ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 18 January 2011

ဥစ္စာသယန မဟာသယန သိက္ခာပုဒ် သိမှတ်ဖွယ်


မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်း နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

ဥစ္စာသယန = မြင့်သောနေရာ၊

အခြေတစ်ထောင့်ထွာထက် ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်ကြီးများ စသည်ကို “ဥစ္စာသယန” ဟု ခေါ်သည်။ မထိုင်ကောင်း မအိပ်ကောင်း။


မဟာသယန = မြတ်သောနေရာ၊

စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်၌ လက်လေးသစ်မက အမွေးရှည်သော ကောဇောသားမွေးအခင်း၊ ခြင်္သေ့ သစ် ကျားရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွေခြည် ငွေခြည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း လဲမွေ့ရာ ဂွမ်းမွေ့ရာများကို မသုံးကောင်း၊ အသုံးပြုလျှင် ဤသိက္ခာပုဒ်သီလပျက်သည်။ အုန်းခွံအဆာသွတ် မွေ့ရာကိုမှ သုံးကောင်းသည်။ သင်းဖြူးချော ကော်ဇောအမွေးတို စသည်တို့ကိုကား ဤသိက္ခာပုဒ်အရ မြတ်သော နေရာဟု မဆိုရချေ။


အာဇီဝဋ္ဌမက သီလ

- အသက်မွေးမူလျှင် ရှစ်ခုမြောက်သော သီလကို “အာဇီဝဋ္ဌမက သီလ” ဟု ခေါ်သည်။

- စားဝတ်နေရေး ပစ္စည်းရှာဖွေမူ လုပ်ကိုင်မူ ဟူသမျှကို “အာဇီဝ = အသက်မွေးမူ” ဟု ခေါ်သည်။

- မတရားနည်းဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမူကို “မိစ္ဆာဇိဝ” ဟု ခေါ်သည်။

- ထိုမှ ရှောင်ကြဉ်ကာ တရားသဖြင့် ပစ္စည်းဥစ္စာရအောင် ရှာဖွေ အသက်မွေးမူကို “သမ္မာအာဇီဝ” ဟု ခေါ်သည်။

ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါး၊ ဤခုနှစ်ပါး လုံခြုံလျှင် မိစ္ဆာဇီဝမှရှောင်ကြဉ်ပြီး ဖြစ်သည်။ သို့ရာတွင် မြဲရာသံပတ် ဆိုသကဲ့သို့ ရှေးသိက္ခာပုဒ်များဖြင့် ရှောင်ကြဉ်ဖွယ်ရာများသာ၍ ခိုင်မြဲအောင် -

- လက်နက် ကုန်ကူးခြင်း၊

- လူ ကုန်ကူးခြင်း၊

- အသား ကုန်ကူးခြင်း၊

- အရက်သေစာ မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊

- အဆိပ် ကုန်ကူးခြင်း -

ဟူသော ဥပါသကာများ မပြုကောင်းသော ကုန်သွယ်မူ ငါးမျိုးစသော မိစ္ဆာဇီဝများ အားလုံး မကျန်ရလေအောင် ရှစ်ခုမြောက် နောက်ဆုံး သိက္ခာပုဒ် အဖြစ် အထူးသတ်မှတ်၍ “မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဟု ဆောက်တည်ရသည်။

အသက်မွေးဝမ်းကျောင်း(အာဇီိဝ) စင်ကြယ်ဖို့ နည်းလမ်းများနှင့် စင်ကြယ်ခြင်း၏ အကျိုးများကို မြတ်စွာဘုရား အထူး ဟော်တော်မူထားသည် ဖြစ်၍ ဤ အာဇီဝဋ္ဌမကသီလကို လုံခြုံအောင် စောင့်ထိန်းသင့်သည်။


အာဇီဝဋ္ဌမကသီလတောင်းပုံ

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဘန္တေ - အရှင်ဘုရား၊ အဟံ - တပည့်တော်(တပည့်တော်မ)သည်၊ တိသရဏေန - သရဏဂုံ သုံးပါးနှင့်။ သ - တကွ၊ အာဇီဝဋ္ဌမကသီလံ -

အာဇီဝဋ္ဌမကသီလတည်းဟူသော၊ ဓမ္မံ - သိက္ခာပုဒ်ကို၊ ယာစာမိ - တောင်းပါ၏။ (ဒုတိယမ္ပိ - နှစ်ကြိမ်မြောက်လည်း၊ တတိယမ္ပိ - သုံးကြိမ်မြောက်လည်း စသည်ဆိုမြဲ။)

No comments:

Post a Comment