ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 27 February 2012

ဖြစ်ပျက်နေတာကို သတိရှိနေ

ဘာပဲပေါ်လာပေါ်လာ ဘာပဲခံစားရခံစားရ ဒါကိုသတိရှိနေဖို့ပါပဲ။ ဒီနေရာကလေးမှာ အသက်ရှူတဲ့လေဟာ ၀င်ထွက်နေပါတယ်။ အဆက်မပြတ် မရပ်မနားဘဲ ၀င်လေဟာ ၀င်နေ ထွက်လေဟာ ထွက်နေ ဖြစ်နေပါတယ်။
အစဦး တရားစထိုင်ခါစ အခါမှာ သူ့သဘာဝအလျောက် ၀င်ထွက်နေတဲ့ လေကလေးဟာ အင်မတန် သိမ်မွေ့လွန်းအားကြီးတော့ ထိထိသွားတာကို မသိလိုက်ပါဘူး။ ဒါကြောင့် ယောဂီတို့ အသက်ကို နည်းနည်းလေး ပိုပြီး ပြင်းပြင်းကလေးရှူပေးပါ။ သတိပြုပြီးရူပေးပါ။

အဲသလိုခဏလေးရှူပြီးရင် သူ့သဘာဝရှူရိုးရှူစဉ်အတိုင်း ညင်ညင်သာသာကလေးပဲ ရှူပါ။ သူ့အလိုလို သဘာဝဖြစ်ပျက်နေမူကို ရှူရမှာဖြစ်ပါတယ်။ ဖန်တီးယူရတဲ့ ပြုလုပ်ယူရတဲ့ အဖြစ်အပျက်မျိုး မဟုတ်စေရပါဘူး။ သဘာဝရဲ့ အဖြစ်မှန် သူ့အလိုလို ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို သတိရှိနေကြဖို့ပါပဲ။

ပထမနေ့ကတော့ တစ်နေ့လုံးပဲ တရားထိုင်ကြပြီး နှာခေါင်းပေါက်ကနေပြီး အသက်ရှူတဲ့ ၀င်လေထွက်လေကို ရှူနေကြပါတယ်။ တစ်ခါတစ်လေလဲ ဒီဘက်နှာဝ၊ တစ်ခါတ်စလေလဲ ဟိုဘက်နှာဝ၊ တစ်ခါတစ်လေ နှာဝနှစ်ပေါက်စလုံးက သူ့ဘာသာသူ သူ့အလိုအလျောက် ၀င်ထွက်နေတာကို ရူနေရတာပဲ ဖြစ်ပါတယ်။ ရူနေတယ်ဆိုတော့ ယောဂီရဲ့ အာရုံက ဒီနေရာလေးမှာပဲ စိတ်စိုက်ထားတော့ ဒီနေရာကလေးမှာပဲ အမှန်တကယ်ဖြစ်ပျက် နေတာကလေးကို သတိရှိနေတာပေါ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သမ္မာသတိမဂ္ဂင်

သမ္မာသတိမဂ္ဂင်ကတော့ ကောင်းသောသတိရှိခြင်း၊ မှန်ကန်စွာ သတိပြုခြင်းတို့ ဖြစ်ပါတယ်။ သတိဟာ ယခုပစ္စုပ္ပန်မှာ ဖြစ်နေတာကို သိနေမှသာ ကောင်းသောသတိဖြစ်ပါတယ်။ အတိတ်နဲ့ အနာဂတ်ထဲကို သတိရှိနေဖို့ မဟုတ်ပါဘူး။ အတိတ်ကဆိုရင် ဖြစ်ပြီးခဲ့တဲ့ အမူကိစ္စတွေကို ပြန်လည်သတိရနေတာပါပဲ။

အနာဂတ်ဆိုတော့လည်း မဖြစ်သေးတဲ့အမူတွေကို တွေးတောပြီး လှမ်းမျှော်နေတာဖြစ်ပါတယ်။ အခုတကယ်ဖြစ်ပျက်နေတာတွေကို သတိရှိနေတာ မဟုတ်ပါဘူး။ သတိဆိုတာက အခုလက်ရှိ တကယ်ဖြစ်ပျက်နေတဲ့အတိုင်းကို သတိရှိနေရမှာဖြစ်ပါတယ်။ ပစ္စုပ္ပန်တည့်တည့်မှာ ဒီအချိန် ဒီခဏမှာ ဖြစ်ပျက်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို ဖော်ပြနေတာတွေကို သိရှိနေဖို့ပါပဲ။


အခုယောဂီတို့ တရားထိုင်တာဟာ ဒါကိုစပြီးလေ့ကျင့် နေကြတာပါပဲ။ မိမိတို့ကိုယ် တိုင်မှာ ဖြစ်ပျက်နေတဲ့ တကယ့်အဖြစ်မှန်ကို သတိရှိနေကြဖို့ပါပဲ။ ရူဖို့ရာနေရာကလေးကတော့ သုံးထောင့်ပုံစံ ရှိနေတဲ့ နေရာငယ်ငယ်လေးပါပဲ။ အထက်နူတ်ခမ်းရဲ့ အပေါ်နေရာကို အခြေခံထားပြီး နှာခေါင်းဝ တစ်နေရာလုံး နှာခေါင်းအတွင်းနေရာ၊ နှာခေါင်းအပေါ်နေရာ၊ နှာခေါင်းအောက် အထက်နူတ်ခမ်းရဲ့ အပေါ်နေရာ ဒီသုံးထောင့် နေရာကလေးမှာပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

စိတ်ဓာတ်လေ့ကျင့်ခန်း ၄-မျိုး

စိတ်ဓာတ်အားကောင်း တောင့်တင်းလာအောင် ခိုင်ခံ့လာအောင် လုပ်တဲ့လုပ်ငန်းများဟာ သမ္မာဝါယာမပါပဲ။ စိတ်ဓာတ်လေ့ကျင့်ခန်း ၄-မျိုး ရှိပါတယ်။

စိတ်ရဲ့ ပထမကလေ့ကျင့်ခန်းကတာ့ ကိုယ့်ရဲ့စိတ်ကို စူးစိုက်ကြည့်ပါ။ လေ့လာကြည့်ပါ။ ကိုယ်ရဲ့စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့စိတ်ကို “မကောင်းတဲ့စိတ်လို့”ဆိုတာကို သိလာပါလိမ့်မယ်။ တွေ့လာပါလိမ့်မယ်။ ဒီမကောင်းတဲ့ အကုသိုလ်စိတ်တွေကို ဖယ်ရှားပစ်ကြပါ။ အကုသိုလ် အညစ်အကြေးတွေက ယောဂီတို့ရဲ့စိတ်ကို အားနည်းအောင် မကြံ့ခိုင်အောင် လုပ်နေကြတာကိုး။ ဒီအကုသိုလ်စိတ်တွေ မကောင်းတဲ့စိတ်တွေကို ပယ်ထုတ်ပစ်ဖို့ရာက စိတ်ရဲ့ ပထမလေ့ကျင့်ခန်းပါပဲ။


စိတ်ရဲ့ ဒုတိယလေ့ကျင့်ခန်းကတော့ စိတ်ကို တစ်ခါစုံစမ်းလေ့လာကြည့်ပါဦး။ ယောဂီရဲ့ စိတ်ထဲမှာ မကောင်းတဲ့စိတ်တွေ အကုသိုလ်စိတ်တွေ မရှိဘူးဆိုရင် စိတ်ရဲ့တံခါးတွေကို ပိတ်ထားလိုက်ပါ။ မကောင်းတဲ့စိတ်တွေ အကုသိုလ်စိတ်တွေ အထဲကို နောက်ထပ် ၀င်မလာကြပါစေနဲ့။


စိတ်ရဲ့ တတိယလေ့ကျင့်ခန်းကတော့ ယောဂီတို့ မိမိတို့စိတ်ကို စစ်ဆေးကြည့်တဲ့ အခါမှာ စိတ်ထဲမှာဖြင့် ဒီကောင်းတဲ့ စိတ်ထားတွေ ဒီကုသိုလ်စိတ်တွေရှိတယ်ဆိုတာကို သိရင် အင်မတန် ကောင်းပါတယ်။ ငါတယ်တော်ပါလားလို့ ငါ့စိတ်တော့ မဖြစ်ပါစေနဲ့၊ မာန်မကြွားပါနှင့်၊ ဟုတ်တာကို ဟုတ်တဲ့အတိုင်းသာ လက်ခံလိုက်ပါ။ ငါ့စိတ်မှာ ဒီကောင်းတဲ့စိတ်ကလေးတွေ ရှိနေပါလား။ ဒါတွေကို မပျောက်မပျက်အောင် ငါထိန်းသိမ်းပေးရမယ်။ ထိန်းသိမ်း ရုံသာမက ဒီကုသိုလ်စိတ်တွေကို တိုးပွားလာအောင် ပွားပေးရမယ်၊ များပေရမယ်ဆိုတာဟာ စိတ်ရဲ့ တတိယလေ့ကျင့်ခန်းပါပဲ။


စတုတ္တလေ့ကျင့်ခန်းကတော့ ယောဂီဟာ စိတ်ကိုလေ့လာတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ထဲမှာ ကုသိုလ်စိတ်ရယ်လို့ ဘာတစ်ခုမှလည်းမရှိပါလားလို့ သိတဲ့အခါမှာ စိတ်ရဲ့တံခါးတွေကို အကုန်ဖွင့်ထားလိုက်ပြီး ကိုယ့်မှာ မရှိသေးတဲ့ ကုသိုလ်စိတ်၊ စိတ်ကောင်းတွေ ၀င်လာကြပါစေ။ ဒီလေ့ကျင့်ခန်းလေးခုဟာ စိတ်ကို ကြံ့ခိုင်သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒါဟာ သမ္မာဝါယာမတွေဖြစ်ပါတယ်။ ယောဂီတို့ တရားစထိုင်ကြပြီဆိုတာနဲ့ ဒီသမ္မာဝါယာမ လုပ်ငန်းတွေကို စတင်ကျင့်နေကြပါပြီ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။ 

သမ္မာဝါယာမ မဂ္ဂင်

သမာဓိသိက္ခာမှာလည်း အပိုင်း ၃-ပိုင်း ရှိပါတယ်။ သမ္မာဝါယာမမဂ္ဂင်၊ သမ္မာသတိမဂ္ဂင်နဲ့ သမ္မာသမာဓိမဂ္ဂင်တို့ပါပဲ။ သမ္မာဝါယာမ ဆိုတာက ကောင်းသော အားစိုက်ထုတ်ခြင်း၊ ကောင်းစွာ မှန်ကန်စွာ လေ့ကျင့်ခြင်းတို့ဖြစ်ပါတယ်။

ယောဂီတို့ရဲ့ ကိုယ်ခန္ဓာဟာ အားအင်ချည့်နဲ့ပြီး ခြေလှမ်း ၂လှမ်းတောင်မှ ကောင်းကောင်း မလှမ်းနိုင်ပါဘူး။ ဟိုယိမ်းဒီယိုင်ဖြစ်နေမယ်ဆိုရင် လူအများက ကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းလုပ်ပေးပါ။ အားရှိလာအောင် လေ့ကျင့်ပေးပါလို့ တိုက်တွန်းကြ အကြံပေးကြပါလိမ့်မယ်။


အလားတူပဲ စိတ်ဓာတ်က အင်အားချည့်နဲ့ပြီး နေတဲ့အခါကျရင် ဒီလိုပါပဲ။ အခု၂ရက်လောက် တရားစထိုင်ပြီဆိုရင်ပဲ ယောဂီတို့ရဲ့ စိတ်ဓာတ်အင်အားဟာ ဘယ်လောက် အားနည်းနေတယ်ဆိုတာ ဘယ်လောက်မကြံ့ခိုင်သလဲဆိုတာကို သိကြရောပေါ့။ ရှေ့တစ်လှမ်းမတိုးနိုင်ပါဘူး။ ဟိုယိမ်းဒီယိုင်နဲ့ ဒီလိုပဲ မသန်စွမ်းတဲ့စိတ်ဓာတ်၊ အားနည်းတဲ့ စိတ်ဓာတ်ဟာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ကောင်းကောင်း လိုနေပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။ 

သမာဓိသိက္ခာ

ဘယ်လို ဒုစရိုက်မျိုးမှာပဲမဆို ဒီအကျင့်က မကောင်းပါဘူး။ ဒီအကျင့်က မကောင်ပါဘူးလို့ အသိဉာဏ်က သိရဲ့သားနဲ့ပဲ ဒီအကျင့်ကို ပြန်ပြီးဆက်ပြီး ကျင့်ပြန်ပါတယ်။ ဒီဟာ ဘာဖြစ်လို့ပါလဲ။ ကိုယ့်စိတ်ကို မထိန်းနိုင်လို့ပေါ့။ ကိုယ့်စိတ်ကို ကိုယ်မပိုင်လို့ မစိုးမိုးနိုင်လို့ပေါ့။
ဒါကြောင့် ဓမ္မလမ်းစဉ်မဂ္ဂင်ရှစ်ပါးရဲ့ ဒုတိယလမ်းစဉ်ဟာ ကိုယ့်စိတ်ကို ထိန်းသိမ်းဖို့၊ သမာဓိ ထူထောင်ဖို့ သမ္မာသမာဓိဖြစ်ဖို့ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။ 

Thursday 23 February 2012

သူတစ်ပါးအကျိုးအတွက်ပါ ရည်ရွယ်လုပ်

ဒါကြောင့် အလုပ်လုပ်ပြီး ၀င်ငွေရှာတဲ့အချိန်မှာ “စိတ်ထဲမှာ တခြားသူများအတွက် သူများအကျိုးကျေးဇူးဖြစ်စေဖို့ရာ လုပ်ကိုင်နေတယ်၊ ရှာဖွေနေတယ်”လို့ အောက်မေ့သတိ ရှိနေရပါတယ်။ ဒီတော့မှ ငါဆိုတဲ့ အတ္တစွဲ တစ်ကိုယ်ကောင်းစိတ်တွေက ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒါဟာသမ္မာအာဇီဝရဲ့ ပထမအဆင့်ပါပဲ။ တကယ်ပိုက်ဆံရလာတော့လဲ အနည်းအများလိုက်လို့ တချို့တစ်ဝက်ကို ကိုယ်တတ်အားသမျှပေါ့။ သူများ အကျိုးဖြစ်စေ ရပါလိမ့်မယ်။ စိတ်ထဲမှာ စေတနာရည်မှန်းချက်ကတော့ အမြဲပဲ ရှိနေရပါလိမ့်မယ်။

ဒီတော့မှ ကိုယ်လုပ်တဲ့ အသက်မွေးမြူခြင်းဟာလဲ တကယ့် သမ္မာအာဇီဝ ဖြစ်လာပါလိမ့်မယ်။ ဒီအခါကျတော့ သူများအပေါ် မတရား လုပ်ချင်တဲ့စိတ် အညွန့်ခူးအမြတ်ထုတ်ချင်တဲ့ စိတ်တွေကလည်း မရှိတော့ဘဲ ကူညီမစချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဘာအလုပ်မျိုးပဲလုပ်လုပ် ကိုယ့်အတွက် ကိုယ့်မိသားစုအတွက်မျှသာ မဟုတ်ဘဲ အခြားသူများတွေ အကျိုးဖြစ်စေဖို့ အကျိုးခံစားစေနိုင်ဖို့ဆိုတဲ့ စိတ်ထားကို အမြဲထားလာရင် ဒါဟာ သမ္မာအာဇီဝပါပဲ။

ဒီသမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင် ၃-ခုတို့ဟာ မဂ္ဂင်ရှစ်ပါးရဲ့ ပထမအဆင့်ဖြစ်တဲ့ သီလသိက္ခာထဲမှာ ပါပါတယ်။ နူတ်အမူအရာနဲ့ရော ကိုယ်အမူအရာနဲ့ရော လူအများကို ထိခိုက်စေတဲ့ အမူကိစ္စတွေကို ရှောင်ကြဉ်ကြတာဟာ ဓမ္မရဲ့ ပထမပိုင်းပဲ ရှိသေးတယ်။ ဒါနဲ့တင်ပဲဆိုရင်တော့ ဓမ္မလမ်းစဉ်ဟာ မပြည့်ဝသေးပါဘူး။ လူတွေကို “အို လောကလူသားတွေ သူ့အသက် မသတ်ကြပါနဲ့။ သူ့ဥစ္စာမခိုးကြပါနဲ့။ ဒီဟာမလုပ်သင့်ပါဘူး။ ဟိုဟာမလုပ်သင့်ပါဘူး”လို့ တရားဟောနေရုံနဲ့ ဆိုရင်လူတွေက နားထောင်ကြပြီး တရားက နားတစ်ဖက်က၀င်ပြီး နားတစ်ဖက်က ထွက်သွားမှာပါပဲ။

အသိဉာဏ်အစစ်နဲ့ အသိဉာဏ်ရှိတဲ့ လူတစ်ဦးဟာ ဒီဟာကို နားလည်လက်ခံပါတယ်။ “ငါဟာ မကောင်းမူ အကုသိုလ်တွေကို မပြုလုပ်ရဘူး၊ ကုသိုလ်ကောင်းမူကိုသာ ပြုလုပ်ရမယ်”လို့ ၀တ်ပြုကိုးကွယ်မူ အဆင့်မှာတောင် နားလည် လက်ခံနိုင်ကြပါတယ်။

ဘုရားဟောမို့၊ ရှေးပညာရှိကြီးတွေ သူတော်ကောင်းကြီးတွေ ပြောခဲ့ကြလို့ ဟောခဲ့ကြလို့၊ ကျမ်းဂန်လာရှိလို့ လက်ခံကြပါတယ်။ ဒါပေမယ့် တကယ့်အဖြစ်အပျက်ကို ကိုယ်တွေ့အဆင့်မှာ သိပ်ပြီး မလွယ်ကူပါဘူး။ အရက်ဖြစ်ဖြစ် ဆေးခြောက်ဖြစ်ဖြစ် စွဲနေတဲ့သူ တစ်ဦးဟာ ဒီဟာဖြင့် ငါ့အတွက် အင်မတန်ဆိုးတဲ့ဟာပဲ။ ဒီအကျင့်ကို ငါဖျောက်မှလို့ အသိဉာဏ်နဲ့တော့ ကောင်းကောင်းကြီး နားလည်ပါတယ်။ အလောင်းအစားပြုတဲ့သူကလည်း ဒီလောင်းကစားဟာ မကောင်းဘူးဆိုတာ သိပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Wednesday 22 February 2012

ကောင်းမွန်တဲ့ သဘောထား

သီလဟာ ဘာကြောင့်ရှိဖို့ လိုသလဲ။ ကိုယ့်ကို သူများကလာပြီး တရားလုပ် အနိုင်ကျင့်မယ်ဆိုရင် ကိုယ်က မကြိုက်သလို မခံချင်သလို သူများကိုလည်း ကိုယ်က မတရားမလုပ်အပ်ပါဘူး။ အနိုင်မကျင့်အပ်ပါဘူး။ ဘာအလုပ်ကိုပဲလုပ်လုပ် ဘယ်လိုဘဲ ၀မ်းစာရှာရှာ “ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းဟာ ငါ့ကိုမှီခိုနေတဲ့သူတွေ အတွက် ငွေကြေး အထောက်အပံ့အကူအညီ ရစေဖို့သာမက တခြားလူတွေကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ဖို့” ဆိုရင် ဒါဟာ ကောင်းတဲ့ မွန်မြတ်တဲ့ သဘောထား ရည်မှန်းချက်ပါပဲ။

ဒါပေမယ့် စိတ်ထား ရည်မှန်းချက်က မတရားလုပ်ဖို့ ကိုယ့်အတွက် ပိုက်ဆံအများကြီးရဖို့ တစ်ခုတည်းသာဆိုရင် ဒါဟာ သမ္မာအာဇီဝ မဟုတ်ပါဘူး။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ အလုပ်ကိုကြိုးကြိုးစားစား လုပ်ဖို့ရာ လိုပါတယ်။ ရိုးသားစွာ သစ္စာရှိစွာ ပိုက်ဆံရှာဖို့ သူများတွေကို အားကိုးမနေဘဲနဲ့ ကိုယ့်ကိုယ်ကို အားကိုးပြီး ရပ်တည်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံရှာလို့ရတဲ့အခါ ၀င်ငွေကောင်းစပြုလာတော့ မာနတတ်လာတတ်ကြပါတယ်။ ငါတစ်လုံး ဖြစ်လာပါတယ်။ ဒါဟာ ဂုရုကြီးရဲ့ ကိုယ်တွေ့ပါပဲ။


အလုပ်အကိုင်မှာ အောင်မြင်လေလေ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလေလေ၊ ငါ ငါ ငါ့ဟာ ငါ့ဟာ ဖြစ်လေလေပါပဲ။ ငါလုပ်တာ၊ ငါရှာတာ၊ ငါတော်လို့ ငါလုပ်တတ် ကိုင်တတ်လို့ပေါ့။ ငါဟာ သူများတွေထက် ပိုတော်တာပဲ ထူးတာပဲဆိုတဲ့ စိတ်ရူး စိတ်မိုက်တွေ ပေါ်လာတတ်ပါတယ်။ ပိုက်ဆံကိုလည်း ပိုပိုပြီး တပ်မက်မောလာပါတယ်။ ဒီလိုဆိုရင် သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရေးလမ်းဆုံး ပန်းတိုင်ရဲ့ ပြောင်းပြန်ဘက်ကို ပြေးနေတာပါပဲ။ လမ်းဆုံးပန်းတိုင်ကတော့ ငါဆိုတဲ့ အစွဲမရှိတော့ပါဘူး။ ငါအစွဲဟာ လုံးဝ အရည်ပျော်ဆင်းသွားတဲ့ အဆင့်က အတ္တ လုံးဝကင်းစင်သွားတဲ့အဆင့် ဖြစ်ပါတယ်။


လူတစ်ဦးအနေနဲ့က အလုပ်လုပ်ရမယ်။ ပိုက်ဆံရှာရမယ်ဆိုတဲ့ အစွဲတစ်ခုတည်းပဲ ဆိုရင်တော့ ဒီလူဟာဘယ်နှယ်လုပ်ပြီး ဘ၀ဆင်းရဲမှ လွတ်မြောက်ရေးရနိုင်ပါ့မလဲ။ ဒီတော့ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေက အဖြေရှာပေးခဲ့ပါတယ်။ လူတစ်ဦး တစ်ယောက်ဟာ အလုပ်လုပ်ပြီး ပိုက်ဆံရှာဖွေလို့ရပြီးရင် ဒီပိုက်ဆံကိုရှာတာဟာ ငါ့အတွက်၊ င့ါကိုမှီခိုနေတဲ့ လူတွေအတွက်သာ ရှာဖွေနေတာမ ဟုတ်ဘူး။ အခြားလူတွေအတွက်လည်း ပါပါတယ်။ ငါရှာဖွေလို့ရတဲ့ ပိုက်ဆံထဲက တချို့တစ်ဝက်ဟာ သူတစ်ပါးအကျို အတွက် ဖြစ်စေရမယ်လို့ အောက်မေ့ရမယ်လို့ ပြောခဲ့ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Tuesday 21 February 2012

ဓမ္မပဒမှ သီလနှင့်နွယ်သော သြ၀ါဒများ

၁။ လုံ့လရှိခြင်း၊ မမေ့လျော့ခြင်း၊ သီလစောင့်ခြင်း၊ မျက်စိစသော ဣနြေ္ဒကို စောင့်ခြင်း၊ ဤလေးပါးတို့ဖြင့် ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ ကိလေသာ ရေအလျဉ် မဖျက်ဆီးနိုင်သည့် အရဟတ္တဖိုလ်တည်းဟူသော မိမိ၏မှီခိုရာကျွန်းကို ပြုရာ၏။

၂။ သီလနှင့် ပြည့်စုံ၍ မမေ့မလျော့ နေထိုင်လေ့ရှိသဖြင့် တရားမှန်ကို ကောင်းစွာသိ၍ ကိလေသာမှ လွတ်မြောက်ကုန်သော သူတော်ကောင်းတို့၏ သွားရာလမ်းခရီးကို မာရ်နတ်သည် မသိ၊ ရှာ၍မရ။


၃။ သီလလည်း မရှိ၊ တည်ကြည်ခြင်းလည်း မရှိသော သူ၏ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက်၊ သီလရှိ၍ ကမ္မဋ္ဌာန်းရူသောသူ၏ တစ်ရက်မျှ အသက်ရှည်ခြင်းသည် သာ၍ မြတ်၏။


