လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀-ကျော်က မဇ္ဈိမဒေသတွင် မြတ်စွာဘုရား ပွင့်တော်မူသည်မှစ၍ ၄၅-၀ါပတ်လုံး တရားတော်များကို ဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရား၏ တရားတော်များကို နာကြားကြရသဖြင့် လူ နတ် ဗြဟ္မာ သတ္တ၀ါများစွာတို့ သံသရာဝဋ်ဒုက္ခမှ ထွက်မြောက် ကြကုန်၏။ မြတ်စွာဘုရား၏ တပည့်သာဝက အဆက်ဆက်များကလည်း တရားတော်များကို ဆက်လက် ဟောကြားကြပြန်သဖြင့် ဗုဒ္ဓသာသနာတော်သည် ကမ္ဘာအနှံ့ပြန့်ပွား တိုးတက်လာသည်။ သာသနာတော်သည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သည့်နည်းတူ မြန်မာနိုင်ငံသို့လည်း ရောက်ရှိထွန်းကား ပြန့်ပွားလာခဲ့သည်။
ပုဂံ့ခေတ်တွင် သန့်စင်ပျိုးထောင်ခဲ့သော ထေရ၀ါဒ ဗုဒ္ဓဘာသာကြောင့် မြန်မာတို့၏ အမျိုးသားယဉ်ကျေးမူကြီး ဖြစ်လာသည်အထိ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာတရားတော်က သွန်သင်ခဲ့သည်။ မြန်မာတို့၏ စည်းလုံးညီညွတ်သော အမျိုးဘာသာ သာသနာစိတ်ဓာတ်အားမာန်ကို ဗုဒ္ဓဘာသာတရားတော်က ပြုစုပျိုးထောင်ပေးခဲ့သည်။ ဗုဒ္ဓဘာသာတရားတော်သည် မြန်မာပြည်ဖွား တိုင်းရင်းသားတိုပ၏ အကျိုးစီးပွားကို အမြဲ ဆောင်ရွက်ပေးတော်မူသဖြင့် သာသနာ့သမိုင်း အပြည့်အ၀ကို စနစ်တကျ လေ့လာသင်ပေးသည်။
မြတ်စွာဘုရား ပွင့်တော်မမူမီ ရှေးအခါက အိန္ဒိယနိုင်ငံတွင် ပဉ္စာလမင်းနှင့် သာကီဝင်များဖြစ်သော ဒေ၀ဒဟ၊ ကပိလ၀တ်၊ ကောလိယမင်းတို့ စစ်ဖြစ်ကြရာ သာကီဝင်မင်းမျိုးတို့ စစ်ပွဲတွင် အရေးနိမ့်ခဲ့သည်။ ကပိလ၀တ်ပြည်မှ အဘိရာဇာ သာကီဝင်မင်းသည် စစ်သည် အလုံးအရင်းနှင့် မြန်မာနိုင်ငံ တကောင်းအရပ်သို့ ထွက်ခဲ့သည်။ သင်္ကဿနဂိုရ်ဟု အမည်သမုတ်ပြီး တကောင်းပြည်ကို တည်ထောင်စိုးစံသည်။ တကောင်းသို့ ရောက်နှင့်နေသော ရှေးဦး မြန်မာလူမျိုးတို့နှင့် မဇ္ဈိမမှ နောက်ရောက်လာသော သာကီဝင် အဘိရာဇာတို့မှာ တိဗက်မြန်မာအုပ်စုတူ လူမျိုးချင်းဖြစ်၍ ပေါင်းစုနေနိုင်ကြသည်။ အဘိရာဇာ တကောင်းပြည်ကို တည်ထောင်ချိန်မှာ ဘီစီ ၆-ရာစုကျော် အချိန်ဖြစ်သည်။
Sunday 30 January 2011
မြန်မာနိုင်ငံသို့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် ရောက်ရှိ ထွန်းကား ပြန့်ပွားလာပုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment