ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 23 March 2012

ကမ္မဋ္ဌာန်းနည်းသစ်


မိမိတို့ရဲ့ ရုပ်နာမ်တရားကို သိရှိဖို့ရာဖြစ်တဲ့ လမ်းမှန်အတွက် အင်မတန်အရေးကြီးတဲ့ ခြေလှမ်းပါပဲ။ ဒီကမ္မဋ္ဌာန်းနည်းဟာ ယောဂီတွေ တော်တော်များများအတွက် အရင်က မကျင့်ခဲ့ဖူးတဲ့ နည်းသစ်ဖြစ်နေတော့ စိတ်ထဲမှာ မရှင်းလင်းတာတွေ၊ မေးချင်တာတွေ ရှိချင်ရှိကြပေလိမ့်မယ်။ ဒါတွေကို အခုရှင်းလင်းပစ်ရင် ကောင်းပါတယ်။


ခန္ဓာကိုယ်ကို အစီအစဉ်အတိုင်းရူဖို့လို
မေးနေကြမေးခွန်းတစ်ခုကတော့ “ဘာကြောင့် ငယ်ထိပ်ကနေ ခြေဖျားအထိ အစီအစဉ်ကို လိုက်ရူရပါသလဲ၊ ဒီအစီအစဉ်နဲ့ပဲ ရူရမှာလား။ တခြားအစီအစဉ်နဲ့ရော မရူနိုင်ဖူးလား” မှန်ပါတယ်။ အစီအစဉ်နဲ့ ရူဖို့ရာက အရေးကြီးပါတယ်။ အခုပြောပြထားတဲ့ အစီအစဉ်နဲ့သာ မဟုတ်ပါဘူး။ ဘယ်အစီအစဉ်နဲ့ပဲရူရူ ယောဂီတို့ ကြိုက်သလို ကြိုက်တဲ့အစီအစဉ်မျိုးနဲ့ ရူနိုင်ပါတယ်။ အရေးကြီးတာကတော့ ကိုယ်ခန္ဓာတစ်ခုလုံး ဘယ်နေရာမှာမှ မကျန်ရစ်ခဲ့ရအောင် အစီအစဉ်နဲ့ ရူခိုင်းတာပါ။ ဒါကြောင့် အစီအစဉ်နဲ့ ရူဖို့ရာလိုပါတယ်။

အစီအစဉ်နဲ့မရူပဲ ဟိုကနေ ဒီပြောင်းပြီး ဟိုကနေဒီခုန်ပြီး ရူနေရင်တော့ ကိုယ်အပိုင်းတွေ အများကြီး မရူဘဲ လွတ်ပြီးမှ ကျန်ရစ်ခဲ့တတ်ပါတယ်။ ဒီလိုမရူဘဲ ကျန်ရစ်ခဲ့တဲ့အပိုင်းတွေဟာ ကန်းနေတဲ့ အပိုင်းတွေ ဖြစ်နေပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

နာမ်ခန္ဓာဖြစ်ပျက်ကို ရှာဖွေစူးစမ်း


နောက်နာမ်ခန္ဓာအစိတ်အပိုင်းရဲ့ တကယ့်အဖြစ်အပျက်တွေကို ရှာဖွေစူးစမ်းနိုင်ပါတယ်။ တစ်ခါမျက်စိပိတ်ပြီး စိတ်ဆိုတာဘာလဲလို့ အာရုံပြုတဲ့အခါ စိတ်ရဲ့အကြောင်း ကြားဖူးတာတွေ၊ ဖတ်ဖူးတာတွေ ပေါ်လာပါလိမ့်မယ်။ ဒီဟာ စိတ်ကို တကယ်အမှန် သိရ တွေ့ရသေးတာတော့ မဟုတ်ပါဘူး။ စိတ်ဆိုတာ ဘာလဲဆိုတာကို သိဖို့ရာမှာ စိတ်ပေါ်မှာ တစ်ခုတစ်ခုပေါ်လာမှ သိနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ လက်တွေ့မခံစား မသိရှိနိုင်ပါဘူး။





ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုအပေါ်မှာ ဝေဒနာတစ်ခုပေါ်လာမှ ကိုယ်ခန္ဓာအစိတ်အပိုင်းက လက်ခံတွေ့ထိ ခံစားနိုင်သလိုပါပဲ။ စိတ်မှာလည်း အကြံအစည်တစ်ခုခု၊ စိတ်ခံစားရမူ တစ်ခုခု ကောင်းတဲ့ စိတ်စေတနာပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အကုသိုလ်စိတ်ပဲဖြစ်ဖြစ် ပေါ်လာမှ သိနိုင်မှာ ဖြစ်ပါတယ်။ နာမ်တရားကို စူးစမ်းဖို့ရာအတွက် စိတ်မှာပေါ်လာတာတွေကို ဓမ္မလို့ ခေါ်ပါတယ်။ ဒီပေါ်လာတဲ့ ဓမ္မတွေက အရေးကြီးပါတယ်။

ရုပ်တရားအတွက်ကတော့ ဝေဒနာတွေက အရေးကြီးပါတယ်။ ရူတဲ့အခါမှာတော့ အာတာပီ သမ္ပဇာနော သတိမာ၊ တွေ့ထိ ခံစားမူတွေကို ကွဲကွဲပြားပြားသိတဲ့ ဆင်ခြင်စူးစမ်းနိုင်တဲ့ ဉာဏ်အသိနဲ့ သတိရှိရှိ သတိမြဲမြဲနဲ့ ရူဖို့ရာ လိုပါတယ်။ သမ္ပဇဉ်ဉာဏ်ဆိုတာကတော့ စိတ်နဲ့ရုပ်တို့ရဲ့ သဘောသဘာဝကို အပြည့်အစုံ သိခြင်းပါပဲ။ခံစားမူဝေ၏နာအဆင့်ကို ရောက်တော့မှ ဝေဒနာကို ကိုယ်တွေ့ လက်တွေ့ ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဝေဒနာကိုတော့ ကိုယ်တွေ့ မခံစားနိုင်ရင် သတိပဋ္ဌာန်းအားထုတ်တယ်လို့ မဆိုနိုင်ပါဘူး။ မြတ်စွာဘုရားဟာ နာမ်တရားကို ဆက်လက်ပြီး စူးစမ်း ရှာတွေ့တဲ့အခါကျတော့ ရုပ်နဲ့နာမ်ဟာ တွဲပြီးရှိနေတယ်။ သီးခြား ခွဲခြားလို့ မရဘူးဆိုတာဟာ ရှင်းလင်းလာပါတယ်။ စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ်၊ အကြံအစည် တစ်ခုပဲဖြစ်ဖြစ် စိတ်ခံစားမူ တစ်ခုဖြစ်ဖြစ် မေတ္တာစိတ်၊ ကရုဏာစိတ်၊ ကုသိုလ်စိတ်ပဲဖြစ်ဖြစ် မကောင်းတဲ့ အကုသိုလ်စိတ်ပဲဖြစ်ဖြစ် တစ်ခုခုပေါ်လာရင် တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ရုပ်ပေါ်မှာလည်း ဝေဒနာတစ်ခု ပေါ်လာပါတယ်။

“သဗ္ဗေ ဓမ္မာ ဝေဒနာ သမောသရဏာ”လို့ မိန့်တော်မူပါတယ်တဲ့။ မြတ်စွာဘုရားရဲ့ ဉာဏ်တော် အလင်းပါပဲ။ “ခပ်သိမ်းကုန်သော သဘောတရားတို့သည် ဝေဒနာနှင့် ပေါင်းဆုံကုန်၏” မိန့်တော်မူပါတယ်တဲ့၊ စိတ်ထဲမှာ ဖြစ်ပေါ်လာသမျှတို့ဟာ ကိုယ်ခန္ဓာပေါ်မှာ ဝေဒနာအဖြစ်နဲ့ ပေါ်လာတယ်ဆိုတဲ့ သဘာဝတရား၊ သစ္စာတရားကို သိရှိတော်မူပါတယ်။

ဒါကြောင့် ယောဂီတို့ဟာ ဝေဒနာကို မတွေ့ထိ မခံစားနိုင်ဘူးဆိုရင် ရုပ်နာမ် ၂-ပါးရဲ့ အမှန်တရားကို မသိရှိနားမလည် နိုင်သေးပါဘူး။ မဟုတ်ရင်တော့ စိတ်ရဲ့အပေါ်ယံအပိုင်းကိုသာ ခံစားနေတာဖြစ်ပြီး အတွင်းပိုင်းမှာရှိတဲ့ အမှန်တရားကိုတော့ မရောက်နိုင်သေးပါဘူး။ ဒါကြောင့် မြတ်စွာဘုရားက ကိုယ်ခန္ဓာရဲ့ ထိတွေ့မူ ခံစားရမူ ဝေဒနာကို အထူးအရေးပေးပြီး ဟောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သတိပဋ္ဌာန်းတရားပါပဲ။

ယောဂီတို့ အခုစပြီး ကျင့်သုံးနေကြတာဟာလဲ ဒါပါပဲ။ ဝေဒနာကို ဒီမျှလောက် အရေးပေးထားတာ ဖြစ်ပါတယ်။ ယောဂီတို့ဟာ စိန္တာမယဉာဏ်နဲ့ စိတ်ရဲ့ အပေါ်ယံပိုင်းလေးမှာတင် မဟုတ်တော့ဘဲ အတွင်းဆုံးအပိုင်းထိရောက်ပြီး နာမ်တရားစုတစ်ခုလုံးအတွင်းရော အပြင်ရောကိုယ်တွေ့တွေ့ပြီး ကမ္မဋ္ဌာန်းလုပ်ငန်းကို ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ယောဂီတို့ဟာ မိမိတို့ရဲ့ တစ်သက်တာအတွင်းမှာ အရေးအကြီးဆုံး ခြေလှမ်းကို လှမ်းခဲ့ကြရပါပြီလို့ ပြောတာပေါ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဝေဒနာကို ခံစားနိုင်မှ ခန္ဓာကို စူးစမ်းနိုင်


မျက်စိပိတ်ပြီး ခေါင်းကို စိတ်ကူးကြည့်လိုက်လို့ရှိရင် ဒါဟာ ခေါင်းပဲလို့သိဖို့ရာဟာ ကိုယ်တိုင်ခေါင်းကို ထိတွေ့နိုင်မှသာ သိမှာပါ။ ဒါကြောင့် ခေါင်းဖြစ်ပေါ်နေတဲ့ ဝေဒနာကို ခံစားဖို့ရာ သိဖို့ရာလိုပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံးပေါ်မှာလဲ ကိုယ်ပေါ်မှာ ဖြစ်ပျက်နေတဲ့ ဝေဒနာတွေကို ခံစားနိုင်မှ ခန္ဓာကို စူးစမ်းနိုင်မှာပေါ့။ ဝေဒနာတွေကို လက်တွေ့ခံစားနိုင်မှ ဒါဟာ ငါ့ခေါင်း၊ ဒါဟာ ငါ့ကိုယ်ရယ်လို ထိတွေ့ သိရှိနိုင်မှာပေါ့။



ဒီအခါကျတော့မှ ဦးနှောက်ဉာဏ်အသိနဲ့သာ မဟုတ်ဘဲ စိတ်ကူးယဉ်တာ စိတ်ကစားတာတွေ မဟုတ်တော့ဘဲ တကယ်ဖြစ်ပျက်နေတာကို စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းနဲ့ ထိတွေ့ပြီး သိရတယ်၊ စိတ်ရဲ့ အနက်ရိုင်းဆုံး အပိုင်းဟာ အမြဲပဲ ခန္ဓာကိုယ်ပေါ်မှာ ခံစားရတဲ့ ဝေဒနာတွေနဲ့ ဆက်သွယ်နေတဲ့အတွက် ယောဂီဟာ ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာကို တွေ့ထိခံစားရပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သတိပဋ္ဌာန်းနည်းတွေ့


စိတ်အပြင်ပိုင်း အပေါ်ယံအပိုင်းမှာတော့ ကိလေသာတွေ မတွေ့ကြရတော့ အညစ်အကြေးတွေ ကိလေသာတွေ အကုန်အစင် ကုန်စင်ပြီလို့ အောက်မေ့နေတတ်ကြပါတယ်။ ဒါပေမယ့် ကိလေသာအမြစ်တွေက မပြတ်သေးပါဘူး။ ရှိနေပါသေးတယ်။ ကံကောင်းထောက်မလို့ မြတ်စွာဘုရား ကိုယ်တော်တိုင် အတွက်ရော ဒုက္ခနယ်ထဲက လူတွေအတွက်ရော မြတ်စွာဘုရားက စိတ်ရဲ့ အတွင်းအနက်ဆုံး အပိုင်းကို ရောက်နိုင်တဲ့ ကမ္မဋ္ဌာန်းနည်းကို တွေ့ရှိခဲ့ပါတယ်။



ဒဿနဆိုင်ရာ စိတ်ပညာအတတ်တွေ ယုံကြည်မူ၊ ကိုးကွယ်မူ၊ ဆည်းကပ်မူတွေ အားလုံးကို ဘေးဖယ်ထားပြီး အမှန်တရား သစ္စာတရားကိုသာ ရှာဖွေစူးစမ်းခဲ့ပါတယ်။ ဦးနှောက်ကို အသုံးပြုပြီး မှတ်လာတဲ့ အသိဉာဏ်တွေ ၀ါဒတွေက ဘယ်လောက်ပဲ ကောင်းကောင်းမှန်မှန် သူတို့ဟာ အပေါ်ယံ စိတ်ချမ်းသာမူလေးလောက်သာ ပေးစွမ်းနိုင်ပြီး အတွင်းဆုံးအပိုင်းကိုတော့ မပေးစွမ်းနိုင်ကြပါဘူး။ လိုအပ်တဲ့အဖြေကို မပေးစွမ်းနိုင်ကြပါဘူး။


ဒီလိုနဲ့ မြတ်စွာဘုရားက သတိပဋ္ဌာန်းနည်းကို တွေ့ရှိလာပါတယ်။ ခန္ဓာရုပ်ပိုင်းရဲ့ အမှန်အဖြစ်အပျက်တွေကို သစ္စာတရားကို သိရှိဖို့ရာမှာ ယုံကြည်ချက်တွေ၊ စိတ်ကူးတွေမပါဘဲနဲ့ သိပ္ပံပညာရှင်တစ်ဦးလိုပဲ အမှန်တရားကို ရှာဖွေခဲ့ပါတယ်။ ဒီခန္ဓာကိုယ်၊ ဒီရုပ်ဟာ ဘာလဲဆိုတာကို ခြေဆုံးခေါင်းဆုံး ကိုယ်တွေ့အသိနဲ့ ရှာဖွေခဲ့ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Thursday 22 March 2012

စတုတ္ထနေ့ ဓမ္မဒေသနာ


အဓိကလမ်းစဉ်ကြီး

တရားပတ်မှာ ၄-ရက်တော့ ကုန်ဆုံးသွားပါပြီ။ ဆက်လက်ပြီး တရားအားထုတ်ဖို့ရာ နောက်ထပ် ၆-ရက်သာပဲ ကျန်ပါတော့တယ်။ စတုတ္ထနေ့ဟာ အင်မတန်အရေးကြီးတဲ့နေ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃-ရက်ခွဲက အားထုတ်ပြီး ကျင့်လာတာတွေဟာ ဒီကနေ့အတွက် ကြိုတင်ပြင်ဆင်မူသာ ဖြစ်ပါတယ်။ ကနေ့ကစပြီး ကျင့်သုံးကြရမယ့် ၀ိပဿနာကမ္မဋ္ဌာန်း နည်းဟာဖြင့် ကိလေသာ အညစ်အကြေးတွေက လုံးဝလွတ်မြောက်ရန်အတွက် အဓိကလမ်းစဉ်ကြီး ဖြစ်ပါတယ်။


ဒီလမ်းစဉ်ဟာ အင်မတန်ရှေးကျတဲ့ လမ်းစဉ်ဖြစ်ပြီး ဂေါတမမြတ်စွာဘုရားက နှစ်ပေါင်း ၂၅၀၀-ကျော်က ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယောဂီတွေ တော်တော်များများဟာ ဓမ္မဂင်္ဂါ=အမှန်တရားရဲ့ ဂင်္ဂါမြစ်ကြီးထဲမှာ ပထမဦးဆုံးအကြိမ် နစ်မြုပ်ခြင်းဖြစ်ပြီး လမ်းမှန်ဘက်ကိုစပြီး ခြေလှမ်းလှမ်းကြခြင်း ဖြစ်ပါတယ်။ လူတွေဟာ မွေးစမျက်စိနှစ်လုံးဖွင့်တဲ့ အချိန်ကစပြီး အမြဲပဲ အပြင်လောကကိုသာ ကြည်ရူလေ့လာနေကြပါတယ်။ အင်မတန်အရေးကြီးတဲ့ အတွင်းအဇ္ဈတ္တသန္တာန်ကိုတော့ မကြည့်မိကြပါဘူး။ ဒီတော့ အတွင်းလောကဟာ လစ်ဟင်းနေပြီး ကိုယ့်အဖြစ်မှန်ကို ကိုယ်မသိခြင်း ဖြစ်နေကြပါတယ်။

အမိုက်မှောင်ကြီး ဖုံးလွှမ်းနေပါတယ်။ အပြင်လောကမှာရှိတဲ့ အမြင်မှားတွေ အတုအယောင်တွေကိုသာ အရေးပေးပြီးတော့ စိတ်ကိုပုံမှားတွေ သွင်းနေခဲ့ပါတယ်။ ဒီတော့ စိတ်ဟာ အမြင်မှားတွေအပြည့်နဲ့ စွဲကပ်နေတတ်ပြီး အမှန်တရားအဖြစ်မှန်တွေကိုတော့ မသိနားမလည် ဖြစ်နေကြပါတယ်။ ပုဂ္ဂိုလ်တစ်ဦးဟာ မျက်စိပိတ်ပြီးတော့ အတွင်းလောကဖြစ်တဲ့ မိမိရဲ့စိတ်ကို ရူနေလေ့ကျင့်နေမယ်ဆိုရင်တောင်မှ ရူမှတ်နည်း လေ့ကျင့်နည်း မမှန်ရင် အမြင်မှန်တရား သစ္စာတရားနဲ့ ဝေးနေပါသေးတယ်။ စိတ်ကူးနေပြီး အာရုံပြုနေပေမယ့်လို့ တကယ့်အတွေ့အကြုံ မဟုတ်တော့ သစ္စာတရားကို လက်တွေ့သိရှိပြီး မခံစားနိုင်ပါဘူး။ စိတ်ကူးသက်သက်မျှသာပါပဲ။ လူတွေဟာ ပုံသဏ္ဌာန် တစ်ခုခုကို စိတ်ကူးနဲ့ မြင်နေရပါတယ်။

ဂါထာမန္တရားတို့ကို ရွတ်ဖတ်နေကြပါတယ်။ သဘာဝမဟုတ်ဘဲ လိုင်းကလေးတွေ ဖန်တီးနေကြပါတယ်။ ဒါပေမယ့် မိမိတို့ခန္ဓာနဲ့သက်ဆိုင်တဲ့ တကယ့်အမှန်သဘာဝ အဖြစ်အပျက်တွေ သဘာဝ လိုင်းသဘောတွေ တုန်ခါမူတွေကို သိဖို့ရာ ကြိုးစားကြပါ။ ကျင့်ရမယ့်လမ်းစဉ်ကြီးက ရှည်လျားလှပေမယ့် အခုယောဂီတို့ဟာ ဒီလမ်းမှန်ဘက်ကို ပထမဦးဆုံး ခြေလှမ်းစပြီး လှမ်းကြပါပြီ။ ဒါအင်မတန် ကောင်းလှပါတယ်။ မိမိတို့ရဲ့ အတွင်းလောကကို အားလုံး ကုန်စင်သိကြဖို့ရာ ခရီးကအရှည်ကြီး အချိန်တွေက အများကြီး လိုပါလိမ့်မယ်။ အစကတော့ ကောင်းလာပါပြီ အနှာင်းသေချာဖို့သာ လိုပါတော့တယ်။

ဒါပေမယ့် ခရီးက ဘယ်လောက်ပဲဝေးဝေး အဝေးဆုံးခရီးဟာလဲ ပထမဦးဆုံး ခြေလှမ်းနဲ့ စကြရတာပါပဲ။ ဒီမှန်ကန်တဲ့လမ်းစဉ်ပေါ်မှာ မှန်တဲ့ဘက်ကို ပထမဆုံးခြေလှမ်း လှမ်းကြပြီဆိုရင်တော့ ဒီပုဂ္ဂိုလ်ဟာ ဒုတိယခြေလှမ်း တတိယခြေလှမ်းတွေ ဆက်ပြီးလှမ်းကြတော့မှာပဲဆိုတာကို မျှော်လင့်ချက်ရှိပါတယ်။ ပြီးတော့ပုဂ္ဂိုလ်ဟာ တစ်လှမ်းပြီးတစ်လှမ်း တစ်လှမ်းပြီးတစ်လှမ်းနဲ့ နောက်ဆုံးပန်းတိုင် ဖြစ်တဲ့ဘ၀ လွတ်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါလိမ့်မယ်။

နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင်လို့ ပို့ဆောင်တဲ့ လမ်းမှန်ကို လျှောက်ရမှာဖြစ်တာမို့ အင်မတန်အရေးကြီးတဲ့ အင်မတန်အဖိုးတန်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဒီသစ္စာတရားဟာ ယောဂီတို့ ကိုယ်တိုင် မိမိတို့ရဲ့ အတွင်းအဇ္ဈတ္တမှာရှိတဲ့ အမှန်တရားကို ကိုယ်တွေ့လက်တွေ့ ခံစားကြရမှာ ဖြစ်ပါတယ်။

ဒဿနအနေနဲ့ သိရတာမျိုး တွေးတောကြံစည်ရတဲ့ ဦးနှောက်အသိဉာဏ်နဲ့ ဆင်ခြင်တုံပညာလဲ မဟုတ်ပါဘူး။ ကိုးကွယ်ဆည်းကပ်တဲ့အနေနဲ့ ယူရတာမျိုးလဲ မဟုတ်ပါဘူး။ အဲဒါတွေဟာ တကယ့် အမှန်သစ္စာတရားတော့ မဟုတ်ကြပါဘူး။ မြတ်စွာဘုရားရဲ့ တွေ့ကြုံမူကတော့ စိတ်ကူးတွေ ဦးနှောက်ဉာဏ် ကစားတာတွေ ကိုးကွယ်ဆည်းကပ်တာတွေဟာ စိတ်ရဲ့ အပြင်ပိုင်းကိုသာ သန့်ရှင်းစေပြီး တကယ်တမ်း အကျိုးမဖြစ်ထွန်းစေဘူးဆိုတာ ဖြစ်ပါတယ်။ စိတ်ရဲ့ အတွင်းဆုံး အနက်ရိုင်းဆုံးအပိုင်းကတော့ ဘ၀ဘ၀က သယ်ဆောင်လာခဲ့ကြတဲ့ ကိလေသာအညစ်အကြေးတွေကို သိုလှောင်ထားမြဲ ဖြစ်ပါတယ်။ တိမ်မြုပ်နေတဲ့ အနုသယ ကိလေသာတွေဟာ မီးတောင်များ ငြိမ်းနေရာမှ ပေါက်ကွဲလာသလို အချိန်မရွေး ပေါက်ကွဲနိုင်ကြပြီး ယောဂီတို့ကို ဖိစီးပါလိမ့်မယ်။ လွှမ်းမိုးပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

တိုက်တွန်းချက်နဲ့ဆုပေး


အားလုံးပဲ ကိုယ်တွေ့လက်တွေ့ ဘာဝနာမယပညာကို တက်လှမ်းနိုင်ကြပါစေ။ အနှောင်အဖွဲ့တွေ ဘ၀ဘ၀က စုပေါင်းသိုလှောင်လာခဲ့တဲ့ အကုသိုလ်တွေ ကိလေသာအညစ်အကြေးတွေ အမြင်မှားတွေက ကျော်လွန်လို့ လွတ်မြောက်နိုင်ကြပါစေ။ ဘ၀လွတ်မြောက်ရေးရပြီး တကယ့်အစစ်အမှန်ချမ်းသာ သန္တိသုခ ဓမ္မရသကို ခံစားနိုင်ကြပါစေ။


ဘ၀တုသဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ရူနေကြထက် ကျဉ်းပေး, ငယ်ပေး


ယောဂီတို့ အခုနှားခေါင်းနေရာက သုံးထောင့်နေရာ ငယ်ငယ် ကလေးပေါ်မှာ သေးပေးလိုက်ပါ။ အောက်ခြေနေရာကတော့ အထက် နူတ်ခမ်းရဲ့ အပေါ်မှာပဲထားပါ။ ဒီကနေ နှာခေါင်းအ၀ ၂-ခုမှာထား၊ ဒီနေရာကလေးကိုပဲ အရေးပေးပြီး အာရုံစိုက်ထားပါ။ နှာဝနှစ်ဖက်ကနေပြီး အောက်ကို အပေါ်နူတ်ခမ်းမွှေး နေရာပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို ဂရုစိုက်ပြီး အာရုံပြုနေပါ။


ဒီနေရာက အပြင်မှာဆိုရင်တော့ နှာခေါင်းအတွင်းမှာပဲဖြစ်ဖြစ်၊ နှာခေါင်းအပေါ်မှာပဲဖြစ်ဖြစ် လျစ်လျူရူပြီး ထားလိုက်ပါ။ လုံးဝအရေးမပေးပါနဲ့။ ပြေားထားတဲ့နေရာ လေးအတွင်းမှာဆိုရင်တော့ စိတ်ကို အာရုံစူးစိုက်ပြီး ရူနေပါ။ စိတ်အာရုံဟာ ပိုပိုထက်မြက်လာပြီး ပိုပိုသိမ်မွေ့လာပြီး ပိုပိုပြီးထိတွေ့မူကိုသိရှိ ခံစားနိုင်လာပါလိမ့်မယ်။ မနက်ဖြန်နေ့လယ် ၃-နာရီ ၀ိပဿနာ ပညာစခန်းကို တက်လှမ်းတဲ့အခါမှာ စိတ်ပိုင်းကို နက်နက်ရိုင်းရိုင်း ခွဲစိတ်လာနိုင်ပါလိမ့်မယ်။

ခွဲစိတ်ပြီးတော့ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးမှာရှိတဲ့ အမြစ်တွယ်နေတဲ့ ကိလေသာ အညစ်အကြေးတွေကို ကံဟောင်းတွေ ကံကြွေးတွေကို အစွဲတွေကို အမြစ်ပြတ်ချေမူန်းလိုက်ပြီး ဆင်းရဲဒုက္ခတွေက လွတ်မြောက်လာကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အသုဘကို နားလည်လာခြင်း


အပေါ်ယံအားဖြင့် ကြည့်လိုက်ပြီး လှတယ်လို့ ထင်ရတာတွေဟာ တကယ်အမှန် တရားအသိနဲ့ လှပတာ မဟုတ်ပါဘူး။ ဒီတော့ အသုဘဆိုတာကို နားလည်လာပါတယ်။ ပညာနဲ့ခန္ဓာကို အသေအချာခွဲစိတ်ပြီး အသေးစိတ်ရူတဲ့အခါ တကယ်တွေ့ထိခံစားရမှာ ဖြစ်ပါတယ်။ “အစိုင်အခဲအဖြစ် အခိုင်အမာ အသေအချာ စုပေါင်းထားတဲ့ ခန္ဓာပဲ“လို့ ဖော်ပြထားခြင်းကို မြင်တွေ့နေကြရတာဟာ အမြင်မှားတွေပါပဲ။


ဒီလိုမြင်ရတဲ့ ခန္ဓာကို ခွဲစိတ်လိုက် ဖြိုခွဲလိုက်ပြီး အတွင်းကို စိစစ်လိုက်ရင်တော့ တကယ့်အစစ်အမှန်ဖြစ်တဲ့ အမှန်တရား အဆုံးစွန်သော အမှန်တရားကို ရောက်ရှိလာပြီး ယောင်ယောင်မှားမှားတွေ အမြင်မှားတွေ ပျောက်ကွယ် သွားကြပါလိမ့်မယ်။

ယောက်ျားတစ်ဦးဟာ စုပေါင်းစီမံထားတဲ့ အစိုင်လိုက် အခဲလိုက်ဖြစ်နေတဲ့ မိန်းမတစ်ဦးရဲ့ ကိုယ်ခန္ဓာကို မြင်လိုက်ရင် စိတ်တွေလူပ်ရှားပြီး လှလိုက်တာ ချောလိုက်တာလို့ ဖြစ်လာတတ်ပါတယ်။ မိန်းမကလဲ အစိုင်လိုက် အခဲလိုက် စုပေါင်းစီမံထားတဲ့ ယောက်ျားတစ်ဦးရဲ့ ကိုယ်ခန္ဓာကိုမြင်လိုက်ရရင် ချောတယ် လှတယ်လို့ ဖြစ်မိပါတယ်။

ဒါပေမယ့် ပညာစခန်းမှာ ရင့်သန်လာကြတော့ မြင်ရတွေ့ရတဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်ဝေဖန်လိုက်ရင်တော့ ဘာကလှတာလဲ၊ ဘယ်ကဟာကအလှလဲ၊ ကိုယ်ခန္ဓာတစ်ခုလုံးအနေနဲ့ ပေါင်းစုပြီးနေတဲ့ အခါမှာတော့ လှတာပေါ့။ ကိုယ်အစိတ်အပိုင်း တစ်ခု တစ်ခုဟာ ခန္ဓာကိုယ်ပေါ်ကကျွတ်ပြီး ကွဲပြီး ကျလာတဲ့အခါကျတော့ မလှကြတော့ပါဘူး။ အချောဆုံး အလှဆုံးဆိုတဲ့ ပုဂ္ဂိုလ်တောင် သေဆုံးသွားပြီးရင် အိမ်မှာ ၂၄-နာရီတောင် မထားချင်တော့ပါဘူး။ မြှုပ်လိုက် မီးသဂြိုဟ်လိုက်ရမှာပဲ။ မဟုတ်ရင် ပျက်စီးယိုယွင်းတော့မှာပေါ့။ ပုပ်တော့မှာပေါ့။ သဘာဝဓမ္မပါပဲ။ ဒါနဲ့လူတွေကို အပုပ်ကောင်တွေပဲ ပျက်စီးယိုယွင်းတွေပဲလို့ ရွံမုန်းနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။

တရားက အချင်းချင်းကို မုန်းဖို့ရွံဖို့ ညွှန့်ကြားထားတာမှ မဟုတ်ပါဘဲ။ ကိလေသာ အညစ်အကြေးတွေ ကင်းစင်လာတဲ့အခါ ယောဂီဟာ မေတ္တာကရုဏာတွေ လူတွေအပေါ်မှာ ပိုပြီးပွားများလာဦးမှာ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင် ယောဂီတို့ဟာ မိမိတို့ရဲ့ ကိုယ်ခန္ဓာကို သိရှိနားလည်ရမယ့် အင်မတန်အရေးကြီးတဲ့ စခန်းကို တက်လှမ်းကြရမှာ ဖြစ်ပါတယ်။ ၀ိပဿနာတက်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် မရေမတွက်နိုင်တဲ့ ရုပ်ကလာပ်တွေ အဋ္ဌကလာပတွေကို တွေ့သိခံစားရလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။

အဲဒီစခန်းကို နောက်တော့ရောက်မှာပေါ့။ အစဦးဆုံးမှာတော့ ကြမ်းတမ်းတဲ့ ပြင်းထန်တဲ့ အစိုင်အခဲတွေကိုသာ တွေ့ရပြီး ဒီဟာတွေ ကြေကွဲပြီးတော့ အရည်ပျော်သွားတော့ ပျောက်ကွယ်သွားတဲ့အခါကျတော့ အဆုံးစွန်သော အမှန်တရားကို ရောက်ရှိပြီး ဆင်းရဲဒုက္ခတွေက လွတ်မြောက်လာကြပါလိမ့်မယ်။ အခုယောဂီတို့ လုပ်နေတဲ့ ကျင့်စဉ်ဟာ ဆင်းရဲက လွတ်မြောက်တဲ့ လမ်းစဉ်ပါပဲ။ စိတ်ရဲ့ အတွင်းအနက်ရိုင်းဆုံး အပိုင်းကို တွေ့ထိပြီး စိတ်ထဲမှာရှိတဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းစေတဲ့ စခန်းကိုရောက်ကြပါလိမ့်မယ်။

ဆင်းရဲဒုက္ခဆိုတာတွေဟာ ကိလေသာ အညစ်အကြေးတွေ ကံဟောင်းတွေပါပဲ။ သူတို့ရှိနေသမျှတော့ ကိုယ်ကိုယ်တိုင် ဦးနှောက်အသိဉာဏ်၊ စိန္တာမယဉာဏ်တို့နဲ့ စိတ်ကို ထိန်းထားပေမယ့်လို့ မရနိုင်ပါဘူး။ တရားကို ဆက်ဆက်ပြီး ထိုင်သွားတဲ့အခါကျတော့ ကိလေသာအညစ်အကြေးတွေက နည်းပါးလာပြီး နောက်ဆုံး သူတို့လုံးဝမရှိတော့ပါဘူး။ အားလုံး ပျောက်ကွယ်သွားကြပြီ ဆိုတဲ့အခါကျတော့ ယောဂီဟာ ဆင်းရဲဒုက္ခတွေက လုံးလုံး လွတ်မြောက်သွားပါလိမ့်မယ်။

အခွင့်အရေးတွေကို အကောင်းဆုံး အသုံးပြုကြပါ။ မနက်ဖြန်စိတ်ရဲ့ ပိုပြီး အတွင်းနက်တဲ့ အပိုင်းကို ရောက်ကြမှာမို့ စိတ်ဟာ ထက်မြက်စူးရှနေရပါလိမ့်မယ်။ အင်မတန်ကို စူးရှနေအောင် လုပ်ယူရမှာ ဖြစ်ပါတယ်။ ဒီတော့မှ အတွင်း အနက်ရိုင်းဆုံးကို ခွဲစိတ်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ကို စူးရှမျှတလာအောင် လုပ်ဖို့ရာမှာ သိရှိနေဖို့ အာရုံစူးစိုက်နေဖို့ နေရာကလေးကို သေးငယ်ကျဉ်းမြောင်းယူဖို့ရာ လိုပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Wednesday 21 March 2012

ဝေဒနာကိုခံစားရမှသာ သစ္စာကို သိရှိနိုင်


ခန္ဓာကိုယ်ရဲ့ ဘောင်အတွင်းမှာ ဝေဒနာကို မတွေ့ထိ မခံစားရဘဲနဲ့ တရားကို ငါသိပြီ ပညာစခန်းကို ငါပြီးဆုံးပြီလို့ဆိုရင် ဒါဟာအမြင်မှားပါပဲ။ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံး ဖြစ်တဲ့အပိုင်းကိုသိပြီး လက်တွေ့ သိရှိခံစားနိုင်သေးတာမှ မဟုတ်သေးဘဲ။ ဝေဒနာကို ခန္ဓာကိုယ်အတွင်းမှာ ခံစားနိုင်မှသာ၊ တိုက်ရိုက်လက်တွေ့ လုပ်ဆောင်နိုင်ပြီးမှသာ အမှန်တရား သစ္စာတရားကို ကိုယ်တွေ့ သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။





ဒီတော့မှ ယောဂီဟာ ပညာရဲ့ အပိုင်း ၃-ပိုင်းဖြစ်တဲ့ အနိစ္စ၊ အနတ္တ၊ ဒုက္ခ၊ တို့ကို ပိုပိုနားလည်လာပြီး ပညာစခန်းမှာ ရင့်မာလာပြီး တည်မြဲလာပါလိမ့်မယ်။ ပညာစခန်းမှာ တည်မြဲလာတဲ့ အခါကျတော့ ယောဂီဟာ လောကကြီးထဲမှာ ဘယ်လိုအတွေ့အကြုံပဲ တွေ့ရတွေ့ရ အပေါ်ယံအားဖြင့် ဟုတ်မှန်တဲ့တရားပဲ ဒီဟာကတော့ တကယ်အစစ်အမှန် အဆုံးစွန်သော အမှန်တရားပဲရယ်လို့ ခွဲခြားပြီး သိနားလည်လာပြီး စိတ်ဟာ သဟဇာတမျှမျှတတ ဖြစ်နေပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဒုက္ခအဆင့်


ယောဂီဟာ ဒီအချက်ကိုပိုပြီး ရှင်းလင်းနားလည်လာပြီးတော့ အနတ္တပါလား ငါမဟုတ်ပါလားလို့ ခန္ဓာကိုယ်အတွင်းမှာ လက်တွေ့ သိရှိခံစားရတဲ့အခါကျတော့ ငါဆိုတဲ့အစွဲဟာ ပြိုကွဲစဖြစ်လာပြီး တဖြည်းဖြည်း တဖြည်းဖြည်း အားလုံးပျောက်ကွယ်သွားကြပါလိမ့်မယ်။ ငါအစွဲမရှိတော့ပါဘူး...လို့ဆိုတော့ ယောဂီရဲ့ စိတ်ကိုပိုပိုပြီးတော့ တည်ငြိမ်မူ မျှတမူတွေ ဖြစ်လာပါလိမ့်မယ်။


အဲဒီအခါကျတော့ ပညာရဲ့ တတိယအဆင့်ဖြစ်တဲ့ ဒုက္ခဆင်းရဲခင်းပါလားဆိုတဲ့ ဒီအသိဟာ ပေါ်ပေါက်လာပါလိမ့်မယ်။ စိန္တာမယ ဦးနှောက်အသိမျိုး မဟုတ်ပါဘူး။ တကယ်အစစ်အမှန် ကိုယ်တွေ့သိရှိပြီး ခံစားပြီးသိရတဲ့အသိ ဖြစ်ပါတယ်။ ဒီတကယ့် အသိ ဘာဝနာမယဉာဏ် အသိပညာဟာ ယောဂီတို့ ကိုယ်ခန္ဓာအတွင်းမှာ ခံစားတွေ့ထိပြီး သိရှိနေရတဲ့ ဝေဒနာနဲ့ ယှဉ်တွဲနေရပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အနတ္တအဆင့်


နောက်ဒုတိယအဆင့်ကတော့ အနတ္တလို့ခေါ်တဲ့အဆင့်ပါပဲ။ ငါမဟုတ် ငါ့ဟာမဟုတ်၊ အပေါ်ယံ ကြည့်လိုက်မယ်ဆိုရင်တော့ ငါ-ငါ့ဟာလိုပါပဲ။ ဒါပေမယ့် တကယ့်အစစ် အမှန်ကတော့ ငါဆိုတာ မရှိပါဘူး။ မဟုတ်ပါဘူး။ ဒီလိုနဲ့ ပိုပိုပြီး နက်ရိုင်းတဲ့စခန်းကိုရောက်တော့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အစိုင်အခဲရယ်လို့ ဘာမှမရှိတော့ဘဲရုပ်ကလာပ်ကလေးတွေက ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်နဲ့ ရေမြုပ်ကလေးတွေလို ဖြစ်နေတဲ့အဆင့်ကို ရောက်ရှိသွားပါလိမ့်မယ်။ လိုင်းကလေးတွေလို ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်ပျက်နေတာကို သိတွေ့ခံစားလာကြရပါလိမ့်မယ်။


အဲဒီအခါကျတော့ ယောဂီဟာ “ဘယ်ရေမြုပ်လေးဟာ ငါပါလိမ့်မလဲ။ ဒီရေမြုပ် ကလေးဟာ ငါလား”လို့ ပြောလို့ မဆုံးသေးဘူး။ အဲဒီရေမြုပ်ကလေးက မရှိတော့ပါဘူး။ ပျောက်ကွယ်သွားပါပြီ။ ငါမရှိတော့ပါဘူး။ ငါပျောက်သွားပါပြီ။ ပျက်သွားပါပြီ။ ဒီလိုနဲ့ တဖြည်းဖြည်းထင်ရှားလာပါလိမ့်မယ်။ စကားပြောနေတဲ့အခါမှာတော့ ဓလေ့အလိုက် ငါ-ငါ့ဟာရယ်လို့ ပြောရဆိုရတာ ဖြစ်ပါတယ်။ မဟုတ်ရင် လူအချင်းချင်း ဘယ်လို ဆက်သွယ်နိုင်ကြပါမလဲ။

“ဒီအဋ္ဌကလာပအစုက ဟိုအဋ္ဌကလာပအစုကို မဟုတ်ရင်လဲ ဒီရေမြှုပ်အစုက ဟိုရေမြှုပ်အစုကို”လို့ ပြောလို့ရတာမှ မဟုတ်ဘဲ “ငါ-ငါ့ဟာ ကျွန်တော် ကျွန်မ ခင်ဗျား”လို့ သုံးနူန်း ခေါ်ဝေါ်ကြရတာပေါ့။ စကားပြောလို့ရအောင် ဒီလိုသုံးနူန်းသုံးနေရပေမယ့် အတ္တစွဲဖြစ်တဲ့ ငါ-ငါ့ဟာတွေကတော့ တဖြည်းဖြည်းကွယ်ပျောက် လာကြပါတယ်။ ငါဆိုတာ အမှန်စင်စစ် တကယ့်တကယ်ကတော့ မရှိပါဘူး မဟုတ်ပါဘူးဆိုတာကို ကိုယ်တွေ့လက်တွေ့သိရှိ ခံစားလာရပါလိမ့်မယ်။