၎။ မကောင်းမူကို မိမိပြုလျှင် မိမိသည်ပင် ပူပန်ညစ်ညူးရ၏။ မကောင်းမူကို မိမိမပြုလျှင် မိမိသည်ပင် စင်ကြယ်၏။ မိမိ၏ စင်ကြယ်ခြင်း၊ မစင်ကြယ်ခြင်းကို မိမိသည်ပင် ပြုလုပ်၏။ တစ်ယောက်သောသူသည် အခြားသူတစ်ယောက်ကို ကိလေသာ အညစ်အကြေးမှ စင်ကြယ်အောင် မသုတ်သင်နိုင်။


၅။ ၀စီဒုစရိုက်လေးပါးကို ရှောင်ကြဉ်ခြင်းအားဖြင့် နူတ်ကို အစဉ်စောင့်ရှောက်ရာ၏။ မနောကံသုံးပါးကို ရှောင်ကြဉ်ခြင်းအားဖြင့် စိတ်ကိုကောင်းစွာ စောင့်ရှောက်၏။ ကိုယ်ဖြင့် မကောင်းမူကို မပြုရာ။ ကာယကံကို စင်ကြယ်စေ၍ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ဟောကြားအပ်သော မဂ်တရားကိုရအောင် အားထုတ်ရာ၏။


၆။ ပေါ့လျော့စွာပြုသော အမူသည်လည်းကောင်း၊ သီလ ညစ်နွမ်းစေတတ်သော အကျင့်သည်လည်းကောင်း၊ ယုံမှားသံသယနှင့် ကျင့်သောသူတော်ကောင်း အကျင့်သည်လည်းကောင်း ကောင်းကျိုးများစွာ မရှိချေ။

ရွှေကျင် ဆရာတော်ဘုရားကြီး၏ သိဿကောဝါဒ စကားပုံမှ သီလနှင့်ဆက်နွယ်သော သြ၀ါဒများ

၁။ ပုထုဇဉ်သော်လည်း သီလရှိလျှင် (အရိယာ)နှင့်တူ၏။ အပါယ် မရောက်။

၂။ ရေရှိမှ ကြာပွားသည်။ သီလရှိမှ သမာဓိများ၏။

၃။ ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။

၎။ ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏။



၅။ စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။


၆။ တရားဟော ကောင်းလျက် သီလမရှိလျှင် အနံ့ မမွှေးသော ပန်းနှင့်တူ၏။


၇။ ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။


၈။ ဘုန်းကြီးလျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့်တူ၏။


၉။ သီလရှိမှ ဒါနနှင့်ဘာဝနာ အကျိုးပေး သန်သည်။


၁၀။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘော တည်း။ နတ်ပြည် တက်လိုလျှင် သီလလှေကား ထောင်။


၁၁။ အကုသိုလ်သည် သတ္တ၀ါကို အပါယ်ဆွဲချ၏။ သီလရှိသူကို ဆွဲမချနိုင်။


၁၂။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။ သံသရာ ကူးလိုလျှင် သီလလုံအောင်ဖာ။


၁၃။ လောကီဥစ္စာ စောင့်လျှင် တစ်သက်ချမ်းသာ။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာ။


၁၄။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏။ ငြိမ်းလျှင် မှောင်၍ ညှော်နံ့ ထွက်၏။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏။ ပျက်လျှင် မှောင်၍ ညှော်နံ့ ထွက်၏။

Monday 20 February 2012

ကုန်သည်အသုံးအနူန်း

အဲဒီအချိန်တုန်းက ဂုရုကြီးကလည်း တရားအစစ်အမှန်ကို မတွေ့သေးပါဘူး။ နောက်မကြာခင်ပဲ တရားစစ်တရားမှန်ကို လေ့လာတော့ ကိုယ့်ကိုယ်ကို အရင်ကြည့်ဖို့ စစ်ဆေးဖို့ ဝေဖန်ဖို့ဆိုတာ သိရှိလာပါတယ်။ ဂုရုကြီးက ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ဝေဖန်လိုက်တော့ အမှန်အဖြစ်အပျက်တွေက ထင်ရှားလာပါတယ်။

ဒီဆရာဝန်ကို ဝေဖန်ဖို့ အပြစ်ရှာဖို့က လွယ်ပါတယ်။ ဒါပေမယ့် ငါကရောလို့ ကိုယ့်ကိုကို မေးမိပါတယ်။ ဂုရုကြီးဟာ အင်မတန် အလုပ်များတဲ့ အရောင်းအ၀ယ်သွက်တဲ့ ကုန်သည်မျိုးရိုးက ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကုန်သည်လုပ်လာတော့ ကုန်သည်ရဲ့ စိတ်ထားဟာ ဘယ်လိုဆိုတာကို ကောင်းကောင်းသိပါတယ်။

ကုန်သည် အသုံးအနူန်းနဲ့ဆိုရင် ဥပမာ - “တိုင်းပြည်မှာ မိုးခေါင်တယ်။ စပါး ဆန်ရေရှားပါးတယ်။ စစ်ဖြစ်လို့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးတယ်။ အစစအရာရာ ကုန်ဈေးနူန်းတွေ တက်တယ်”ဆိုရင် ကုန်သည်အသုံးအနူန်းနဲ့တော့ အရောင်းအ၀ယ်ကောင်းတယ်။ ဈေးသွက်တယ်လို့ဆိုပါတယ်။ ကုန်သည် အတွက်တော့ ကောင်းတာပေါ့။ လူတွေ ဒုက္ခရောက်ကြတာက အရေးမကြီးပါဘူး။ အရောင်းအ၀ယ် ပိုကောင်းတော့ ပိုက်ဆံတွေ ပိုရတာပေါ့။

စစ်ပြီးသွားပြီ။ စပါးဆန်ရေတွေ ပေါများလာပြီ။ လူသုံးကုန်ပစ္စည်းတွေလည်း ပေါများလာပြီဆိုတော့ ဈေးနူန်းတွေကျလာပါတယ်။ ဒီတော့ ၀မ်းနည်းပမ်းနည်းနဲ့ ဈေးတွေ ကျကုန်ပြီ။ ကျုပ်တို့ ပျက်စီးကုန်ပြီလို့ ပြောကြပါတယ်။ ဒီဟာ ဘယ်လိုသဘောထားလဲ၊ ဘယ်လိုစေတနာမျိုးလဲ၊ သူများတွေအပေါ်မှာ အညွှန့်ခူးဖို့ အမြတ်ထုတ်ဖို့ သွေးစုတ်ဖို့ဟာ သမ္မာအာဇီဝ = ကောင်းသောအသက် မွေးမြူခြင်း မဟုတ်ပါဘူး။ လူဆိုတာ တစ်ဦးတည်းနေလို့ ရတာမျိုးမှမဟုတ်ဘဲ။ အများနဲ့ အုပ်စုနဲ့ အဖွဲ့အစည်းနဲ့ နေကြရတာပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အတွင်းက စေတနာအရေးကြီး

နောက်ပြီးတော့လည်း ရှိပါသေးတယ်။ အပြင်ပန်း အမြင်မှာ အင်မတန်ကောင်းတဲ့ အလုပ်ပါပဲ။ ဒါပေမယ့် အတွင်းက စေတနာက အရေးကြီးပါတယ်။ အတွင်းရည်ရွယ်ချက်က မှားနေမယ်။ သူများကို အသုံးချဖို့၊ အမြတ်ထုတ်ဖို့ အညွန့်ခူးဖို့ဆိုရင် ဘယ်လောက်ပဲ ကောင်းပါတယ်ဆိုတဲ့ အလုပ်ပဲဖြစ်ဖြစ် မကောင်းတဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်ပါတယ်။
ဥပမာတစ်ခုပြောပြပါဦးမယ်။ နှစ်ပေါင်းအတော်ကြာပါပြီ။ ဂုရုကြီး တရားဓမ္မကို မတွေ့ရခင်ကပေါ့။ သူတို့ မိသားစုထဲက တစ်ဦးတစ်ယောက်က နေထိုင်မကောင်းဖြစ်ပါတယ်။ ခါတိုင်း ကုနေကျ ဆရာဝန်ကလည်း ခရီးထွက်နေပြီး အဲဒီအချိန်မှာ မရှိလေတော့ တခြားဆရာဝန်တစ်ဦးကို သွားပြီး ပင့်ရပါမယ်။


အဲဒီဆရာဝန်က အလုပ် အင်မတန်များ ပါတယ်။ အိမ်ပင့်လို့လာမှာ မဟုတ်ဘူးဆိုတာသိတော့ ဂုရုကြီးက သူကိုယ်တိုင်ပဲ ပင့်ဖို့သွားပါတယ်။ ဆေးခန်းရောက်တော့ လူနာတွေလဲ တစ်ယောက်မှမရှိပါဘူး။ ဆရာဝန်တစ်ဦးတည်း ထိုင်နေတာတွေ့ရပါတယ်။ ခါတိုင်းဆိုရင် လူနာတွေအများကြီးနဲ့ ပြည့်ကျပ်နေတာပါပဲ။ ဒါနဲ့ ဂုရုကြီးက ဒီလိုဆိုရင် အိမ်ပင့်လို့ ရမှာပဲဆိုပြီး ၀မ်းသာသွားပါတယ်။

ဒါပေမယ့် သိချင်တာနဲ့ “ဆရာရယ် ခါတိုင်းဆို လူတွေ အင်မတန်များတာပဲ။ ဒီကနေ့တော့ လူနာလည်းမရှိပါလား”လို့ မေးမိပါတယ်။ ဒီတော့ ဆရာဝန်က မျက်နှာမသာ မယာနဲ့ “ခါတိုင်းဆိုရင် ဒီရာသီဥတုမျိုးမှာ ကူးစက်တတ်တဲ့ ရောဂါတွေဟာ သိပ်ဖြစ်ကြတာပဲ။ အခုတော့ ဘာဖြစ်တယ် မသိပါဘူးဗျာ။ ဒီနှစ်မှာ ကူးစက်တဲ့ရောဂါလဲ တစ်ခုမှ ပေါ်မလာဘူး”လို့ ပြန်ပြောပါတယ်။

ဒါဟာဘယ်လို ဆရာဝန်မျိုးလဲ၊ ဆရာဝန်အလုပ်ဟာ အလွန်မွန်မြတ်တဲ့ အလုပ်အကိုင်ပဲ။ ဆရာဝန်တိုင်းကတော့ ဒီလိုမဟုတ်ကြပါဘူး။ ဒါပေမယ့် ဒီလိုဆရာဝန်မျိုးနဲ့လည်း ကြုံရဖူးပါတယ်။ လူတွေရောဂါတွေ များများဖြစ်ဖို့ တောင့်တနေတာပဲ။ ဒါမှ ၀င်ငွေကောင်းအောင်လို့ ကြားရတာ တယ်ဆိုးတာပဲ။ ဒါပေမယ့် သူများတွေကို အပြစ်ပြောဖို့ရာကတော့ အင်မတန် လွယ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Saturday 18 February 2012

မဂ္ဂင် ၈-ဖြာ သိက္ခာသုံးရပ်

သီလသိက္ခာမှာ ကိုယ်ကျင့်တရား၊ မိမိရဲ့အကျင့်ကို စောင့်ထိန်းပြီး သူတစ်ပါးကို ဘေးဖြစ်စေမယ့် ကိစ္စတွေကို ရှောင်ကြဉ်ခြင်း၊ သမာဓိသိက္ခာ အပိုင်းမှာ မိမိစိတ်ကို နှိမ်နင်းခြင်းအားဖြင့် ကောင်းမူပြုခြင်း၊ ပညာသိက္ခာပိုင်းမှာ မိမိသန္တာန်ကို ၀ိပဿနာအားဖြင့် ထိန်းသိမ်းခြင်း၊ ထိုးထွင်းပြီး အဟုတ်အမှန်ကို သိတတ်သောဉာဏ်၊ မိမိကိုယ်တွင်းမှာ စုပေါင်း သိုလှောင်ထားတဲ့ ကိလေသာအညစ်အကြေးတွေကို အမြစ်ပြတ် သုတ်သင်နိုင်တဲ့ ပညာဖြစ်ပါတယ်။ ဒီသီလ၊ သမာဓိ၊ ပညာ ၃-ခုတို့ဟာ မဂ္ဂင်ရှစ်ပါးပါပဲ။

သီလသိက္ခာ သီလသိက္ခာမှာ ၃- ပိုင်း၊ သမာဓိသိက္ခာမှာ ၃-ပိုင်းနဲ့၊ ပညာသိက္ခာမှာ ၂-ပိုင်း၊ စုစုပေါင်း ၈-ပိုင်းဖြစ်ပါတယ်။ သီလသိက္ခာမှာ သမ္မာဝါ စာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ မဂ္ဂင်(၃)ပါး ရှိပါတယ်။

သမ္မ၀ါစာမဂ္ဂင်
ပထမမဂ္ဂင် သမ္မာဝါစာကတော့ မှန်ကန်သောစကားကို ပြောဆိုခြင်းပါပဲ။ အပြောအဆိုမှာ စင်ကြယ်စေဖို့ပေါ့။ မဂ္ဂင်လမ်းစဉ်တစ်ခုလုံးဟာ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ်အောင်လုပ်တဲ့ လမ်းစဉ်ဖြစ်တော့ နူတ်အရာမှာ စကားအရာမှာ စင်ကြယ်ဖို့ ရာလည်းလိုပါတယ်။ နူတ်အရာမှာ စင်ကြယ်ဖို့ရာကို နားလည်ဖို့ရာမှာ နူတ်အရာမှာ မစင်ကြယ်မူ၊ ညစ်ညမ်းမူကို ပထမ နားလည် ရပါလိမ့်မယ်။

နူတ်ညစ်ညမ်းမူ မစင်ကြယ်မူတွေကို ရှောင်ကြဉ်လိုက်ရင် ကျန်တဲ့စကားတွေဟာ စင်ကြယ်တာပေါ့။ ဒီတော့ နူတ်မစင်ကြယ်မူ၊ နူတ်ညစ်ညမ်းမူတွေဟာ ဘာတွေလဲဆိုတာကို သိဖို့ရာလိုပါတယ်။ နူတ်ညစ်ညမ်းမူတွေကတော့ လေးမျိုးရှိပါတယ်။ တစ်ခုကတော့ မုသာဝါဒ = မုသားစကားပြောတာ၊ မဟုတ်မမှန်တာတွေကိုပြောတာ။ သူတစ်ပါးကို လိမ်လည် လှည့်စားတာတွေ။ နှစ်အချက်ကတော့ ပိသုဏ၀ါစာ = အတင်းအဖျာင်းပြောတာ၊ အချင်းချင်း မိတ်ပျက်အောင် ကုန်းတိုက်တာမျိုး၊ သုံးအချက်ကတော့ ဖရုသ၀ါစာ = သူတစ်ပါးကို နာကျည်းစေတဲ့ ကြမ်းတမ်း ယုတ်မာတဲ့စကားတွေ ပြောတာတွေ၊ ဆဲရေးတိုင်းထွာတာတွေ။ လေးအချက်ကတော့ သမ္ဖပလာဝါစာ = အနှစ်သာရ မရှိတဲ့၊ တန်ဖိုးမရှိတဲ့၊ အသိမ်အဖျင်းစကားတွေ၊ အသုံးမကျဘဲ အချိန်သာကုန်စေတဲ့ စကားတွေပြောတာ ဖြစ်ပါတယ်။ ဒါတွေဟာ နူတ်အမူအရာမစင်ကြယ်တာတွေပေါ့။ ဒီစကားမျိုးတွေကိုမပြောဘဲ ရှောင်ကြဉ်တယ်ဆိုရင်တော့ ကျန်တဲ့ စကားတွေဟာ စင်ကြယ်ကောင်းမွန်တဲ့ စကားတွေပါပဲ။

သမ္မာကမ္မန္တမဂ္ဂင်

ဒုတိယမဂ္ဂင်ကတော့ သမ္မာကမ္မန္တ = ကိုယ်အပြုအမူတွေကို စင်ကြယ်စေခြင်း ဖြစ်ပါတယ်။ ဒီမှာလဲ ကိုယ်အပြုအမူ စင်ကြယ်တယ်ဆိုတာ ဘာလဲလို့ သိဖို့ရာမှာ ကိုယ်အပြုအမူ မစင်ကြယ်တာတွေဟာ ဘာလဲလို့ သိဖို့လိုပါတယ်။ မဂ္ဂင်လမ်းစဉ် တစ်ခုလုံးမှာ အကောင်းအဆိုး အတိုင်းအထွာကတော့ ဒီတစ်မျိုးပဲရှိပါတယ်။ ဘယ်အပြုအမူ၊ ဘယ်ဟာကိုပဲလုပ်လုပ် သူတစ်ပါး ပျက်စီးစေမယ့်အလုပ်၊ သူတစ်ပါး နာကျည်းစေမယ့်အလုပ်၊ သူတစ်ပါးရဲ့ချမ်းသာမူ အဆင်ပြေမူကို ပျက်စီးစေမယ့်အလုပ်ဆိုရင် အဲဒါဟာ မစင်ကြယ်တဲ့ အလုပ်ပါပဲ။ ဒီအလုပ်တွေဟာ သူတစ်ပါးကိုသာမဟုတ်ဘဲ မိမိကိုယ်ကိုလဲ ဘေးအန္တရာယ် ဖြစ်စေပါတယ်။

မကောင်းတဲ့ မစင်ကြယ်တဲ့ ဒုစရိုက်အလုပ်တွေဟာ သီလပျက်ပြား စေနိုင်ပါတယ်။ သူတို့တွေက ဘာတွေလဲဆိုတော့ ပါဏာတိပါတ = သက်ရှိသတ္တ၀ါတစ်ခုခုကို သတ်ဖြတ်မူ၊ အဒိန္နာဒါန = သူတစ်ပါးပစ္စည်းကိုယ်မပိုင်တာကို မတရားယူမူ၊ ခိုးမူ၊ ၀ှက်မူ၊ လုယက်မူတွေပေါ့။ ကာမေသုမိစ္ဆာစာရ = မှားယွင်းတဲ့ မေထုန် ပြုကျင့်မူ၊ သုရာမေရာယ = မူးယစ်စေတဲ့ဆေး၊ အရက်သေစာတွေ သောက်စားမူ ဖြစ်ပါတယ်။ မူးယစ်နေတဲ့သူဟာတခြား အကုသိုလ်တွေကိုလည်း လျှောက်ပြီး၊ ဆက်လက်ပြီး ကျူးလွန်မိကြပြန်ပါတယ်။ ဒါတွေဟာ ညစ်ညမ်းတဲ့ မသန့်ရှင်းတဲ့ ကိုယ်ကာယနဲ့ ပြုလုပ်တဲ့ အမူတွေပေါ့။ အညစ်အကြေးတွေကိုရှောင်ပြီး မလုပ်ဘဲနေရင် ကျန်တဲ့လုပ်ကိုင်မူတွေဟာ ကောင်းတဲ့ စင်ကြယ်တဲ့ အပြုအမူတွေပဲပေါ့။

သမ္မာအာဇီဝမဂ္ဂင်

နောက်တတိယမဂ္ဂင် သမ္မာအာဇီဝကျတော့ ကောင်းသော စင်ကြယ်သော အသက်မွေးမြူခြင်း ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းဟာ အသက်မွေးဝမ်းကျောင်း ရှိကြပါတယ်။ လူမှန်ရင် ကိုယ်ဝမ်းစာ ကိုယ်ရှာစားကြရမှာပေါ့။ ဘယ်လိုအလုပ်အကိုင်မျိုးကို လုပ်ကိုင်ရပါ့မလဲ။ ဒီမှာလဲ အကောင်းအဆိုး အတိုင်းအထွာဟာ အတူတူပါပဲ။ အလုပ်က ၀င်ငွေ ဘယ်လောက်ကောင်းကောင်း ပိုက်ဆံတွေ ဘယ်လောက်ရရ၊ ဒီအလုပ်ဟာ သူတစ်ပါးကိုလဲ အန္တရာယ်ပြုမယ်ဆိုရင် ဒီဟာ ကောင်းတဲ့အလုပ် သမ္မာအာဇီဝအလုပ် မဟုတ်နိုင်ပါဘူး။

ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး လူတစ်ယောက်က အကျင့်စာရိတ္တပျက်ပြားစေမယ်၊ သီလကျိုးပျက်စေမယ်၊ စိတ်ဒုက္ခ ရောက်စေမယ်ဆိုရင်လဲ ဒါဟာကောင်းသော အသက်မွေးဝမ်းကျောင်းလို့မဆိုနိုင်ပါဘူး။ တချို့ကတော့ ပြောပါတယ်။ ကျုပ်မသတ်ပါဘူး။ ဒါပေမယ့် ဓားတွေ လှံတွေ သေနတ်တွေ လူသတ်ပစ္စည်းတွေ အရောင်းအ၀ယ်လုပ်နေရင် သူများသီလပျက်အောင်၊ မကောင်းတဲ့ အလုပ်တွေ လုပ်ဖြစ်အောင် ဖန်တီးပေးတဲ့အတွက်ကြောင့် ဒီဟာလဲ သမ္မာအာဇီဝ မဟုတ်နိုင်ပါဘူး။ ကျုပ်အရက်မသောက်ပါဘူး။ ဆေးခြောက်မရှူပါဘူး ဆိုပေမယ့် အရက်ရောင်းမယ်၊ ကစားဝိုင်းထောင်မယ်၊ ကိုယ်တိုင်မသတ်ပေမယ့် သူများသတ်ထားတဲ့ အသားတွေကို ရောင်းမယ် တိရစ္ဆာန်မွေးထားပြီးတော့ သားသတ်သမားတွေထံရောင်းမယ်။ ဒါတွေအားလုံးဟာလည်း သူများတွေအကုသိုလ်ပွားအောင် လုပ်ပေးတာဖြစ်လို့ မကောင်းတဲ့ အသက်မွေးဝမ်းကျောင်း၊ မကောင်းတဲ့အလုပ်တွေပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Friday 17 February 2012

စိတ်ကို စင်ကြယ်စေတဲ့ မြင့်မြတ်တဲ့လမ်းစဉ်

ရှေးရှေးဘ၀က စုပေါင်းပြီး၊ သိုလှောင်ထားပြီး သယ်ဆောင်ယူလာတဲ့ အကုသိုလ်ကံကြွေးတွေအားလုံး မကုန်စင်သေးရင်တော့ ယောဂီဟာ ဒုက္ခနယ်ထဲက မလွတ်မြောက်နိုင်သေးပါဘူး။ ဒါကြောင့် ဓမ္မတရားအားလုံး ပြည့်စုံအောင် အချက် ၃-ချက် စလုံးကို လိုအပ်ပါသည်။
အကုသိုလ်မကောင်းမူတွေကို မလုပ်ဖို့၊ ကုသိုလ်ကောင်းမူတွေကို လုပ်ဖို့ စိတ်ကို သန့်ရှင်းစင်ကြယ်ဖို့”၊ ဒီ ၃-မျိုးတို့ ဖြစ်ပါတယ်။ တရားလမ်းစဉ် တစ်ခုလုံးကတော့ အရိယောအဋ္ဌင်္ဂီကော မဂ္ဂေါ=အင်္ဂါရှစ်ပါး ရှိသော မြင့်မြတ်သော တရားလမ်းစဉ် မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပါတယ်။ 


မြင့်မြတ်တဲ့လမ်းစဉ်ဆိုတာကတော့ ဘယ်ဂိုဏ်း ဘယ်ဂဏကပဲဖြစ်ဖြစ် ဘယ်အသိုင်း အ၀ိုင်းထဲကပဲဖြစ်ဖြစ်၊ ဘယ်တိုင်းဘယ်နိုင်ငံ ကပဲဖြစ်ဖြစ်၊ ဘယ်အသားအရောင် ကပဲဖြစ်ဖြစ် ကွာခြားမူ မရှိပါဘူး။ ဒီလမ်းစဉ်ကိုလျှောက်ပြီး လိုက်နာကျင့်သုံးမယ်ဆိုရင် မွန်မြတ်တဲ့ ပုဂ္ဂိုလ်၊ သူတော်စင်၊ သူတော်ကောင်း ဖြစ်လာမှာ သေချာပါတယ်။ မဂ္ဂင်ရှစ်ပါးကို သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာရယ်လို့ ၃-ပိုင်းခွဲခြားထားပါတယ်။ 

