ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 29 June 2010

ပညာရေးနှင့်သက်ဆိုင်သော မှတ်သားဖွယ်ရာ စကားစုလေးများ

ဂျာမန်စကားပုံ

- လှေကားတက်မည့်သူသည် အောက်ဆုံးကစ၍ တက်ရ၏။

- ထို့အတူ ပညာသည်လည်း အောက်ဆုံးမှစ၍ အစပြုရ၏။



ပြင်သစ်စကားပုံ

- ပညာသည် ငွေကို အများဆုံးမွေးဖွားပေးနိုင်သော ပညာရှိဖြစ်သည်။



ဂရိစကားပုံ

- စက်ဝိုင်းသည်အဆုံးမရှိသကဲံသို့ ပညာသည်လည်း အဆုံးမရှိ။



အင်္ဂလိပ်စကားပုံ

- ပညာနှင့် လူသည် လိုက်တမ်း ပြေးတမ်း ကစားနေကြသော ကလေးနှစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။



အီဂျစ်စကားပုံ

- အကောင်းနှင့် အဆိုးကို ပညာမှန်ပြောင်းဖြင့် ကြည့်မှ သိနိုင်သည်။



ယိုးဒယားစကားပုံ

- မျက်စိနှင့် မမြင်နိုင်သော အရာအား ပညာနှင့်ကြည့်၍ ရနိုင်သည်။



ဦးချမ်းသာစကားပုံ

- ပညာရှိနှင့် ပေါင်းသင်းရခြင်းသည် စိတ်ချမ်းသာ၏။

- ပညာရှိဟု ထင်နေရသူတို့နှင့် ပေါင်းသင်းရခြင်းသည်ကာ စိတ်ဆင်းရဲလှ၏။



အီတလီစကားပုံ

- ပညာမရှိသူမှာ ပင်ပန်းကြီးစွာ ရှာဖွေရ၏။ ပညာရှိသူမှာ လွယ်ကူသက်သာစွာနှင့် ရရှိနိုင်၏။

- ပညာသည်အနည်းငယ် ရရှိမှု အနည်းငယ် သက်သာ၏။ ပညာများစွာရရှိမှု များစွာသက်သာ၏။



ကြီးပွားရေးဦးသိန်းစကားပုံ

- ကျောင်းတွင် သင်ကြားခဲ့သော ပညာတို့မှာ မျိုးစေ့ငယ်မျှသာ ဖြစ်လေသည်။

- ၄င်းမျိုးစေ့ငယ်လေးများပေါက်ဖွားးကြီိးမား ရင့်သန်လာအောင် ပြုစုရန်မျာ ကျောင်းမှထွက်လာသော ကျွန်ုပ်တို့ကိုယ်တိုင် ပြုစုရမည့် တာဝန်ဖြစ်လာပေသည်။



တရုတ်စကားပုံ

- ပညာရှိနှင့် တစ်ထိုင် စကားပြောရခြင်းသည် တစ်လလောက် စာဖတ်သည်နှင့် ညီ၏။



စကောစကားပုံ

- လူသည် သေမျိုးဖြစ်သော်လည်း ပညာသည် သေမျိုးမဟုတ်ပေ။