ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 January 2011

ပုဂ္ဂလိကဒါန (၁၄)ပါး



မြတ်စွာဘုရားသည် ပုဂ္ဂလိကဒါနများ အကျိုးကြီးပုံအလိုက် အောက်ပါအတိုင်း ဟောကြားခဲ့သည် -

မြတ်စွာဘုရားအား လှူဒါန်းခြင်း၊ ပစ္စေကဗုဒ္ဓါ၊ အရတ္တဖိုလ်ပုဂ္ဂိုလ်(ရဟန္တာ)၊ အရဟတ္တမဂ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၊ သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၊ သေတာပတ္တိမဂ်ပုဂ္ဂိုလ်၊ သာသနာပအခါ ဈာန်အဘိညာဉ်ရ ရသေ့များ၊ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊ သာသနာပအခါ ဈာန်အဘိညာဉ်ရ ရသေ့များ၊ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊ သီလမရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊ တိရစ္ဆာန်တို့အား လှူဒါန်းခြင်းဟူ၍ အလှူခံတစ်ကျိပ်လေးယောက်ကို ဟောကြားတော်မူခဲ့သည်။

ထို(၁၄)ဦးတို့တွင် တိရစ္ဆာန်စေဦးအား တစ်နပ်စာဝအောင် ကျွေးမွေး လိုက်သောအလှူသည် ဘ၀တစ်ရာတို့၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း ဟူသော ကောင်းကျိုးတို့ကို ပေးနိုင်၏။

ဒုဿီလအား ပေးလှူလျှင် ဘ၀တစ်ထောင်၊ သီလ၀န္တပုဂ္ဂိုလ်အား ပေးလှူလျှင် ဘ၀တစ်သိန်း၊ ဈာန်ရ ရသေ့တို့အား ပေးလှူလျှင် ဘ၀ကုဋေတစ်သိန်း၊ ဈာန်ရ ရသေ့တို့အား ပေးလှူလျှင် ဘ၀ကုဋေ တစ်သိန်း၊ သောတပတ္တိမဂ်ပုဂ္ဂိုလ်တို့အား ပေးလှူလျှင် ဘ၀အသင်္ချေအကျိုး ပေးနိုင်၏။ အထက်အရိယာ ပုဂ္ဂိုလ်မြတ်များ၊ ပစ္စေကဗုဒ္ဒ္ဓါ၊ မြတ်စွာဘုရားတို့အား ပေးလှူလျှင်မူ ဘ၀ပေါင်း အသေင်္ချေအနန္တ ဆင့်ကာဆင့်ကာ တိုး၍ ကောင်းကျိုးများကို ပေးနိုင်သည်။

ဒုဿီလပုဂ္ဂိုလ်တို့အား လှူဒါန်းရာ၌ ထိုသူတို့၏ အကျင့်အကြံကို အလိုတူ အားပေးချီးမြှောက်လိုသော စိတ်စေတနာဆိုးဖြင့် လှူမှသာ အပြစ်ရှိသည်။ ထိုသူတို့၏ အကျင့်အကြံကို ပမာဏမပြုဘဲ စင်ကြယ်သော စိတ်ဖြင့်သာ အလှူခံပုဂ္ဂိုလ်ရောက်လာလျှင် လှူဒါန်းထိုက်သည်ဟု သဘောထား၍ လှူဒါန်းမူကား အပြစ်မရှိနိုင်ပေ။

No comments:

Post a Comment