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ကောင်းကျိုး၊ မကောင်းကျိုး

နောက်အမှန်တရားတစ်ခုကတော့ ယောဂီတို့ရဲ့ စိတ်ထဲမှာ အကုသိုလ်အညစ်အကြေးတွေ တစ်ခုခု ဖြစ်လာတဲ့အခါမှာ အလိုလို စိတ်မချမ်းသာ ဖြစ်ကြရပါတယ်။ ဒီလို အကုသိုလ် စိတ်တွေ ဖြစ်နေတဲ့အချိန်မှာ ဘယ့်နှယ်လုပ်ပြီး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါ့မလဲ။ စိတ်ဆင်းရဲရမှာ သေချာပါတယ်။ 
စိတ်ထဲမှာ အကုသိုလ်ဝင်လာတာနဲ့ တစ်ပြိုင်နက်သဘာဝက အပြစ်ပေးလာပါတယ်။ ဒဏ်ခတ်လာပါတယ်။ အလားတူပါပဲ၊ ယောဂီက စိတ်ထဲမှာ မေတ္တာစိတ်၊ ကရုဏာစိတ်၊ ကုသိုလ်စိတ်တွေဖြစ်နေရင် သူတစ်ပါးကို တကယ် အကူအညီမပေးနိုင်ဦးတော့ ကုသိုလ်စိတ် ကောင်းတဲ့စိတ် ရှိနေတယ်ဆိုတာနဲ့ပဲ သဘာဝက ယောဂီကို ဆုချပြန်ပါတယ်။ ယောဂီက စိတ်ပျော်ရွှင်မူ စိတ်အေးချမ်းမူကို ခံစားရပါတယ်။ စိတ်ထဲမှာ နှစ်သက်မူကို ရပါတယ်။ ဒါဟာ သဘာဝတရားပါပဲ။ ဓမ္မနိယာမ သဘာဝဥပဒေဆိုတာ ဒါပါပဲ။ 

လူတွေဟာ ကိုယ့်ကိုယ်ကို ခေါ်ချင်သလို ခေါ်နိုင်ပါတယ်။ ခရစ်ယာန်၊ ဂျူး၊ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ဘယ်လိုပဲခေါ်ခေါ် ဘာမှထူးခြားမူ မရှိပါဘူး။ စိတ်ထဲမှ အကုသိုလ်ဖြစ်တဲ့အခါ စိတ်ညစ်ရပါတယ်။ စိတ်ထဲမှာ ကောင်းမူကုသိုလ်ပွားတဲ့အခါ စိတ်ဟာ ချမ်းသာပါတယ်၊ အေးချမ်းပါတယ်။ ဒါဟာသဘာဝ တရားပါပဲ။ 

ဘုရားဟောပြောခဲ့တဲ့ သဘာဝတရားကတော့ ဓမ္မလို့ခေါ်တယ်။ ဓမ္မဆိုတာ တရား၊ ဥပဒေ၊ သဘာဝလို့ အဓိပ္ပာယ်ရှိပါတယ်။ 

အကုသိုလ်မကောင်းမူတွေကို မလုပ်ရုံ၊ ကုသိုလ်ကောင်းမူတွေကိုသာ လုပ်နေရုံနဲ့တော့ တရားဓမ္မက မပြည့်စုံသေပါဘူး။ ဒါကတော့ အင်မတန်ကောင်းပါတယ်။ ကုသိုလ်စိတ်တွေဖြစ်လို့ ကောင်းမူတွေ ကုသိုလ်တွေ လုပ်တာကလဲ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် ယောဂီတို့ အရင်ဘ၀တုန်းက စုပေါင်းပြီး သယ်ယူလာခဲ့တဲ့ အကုသိုလ်ဟောင်း၊ ကံဟောင်းတွေက ရှိနေပါသေးတယ်။ 

ဒါတွေအားလုံးကို အမြစ်ပြတ် သုတ်သင်မပစ်နိုင်သေးဘူး ဆိုရင်တော့ ယောဂီတို့ လွတ်မြောက်မူ မရနိုင်ကြသေးပါဘူး။ ဒီအကုသိုလ် အထုပ်ဟောင်းကြီးက တစ်ခါတစ်ခါ ခေါင်းဖော်လာပြီး ယောဂီတို့ကို လွှမ်းမိုးပြီး မခံရပ်နိုင်အောင် ဖိစီးကြပါတယ်။ ဒီလို ဖြစ်လာတဲ့အခါများမှာ ယောဂီက မိမိကိုရော၊ သူတစ်ပါးကိုရော ဘေးဖြစ်စေတဲ့ အလုပ်ကို လုပ်မိခဲ့တတ်ကြပါတယ်။ ဒီတော့ ဒီဒုက္ခကြီးထဲက မလွတ်နိုင်သေးပါဘူး။ 

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Thursday 16 February 2012

ကုသိုလ်၊ အကုသိုလ်အလုပ်

တကယ့်တရားဓမ္မရဲ့ အဆီအနှစ်တွေ ပျောက်ကွယ်သွားကြတဲ့အခါ ကျတော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို လူတွေက အဓိပါယ်ကောက်ယူမူတွေ မှားကုန်ကြပါတယ်။ “ဒုစရိုက်ဆိုတာဘာလဲ၊ သူတော်ကောင်းအကျင့်ဆိုတာ ဘာလဲ” အစရှိလို့ပေါ့။
ဥပမာ - အပြင်ပန်းအားဖြင့်တွေ့ရတဲ့ ၀တ်တဆားဆင်ယင်မူတွေ ထုံးတမ်းစဉ်လာအရ ကျင်းပတဲ့ပွဲတွေ၊ ဘာသာရေးအခမ်းအနားတွေ၊ သီးခြားယုံကြည်ချက်တွေ အစရှိသဖြင့်ပေါ့။ တရားဓမ္မကို စကြာဝဠာတစ်ခုလုံးက လက်ခံနိုင်မယ့် ခံယူချက်က ဘာလဲ။ ပုဂ္ဂိုလ်တစ်ဦးဟာ ကာယကံ၊ ၀စီကံ၊ မနောကံ ပြူမူပြောဆိုစိတ်ကူးပြီး တခြားသတ္တ၀ါတွေကို နာကျင်စေမယ် ဘေးရောက်စေမယ်။ တခြားသတ္တ၀ါတွေရဲ့ အေးချမ်းမူချမ်းသာမူကို နှောင့်ယှက်တာဖြစ်ရင် အဲဒါဟာ အပြစ်ရှိတဲ့ အကုသိုလ်အလုပ်ဖြစ်ပါတယ်။ လုပ်တဲ့ပုဂ္ဂိုလ်ကလည်း အပြစ်ကျူးလွန်တဲ့ ပုဂ္ဂိုလ်ပါပဲ။ အပြင်ပန်းက ဘယ်လိုတွေ့ရတွေ့ရ၊ ဘယ်လိုဝတ်စုံ ၀တ်ထားဝတ်ထား၊ ဘယ်လိုထုံးတမ်းစဉ်လာတွေပဲ လုပ်လုပ်၊ ဘယ်လို ကိုးကွယ် ဆည်းကပ်မူတွေပဲ လုပ်နေနေ ဘာမှမထူးပါဘူး။

အလားတူပါပဲ၊ သတ္တ၀ါတွေကို ကူညီမစတဲ့၊ အကျိုးဖြစ်စေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ ပြုလုပ်မူတွေ၊ သတ္တ၀ါတွေအားလုံးအတွက် အေးချမ်းမူ သာယာမူ အဆင်ပြေမူတွေ ဖန်တီးပေးတဲ့ လုပ်ဆောင်မူတွေဟာ ကုသိုလ်ကောင်းမူတွေပါပဲ။ ပြုလုပ်ကြတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုပဲ ၀တ်စားထား ၀တ်စားထား၊ ဘယ်လိုအခမ်းအနားတွေလုပ်လုပ်၊ မလုပ်လုပ် ဘာမှ မထူးပါဘူး။ ကုသိုလ်ဟာ ကုသိုလ်ပဲ၊ အကုသိုလ်ဟာ အကုသိုလ်ပါပဲ။ အရေးကြီးတာက ကိုယ်ရဲ့လုပ်ကိုင်မူပါပဲ။

ကိုယ့်ရဲ့အကျိုးကျေးဇူးတွေဟာ ကိုယ့်ရဲ့လုပ်ကိုင်မူအပေါ်မှာ တည်ပါတယ်။ သဘာဝဓမ္မနိယာမက ဒီအတိုင်းပါပဲ။ ဒါကို လက်ခံရပါလိမ့်မယ်။ ဘုရားကဟောပြောလို့ မဟုတ်ပါဘူး။ ကျန်းဂန်လာလို့လဲ မဟုတ်ပါဘူး။ ဆရာသမားက ပြောလို့လည်း မဟုတ်ပါဘူး။ ကိုယ် ကိုယ်တိုင် လက်တွေ့ခံစားသိရှိပြီး ဖြစ်ရပါလိမ့်မယ်။ ဓမ္မလမ်းစဉ်မှာ ရှေ့ကိုဆက်လက်ပြီး သွားတဲ့အခါ “ဒါဟာ သဘာဝတရားပဲ၊ စကြ၀ဠာတရားပဲ” ဆိုတာကို မိမိရဲ့ ကိုယ်တွေ့အနေနဲ့ သိနားလည် လာကြပါလိမ့်မယ်။ ရှင်းလင်းလာပါလိမ့်မယ်။

ဓမ္မဆိုတာ စကြာဝဠာနဲ့ သက်ဆိုင်တဲ့ တရားပဲ။ တစ်ဦးစီ၊ တစ်ဦးစီ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ စကြ၀ဠာရှိ သက်ရှိသက်မဲ့ အားလုံးကို အုပ်စိုးနေပါတယ်။ ပုဂ္ဂိုလ်တစ်ဦးဟာ စိတ်ထဲမှာ မကောင်းတဲ့ အကုသိုလ်စိတ်ရှိနေမှသာ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ သူတစ်ပါးကို ကျူးလွန်နိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟအစရှိတဲ့ ကိလေသာအညစ်အကြေးတွေ တစ်ခုခု ကိုယ့်စိတ်ထဲမှာ ဖြစ်မှနူတ်နဲ့ဖြစ်စေ၊ ကိုယ်အမူအရာနဲ့ဖြစ်စေ၊ သူတစ်ပါးအပေါ်မှာ ကျူးလွန်နိုင်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Tuesday 14 February 2012

ဗုဒ္ဓအားလုံးတို့၏ လမ်းစဉ်ဓမ္မ

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပဲ အသက်အရွယ်အိုမင်းတဲ့ အဘွားအိုကြီး တစ်ဦးက မြတ်စွာဘုရားကို လျှောက်ထားပါတယ်။ “အရှင်ဘုရား တပည့်တော်မလဲ အသက်အရွယ် အိုမင်းပါပြီ။ နောက်ဘယ်နှစ်နှစ် ဘယ်နှစ်လ၊ ဘယ်နှစ်ရက်နေရဦးမလဲ မသိပါဘူး။

ဒါကြောင့်မို့ ကျန်ရှိနေသေးတဲ့ အသက်ပိုင်းကလေးကို အကျိုးရှိရှိ အကောင်းဆုံး နည်းနဲ့ အသုံးချချင်ပါတယ်။ ဒီရခဲလှတဲ့ ဘ၀ကိုလည်း ရခဲ့ပါပြီ။ နှောင်ကြိုး အဖွဲ့အစည်းတွေက လွတ်မြောက်ပြီးတော့ လမ်းဆုံး ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ပါတယ်။ တပည့်တော်ကို “လမ်းစဉ်ဟာ ဘာလဲ၊ ဓမ္မဆိုတာဘာလဲ အမိန့်ရှိတော်မူပါဘုရား”လို့ လျှောက်ထားပါတယ်။

အဘွားအိုကြီးက တခြားတရားပြတဲ့ ဆရာတွေထံ ရောက်ပြီးပြီထင်ပါရဲ့။ သူတို့က စကားလုံးကြီးကြီးတွေနဲ့ ဟောလိုက် ပြောလိုက်တော့ နားမလည်တဲ့အပြင် ပိုပြီးတောင် ရူပ်ထွေးသွားတယ် ထင်ပါရဲ့။ “အရှင်ဘုရား၊ စကားလုံးနည်းနည်းနဲ့ ရိုးရိုးရှင်းရှင်း တပည့်တော်မ နားလည်လောက်သော စကားလုံးမျိုးနဲ့ မိန့်တော်မူပါ”လို့ လျှောက်ထားပါတယ်။ တကယ့် တရားဓမ္မအစစ်အမှန်ဆိုတာဟာ အမြဲပဲ (စကားလုံး ရိုးရိုးနဲ့ ရှင်းရှင်း) သာမန်လူသားတွေ နားလည်လောက်တဲ့ စကားလုံးမျိုးနဲ့ ဟောပြောရမှာပေါ့။ သာမန် လူသားတွေကလည်း ဓမ္မလမ်းစဉ်ဆိုတာကို လျှောက်ကြရမှာဆိုတော့ ဒီတော့မှ သူတို့လည်း နားလည်ကြမှာပေါ့။

ဒီတော့ မြတ်စွာဘုရားက “နားထောင်... စကားလုံးနည်းနည်းနဲ့ ရှင်းရှင်းလင်းလင်းနဲ့ ဓမ္မဆိုတာဘာလဲ လမ်းစဉ်ဆိုတာဘာလဲ ပြောပြမယ်”လို့ဆိုပြီးတော့ အဲဒီခေတ်တုံးက လူအများသုံတဲ့ လူသုံးစကားနဲ့ စကားလုံးနည်းနည်းနဲ့ ဖြေရှင်းပြောပြပါတယ်။

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
မြတ်စွာဘုရားက ဒါဟာ ငါဘုရားရဲ့ အဆုံးအမပဲလို့ မဆိုပါဘူး။ ဧတံ ဗုဒ္ဓါန သာသနံ = ဒါဟာဘုရားရှင်တိုင်းရဲ့ ဟောပြောချက် ဆံးမချက်ပါတဲ့။

ပွင့်ပြီးကုန်သော ဘုရားတိုင်း ဟောပြောတာလည်း ဒီအဆုံးအမပါပဲ။ အပြောအဟောကတော့ အတူတူပါပဲ။ ဘုရားဖြစ်ဖို့ရာဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့မှ မူပိုင်မဟုတ်ပါဘူး။ ဂေါတမမြတ်စွာဘုရား တစ်ဦးတည်းရဲ့ မူပိုင်လည်း မဟုတ်ပါဘူး။ ဘယ်သူမဆို ဘုရားဖြစ်နိုင်ပါတယ်။ ဘယ်သူမဆို ဘုရားအဖြစ်ကို ရောက်ပြီးရင်လည်း ဒါကလွဲလို့ စကားလုံးနည်းနည်းနဲ့ ရှင်းရှင်းလင်းလင်း ပြောစရာဟောစရာ ဆုံးမစရာမရှိပါဘူး။ အဆုံး အမကဘာလဲ၊ သဗ္ဗပါပဿ အကရဏံ = မကောင်းပြုခြင်းအားလုံးမှ ရှောင်ကြဉ်ပါ။ အကုသိုလ်မူ အားလုံး၊ ယုတ်မာတဲ့ ဒုစရိုက်မူတွေ အားလုံးကို ရှောင်ကြည်ကြဖို့ ဖြစ်ပါတယ်။ ကုသလဿ ဥပသမ္ပဒါ = ကုသိုလ်ကောင်းမူတွေ ကောင်းတဲ့အကြံအစည်တွေ အလုပ်အကိုင်တွေ ပြောဆိုခြင်းပြုမူခြင်းတွေ ကိုသာ လုပ်ကိုင်ဆောင်ရွက်ပါတဲ့။

ပြီးတော့ သစိတ္တပရိယောဒပနံ = စိတ်ကို သန့်ရှင်းဖြူစင်အောင် လုပ်ပါ။ တိုတိုပြောရရင် “မကောင်းမူကိုရှောင်၊ ကောင်းမူကိုဆောင်၊ ဖြူအောင် စိတ်ကိုထား။ အဲဒါ ဗုဒ္ဓတွေ အားလုံးရဲ့ ဟောတရား” ဒါပါပဲ၊ လမ်းစဉ်ကြီးတစ်ခုလုံးဟာ ဒီအထဲမှာပဲ။ ဓမ္မလမ်းစဉ် အကုန်လုံးပါပဲ။ ဓမ္မရဲ့ လမ်းစဉ် အကုန်အစင်ဟာ ဒါပါပဲ။ မကောင်းမူ အကုသိုလ်ကို မလုပ်ပါနဲ့။ ကောင်းမူ ကုသိုလ်ကိုလုပ်ပါ။ ပြီးတော့ စိတ်ကို ဖြူစင်သန့်ရှင်းအောင် လုပ်နေပါ။ ဒါဟာ တရားအားလုံး စုစုပေါင်းပါပဲ။

ကေ၀လပရိပုဏ္ဏာ ကေ၀လပရိသုဒ္ဓါ = မြတ်စွာဘုရားရဲ့ တရားတော်ဟာ ကေ၀လ ပရိပုဏ္ဏာ အားလုံးပြည့်စုံနေပြီ။ နောက်ထပ် ဖြည့်စွက်ဖို့ ဘာမှမလိုတော့ပါဘူး။ လုံးလုံးလျားလျား ပြည့်စုံနေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကေ၀လပရိသုဒ္ဓါ = အကုန်အစင် စင်ကြယ်နေပါပြီ။ ဘာမှနုတ်ဖို့မလိုတော့ပါဘူး။ အင်မတန်မှ မှန်အားကြီးလို့ မမှန်တာရယ်လို့ အညစ်အကြေးရယ်လို့ ထုတ်ပစ်စရာ ဘာမှမရှိပါဘူး။ ဖြည့်စွက်ဖို့လည်း မလိုဘူး။ ထုတ်နုတ်ဖို့လည်း မလိုဘူး။ အားလုံးပြည့်စုံပြီးသား မှန်ကန်ပြီးသားများသာ ဖြစ်ပါတယ်။ ဒီလိုမှ ဓမ္မဖြစ်မှာပေါ့။ စကြ၀ဠာ ဓမ္မပေါ့။ သတ္တ၀ါအားလုံးနဲ့ဆိုင်တဲ့ သဘာဝတရားကြီးပါပဲ။ တရားဓမ္မတစ်ခုဟာ တကယ်မှန်ကန်တဲ့ တကယ်ဖြူစင်တဲ့ ဓမ္မဆိုရင် စကြာဝဠာဓမ္မ ဖြစ်ရပါလိမ့်မယ်။

ဂိုဏ်းဂဏဓမ္မမဟုတ်နိုင်ပါဘူး။ အသိဉာဏ်ပြည့်စုံတော်မူသွားတဲ့ အထွတ်အထိပ် ရောက်တော်မူသွားတဲ့ သဗ္ဗညုတဉာဏ်ရှင်တို့ဟာ ဘယ်တော့မှ ကျဉ်းမြောင်းတဲ့ ဂိုဏ်းဂဏ အဖွဲ့အစည်းအကြောင်းကို မသင်ကြားပါဘူး။ သူတို့ရဲ့ အဆုံးအမသြ၀ါဒတွေအားလုံးဟာ စကြ၀ဠာအားလုံးက သတ္တ၀ါတွေအားလုံး အတွက်ဖြစ်ပါတယ်။ ဓမ္မဆိုတာ သဘာဝတရားပဲ။ သဘာဝတရားဆိုတာ အားလုံးနဲ့သက်ဆိုင်တဲ့ နိယာမပဲ။ စကြာဝဠာတစ်ခုလုံးကိုစိုးမိုးတာပဲ။

စကြာဝဠာတစ်ခုလုံးဟာ ဓမ္မနိယာမ သဘာဝတရားရဲ့ အုပ်ချုပ်မူအောက်မှာပါပဲ။ ဒီလိုတရားကသာ ရှိသမျှအားလုံးနဲ့ သက်ဆိုင်မှာ အကျုံးဝင်မှာပါ။ အားလုံးကလည်း လက်ခံနိုင်ကြမှာပါ။ ပုဂ္ဂိုလ်တစ်ဦးဟာ ဘယ်လို အယူဝါ၏၊ ဘယ်လိုဂိုဏ်းဂဏ၊ ဘယ်လို အသင်းအဖွဲ့၊ ဘယ်ရိုးရာ ယုံကြည်မူ၊ ဘယ်ဓလေ့ ထုံးစံကပဲဖြစ်ဖြစ် “မကောင်းမူမလုပ်ပါနဲ့၊ ကောင်းမူကိုလုပ်ပါ၊ စိတ်ကို စင်ကြယ်ပါစေ”ဆိုတဲ့ သြ၀ါဒတရားကို အတိုက်အခံ လုပ်ဖို့အကြောင်း မရှိနိုင်ပါဘူး။ ဒီလိုတရားတွေကို ဘယ်သူက အတိုက်အခံ လုပ်နိုင်ပါ့မလဲ။ အားလုံးကပဲ လက်ခံနိုင်ပါတယ်။ လက်ခံကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဘုရားရှင်တို့က လမ်းကိုသာညွှန်ပြ

တုမှေဟိ ကိစ္စ မာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
သင်တို့ကိုယ်တိုင် အားထုတ်ကြကုန်လော့။ ဘုရားရှင်တို့သည် လမ်းကိုသာညွှန်ပြ တတ်ကုန်၏။ မြတ်စွာဘုရားသခင်က လမ်းကိုသာ ညွှန်ပြနိုင်တာ ဖြစ်ပါတယ်။

တထာဂတာ - ဆိုတဲ့အဓိပ္ပာယ်ကတော့ အမှန်တရားလမ်းစဉ်ကို ကိုယ်တိုင်လျှောက်သွားပြီး လမ်းဆုံးပန်းတိုင်ဖြစ်တဲ့ အဆုံးစွန်သော ပရမတ္ထအမှန်တရားကို ရောက်ရှိပြီးတဲ့သူ၊ သစ္စာ လမ်းစဉ်ပေါ်မှာလျှောက်ပြီး အဆုံးစွန်သောပန်းတိုင်ကို ဆိုက်ရောက်ပြီး လွတ်မြောက်ပြီးခဲ့တဲ့သူလို့ ဆိုပါတယ်။

ခြေလှမ်းတိုင် ခြေလှမ်းတိုင်းမှာ အမှန်တရားတွေချည်းပါပဲ။ အမှန်တရားသက်သက်ပါပဲ။ ဒီလမ်းစဉ်ဟာ ကြမ်းတမ်းတဲ့ တရားကနေပြီး ပိုမိုသိမ်မွေ့တဲ့ အမှန်သစ္စာတရားအထိ သြဠာရိက ကနေ သုခုမ၊ သုခုမ၊ အကြမ်းကနေသိမ်မွေ့ သိမ်မွေ့လာပြီး နောက်ဆုံး အသိမ်မွေ့ဆုံး ရောက်သည်အထိ ဖြစ်ပါတယ်။

မြတ်စွာဘုရားဟာ သူကိုယ်တော်တိုင် လက်တွေ့ တွေ့ကြုံခံစားရတဲ့ အတွေ့အကြုံကို မေတ္တာတော်အပြည့်၊ ကရုဏာတော်အပြည့်နဲ့ လမ်းညွှန်ပြသ တော်မူပါတယ်။ ကိုယ့်ကယ်တင်ရေးကို ကိုယ်ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ရပါမယ်။ ကိုယ့်စစ်ပွဲကို ကိုယ်ကိုယ်တိုင် တိုက်ရပါမယ်။ ကိုယ့်လမ်းကို ကိုယ်လျှောက်ရပါလိမ့်မယ်။

မှန်ပါတယ်။ သဘာဝဓမ္မကတော့ ယောဂီကလမ်းစဉ်ကို လျှောက်ပြီဆိုတာနဲ့ ဓမ္မရဲ့ မြင်ရတဲ့အင်အားတွေရော မမြင်ရတဲ့ အင်အားတွေကရော အင်အားတွေအားလုံးက ယောဂီကို ကူညီစောင့်ရှောက်ကြပါလိမ့်မယ်။ ဒီဟာအမှန်ပဲ၊ ဂုရုကြီးကိုယ်တိုင်မှာရော ယောဂီတွေအများကြီးမှာရော တကယ့်လက်တွေ့ဖြစ်ပါတယ်။ အကူအညီ အဖေးမတွေ အများကြီးရကြပါလိမ့်မယ်။

ဒါပေမယ့် အလှမ်းတိုင်း အလှမ်းတိုင်းကတော့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ မိမိတို့ဘာသာ လျှောက်ယူကြရမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ၀ိပဿနာ ယောဂီတိုင်း ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ ဒီအချက်ကို လက်ခံပြီဆိုရင် ဒီလမ်းစဉ်ဟာဘာလဲဆိုတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်။ ဓမ္မလမ်းစဉ်ပုံကြမ်းကို အနည်းဆုံး လောက်တော့ သိထားသင့်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Monday 13 February 2012

သာဝတ္ထိ ဒကာကြီးအမေးနှင့် ဘုရားရှင်အဖြေ

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဖြစ်ရပ်ကလေးတစ်ခုကို တင်ပြချင်ပါတယ်။ တစ်ချိန်မှာ မြတ်စွာဘုရားဟာ အိန္ဒိယပြည် မြောက်ပိုင်းမှာရှိတဲ့ ကောသလတိုင်းရဲ့ နေပြည်တော်ဖြစ်တဲ့ သာဝတ္ထိမြို့မှာ သီတင်းသုံးနေတော်မူပါတယ်။