ငါ-ငါ့ဟာကို တကယ်လဲ အစိုးမရပါဘူး။ မပိုင်ဆိုင်ပါဘူး။ ဒီခန္ဓာကိုယ်ရေမြှုပ်တွေကိုလည်း အစိုးမရပါဘူး။ ဖြစ်ဖြစ်ပြီးတော့ ပျက်ပျက်သွားတာပါပဲ။ မဖြစ်အောင် မပျက်အောင် တားလို့လည်း မရနိုင်ပါဘူး။ တစ်နေ့တစ်နေ့ အိုအိုသာလာပါတယ်။ ပျက်စီးယိုယွင်းလာပါတယ်။ တဖြည်းဖြည်း တစ်စတစ်စ ကွယ်လွန်နေပါတယ်။ တကယ်သာ ဒီခန္ဓာကိုယ်ကို အစိုးရတယ်ဆိုရင်တော့ မအိုနဲ့ မပျက်စီး မယိုယွင်းနဲ့ ငါဖြစ်စေချင်သလို ဖြစ်နေပါလို့ တားထားလို့ရမှာပေါ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ကိုယ်တွေ့အသိနှင့် အနိစ္စ


ဒါတွေအားလုံးဟာ အနိစ္စတရားတွေပဲလို့ သိနေခြင်းဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ မွေးလာပြီး ဒီကလေးကို ၁၀-နှစ်အကြာမှ ပြန်တွေ့တာ ပြောင်းလဲသွားလိုက်တာ အများကြီးပါပဲ။ နောင်အနှစ် ၂၀-မှာ ပြန်တွေ့တော့ ပိုပြီးတောင်ပြောင်းလဲမူတွေ များလာပါသေးတယ်။ ဒီကလေးကို နှစ်ပေါင်း ၇၀ - ၈၀ကြာမှ တွေ့ရရင်တော့ ယုံနိုင်ဖွယ်ရာတောင် မရှိတော့ပါဘူး။


အချိန်နဲ့အမျှ ပြောင်းလဲသွားလိုက်တာ၊ ဒါဟာ ဘယ်လိုဖြစ်တာပါလိမ့်မလဲ။ နတ်ရေကန်ထဲချလို့လား မဟုတ်ပါဘူး။ တစ်ခဏတိုင်း၊ တစ်ခဏတိုင်းမှာ ပြောင်းလဲနေတာပါ။ တစ်ခဏတိုင်း ပြောင်းလဲနေတယ်ဆိုတာကိုတော့ စိန္တာမယဉာဏ် ဦးနှောက်အသိနဲ့တော့ သိကြတာပေါ့။ ဒါပေမယ့် ကိုယ်တိုင် ခံစားရတဲ့ အဆင့်မှာတော့ မိမိတို့ရဲ့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ ပြောင်းလဲမူတွေဖြစ်နေတာကို တွေ့ရှိခံစားနိုင်မှသာ အနိစ္စဆိုတာကို တကယ့်အနိစ္စဖြစ်မှာပေါ့။ မဟုတ်ရင်တောင် ဦးနှောက်အသိဉာဏ် ပညာသာ ဖြစ်ပါတယ်။ တကယ့်ပညာ မဟုတ်ပါဘူး။ တကယ့်ဉာဏ မဟုတ်ပါဘူး၊ အဉာဏပါပဲ။

ဦးနှောက်အသိဉာဏ်နဲ့ ကိုယ်တွေ့အသိဟာ အများကြီး ကွာခြားမူရှိပါတယ်။ ကိုယ်တွေ့ပြောင်းလဲမူကို ခံစားရတဲ့အခါကျတော့ အနိစ္စအမြဲမရှိပါလားဆိုတဲ့ ပညာဉာဏ်ဟာ ဖြစ်ပွားလာပါတယ်။ ဒီလိုပညာဉာဏ် ဖြစ်ပွားလာတဲ့အခါကျတော့ ဒီမမြဲတဲ့ ခန္ဓာကိုယ်ကြီးကို တပ်မက်နေတာတွေ တွယ်တာနေတာတွေက လွတ်မြောက်လာကြပါလိမ့်မယ်။ ငါ-ငါ-ငါ-ငါ့ဟာ-ငါ့ဟာ ငါအစွဲကလည်း လွတ်မြောက်လာပါလိမ့်မယ်။ ဒီ ငါ-ငါ-ငါ့ဟာ-ငါ့ဟာ ငါဆိုတဲ့ အတ္တအစွဲဟာ အင်မတန်ကြီးမားတဲ့ အတွယ်အတာကြီးတစ်ခုပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

မျက်စိတစ်မှိတ်မှာ ဖြစ်ပျက် မရေတွက်နိုင်


မြတ်စွာဘုရားက အဆုံးစွန်သောတရားကို သိတော်မူတဲ့နောက် မျက်စိတစ်မှိတ် လက်တစ်ဖြောက်မှာပဲ အဋ္ဌကလာပကလေးတွေဟာ ဖြစ်လိုက်ပျက်လိုက်တာ အကြိမ်ပေါင်း မရေမတွက်နိုင်ဘူးလို့ ဟောပြောခဲ့ပါတယ်။ ဂုရုကြီးဦးဂိုအင်ကာထံ လာရောက် တရားလာထိုင်တဲ့ ယောဂီတွေထဲမှာ ဘာကလေတက္ကသိုလ်က တစ်ချို့လည်း ပါလာပါတယ်။ သူတို့က သူတို့နေရပ်ကို ပြန်သွားတဲ့အခါကျတော့ အဲဒီ ပါမောက္ခကြီးနဲ့ သွားပြီး တွေ့ကြပါတယ်။ နောက်ဂုရုကြီးကို ပြန်ပြီးပြောကြတဲ့အခါကျတော့ အဲဒီပါမောက္ခကြီးဟာ သနားစရာပါပဲ။ အင်မတန် စိတ်တွေရူပ်ထွေးပြီး စိတ်သောကများတာပဲလို့ ပြောပါတယ်။


ဒါဟာ ဘာကြောင့်ပါလဲ။ သူဟာအငယ်ဆုံးသော ပရမာနုမြူတွေ ဖြစ်ပျက်နေတာကို တစ်စက္ကန့်မှာ တစ်နောက်မှာ သုည (၂၂)လုံး အကြိမ်လို့ ဖော်ပြနိုင်တဲ့ ပုဂ္ဂိုလ်ထူးကြီးပါပဲ။ မြတ်စွာဘုရားကလဲ မျက်စိတစ်မှိတ်မှာ အကြိမ်ပေါင်း မရေတွေက်နိုင်အောင်လို့ ဟောပြောခဲ့တာပဲ။ ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးဟာ ဘာကြောင့် ကွာခြားနေရပါသလဲ။

သိပ္ပံပညာရှင်ပါမောက္ခကြီးက သိပ္ပံနည်းနဲ့ ဦးနှောက်အသိဉာဏ်နဲ့ပဲ သိတာဖြစ်ပါတယ်။ သူကိုယ်တိုင်သူ့ကိုယ်ထဲမှာ ဖြစ်ပျက်နေတာကို ခံစားပြီး သိတာမျိုး မဟုတ်ပါဘူး။ မြတ်စွာဘုရားကတော့ ဘာကိရိယာ ဘာတန်ဆာပလာကိုမှ မသုံးပါဘူး။ ဘာဝနာမယဉာဏ်နဲ့ ထိုးထွင်းပြီး သိတော်မူတာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်တွေ့ သိရှိခံစားပြီး သိတာဖြစ်ပါတယ်။ ၀ိပဿနာကို ကျင့်သုံးပြီး တရားရင့်ကျက်လာတော့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ ဖြစ်ပျက်နေတဲ့ တကယ့်အမှန် အဖြစ်အပျက်တွေကို ကိုယ်တွေ့ သိရှိခံစားရခြင်း ဖြစ်ပါတယ်။

ဒီကမ္မဋ္ဌာန်းနည်းတစ်ခုလုံးဟာ ယောဂီရဲ့ ကိုယ်အတွင်းသန္တာန်မှာ ဖြစ်ပျက်နေတဲ့ အမှန်တရားကို စူးစမ်းတဲ့အခါမှာ အမှန်ကို တွေ့ရှိနိုင်တဲ့နည်း၊ ယောဂီတို့ရဲ့ ကိလေသာ အညစ်အကြေးတွေကို သန့်ရှင်း စင်ကြယ်စေတဲ့နည်း ဖြစ်ပါတယ်။ ယောဂီတို့ဟာ ဝေဒနာကို ခံစားရမူထဲမှာ ဝေဒနာဟာ ဘယ်လိုဖြစ်ဖြစ်လာပြီး ဘယ်လို ပျောက်ပျောက်သွားတယ်ဆိုတာကို သိရှိခံစားလာနိုင်ကြပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Sunday 18 March 2012

ရူပဗေဒပါမောက္ခကြီး သိပုံ


အမေရိကန်ပြည် ဘာကလေတက္ကသိုလ် ရူပဗေဒပါမောက္ခကြီးတစ်ဦးဟာ လောကဓါတ်ပညာအတွက် နိုဘယ်ဆုဆိုတဲ့ ဆုထူးကြီးကို ရပါတယ်။ ဒီဆုက သာမန်လူတွေ ရကြတာမျိုး မဟုတ်ပါဘူး။ အင်မတန် ထူးထူးချွန်ချွန်နဲ့ သူတစ်ဦးတစ်ယောက်မျှ မသိဘူး၊ မတွေ့ဘူးသေးတဲ့ အချက်အလက်ပညာတစ်ရပ်ကို ဖော်ပြနိုင်မှ ရတာမျိုး ဖြစ်ပါတယ်။


ဒီပါမောက္ခကြီးဟာ ပရာမာနုမြူလေးရဲ့ သဘောတရားကို အင်မတန်သိချင်ပြီး လေ့လာပါတယ်။ ဒီတုန်လူပ်နေတဲ့ တုန်ခါမူလိုင်းကလေးတွေဟာ ဘယ်လောက်မြန်မြန် ဖြစ်ပျက်နေသလဲဆိုတာကို ရှာဖွေစူးစမ်းဖို့ ကိရိယာတန်ဆာပလာကို ထွင်နေတာက ၁၅-နှစ်လောက် ကြာပါတယ်။ ဒီကိရိယာ တန်ဆာပလာကို သူက “ဘာဘယ်ချိန်ဘား ရေမြှုပ်အခန်း”လို့ နာမည်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရမာဏုမြူကလေးတွေက ရေပူပေါင်းကလေးတွေလို ဖြစ်ပေါ်ပြီး ပျောက်ကွယ်သွားတဲ့အတွက် ဖြစ်ပါတယ်။

ဒီကိရိယာကို သုံးပြီးတော့ သူက ဘာကိုတွေ့သလဲဆိုတော့ အငယ်ဆုံး အသေးငယ်ဆုံး အနုမြူကလေးထက်သေးငယ်တဲ့ ပရမာဏုမြူကလေးဟာ တစ်စက္ကန့်မှာ အကြိမ်ပေါင်း တစ်နောက်မှာ သုည (၂၂)လုံးအကြိမ် ဖြစ်ပြီးပျက်ပျက်သွားတယ်ဆိုတာကို တွေ့ရှိပါတယ်။ ယုံနိုင်စရာတောင် မရှိပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

လောင်ကျွမ်းတုန်ခါနေတဲ့ ကမ္ဘာကြီး


အစိုင်အခဲဆိုလို့ ဘာတစ်ခုမှ မရှိပါဘူး။ အသေးငယ်ဆုံး အဋ္ဌကလာပလေးတွေဟာ လူပ်ရှားမူ တုန်ခါမူသက်သက်သာပဲ ဖြစ်ပါတယ်။ လိုင်းကလေးသဘောမျှသာ ဖြစ်ပါတယ်ဆိုတာကို ကိုယ်တွေ့သိရှိ ခံစားရပါလိမ့်မယ်။ “သဗ္ဗော ပဇ္ဇလိတောလောကော၊ သဗ္ဗော လောကော ပကမ္ပိတော”လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။


ကမ္ဘာကြီးတစ်ခုလုံး စကြ၀ဠာကြီးတစ်ခုလုံးမှာလည်း မိမိရဲ့ခန္ဓာကိုယ်တောင် အတွင်းမှာ တွေ့ထိခံစားရတာနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်အတွင်းက အမှန်အဖြစ်အပျက် အမှန်သစ္စာတရားကလည်း ခန္ဓာကိုယ်ရဲ့ အပြင်ဘက်လောကရဲ့ သစ္စာတရားနဲ့ အတူတူပါပဲ။ ခြားနားမူမရှိပါဘူး။ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်က သစ္စာတရားကိုတော့ ဦးနှောက်အသိဉာဏ်နဲ့ သိနိုင်ပါသေးတယ်။ ခန္ဓာကိုယ်ဘောင်အတွင်းက အမှန်သစ္စာတရား ကိုတော့ ကိုယ်တိုင် ကိုယ်တွေ့ လက်တွေ့ တွေ့ထိခံစားရမှ သိနိုင်ပါတယ်။

ဒါကြောင့် ကိုယ်တွေ့ တွေ့ထိခံစားပြီးတော့မှ သဗ္ဗော = လောကကြီးတစ်ခုလုံးမှာ ပကမ္ပိတော = တုန်ခါနေတဲ့ လူပ်ရှားနေခြင်းဖြစ်တဲ့ တုန်ခါမူလိုင်းကလေးတွေမျှသာပါပဲ။ လိုင်းကလေးတွေ သဘောမျှသာပဲလို့ မိန့်တော်မူပါတယ်။ စကြာဝဠာကြီး တစ်ခုလုံးကလည်း ပဇ္ဇလိတော = လောင်ကျွမ်းနေတာပဲ။ ပကမ္ပိတော = တုန်ခါမူ ကလေးတွေပဲ။ လောင်ကျွမ်းပျက်စီး တုန်လူပ်ပျက်စီး နေကြတာပဲလို့ ဟောတော်မူခဲ့ပါတယ်။ အစိုင်အခဲ တည်မြဲနေတာရယ်လို့ ဘာတစ်ခုမှ မရှိပါဘူး။

ယောဂီဟာ ရုပ်အပိုင်းမှာရော နာမ်အပိုင်းမှာရော ဒီအပိုင်း (၂)ခုစလုံးမှာ ဒီအဆင့်ကို ဘာဝနာမယဉာဏ်နဲ့ ကိုယ်တွေ့သိရှိ ခံစားနိုင်ရမှာ ဖြစ်ပါတယ်။ ဦးနှောက်အသိဉာဏ်၊ စိန္တာမယဉာဏ်နဲ့ သိနေရုံနဲ့တော့ မပြီးနိုင်သေးပါဘူး။ အနောက်တိုင်း သိပ္ပံပညာရှင်တွေက ကမ္ဘာလောကမှာ ရှိရှိသမျှ ၀တ္ထုပစ္စည်းတွေဟာ အစိုင်အခဲတွေ မဟုတ်ပါဘူး။ အားလုံးဟာ တုန်ခါနေတဲ့ တုန်ခါမူကလေးတွေမျှသာပဲဆိုတဲ့ ဒီအမှန်တရားကို လက်ခံကြပါပြီ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အစိုင်အခဲမရှိ


ဝိပဿနာမျက်စိနဲ့ကြည့်မှ မြင်ရပါလိမ့်မယ်။ ရေဆိုတော့ ရေအစက်လေးတစ်စက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အင်္ဂါလက္ခဏာ သတ္တိကအရေးကြီးတာ ဖြစ်ပါတယ်။ ဓာတ်ကြီးလေးပါးကို ကိုယ်တွေ့ခံစားရတဲ့အခါကျတော့ ရုပ်လက္ခဏာတွေ တစ်ခဏပြီး တစ်ခဏ တစ်ခုမဟုတ်တစ်ခု ပေါ်လွင်စေပြီး ခံစားရတတ်ပါတယ်။


ဒီအချိန်မှာဆိုရင် ကျန်တဲ့ဓာတ်ကြီးတွေက တိမ်ငုတ်ပြီး နေတတ်ပါတယ်။ ဒီအသေးငယ်ဆုံး အဋ္ဌကလာပထဲမှာလည်း သူ့ရဲ့အင်္ဂါ၊ သူ့ရဲ့လက္ခဏာ၊ သူ့ရဲ့သတ္တိများ ရှိပါတယ်။ တရားဆက်ပြီး ထိုင်သွားတဲ့အခါကျတော့ ယောဂီတိုင်းဟာ အမှန်တရားကို ကိုယ်တွေ့လက်တွေ့ ခံစားနိုင်ကြပါလိမ့်မယ်။

ကိုယ်တွေ့ ဘာတွေတွေ့ရှိသလဲ ဆိုတာကတော့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ ရုပ်တရားတွေအားလုံး ၀တ္တုပစ္စည်းတွေအားလုံးဟာ အစိုင်အခဲတွေ မဟုတ်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

အဋ္ဌကလာပ

အဲဒီအချိန်တုံးက “အနု”ဆိုတဲ့ စကားလုံရှိပါတယ်။ အက်တမ်လို့ခေါ်တဲ့ အဏှမြူပေါ့၊ အခုပြောနေတဲ့ အငယ်ဆုံး အပိုင်းကလေးဟာ အဏှမြူထက်သေးငယ်တဲ့ ပရမာဏှမြူထက်တောင် သေးငယ်သေးတာ ဖြစ်ပါတယ်။ ခေါ်စရာ နာမည်ပေးစရာ စကားလုံးလည်း မရှိတော့ မြတ်စွာဘုရားက စကားလုံးတစ်ခု အသစ်ထွင်ရပါမယ်။ ဒီအသေးငယ်ဆုံးကလေးကို “အဋ္ဌကလာပ”လို့ အမည် ပေးလိုက်ပါတယ်။




အဋ္ဌကလာပတစ်ခုဟာ အခြေံခံအုတ်မြစ်တစ်ခုပေါ့၊ ရှစ်ခုစုပေါင်းထားပြီး နောက်ထပ်ခွဲစိတ်လို့ မရတော့တဲ့ ဒီရှစ်ခုတွဲ အစုကလေးပါပဲ။ စုပေါင်းထားတဲ့ အရာရှစ်ခု ဆိုတာကတော့ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ရေ၊ မီး၊ မြေ၊ လေတို့ ဖြစ်တဲ့ ဓာတ်ကြီးလေးပါးနဲ့ သူတို့တစ်ခုစီရဲ့ ထူးခြား၊ ထင်ရှားတဲ့ ဂုဏ်အင်္ဂါလက္ခဏာဖြစ်တဲ့ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာတို့ ရှစ်မျိုးစုပေါင်းနေတာ ဖြစ်ပါတယ်။ ဒါတွေဟာ အရာဝတ္ထုမပါဘဲ သဘောတရားသက်သက်တွေ ဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သိပ္ပံပညာရှင်ပမာ

သုတေသန သိပ္ပံပညာရှင်ကြီးတစ်ဦးလိုပဲ သေသေချာချာ ကျကျနန ခွဲစိတ်ဝေဖန်ပြီး အရင်းအမြစ်ထိ ရောက်အောင်ရှာဖွေ စစ်ဆေးဓါတ်ခွဲပြီး ကြည့်လိုက်တဲ့အခါကျရင် ပထမဦးဆုံးတော့ အင်မတန် ကြမ်းတမ်းတဲ့ အစိုင်အခဲဖြစ်နေတဲ့ အမှန်တရား အင်မတန် ပြင်းထန်နေတဲ့ အမှန်တရားတွေကို တွေ့ကြုံရရပါမယ်။

ဒီလိုတွေ့ကြုံရပြီး ရှေ့ကိုတိုးတိုးပြီး တရားကျင့်သွားရင် ဆက်လက်ပြီး အနုစိတ် ခွဲစိတ်စစ်ဆေးသွားရင် နောက်ပိုင်းကျလာတော့ သိမ်မွေ့သိမ်မွေ့လာပြီး ပိုပိုသိမ်မွေ့ လာတာကို တွေ့ရပါလိမ့်မယ်။

ဒီခန္ဓာကိုယ် အဆောက်အအုံကြီးရဲ့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်တွေကို ခွဲစိတ်လိုက် နောက်တစ်ခါ အရိုး အသွေး အသား အရေပြား ဆံပင်အစရှိသည်တို့ကို ထပ်ပြီးတော့ ခွဲစိတ်လိုက်၊ ဒီလိုနဲ့ ထပ်ခါထပ်ခါ ဆက်လက်ပြီး ခွဲစိတ်ခွဲစိတ်ပြီး အသေးစိတ်ခွဲစိတ်သွားရင် အရိုးပဲဖြစ်ဖြစ် အသားပဲဖြစ်ဖြစ် သွေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အင်မတန်သေးငယ်တဲ့ အပိုင်းလေးတွေအထိ အပြည့်နဲ့ပါလားဆိုတာကို သိရှိလာပါလိမ့်မယ်။

