ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 January 2011

အဓမ္မိကဒါန(၉)မျိုး



(၁) ကျောင်းတိုက်တစ်ခုရှိ သံဃာအား လှူရန် ရည်ရွယ်ပြီး ပစ္စည်းကို အခြားကျောင်းတိုက်ရှိ သံဃာအား လှူပါဟု အလှူရှင်အားပြောဆို၍ ပေးလှူစေခြင်း (သံဃပရိဏတ အညသံဃဒါန)

(၂) သံဃာအား လှူရန် ရည်ရွယ်ပြီး ပစ္စည်းကို စေတီတော်အား လှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း (သံဃပရိဏတ စေတိယဒါန)

(၃) သံဃာအားလှူရန် ရည်ရွယ်ပြီး ပစ္စည်းကို ပုဂ္ဂိုလ်တစ်ဦးအား လှူပါဟု အလှူရှင်အားပြောဆို၍ ပေးလှူခြင်း (သံဃပရိဏတ ပုဂ္ဂလဒါန)

(၄) စေတီတစ်ဆူအား လှူရန်ရည်ရွယ်ပြီး ပစ္စည်းကို အခြားစေတီ တစ်ဆူအား လှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း (စေတိယပရိဏတ အညစေတိယဒါန)

(၅) စေတီတော်အား လှူရန် ရည်ရွယ်ပြီး ပစ္စည်းကို သံဃာအားလှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း (စေတိယပရိဏတ သံဃဒါန)

(၆) စေတီတော်အားလှူရနံ ရည်ရွယ်ပြီး ပစ္စည်းကို ပုဂ္ဂိုလ်တစ်ဦးဦးအား လှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း (စေတိယပရိဏတ ပုဂ္ဂလဒါန)

(၇) ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦးဦးအားပေးလှူရန် ရည်ရွယ်ပြီး ပစ္စည်းကို အခြားပုဂ္ဂိုလ်သတ္တ၀ါတစ်ဦးဦးအား ပေးလှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း (ပုဂ္ဂလပရိဏတ အညပုဂ္ဂလဒါန)

(၈) ပုဂ္ဂိုလ်တစ်ဦးအား ပေးလှူရန် ရည်ရွယ်ပြီး ပစ္စည်းကို စေတီတော်အား လှူပါဟု အလှူရှင်အား ပြောဆို၍ပေးလှူစေခြင်း (ပုဂ္ဂလပရိဏတ စေတိယဒါန)

(၉) ပုဂ္ဂိုလ်တစ်ဦးဦးအား ပေးလှူရန် ရည်ရွယ်ပြီး ပစ္စည်းကို သံဃာအားလှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း (ပုဂ္ဂလပရိဏတ သံဃဒါန)

ဤနေရာ၌ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းစွဲဝင်ရောက် စွက်ဖက်ကြသဖြင့် တရားနှင့်အညီ ပေးလှူခြင်းမျိုး မဟုတ်သောကြောင့် အဓမ္မိကဒါနမည်၏။ အလှူရှင်တို့ မူလရည်ရွယ်ထားပြီးသော သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ၊ စေတီ၊ ပုဂ္ဂိုလ်သို့ တရားနည်းလမ်းကျစွာ လှူဒါန်းစေခြင်း၊ ပုဂ္ဂလဓိဋ္ဌာန်မဖက်ဘဲ ပို၍ အကျိုးကြီးမားစေလိုသော စေတနာဖြင့် ညွှန်ပြခြင်း၊ အလှူရှင် ကိုယ်တိုင် အသိမှန်ရ၍ မူလရည်ရွယ်ရင်းမှ အခြားတပါးသို့ ပြောင်းရွေ့ လှူဒါန်းခြင်း၊ အလှူရှင်က သင့်လျော်ရာကို ညွှန်ပြပါဟု ပြောဆိုသဖြင့် ညွှန်ပြခြင်း၊ အလှူရှင် ရည်ရွယ်မှန်းထားသည်ကို မသိ၍ အခြားတပါးသို့ ညွှန်ပြခြင်းတို့ကိုကား အဓမ္မိကဒါနဟု မခေါ်ဆိုထိုက်ပေ။

No comments:

Post a Comment