ထိုအချိန် ဘုရားရဲ့ကျောင်းတော်မှာ ရဟန်းတွေ၊ ရဟန်းမတွေ၊ လူယောက်ျား၊ မိန်းမတွေ အများအပြားပဲ လာရောက်ကြပြီး တရားနာကြ၊ တရားကျင့်ကြပါတယ်။ အခု ယောဂီတို့ တရားကျင့်နေသလိုပါပဲ၊ တစ်ခါတစ်လမှာလဲ ညပိုင်းမှာ မြို့ထဲက လူတချို့က တရားနာလာကြပါတယ်။ ဒီအထဲမှာ လူတစ်ဦးက အမြဲမှန်မှန် လာလေ့ရှိပါတယ်။ တစ်နေ့မှာ သူက ခါတိုင်းထက် စောစောရောက်လာပြီး မြတ်စွာဘုရား တစ်ပါးတည်းရှိနေတာ တွေ့ရလို့ဝမ်းသာအားရနဲ့ ဘုရားနားချဉ်းကပ်လာပြီး လက်အုပ်ချီ ကန်တော့ပြီး လျှောက်ထားပါတယ်။

“မြတ်စွာဘုရား တပည့်တော်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ မေးခွန်းတစ်ခုရှိပါတယ်ဘုရား။ လူတွေများတဲ့အခါမှာ မေးခွင့်မရခဲ့ပါဘူး။ အခုအရှင်ဘုရားတစ်ပါးတည်း ရှိနေတုန်းမှာ တပည့်တော်ရဲ့ စိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေတာတွေကို ရှင်းလင်းသွားအောင် မေးခွင့်ပြုပါဘုရား။”

ဒီတော့ မြတ်စွာဘုရားက “တရားနဲ့ ပတ်သက်ပြီး စိတ်ထဲမှာမရှင်းလင်းတာကို မရှိစေရဘူး၊ ရှင်းလင်းလိုက်ပါ၊ ဒကာပြဿနာက ဘာပါလဲ”လို့ မိန့်တော်မူပါတယ်။ “အရှင်ဘုရား တပည့်တော်ရဲ့ ပြဿနာကတော့ တပည့်တော်ဟာ အရှင်ဘုရားရဲ့ ဓမ္မရိပ်သာကို လာနေတာ နှစ်အနည်းငယ်ကြာနေပါပြီ။ ဒီလိုလာကြတဲ့ လူတွေကို တပည့်တော်လေ့လာကြည့်ပါတယ်။

“တချို့ကတော့ အသေအချာပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အထွတ်အထိပ်ကို ရောက်အောင် လွတ်မြောက်ကုန်ကြပါပြီ။ သူတို့ရဲ့ အမူအရာတွေ လုပ်ပုံကိုင်ပုံတွေ နေပုံထိုင်ပုံတွေက ထင်ရှားပါတယ်။ တချို့ကလည်း တရားအတော်ရင့်ကျက်ပြီး အရင်ထက်ပိုပြီး ကောင်းမွန် ထူးခြားလာကြပါတယ်။ ဒါပေမဲ့ လုံးဝလွတ်မြောက်သေးတာ မဟုတ်ပါဘူး။ တပည့်တော် အပါအ၀င်ဖြစ်တဲ့ တချို့ကျပြန်တော့လဲ သူတို့နဂိုအတိုင်းပါပဲ။ ဘာမှထူးခြားခြင်းလည်း မရှိကြပါဘူး။

“တပည့်တော် မေးချင်တာကတော့ အရှင်ဘုရားကဲ့သို့သော တန်ခိုးတော်အနန္တ၊ ကရုဏာတော်အနန္တနဲ့ ပြည့်စုံတော်မူတဲ့ ဘုရားရှင်ထံ လာကြတဲ့လူတွေထဲမှာ တချို့မှာ အဆုံးစွန်သော တရားကိုလည်း မရကြပါဘူး။ တချို့လဲ တစ်ပိုင်းတစ်ဝက်လောက်သာပဲ ရကြပါတယ်။ အဲဒါဟာ ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ” ဘုရား။ အရှင်ဘုရား၏ တန်ခိုးတော်နဲ့ လာကြတဲ့ လူအားလုံးကို ဘာကြောင့် လွတ်မြောက်ခြင်းကို မပေးပါသလဲ ဘုရား”လို့ သူက လျှောက်ထားပါတယ်။

ဘုရားရှင်ကတော့ နေ့တိုင်း ဟောပြောနေတာပါပဲ။ တရားပြသနေတာပါပဲ။ ဒါကို နားမလည်ကြတော့လည်း ဘယ့်နှယ်လုပ်ပါ့မလဲ။ ဒါနဲ့ မြတ်စွာဘုရားက ရှင်းလင်းပြပြန်ပါတယ်။ တရားကိုပြတဲ့အခါမှာ မြတ်စွာဘုရားဟာ ယောဂီရဲ့ ဉာဏ်အရည်အချင်းနဲ့ စရိုက် အပေါ်မှာတည်ပြီး ရှင်းလင်း ပြသလေ့ရှိပါတယ်။ တစ်ခါတလေတော့လဲ အတုန့်အပြန် မေးခွန်းတွေ ပြန်မေးတတ်ပါတယ်။

ဒီတစ်ခါလဲ မေးသူကိုပြန်ပြီး မေးလိုက်ပါတယ်။ “ဒကာကြီး ဘယ်ဇာတိလဲ၊ ဘယ် အရပ်ကလဲ” တပည့်တော် ဒီကပါ၊ သာဝတ္ထိမြို့ထဲကပါဘုရား။ “ဒီတော့ မြတ်စွာဘုရားက “မဟုတ်သေးပါဘူး၊ ဒကာကြီး မျက်နှာကြည့်ရတာ ဒီအရပ်သား မဟုတ်ပါဘူး။ တစ်ရပ် တစ်ရွာက ဒီမှာလာပြီး အခြေစိုက်တာနဲ့ တူပါတယ်” “မှန်ပါတယ်ဘုရား၊ နှစ် အနည်းငယ်တုန်းကလဲ တပည့်တော် ဒီကို ပြောင်းရွှေ့လာပါတယ်။ တပည့်တော်ဇာတိက မာဂဓတိုင်းရဲ့ မြို့တော် ရာဇဂြိုလ်ကပါဘုရား။”

“သြော် - ဒကာကြီး၊ ဒီမှာလာထိုင်တော့ ရာဇဂြိုဟ်နဲ့ လုံးလုံး အဆက်ပြတ်သွားသလား။ ရာဇဂြိုဟ်ကို တစ်ခါတစ်ခေါက် မသွားတော့ဘူးလား။” “တပည့်တော်ရဲ့ ဆွေမျိုးတွေ ဟိုမှာရှိပါတယ် ဘုရား၊ နှစ်တိုင်း နှစ်တိုင်း မကြာခဏ ရာဇဂြိုဟ်ကို ပြန်တတ်ပါတယ်ဘုရား။” “ဒါဖြင့်ရင် ဒကာကြီး ဒီလိုရာဇဂြိုဟ်ကို မကြာခဏပြန်တော့ ဒီကနေ ရာဇဂြိုဟ်ကို သွားတဲ့လမ်းကို ကောင်းကောင်းသိနေရောပေါ့” “ကောင်းကောင်းကြီး သိပါတယ် အရှင်ဘုရား”

“ဒကာကြီး ဒီမှာအနေကြာတော့ ဒီမှာလဲ မိတ်ဆွေသင်္ဂဟတွေ အများကြီး ရှိရောပေါ့။ ရင်းနှီးတဲ့သူတွေက ရာဇဂြိုဟ်ကိုသွားတဲ့လမ်းကို ဒကာကြီးကို လာမေးကြမှာပေါ့။ အဲဒီလို မေးတဲ့အခါမှာ ဒကာကြီးက ခရီးလမ်းစဉ်ကို အကုန်ပြောပြရဲ့လား၊ ထိမ်ဝှက်ဖုံးကွယ်များ ထားသေးသလား” “အရှင်ဘုရား ကောင်းကောင်းမွန်မွန် တိတိကျကျပြောပြပါတယ်ဘုရား၊ တစ်လမ်းလုံးရဲ့ ခရီးစဉ်ကို လုံးစေ့ပတ်စေ့ ပြောပြပါတယ်ဘုရား”

“ဒါဖြင့်ရင် ဒကာကြီးလမ်းညွှန်လိုက်တဲ့သူတွေဟာ ရာဇဂြိုလ်ကို ရောက်ကြရောလား။” ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲဘုရား၊ တပည့်တော် လမ်းညွှန်လိုက်တဲ့ လမ်းစဉ်အတိုင်းလျှောက်ပါမှ သွားပါမှ ရာဇဂြိုလ်ကို ရောက်မှာပါဘုရား။ လမ်းကိုသိရုံမျှနဲ့တော့ ရာဇဂြိုလ်ကို မရောက်နိုင်ပါဘူးဘုရား။ “အေး - ဒကာကြီးကို ပြောချင်တာလဲ ဒါပါပဲ။ လူတွေအများကြီးဟာ ငါဘုရားထံလာပြီး ဒီသူဟာဖြင့် အထွတ်အထိပ်ကို ရောက်ပြီးသားပုဂ္ဂိုလ်ပဲ။ လမ်းစဉ်ကို ကိုယ်တိုင်လက်တွေ့ လျှောက်ခဲ့ပြီး နောက်ဆုံးပန်းတိုင်ကို ရောက်ရှိပြီးတဲ့သူပဲဆိုပြီး ဒီလမ်းစဉ်ကို မေးမြန်းကြပါတယ်။

ငါဘုရားကလည်း မေတ္တာအပြည့်၊ ကရုဏာအပြည့်နဲ့ ဒီဟာဖြင့် လမ်းစဉ်ပဲ၊ ဒီလိုလျှောက်ရတယ်၊ ဒီလမ်းပေါ်မှာ ဒီစခန်းတွေကို ရောက်လိမ့်မယ်စသည်ဖြင့် ရှင်းလင်းပြီး ပြောပြပါတယ်။ ဒါတွေကို နားထောင်ရုံသာ နားထောင်ပြီး ဦးသုံးကြိမ်ချပြီး သာဓု သာဓု သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွလို့ ပြောရုံသာရှိတယ်။ လမ်းပေါ်မှာတော့ ခြေလှမ်းတစ်လှမ်းတောင်မှ မလှမ်းဘူး၊ မလျှောက်ဘူး။ ဒီလိုပုဂ္ဂိုလ် ဘယ်လိုလုပ်ပြီးတော့ ဒီလမ်းဆုံးပန်းတိုင်ကို ရောက်နိုင်ပါ့မလဲ။ လမ်းစဉ်ကို စလျှောက်တဲ့ ပုဂ္ဂိုလ်ဟာ ခြေလှမ်း တစ်လှမ်းပဲ လျှောက်မိရင်လဲ လမ်းဆုံးပန်းတိုင်နဲ့ တစ်လှမ်းပိုပြီး နီးသွားတာပါပဲ။ “ခြေလှမ်းတစ်ရာ လျှောက်မိရင်လဲ လမ်းဆုံးပန်းတိုင်နဲ့ ခြေလှမ်းတစ်ရာပိုပြီး နီးသွားတာပါပဲ။ လမ်းစဉ် အကုန်လျှောက်ပြီးရင်လဲ အဲဒီပုဂ္ဂိုလ်ဟာ လမ်းဆုံးပန်းတိုင်ကို မလွဲ မသွေရောက်သွားတာပါပဲ။ တစ်လှမ်းချင်း တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းဆုံးအောင် လျှောက်ကြရမှာပါပဲ။ ဘယ်သူကမှ ပခုံးပေါ်ထမ်းပြီး လမ်းဆုံးပန်းတိုင်အထိ ခေါ်မသွားနိုင်ပါဘူး။ ကိုယ့်လမ်းကို ကိုယ်လျှောက်ကြရမှာပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ကိုယ့်စိတ်ကို ကိုယ်ဆုံးမ

လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ဆုံးမသွန်သင် ကြရပါလိမ့်မယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ယောဂီရဲ့ စိတ်ကို ထိန်းမပေးနိုင်ပါဘူး။ ယောဂီတို့ရဲ့ လွတ်မြောက်ရေးကို ယောဂီတို့ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ယောဂီတို့ရဲ့ စစ်ပွဲကို ယောဂီတို့ ကိုယ်တိုင် တိုက်ကြရမှာ ဖြစ်ပါတယ်။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ ယောဂီတို့ကို အနှောင်အဖွဲ့က လွတ်မြောက်အောင် လုပ်မပေးနိုင်ပါဘူး။ ယောဂီရေငတ်ရင် ယောဂီ ကိုယ်တိုင် ရေသောက် ရပါလိမ့်မယ်။ ဒီတော့မှ ရေငတ်ပြေမှာပေါ့။ အခြားလူတစ်ဦး တစ်ယောက်က ရေသောက်ပေးလို့ ယောဂီရေငတ်တာ မပြေနိုင်ပါဘူး။ ယောဂီ နေထိုင်မကောင်းရင် ယောဂီကိုယ်တိုင် ဆေးသောက်ရပါလိမ့်မယ်။ တစ်ဦးတစ်ယောက်က ယောဂီကိုယ်စား ဆေးသောက်ပေးလို့ ယောဂီအနာရောဂါ မပျောက်ကင်းနိုင်ပါဘူး။

ယောဂီတို့ဟာ နှောင်ကြိုးတွေ ငြိနေပါတယ်။ ဒါကြောင့် ဒီနှောင်ကြိုးတွေက လွတ်မြောက်လာအောင် ယောဂီတို့ကိုယ်တိုင် တိုက်ပွဲဝင်ကြရပါလိမ့်မယ်။ လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ လွတ်မြောက်ရေးအတွက် ကိုယ်တိုင် တိုက်ပွဲဝင်ကြရမှာ ဖြစ်ပါတယ်။ ဒီအမှန်တရားကို ယောဂီတိုင်း ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားဖို့ လိုပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဒုတိယနေ့ ဓမ္မဒေသနာ

စိတ်ရှည်ဖို့လို
တရားပတ်မှာ ၂ ရက်တော့ ကုန်ဆုံးသွားပါပြီ။ ဆက်လက်ပြီး တရားအားထုတ်ဖို့ရာ နောက်ထပ် ၈ရပ်သာ ကျန်ပါတော့တယ်။ ဒုတိယနေ့ဟာ ပထမနေ့ထက် နည်းနည်း ပိုကောင်းလာပါတယ်။ ဒါပေမယ့်အခက်အခဲတွေက ရှိနေတုန်းပါပဲ။

ဒီစိတ်ကို ထိန်းဖို့ရာ ဒီစိတ်ကိုသွန်သင်ဖို့ရာ တယ်ရိုင်းတဲ့စိတ်၊ လေလွင့်နေတဲ့စိတ်၊ ပြေးလွှားနေတဲ့စိတ်၊ တစ်ချိန်လုံး ရိုးရိုးရွရွနဲ့ မငြိမ်သက်တဲ့စိတ်ကို ငြိမ်သက်လာအောင် တိတ်ဆိတ်လာအောင် လုပ်ဖို့ရာဟာ အင်မတန် အင်မတန် စိတ်ရှည်ဖို့ရာ လိုပါတယ်။ အင်မတန် လူပ်ရှားနေတဲ့စိတ်၊ အငြိမ်မနေနိုင်တဲ့စိတ်ဟာ မျောက်စိတ်ပဲ၊ မျောက်လိုပဲ တစ်ကိုင်းကနေ တစ်ကိုင်းကူး၊ အာရုံတစ်ခုကနေ တစ်ခုပြောင်း၊ ဘယ်တော့မှငြိမ်သက်တယ်လို့ မရှိပါဘူး။ ဒီလိုမျောက်စိတ်ကို သွန်သင်ဖို့ရာ ရာခိုင်နူန်းပြည့် စိတ်ရှည်ဖို့ လိုပါတယ်။

ဆင်ရိုင်းနွားရိုင်းတွေဟာ လူနေရာဌာနတွေကို ၀င်ရောက်လာရင်ဖြင့် အင်မတန် ဖျက်ဆီးတတ်ကြပါတယ်။ အင်မတန်လည်း အန္တရာယ်များကြပါတယ်။ အတွေ့အကြုံရှိဖူးတဲ့လူတစ်ဦးက ဒီတိရစ္ဆာန်အရိုင်းတွေကို ယဉ်ပါးလာအောင် ပြုပြင်သွန်သင် ပေးလိုက်ရင် ဒီဆင်ရိုင်း၊ နွားရိုင်းတွေရဲ့ ခွန်အားတွေဟာ လူတွေကို အန္တရာယ်ပြုရန် မဟုတ်တော့ဘဲ လူတွေရဲ့ အကျိုးကိုဆောင်ဖို့ လူတွေအမူထမ်းဖို့ ဖြစ်လာပါတယ်။ ဒီအတိုင်းပါပဲ။ စိတ်ဟာလည်း ရိုင်းစိုင်း ကြမ်းတမ်းတဲ့အခါများမှာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ လူတွေကို ဘေးအန္တရာယ်ပြုတတ်ပါတယ်။ အသွန်အသင် အဆုံးအမ မရှိတဲ့ စိတ်ရိုင်း၊ စိတ်ကြမ်းထက် ပိုပြီး ဆိုးသွမ်းတဲ့ ရန်သူ မရှိတော့ပါဘူး။

ဒါပေမယ့် စိတ်ရိုင်းစိတ်ကြမ်းကို သွန်သင်ဆုံးမပြီး ယဉ်ပါးလာရင်တော့ ဒီယဉ်ပါးသွားပြီဖြစ်တဲ့ စိတ်ရဲ့အင်အားတွေက လူတွေအတွက် အသုံးဝင်လာကြပါလိမ့်မယ်။ လူတွေကိုစပြီး မစလာပါလိမ့်မယ်။ စိတ်ရဲ့ အင်အားဟာ တိရစ္ဆာန်ရိုင်းများရဲ့ အင်အားထက် အဆပေါင်းများစွာ ပိုပြီးအားကြီးပါတယ်။ သွန်သင်ဆုံးမထားတဲ့ စိတ်ထက် ပိုကောင်းမွန်တဲ့ မိတ်ဆွေ ကောင်းသည်လည်း မရှိနိုင်ပါဘူး။ ဇွဲကောင်းကောင်းနဲ့ အင်မတန့်အင်မတန် စိတ်ရှည်ရပါလိမ့်မယ်။ ဒီလိုပါပဲ၊ စိတ်ကိုသွန်သင်ဆုံးမတဲ့ အခါမှာလည်း ဇွဲကောင်းဖို့ စိတ်ရှည်ဖို့ အင်မတန်လိုပါတယ်။ စိတ်ကမရှည် လေလေ ပိုပြီးရိုင်းစိုင်းလာလေလေ၊ အန္တရာယ်ပြုလေလေ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

တိုက်တွန်းချက်နဲ့ ဆုပေးချက်

လူတွေဟာ ကိုယ်စီကိုယ်စီ အင်မတန် အလုပ်တာဝန်တွေ များကြပါတယ်။ ၁၀ရက် အချိန်ပေးဖို့ရာဟာ လွယ်ကူတာ မဟုတ်ပါဘူး။ ဒီမှာရနေတဲ့ စားရေး၊ နေရေး၊ အခွင့်အရေးတွေကိုလည်း အသုံးပြုကြပါ။

ဒီအင်မတန် အံ့သြဖွယ်ရာကောင်းတဲ့ ကမ္မဋ္ဌာန်းနည်း၊ အင်မတန်အံ့သြဖွယ်ရာကောင်းတဲ့ တရားဓမ္မတွေက ယောဂီတို့ရဲ့ အကျိုးကျေးဇူးဖြစ်စေဖို့ အချုပ်အနှောင်တွေ၊ ကိလေသာအညစ်အကြေးတွေ၊ လောဘ ဒေါသ မောဟတွေက လွတ်မြောက်စေဖို့၊ ကျွတ်လွတ်စေဖို့၊ လွတ်မြောက်ကျွတ်လွတ်ပြီး ချမ်းသာစေဖို့၊ အေးငြိမ်းစေဖို့ အစစအရာရာ အဆင်ပြေစေဖို့ရာ ဖြစ်ပါတယ်။

ယောဂီတွေအားလုံး ချမ်းသာကြပါစေ။ အေးငြိမ်းကြပါစေ။ အစစအရာရာ အဆင်ပြေကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ။ ခပ်သိမ်းသောမင်္ဂလာသည် ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

တခြားကမ္မဋ္ဌာန်းနည်းနဲ့ရောပြီး မကျင့်ပါနဲ့


နောက်တစ်ခုလဲ သတိပေးချင်ပါတယ်။ ယောဂီတို့ မနေ့က ကိုယ်နဲ့စိတ်ကို အပ်နှင်းခိုင်းပါတယ်။ ယောဂီတို့က လက်ခံပြီး အပ်နှင်းခဲ့ကြပါတယ်။ ဒါဟာ ဒီကမ္မဋ္ဌာန်းနည်းကို လက်ခံခြင်းဖြစ်ပါတယ်။ ဒီနည်း နိဿယကို စမ်းသပ်လေ့လာကြည့် ကြဖို့ ဖြစ်ပါတယ်။


ဒါကြောင့် ဒီတရားပတ်(၁၀)ရက်အတွင်း ကျန်တဲ့ (၉)ရက်မှာ “တခြားဘယ် ကမ္မဋ္ဌာန်းနည်းနဲ့မှ ရောနှောပြီး မကျင့်ကြပါနဲ့၊ ဟိုတုံးက ကျင့်ခဲ့ဖူးတဲ့ ဘယ်ကမ္မဋ္ဌာန်းနည်းပဲဖြစ်ဖြစ် အကောင်းအဆိုး မဝေဖန်ဘဲနဲ့ အခုခဏ ဘေးဖယ်ပြီး ထားလိုက်ပါ။ ကမ္မဋ္ဌာန်းနဲ့ ပတ်သက်လို့ ကြားဖူးနားဝရှိတာတွေ စာပေဖတ်ဖူးခဲ့တာ တွေကိုလည်း ခဏမေ့ထားလိုက်ပါ။ အခုဒီမှာ ညွှန့်ကြားချက်အတိုင်း ပိုလည်းမပိုပါနဲ့၊ တိုးလည်းမတိုးပါနဲ့၊ လျော့လည်းမလျော့ပါနဲ့၊ အတိုးအလျော့ဘာမှမလုပ်ဘဲနဲ့ လိုက်နာကျင့်ကြပါ။ မဟုတ်ရင် ယောဂီမှာ ဘေးအန္တရာယ်ရှိပါတယ်။

ဒီလမ်းစဉ်ကိုစပြီး ခြေလှမ်းလိုက်ကတည်းက စိတ်ရဲ့အတွင်း နက်နက်ကို ခွဲစိတ်ရပါတယ်။ စိတ်ကိုခွဲစိတ်ရတာဟာ ဘေးအန္တရာယ်ရှိပါတယ်။ အမြစ်နက်တဲ့စိတ်၊ စိတ်ဓာတ်တွေ၊ အစွဲတွေအပေါ်ကို တက်လာကြပြီး တက်လာတဲ့အခါမှာ ဘေးရန်ရှိနိုင်ပါတယ်။ ဒီလို ဖြစ်နိုင်တဲ့ ဘေးရန်တွေကို ရှောင်ကြပါ။ ဒီကမ္မဋ္ဌာန်းနည်းကို တရားမျှတစွာနဲ့ စမ်းသပ်ကြည့်ဖို့ရာအတွက် ယောဂီတို့ကို ညွှန့်ကြားပြသတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာကျင့်သုံးကြပါ။

ဥပမာ - မြင်းအနက်ကို စီးနေကျ ပုဂ္ဂိုလ်ကို မြင်းအဖြူ တစ်ကောင်ပေးပြီး၊ စီးစေတဲ့အခါမှာ “ကောင်းပါပြီ၊ ကျွန်တော် ခင်ဗျားရဲ့ မြင်းအဖြူကို စီးကြည့်ပါမယ်”ဆိုပြီး သူ့မြင်း အနက်ကိုတော့ လက်မလွှတ်ဘူး။ မြင်းအနက်ပေါ်မှာ ခြေတစ်ဖက်၊ မြင်းအဖြူပေါ်မှာ ခြေတစ်ဖက်နဲ့ စီးကြည့်ရင် အင်မတန် အန္တရာယ် များပါလိမ့်မည်။ ကိုယ့်အလှနဲ့ကိုယ် ခရီးသွားနေတဲ့ လူတစ်ဦးကိုလည်း တခြားလှေတစ်စီးပေးပြီး ဒီလှေဟာအင်မတန် မြန်ပါတယ်၊ စီးလို့လဲ အင်မတန်ကောင်းပါတယ်လို့ တခြားလှေတစ်စီးကိုပေးပြီး၊ စီးကြည့်ခိုင်းတာကို “ကောင်းပါပြီ စီးကြည့်ပါမယ်”ဆိုပြီး ကိုယ့်လှေထဲမှာ ခြေတစ်ဖက်၊ သူ့လှေထဲမှာခြေ တစ်ဖက်ဆိုရင် ပိုပြီးတောင် အန္တရာယ်များပါလိမ့်ဦးမယ်။

ဒီလိုပါပဲ၊ တရားကျင့်တဲ့အခါမှာလည်း စိတ်ရဲ့အတွင်း နက်ရိုင်းတဲ့ အပိုင်းတွေကို ခွဲစိတ်မွှေနှောက်တဲ့ ကမ္မဋ္ဌာန်းနည်းကို ကျင့်နေတဲ့အခါမှာ တခြားကမ္မဋ္ဌာန်းနည်းတွေနဲ့ရောပြီး ကျင့်ရင်တော့ အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒီလိုမလုပ်ကြပါနဲ့ တခြားနည်းတွေနဲ့ မရောကြပါနဲ့လို့ သတိတွေပေးနေတဲ့ ကြားထဲကနေ နားမထောင်ဘဲနဲ့ နည်းတွေ အမျိုးမျိုးရောပြီး၊ ကျင့်ကြတဲ့ ပုဂ္ဂိုလ်တချို့တွေလည်း အခက်အခဲတွေ ဒုက္ခတွေရောက်ကြလို့ ဆရာလုပ်သူက ခဲရာခဲဆစ်နဲ့ထုတ်ယူ ခဲ့ရဖူးတာတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ယောဂီတို့ ဒီလိုဘေးတွေ မတွေ့ရ မကြံရအောင် ရှောင်ကြပါ။

တစ်ခါတစ်လေကျေတော့လည်း မရည်မှန်းဘဲနဲ့ ဖြစ်တတ်ပါတယ်။ ၀င်သက် ထွက်သက်ကို သတိနဲ့ရူနေတဲ့ အခါမှာ အရင်က အကျင့်ဟောင်းက အကျင့်ပါနေတော့ ဂါထာတို့ မန္တရားတို့ စကားလုံးတို့ ပေါ်ပေါက်လာတတ်ပါတယ်။ ဒါကိုယောဂီက သတိထားမိတာနဲ့ တစ်ပြိုင်နက် ချက်ချင်းရပ်လိုက်ပါ။ ဘာစကားလုံးကိုမှ ရွတ်ဖတ်သရဇ္ဈာယ် မလုပ်ရပါဘူး။ အမည်နာမကိုလည်း အသုံးမပြုရပါဘူး။ အသက်ရှူမူသက်သက်ပါပဲ၊ ဒီလိုနဲ့ တစ်ခါ စကားလုံးကပေါ်လာပြန်ရင် တစ်ခါပြန်ပြီးတော့ ရပ်လိုက်ပါ။ ဒီလိုဆိုရင်တော့ ကိစ္စမရှိပါဘူး။ တမင်သက်သက်တော့ ရည်မှန်းပြီး မလုပ်ပါနဲ့။ မဟုတ်ရင် ရောကျော်နည်းထဲပါပြီး ပိုပိုနစ်သထက် နစ်သွားပါလိမ့်မယ်။ ညွှန်ကြားပြသတဲ့နည်းအတိုင်း တစ်သဝေမတိမ်း လိုက်နာပြီးလုပ်ကြပါ။

၁၀ရက်ကြာပြီး ဒီတရားစခန်းပြီးဆုံးသွားတဲ့အခါကျတော့ ကိုယ်ကြိုက်သလို ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ကြပါတယ်။ ကိုယ်ကြိုက်တဲ့နည်းကို ကျင့်သုံးနိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းနည်းဟာဖြင့် ယောဂီအတွက် အသုံးဝင်တဲ့ နည်းကောင်းပဲဆိုရင်လည်း ဒီနည်းကို လက်ခံပြီး တစ်သက်လုံး ကျင့်သုံးကြဖို့ပါပဲ။ မဟုတ်လို့ရှိရင်လည်း ဒီနည်းကို လက်မခံပါနဲ့။

ဒါပေမယ့် ဒီနည်းကို စူးစမ်းကြည့်ဖို့ ကောင်း မကောင်း စမ်းသပ်ကြည့်ဖို့ အခုဒီမှာရောက်ရှိနေတဲ့ ယောဂီတွေကတော့ တရားမျှတမူလည်းရှိအောင် ဆရာကြီးသင်ကြား ပြသတဲ့နည်းအတိုင်း လိုက်နာပြီး ကျင့်ကြပါ။ ကျန်တဲ့ ၉ရက်အချိန်ကို အကောင်းဆုံး အသုံးပြုကြပါ။ ဒီလို ရခဲလှတဲ့ အခွင့်အရေးကို အလဟဿ လုပ်မပစ်ကြပါနဲ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Saturday 11 February 2012

စကားပြောခြင်း

နောက်ရန်သူတစ်ဦးကတော့ ယောဂီတွေ စကားမပြောကြဖို့ လုံးဝဆိတ်ဆိတ်နေဖို့ မှာထားပါတယ်။ ဒီကမ္မဋ္ဌာန်းနည်းမှာ ၀စီပိတ် လုံးဝစကားမပြောဘဲ ဆိတ်ဆိတ်နေမူဟာ အင်မတန် အရေးကြီးပါတယ်။ ယောဂီတွေ စိတ်ကို ခွဲစိတ်မူလုပ်တဲ့အခါမှာ စိတ်တွေလူပ်ရှားမူတွေ များလေလေ၊ စိတ်ကစားလေလေ တောတွေးတောင်တွေး စိတ်ကူးယဉ်မူတွေများ လေလေ စိတ်ရဲ့အတွင်း နက်ရိုင်းတဲ့အပိုင်းကို မရောက်နိုင်လေလေ ဖြစ်ပါတယ်။


ဒါအတွက်ကြောင့် စိတ်ရဲ့ငြိမ်သက်မူဟာ အင်မတန် အရေးကြီးပါတယ်။ စိတ်ကို ငြိမ်သက်အောင်၊ တိတ်ဆိတ်အောင် လုပ်ရပါလိမ့်မယ်။ ယောဂီက တစ်ဦးတစ်ယောက်နဲ့ စကားပြောလိုက်ရင် စကားပြောပြီးတဲ့နောက် တရားထိုင်တဲ့အချိန်မှာ ဒီစကားပြောတာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ယောဂီရဲ့ စိတ်ထဲမှာ ပေါ်ပေါက်နေပါလိမ့်မယ်။ ဒီစကားပြောတာနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အခြားအရာတွေဟာလဲ ပေါ်ပေါက်လာတတ်ပါတယ်။

အခု ကနေ့ ကမ္မဋ္ဌာန်းအလုပ် လုပ်ပြီးရင် ယောဂီတို့က သတိထားမိကြပါပြီ၊ “မိမိတို့ရဲ့စိတ်ဟာ ဘယ်လောက်ကစားနေသလဲ၊ လေလွင့်နေသလဲဆိုတာ”။ တစ်ချိန်လုံးပဲ မနားမနေ အဆက်မပြတ် စိတ်ကူးယဉ်ပြီး လေလွင့်နေတာပါပဲ။ တခြား ယောဂီတစ်ဦးဦးနဲ့ စကားပြောပြီဆိုရင် စိတ်ကပိုပြီး လူပ်ရှားလာပါတယ်။ ဒါကြောင့် အချင်းချင်း စကားမပြောကြပါနဲ့၊ အချင်းချင်းစကားပြောလိုက်ရင် ယောဂီဟာ မိမိကိုယ်ကိုသာ အန္တရာယ်ပြုတာ မဟုတ်ပါဘူး။ သူတစ်ပါးကိုလည်း အနှောက်အယှက်ပြုရာ ရောက်ပါတယ်။ စကားပြောတယ်ဆိုတာ ကိုယ်တစ်သီးတည်း လေထဲစကားပြောလို့ ရတာမှ မဟုတ်ဘဲ။ ထရံနဲ့လည်း စကားပြောလို့ရတာမျိုးမှ မဟုတ်ဘဲ။ တခြား ပုဂ္ဂိုလ်တစ်ဦးဦး၊ ဒီမှာဆိုတော့ တခြားယောဂီတစ်ဦးဦးနဲ့သာ ပြောလို့ ရမှာဖြစ်ပါတယ်။ ဒီတော့ကိုယ်စကားပြောလိုက်တဲ့ အဲဒီယောဂီကိုလည်း သူ့ရဲ့စိတ်ကို လေလွင့်စေမူ စိတ်လူပ်ရှားစေမူ ဖန်တီးပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီယောဂီဟာ ကောင်းကောင်း တရားထိုင်လို့ မရတော့ပါဘူး။ တခြားပုဂ္ဂိုလ်တစ်ဦးကို အနှောင့်အယှက်ပြုလိုက်တာပါပဲ။ အန္တရာယ်ပြုလိုက်တာပါပဲ။

နောက်တစ်ခုကလည်း ယောဂီနှစ်ဦးတို့ စကားပြောကြရင် တခြားကြိုးကြိုးစားစား လေးလေးနက်နက်နဲ့ အလုပ်လုပ်နေတဲ့ ယောဂီတွေကိုလည်း နှောင့်ယှက်ရာ ဖြစ်ပါတယ်။ စကားမပြောကြဖို့ ဆိတ်ဆိတ်နေဖို့ အင်မတန့် အင်မတန်ကို အရေးကြီးပါတယ်။ လုံးဝ စကားမပြောကြပါနဲ့။ လုံးဝဆိတ်ဆိတ်နေကြပါ။ တရားကျင့်နည်းနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေရှိရင် ဆရာနဲ့လာတွေ့ပြီး မေးမြန်းကြပါ၊ ဆွေးနွေးပါ။ နေထိုင်စားသောက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စကြီးငယ်ရှိရင်လည်း အမျိုးသား တရားပတ်မှူး၊ အမျိုးသမီးတရားပတ်မှူးတို့ကိုမေးပါ။ ယောဂီတွေအချင်းချင်းတော့ လုံးဝစကား မပြောကြပါနဲ့။ ၀စီပိတ်ပြီး နူတ်ထိန်းသိမ်းထားကြပါ။

ဆိတ်ဆိတ်နေတဲ့ကိစ္စမှာ နူတ်တင်မဟုတ်ပါဘူး။ ကိုယ်ခန္ဓာလည်း ဆိတ်ဆိတ်နေပါ။ ကိုယ်ခန္ဓာအဆင့်နဲ့လည်း တစ်ဦးနဲ့တစ်ဦး အဆက်သွယ်မပြုကြပါနဲ့။ မျက်လုံးနဲ့ စကားပြောတာတို့၊ စာရေးစာဖတ်တာတို့လည်း မလုပ်ကြပါနဲ့။ မိမိရဲ့ စိတ်၊ မိမိရဲ့ နူတ်ကို၊ မိမိကိုယ်မှာသာ လုံးဝ ကန့်သတ်ပြီး ထားကြပါ။ ဒီနေရာမှာ လူတွေအများကြီး ရှိနေပေမယ်လို့ တစ်ဦးတစ်ယောက်တည်း ဘယ်သူမှ မရှိသလို၊ မိမိတစ်ဦးတည်းပဲ နေသလို နေပါ။ ယောဂီတစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်သွယ်မူပဲလုပ်လုပ် မိမိအတွက်ရော သူတစ်ပါး အတွက်ရော နှောင့်ယှက်မူ မဖြစ်ပါစေနဲ့။ မဟုတ်လို့ရှိရင် မိမိအတွက်ရော သူတစ်ပါးတွက်ရော အန္တရာယ်ဖြစ်စေတယ် ဆိုတာကို အမြဲသတိရှိပါ။

ဒီလိုပထမ (၉)ရက်မှာ ၀စီပိတ် ဆိတ်ဆိတ်နေရန် တင်းတင်းကြပ်ကြပ်ခိုင်းရတဲ့အကြောင်း နောက်တစ်ခုလည်း ရှိပါသေးတယ်။ ယောဂီတို့ မနေ့က ရှစ်ပါးသီလ ခံယူခဲ့ကြပါတယ်။ ဒါဟာ လုပ်ရိုး လုပ်စဉ် ထုံးတမ်းစဉ်လာများသာ မဟုတ်ပါဘူး။ ငါးပါးသီလဟာ ကမ္မဋ္ဌာန်းနည်းရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။ မနက် ၄-နာရီ ၄-နာရီခွဲကနေ ည ၉-နာရီ ၉-နာရီခွဲအထိ အင်မတန်ကြပ်တည်းတဲ့ အစီအစဉ်တွေကြောင့် ယောဂီတို့ဟာ သီလတွေကို ချိုးဖောက်ဖို့ အခွင့်အရေး မရကြပါဘူး။

ဒါပေမဲ့ ယောဂီတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး စကားပြောကြတဲ့အခါမှာ အမှန်မထင်ဘဲ မပြောသင့်တဲ့စကားကို ပြောမိတာလဲ ရှိချင်ရှိနေမယ်။ စကားကားသွားတာလည်း ရှိချင်ရှိနေမယ်။ မဟုတ်ရင်လည်း ချန်လှပ်ထားခဲ့တာတွေလည်း ရှိချင်ရှိမယ်။ ဒီလိုနဲ့ သီလတစ်ပါး ကျိုးသွားနိုင်ပါတယ်။ သီလဟာ တစ်ပါးကျိုးရင်တောင်မှ အခြေခံအုတ်မြစ်က မခိုင်တော့ဘဲ တုန်လူပ်စပြုလာပြီးတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ သမာဓိအမှန်မဖြစ်နိုင်တော့ ရသင့်ရထိုက်တဲ့ ပညာအမှန်ကလည်း မရနိုင်တော့ပါဘူး။ ကြီးမားလှတဲ့ ရန်သူကြီး တစ်ဦးက ယောဂီရဲ့ ရှေ့တက်ရမယ့်လမ်းစဉ်ကို ပိတ်ဆို့လိုက်တာပါပဲ။

ဒါကြောင့် ပထမ (၉)ရက်မှာ လုံးဝစကားမပြောကြပါနဲ့၊ လုံးဝ ၀စီပိတ် ဆိတ်ဆိတ်နေကြပါ။ ဒါဟာ ယောဂီတို့အတွက် အင်မတန် အကူအညီ အထောက်အပံ့ ဖြစ်စေပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Friday 10 February 2012

ငိုက်မျဉ်းခြင်း

နောက်ရန်သူတစ်ဦးလဲ ရှိပါသေးတယ်။ မနေ့က ပြောခဲ့ပါတယ်။ ယောဂီတွေ ညောင်းညာရင် ကိုယ်ခန္ဓာကို အနားပေးနိုင်ပါတယ်။ အင်မတန်မောပန်းသွားရင်လဲ လဲလျောင်းနိုင်ပါတယ်။ ဒီလိုလဲလျောင်းနေတဲ့ အချိန်ဟာ ငါးမိနစ်မျှသာဖြစ်ပါတယ်။ ငါးမိနစ်ထက် မပိုစေရပါဘူး။ လဲလျောင်းနေတဲ့အခါမှာ နေရထိုင်ရတာဟာ အင်မတန်ပဲ သက်သက်သာသာရှိပါတယ်။

ဒီတော့ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်၊ နာရီဝက်လောက် လှဲလိုက်တော့ အိပ်ငိုက်လာပြီး အိပ်ပျော်သွားတတ်ပါတယ်။ ယောဂီတို့ဟာ တရားစခန်းကိုလာကြတာဟာ တစ်ခဏတိုင်း တစ်ခဏတိုင်းမှာ သတိရှိကြဖို့ နိုးနိုးကြားကြား ရှိကြဖို့ လာကြတာ၊ ကြည့်စမ်းပါဦး၊ ဘာဖြစ်သွားကြသလဲ။ ရန်သူကြီးက အနိုင်ယူပြီး လွှမ်းမိုးသွားပြီ။

ဘယ်အခါမဆို အိပ်ချင်လာရင်၊ ငိုက်စပြုလာရင် အသက်ကို နည်းနည်းပိုပြီး ပြင်းပြင်းကလေးရှူပေးလိုက်ပါ။ ပြီးရင် မူတ်ထုတ်လိုက်ပါ။ ဒီလိုနဲ့မှ မရဘူးဆိုရင် တစ်နာရီအပြင်မထွက်ပဲ ထိုင်ရတဲ့ အဓိဋ္ဌာန်အချိန်မဟုတ်ဘူးဆိုရင် အသာလေးထပြီး ငါးမိနစ်လောက် အပြင်ကိုထွက်နိုင်ပါတယ်။

အဓိဋ္ဌာန် အချိန်မှာဆိုရင်တော့ ငါးမိနစ်လောက် မတ်တတ်ရပ်ပြီး ၀င်သက်ထွက်သက်ကို ဆက်ပြီးရှူပါ။ ပြီးရင် ပြန်ထိုင်ပါ။ အဓိဋ္ဌာန်အချိန်အတွင်းမှာ မဟုတ်ဘူးဆိုရင်တော့ အပြင်ထွက်ပြီး နည်းနည်းကလေး လမ်းလျှောက်ပေးပါ။ ငါးမိနစ်လောက် လမ်းလျှောက်ပြီး ၀င်လေထွက်လေကို သတိနဲ့ရှူပြီး တရားခန်းမထဲ ပြန်ဝင်ထိုင်ပါ။ မဟုတ်ရင်လဲ မျက်နှာနဲ့ မျက်လုံးကို ရေနည်းနည်းနဲ့ ပက်ဖျန်းပေးပါ။ မျက်နှာသစ်ပေးပါ။ ဒီရန်သူကို ရင်ဆိုင်တိုက်ပါ။ သူ့ကို အနိုင်မပေးပါနဲ့။ မဟုတ်ရင် ယောဂီဟာ တရားလမ်းစဉ်မှာ တိုးတက်မူ ရှိမှာ မဟုတ်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အစာကို လျှော့စား

နောက်ရန်သူတစ်သီးကတော့ ယောဂီတို့ကို ရှစ်ပါးသီလနဲ့မို့ ညစာမစားကြရတော့ မနက်စာ စားကြရာမှာ ယောဂီက တစ်ခါစားရင် တစ်ပန်ကန်မောက်မောက် စားနေကျဆိုရင် အခုလေးပုံပုံ သုံးပုံကိုသာစားပါ။ အစာအိမ်ရဲ့ တစ်ပုံဟာ အမြဲအလွတ်ဖြစ်နေရပါတယ်။ ဒီတော့မှ ကောင်းကောင်း တရားထိုင်လို့ရပါတယ်။


ဗိုက်ပြည့်သွားပြီး ကယ်သွားအောင် ဘယ်တော့မှ မစားပါနဲ့။ မဟုတ်ရင် ဒီရန်သူက ယောဂီကို လွှမ်းမိုးသွားပြီး အနိုင်ယူ သွားပါလိမ့်မယ်။ ယောဂီက တရားထိုင်လို့ မရတော့ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အတွင်းရန်သူ ကိလေသာ

အချက်တစ်ခုကိုလည်း သတိထားပါ။ ယောဂီတို့ရဲ့ အတွင်းရန်သူတွေဟာ တရားထိုင်တာကို မထိုင်ဖြစ်အောင် ရပ်စဲဖြစ်အောင် ကြိုးစားကြလိမ့်မယ်။ ဒီအတွင်းရန်သူ တွေကတော့ တခြားမဟုတ်ပါဘူး။ ယောဂီတို့ရဲ့ ကိလေသာ အညစ်အကြေးတွေပါပဲ။ သူတို့က ထွက်ခွာမသွားချင်ကြပါဘူး။


ကနဦးကတော့ သူတို့တွေက ဧည့်သည်တွေလို ၀င်လာကြပြီး နောက်တော့ သူတို့တွေက အိမ်ပိုင်ရှင်တွေ ဖြစ်လာကြပါတယ်။ ဒီနည်းနဲ့ ကမ္မဋ္ဌာန်းထိုင်တဲ့အခါကျတော့ သူတို့တတွေက ဆက်လက်ပြီး မနေနိုင်ကြတော့ပါဘူး။ သူတို့တွေ အပြင်ထွက်ပြေးကြရပါတော့မယ်။ ဒီတော့ သူတို့က အတွင်းကနေ ကန်ကြပါတယ်။ “တရားမထိုင်နဲ့ တရားထိုင်တာ ရပ်ဆိုင်းလိုက်ပါ”လို့ တိုက်တွန်းနေကြပါတယ်။

ဒုတိယနေ့ကလည်း အရေးကြီးပါတယ်။ ဒုတိယနေ့ ကျလာရင် စိတ်အားမကြံ့ခိုင်တဲ့ ယောဂီများကတော့ ထွက်ပြေးကြဖို့တောင် စဉ်းစားကြပါတယ်။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ အတွင်းက ကန်လိုက်တာပါပဲ။ ကိလေသာ အညစ်အကြေးတွေ ကံအဟောင်းတွေက ယောဂီတို့ရဲ့ အတွင်းက မခွာချင်ကြဘူး၊ တရားဆက်ပြီး ထိုင်ရင်သူတို့က ပြေးကြရမှာဆိုတော့ သူတို့က တရားမထိုင်စေချင်ကြပါဘူး။ “တရားမထိုင်ပါနဲ့ တရားစခန်းမှာ မနေပါနဲ့ ထွက်သွားရအောင်”လို့ တိုက်တွန်းနေကြပါတယ်။

စတုတ္ထနေ့ ညနေပိုင်းမှာ ၀ိပဿနာတက်တဲ့အခါ ဒီထက်အတွင်းနက်နက် စိတ်အပိုင်းကို ခွဲစိတ်ကြရမှာ ဖြစ်ပါတယ်။ ဒီအခါကျတော့ ငါးရက်မြောက်နေ့ တချို့လည်း ခြောက်ရပ် မြောက်နေ့ကျတော့ ယောဂီတချို့ဟာ တရားစခန်းက ထွက်ပြေးချင် ကြပါလိမ့်ဦးမယ်။

ဒါပေမယ့် ဘယ်သူ့ကိုမှတော့ သွားခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြန်ပါရစေ၊ သွားခွင့်ပြုပါလို့ လာခွင့် မတောင်းကြပါနဲ့။ ဆေးရုံကိုတက်ပြီး ခွဲစိတ်ကုသနေတုန်း တန်းလန်းမှာ ခွဲစိတ် ကုသ ဆရာဝန်က တစ်ပိုင်းတစ်စနဲ့ အိမ်ပြန်ခွင့်ပြုပါ့မလား။ အခုယောဂီတို့ ခွဲစိတ်တာက စိတ်ကို ခွဲစိတ်တာ၊ ပိုပြီးလေးနက်တဲ့ ခွဲစိတ်မူ ကိစ္စဖြစ်ပါတယ်။ မပြီးသေးခင် တစ်ပိုင်းတစ်စနဲ့ ခွဲစိတ်နေတုန်း တန်းလန်းမှာ တရားစခန်းက ပြန်သွားမယ်ဆိုရင် အင်မတန် အန္တရာယ်များတတ်ပါတယ်။

ဒီတရားလုပ်ငန်းဟာ အင်မတန်လေးနက်တဲ့လုပ်ငန်း၊ အထူးဂရုစိုက်ပြီး လုပ်ရမယ့်လုပ်ငန်း ဖြစ်တာမို့ ကလေးကစားသလို လုပ်လို့မရပါဘူး။ အခုကတည်းကနေ ကြံ့ကြံ့ခိုင်ခိုင်နဲ့ ပြင်းထန်တဲ့ သန္နိဋ္ဌာန် ချထားကြပါ။ တရားစခန်းက ထွက်ခွာမသွားဘူးဆိုရင် ဒီဟာ အင်မတန် အထောက်အပံ့တွေ ဖြစ်နိုင်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ကြံ့ခိုင်တဲ့ ဆုံးဖြတ်ချက်ချ

ယောဂီတို့မှာ ပြင်းထန်တဲ့ စိတ်ဆုံးဖြတ်ချက်ချဖို့ရာ လိုပါတယ်။ ကိုယ်ခန္ဓာကိုယ် ခွဲစိတ်တဲ့အခါမှာတော့ ခွဲစိတ်ကုသတဲ့ အထူကုဆရာဝန်က ခွဲပေးရပါတယ်။ ယောဂီတို့ ကိုယ်တိုင် မခွဲရပါဘူး။ မေ့ဆေးပေးထားတဲ့ အတွက်ကြောင့်လဲ ဘာကိုမှ ခံစားမူ မရှိပါဘူး။ ဘာဖြစ်နေတယ်ဆိုတာလည်း မသိကြပါဘူး။