ဒီအသိဟာ ရိုးရိုးမျက်စိနဲ့ မြင်ရတွေ့ရတဲ့အသိမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်တွေ့ထိ ခံစားရတဲ့အသိမျိုး ဖြစ်ပါတယ်။ အသေးငယ်ဆုံး အမူန်မွှားဆုံး ရုပ်ကလာပ်လေးတွေ သူ့ထက် နောက်ထပ် ခွဲစိတ်လို့မရနိုင်တဲ့ အဆင့်အထိ ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်အခါတုန်းက အိန္ဒိယပြည်မှာ သုံးတဲ့စကားဟာ အတော်ကြွယ်ဝတဲ့ စကားဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Friday 16 March 2012

မမြဲတဲ့တရားကို သိရှိနိုင်တဲ့ ကမ္မဋ္ဌာန်း


တကယ့်တိုက်ရိုက် ကိုယ်တွေ့အသိနဲ့ ဒါတွေဟာ ဘာလဲဆိုတာကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ ၀ိပဿနာ ကမ္မဋ္ဌာန်းဟာ ရုပ်ခန္ဓာအပိုင်းအားလုံး၊ နာမ်ခန္ဓာအပိုင်းအားလုံး ရုပ်နဲ့နာမ်နှစ်စု ပေါင်းထားတာ အားလုံးနဲ့ သက်ဆိုင်တဲ့ ရုပ်နာမ်ဖွဲ့စည်းထားမူရဲ့ အမှန်တရားဖြစ်တဲ့ မတည်မြဲတဲ့တရားကို လက်တွေ့ ခံစားသိရှိနိုင်ဖို့ ဖြစ်ပြီး တစ်ကယ်လဲ သိရှိခံစားနိုင်ကြပါလိမ့်မယ်။


ပထမဦးဆုံးဖြစ်တဲ့ ဒီအမှန်တရားဟာ ဒီရုပ်နာမ်အစုရဲ့ မတည်မြဲမူကို ယောဂီတို့ အသိဉာဏ်မှာ သူ့အလိုလို ဖော်ပြလာကြပါလိမ့်မယ်။ ပညာသိက္ခာရဲ့ ပထမပိုင်းဖြစ်တဲ့ အနိစ္စက ခေါင်းဖော်လာပါလိမ့်မယ်။ “အားလုံးဟာ ပြောင်းလဲနေပါလား၊ အမြဲမရှိပါလား၊ ဘယ်ဒင်းမှ မမြဲပါလား။ ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်ပါလား” ဆိုတာကို ယောဂီတို့ဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ သိမြင်လာကြပြီး လက်တွေ့ခံစားကြရ ပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

လှေသမား ဥပမာ


နောက် ဥပမာတစ်ခုပေးပါဦးမယ်။ လူတစ်ယောက်ဟာ လှေလှော်ပြီး မြစ်ရဲ့ တစ်ဖက်ကမ်းသို့ သူကူးသွားတယ်ဆိုပါတော့၊ မနက်က ကူးသွားပြီး ညနေကျတော့ ဒီဖက်ကမ်းကို ပြန်လာပါတယ်။ စိတ်ထဲမှာတော့ မနက်က သူဖြတ်ကူးသွားတဲ့ မြစ်ဟာ ညနေသူပြန်ပြီးကူးလာတော့ ဒီမြစ်ပဲ အတူတူပဲလို့ ထင်ပါတယ်။


မြစ်ရေထဲကို ခေါင်းငုံ့လိုက်တယ်ဆိုပါတော့။ ပြီးခေါင်းဖော်လိုက်ပါတယ်။ နောက် တစ်ခါရေထဲ ခေါင်းပြန်ငုံ့လိုက်ပြီး ပြန်ဖော်လိုက်ရင် စိတ်ထဲမှာ ဒီမြစ်ရေထဲပဲ ခေါင်းငုံ့နေတာပဲ ထင်မိပါတယ်။

ပထမအကြိမ်ငုံ့တာနဲ့ ဒုတိယအကြိမ်ငုံ့တာဟာ မြစ်ရေအတူတူပဲ ဒီမြစ်ပဲလို့ ထင်နေပါတယ်။ ဒါပေမယ့် သေသေချာချာ လေ့လာပြီး စဉ်းစားကြည့်လိုက်ရင်တော့ ပထမတစ်ခါ ငုံ့လိုက်တဲ့မြစ်ရေဟာ မရှိတော့ပါဘူး။ ရေက စီးသွားပါပြီ။ ဒုတိယတစ်ခါ ခေါင်းငုံ့လိုက်တာဟာလဲ မြစ်ရေအသစ်စက်စက်ထဲမှာ ဖြစ်ပါတယ်။

ပထမခေါင်းငုံ့တုန်းက စီးတဲ့ရေဟာ အခုတစ်စက်မှ မရှိတော့ပါဘူး။ ရေကအမြဲပဲ စီးနေတာကိုး၊ တတိယအကြိမ် ခေါင်းငုံ့လိုက်မယ်ဆိုပြန်ရင်လဲ ရေအသစ် မြစ်အသစ် ဖြစ်နေမှာပါပဲ၊ အမြဲမပြတ် စီးနေတဲ့ရေဟာ ဒါဟာအတူတူပဲ။ ဒီရေပဲ ဒီမြစ်ပဲလို့မှားတဲ့အမြင်ကို ပြပေးနေပါတယ်။ တစ်ချိန်လုံး မရပ်မနား အဆက်မပြတ် မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ အရာများဟာ မမှန်တဲ့အဖြစ်မှားကို မြင်စေတတ်ပါတယ်။

လူတွေဟာ သူတို့ရဲ့ အာရုံစွမ်းကို အသုံးပြုပြီးတော့ ဒီအမြင်မှားတွေက လွတ်မြောက်နိုင်ကြပါတယ်။ ဆိုကြပါစို့။ မျက်စိနဲ့မြင်ရတဲ့ အမြင်မှားမှာဆိုရင် မျက်စိရဲ့ အမြင်စွမ်းအားကို အသုံပြုပြီး အမှန်အတိုင်း မြင်နိုင်ပါတယ်။ ဖယောင်းတိုင်မီးကို မျက်စိနဲ့မြင်ရတော့ မီးတောက်ကလေးတစ်ခု ဖြစ်ပေါ်လာတာ ပျောက်ကွယ်သွားတာကို မြင်စွမ်းအားနဲ့ မြင်နိုင်စွမ်းပါတယ်။

မြစ်ရေစီးတာကိုလည်း “စီးနေတယ်...ဒီ...ရေ မဟုတ်တော့ဘူး”လို့ သိနိုင်စွမ်းပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတာတွေက အင်မတန် အင်မတန် မြန်လွန်းတယ်ဆိုရင်တော့ အမှန်အတိုင်းမြင်ရဖို့က မလွယ်တော့ပါဘူး။ လျှပ်စစ်မီးကို သာမန်မျက်စိနဲ့ကြည့်ပြီးတော့ သူ့အထဲမှာ ဖြစ်ပျက်နေတာတွေကို မမြင်နိုင်စွမ်းပါဘူး။ မြစ်ရေစီးနေတာကို မျက်စိနဲ့ မြင်နိုင်စွမ်းပါတယ်။

ပထမတစ်ခါငုံ့လိုက်တဲ့ရေ ပြောင်းသွားတာကို မြင်နိုင်ပေမယ့် ပထမတစ်ခါ ငုံ့လိုက်တဲ့ ပုဂ္ဂိုလ်ကလည်း မရှိတော့ပါဘူး။ ပြောင်းလဲသွားပြီဆိုတာကိုတော့ ဘယ်လိုလုပ်ပြီး သိနိုင်စွမ်းပါ့မလဲ။ ဒုတိယတစ်ခါ ငုံ့လိုက်တာ လုံးဝလူအသစ်တစ်ဦး ငုံ့လိုက်တာဖြစ်ပါတယ်။ တတိယတစ်ခါ ငုံ့လိုက်ပြန်တော့လည်း နောက်ထပ် လူအသစ်တစ်ဦးက ငုံ့လိုက်တာဖြစ်ပါတယ်။

ခန္ဓာကိုယ်ဘောင်အတွင်းမှာ ဒီမျှလောက် အင်မတန် မြန်လွန်းတဲ့ ပြောင်းလဲမူတွေ ဖြစ်ပေါ်နေပါတယ်။ ယောဂီဟာ နာရီဝက် လောက်တုန်းကစပြီး စကားပြောနေတဲ့ ဒီအချိန်ကလေးအတွင်းမှာ ကုဋေပေါင်းများစွာ မရေမတွက်နိုင်လောက်အောင် ကွယ်လွန်ပြီးနေပါပြီ။ ကုဋေပေါင်းများစွာလဲ ပြန်ပြီးမွေးဖွားခံခဲ့ရပါပြီ။ မွေးလိုက် သေလိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် မပြောနိုင်လောက်အောင် လျင်မြန်လွန်းအားကြီးတော့ ကိုယ်တွေ့ပညာ ကိုယ်တွေ့အသိ ဘာဝနာမယဉာဏ် မရှိသေးဘူးဆိုရင်တော့ နာရီဝက်လောက်တုန်းက စကားပြောတာကို နားထောင်နေတဲ့ ယောဂီဟာ ဒီပုဂ္ဂိုလ်ပဲ အတူတူပါပဲလို့ ယူဆပြီး အမှန်ကို မမြင်နိုင်ကြဘူး။

မနေ့က ဦးဂိုအင်ကာကလည်း ဒီပုဂ္ဂိုလ်ကြီးပဲ ပြီးခဲ့တဲ့ ဆယ်နှစ်တုန်းက ဦးဂိုအင်ကာလည်း (ဒီပုဂ္ဂိုလ်ကြီးပဲ) အနှစ်လေးဆယ် အနှစ်ငါးဆယ် အနှစ်ခြောက်ဆယ်တုန်းက ဦးဂိုအင်ကာလည်း ဒီပုဂ္ဂိုလ်ပါပဲ အတူတူပါပဲလို့ ထင်မှားမိကြပါတယ်။ ကိုယ်ခန္ဓာရဲ့အတွင်းမှာ တကယ့်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မှန်ကို လက်တွေ့ မခံစားရဘူသေးတော့ ဒီလိုပါပဲ။ အခုလေ့ကျင့်နေတဲ့ ကမ္မဋ္ဌာန်းနည်းနဲ့ကတော့ တကယ့် အဖြစ်အပျက်အစစ်အမှန်ကို လက်တွေ့ခံစားနိုင်ကြပါလိမ့်မယ်။

ဦးနှောက်အသိနဲ့ သိနေတဲ့ သုတမယ၊ စိန္တာမယဉာဏ်တွေကို လက်မခံဘဲ တကယ့် အစစ်အမှန်ကို ကိုယ်တွေ့ကိုယ်တိုင် ခံစားပြီး ကြိုးစားကြဖို့ရာ ဖြစ်ပါတယ်။ တကယ့်အစစ်အမှန်ကို ကိုယ်တွေ့ခံစားနိုင်လာဖို့ ဘာဝနာမယဉာဏ်ပညာအဆင့်ကို ရောက်လာတဲ့အခါကျရင်တော့ အကျိုးကျေးဇူးတွေကို ခံစားလာရပါတယ်။ ဒီဟာအထွတ်အထိပ်ကို ရောက်ပြီးသူတိုင်း၊ နိဗ္ဗာန်မျက်မှောက်ပြုပြီး သူတိုင်းတို့ရဲ့ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။

မိမိရဲ့ ရုပ်နာမ်တရားကိုသိဖို့ပါပဲ၊ ဦးနှောက်အသိဉာဏ်နဲ့ မိရိုးဖလာယုံကြည်မူနဲ့သာ မဟုတ်ဘဲ တကယ့်အဖြစ်အပျက် အမှန်အတိုင်းကို သိဖို့ရာ ဖြစ်ပါတယ်။ ဒီ “ငါဆိုတဲ့ဟာ ဘာလဲ၊ ငါ့ဟာ ဆိုတာဘာလဲ။ ငါ...ငါ...ငါ့ဟာ...ငါ့ဟာလို့ ပြောပြောနေတဲ့ ရုပ်ခန္ဓာအပိုင်းကြီး ငါ...ငါ...ငါ့ဟာ...ငါ့ဟာလို့ ပြောပြောနေတဲ့ နာမ်ခန္ဓာအပိုင်းကြီး ဒီဟာတွေဟာ ဘာတွေပါလဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဖယောင်းတိုင် ဥပမာ


ဥပမာဆိုကြပါစို့ - ညအိပ်ရာဝင်တော့ ဖယောင်းတိုင်ဖြစ်ဖြစ်၊ မီးခွက်ဖြစ်ဖြစ် ထွန်းထားပြီ အိပ်ရာဝင်သွားပါတယ်။ နောက်တစ်နေ့မနက် အိပ်ရာကထတော့ ဒီမီးပဲလို့ အောက်မေ့မိပါတယ်။ ဘယ်နဲ့ ဒီမီးပဲ ဖြစ်နိုင်ပါ့မလဲ၊ တစ်ညတာလုံး အချိန်တွေ အများကြီး ကုန်သွားပါပြီ။





ဒီမီးကို သေသေချာချာ လေ့လာပြီးကြည့်ရင်တော့ မီးတောက်ကလေး တစ်ခုဟာ ဖြစ်ပေါ်လာပြီး ပျောက်ကွယ်သွားပါတယ်။ နောက်ထပ် မီးတောက်ကလေးတစ်ခုဟာ ထပ်ပေါ်လာပြီး နောက်တစ်ခါထပ်ပြီး ပျောက်ကွယ်သွားပါရော၊ ဖြစ်လာလိုက် ပျောက်သွားလိုက်၊ ပျောက်သွားလိုက်၊ ဖြစ်လာလိုက်၊ မီးတောက်ဟာ တစ်ခုပြီးတစ်ခု ဖြစ်လိုက်ပျက်လိုက်နဲ့ အနားမရှိ ဆက်တိုက် သိပ်ပြီးတော့ မြန်မြန်ကြီး ဖြစ်ပျက်နေတော့ မနေ့ညက မီးဟာဒီအတိုင်းပဲ ရှိနေပါလား။ ဒီမီးတစ်ခုတည်း အမြဲလင်းနေတာ မဟုတ်ပါဘူး။

လျှပ်စစ်ဓာတ်မီးကို လက်ညှိုးနှစ်ခါ ထိုးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ဒီမီးဟာ ဒီအတိုင်းပဲ မပြောင်းလဲပါဘူးလို့ ထင်နေရပါတယ်။ ဒီမီးပဲ ဒီအတိုင်းပဲဆိုရင် ဘယ်နဲ့ကြောင့် လကုန်ရင် လျှပ်စစ်ကုမ္ပဏီက “မီးဘယ်လောက်သုံးတယ်၊ ငွေဘယ်လောက်ကျတယ်”လို့ မီးဖိုးငွေ တောင်းခံရတာပါလဲ၊ ဟုတ်တာပေါ့ မှန်ပါတယ်။ လျှပ်စစ်ကုမ္ပဏီက ပိုက်ဆံတောင်းမှာပေါ့၊ လျှပ်စစ်အား ဖြစ်ပေါ်လာအောင်လုပ်ပေးနေရတာကိုး။

လျှပ်စစ်အားက လျှပ်စစ်ကြိုးကနေပြီး ဒီမီးလုံးထဲမှာ လာလင်းပြီးတော့ ပျောက်သွားရော၊ ပျောက်သွားတဲ့ နေရာကလေးမှာ တခြားမီးလျှံလေး တစ်ခုက ဖြစ်ပေါ်လာပြန်ရော၊ သူလည်းလောင်သွားပြီး ပျောက်သွားပြန်ရော၊ ဒီလိုနဲ့ မီးလျှံတွေ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ဆက်တိုက်ပဲ အဆက်မပြတ် အင်မတန်အင်မတန် မြန်မြန်ချည်းပဲ ဖြစ်ပျက်နေတော့ မီးဟာတစ်ခုတည်းပဲ ဒီမီးပဲလင်းနေတာပဲလို့ အမြင်မှားအထင်မှား ဖြစ်နေကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဦးနှောက်အသိဉာဏ်နဲ့ နိဗ္ဗာန်မရနိုင်


တရားထိုင်ရာမှာ ဒီဟာကို ကျင့်ယူရမှာ ဖြစ်ပါတယ်။ ဒီသိစွမ်းအားဟာ ကိုယ်အတွင်းမှာသာ တကယ်ဖြစ်ပျက်နေတဲ့ အမှန်တရားကို လက်တွေ့ခံစားနိုင်ဖို့ရာ ဖြစ်ပါတယ်။ အပေါ်ယံဦးနှောက် အသိဉာဏ်နဲ့သာ သိနေရခြင်းမဟုတ်ပါဘူး။


အသိဉာဏ်နဲ့တော့ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ အမြဲတစေမရပ်မနား ပြောင်းလဲမူတွေ ဖြစ်နေတယ်ဆိုတာကို လူတိုင်းသိကြပြီး ဖြစ်ပါတယ်။ ဖြစ်လာတာမှန်သမျှဟာ ပျက်စီးဖို့ ချည်းပဲဆိုတာကို ဦးနှောက်အသိဉာဏ်နဲ့ သိရုံမျှနဲ့တော့ အကျိုးထူးမခံစားနိုင်ပါဘူး။

ဥပမာ - ကိုယ်နဲ့အင်မတန် ချစ်ခင်ရင်းနှီးတဲ့သူ တစ်ဦး သေဆုံးသွားတယ်ဆိုပါတော့။ သူ့ရဲ့အလောင်းကို သုဿာန်ကို ယူဆောင်သွားပြီး မီးသဂြိုလ်သည်ပဲဖြစ်ဖြစ် မြှုပ်နှံသည်ပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ လုပ်နေတဲ့အခိုက်အတန့်မှာတော့ တရားရကြပါတယ်။

“လူတိုင်း လူတိုင်းဟာ သေကြမှာချည်းပဲ၊ ငါလဲတစ်နေ့သေမှာပဲ၊ ဒီလောဘ၊ ဒေါသ၊ မောဟတွေ လွှမ်းမိုးပြီး လူတွေနဲ့ ရန်ဖြစ်နေတာဟာ ဘာအတွက်လဲ၊ ဒါတွေကို ငါလည်း ယူသွားနိုင်တာ မဟုတ်ပါဘူးဆိုပြီးတော့ အကြီးအကျယ် သံဝေဂတရားဖြစ်ကြပါတယ်။ ရကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ဒီသံဝေဂတရားက ရှိနေမှာလဲ၊ သုဿာန်ထဲက အပြင်ကို ခြေတစ်လှမ်းလဲရောက်ရော တစ်ခါပြန်ပြီး ငါ...ငါ...ငါ့ဟာ...ငါ့ဟာ ဖြစ်ပြန်တာပါပဲ။

ဘာကြောင့်လဲဆိုတော့ ခုနကရတဲ့ သံဝေဂတရားဟာ ဦးနှောက်အသိဉာဏ်နဲ့သာရတဲ့ စိန္တာမယအသိဉာဏ်မျှသာပဲ။ ကိုယ်ကိုယ်တိုင် လက်တွေ့ခံစားပြီး ရထားတဲ့တရား၊ အတွင်းကို ထိုးဖောက်ထားတဲ့ ဘာဝနာမယဉာဏ်အသိနဲ့မှ မဟုတ်သေးဘဲ။ စိတ်က အရင်အတိုင်းပဲ ဆက်ပြီးတုံ့ပြန်နေတုန်းပါပဲ၊ ငါ...ငါ...ငါ့ဟာ...ငါ့ဟာ လိုချင်တော့တမူ ကြိုက်နှစ်သက်မူ မကြိုက်မနှစ်သကမူ မလိုမုန်းထားမူ၊ ဒါတွေဟာ အဖန်တလဲလဲ ဖြစ်ပေါ်နေတာပါပဲ။

ဉာဏ်ကွန့်မြူးတာတွေ၊ ဦးနှောက်အသိဉာဏ် ကစားတာတွေ အမျိုးမျိုး တစ်သက်တာလုံး ဘယ်လိုပဲ လုပ်နေနေ နိဗ္ဗာန်ကိုတော့ မျက်မှောက်မပြုနိုင်ပါဘူး။

ဥပမာ - တရာဟောတာကို နားထောင်ပြီးတော့ ဦးနှောက် အသိဉာဏ်နဲ့တော့ သိပ်သဘောကျသွားပါတယ်။ “အိုး...ကောင်းလိုက်တာ၊ တရားအစစ်အမှန်ကို ငါအခုသိသွားပြီ လိုချင်တဲ့စိတ်၊ တောင့်တတဲ့စိတ်ရှိရင် ငါဟာ ဆင်းရဲရတာပဲ။ တွယ်တာမူတွေ ဆင်းရဲရခြင်းပဲ၊ မကောင်းတဲ့ အကုသိုလ်စိတ်တွေဟာ ဆင်းရဲစေတာပဲ၊ ဒါတွေ အားလုံးက ငါလွတ်မြောက်မှ ဖြစ်မယ်။ ငါအမြင်မှန်ရပြီ၊ ငါတရားအစစ်ကိုသိပြီ”လို့ ယုံမှတ်မိပါတယ်။

ဘယ်လောက်အံ့သြဖွယ်ရာမကောင်းတဲ့ အသိတရားလဲ၊ တရားခန်းမထဲက အပြင်လဲထွက်ရော ဟင်...ငါ့ဖိနပ်ဘယ်မှာလဲ၊ ငါ့ဖိနပ်ဘယ်သူစီးသွားသလဲ၊ မနက်ကမှ ၀ယ်လာတာ။ ငါ့ဟာ...ငါ့ဟာ ဒါပါပဲ။ ဘာမှ မထူးခြားပါဘူး။ သုတမယဉာဏ်၊ စိန္တာမယဉာဏ် ဦးနှောက်အသိဉာဏ်တရားကို၊ တကယ့်အကျိုးထူး မဖြစ်နိုင်ပါဘူး။

ဘာဝနာမယဉာဏ်နဲ့ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းကို ပြုပြင်နိုင်မှ တကယ့်ဘ၀မှ လွတ်မြောက်နိုင်မယ် ဖြစ်ပါတယ်။ ဒီဟာကမှ နိဗ္ဗာန်ရောက်ကြောင်း တရားအစစ်အမှန် ဖြစ်ပါတယ်။ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်း၊ ခန္ဓာကိုယ်ရဲ့ သိမ်မွေ့ဝေဒနာတွေကို ခံဏားနိုင်တဲ့အပိုင်းမှာ ဒီသိမ်မွေ့ဝေဒနာကို တုံ့ပြန်နေတဲ့ အကျင့်ကိုချိုးဖောက်ဖျက်ချဖို့ လိုပါတယ်။ ဒါအတွက် ယောဂီတို့ ဒီသုံးရက်လုံးလုံး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

နောက်ဆက်ပြီး တရာအားထုတ်သွားတဲ့အခါမှာ ယောဂီတို့မှာပိုပိုပြီး မိမိခန္ဓာကိုယ်ရဲ့ အတွင်းမှာ ဖြစ်ပျက်နေတဲ့ တကယ့်အစစ်အမှန်၊ တကယ့်အဖြစ်အပျက်တွေကို ကိုယ်တွေ့သိရှိခံစား ရပါလိမ့်မယ်။

အမြင်မှားတွေ ဟုတ်သလိုလိုတွေက အင်မတန်များပါတယ်။ ဦးနှောက်အသိဉာဏ်နဲ့သာ အလုပ်လုပ်နေရင်တော့ အမြင်မှားတွေ ဟုတ်သလိုလိုတွေနဲ့ပဲ တွေ့ကြုံနေကြရ ပါလိမ့်မယ်။ ဖြစ်ပျက်ပြောင်းလဲနေတာဟာ အလွန့်အလွန် မြန်အားကြီးတော့ အမြင်မှားတွေကို ဖြစ်စေတတ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သိမ်မွေ့ဝေဒနာကို ခံစား


အင်မတန်သိမ်မွေ့တဲ့ ဝေဒနာကိုတော့ စိတ်ရဲ့အပေါ်ပိုင်းက မသိနိုင်ပါဘူး။ စိတ်ရဲ့ အတွင်းဆုံးအပိုင်းကတော့ အမြဲပဲသိနေပါတယ်။ သိနေရုံတင်မကပါဘူး။ တုံ့ပြန်မူတွေလည်း လုပ်နေပါတယ်။ ထိတွေ့ခံစားရမူက သုခဝေဒနာ သာယာတယ်ဆိုရင် ကြိုက်တယ်၊ သဘောကျတယ်၊ ပိုပိုပြီးတောင့်တနေပါတယ်။ တွယ်တာပါတယ်။

ထိတွေ့ခံစားရမူ ဝေဒနာက မသာယာဘူးဆိုရင်တော့ မလိုချင်ဘူး၊ မကြိုက်ဘူး၊ မုန်းတယ်၊ ဝေဒနာအမျိုးအစားပေါ်မှာ တည်နေပါတယ်။ ဝေဒနာတွေကို သိရှိခံစားနိုင်စွမ်းမရှိရင် စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးအပိုင်းနဲ့ ဆက်သွယ်လို့ မရနိုင်ပါဘူုး။ စိတ်ရဲ့အပေါ်ယံပိုင်း အသိဉာဏ်ပိုင်းနဲ့သာ ဆက်သွယ်နိုင်ပါတယ်။ စိတ်ရဲ့အပေါ်ယံပိုင်းက ပြုပြင်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အတွင်းမှာ ငုပ်နေတဲ့ ကိလေသာအညစ်အကြေးတွေကိုတော့ မပယ်ဖျက်နိုင်တော့ ဒီအနုသယကိလေသာတွေဟာ ပွားသထက် ပွားပွားလာပါတယ်။

အခု ၀ိပဿနာကမ္မဋ္ဌာန်းနည်းကတော့ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးအပိုင်းနဲ့ ဝေဒနာနဲ့ ဆက်သွယ်ပြီး အဟုတ်အမှန်အတိုင်း တကယ့်အဖြစ်အပျက်တွေကို တွေ့ရှိသိရှိ နိုင်ပါလိမ့်မယ်။ ဒီ၃-ရက်အတွင်းမှာ ယောဂီတို့ဟာ ကြမ်းတမ်းတဲ့ အသက်ရှူမူကနေပြီးတော့ သိမ်မွေ့တဲ့အသက်ရှူမူ၊ လေ၀င်လေထွက်ရဲ့ ထိတွေ့မူကလေးကို ကျင့်သုံးခဲ့ကြပါတယ်။ ၃-ရက်မြောက်ပြီဆိုရင်ပဲ သိမ်မွေ့ဝေဒနာလေးကို ခံစားစပြုလာပါပြီ။

သိမ်မွေ့ဝေဒနာဟာ ခန္ဓာကိုယ်အပြည့်မှာ ရှိနေပါတယ်။ ဒါကိုစိတ်ရဲ့ အနက်ရိုင်းဆုံး အပိုင်းကတော့ ထိတွေ့ပြီး သိနေတာပါပဲ။ သိနေပြီး တုံ့ပြန်မူတွေလဲ လုပ်နေပါတယ်။ ဝေဒနာတစ်ခုခုကို ခံစားလိုက်ရပြီဆိုရင် ဝေဒနာကို တုံ့ပြန်မူတွေ လုပ်နေတာဟာ စိတ်ရဲ့ အကျင့်ဖြစ်နေပါတယ်။ ယောဂီတို့ဟာ ဒီအကျင့်ကို ဖျောက်ဖျက်ပစ်ကြဖို့ ဖြစ်ပါတယ်။ စိတ်ရဲ့ အပေါ်အပိုင်းကလေးလောက်ကိုသာ ကျင့်နေရင် ကစားသလိုဖြစ်နေပြီး အထူးအကျိုးကျေးဇူးခံစားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် စွမ်းအားကို ထူထောင်ဖို့ရာ လိုပါတယ်။

မျက်စိကွယ်နေတဲ့ လူတစ်ဦးဟာ မြင်နိုင်စွမ်းအားမရှိတော့ အရောင်အဆင်းပုံ သဏ္ဍာန်တွေကို မမြင်နိုင်တော့ မြင်နိုင်စွမ်းအားကို လိုနေသလို ယောဂီတို့ကလည်း ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အင်မတန်သိမ်မွေ့တဲ့ ဝေဒနာလေးတွေကို သိရှိထိတွေ့ ခံစားနိုင်ဖို့ရာ သိစွမ်းအားပွားဖို့ရာ လိုပါတယ်။ သိစွမ်းအားရှိပြီးပြီဆိုတော့ ဒီဝေဒနာတွေကို တုံ့ပြန်မူ မလုပ်ဘဲနဲ့ စိတ်ရဲ့ အကျင့်ဖြစ်လာအောင် လုပ်ယူရပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

စားသောက်ဆိုင်သွားသူ ပမာ


ဥပမာဆိုကြပါစို့၊ အင်မတန်ဆာလောင်နေတဲ့ လူတစ်ဦးဟာ စားသောက်ဆိုင် တစ်ဆိုင်ကိုသွားပါတယ်။ စားစရာစားရင်း “မီနူး”ကိုဖတ်ကြည့်တော့ ဒီကနေ့ဟာဖြင့် “တယ်စားမြိန်မှာပဲ”လို့ သွားရည်ကျမိပါတယ်။ ဒါဟာ ပထမအဖြစ်အပျက်။


နောက် သူစားချင်တာကို မှာလိုက်ပါတယ်။ မှာပြီးစောင်နေ့ခိုက်မှာ တခြားလူတွေမှားပြီး စားသောက်နေတာကို ကြည့်မိပါတယ်။ သူတို့တတွေက မြိန်ရေယှက်ရေ စားသောက်နေတာကို တွေ့ရပြန်တော့လဲ တစ်ခါသွားရည့်ကျပြန်ပါတယ်။ ဒါက ဒုတိယအဖြစ်အပျက်။

နောက်သူမှာထားတဲ့ အစားအသောက်ရောက်လာပြီး သူစပြီးစားတဲ့အခါမှာ သူကိုယ်တိုင် အရသာကို ခံစားရတဲ့အခါကျတော့ ဒါက တတိယအဖြစ်အပျက်။

ပထမအဖြစ်အပျက်က သုတမယဉာဏ်ပါပဲ။ မီးနူးကို ဖတ်ကြည့်ရုံပဲ ရှိပါသေးတယ်။ စားရသေးတာ မဟုတ်ပါဘူး။ အရသာကို ကိုယ်တိုင် မခံစားရသေးပါဘူး။

ဒုတိယကတော့ စိန္တာမယဉာဏ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ကို အသုံးပြုပြီး သိရတာပါ။ လူတွေဟာ စားကောင်းသောက်ဖွယ်တွေကို စားတဲ့အခါမှာ အရသာကို ခံစားရတဲ့အခါများမှာ သူတို့ရဲ့ မျက်နှာထားအမူအရာကို အကဲခတ်နိုင်ပါတယ်။

တတိယ အတွေ့အကြုံကမှသာ ဘာဝနာမယဉာဏ်ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် အစားစားရပါပြီ။ အရသာကို ခံစားရပါပြီ။ ဒီဟာကမှ တည့်တည့်မတ်မတ်နဲ့ အကျိုးကို သက်ရောက်စေနိုင်တာ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဆရာဝန်ထံသွား လူနာပမာ


နောက် ဥပမာတစ်ခု ပေးပါဦးမယ်။ လူတစ်ယောက်က နေမကောင်းလို့ ဆရာဝန်ထံသွားပါတယ်။ ဆရာဝန်က ဆေးလက်မှတ် ပေးလိုက်ပါတယ်။ အိမ်ပြန်ရောက်လာပြီး ဘုရားစင်မှာ တင်ထားတဲ့ ဆရာဝန်ရုပ်တုကို ဦးသုံးကြိမ်ချပြီး ပန်း၊ အမွှေးတိုင်၊ ဆီမီးတို့နဲ့ ပူဇော်ပသပြီး ဆေးညွှန်းကို ထုတ်ပြီး မနက် ၂-လုံး၊ နေ့လယ် ၂-လုံး၊ ညနေ ၂-လုံးလို့ ရွတ်နေရင်တော့ အရူးပေါ့။ ဒါဟာအဓိပ္ပာယ်မှ မရှိတဲ့ ကိစ္စပဲ။ ဆရာဝန်ကို မျက်ကန်းယုံကြည်မူပါပဲ။


ဒုတိယအဆင့်ကျတော့ ဆရာဝန်ဆီသွားပြန်ပါတယ်။ ဒီတစ်ခါကျတော့ ဦးနှောက်အသိဉာဏ်ကို သုံးပါတယ် “ဆရာ ဒါကဘယ်လို ဆေးပါလဲ။ ဘယ်လို အာနိသင်ရှိပါသလဲ”လို့ မေးပါတယ်။ ဆရာဝန်က “ခင်ဗျား ရောဂါက ဒီလိုဒီလိုဖြစ်ပါတယ်၊ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကတော့ ဒီလိုဟာဖြစ်ပါတယ်။ အခု ကျွန်တော်ပေးတဲ့ဆေးဟာ ရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေတဲ့ ဆေးဖြစ်ပါတယ်။ ရောဂါအမြစ်ပြတ်သွားရင် ခင်ဗျားရောဂါအပြီး ပျောက်သွားမှာပဲ”လို့ ပြောပြပါတယ်။

ဒီတော့သူက “ကောင်းတယ် ကောင်းတယ်။ ငါ့ဆရာဝန်က တယ်တော်ပါလား”လို့ဆိုပြီး အိမ်ပြန်ရောက်လာတော့ ဆေးကိုတော့ မသောက်ပါဘူး။ အိမ်နီးနားချင်တွေကို သွားပြီး ရန်စပါတယ်။ “ကျွန်တော်ဆရာဝန်က အကောင်းဆုံး၊ အတော်ဆုံး၊ ခင်ဗျားတို့ဆရာဝန်က အသုံးမကျပါဘူး”လို့ဆိုပါတယ်။ ဒီလိုမျိုးဟာ တစ်သက်လုံးဖြစ်နေကျပါပဲ။

လူတွေဟာကိလေသာ အညစ်အကြေးတွေကြောင့် စိတ်မချမ်းမသာတွေ ဖြစ်နေကြရပါတယ်။ ဒီတော့ ဘုရားအစရှိတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးခဲ့တဲ့ သူတော်ကောင်းကြီးများက မေတ္တာကရုဏာတွေ ရှေ့ထားပြီးလူတွေကို ဆေးညွှန်းတွေ ပေးခဲ့ပါတယ်။ ဒီဆေးကို မှီဝဲသုံးဆောင်ပါ။ ဒီဓမ္မဆေးဟာဖြင့် ဒီဒုက္ခတွေက ကင်းလွှတ်နိုင်ပါလိမ့်မယ်လို့ ဆိုပေမယ့် အချိန်တွေသာ ကုန်သွားပါတယ်။ လူတွေကတော့ ဓမ္မဆေးကို သောက်ဖို့ သတိမရကြပါဘူး။ ဓမ္မဆေးကို သောက်ကိုမသောက်ကြပါဘူး။ ကိုယ့်ယုံကြည်မူနဲ့သာ ကိုယ်အစွဲနဲ့ပဲ နေကြပါတယ်။ ငါ့တရားကသာ အမှန်တရားဆိုပြီ ရန်ဖြစ်နေကြပါတယ်။

တရားကို ဦးနှောက်အသိဉာဏ်နဲ့သာ သိနေကြပါတယ်။ ဆင်ကန်းတောတိုး ယုံကြည်နေကြပါတယ်။ ဆေးကိုကိုယ်တိုင် တကယ်သောက်လိုက်တဲ့ အခါကျတော့မှ ဘာဝနာမယဉာဏ်အဆင့် ဖြစ်လာပါတယ်။ ဓမ္မရဲ့လက်တွေ့ အကျိုးကျေးဇူးကို ခံစားရနိုင် ပါတယ်။ အခုလိုယောဂီတို့ တရားစခန်းကိုလာကြတာဟာ ဘာဝနာမယဉာဏ်ကို ရရှိဖို့ရာ ဖြစ်ပါတယ်။ ကိုယ်တိုင်လက်တွေ့ပညာကို ပွားကြပါ။ လက်ဆင့်ကမ်း အသိတွေဟာ လမ်းပြပေးရုံ စိတ်အားထက်သန်မူပေးရုံမျှသာပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်ကြသေးပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဖြစ်ပျက်ကိုတွေ့ရှိရန် စွမ်းအားလို


လက်ဆင့်ကမ်းရာမှာလည်း အဆင့်ဆင့်တွေက များလာတော့ မြတ်စွာဘုရားက ဒီလိုဟောသွားတာပဲလို့ ဆိုပေမယ့် ကိုယ့်နားလည် ယုံကြည်မူကလည်း လိုပါသေးတယ်။ ယူဆပုံကလည်း လိုပါသေးတယ်။ ကိုယ်ကိုယ်တိုင် တရားကို လက်တွေ့ ခံစားရပြီဆိုရင်တော့ တရားရဲ့ အဓိပ္ပာယ်ကို သေသေချာချာ နားလည်လာပါတယ်။


ဒီလို တိုက်ရိုက်ခံစားနိုင်ဖို့ရာ ကိုယ်အတွင်းမှာ ကိန်းအောင်းနေတဲ့ တိမ်ငုပ်နေတဲ့ ပေါ်မလာသေးတဲ့ သတ္တိတွေ၊ အစွမ်းတွေကို ပွားများ ယူရပါလိမ့်မယ်။ မိမိတို့ရဲ့ ဒီလိုအစွမ်းသတ္တိတွေထဲမှာ ယောဂီရဲ့ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းမှာ တိုက်ရိုက်ကိုယ်တွေ့ ခံစားနိုင်မူဖြစ်ပါလိမ့်မယ်။ သီးခြားထူးကဲတဲ့ စွမ်းရည်သတ္တိ တစ်ခုခု မရှိရင်တော့ ဒီစွမ်းရည်နဲ့ ပတ်သက်တာကို ကိုယ်တွေ့မခံစားနိုင်ပါဘူး။

ဥပမာ-မျက်စိ မြင်သူဟာ အရောင်ကို မသိနိုင်သလို အလင်းအမှောင်ကို မသိနိုင်သလိုပါပဲ။ မွေးစကတည်းက နားမကြားရတဲ့သူဟာ ဘာအသံကိုမှ မကြားသလိုပါပဲ။ မြင်နိုင်ကြားနိုင်တဲ့ စွမ်းအားရှိမှ မြင်နိုင်ကြားနိုင်ကြပါတယ်။ ယောဂီတို့ဟာလည်း မိမိရဲ့အတွင်းမှာရှိတဲ့ အဟုတ်တစ်ကယ် ဖြစ်ပျက်နေတာတွေကို တွေ့ရှိခံစားနိုင်ဖို့ရာ စွမ်းအားလိုပါတယ်။

အခုဒီ ၃-ရက်မှာ ယောဂီတို့ဟာ ဒီစွမ်းအားကို တိုးပွားအောင် လုပ်ဆောင်နေခြင်း ဖြစ်ကြပါတယ်။ မိမိတို့ ကိုယ်ခန္ဓာအတွင်းမှာ အပေါ်ယံကနေ အနက်ရိုင်းဆုံးအတွင်းကို စူးစမ်းဖို့ရာ လိုအပ်တာတွေကတော့ ဒီစွမ်းအားပါပဲ။ ဒီစွမ်းအားမရှိရင်တော့ ဘာဝနာမယဉာဏ် မပွားနိုင်ပါဘူး။ စိတ်ကြံ့ခိုင်မူ သမာဓိထူထောင်မူတွေ သီလကို ထိန်းသိမ်းတာတွေဟာ ဦးနှောက်အသိဉာဏ်ကိုသာ သန့်ရှင်းစင်ကြယ်စေပါတယ်။ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းမှာ မရှင်းလင်းနိုင်ပါဘူး။ ထုတ်ဖော်မပစ်နိုင်ပါဘူး။

ဒီအနုသယကိလေသာတွေ ကျန်ရှိနေသးသမျှတော့ သံသရာ ၀ဋ်ဆင်းရဲက လုံးဝလွတ်မြောက်ဖို့ရာ မဖြစ်နိုင်သေးပါဘူး။ အရိယာပုဂ္ဂိုလ်လို့ မခေါ်နိုင်သေးပါဘူး။ ဈာန်တွေ အဆင့်ဆင့်တက်နိုင်ပြိး နောက်ဆုံးဈာန်အထိ ရောက်နိုင်တောင်မှ သမာဓိက အင်မတန်ပဲ ထူးကဲနေပေမယ့်လို့ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံး အပိုင်းကို မရောက်နိုင်သေးတော့ အဲဒီအပိုင်းမှာ ရှိနေတဲ့ အနုသယကိလေသာတွေကို အကုန်အစင် မဖယ်ရှားနိုင်ပါဘူး။ ဒီဟာကို မြတ်စွာဘုရားက သိနားလည်တော်မူပါတယ်။

ဒီတော့ မြတ်စွာဘုရားက တရားအစစ်ကို ရှာဖွေရာမှာ ၀ိပဿနာနည်းနဲ့စပြီး ကျင့်သုံးတော့တရားက ပေါ်ပေါက်လာပြီးတော့ စိတ်ရဲ့ အပေါ်ပိုင်းကနေ အတွင်းပိုင်း၊ အတွင်းပိုင်းကနေ အနက်ရိုင်းဆုံးအပိုင်းအထိ ထိုးထွင်းသွားနိုင်တာ ဖြစ်ပါတယ်။ ယောဂီတို့ ကိုယ်တွေ့လက်တွေ့ ခံစားကြရတော့မှ သိကြပါလိမ့်မယ်။

