်မသည် မိမိအသက်ကို စွန့်ကာ ဥကို စောင့်ရှောက်သကဲ့သို့ လည်းကောင်း၊ စာမရီးသားကောင်သည် အသက်ကိုစွန့်ပြီး မိမိ၏ အမွေးအမှင်ကို စောင့်ရှောက်သကဲ့သို့ လည်းကောင်း ၊ သားတစ်ယောက်တည်းသာရှိသော သူသည် မိမိ၏ တစ်ဦးတည်းသော သာကို ယုယုယယစောင့်ရှောက် သကဲ့သို့ လည်းကောင်း၊ မျက်စိတစ်ဘက်ကန်းသူသည် ကျန်သောမျက်စိတစ်ဘက်ကို ယုယုယယ စောင့်ရှောက်သကဲ့သို့ လည်းကောင်း ထို့အတူ သီလကို စောင့်ရှောက်ထန်းသိမ်းကြရပေမည်။

No comments:

Post a Comment