စိတ်ကိုခွဲစိတ်တဲ့အခါမှာတော့ ယောဂီတို့ကိုယ်တိုင် ခွဲစိတ်ရပါတယ်။ မေ့ဆေးလဲ မပါပါဘူး။ ဒီခွဲစိတ်မူရဲ့ ခံစားမူတွေဟာ ကိုယ်တိုင် ခံစားရပါလိမ့်မယ်။ ရင်ဆိုင်ကြပါလိမ့်မယ်။ စိတ်ရဲ့ အတွင်းအနက်ရိုင်းဆုံးအထိကို ခွဲစိတ်ဖို့ရာမှာ အင်မတန်ကြံ့ခိုင်တဲ့ စိတ်ဓာတ်လိုပါတယ်။ ဒါကြောင့်အင်မတန် ကြံ့ခိုင်တဲ့ ဆုံးဖြတ်ချက် ချထားကြပါ။

ဆုံးဖြတ်ချက်တစ်ခုကတော့ ယောဂီတို့ ဒီမှာရှိနေစဉ်အခါမှာ တရားစခန်းရဲ့ စည်းကမ်းဥပဒေ၊ သတ်မှတ်ချက်တွေ၊ အချိန်ဇယားတွေ၊ ညွှန့်ကြားချက်တွေဟာ ဘယ်လောက်ပဲ မနေသာမထိုင်သာ ဖြစ်ပေမယ့်လို့ ဒီစည်းကမ်းချက်တွေကို လိုက်နာပါ့မယ်လို့ ကြံ့ခိုင်တဲ့ ဆုံးဖြတ်ချက် ချကြပါ။ ဒါက ထုံးတမ်းစဉ်လာမို့ လုပ်ရိုး လုပ်စဉ်မို့ ကျမ်းဂန်လာမို့ မဟုတ်ပါဘူး။ ယောဂီတွေ ထောင်သောင်းများစွာတို့ရဲ့ လက်တွေ့မို့ပါ။ ဒီကန့်သတ်ချက်တွေကို လိုက်နာ ကျင့်သုံးတဲ့အခါ ယောဂီတွေဟာ ဒီလိုတရားစခန်းကို လာရတဲ့လာရကျိုး အကျိုးကျေးဇူးတွေကို ပိုမိုခံစားကြရပါတယ်။

ဒါကြောင့်မို့ အခုယောဂီတွေကလည်း မိမိတို့ရဲ့ အကျိုးကျေးဇူးခံစားရအောင်လို့ဒီမှာ ပေးထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာကျင့်သုံးပါမယ်လို့ စိတ်ဆုံးဖြတ်ချက် ချကြပါ။ အထူးသဖြင့် လိုက်နာကျင့်သုံးပါမယ်လို့ စိတ်ဆုံးဖြတ်ချက် ချကြပါ။ အထူးသဖြင့် ၀စီပိတ် လုံးဝဆိတ်ဆိတ်နေခြင်း၊ နူတ်ပိတ်ထားခြင်း စည်းကမ်းကို လိုက်နာပါ၊ စကားလုံးဝ မပြောပါဘူးလို့ သန္နိဋ္ဌာန်ချထားကြပါ။

နောက်လိုက်နာရမယ့် စည်းကမ်းကတော့ တစ်နာရီစီ၊ တစ်နာရီစီ တစ်နေ့မှာ ၃ကြိမ်၊ မနက် ၈နာရီက ၉နာရီ၊ နေ့လယ် ၂နာရီခွဲက ၃နာရီခွဲ၊ ညနေ ၆နာရီက ၇နာရီ၊ ဘာပဲဖြစ်ဖြစ် တရားခန်းမထဲမှာလာပြီး တရားထိုင်ကြဖို့ လိုအပ်ပါတယ်။ ဒီအချိန် အတွင်းမှာ တရားခန်းမထဲက အပြင်ကိုထွက်မသွားဖို့ရာ သန္နိဋ္ဌာန်ချထားကြပါ။ ဥပမာ - နံနက် ၈နာရီ မထိုးခင် တရားခန်း မထဲကို ရောက်နေပြီးသား ဖြစ်နေပြီး၊ ၉နာရီအချိန်ပြည့်ပြီးမှ တရားခန်းမက အပြင်ထွက်မယ်လို့ ဆုံးဖြတ်ချက်ချပါ။

တရားထိုင် နေစဉ်အခါမှာ ညောင်းညာလို့၊ နာကျင်ကိုက်ခဲလို့၊ ကိုယ့်နေရာ ဣရိယာပုထ်ပြောင်းရွေ့ချင်တယ် ဆိုရင်လည်း ပြောင်းရွှေ့ ထိုင်နိုင်ပါတယ်။ ဒါပေမယ့် တက်နိုင်သရွေ့ မရွှေ့ဘဲ မပြောင်းဘဲထိုင်ဖို့ရာ ကြိုးစားပါ။ ဆုံးဖြတ်ချက်ချပြီး ထိုင်ရင် စိတ်ဓာတ်ဟာ ပိုမို ကြံ့ခိုင်လာပြီး ၄ရက်တရားထိုင်ပြီးတဲ့အခါမှာ ဣယာပုထ်ကိုလုံးဝ ပြောင်းရွှေ့ခြင်းမရှိဘဲ ထိုင်နိုင်ပါလိမ့်မယ်။ ယခုအချိန်တွေမှာတော့ ပြောင်းချင်ရွှေ့ချင်ရင် ပြောင်းရွှေ့ထိုင်နိုင်ပါတယ်။ တစ်နာရီတိတိ ထွက်မသွားဘဲ တရားခန်းမထဲမှာသာနေပါ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အကြံဉာဏ်နှင့် သတိပေးချက်များ

ဒါအတွက်ကို အကြံဉာဏ်နဲ့သတိ အနည်းငယ်ပေးချင်ပါတယ်။ တစ်ခုကတော့ တရားထိုင်တဲ့အချိန်မှာ အမြဲပဲ အဆောက်အအုံ အတွင်းမှာပဲထိုင်ပါ။ အပြင်ဘက်မှာ တရားမထိုင်ပါနဲ့။ နောက်ပိုင်း တရားရင့်ကျက်လာတဲ့ အခါကျတော့ ဘယ်နေရာမှာ မဆို ကြိုက်တဲ့ နေရာ၊ အပြင်နေရာမှာပဲဖြစ်ဖြစ်၊ အတွင်းနေရာမှာပဲဖြစ်ဖြစ် တရားထိုင်နိုင်ပါတယ်။


မြတ်စွာဘုရားဟာ သစ်ပင်အောက်မှာပဲ ဘုရားအဖြစ်ကို ရောက်တော်မူပါတယ်။ ဒါပေမဲ့ ယောဂီတို့ အစဦးမှာတော့ အခုအဆင့်မှာ အဆောက်အအုံအတွင်းမှာပဲ တရားကျင့်ကြပါ။ အပြင်မှာ တရားထိုင်နေတုန်းမှာ လေတိုက်ရင် နှာသီးဝကို လေထိပြီး ၀င်သက်ထွက်သက်ထိတာကို မသိဘဲ ဖြစ်တတ်ပါတယ်။ လေရဲ့ထိမူက ပိုပြီးထင်ပေါ်နေတတ်ပါတယ်။ မျက်စိပိတ်ပြီး ထိုင်နေရင်တောင် မျက်စိမှာ အလင်းရောင် တိုက်ရိုက်ဝင်နေရင် စိတ်ရဲ့ အတွင်းပိုင်းကို အာရုံရောက်ဖို့ရာ မလွယ်ပါဘူး။ ဒါကြောင့် တိုက်ရိုက်အလင်းရောင်၊ တိုက်ရိုက်လေတိုက်မူ ရှောင်ပါ။ နားနေချိန်မှာတော့ အပြင်ဘက်မှာ ထိုင်နိုင်ပါတယ်။ လဲလျောင်းချင်ရင်လဲ လဲလျောင်းနိုင်ပါတယ်။ တရားထိုင်ချိန်မှာတော့ အမြဲတမ်းပဲ အဆောက်အအုံထဲမှာသာ ထိုင်ပါ။

နောက်တစ်ခုကတော့ ယောဂီတို့ တရားစခန်းရဲ့ သတ်မှတ်ထားတဲ့ နေရာအတွင်းမှာပဲ နေကြပါ။ ဒီဟာ အင်မတန်ပဲ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကမ္မဋ္ဌာန်းနည်းဟာ ယောဂီတို့ရဲ့ စိတ်ဓာတ်ကို ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။ ယောဂီတို့ ခန္ဓာကိုယ်ထဲမှာ ခွဲစိတ်ကုသခြင်း၊ တစ်ခုခုလုပ်ရရင် ဆေးရုံအတွင်းမှာပဲ နေရပါတယ်။ အပြင်မထွက် ရပါဘူး။ ခွဲစိတ်နေစဉ်အခါမှာလည်း ခွဲစိတ်ခန်းထဲမှာပဲ နေရပါတယ်။ ခွဲစိတ်ခန်းရဲ့ အပြင်မှာ မနေရပါဘူး။ အလားတူပါပဲ၊ ဒီမှာ စိတ်ကိုခွဲစိတ်မူ ပြုပြင်မူတွေ ပြုလုပ်နေစဉ်အခါမှာ ဒီတရားစခန်းရဲ့ သတ်မှတ်ထားတဲ့နေရာတွေ မှာပဲ နေသင့်ပါတယ်။ စိတ်ဓာတ်ကို ခွဲစိတ်ရာမှာ အင်မတန်အတွင်း နက်နက် ခွဲစိတ်ရတာမို့ ဒီလုပ်ငန်းဟာ အထူးသတိနဲ့ လုပ်ရပါတယ်။ အင်မတန်လေးနက်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ကမ္မဋ္ဌာန်းကို ကိုယ်တိုင်အားထုတ်ကြ

ဒီကမ္မဋ္ဌာန်းလုပ်ငန်းဟာ ကိုယ်ကိုယ်တိုင်ပဲ လုပ်ရမှာဖြစ်ပါတယ်။ တခြားဘယ်သူ တစ်ဦးတစ်ယောက်ကမှ ကိုယ့်အတွက် ၀င်လုပ်မပေးနိုင်ပါဘူး။ ကိုယ့်စစ်ပွဲကို ကိုယ်ကိုယ်တိုင် ၀င်တိုက်ရ ပါလိမ့်မယ်။ ကိုယ့်ရဲ့ ကယ်တင်မူကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်ရပါလိမ့်မယ်။ တခြားတစ်ယောက်က လုပ်မပေးနိုင်ပါဘူး။


တစ်ရက်တော့ ကုန်ဆုံးသွားပါပြီ။ ဒီလိုပဲ မနက်ဖြန်တစ်ရက် ကုန်သွားဦးမှာပါပဲ၊ နောက်တစ်ရက်ပြီး တစ်ရက်နဲ့၊ ၁၀ရက်ကုန်သွားမှာပါပဲ၊ ၁၀ရက်တရားပတ်ပြီးတဲ့အခါကျတော့ ယောဂီတို့ဟာ မိမိတို့ စုပေါင်းသိုလှောင်ထား ခဲ့တဲ့ ဒုက္ခဆင်းရဲတွေ၊ ကိလေသာ အညစ်အကြွေးတွေက လွတ်နိုင်သမျှ လွတ်ကင်းပြီး ပြုံးပြုံးလေးနဲ့ ပြန်နိုင်ကြဖို့ ဖြစ်ပါတယ်။

ယောဂီတို့တစ်သက်တာလုံး အသုံးပြုနိုင်တဲ့ ဒီကမ္မဋ္ဌာန်းနည်းကောင်းနဲ့ ကိလေသာအညစ်အကြေးတွေကို ကုန်စင်အောင် တူးထုတ်ပစ်ကြပါ။ ဒီလိုလုပ်ဖို့ရာက အင်မတန် အားကြိုးမာန်တက် လုံ့လ၀ီရိယနဲ့ လေးလေးနက်နက် အလုပ်လုပ်ရန် ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

တရားထိုင်လျှင် အပူငြိမ်းပြီး ချမ်းသာစွာနေနိုင်

ယောဂီတို့ရဲ့ ကိုယ်အတွင်း နက်ရိုင်းတဲ့နေရာမှာရှိတဲ့ စိတ် မီးဖိုထဲမှာ မီးပူပူတွေ လောင်နေတာကိုး၊ လောဘ ဒေါသ မောဟ မီးတွေက တစ်ချိန်လုံး လောင်နေတာပါပဲ၊ အပျော်အပါး အာရုံတွေ ခံစားကြတော့ လောဘ ဒေါသ မောဟ မီးကျီးခဲတွေ နောက်ထပ် ထည့်ပေးလိုက်တာပေါ့။


ဒါကိုကိုယ်တွင်းက မီးပူပူကလည်း ပျော်ပျော်ရွှင်ရွှင် ပြုံပြုံကလေးနဲ့ပဲ လက်ခံပါတယ်။ တုံ့ပြန်မူ မလုပ်ပါဘူး။ တရားထိုင်တဲ့အခါမှာ တစ်ခဏလေးလောက်သာပဲ စိတ်က ဖြူစင်သန့်ရှင်းတယ်ဆိုရင်ပဲ အဲဒီအချိန်ကလေးမှာ စိတ်အာရုံဟာ လောဘ ဒေါသ မောဟတွေ ကင်းဝေးနေပါတယ်။ ဒီအကုသိုလ်တွေ ကင်းဝေးမူ၊ ကိလေသာတွေ ကင်းဝေးမူဟာ သီတာရေလို အေးမြတော့ စိတ်ထဲမှာ လောင်နေတဲ့မီးဖိုကြီးနဲ့ ထိတွေ့ကြတော့ ရှူးခနဲ ရှူးခနဲနဲ့ အကြီးအကျယ် တုံ့ပြန်မူကြီးတွေ ဖြစ်ကြတာပေါ့။

အတွေ့အကြုံများတဲ့ အိမ်ရှင်မက မီးဖိုပူပူကြီးပေါ်မှာ ရေအေးအေးကလေး ဖြန်းပေးလိုက်တဲ့အခါ မီးအေးသွားသလိုပဲ ဉာဏ်ထက်မြက်တဲ့ ယောဂီပုဂ္ဂိုလ်ကလည်း ဆက်လက်ပြီးတော့ တရားထိုင်ကြပါတယ်။ အခုခံစားတွေ့ရှိနေရတဲ့ အခက်အခဲတွေ အမျိုးမျိုး၊ မနေသာမထိုင်သာတာတွေ အမျိုးမျိုးရှိနေပေမယ့်လို့ ဆက်လက်ပြီးတော့ ကျင့်ကြပါ။ တရားထိုင်ကြပါ။ တဖြည်းဖြည်းနဲ့ အပူမီးတွေ ပျောက်ကွယ်ကုန်သွားတာကို တွေ့ကြရပါလိမ့်မယ်။ ဒီနောက်ကျတော့ ချမ်းသာစွာ၊ အေးငြိမ်းစွာ နေထိုင်နိုင်ကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

လောင်နေတဲ့ မီးခဲကို ရေနဲ့လောင်းသလို

ဥပမာဆိုကြစို့၊ အိမ်ရှင်အမျိုးသမီးတစ်ဦးဟာ မီးသွေးမီးဖိုနဲ့ ထမင်းဟင်းချက်ပြီး မီးကို နောက်ထပ်မလိုတော့တဲ့ အခါကျတော့ ရေအေးအေးယူပြီး လောင်နေတဲ့ မီးခဲတွေကို ရေနဲ့လောင်းပြီး မီးငြှိမ်းလိုက်ပါတယ်။ အင်မတန်ပူနေတဲ့မီးခဲတွေနဲ့ ရေအေးအေး ထိတွေ့ကြတဲ့အခါမှာ အပူနဲ့ အအေးတုံ့ပြန်မူကြီးဖြစ်ပြီး ရှူးခနဲဖြစ်ပါတယ်။


အိမ်ရှင်မက နောက်ထပ် ရေလက်တစ်ခုတ်ယူလာပြီ လောင်းပြန်ပါတယ်။ နောက်ထပ် ရှူးခနဲ ဖြစ်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ ရှူးခနဲ ရှူးခနဲ မီးသေသွားတဲ့အထိ ဖြစ်နေပါလိမ့်မယ်။ မီးရဲ့ အပူအအေးအရှိန်နဲ့ ရေရဲ့အပူအအေးအရှိန်တို့ဟာ တူညီမျှတကြတဲ့အခါကြတော့ ရှူးခနဲ မဖြစ်တော့ပါဘူး။ အဲဒီအခါကျတော့ ရေဟာ လက်တစ်ခုတ်နဲ့သာ မဟုတ်ဘူး၊ ရေတစ်ပုံလုံးနဲ့ လောင်းရင်တောင်မှ ရှူးခနဲ မဖြစ်တော့ပါဘူး။ မီးနဲ့ရေနဲ့ တုံ့ပြန်မူမှ မဖြစ်တော့ဘဲကိုး။ အပူနဲ့ အအေးက မျှတသွားပြီဖြစ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်ကြပါတယ်။

ပူနေတဲ့ မီးဖိုထဲမှာ ရေမလောင်းဘဲ ရေအစာ မီးသွေးပူပူတွေ ထပ်ပြီး လောင်းထည့် ပြန်ရင်လဲ တုံ့ပြန်မူ မရှိတော့ပါဘူး။ ရှူးခနဲလဲ မဖြစ်ပါဘူး။ အပူအပူချင်း အသာတကြည်ပဲ လက်ခံလိုက်ကြပါတယ်။ ဒါဟာ သဘာဝဓမ္မပါပဲ။

တစ်ခါတလေလဲ ယောဂီတချို့က လာပြီးပြောတတ်ပါတယ်။ “ဒီလိုညောင်းတာ၊ ညာတာ၊ ကိုက်တာခဲတာတွေဟာ ထိုင်ရတာ ကြာလွန်းလို့။ မနက် ၄နာရီ၊ ၄နာရီခွဲကနေ ည ၉နာရီ၊ ၉နာရီခွဲအထိ ထိုင်နေကြရတာ။ ထိုင်နေကြမှမဟုတ်ဘဲ။ ဒါကြောင့်နာတာ ကျင်တာ ထုံတာပါ”လို့ ပြောပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် တစ်ပိုင်းတစ်ဝက်ပဲ မှန်ပါတယ်။ လုံးဝမှန်တာတော့ မဟုတ်ပါဘူး။

ယောဂီတချို့ဟာ စထိုင်လို့ ၁၀မိနစ်လောက်ပဲ ရှိပါသေးတယ်၊ နာကုန်ကြပြီ။ ရုပ်ရှင်တို့ ဇာတ်ပွဲတို့ အပျော်အပေါး နေရာတွေ သွားကြရင်တော့ အကြာကြီးထိုင်နိုင်ကြသားပဲ။ နာလည်းမနာဘူး။ ကိုက်လည်းမကိုက်ဘူး။ ထွက်ပြေးချင်တဲ့စိတ်လည်း မပေါက်ဘူး။ အန်ချင်အော့ချင်လည်း မဖြစ်ဘူး။ အိပ်ငိုက်တာလဲ မရှိဘူး။ တရားထိုင်တဲ့အခါကျတော့ တယ်ပြီးအိပ်ငိုက်တာပဲ၊ မျက်စိကို မဖွင့်နိုင်ဘူး၊ တရားထိုင်တာလည်း ရပ်လိုက်ရော အိပ်ငိုက်တာ အားလုံးလည်း တစ်ခါတည်းပြေးရော။ တစ်ခါ တရားပြန်ထိုင် ပြန်ရင် ပြန်အိပ်ငိုက်လာပြန်ရော၊ ဒါဟာဘာလဲ။ ဘာဖြစ်တာပါလဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သန့်ရှင်းစိတ်နဲ့ ကိလေသာအညစ်ကြေးတို့ တွေ့ထိတဲ့အခါ နာကျင်မူဖြစ်

အဲဒီအချိန်ကလေးတွေမှာ စိတ်အာရုံဟာ သန့်ရှင်းစင်ကြယ်နေပါတယ်။ အဲဒီလိုသန့်ရှင်းစင်ကြယ်နေတဲ့ စိတ်ဟာ ယောဂီတို့ရဲ့အတွင်းသန္တာန် အင်မတန် နက်ရိုင်းတဲ့နေရာမှာ စုပေါင်းသိုလှောင်ပြီး ခိုအောင်နေတဲ့ အကုသိုလ်တွေ ကိလေသာ အညစ်အကြေး တွေနဲ့သွားပြီး ထိတွေ့ကြပါတယ်။



ဒီလို ၂-မျိုးတွေ့ကြတဲ့အခါမှာ မဓာတ်နဲ့ ဖိုဓာတ်များ တွေ့သလိုပါပဲ။ ဓာတ်နှစ်ခု ပေါင်းမိကြတော့ တုံ့ပြန်တွန်းကန်ကြပြီး မီးတောင်ကြီးများ ပေါက်ကွဲသလို အကြီးအကျယ် ထိခိုက်မူကြီးတွေ ဖြစ်တတ်ကြပါတယ်။ ကိလေသာ အညစ်အကြေးတွေဟာ သူတို့ ကိန်းအောင်းနေတဲ့စိတ်ရဲ့ နက်ရိုင်းနေတဲ့ နေရာတွေကနေပြီး “စိတ်အပေါ်ယံ အထက်ပိုင်း”ကို တက်လာကြပြီး စိတ်ရဲ့အပေါ်ယံကို ရောက်လာကြတော့ ကိုယ်ခန္ဓာပေါ်မှာ နာကျင် ကိုက်ခဲမူအစရှိတဲ့ မခံစာဖွယ် မသာယာဖွယ် ဒုက္ခဝေဒနာအဖြစ်နဲ့ ပေါ်လွင် ထင်ရှား လာကြပါတယ်။ တစ်ကိုယ်လုံးပေါ်မှာ ဟိုက နာ၊ ဒီက နာ၊ ဟိုက ကိုက်ခဲ၊ ဒီက ကိုက်ခဲနဲ့ပေါ့၊ ဒါကြောင့်ယောဂီတို့ ဒီကမ္မဋ္ဌာန်းနည်းနဲ့ တရားစထိုင်ကြရာမှာ နာကျင်ကိုက်ခဲမူတွေ အမျိုးမျိုးကို ခံစားကြရတာပေါ့။

အမှန်စင်စစ် ဒီနာကျင်ကိုက်ခဲမူတွေဟာ ယောဂီတို့အတွက် အင်မတန်ကောင်းပါတယ်။ စိတ်အတွင်းမှာ အောင်းနေတဲ့ အကုသိုလ်တွေ၊ ကိလေသာ အညစ်အကြေးတွေဟာ စိတ်ရဲ့အပေါ်ယံ တက်လာကြပြီး ပျောက်ကွယ်သွားကြတာ ဖြစ်ပါတယ်။

ယောဂီတို့ ဒီကနေ့ခံစားနေရတဲ့ ညောင်းတာ ညာတာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေဟာ မနက်ဖြန်ဆိုရင် လျော့နည်း လျော့နည်း သွားကြပါလိမ့်မယ်။ သန်ဘက်ခါ မှာဆိုရင်တော့ ဒါထက် ပိုပြီး နည်းနည်းလာပြီး ဒီဒုက္ခတွေထဲက ဝေ၏နာတွေထဲက လွတ် ကျွတ် လာပြီး အတွင်းနက်နက်မှာ စုပေါင်းပြီးအောင်းနေတဲ့ အညစ်အကြေးတွေကလည်း လွတ်မြောက်လာကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

လိုချင်မူမပါအောင် ၀င်သက်ထွက်သက်ကို သတိနဲ့ရူ

ယောဂီဟာ အသက်ကို ရှူသွင်းတဲ့အခါမှာ ၀င်သက်ကို လိုချင်တပ်မက်တဲ့ တဏှာလည်း မဖြစ်ပါဘူး၊ လောဘလည်း မဖြစ်ပါဘူး၊ လိုချင်သေးတယ် လိုချင်သေးတယ်လို့ ပိုပြီးအသက်ရှူသွင်း ချင်သေးတယ် ဆိုတာလည်း မရှိပါဘူး၊ မတောင့်တပါဘူး၊ သူ့အလိုလို သူ့သဘာဝအတိုင်း ၀င်လေက ၀င်နေတာပါပဲ။