ဘုရားဟောခဲ့တဲ့ ကျမ်းဂန်လာမို့ ဆရာသမားက ပြောလို့မဟုတ်စေရပါဘူး။ ယောဂီတို့ မိမိတို့ကိုယ်တိုင် စိတ်ရဲ့အနက်ရိုင်းဆုံးအပိုင်းကို တွေ့သိကြပြီးတဲ့နောက် ဒီစိတ်အပိုင်းဟာ ခန္ဓာကိုယ်ပိုင်းနဲ့ အဆက်မပြတ် တစ်ချိန်လုံး ဆက်သွယ်နေတယ်ဆိုတာကို တွေ့သိလာကြပါလိမ့်မယ်။ ကိုယ်ခန္ဓာအပိုင်းမှာ ဘာပဲဖြစ်နေဖြစ်နေ ဘယ်လိုဝေဒနာပဲပေါ်ပေါ် စိတ်ရဲ့ ဒီအနက်ရိုင်းဆုံးအပိုင်းက ချက်ချင်းသိပါတယ်။ စိတ်ရဲ့ အပေါ်ယံအပိုင်းကတော့ သိချင်လဲသိမယ် မသိချင်လဲမသိပါဘူး စိတ်ရဲ့အပေါ်ယံ အပိုင်းကတော့ ကိုယ်ခန္ဓာပေါ်မှာ ကြမ်းတမ်းတဲ့ ဝေဒနာတွေလောက်သာ သိပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ပညာသိက္ခာ ၃-မျိုး


ဒီလိုဆိုရင်ပဲ အတော်ဟန်ကျလာပါပြီ။ အသိအမြင်လွဲနေတာတွေ ပျောက်ကွယ်သွားတဲ့အခါကျတော့ သိတွေ့ရတဲ့ တကယ့်အဖြစ်အပျက်၊ အမှန်တရားဟာ ပညာပါပဲ။ ၀ိပဿနာပါပဲ။


သုတမယပညာ
ပညာသိက္ခာမှာလဲ ၃-မျိုးရှိပါတယ်။ ပထမအသိမျိုးကတော့ သုတမယပညာလို့ ခေါ်ပါတယ်။ တရားဟောတာတွေ နားထောင်ပြီး၊ စာအုပ်တွေ ကျမ်းဂန်တွေဖတ်ပြီး သိရှိရတဲ့ အသိဉာဏ်ပေါ့။ မိမိကိုယ်ပိုင်ဉာဏ် အသိဉာဏ်တော့ မဟုတ်ပါဘူး။ တခြားပုဂ္ဂိုလ်တစ်ဦး ရဲ့ အသိဉာဏ်ပါ။

ယောဂီကကြားလိုက်ရတယ်၊ နာလိုက်ရတယ်၊ ဖတ်လိုက်ရပါတယ်။ ပြီးတော့ လက်ခံလိုက်ပါတယ်။ အဲဒါ သူတစ်ပါးဆီကရထားတဲ့ သုတမယပညာဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးဟာ မိသားစုတစ်စု၊ အုပ်စုတစ်စု၊ ရိုးရာတစ်ခုထဲမှာ မွေးဖွားလာပြီး ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီးတော့ အဲဒီမိသားစုရဲ့ ယုံကြည်တဲ့တရားကို သူတို့အမြင်အတိုင်း ဟောပြောတာတွေကို နားထောင်ခဲ့ရပါတယ်။ ဒါတွေကို ထပ်တလဲလဲ ပြန်ပြန်ကြားနေရတော့ ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ သူကြားနေခဲ့ရတာတွေဟာ အလွှာလိုက် အလွှာလိုက် ထပ်ထပ်ပြီးဆင့်ဆင့်ပြီး ရှိနေပါတယ်။

ငယ်စဉ်ကပဲကြားနေရတဲ့ မိဘဘိုးဘွားများကစပြီး ယုံကြည်ချက်တွေဟာ စိတ်ထဲမှာ လေးလေးနက်နက်ကြီး စွဲမြဲနေပါတယ်။ ဒီကြားခဲ့ရတာတွေကို စွဲမြဲယုံကြည်ပြီး ရိုးရာယုံကြည်မူ၊ ဘာသာဝါဒဓလေ့ ထုံးစံတွေအဖြစ်နဲ့ လက်ခံနေပါတယ်။ စိတ်ထဲမှာ ခိုင်မြဲနေပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဒီယုံကြည်ချက်တွေကို မှန်မမှန် မဝေဖန်တော့ဘဲနဲ့ မျက်ကန်းယုံကြည်မူ မျက်ကန်းလက်ခံမူတွေသာပါပဲ။ သုတမယပညာဟာ ကောင်းပါတယ်။ စိတ်ကိုနိုးဆော်ပေးတတ်ပါတယ်။

စိန္တာမယပညာ
ဒုတိယအမျိုးအစား ပညာဖြစ်တဲ့ စိန္တာမယပညာကို ညွှန်ကြားပေးတတ်ပါတယ်။ သိထား လက်ခံထားတဲ့တရားကို မိမိရဲ့ဦးနှောက် အသိဉာဏ်နဲ့ စဉ်းစားလာပါတယ်။ ဆင်ခြင်သုံးသပ်ပြီးတော့မှ လက်ခံပါတယ်။ များသောအားဖြင့် လူတွေကတော့ ဒီဒုတိယအဆင့် စိန္တာမယပညာအထိတောင် မတက်ကြတော့ပါဘူး။

တတိယအဆင့်ကတော့ ဝေးစွပါပဲ။ မိရိုးဖလာကိုးကွယ်တာမို့ အပါယ်လားမှာ ကြောက်လို့ နတ်စည်းစိမ်ခံစားချင်လို့ လက်ခံကြတယ်၊ ယုံကြည်ကြတယ်ဆိုရင်တော့ ဒါဟာကိုယ့်ကိုယ်တိုင် လက်တွေ့ သိရှိခံစားရတဲ့ပညာ အသိဉာဏ်မှ မဟုတ်ပါပဲ။ ဒါတွေဟာ ကိုယ့်အတွက် အနှောက်အယှက် အနှောင်အဖွဲ့ အတားအဆီးတွေတောင် ဖြစ်နေပြီး ဒုတိယအဆင့်ဖြစ်တဲ့ စိန္တာမယပညာကိုတောင် မတက်နိုင်တော့ပါဘူး။

ယောဂီဟာ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်တဲ့ ဝေဖန်ကြည့်တဲ့အခါမှာလည်း အနှောင်အဖွဲ့ချည်းဖြစ်ပြီး ရှေ့မတိုးပဲ နေတတ်ပါသေးတယ်။ ငါတွေ မာနတွေ တက်လာတတ်ပါတယ်။ “ငါအကုန် သိတာပဲ” ငါ တရားတွေ ဟောပြောနိုင်တာပဲ။ ဆွေးနွေးနိုင်တာပဲ၊ တရားစာအုပ်တွေ ရေးနိုင်တာပဲ။ ငါရဲ့တရားဟာ ဘယ်လို၊ တကယ့်အမှန်တရားဆိုတာကို ငါရှင်းလင်း ပြသနိုင်ပါတယ်။ တခြားလူတွေဟာ အမှားတွေချည်းပဲလို့ စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အခုအသိဟာလဲ ဦးနှောက်အသိပါပဲ။

ဘာဝနာမယပညာ
ကိုယ်တိုင် ကိုယ်ထိလက်ရောက်ထိတွေ့ခံစားပြီး သိရတဲ့ဉာဏ်ကျတော့မှ တတိယဖြစ်တဲ့ ဘာဝနာမယပညာဉာဏ် ဖြစ်ပါတယ်။ ဒိဋ္ဌတွေ့ကြုံရတဲ့ ကိုယ်တွေ့အသိ ဖြစ်ပါတယ်။ ဒီဋ္ဌတွေ့ကြုံရတဲ့ ကိုယ်တွေ့အသိဖြစ်ပါတယ်။ ဘာဝနာမယပညာဉာဏ်ကမှ ကိလေသာအညစ်အကြေးတွေက လွတ်မြောက်စေနိုင်ပါတယ်။

ယောဂီတို့စိတ်အတွင်းမှာ ထုံးထားတဲ့ အထုံးတွေကို ဖြေနိုင်ပါတယ်။ ကြိုးထုံးတွေ ထုံးတဲ့အကျင့်ကလဲ ရပ်စဲသွားပြီ ကလိလေသာ အနှောင်အဖွဲ့တွေကို အထုံးတွေကို အကုသိုလ် အထုံးအဖွဲ့တွေကို ဖြေတတ်တဲ့အကျင့် ဖြစ်လာပါတယ်။ စိတ်က ပိုမိုစင်ကြယ်လာပြီး ကိလေသာ အညစ်အကြေးအသစ်တွေလဲ နောက်ထပ် မဖန်တီးတောဘဲ ရှိပြီးသား ဖြစ်ပြီးသား ကိလေသာ အကုသိုလ်တွေကို ဖျောက်ဖျက်ပစ်လာပါတယ်။

ပထမပိုင်းမှာတော့ စိတ်ရဲ့အပေါ်ယံပိုင်းမှာရှိတဲ့ အညစ်အကြေးတွေကစပြီး နောက်တစ်စတစ်စနဲ့ အတွင်းနက်နက်ကို ရောက်သွားပြီး တရားထိုင်ရာမှာ သြဠာရိက - နေပြီး သုခုမ-သုခုမ၊ အကြမ်းကနေပြီး သိမ်မွေ့သိမ်မွေ့ လာပါလိမ့်မယ်။ ဒီလိုနဲ့ ကိလေသာ အညစ်အကြေးတွေဟာလဲ နည်းနည်းလာပြီး နောက်ဆုံးကျတော့ အားလုံးအကုန် စင်ကြယ် သွားကြပါလိမ့်မယ်။ ဒါဟာ ဘာဝနာမယ ဉာဏ်နဲ့လုပ်မှသာ ဖြစ်နိုင်ပါတယ်။

တရားအမည်တပ်ပြီး ပါးစပ်နဲ့ ၀တ်ပြုနေရုံနဲ့တော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ ကိုယ့်အတွက် အချုပ်အနှောင်တွေတောင် ဖြစ်နိုင်ပါသေးတယ်။ ကိုယ်ကိုယ်တိုင် လက်တွေ့ကျင့်သုံးပြီး အနိစ္စကို လက်တွေ့ ခံစားနိုင်ရမှာ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ အတွေ့အကြုံနဲ့ ကိုယ်က နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါဘူး။ စိတ်အားတက်စေရုံလောက် လမ်းပြပေးရုံလောက်သာ ဖြစ်ပါတယ်။

ယောဂီတို့က မိမိတို့ကိုယ်တိုင် မိမိတို့ကိုယ်တွေ့အသိဉာဏ်ကို ပွားကြရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရား တရားအားထုတ်ပွားများတာဟာ မြတ်စွာဘုရား တစ်ပါးတည်းကိုသာ နိဗ္ဗာန် မျက်မှောက် ပြုနိုင်စွမ်းရှိပါတယ်။ တခြားဘယ်သူတစ်ဦး တစ်ယောက်ကိုမှ နိဗ္ဗာန်ကို မပို့စွမ်းနိုင်ပါဘူး။ လူတိုင်း လူတိုင်းဟာ ကိုယ်တိုင် တရားကို ပွားများအားထုတ်ဖို့ ဖြစ်ပါတယ်။ တရားဟောတာကို ယုံကြည်နေရုံ တရားဟောတာကို နားလည်နေရုံနဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြု နိုင်သေးပါဘူး။

ဒါကြောင့် မိမိတို့ကိုယ်တိုင် တရားကို လက်တွေ့သိရှိ ခံစားနိုင်ရန်အတွက် ယောဂီတို့ ဒီကို အခုလို လာရောက်ကြတာ ဖြစ်ပါတယ်။ ဦးနှောက်အသိဉာဏ်နဲ့ သိဖို့၊ ဘုရားရှိခိုးဖို့၊ တရားနာဖို့ တရားဆွေးနွေးဖို့ဆိုရင် အပေါ်ယံစိတ် နှစ်သိမ့်မူကိုတော့ ရနိုင်ပါတယ်။ ယောဂီတို့ တရားစခန်းကို လာကြတာဟာ အပေါ်ယံ စိတ်နှစ်သိမ့်မူအတွက်သာ မဟုတ်ပဲ မိမိတို့ ကိုယ်တိုင်ကိုယ်တွေ့ လက်တွေ့တရားကို သိရှိဖို့ တကယ်အကျိုးကျေးဇူး ဖြစ်ဖို့ရာအတွက် လာကြတာဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Tuesday 13 March 2012

သမ္မာဒိဋ္ဌိမဂ္ဂင်


စိတ်ကဒီလို ဖြစ်လာပြီဆိုတော့ နောက်တစ်ဆင့်ဖြစ်တဲ့ သမ္မားဒိဋ္ဌိ ကောင်းသော မှန်သောသိနားလည်မူကို တက်လာနိုင်ပါတယ်။ စိတ်က အကုသိုလ်အညစ်အကြေးတွေ ဘာမှမပါဘဲနဲ့ ယောနိသောမနသိကာရနဲ့သာ လမ်းမှန်ကိုညွှန်ပြီး ကောင်းသောမှန်သော စိတ်ကူးအကြံအစည်တို့ ဖြစ်လာကြပြီဆိုတော့ ယောဂီရဲ့ သိနားလည်မူဟာလည်း ပိုမိုကောင်းကောင်းလာပါတယ်။


သမ္မာဒိဋ္ဌိကတော့ မဖောက်မပြန်ကောင်းစွာမြင်ခြင်း၊ မှန်ကန်တဲ့ သိနားလည်မူရှိခြင်း ဖြစ်ပါတယ်။ စိတ်အညစ်အကြေးတွေရဲ့ အရောင်ဟပ်ခြင်းတွေ မပါဘဲနဲ့ သိနားလည်မူနဲ့ ယောဂီရဲ့စိတ်ဟာ မှန်ကန်ကျနစပြုလာပါပြီ။ အညစ်အကြေးတွေက ကုန်စင်သေးတာတော့ မဟုတ်ပါဘူး။ အများကြီးပဲ ကျန်နေပါသေးတယ်။ စိတ်ရဲ့ အပေါ်ယံပိုင်း ဦးနှောက်နဲ့သိတဲ့ ဉာဏ်အပိုင်းကတော့စပြီး မှန်ကန်ကျန ဖြစ်လာပါပြီ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Monday 12 March 2012

သမ္မာသင်္ကပ္ပမဂ္ဂင်


သမ္မာသင်္ကပ္ပဟာ ကောင်းသောအကြံအစည် အတွေးအခေါ် စိတ်ကူးဖြစ်ပါတယ်။ စိတ်ကတော့ အမြဲပဲ စဉ်းစားနေတာပါပဲ။ စိတ်က ဘာမှမစဉ်းစားတော့ဘူး၊ မတွေးတောတော့ဘူးဆိုမှ ပညာရတာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ရဲ့တွေးတောပုံ ပုံစံကတော့ ပြောင်းလဲလာပါတယ်။


မြတ်စွာဘုရားက အင်မတန် အရေးကြီးတဲ့ စကား ၂-ခုကို ဟောပြောလေ့ ရှိပါတယ်။ ယောနိသောမနသိကာရနဲ့ အယောနိသောမနသိကာရ ဆိုတာ ဖြစ်ပါတယ်။ အယောနိသောမနသိကာရမှာ မှားယွင်းတဲ့အတွေးအခေါ်၊ မိမိကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ မိမိအတွက် ဘေးများစေတဲ့ နှလုံးသွင်းမူတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမှားယွင်းတဲ့ စိတ်ထားစိတ်ကူး နှလုံးသွင်းမူတွေဟာ တစ်ပြိုင်တည်းပဲ လိုချင်တော့တမူ တဏှာလောဘ၊ မုန်းထားမူဒေါသ၊ အမှန်မသိမူ အ၀ိဇ္ဇာတို့နဲ့ အရောင်ဟပ်နေတတ်ပါတယ်။ စိတ်က ဖြောင့်ဖြောင့်မှန်မှန်မတွေးတာ မစဉ်းစားနိုင်ပါဘူး။ မမှန်တဲ့ မကောင်းတဲ့ စိတ်တွေချည်းပါပဲ။ ဒီလိုစိတ်တွေဟာ ဆင်းရဲဒုက္ခ အမျိုးမျိုးကိုသာ ပေးကြမှာ ဖြစ်ပါတယ်။

နောက်စိတ်တစ်ခုက ယောနိသောမနသိကာရ = မှန်ကန်တဲ့ သင့်မြတ်တဲ့ နှလုံးသွင်းမူ ကောင်းမွန်တဲ့ စိတ်ထား အတွေးအတော အကြံအစည် အသိဉာဏ်အဆင့်နဲ့ အမှန်တရားကို ယောဂီနာလည် လာပါတယ်။ တရားကျင့်ပြီဆိုတာနဲ့ ယောဂီတို့ဟာ ၀င်သက်ထွက်သက်ကို ရူကြတယ်ဆိုရင်ပဲ မိမိတို့ရဲ့ စိတ်နဲ့စပြီး အလုပ်လုပ်ကြတာပါပဲ။

ဟုတ်ပါတယ်။ ၀င်သက်ထွက်သက်ရူနေစဉ်မှာတော့ စိတ်ရဲ့ အပေါ်ယံအပိုင်းလောက် နဲ့သာပဲ အလုပ်စလုပ်ကြပြီ ဆိုရင်ပဲ အတော်လေး ကောင်းနေပါပြီ အပေါ်ယံပိုင်းက အကုသိုလ်အညစ်အကြေးတွေ ပြိုကွဲစပြုလာပြီပေါ့။ ပြီးတော့ နည်းနည်းချင်း အလွှာလိုက် အလွှာလိုက် အမြစ်ပြတ် သုတ်သင်လိုက်ကြဖို့ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

စိတ်စင်ကြယ်အောင် ပညာနဲ့လုပ်


ဒါကြောင့် ဓမ္မလမ်းစဉ် မဂ္ဂင်ရှစ်ပါးရဲ့ တတိယအ ပိုင်းဖြစ်တဲ့ ပညာသိက္ခာကို လိုအပ်ပါတယ်။ ပညာကို လုံးဝရာခိုင်နူန်းအပြည့် ပွားနိုင်မှသာ အကုသိုလ်ကံ ကြွေးဟောင်းတွေက လွတ်မြောက်နိုင်ပြီး ဆင်းရဲဒုက္ခအပေါင်းကလည်း လွတ်ကျွတ်နိုင်ပါလိမ့်မယ်။ အဲ့ဒီအခါကျတော့ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံး အပိုင်းမှာတောင်မှ ကိလေသာ အညစ်အကြေးဆိုလို့ အနံ့အသက် အရိပ်အငွေ့လေးတောင် မရှိနိုင်တော့ပါဘူး။


ဒါကို ပညာနဲ့ ၀ိပဿနာနဲ့ ကျင့်သုံးပြီး လုပ်ဆောင်ရပါတယ်။ အလွန်စင်ကြယ်တဲ့စိတ်ဟာ သဘာဝအလျောက် အတိုင်းမရှိတဲ့ အပ္ပမာဏ မေတ္တာ၊ အတိုင်းမရှိတဲ့ အပ္ပမာဏ ကရုဏာ၊ အတိုင်းမရှိတဲ့ အပ္ပမာဏ မုဒိတာ၊ အတိုင်းမရှိတဲ့ အပ္ပမာဏ ဥပေက္ခာ ဗြဟ္မာစိုရ်တရား လေးပါးနဲ့ ပြည့်လျှံနေပါတယ်။ ဒီလိုစိတ်မျိုးရှိနေရင် သီလဟာ အလိုလို စောင့်ထိန်းပြီးဖြစ်နေပြီး လုံခြုံနေပါတယ်။ ယောဂီတို့က တမင်ကြိုးစား အားထုတ်ပြီး စောင့်ထိန်းနေဖို့ မလိုတော့ပါဘူး။

အကုသိုလ်တွေ မပွားတော့ဘူးဆိုရင်လည်း ကာယကံနဲ့ရော၊ ၀စီကံနဲ့ရော၊ မိမိကိုရော၊ သူတစ်ပါးတွေကိုရော အန္တရာယ်ဖြစ်စေတဲ့ အလုပ်မျိုးတွေ မကျူးလွန်တော့ပါဘူး။ ယောဂီကိုယ်တိုင်ကလည်း အန္တရာယ်ကင်းသွားပါတယ်။ သူတစ်ပါးတွေလည်း အန္တရာယ် ကင်းသွားကြပါတယ်။ စိတ်ဟာအင်မတန် သန့်ရှင်းစင်ကြယ်သွားတော့ အချုပ်အနှောင်တွေက လွတ်မြောက်သွားပါတယ်။ ဒီဟာကို ပညာနဲ့ လုပ်ဆောင်ယူရပါတယ်။