ထွက်လေကိုလည်းရှူထုတ်တဲ့အခါမှာ ထွက်လေကို မလိုမုန်းထားမဖြစ်ပါဘူး။ သွားစမ်းပါစေ၊ ဒီထွက်လေကို ငါမုန်းပါတယ်လို့လည်း မဖြစ်ပါဘူး။ သူ့အလိုလိုလေဟာ ၀င်လိုက်ထွက်လိုက်၊ ၀င်လိုက်ထွက်လိုက် ဖြစ်နေတာပါပဲ။ ယောဂီက ဒီဖြစ်နေတာကို သတိရှိနေရတာပါပဲ။ ဒီပြင်ဘာမှ မလုပ်ရပါဘူး။ ၀င်သက်ထွက်သက်ကို သတိနဲ့ရူရုံမျှသာပါပဲ။ လိုချင်တောင့်တမူ၊ တွယ်တာမူလည်း မပါပါဘူး။ မလိုချင်ဘူး၊ တွန်းဖယ်မူ၊ မုန်းတီးမူလည်း မပါပါဘူး။

ဒါပေမယ့် ဒီလိုဖြစ်နေတဲ့ အချိန်တစ်ခဏတွေဟာ အင်မတန်ရှားပါတယ်။ တစ်နေ့လုံး ကျင့်တဲ့အခါမှာ များသောအားဖြင့် စိတ်အာရုံဟာ လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေးတွေထဲမှာသာ လုံးထွေးပြီး လှိမ့်နေတာက များနေပါတယ်။ တစ်ခဏလေး၊ တစ်ခဏလေးမှာ စိတ်အာရုံဟာ ၀င်သက် ထွက်သက်ပေါ်မှာပဲ တည်နေပါတယ်။

အတိတ်ကိုလည်း မရောက်ဘူး၊ အနာဂတ်ထဲလည်း မရောက်ဘူး။ လောဘ၊ ဒေါသ၊ မောဟထဲလည်း မဆင်းဘူး၊ ပစ္စုပ္ပန် တည့်တည့်မှာ ၀င်သက်ထွက်သက် တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး ရူနေတဲ့ အချိန်ကလေးတွေဆိုတာဟာ အင်မတန်ကောင်းတဲ့ အချိန်ကလေးတွေပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

စိတ်ကိုသန့်ရှင်းစင်ကြယ်အောင်လုပ်

ယောဂီတို့က မိမိတို့ရဲ့ မသန့်ရှင်းမစင်ကြယ်တဲ့ စိတ်အာရုံတွေကို သန့်ရှင်းဖြူစင်အောင် လုပ်ပေးဖို့ရာလိုပါတယ်။ ၀င်သက် ထွက်သက်ကို ရူခြင်းအားဖြင့် အာရုံတစ်ခုထဲမှာ စိတ်တည်ငြိမ်ပြီးတော့ သမာဓိ ဖြစ်လာပါတယ်။ ဒါပေမယ့် သမာဓိဖြစ်ရုံမျှနဲ့ စိတ်ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ဖို့ရာမှာ အကျုံးမ၀င်ပါဘူး။



ဒါကြောင့်မို့ ဒီကမ္မဋ္ဌာန်းနည်းရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဟာ စိတ်စိုက်မူ သမာဓိ မဟုတ်ပါဘူး။ သမာဓိ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်တို့နဲ့ ယှဉ်ပြီးတော့လည်း အရင်းခံပြီးတော့လည်း ဆောက်တည်နိုင်ပါတယ်။ ဒီတော့ ဒီသမာဓိဟာ စိတ်၏ သန့်ရှင်းစင်ကြယ်မူ မဖြစ်နိုင်ပါဘူး။

ဒါကြောင့်မို့ ယောဂီတို့ သမာဓိ ထူထောင်ရာမှာ ပထမဆုံးအဆင့်ဟာ စိတ်ကို သန့်ရှင်းစင်ကြယ်စေတဲ့ အဆင့်ဖြစ်ရပါလိမ့်မယ်။ ၀င်သက်ထွက်သက်ကိုသာ သဘာဝအလျောက် သူ့ဘာသာသူ ၀င်ထွက်နေတာကို ရူနေတဲ့အခါများမှာ စိတ်အာရုံဟာ ဒီထဲမှာပဲ စူးစိုက်ပြီးနေတဲ့အခါမှာ အထင်အမြင်မှားတာလည်း မရှိဘူး။ အယူအဆမှားတာလည်း မရှိဘူး။ တကယ်ဖြစ်ပျက်နေတဲ့ အမှန်တရား တစ်ခုပဲ ရှိနေပါတယ်။ အမှန်တရားကို လက်တွေ့လုပ်ကိုင်ပြီး ကိုယ်တိုင်ခံစားနေရပါတယ်။

ဝင်သက်ထွက်သက်ကို သတိရှိပြီးနေတာဟာ သိမ်မွေ့တဲ့ အမှန်တရားမဟုတ်ပေမယ့် တကယ်ဖြစ်ပျက်နေတဲ့၊ တကယ့်လက်တွေ့ခံစားနေရတဲ့ အမှန်တရားပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အကုသိုလ်တွေ ဖြစ်ပေါ်ရာတရား

စိတ်ရဲ့အညစ်အကြေးတွေအားလုံး အကုသိုလ်တွေအားလုံးဟာ လောဘ၊ ဒေါသ၊ မောဟ (၃)မျိုးတို့က ဖြစ်ပေါ်လာကြတာတွေချည်းပါပဲ။ လောဘ၊ ဒေါသ၊ မောဟတို့ရဲ့ ထုတ်လုပ်မူပစ္စည်းတွေချည်းပါပဲ။ စိတ်အာရုံဟာ တစ်ချိန်လုံး အဆက်မပြတ် ဒီလောဘ၊ ဒေါသ၊ မောဟထဲမှာပဲ လှိမ့်နေတာပါပဲ။



ဒီလိုစိတ်မျိုးနဲ့ဆိုရင် ဘယ်နှယ်လုပ်ပြီး ပျော်ရွှင်မူ၊ အေးချမ်းမူ၊ မျှတမူတွေကို ခံစားနိုင်ကြပါ့မလဲ၊ ဒီစိတ်မျိုးဟာ စိတ်ဆင်းရဲမူကိုသာ ခံစားနိုင်ရမှာပဲ ဖြစ်ပါတယ်။ စိတ်ရဲ့ ဒီလိုဖြစ်နေတဲ့ အကျင့်ဝသီကို ပြောင်းလဲပေးဖို့ရာမှာတော့ ဒီကမ္မဋ္ဌာန်းနည်းက ကူညီပါလိမ့်မယ်။ ၀င်သက်ထွက်သက်ကို ရူနေတာဟာ စိတ်အာရုံရဲ့ အကျင့်ပုံစံကို ပြောင်းလဲ ပေးနိုင်စွမ်း ရှိပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

စိတ် ၂-မျိုး

ဒီကောင်းပါတယ်ဆိုတဲ့ စိတ်ကိုလည်း (၂)မျိုး ပိုင်းခြားထားနိုင်ပါတယ်။ နှစ်သက်စရာ၊ ကြည်နူးစရာကောင်းတာနဲ့ မနှစ်သက်စရာ၊ စိတ်မချမ်းသာစရာကောင်းတာ ရယ်လို့ (၂)မျိုး ဖြစ်လာ ပါတယ်။ အတိတ်ကဖြစ်ခဲ့တာကို ပြန်သတိရရင်လဲ ဒီနှစ်သက်စရာနဲ့ မနှစ်သက်စရာ၊ အနာဂတ်ကို သဘောကျ ကျေနပ်နှစ်သက် ကြပါတယ်။

ဒီသဘောကျ နှစ်သက်တာလိုမျိုး နောက်ထပ် လိုချင်ပါသေးတယ်ဆိုတဲ့ လိုချင်တောင့်တမူ ကလေးလဲ ဖြစ်လာပါတယ်။ နောက်တစ်ခါ ဒီတောင့်တမူ ကလေးက နေပြီးတော့ ငြိတွယ်မူကလေး ဖြစ်လာပါတယ်။

ဒီအတိုင်းပါပဲ၊ စိတ်မချမ်းသာစရာ စိတ်မလိုလားစရာ အာရုံကိုလည်း စိတ်က မကြိုက်ဘူး။ လက်မခံချင်ဘူး။ မကြာခင်ပဲ ဒါကို တွန်းထုတ်ချင်လာပါတယ်။ မုန်းတီးလာပါတယ်။ တစ်ချိန်လုံးပဲ စိတ်ကလိုလားတောင့်တမူ၊ ငြိတွယ်မူနဲ့၊ မလိုလားမူ၊ တွန်းဖယ်မူ၊ မုန်းတီးမူ၊ ဒီနှစ်မျိုးကြားထဲမှာ လှိမ့်လှိမ့်နေပါတယ်။ 

လောဘ၊ ဒေါသ၊ မောဟ၊ လောဘ၊ ဒေါသ၊ မောဟ ဒီလိုဖြစ်တဲ့အခါမှာ စိတ်ထဲမှာ အာရုံတွေပေါ်နေပါတယ် ဆိုတာတောင် သတိမရှိကြပါဘူး။ အမြင်မှန် မရကြပါဘူး။ မမြင်လွဲမှားမူ၊ အမှန်တရားကို မသိမူက လွှမ်းမိုးလာပါတယ်။ ဒါတွေဟာ စိတ်ရဲ့သဘော သဘာဝတွေပဲ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဘ၀နေထိုင်နည်း

ဒီကမ္မဋ္ဌာန်းနည်းကတော့ ဘ၀နေနည်းပါပဲ။ ယောဂီတွေ အခုကစပြီးတော့ စိတ်အာရုံကို ပစ္စုပ္ပန်တည့်တည့်မှာ ထားကြပါ။ ဘ၀ကို ပစ္စုပ္ပန်ထဲမှာ ဘယ်လိုအသက်ရှင် ရမယ်ဆိုတဲ့နည်းကို စပြီး သင်တန်းတက်နေကြတာပါပဲ။ ခုချိန်ထိ ပစ္စုပန်တည့်တည့်မှာ တကယ်ဖြစ်ပျက်နေတာကတော့ ၀င်သက် ထွက်သက်ပါ။




ဝင်သက် ၀င်သွားတာ၊ ထွက်သက် ထွက်သွားတာကို အခုအသက်ရှူသွင်းလိုက်တယ်၊ အခုအသက်ရှူထုတ်လိုက်တယ်လို့ အာရုံပြုနေဖို့ပါပဲ။

ဒါပေမယ့် စိတ်က ဒီလိုမနေချင်ပါဘူး။ တစ်ခါ နှစ်ခါ လောက်ပဲ ၀င်သက်ထွက်သက်ကို ရူမှတ်နေပြီး နောက်တစ်ခါပြန်ပြီး အတိတ်ထဲပြေးလိုက်၊ အနာဂတ်ထဲပြေးလိုက်နဲ့ လူပ်ရှားပျံ့လွင့်နေပါတယ်။ ဒီလိုလုပ်တတ်တဲ့စိတ်အာရုံရဲ့ဝသီ အကျင့်ကိုယောဂီတို့က စိတ်ရှည်ရှည်နဲ့ ပြောင်းလဲပေးရလိမ့်မယ်၊ ပစ္စုပ္ပန်ထဲမှာနေဖို့၊ ပစ္စုပ္ပန်တည့်တည့်မှာ တကယ်ဖြစ်ပျက်နေတဲ့အတိုင်းကို ရူမှတ်နေဖို့ပါပဲ။

နောက်စိတ်အာရုံနဲ့ ပတ်သက်တဲ့ အမှန်တရားတစ်ခုကိုလည်း ယောဂီတို့ထင်ရှား သိရှိလာကြပါလိမ့်မယ်။ အဲဒါက ဘာလဲဆိုတော့ “စိတ်ရဲ့အမျိုးအစား ဘယ်လိုအာရုံတွေကို စိတ်က သယ်ဆောင်နေပါသလဲ”ဆိုတာ ဖြစ်ပါတယ်။ မကြာခဏလဲ စိတ်ထဲမှာ အာရုံတစ်ခု တစ်ခုပေါ်လာတတ်ပါတယ်။ ဒီအာရုံဟာ အတိတ်နဲ့ပတ်သက်တာပဲ ဖြစ်ဖြစ်၊ အနာဂတ်နှင့် ပတ်သက်တာပဲဖြစ်ဖြစ် ပေါ်လာပြီးလို့ ဒီအာရုံမှာ မပြီးဆုံးသေးခင်ဘဲ၊ စကားတစ်ခွန်း စာတစ်ကြောင်းမှ ဒီအာရုံမှာ မပြီးဆုံးသေးခင်ဘဲ၊ စိတ်ထဲမှာ တခြားအာရုံတစ်ခုပေါ်လာ ပြန်ပါတယ်။ ဒါမပြီးဆုံးသေးခင် ဒါမကုန်သေးခင် နောက်တစ်ခါ နောက်အာရုံအသစ်တစ်ခုက ပေါ်လာပြန်ပါတယ်။

ဒီလိုနဲ့ အာရုံတွေဟာ တစ်ခုပြီးတစ်ခု ဘယ်လိုမှ အစီအစဉ်မရှိ၊ အမြီးအမောက် မတည့်ပါဘူး။ အဆက်အစပ်လည်း မရှိပါဘူး။ ဒီလိုပရမ်းပတာ စိတ်ကူးပေါက်နေတာတွေဟာ စိတ်ရူးပေါက်တာ သက်သက်ပါပဲ။ ဒီလိုလူကို အရူး၊ စိတ်မနှံ့သူလို့ ခေါ်ပါတယ်။

စိတ်ဟာ အမြီးအမောက်လည်း တည့်ပါတယ်။ အစီအစဉ်လဲ ကျနပါတယ် ဆိုရင်တော့ စိတ်ရူးမဟုတ်ပါဘူးလို့ မြင်ရိုးမြင်စဉ်ထုံးစံအတိုင်း ယူဆကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Thursday 9 February 2012

စိတ်ကိုပစ္စုပ္ပန်မှာပဲထား

ဒါပေမယ့် ယောဂီတို့ဟာ ပစ္စုပ္ပန်တည့်တည့်မှာပဲ နေကြရမှာပါ။ အတိတ်ထဲ ဘယ်နှယ်နေလို့ရပါ့မလဲ။ အတိတ်ဟာ ဖြစ်ပြီးပြီ မရှိတော့ဘူး၊ သွားပြီ၊ အပြီးအပိုင် ကုန်ဆုံး သွားပါပြီ။ ကုန်ဆုံးပြီး သွားတဲ့အချိန်ကို ပြန်ခေါ်ယူလို့ မရနိုင်တော့ဘူး။



အဲဒီအချိန်ထဲမှာ ပြန်နေလို့လည်း မရနိုင်တော့ပါဘူး။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ပိုက်ဆံတွေ၊ ဒေါ်လာတွေပေးပြီး ၀ယ်လို့လည်း ပြန်မရနိုင်တော့ပါဘူး။ တစ်ခါတည်း ပြန်လမ်းမရှိ ကုန်ဆုံးသွားပါပြီ။ အဲဒီအတိုင်းပဲ။ မဖြစ်သေးတဲ့ ရောက်မလာသေးတဲ့ အနာဂတ် အချိန်ထဲမှာလည်း နေလို့မရပါဘူး။ အနာဂတ်ကနေပြီး ပစ္စုပ္ပန်ဖြစ်လာမှ အခုဖြစ်နေတဲ့ လက်ရှိအချိန်ထဲမှာသာ နေလို့ရပါတယ်။

ဒါပေမယ့် ကြည့်စမ်းပါဦး၊ “စိတ်အာရုံဟာ ဘယ်လိုသူ့အကျင့်ဝသီရဲ့ အကျဉ်းသားဖြစ်နေသလဲ”ဆိုတာ၊ တစ်ချိန်လုံးပဲ အတိတ်ထဲပြေးလိုက်၊ အနာဂတ်ထဲ ပြေးလိုက်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာကို မနေနိုင်ပါဘူး။ ဟိုပြေး ဒီပြေးနဲ့ စိတ်ဟာ သိပ်လူပ်ရှားနေပါတယ်။ ဂယက်ရိုက်နေပါတယ်။ ဘ၀ကို ဘယ်လိုနေထိုင်ရမယ်ဆိုတာကို မသိသေးပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Wednesday 8 February 2012

စိတ်အာရုံ၏ ပြေးလွှားနေတဲ့အချိန်ပိုင်း

ဒါပေမယ့် စိတ်အာရုံဟာ အမြဲပဲလှည့်ပတ်ပြေးလွှားနေတဲ့ အချိန်ပိုင်း ၂-ပိုင်း ထင်ထင်ရှားရှား ရှိလာပါတယ်။ တစ်ခုကတော့ ပြီးခဲ့တဲ့ လွန်သွားပြီးတဲ့ အချိန်ကုန်ဆုံးသွားပြီးတဲ့ အတိတ်ရဲ့ နယ်မြေထဲမှာ ဖြစ်ပါတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ အမူကိစ္စတွေကို အောက်မေ့သတိရပြီး မှတ်မိနေပါတယ်။ တွေတောနေမိပါတယ်။



“ဒီကိစ္စကဒီလိုဖြစ်ခဲ့တာပဲ၊ ဘယ်သူဘယ်ဝါက ဘယ်လို လုပ်ခဲ့တာပဲ၊ ပြောဆိုခဲ့တာပဲ၊ ငါ့ကိုစော်ကားတာပဲ၊ အဲဒီတုန်းက ငါက ဘယ်လို ကလဲ့စား ပြန်ချေရမယ်လို့ မသိလိုက်ဘူး။ ဘယ်လိုပြန်ပြောရမယ်လို့ မသိလိုက်ဘူး။ နောက်တစ်ခါသာဆိုရင် ငါက ဒီလိုပြန်ပြောလိုက်မယ်၊ ဒီလိုပြန်တုံ့ပြန်လိုက်မယ်” အစရှိလို့ စိတ်ကူးထဲမှာ အတိတ်ကာလကနေ အနာဂတ်ကာလထဲ ရောက်သွား ပြန်ပါတယ်။

နောင်ဖြစ်မယ့် အချိန်ထဲ ရောက်သွားပြန်ပါတယ်။ နောင်လုပ်မယ့် အလုပ်ကိစ္စတွေလည်း စိတ်ကူးယဉ်ပါတယ်။ ဒီလိုနဲ့ စိတ်အာရုံက အတိတ်ထဲ ရောက်လိုက်၊ လှိမ့်နေလိုက်၊ အနာဂတ်ထဲ ရောက်လိုက်၊ လှိမ့်နေလိုက်နဲ့ တစ်ချိန်လုံး အတိတ်မဟုတ်ရင် အနာဂတ်ထဲမှာသာ ရွေ့လျားနေပါတယ်။ အခုလက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာ မနေနိုင်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

စိတ်ရဲ့အမှန်တရားကိုသိနိုင်သော ၀င်သက်ထွက်သက်

ဝင်သက်ထွက်သက်ဟာ စိတ်ရဲ့အမှန်တရားကို ရှာဖွေစူးစမ်းရာမှာ အင်မတန်အသုံးဝင်တဲ့ ကိရိယာတန်ဆာပလာ ဖြစ်ပါတယ်။ ယောဂီတို့ဟာ ၀င်သက်ထွက်သက်ကို ရူမှတ်နေတဲ့အခါမှာ စိတ်နဲ့ပတ်သက်တဲ့ အမှန်တရားတချို့ဟာ သူတို့အလိုလို ထင်ရှားလာကြပါလိမ့်မယ်။



ယောဂီတို့ရဲ့ စိတ်အာရုံဟာ အင်မတန် လူပ်ရှားနေပါတယ်။ ဟိုပြေးဒီပြေး လုပ်နေပါတယ်။ အနှံ့အပြား လေလွင့်နေပါတယ်။ လှည့်လည်နေပါတယ်။ စိတ်မငြိမ်ဘူး၊ ဒီနှာသီးဖျားလေးမှာ မနေချင်ဘူး၊ ထွက်ထွက်သာ ပြေးနေတာပဲ။ တစ်ခါတလေများ ၀င်သက်ထွက်သက်ကို တစ်ကြိမ် အသက်ရှူကလေးလောက်တောင်မှ စိတ်စိုက်မနေနိုင်ပါဘူး။ တစ်ခါ ထွက်ပြေးသွားပြန်ရော၊ စိတ်ဟာ ဘယ်လောက် လူပ်ရှားသလဲဆိုတာ ယောဂီတို့ ကိုယ်တိုင် ခံစားသိရှိနိုင်ပါလိမ့်မယ်။

နောက်သိရှိလာမယ့် အမှန်တရားတစ်ခုကတော့ ဒီလူပ်ရှားပြေးလွှားနေတဲ့စိတ်ဟာဘယ်လို လှည့်လည်နေတယ်ဆိုတာပါပဲ။ မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ ဋ္ဌာနတွေမှာ အရာဝတ္ထုတွေမှာ လှည့်လည်နေတာတွေ များလွန်းလို့ မှတ်လို့တောင် မရနိုင်တော့ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အကုသိုလ်များလာရင် အသက်ရူမြန်လာခြင်း

ဒီကမ္မဋ္ဌာန်းလမ်းစဉ်ကို ဆက်ပြီးကျင့်သွားတဲ့အခါ ယောဂီဟာ မိမိရဲ့စိတ်အတွင်းမှာ အကုသိုလ်စိတ်တွေ၊ ဒေါသ၊ မောဟ၊ မလိုမုန်းထားစိတ်၊ လိုချင်တပ်မက်တဲ့စိတ်၊ ကြောက်စိတ်၊ မနာလို ၀န်တိုတဲ့စိတ် အစရှိတဲ့ ကိလေသာအညစ်အကြေး စိတ်တွေပွားများလာရင် ယောဂီရဲ့ အသက်ရှူတာဟာ မြန်လာပါတယ်။ ပြင်းထန်လာပါတယ်ဆိုတာကို လက်တွေ့ခံစား သိရှိလာကြပါလိမ့်မယ်။




နောက်ဒီအကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားတဲ့ အခါကျတော့ အသက်ရှူတာဟာ သူ့နဂိုသဘာဝအတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါကြောင့် အသက်ရှူတာဟာ စိတ်ပိုင်းနဲ့လည်း သက်ဆိုင် ဆက်သွယ်ပါတယ်။ အထူးသဖြင့် စိတ်ရဲ့အညစ်အကြေးများနဲ့ သက်ဆိုင် ဆက်သွယ်နေပါတယ်။

ယောဂီတို့က “ကိလေသာအညစ်အကြေးတွေ ဘယ်လိုကြွတက်လာတယ်၊ ဘယ်လို ပွားများလာတယ်၊ သူတို့ကို ဘယ်လိုအမြစ်ပြတ် သုတ်သင်ရမလဲ”ဆိုတာကို ရှာဖွေသိရှိကြဖို့ပါပဲ။ ဒီနေရာမှာ ၀င်သက်ထွက်သက်ဟာ အကူအညီ အထူးပေးပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ထိမူကိုသိ၊ ဖြစ်ပျက်မူကို ခံစား

ဒီညနဲ့ မနက်ဖြန်အတွက်တော့ ယောဂီတို့ဟာ ၀င်လေ၀င်လာစဉ်အခါ ထွက်လေ ထွက်သွားစဉ်အခါ ထိထိသွားတဲ့ အထိကလေးကို သိနေကြဖို့ပါပဲ။ ဒီအထိကလေးဟာ နှာခေါင်းအတွင်း နံရံတစ်နေရာမှာပဲ ဖြစ်ဖြစ်၊ နှာဝအ၀ိုင်းတစ်နေရာမှာပဲ ဖြစ်ဖြစ် တွေ့ထိခံစားနိုင်ပါတယ်။




ဒီသတ်မှတ်ထားတဲ့ နေရာထဲမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ထိမူကလေးကို ခံစားနိုင်ပါတယ်။ ဒီထိမူကလေးဟာ အစဉ်အမြဲရှိနေတာပါပဲ။ ဒါပေမယ့် ယောဂီရဲ့ အာရုံက မခံစားနိုင်သေးလို့ မတွေ့နိုင်သေးတာပါ။

အခုတစ်ရက်အလုပ်ပြီးပါပြီ။ နောက်တစ်ညနဲ့ မနက်ဖြန် တစ်နေ့လုံးဆက်ပြီး တရားအလုပ်လုပ်ကြတဲ့အခါမှာ ယေဂီဟာ ၀င်လေ၀င်လာစဉ်အခါ ထွက်လေ ထွက်သွားစဉ်အခါ ထိတွေ့မူ ကလေးသိမ်မွေ့တဲ့ တကယ်ဖြစ်ပျက်နေတာလေးကို ကိုယ်တွေ့ခံစားရပါလိမ့်မယ်။ ဒါပြီးတဲ့နောက် မနက်ဖြန်ညနဲ့ သဘက်ခါမှာ ဒီထက်ပိုပိုပြီး သိမ်မွေ့တဲ့ အမှန်ဖြစ်ပျက်နေပုံကို ဒီသတ်မှတ်ထားတဲ့ သုံးထောင့် နေရာလေးမှာပဲ ခံစားတွေ့ထိရပါလိမ့်မယ်။