သီလက သမာဓိထူထောင်ရန် ဖြစ်ပါတယ်။ သီလမစောင့်ထိန်းဘဲနဲ့ မှန်ကန်တဲ့ သမာဓိ၊ သမ္မာသမာဓိ မထူထောင်နိုင်ပါဘူး။ သမ္မာသမာဓိကမှ ယောဂီရဲ့ပညာကို တိုးပွားအောင် လုပ်ပေးပါလိမ့်မယ်။ မဂ္ဂင်လမ်းစဉ်ကို စပြီးကျင့်တဲ့အခါမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ရယ်လို့ ခွဲခြားပြီး ပြောနေပါတယ်။ တရားကို ကျင့်ရင်း ကျင့်ရင်းနဲ့ အတော် ကလေးခရီးရောက်လာတဲ့ အခါကျတော့ ဒီအဆင့် ၃-ဆင့် သီလ၊ သမာဓိ၊ ပညာ၊ ၃-ခု စလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင့်ပြီးပွားများနေတာကို တွေ့ရပါလိမ့်မယ်။

သီလက သမာဓိကို ထောက်ပံ့ကူညီမူပြု၊ တစ်ခါသမာဓိကပညာကို ထောက်ပံ့ကူညီမူပြု၊ ပညာက သမာဓိကိုထောက်ပံ့၊ ပညာက သီလကို ထောက်ပံ့နဲ့ သိက္ခာ ၃-ခုစလုံးဟာ တစ်ခုကိုတစ်ခု အပြန်အလှန်ထောက်ပံ့အားပေး ကူညီကြပါတယ်။ ဒါဟာ ဓမ္မရဲ့ သုံးချောင်းထောက်ပါပဲ။ သုံးချောင်းရှိတဲ့ စားပွဲများလိုပေါ့။ ခြေ ၃-ချောင်းက တစ်ချောင်းကို တစ်ချောင်း ထောက်ပံ့ပေးကြပါတယ်။

ယောဂီတို့ တရားပတ်စကြရာမှာ သီလနဲ့ စကြရပါတယ်။ ပြီးတော့ သမာဓိ ထူထောင်ကြရပါတယ်။ အခုအခါ ပညာသိက္ခာထဲ၊ ပညာနယ်ထဲကို ၀င်တော့မှာဆိုတော့ “ပညာဆိုတာဘာလဲ”ဆိုတာကို သိဖို့လိုပါတယ်။ ပညာသိက္ခာကို ၂-ပိုင်း၊ မဂ္ဂင်ကို ၂-ခု ခွဲထားပါတယ်။ သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိတို့ ဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သီလ သမာဓိ ရှိရုံမျှနှင့် နိဗ္ဗာန်မရနိုင်


မနေ့က မဂ္ဂင်ရှစ်ပါးရဲ့ သိက္ခာ ၂-ပိုင်းကို ဆွေးနွေးခဲ့ပြီးပါပြီ။ သီလ သိက္ခာမှာ ၃-ပိုင်း၊ သမာဓိသိက္ခာမျာ ၃-ပိုင်းရှိပြီး မဂ္ဂင်ရှစ်ပါးရဲ့ ကျန်တဲ့ ၂-ပိုင်းကတော့ ပညာသိက္ခာမှာ ဖြစ်ပါတယ်။ သီလဟာ အင်မတန်ကောင်းပါတယ်။ အင်မတန် မွန်မြတ်ပါတယ်။ အင်မတန်လဲ အရေးကြီးပါတယ်။ နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ရဲ့ ပထမဆုံးအဆင့် ဖြစ်ပါတယ်။


သီလကို မစောင့်ထိန်းနိုင်ရင်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ကြပါဘူး။ ဒါပေမယ့် သီလစောင့်နေရုံမျှနဲ့ ဆင်းရဲဒုက္ခတွေအားလုံးမှ ကင်းဝေးပြီး နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သေးပါဘူး။ သီလဟာ အင်မတန်လိုအပ်တဲ့ အဆင့်ဖြစ်ပေမယ့် ပထမဆုံးအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဒုတိယအဆင့်ဖြစ်တဲ့ သမာဓိကို တက်ရပါလိမ့်မယ်။

သီလဟာ သမာဓိဖြစ်ဖို့ရာအတွက် အင်မတန် အရေးကြီးပါတယ်။ သမာဓိကလည်း ပညာပွားဖို့ရာအတွက် အင်မတန် အရေးကြီးပါတယ်။ သမာဓိကလည်း ပညာပွားဖို့ရာအတွက် အင်မတန် အရေးကြီးပါတယ်။ သမာဓိနဲ့ စိတ်ကိုထိန်းရပါတယ်။ စိုးမိုးနိုင်ပါတယ်။ ဒီတော့ သမာဓိကို ကောင်းကောင်းထိန်းရန် ဖြစ်ပါတယ်။ ပြီးတော့ သမာဓိက ကောင်းကောင်းနဲ့စိတ်ကို ခပ်ခိုင်ခိုင်ထားပြီး စိတ်ရဲ့အတွင်း နက်ရိုင်းတဲ့ အပိုင်းတွေအထိ သွားနိုင်ပါတယ်။

ဒါပေမယ့် သမာဓိနဲ့တော့ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ကြသေးပါဘူး။ ယောဂီတစ်ဦးဟာ သီလနဲ့ သမာဓိ ရှိနေရုံမျှနဲ့တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်သေးပါဘူး။ လမ်းဆုံးပန်းတိုင် အထဋ်အထိပ်ကို မရောက်နိုင်သေးပါဘူး။ စိတ်ရဲ့အပေါ်လွှာအပိုင်းမှာ ကိလေသာအညစ်အကြေး တစ်ခုခုပေါ်လာရင် သမာဓိကလဲ ဒီဟာကို တွန်းထုတ်ပစ်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီအညစ်အကြေးတွေကို ထုတ်ပစ်လိုက်တာကတော့ ကောင်းပါတယ်။ မဟုတ်ရင်သူတို့က အကုသိုလ်ဖြစ်စေမယ့် ကိုယ်အမူအရာ နူတ်အမူအရာ တွေအဖြစ်နဲ့ ထင်ရှားဖော်ပြကြပါလိမ့်မယ်။

ယောဂီဟာ အညစ်အကြေးတွေကို တွန်းထုတ်လိုက်တဲ့အခါမှာ အမှန်စင်စစ်တော့ တွန်းထုတ်လိုက်တာ မဟုတ်ပါဘူး။ အတွင်းကို ထိုးပြီးသွင်းလိုက်တာ ဖြစ်ပါတယ်။ အညစ်အကြေးတွေကို ဖိနှိပ်ထားတာမျှသာ ဖြစ်ပါတယ်။ ဒီတော့ ဒီအညစ်အကြေးတွေက စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံးအပိုင်းဖြစ်တဲ့ မသိစိတ်အလွှာထဲကို ပိုပြီး နက်နက်ဝင်သွားတာ ဖြစ်ပါတယ်။

သမာဓိက ယောဂီသတိရှိနေတဲ့ စိတ်အပိုင်းမျာသာ ဆောင်ရွက်နိုင်ပါတယ်။ ဒီတော့ ဒီအညစ်အကြေးတွေ အကုသိုလ်တွေဟာ စိတ်ရဲ့ အတွင်းဆုံးအပိုင်းမှာ သိုလှောင်ထားပြီး ငြိမ်နေတဲ့ အောင်းနေတဲ့ မီးတောင်များလို ဖြစ်နေကြပြီး အချိန်မရွေး ပေါက်ကွဲပြီး ယောဂီကို လွှမ်းမိုးနိုင်ပါတယ်။ အကုသိုလ်ကံကြွေးဟောင်းတွေ ရှိနေသေးသမျှ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ပါဘူး။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

တတိယနေ့ ဓမ္မဒေဿနာ


ပညာသိက္ခာ
တရားပတ်မှာ ၃-ရက်တော့ ကုန်ဆုံးသွားပါပြီ။ ဆက်လက်ပြီး တရားအားထုတ်ဖို့ရာ နောက်ထပ် ၇-ရက်သာပဲ ကျန်ပါတော့တယ်။ မနက်ဖြန် ၄-ရက်နေ့ ၀ိပဿနာ တက်ရမယ့်နေ့ဟာ အင်မတန်အရေးကြီးတဲ့နေ့ ဖြစ်ပါတယ်။


ယောဂီတွေ တော်တော်များများဟာ ပညာသိက္ခာထဲကို ပထမဆုံးအကြိမ် ခြေလှမ်း လှမ်းကြရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီနေ့ညမှာ ပညာဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

တိုက်တွန်းချက်နဲ့ ဆုပေး


ယောဂီတို့ရဲ့ ဘ၀လွတ်မြောက်ရေး အနှောင်အဖွဲ့တွေက၊ ခြေကွင်းတွေက၊ နှောင်ကြိုးတွေက၊ ကိလေသာအညစ်အကြေးတွေက၊ အကုသိုလ်တွေ တဏှာတွေ၊ ဒေါသတွေ၊ အ၀ိဇ္ဇာတွေထဲက လွန်မြောက် လွတ်ကျွတ်ပြီး တကယ့်အေးချမ်းမူ၊ သဟဇာတ မျှတမူ၊ တကယ့်စိတ်ချမ်းသာမူတွေ ရနိုင်အောင်လို့ မိမိတို့ ကောင်းစားရေးအတွက်၊ မိမိတို့အကျွတ်တရားရရှိရေးအတွက် ဒီတရားဓမ္မ၊ ဒီက္မဋ္ဌာန်းနည်း နိသယကို အကောင်းဆုံး အသုံးပြုကြပါ။


ယောဂီအပေါင်းအားလုံးတို့ ဓမ္မလမ်းစဉ်မှာ အောင်မြင်တိုးတက်ကြပါစေ။ ကိလေသာ အနှောင်အဖွဲ့တွေ၊ အညစ်အကြေးတွေက လွတ်မြောက်ကြပါစေ၊ တကယ့် အေးချမ်းခြင်းအစစ်၊ တကယ့် ချမ်းသာခြင်းအစစ်၊ တကယ့် ပျော်ရွှင်မူအစစ်တို့ကို ကိုယ်စီ ကိုယ်င ခံစား စံစားနိုင်ကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Sunday 11 March 2012

လက်တွေ့ခံစားရတဲ့အပေါ်မှာ အာရုံစူးစိုက်ထား


ဒါတွေဟာ သစ္စာလမ်းစဉ်၊ တရားလမ်းစဉ်မှ မဟုတ်တာဘဲ။ ဒါတွေပေါ် စိတ်စိုက်ပြီး သမာဓိထူထောင်နေရင် ဘယ်မှာအကျိုးရှိနိုင်ပါ့မလဲ။ သမ္မာသမာဓိစိတ်ကို နည်းနည်းလေးတောင်မှ ဖြူစင်လာအောင် လုပ်မပေးနိုင်ဘူးဆိုရင် ဒီလမ်းစဉ်ဟာမှန်တဲ့ လမ်းစဉ် မဟုတ်နိုင်သေးပါဘူး။ အာရုံက ဘယ်ပေါ်မှာ စူးစိုက်ရမလဲဆိုတော့ ယောဂီတို့ အဟုတ်တကယ် လက်တွေ့ခံစားနေရတဲ့ပေါ်မှာ စူးစိုက်ထားရမှာ ဖြစ်ပါတယ်။


တစ်ခဏတွေရဲ့ အမှန်တရားပေါ်မှာ လိုချင်တပ်မက်မူလည်း မရှိမရဘူး။ မုန်းတီး ရွံရှာမူ၊ မလိုလားမူလည်း မရှိရဘူး။ တစ်ခဏရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်စစ် အဖြစ်မှန်ကို ဖြစ်နေတဲ့အတိုင်းကို လက်ခံရမှာ ဖြစ်ပါတယ်။ တစ်ခဏကနေ တစ်ခဏ ဖြစ်ပျက်နေတာတွေကို သိရှိနေရပါလိမ့်မယ်။ တစ်ခဏကနေ တစ်ခဏ၊ တစ်ခဏကနေ တစ်ခဏ၊ ဘယ်လောက်ကြာကြာ ဆက်လက်ပြီးတော့ သတိရှိနေနိုင်ပါသလဲ။ အဲ့ဒီလောက် ဒီလိုသမာဓိ ဖြစ်နေ၊ သတိရှိနေနိုင် သလောက်ဟာ သမာဓိ ဖြစ်နေတာပါပဲ။ သမ္မာသမာဓိကောင်းသော အာရုံစူးစိုက်ခြင်းပါပဲ။ မဟုတ်ရင်တော့ သမ္မာသမာဓိ မဟုတ်သေးပါဘူး။

သမ္မာဝါယာမ၊ သမ္မာသတိနဲ့ သမ္မာသမာဓိမဂ္ဂင် ၃-ခုဟာ သမာဓိသိက္ခာမှာပါပါတယ်။ သီလသိက္ခာရဲ့ မဂ္ဂင် ၃-ပါးကိုလည်း ပြောပြီးပါပြီ။ ကျန်နေသေးတဲ့ ပညာသိက္ခာရဲ့ ၂-ပိုင်းကိုတော့ ဒီညမှာ မပြောသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ စာတွေ့နဲ့ငါတော့ဟာ တစ်ချိန်တည်းသွားဖို့ရာ လိုပါတယ်။ ပညာစခန်းဟာ သန်ဘက်ခါ ကျတော့ ကိုယ်တွေ့ကျင့်သုံး ကြရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ ပညာနယ်မြေထဲကို ယောဂီတို့ ပထမဦးဆုံး ခြေလှမ်းလှမ်းကြရပါလိမ့်မယ်။ သန်ဘက်ခါနေ့လယ်ပိုင်းမှာ ၀ိပဿနာကိုကူးပြီး ကျင့်ကြရပါလိမ့်မယ်။ မနက်ဖြန်ညကျတော့ ပညာသိက္ခာကို ဆွေးနွေးကြတာပေါ့။

ယောဂီတို့စပြီး တရားထိုင်စဉ်က ရှစ်ပါးသီလကိုခံယူကြပြီး စောင့်ထိန်းခဲ့ကြပါတယ်။ သီလဟာ ဒီကမ္မဋ္ဌာန်းရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ သီလရှိမှ သမာဓိ ထူထောင်နိုင်ပါတယ်။ သမာဓိထူထောင်နိုင်ဖို့ရာကိုတော့ ယောဂီတို့ ဒီနေရာလေးကိုပဲ ရူမှတ်နေကြရပါတယ်။ သတိရှိနေကြပါတယ်။

တစ်ခဏကနေတစ်ခဏဒီသတ်မှတ်ထားတဲ့ နေရာကလေးအတွင်းမှာ ပေါ်လာတဲ့ ဝေဒနာဘယ်ဝေဒနာမျိုးကိုပဲဖြစ်ဖြစ် ရူနေရမှာဖြစ်ပါတယ်။ တကယ်ဖြစ်ပျက်နေတာကို ကိုယ်တိုင် လက်တွေ့ ခံစားနေရတဲ့ ဝေဒနာကိုမှသာရူပါ။ စိတ်ကူးနဲ့ ဝေဒနာမျိုး မဖြစ်စေရပါဘူး။ ၀င်သက်ထွက်သက်ပဲဖြစ်ဖြစ်၊ ဝေဒနာပဲဖြစ်ဖြစ် ဒီကန့်သတ်ထားတဲ့ နေရာကလေးမှာသာ အာရုံစူးစိုက်ထားပါ။ ယောဂီတို့ရဲ့ စိတ်ကို အင်မတန်ထက်မြက်လာအောင် အင်မတန်အားကောင်းလာအောင် ကျင့်ကြပါ။

သန်ဘက်ခါ ပညာသိက္ခာကိုဝင်တဲ့အခါ စိတ်ကို နက်နက် ရိုင်းရိုင်း ခွဲစိတ်နိုင်ပြီး အတွင်းနက်နက်မှာရှိတဲ့ အင်မတန် အမြစ်နက်လှတဲ့ အကုသိုလ်တွေ၊ ကိလေသာအညစ်အကြေးတွေကို ခွဲထုတ်ပစ်ပြီး ဆင်းရဲဒုက္ခ အပေါင်းက ကင်းဝေးလွတ်မြောက်နိုင်ရန်အတွက် ဖြစ်ပါတယ်။ အချိန်ကို မဖြုန်းတီးကြပါနဲ့၊ အကောင်းဆုံး အသုံးပြုကြပါ။ တရားထိုင်ဖို့ရာ အခွင့်ဟာ ရခဲလှတဲ့ အခွင့်အရေးကြီးဖြစ်ပါတယ်။ ဒီမှာရှိနေတဲ့ နေထိုင်စားသောက်ရေး အစီအစဉ် အခွင့်အရေးတွေကိုလည်း အကောင်းဆုံး အသုံးပြုကြပါ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သမ္မာသမာဓိမဂ္ဂင်


နောက်တစ်ခုကတော့ သမ္မာသမာဓိမဂ္ဂင်ဖြစ်ပါတယ်။ သမာဓိဆိုတာက အာရုံစူးစိုက်မူ တည်ကြည်မူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကမ္မဋ္ဌာန်းနည်းရဲ့ ရည်မှန်းချက်က သမာဓိသက်သက် မဟုတ်ပါဘူး။ အာရုံစူးစိုက်ရုံ၊ သမာဓိဖြစ်နေရုံနဲ့ မပြီးသေးပါဘူး။ ကောင်းသော မှန်သော အာရုံစိုက်ခြင်းလည်း ဖြစ်ရပါလိမ့်မယ်။


ကောင်းတဲ့ဖြောင့်မှန်တဲ့ သမာဓိမဟုတ်ရင် လွတ်မြောက်ရေးဖြစ်တဲ့ပန်းတိုင်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး။ သမာဓိကို လိုချင်တပ်မက်မူ၊ တဏှာလောဘတို့နဲ့လည်း စိုက်ထူနိုင်တာပါပဲ။ တစ်ခုခုကို မလိုမုန်းထားမူ၊ ဒေါသနဲ့လည်း အာရုံစိုက်ထား နိုင်တာပါပဲ။ မဟုတ်ရင်လည်း အမြင်မှန် မသိမူ အ၀ိဇ္ဇာနဲ့ စိတ်ကူးယဉ်မူ အစရှိသူတို့နှင့်လည်း အာရုံစိုက်ထားနိုင်တာပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ဆက်တိုက် အဆက်မပြတ်ရူနေပါ


ဝေဒနာတွေက ကိုယ်ခန္ဓာတစ်ခုလုံးမှာ အဆက်မပြတ် ဖြစ်ပေါ်နေတာပါပဲ။ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေမှာ ဝေဒနာတွေပေါ်နေရင်လည်း အဲဒီဝေဒနာတွေကို လျစ်လျူရူထားလိုက်ပါ။ အရေးမပေးပါနဲ့။ ဒီသုံးထောင့်နေရာကလေးက ဝေဒနာဆိုရင်တော့ အရေးကုန်ပေးပါ။ အရေးပေးရမယ့်နည်းကတော့ တစ်နည်းပဲ ရှိပါတယ်။ ဆက်တိုက် အဆက်မပြတ်ရူနေဖို့ သတိရှိနေဖို့ အာရုံစိုက်နေဖို့ပါပဲ။


ယောဂီတွေဟာ ဒီနေရာကလေးကို အရင်စပြီး ကျင့်ရပါလိမ့်မယ်။ ပြီးတော့မှ ကိုယ်ခန္ဓာရဲ့ ဘောင်တစ်ခုလုံးအတွင်းမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားကို ရှာဖွေစူးစမ်းနိုင်မယ့်အဆင့်ကို ရောက်ကြပါလိမ့်မယ်။ ဒါဟာ သမ္မာသတိပါပဲ။ တခဏလေးတိုင်းမှာ ကောင်းသော သတိရှိဖို့ ယောဂီတို့ဟာ အခုဖြစ်နေခိုက် တစ်ခဏအတွင်းမှာ ပစ္စုပ္ပန်တည့်တည့်မှာ နေတတ်ဖို့ ကျင့်ယူကြရပါလိမ့်မယ်။

ကိုယ်ဖြစ်စေချင်သလို မဟုတ်ပါဘူး။ သဘာဝအတိုင်း သူ့နဂိုတိုင်း ဖြစ်နေတဲ့အတိုင်း၊ အဟုတ်အမှန်အတိုင်းကို သိနေဖို့ပါပဲ။ သူ့သဘာဝအတိုင်း သူဖြစ်နေတာကို သိနေပြီး ကိုယ့်သဘော ဆန္ဒမပါ စေရပါဘူး။ သမ္မာသတိကို ပွားဖို့ကျင့်တဲ့အခါမှာ ပစ္စုပ္ပန်မှာပဲ အာရုံပြုနေမယ်ဆိုရင်တော့ အရင်ကဖြစ်ခဲ့ပြီးတဲ့ အမူကိစ္စတွေအားလုံးကို မေ့ပျောက်ပစ်ရမယ်။ သတိတွေအားလုံးကို လက်လွှတ်လိုက်ရမယ်။ ဘာကိုမှ သတိမရရတော့ဘူးလို့ မဆိုပါဘူး။ နောက်ပြီးတော့လည်း ရှေ့ကို ဘာကိစ္စကိုမှ မကြံစည်ရတော့ဘူး။ ဒီလိုလည်း ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုဘယ့်နှယ်ဖြစ်နိုင်ပါ့မလဲ။ ဒီလိုဆို ဘယ်လိုလုပ်နေကြပါ့မလဲ။ လူတွေရဲ့ အကျင့်က အမြဲလိုပဲ ပြီးခဲ့တာကိုပဲ ပြန်ပြီး စမြုံ့ပြန်နေ တတ်ပါတယ်။