ဝင်သက်ထွက်သက်သည် ရုပ်ပိုင်း စိတ်ပိုင်းနှင့် ဆက်သွယ်နေပါတယ်။ ဒီလိုနဲ့ပဲ နေ့တိုင်း တိုးတိုးပြီး ကြမ်းတမ်းကနေသိမ်မွေ့၊ ဒီထက်ပိုပြီးသိမ်မွေ့ပြီး ခန္ဓာကိုယ်ရုပ်ပိုင်းရဲ့ အသိမ်မွေ့ဆုံးကို ထိတွေ့ခံစားရပါလိမ့်မယ်။ ဒီအတိုင်းပါပဲ၊ စိတ်ရဲ့ အသိမ်မွေ့ဆုံးအပိုင်းကိုလည်း တွေ့ထိခံစားနိုင်ကြ ပါလိမ့်မယ်။ ၀င်သက်ထွက်သက်ကို ရူမှတ်နေစဉ်မှာ ယောဂီတို့ဟာ ခန္ဓာကိုယ်ပိုင်းကိုသာ မဟုတ်ပဲ စိတ်ရဲ့ အမှန်တရားကိုပါ စူးစမ်းနေပါတယ်။ ၀င်သက်ထွက်သက်ဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်း နှစ်ပိုင်းစလုံးနဲ့ သက်ဆိုင်ဆက်သွယ်နေပါတယ်။ အသက်ရှူတာဟာ ခန္ဓာကိုယ်ရုပ်ပိုင်းနဲ့သာ သက်ဆိုင်တယ်လို့ ထင်နေကြပေမယ့်လို့ ၀င်သက်ထွက်သက်ဟာ စိတ်ပိုင်းနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သုံးထောင့်နေရာမှာ ၀င်သက်ထွက်သက်ရူမှတ်

ဒီကနေ့ဆို ယောဂီတို့ ၀င်သက်ထွက်သက်ကိုစပြီး ရူမှတ်ကြပါတယ်။ တစ်ခါတလေလဲ သူ့နဂိုသဘာဝအသက်ရူတာက နူးညံ့သိမ်မွေ့လွန်းအားကြီးလို့ နည်းနည်းခပ်ပြင်းပြင်းကလေး သိသိသာသာ အသက်ရှူပေးလိုက်ရပါတယ်။ ပြီးရင် တစ်ခါပြန်ပြီးတော့ သူ့နဂိုသဘာဝ ၀င်သက်ထွက်သက် သိမ်မွေ့တဲ့ အသက်ရှူမူနဲ့ ပြန်ရှူပေးရပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့လုံး အလုပ်လုပ်ခဲ့ကြပါတယ်။




တစ်ခါတလေလဲ ဒီဘက်နှာခေါင်းပေါက်က၊ တစ်ခါတလေ ဟိုဘက်နှာခေါင်းပေါက်က၊ တစ်ခါတလေလဲ နှာခေါင်းပေါက် နှစ်ပေါက်စလုံးက ၀င်လေထွက်လေကို ရူမှတ် ကြပါတယ်။ ကနေ့ညနဲ့ မနက်ဖြန် တစ်နေ့လုံး ဒီထက်ပိုပြီး သိမ်မွေ့တာကို လေ့ကျင့်ကြရပါလိမ့်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အမှန်တရား ရှာဖွေစူးစမ်းရာမှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ငယ်ငယ်ကလေးက စ-မှတ်ရပါတယ်။

ဒါကြောင့် ယောဂီတို့ နားလည်ထားရမှာကတော့ စိတ်အာရုံကို အပေါ်နူတ်ခမ်းရဲ့ အပေါ် နှာခေါင်းတစ်ခုလုံး အပါအ၀င် သေးငယ်တဲ့ သုံးထောင့်ပုံနေရာကလေးမှာသာ ထားဖို့ရာဖြစ်ပါတယ်။ နှာခေါင်းအတွင်း၊ နှာခေါင်းအပေါ်၊ နှာခေါင်းအောက်၊ အထက်နူတ်ခမ်းရဲ့ အပေါ်နေရာတွေမှာ ဖြစ်ပါတယ်။ ဒီပိုင်းခြားထားတဲ့ နေရာတွေအတွင်းမှာပဲ ၀င်သက် ၀င်လာတာ၊ ထွက်သက် ထွက်သွားတာကို ရူမှတ်နေပါ။ ဒီလိုနဲ့ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို တွေ့ရှိတွေ့ရှိလာနိုင်ကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Tuesday 7 February 2012

ရုပ်နာမ်ရဲ့ အမှန်တရားကို သိနိုင်တဲ့ ကမ္မဋ္ဌာန်းနည်း

ဒါပေမယ့်လို့ ဒီကမ္မဋ္ဌာန်းနဲ့ သိရှိနိုင်ကြပါလိမ့်မယ်။ ကိုယ်ခန္ဓာအတွင်းမှာ သူ့သဘာဝအလျောက် ဖြစ်ပျက်နေတာကို အကြမ်းဖျင်းကနေပြီးတော့ သိမ်မွေ့လာပြီး ဖြစ်ပျက်နေတာကို အကြမ်းဖျင်းကနေပြီးတော့ သိမ်မွေ့သိမ်မွေ့လာပြီး၊ အသိမ်မွေ့ဆုံးအထိ ရောက်လာပြီး၊ မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရုပ်ကလာပ်ကလေးတွေ လူပ်ရှားဖြစ်ပျက်နေတာကို ကိုယ်တွေ့ခံစား သိရှိနိုင်ကြပါလိမ့်မယ်။



ဒီအခါကျတော့ ရုပ်နဲ့အမှန်တရားကို အသိမ်မွေ့ဆုံးအဆင့်မှာ သိရှိခံစားနိုင်လာ ကြပါလိမ့်မယ်။ ဒီဟာကို ၀င်သက် ထွက်သက်နဲ့ အလုပ်လုပ်ယူရပါတယ်။ ဥပမာ ဆိုကြပါစို့ - ဒီဘက်ကမ်းမှာနေတဲ့ ယောဂီတစ်ဦးဟာ ဒီဘက်ကမ်းရဲ့ အမှန်တရားတွေကို ကိုယ်တိုင်လက်တွေ့ ခံစားနိုင်ပါတယ်။ သူက ဒဘက်ကမ်းမှာ နေတာကိုး။

ပုဂ္ဂိုလ်တချို့ဟာ ဟိုဘက်ကမ်းကို ကူးသွားကြပြီ ပြန်လာကြတော့ ဟိုဘက်ကမ်းရဲ့ အံ့သြဖွယ်ရာကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြကြပါတယ်။ ဘယ်လောက် သာယာတယ်၊ ဘယ်လောက် ကောင်းတယ် အစရှိသဖြင့်ပေါ့။

ဒီတော့ ဒီဘက်ကမ်းနေတဲ့ ယောဂီက သူလည်း ဒီသာယာတာတွေ လှပတာတွေကို ခံစားချင်လာပါတယ်။ ဒါပေမယ့် ဒီယောဂီက ဒီဘက်ကမ်းမှာပဲ နေပြီးတော့လက်ပိုက်ပြီး မျက်ရည်စက်ကလေးစို့စို့နဲ့ “အို ဟိုဘက်ကမ်း ကျေးဇူးပြုပြီး ဒီကိုလာပါ၊ သင့်ကို အကျွန်ုပ် အင်မတန်တွေ့ချင်ပါတယ်။ မြင်ချင်ပါတယ်။ သင့်ရဲ့ သာယာမူတွေကို ခံစားချင်ပါတယ်”လို့ဆိုပြီး၊ ငိုပြီး တမ်းတနေပေမယ့်လို့ ဟိုဘက်ကမ်းကလာမှာ မဟုတ်ပါဘူး။ လာလို့လဲမရပါဘူး။

တကယ်လို့ ဒီယောဂီက ဟိုဘက်ကမ်းကို တကယ်ကြည့်ချင်တယ်။ မြင်ချင်တယ်၊ ခံစားချင်တယ်ဆိုရင်တော့ အဲဒီ ယောဂီကိုယ်တိုင် မြစ်ကိုကူးပြီး မြစ်ရဲ့ တစ်ဘက်ကမ်းဖြစ်တဲ့ ဟိုဘက်ကမ်းကို အရောက်သွားရပါလိမ့်မယ်။ မြစ်ကို ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို ကူးဖို့ရာမှာလည်း ကမ်းနှစ်ဖက်ကို ဆက်သွယ်ထားတဲ့ တံတားလိုပေလိမ့်မည်။

ဝင်သက်ထွက်သက်ဟာ မိမိမြင်ဖူးသိရှိထားတဲ့ နယ်မြေနဲ့ မိမိမတွေ့ဘူးသေး၊ မသိဘူးသေတဲ့ နယ်မြေကို ကူးဆက်ထားတဲ့ တံတားပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သိရှိဖူး တွေ့ရှိဖူးတဲ့ အပိုင်းနဲ့ ခန္ဓာကိုယ်ရဲ့ မသိရဘူးသေး၊ မတွေ့ရဘူးသေးတဲ့အပိုင်း၊ ၂-ပိုင်းပေါ့၊ နောက်ပြီးတော့လဲ အသက်ရှူခြင်းဟာ ကိုယ်ခန္ဓာရဲ့ လုပ်ကိုင်မူတွေထဲမှာ နှစ်မျိုးစလုံးလုပ်တဲ့ လုပ်ကိုင်မူဖြစ်ပါတယ်။ ယောဂီတို့က လုပ်စေချင်သလို စေခိုင်းသလို ယောဂီတို့သဘောအတိုင်း အလုပ်လုပ်နိုင်ပါတယ်။ ယောဂီတို့က မစေခိုင်းဘဲ ယောဂီတို့ရဲ့သဘောအရ မဟုတ်ဘဲနဲ့လည်း အလုပ်လုပ်နိုင်ပါတယ်။

ဥပမာ - ယောဂီက မြန်မြန်အသက်ရှူစေချင်တယ်ဆိုရင် မြန်မြန်ရှူလို့ရပါတယ်။ နှေးနှေးရှူစေချင်တယ် ဆိုရင်လည်း နှေးနှေး ရှူလို့ရပါတယ်။ အသက်ရှူတာကို မိနစ်ဝက်လောက် ရပ်စေချင်တယ်ဆိုရင်လည်း ရပ်နိုင်ပါတယ်။ ဒီတော့ ယောဂီရဲ့ဆန္ဒအတိုင်း၊ ယောဂီအမိန့် ပေးသလို အသက်ရှူနိုင်ပါတယ်။ ယောဂီက ဘယ်လိုမှ ဆန္ဒမရှိဘူး၊ ဘာအမိန့်မှ မပေးဘူးဆိုရင်လည်း သူ့ဘာသာသူ သူ့သဘာဝအလျောက် ၀င်သက်ထွက်သက်ရှူပြီး နေတာပါပဲ။ ဒီတော့ အသက်ရှူတာဟာ စိတ်ရဲ့ ရည်ရွယ်ချက်နဲ့လည်း ရှူလို့ရပါတယ်။ ရည်ရွယ်ချက်မရှိဘဲနဲ့လည်း ရှူလို့ရပါတယ်။ နည်း ၂-မျိုးစလုံးနဲ့ ရှူလို့ရပါတယ်။

ယောဂီတို့ဟာ မိမိတို့ရဲ့ စိတ်ဆန္ဒရှိသလို လုပ်ကိုင်နိုင်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သတိရှိနေပါတယ်။ ဒါပေမယ့် သူတို့သဘာဝအတိုင်း၊ သူတို့ဟာသူတို့ သူ့အလိုလို လုပ်ကိုင်နေတဲ့ ခန္ဓာအစိတ်အပိုင်းများကိုတော့ သတိရှိမနေကြပါဘူး။ ဒီနှစ်မျိုးအကြားမှာ ၀င်သက်ထွက်သက် အသက်ရှူခြင်းက ကွင်းဆက်အဖြစ်နဲ့ ဆက်သွယ်ပေးပါလိမ့်မယ်။ ၀င်သက်ထွက်သက်ရဲ့ အကူအညီနဲ့ ယောဂီတို့က မိမိတို့မသိဘူးသေးတဲ့ မခံစားရသေးတဲ့ နယ်မြေများကို ပိုပိုပြီးနက်သထက် နက်ရိုင်းစွာ သိရှိလာကြပါလိမ့်မယ်။

ဒီကမ္မဋ္ဌာန်းနည်းတစ်ခုလုံးကတော့ သိပြီးတွေ့ပြီး နယ်မြေကနေ မသိဘူး မတွေ့ဘူးသေးတဲ့ နယ်မြေထဲကို ပြောင်းရွေ့သွားဖို့ပါပဲ။ မသိဘူး မတွေ့ဘူးသေးတဲ့ အပိုင်းတွေဟာ တဖြည်းဖြည်းနဲ့ သိဖူးတွေ့ဖူး ဖြစ်လာကြပါလိမ့်မယ်။ ဒီလိုနဲ့ နောက်ဆုံးကျတော့ ရုပ်ခန္ဓာ အပိုင်းတစ်ခုလုံးဟာ မသိဘူးသေးတာ မတွေ့ဘူးသေးတာရယ်လို့ ဘာတစ်ခုမှ မရှိတော့ပါဘူး။ ဒီလိုပါပဲ၊ စိတ်အပိုင်းမှာလည်း မတွေ့ဘူး၊ မသိဘူးသေးတာတွေ တစ်ခုမှ မရှိပါဘူး။

ဒီကမ္မဋ္ဌာန်းနည်းတစ်ခုလုံးဟာ သိပြီးသားကနေ မသိသေးတာကို တွေ့ဖူးပြီးသား ကနေ မတွေ့ဘူးသေးတာကို သွားတဲ့လမ်းဖြစ်ပါတယ်။ ကြမ်းတမ်းကနေ သိမ်မွေ့သိမ်မွေ့လာပြီး အလှမ်းတိုင်း အလှမ်းတိုင်းဟာ ပိုမိုသိမ်မွေ့လာတာ ဖြစ်ပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ခန္ဓာကိုယ်ရဲ့အကြောင်းကို မသိကြ

လူတွေဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်ရဲ့အကြောင်းကို သိပ်မသိကြပါဘူး။ တချို့ကတော့ စာအုပ်တွေဖတ်လို့၊ တရား ဟောတာတွေကို နားထောင်လို့ အတော်များများ သိကြပါလိမ့်မယ်။ ဒီအသိဟာ ဦးနှောက်ဉာဏ်အသိမျှသာပါပဲ။ စာတွေ့အသိပါ၊ ကိုယ်တိုင်လက်တွေ့ခံစားပြီး သိရတဲ့ ငါတွေ့အသိတော့ မဟုတ်ပါဘူး။

ဥပမာ - ခြေတို့ လက်တို့ မျက်စိတို့ အစရှိတဲ့ အပြင်ပမှာရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဘယ်လိုလုပ်ကိုင်ကြတယ်ဆိုတာကို ကိုယ်တွေ့အနေနဲ့ သိရှိနိုင်ကြပါတယ်။ သူတို့ကတော့ ယောဂီတို့ အလိုရှိသလို၊ ယောဂီတို့ ဆန္ဒအတိုင်း ယောဂီတို့ ညွှန့်ကြားချက်အတိုင်း လိုက်နာ လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့် အတွင်းမှာရှိတဲ့ အသည်း၊ နှလုံး၊ အဆုတ်အစရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း အများကြီး ရှိကြပါသေးတယ်။ သူတို့ကတော့ ယောဂီတို့စိတ်ကြိုက် ယောဂီတို့ အလိုရှိသလို အလုပ်မလုပ်ကြပါဘူး။ သူတို့သဘာဝအတိုင်းပဲ လုပ်ကိုင်နေကြတာပါပဲ။ ယောဂီတို့စိတ်ကြိုက် လုပ်စေချင်သလို မလုပ်ကြပါဘူး။


ဒီလိုခန္ဓာကိုယ်အစိတ်အပိုင်း အကြီးကြီးတွေကို မဆိုထားပါနဲ့ဦး၊ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အင်မတန် သေးငယ်တဲ့ ပရမာဏုမြူလေးတွေ သူတို့ထက် သေးငယ်သေးတဲ့ ရုပ်ကလာပ် ကလေးတွေဟာလည်း ခဏမစဲ တစ်ချိန်လုံး မရပ်မနား ဖြစ်ပျက်နေကြတာပါပဲ။ ကိုယ်က ဖြစ်စေချင်သလို ဖြစ်နေတာ မဟုတ်ပါဘူး၊ ရုပ်ကလာပ်ကလေးတွေ ဘာဖြစ်နေတယ်ဆိုတာကို ကိုယ်တွေ့ခံစားတွေ့ထိသိရှိရတဲ့အနေ နဲ့ဆိုရင် လူတွေအတော်များများဟာ ဘာမှ မသိကြပါဘူး။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ထွက်သက်ဝင်သက်ကိုရူခြင်းဖြင့်

လူတွေဟာ မိမိတို့ရဲ့ ကိုယ်အတွင်းမှာ ကိန်းအောင်းနေတဲ့ အမှန်တရားတွေကို သိရှိနိုင်ဖို့ရာ သဘာဝက အင်မတန် အဖိုးတန်တဲ့ တန်ဆာပလာတွေကို သိရှိနိုင်ဖို့ရာ သဘာဝက အင်မတန် အဖိုးတန်တဲ့ တန်ဆာပလာ ပေးထားပါတယ်။ အဲဒီတန်ဆာပလာကတော့ ထွက်သက် ၀င်သက်ပါပဲ။ ငါ ငါ ငါ့ဟာ ငါ့ဟာ-လို့ ပြောနေတဲ့ လူတွေရဲ့ ရုပ်ခန္ဓာကိုယ်ကာယ အစိတ်အပိုင်းနဲ့ သက်ဆိုင်တဲ့ အမှန်တရားကို စူးစမ်းရှာဖွေ ဖို့ရာမှာ အသုံးပြုဖို့ရာ ဖြစ်ပါတယ်။

ဒီခန္ဓာကိုယ်အဆောက်အအုံကြီးကို ငါလို့ အသိအမှတ်ပြုပြီး သိပ်ပြီး ငြိတွယ်မူတွေ ပွားပြီးတော့ ဒီတွယ်တာမူတွေကြောင့် ဆင်းရဲဒုက္ခတွေ၊ စိတ်သောကတွေ အင်မတန် ဖြစ်စေပါတယ်။ ဒီအတိုင်းပါပဲ။ ငါ ငါ ငါ့ဟာ ငါ့ဟာလို့ ပြောဆိုပြီးနေတဲ့ စိတ်ပိုင်းရဲ့ အဆောက်အုံကြီးရဲ့ အမှန်တရားကိုလည်း စူးစမ်းရှာဖွေတတ်ဖို့ရာ လိုပါတယ်။ ဒီအတွက်ကြောင့် သဘာဝ ၀င်သက်ထွက်သက် သန့်သန့်တစ်ခုတည်းကိုသာ ရူနေဖို့ပါပဲ။ အဲဒီလိုရူတဲ့အခါမှာ ရုပ်တရာ၊ နာမ်တရားတို့ရဲ့ အမှန်တရားကို အဟုတ်တကယ် ဖြစ်ပျက်နေတဲ့အတိုင်း သိလာကြပါလိမ့်မယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဘ၀အသက်ရှင်နည်း

အခုကမ္မဋ္ဌာန်းနည်းကတော့ ဘ၀အသက်ရှင်နည်း၊ ဘယ်လို အေးချမ်းစွာနေထိုင် ရမယ်၊ သူများတွေနဲ့လည်း ခင်ခင်မင်မင် သင့်သင့်မြတ်မြတ် နေထိုင်ပေါင်းသင်းဆက်ဆံ ရမယ်ဆိုတဲ့ နည်းပါပဲ။ ဒီနည်းဟာ သဘာဝရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးနည်း၊ ကျန်းမာချမ်းသာစေတဲ့နည်း ဖြစ်ပါတယ်။

နောက်ထပ် အကုသိုလ်တွေ မပွားတော့ဘဲ ဘ၀ဘ၀က ပါလာတဲ့ အကုသိုလ်အစုအပုံတွေကို ဖြေရှင်းပစ်ကြဖို့ပါပဲ၊ စိတ်ထဲမှာနောက်ထပ် အထုံးအသစ်တွေ အထုံးတော့ဘဲ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးအပိုင်းထဲမှာရှိတဲ့ အရင့်အရင်က ထုံးထားခဲ့တဲ့ အထုံးအဟောင်းတွေကို ဖြေပစ်ကြဖို့ပါပဲ။ ဒါတွေအတွက် ၀င်သက်ထွက်သက်ကို ရူမှတ်ဖို့ရာက အင်မတန်လိုအပ်ပါတယ်။


ဒီနည်းဟာ ယောဂီတို့ရဲ့ အမှန်တရားကို ရှာဖွေစုံစမ်းဖို့ရာ ဖြစ်ပါတယ်။ အမှန်တရားကို သိနားလည်ဖို့ဖြစ်သလို မိမိကိုယ်ကို မိမိသိနားလည်ဖို့လည်း ဖြစ်ပါတယ်။ မိမိရဲ့တကယ် ဖြစ်ပျက်နေတဲ့ အမှန်တရားကို မိမိကိုယ်တိုင် မိမိရဲ့ကိုယ်အတွင်းမှာ ရှာဖွေစူးစမ်းဖို့ပါပဲ။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

စိတ်မချမ်းမသာဖြစ်ကြ

လူတွေဟာ ကိုယ်မကြိုက်တာတွေ၊ ကိုယ်မဖြစ်စေချင်တာတွေ ဖြစ်ကြရပြီဆိုရင် စိတ်ထဲမှာ ကြိုးထုံးတွေထုံးကြ၊ သောကတွေများကြ အကုသိုလ်တွေဖြစ်တဲ့ ဒေါသတွေ၊ မုန်းတီးမူတွေ၊ မကောင်းတဲ့စိတ်တွေ၊ ရန်လိုမူတွေ ပွားကြပါတယ်။


ကိုယ်ကြိုက်တာ၊ ကိုယ်ဖြစ်စေချင်တာတွေမဖြစ်ဘူး၊ အနှောက်အယှက်တွေပေါ်တယ် ဆိုပြန်ရင်လဲ ဒီလိုပါပဲ။ စိတ်ထဲမှာ အကုသိုလ်စိတ်တွေပွားကြပြီး၊ စိတ်မချမ်းသာ ဖြစ်ကြပါတယ်။ လူတွေရဲ့ တစ်သက်တာမှာ မဖြစ်ချင်တာတွေတော့ ဖြစ်၊ ဖြစ်စေချင်တာတွေကျတော့ တစ်ခါတစ်ရံတော့ဖြစ်ပါရဲ့၊ မဖြစ်တာကများပါတယ်။ ဒီလိုနဲ့ကြိုးထုံးတွေ၊ တစ်ထုံးပေါ် တစ်ထုံး ဆင့်ဆင့်ပြီး စိတ်ဓာတ်ကြီး တစ်ခုလုံးဟာ ဖြေလို့မရတဲ့ အထုံးတွေ၊ အထွေးတွေ အပြည့်နဲ့၊ စိတ်မငြိမ်သက်မူ၊ စိတ်အနှောက်အယှက်တွေ အပြည့်နဲ့၊ ဆင်းရဲမူတွေအပြည့်နဲ့ အစိုင်အခဲအထုပ်အပိုးကြီး ဖြစ်လာပါတယ်။


အခုလို အကုသိုလ်တွေပွားပြီး ဆင်းရဲမူတွေကို ခံစားလာရတဲ့ အခါများမှာ ဒီအကုသိုလ်တွေ၊ စိတ်ဆင်းရဲမူတွေကို ကိုယ့်ဟာကိုယ် ထိန်းသိမ်းပြီး တားဆီးပြီး မထားနိုင်ကြပါဘူး။ ကိုယ့်သောကတွေကို သူများတွေအပေါ်မှာ လျှောက်ပြီးပုံပစ်တတ်ကြပါတယ်။ ဝေငှကြပါတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်အားလုံးဟာလဲ သောက စိတ်တွေ အပြည့်နဲ့ပါပဲ။


ဒီလိုအချိန်အခါများမှာ သူတို့နဲ့ ထိခိုက်ဆက်သွယ်မိတဲ့သူတွေဟာလဲ စိတ်မချမ်းမသာ ဖြစ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ဘ၀လို့ မဆိုနိုင်ပါဘူး။ ကိုယ့်ကိုကိုယ် စိတ်ဆင်းရဲအောင်လုပ်၊ သူများကိုလည်း စိတ်ဆင်းရဲအောင်လုပ်၊ ဒီလိုအသက်ရှင်ရတာဟာ စိတ်ချမ်းသာမှာလည်း မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။