မဖြစ်သေးတာကိုလည်း မျှော်ပြီး အတွေးနယ်ချဲ့ နေတတ်ကြပါတယ်။ အခုဖြစ်နေတဲ့ခဏ အခုဖြစ်နေတဲ့ပစ္စုပ္ပန်ကိုတော့ အရေးမစိုက်ကြပါဘူး။ ဘာကိစ္စတစ်ခုပဲ ဖြစ်ပေါ်လာလာ ချက်ချင်းပဲ ဒါနဲ့ပတ်သက်တဲ့ ဒါနဲ့အလားတူတဲ့ အရင်က ဖြစ်ခဲ့ဖူးတဲ့ ကိစ္စဟောင်းတွေကို စိတ်ကပြန်ရောက်သွားပြီး အခုဖြစ်နေတဲ့ကိစ္စကို သေသေချာချာမတွေးနိုင်လို့ အရေးမပေးနိုင်ပါဘူး။ မစဉ်းစားနိုင်ပါဘူး။

မဟုတ်ရင်လဲ နောက်ဖြစ်ပေါ်လာနိုင်တာကို တွေးနေပြီး အခုတကယ်ဖြစ်နေတဲ့ကိစ္စကို အရေးမပေးဘဲ လေးလေးနက်နက် ရှင်းရှင်းလင်းလင်း စိတ်မစိုက်နိုင်ကြပါဘူး။ ဒါ့ကြောင့် စိတ်ရဲ့ ဒီအကျင့်ကို ဖျောက်ဖျက်ပစ်ကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်လုံးစိတ်က အတိတ်ထဲနဲ့ အနာဂတ်ထဲမှာပဲ ရစ်ဝဲနေကြတော့ စိတ်ရဲ့အင်အားတွေဟာ အားနည်းသွားပါတယ်။ ကုန်ခမ်း သွားပါတယ်။ ယောဂီတို့ မှန်မှန်တရားထိုင်ရင်တော့ စိတ်ရဲ့အင်အားတွေကို ထိန်းသိမ်းပေးထားပြီး အတိတ်က အမူကိစ္စတစ်ခုခုကို တကယ်မှတ်မိ သတိရချင်တယ်ဆိုရင် အဲဒီကိစ္စကို ထင်ထင်ရှားရှားကြီး ကောင်းကောင်း မှတ်မိပါလိမ့်မယ်။ စိတ်အင်အားက ကောင်းတာကိုး။ စိတ်အင်အားကို အလဟဿ ဖြုန်းတီးမနေဘဲကိုး။

ယောဂီက ကိစ္စတစ်ခုကို နောက်ဘယ်လို ဆက်လက် လုပ်ကိုင်ရမလဲလို့ စိတ်ဆုံးဖြတ်ချက် ချချင်ရင်လည်း စိတ်က အင်အားကောင်းတော့ မဝေခွဲနိုင် ဖြစ်မနေဘဲ၊ ဇဝေဇ၀ါ ဖြစ်မနေဘဲ မှန်ကန်တဲ့ ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါလိမ့်မယ်။ ဒီကမ္မဋ္ဌာန်းနည်းဟာစိတ်ရဲ့ အကျင့်ဟောင်းတွေဖြစ်တဲ့ အတိတ်နဲ့ အနာဂတ်ထဲမှာ ရစ်ဝဲနေပြီး ပစ္စုပ္ပန်ထဲမှာ မနေနိုင်တဲ့အကျင့်ထဲက ထွက်လာနိုင်ဖို့ပါပဲ။

ဒီနည်းဟာ ယောဂီတို့ ဆက်လက်ပြီး ပြုပြင်ရမယ့်စိတ်ရဲ့ အနက်ရိုင်းဆုံးပိုင်းကို ခွဲစိတ်စူးစမ်းစစ်ဆေးပြီး အင်မတန် အမြစ်နက်တဲ့ အကုသိုလ် အညစ်အကြေးတွေ အစွဲတွေ ပယ်ဖျောက် ပစ်ကြဖို့သာမက ယောဂီတို့ရဲ့ နေ့စဉ် ဘ၀နေရေးဖြစ်တဲ့ ဖြစ်ပေါ်လာတဲ့ လူမူကိစ္စတွေကိုပါ ရင်ဆိုင်နိုင်ဖို့ရာလည်း ဖြစ်ပါတယ်။ ဒါဟာ သမ္မာသတ္တိပါပဲ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ပေါ်လာတဲ့ဝေဒနာကို ရူရုံသာရူပါ


ဒီနှာသီးဝနေရာကလေးမှာလည်း ဒီလိုပါပဲ။ ပြောင်းလဲမူတွေ ဖြစ်ပျက်နေကြတာပါပဲ။ ဒီ ၂ရက်အတွင်းမှာ ရိုးရိုးဝင်သက် ထွက်သက်ထက်ပိုပြီး သိမ်မွေ့တဲ့ ၀င်သက် ထွက်သက်ရဲ့ ထိတွေ့မူကို ရူနေခဲ့ကြပြီးပါပြီ။ ယောဂီတို့ရဲ့ စိတ်ဟာထက်မြက်လာပါတယ်၊ သိမ်မွေ့လာပါတယ်၊ ပိုပိုပြီး သိသိလာပါတယ်။



ကနေ့ညနဲ့ မနက်ဖြန်မှာတော့ ထိတွေ့မူ အာရုံတွေ ခံစားရပါလိမ့်မယ်။ ဒီနေရာကလေးမှာ တစ်ချိန်ကနေ တစ်ချိန် ဝေဒနာအမျိုးမျိုးကို ထိတွေ့ခံစားကြပါလိမ့်မယ်။ အေးတဲ့ဝေဒနာ၊ ပူတဲ့ဝေဒနာ၊ ကိုယ်ငွေ့ကြောင့် ပူတာပဲဖြစ်ဖြစ် ပြင်ပကြောင်း ပူတာပဲဖြစ်ဖြစ် ပူမူတစ်ခုခုကို ခံစားရပါလိမ့်မယ်။


မဟုတ်ရင်လဲ အေးတဲ့ဝေဒနာ ချွေးထွက်တာကို ခံစားရတာမျိုး ယားတာယံတာမျိုး တစ်ကိုယ်လုံး တခြားနေရာတွေမှာလည်း ယားချင်ယားပါလိမ့်မယ်။ ဒါပေမယ့် ဒီသုံးထောင့် နေရာကလေးကိုသာ အရေးပေးပြီး သတိရှိနေပါ။ ဒီနေရာကလေးမှာ ယားယံရင်လည်း ဒီယားယံတာကလေးကို ရူရုံမျှသာ ရူနေပါ။ ဘယ်လိုမှ တုံ့ပြန်မူ မပြုပါနဲ့။ ပူတယ်၊ ချွေးထွက်တယ် ဆိုရင်လဲ ပူတာ ချွေးထွက်တာကိုပဲ ရူနေပါ၊ သိရုံမျှသာ သိနေပါ။ တုံ့ပြန်မူ မလုပ်ပါနဲ့၊ ယားတာကို မကုတ်ပါနဲ့၊ ဘယ်လောက်ကြာကြာ ယားနေမလဲလို့ ရူနေပါ။


ယားလာပြီးတဲ့နောက် တိုးတိုးပြီး ယားလာပါလိမ့်မယ်။ နောက်ဆုံးကျတော့ ပျောက်ကွယ်သွားတာပါပဲ။ ဘယ်လိုယားယံတာမျိုးမှ ရာသက်ပန်မနေနိုင်ပါဘူး။ တစ်ခါတစ်လေတော့လဲ ကလိထိုးသလို ခံစားရတတ်ပါသေးတယ်။ မဟုတ်ရင်လဲ ရိုးရိုးရွရွ စူးစူးရှရှ ခုန်ခုန်ဆွဆွ၊ တစ်ခါတလေတော့လဲ ကျဉ်သလိုလို ထုံသလိုလို ခုန်သလိုလိုခံစား ရတတ်ပါတယ်။ ဘယ်လိုပဲ ခံစားရခံစားရ ဘယ်လို ဝေဒနာဘဲဖြစ်ဖြစ် ယောဂီက ဝေဒနာကို ရွေးလို့ရတာ မဟုတ်ပါဘူး။ ယောဂီဝေဒနာကို ဖန်တီးလို့လည်းရတာ မဟုတ်တော့ ကိုယ့်စိတ်ကြိုက်ကို ရွေးယူလို့ မရဘူးပေါ့။ ပေါ်လာတဲ့ ဝေဒနာကို ရူရုံပါပဲ။


သဘာဝက သူ့အလိုအလျှောက် သူဖြစ်ချင်တာကို ဖြစ်ပါစေ။ ဝေဒနာတွေက သူတို့သဘော သူတို့ဆောင်နေကြတာပါပဲ။ တရားက ညွှန်လာပါလိမ့်မယ်။ ဖြစ်ပျက်နေတာက သူ့သဘော၊ သိနေတာက ကိုယ့်အလုပ်ဖြစ်ပါတယ်။ ယောဂီတို့က အင်အားဘာမှ မစိုက်ထုတ်ရပါဘူး။ အင်အားမစိုက်ဘဲနှင့် ရူရုံကလေးမျှသာ ရူနေပါ။ ဝေဒနာတွေဟာ သူတို့ဟာသူတို့ အလိုလိုပေါ်နေကြတာပါပဲ။ ပေါ်တာတွေကို ရူနေပါ။


ဒီကန့်သတ်ထားတဲ့ နေရာကလေးမှာ ပေါ်လာသမျှကို ရူပါ။ သတိရှိပြီးအာရုံစိုက်နေပါ။ ကိုယ်ကဘာမှ မလုပ်ရပါဘူး။ တစ်ခါတစ်လေ ပေါ့ပါးမူ၊ တစ်ခါတစ်လေ လေးလံမူ၊ တစ်ခါတလေ ဖိနှိပ်မူ၊ မခံရပ်နိုင်အောင်လည်း ဖြစ်တတ်ပါတယ်၊ ကိုယ်ရောစိတ်ရော တင်းကျပ်ကျပ်ကြီးလည်း ဖြစ်နေတတ်ပါတယ်၊ တစ်ခါတလေတော့လဲ နာတယ် ကျင်တယ် ပိန်လိုက် ဖောင်းလိုက်၊ ကျုံ့သွားလိုက်၊ ပွလာလိုက်၊ တစ်ခါတစ်လေလဲ ခြောက်သွေ့၊ တစ်ခါတလေတော့လဲ စိုစိုထိုင်းထိုင်း၊ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

သတိနဲ့ ရူနေပါ


တစ်ခါတစ်လေကျပြန်တော့လည်း ဝေဒနာကိုတော့ ခံစားရပါတယ်။ ဘယ်လိုဝေဒနာလို့ ပြောမပြနိုင်ပါဘူး။ အမည်နာမ တပ်လို့မရပါဘူး။ အမည်နာမတပ်ဖို့ လိုလဲ မလိုပါဘူး။ ဘယ်လို ဝေဒနာပဲဖြစ်ဖြစ် ခံစားရရင် ဒီခံစားရမူကို ဘက်မလိုက်ဘဲ ရူရုံမျှသာ ရူနေရင် ပြီးတာပါပဲ။ အရေးကြီးတာက သတိရှိနေဖို့ သတိနဲ့ ရူနေဖို့ပါပဲ။






ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပျက်နေတာကို သတိနဲ့ ရူနေဖို့ပါပဲ။ မဟုတ်ဘဲ သူတို့ဟာ သူတို့သဘာဝအလျောက် ဖြစ်ပျက်နေကြတာပါပဲ။ ငါလည်းမဟုတ် ငါ့ဟာလည်း မဟုတ်ပါဘူး။ ဒီဟာဓမ္မပါပဲ။ သူ့သဘောအတိုင်း သူဖြစ်ချင်သလို ဖြစ်နေတာပါပဲ။ ကိုယ်နဲ့ အသိအမှတ် မပြုဘဲပေါ်လာတဲ့ ဝေဒနာတွေကို သတိရှိနေပါ။ ရူရုံမျှသာ ရူနေပါ။

တစ်ခါတလေတော့လဲ ဘာဝေဒနာမှ မခံစားရဘူး။ ဝေဒနာတွေကတော့ အမြဲတမ်းပဲ ရှိနေကြတာပါပဲ။ ကိုယ်ခန္ဓာ တစ်ခုလုံးမှာ နေရာအပြည့် အသက်ရှိတဲ့နေရာမှာဆိုရင် တစ်ခဏတိုင်း တခဏတိုင်းမှာ ဝေဒနာတွေရှိနေတာပါပဲ။ ဒါပေမယ့် ယောဂီရဲ့ စိတ်ဓာတ်က ကြမ်းတမ်း အားကြီးပြီး ဝေဒနာက သိမ်မွေ့အားကြီးတော့ ဝေဒနာ မခံစားနိုင်တာ ဖြစ်တာပါ။ ဘာဝေဒနာကိုမှ မခံစားရဖူး၊ မတွေ့ရဘူးဆိုရင် ၀င်သက်ထွက်သက်နဲ့ပဲ ပြန်စပါ။

အသက်ကတော့ တစ်ချိန်လုံး ရူနေတာပါပဲ။ ခန္ဓာကိုယ်ရဲ့ ဒီအစိတ်အပိုင်းကလေးမှာ အသက်ရှူတဲ့လေကတော့ အမြဲပဲ ၀င်ထွက်နေတာပါပဲ။ ဒီတော့ ၀င်လေ၀င်နေတာ ထွက်လေထွက်နေတာ ထိတွေ့နေတာကိုသိပြီး သတိနဲ့ရူနေပါ။ နောက်ဒီနေရာကလေးမှာ ဝေဒနာ တစ်ခုခုပေါ်လာပြီဆိုရင် ဒီပေါ်လာတဲ့ဝေဒနာကို အရေးအားလုံးပေးပြီး သတိရှိနေပါ။ အာရုံစိုက်ပြီးရူနေပါ။ ဒီဝေဒနာကလေး ပျောက်ကွယ်သွားတဲ့အထိ ရူနေပါ။ ဒီဝေဒနာကလေး ပျောက်ကွယ်သွားရင် တခြားဝေဒနာတစ်ခု ပေါ်လာပါလိမ့်မယ်။ ပေါ်လာရင် ဒီပေါ်လာတဲ့ ဝေဒနာကိုလည်း သူပျောက်ကွယ်သွားတဲ့အထိ ရူနေပါ။ ပျောက်ကွယ်သွားပြန်ရင်လဲ နောက်တစ်ခု ထပ်ပေါ်ချင်ပေါ်လာပါလိမ့်မယ်။

တကယ်လို့ ဘာဝေဒနာမှ နောက်ထပ် ပေါ်မလာဘူးဆိုရင်လဲ ၀င်သက်ထွက်သက်ကတော့ ရှိနေတာပါပဲ။ ၀င်သက်ထွက်သက်ကို အရေးပေးပြီး အာရုံစိုက်ထားပါ။ ဝေဒနာ တစ်ခုခုပေါ်နေရင် ခံစားနေရတဲ့ ဝေဒနာကို အာရုံစိုက်ထားပါ။ ၀င်သက်ထွက်သက် ထိထိနေတဲ့ နေရာကလေး အရေးပေးပါ။ ဝေဒနာပဲဖြစ်ဖြစ် ၀င်သက်ထွက်သက်ပဲဖြစ်ဖြစ် အာရုံကို ဒီကန့်သတ်ထားတဲ့ နေရာကလေးအတွင်းမှာပဲ စူးစိုက်ထားပါ။ ဒီနေရာကလေးကကျော်ပြီး ကိုယ်ခန္ဓာရဲ့ တခြားနေရာလည်း မရပါဘူး။ တားဖို့ရာကိုလည်း မကြိုးစားပါနဲ့။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

ထွက်လေ ပိုနွေးလာတာသိ


ဝင်လေဟာ ၀င်သွားပြီး ပြန်ထွက်လာတဲ့အခါကျရင် နည်းနည်းလေးပိုပြီး နွေးလာတယ်ဆိုတာကို သတိထားမိကြပါလိမ့်မယ်။ ထွက်လေတိုင်းဟာလဲ ၀င်လေထက် နည်းနည်းပိုပြီး နွေးနွေးလာပါတယ်။ ဒါဟာ သဘာဝပါပဲ။
ကိုယ်အတွင်းက အပူရှိန်က ပတ်ဝန်းကျင်က အပူရှိန်ထက် ပိုနွေးတော့ အဲဒီလေဟာ ကိုယ်ရဲ့ အပူရှိနဲ့ ထိတွေ့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ နည်းနည်း ကလေးငွေ့ငွေ့ကလေး ပိုနွေးလာတာပေါ့။


အရင်က တစ်ခါမှဒါကို သတိမထားမိပါဘူး။ ဂရုလည်း မစိုက်မိပါဘူး။ အခုတော့ တရားစထိုင်တော့ ယောဂီကိုယ်တွေ့ ခံစားသိရှိရပါပြီ။ တကယ်အမှန် ဖြစ်ပျက်နေတာပါပဲ။


နောက်ပြီးတော့လဲ ၀င်လေထွက်လေနဲ့ ဘာမှမဆိုင်တဲ့ဟာတွေလည်း ဖြစ်ပျက် နေကြပါသေးတယ်။ ဒီသုံးတောင့်နေရာကလေးမှာ တစ်ချိန်လုံး၊ မရပ်မနား တခြားဘာတွေ ဖြစ်ပျက်နေကြပါသေးလဲ။ ဒီနေရာကလေးတင် မဟုတ်ပါဘူး။ ကိုယ်ခန္ဓာတစ်ခုလုံးမှာလဲ မရပ်မနား တစ်ချိန်လုံး ဖြစ်ပျက်နေကြတာပါပဲ။ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ အင်မတန် သေးငယ်တဲ့ ရုပ်ကလာပ်မူန်မွှားလေးတွေတိုင်းမှာလဲ ဒီအတိုင်းပါပဲ။ တစ်ခဏတိုင်း တစ်ခဏတိုင်းမှာ ဇီဝဓာတု တုံ့ပြန်မူတွေ ပြောင်းလဲမူတွေလဲ တလစပ် တစ်ကိုယ်လုံးမှာ ဖြစ်ပျက်နေကြပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

Saturday 10 March 2012

မုံရွာမြို့ပေါ်ရှိ အင်တာနက်ဆိုင်များ ၀င်ငွေသိသိသာသာ လျော့နည်းလာဟုဆို


မုံရွာမြို့ပေါ်တွင် အင်တာနက်ဆက်သွယ်မူစနစ် တွင်တွင်ကျယ်ကျယ် အသုံးပြုသူပိုမိုများပြားလာသည့် အချိန်တွင် နေ့ရောညပါ အင်တာနက်ဝန်ဆောင်မူ အပြည့်အ၀ပေးသည့် အင်တာနက်ဆိုင်များ ယခုနှစ် ဖေဖော်ဝါရီလကုန်ရက်ပိုင်းကစ၍ အင်တာနက်ဆက်သွယ်ရေးလိုင်းများ ချို့ယွင်းချက်ကြောင့် အသုံးပြုသူ လျော့နည်းလာသဖြင့် ၀င်ငွေလျော့နည်းလာကြောင်း မုံးရွာဒေသခံ အင်တာနက် ၀န်ဆောင်မူ လုပ်ငန်းရှင်များ ပြောပြချက်အရ သိရှိရသည်။


“မုံရွာမြို့ပေါ်မှာ အင်တာနက် ၀န်ဆောင်မူဆိုင်တွေအားလုံးက DASL (မြန်နူန်းမြင့်)၊ Sky net, IP Star စတဲ့ အင်တာနက် စပ်ဆက်ပစ္စည်းတွေနဲ့ အသုံးပြုတာပိုများတယ်။ ဖေဖော်ဝါရီလဆန်းကစပြီး အင်တာနက်လိုင်းတွေကျနေတာ ညသန်းခေါင်အချိန်က နေ နံနက် ငါးနာရီလောက်တော့ အင်တာနက်လိုင်းတွေက ကောင်းတယ်။ နေ့ခင်းကနေ ညပိုင်းထိကတော့ လုံးဝ သုံးမရတဲ့ အခြေအနေဖြစ်လိုက်၊ တက်လာလိုက်နဲ့ အင်တာနက်သုံးသူတွေက နည်းသွားတယ်။ ၀န်ဆောင်မူပေးတဲ့ ဆိုင်တွေတောင် အာင်တာနက်လိုင်းက နှေးတော့ ၀ိုင်ဖိုင်စနစ်နဲ့သုံးတဲ့ အင်တာနက်လိုင်းတွေက နှေးလွန်းလို့ သုံးသူတွေ စိတ်ပျက်လာပြီ”ဟု မုံရွာမြို့ အင်တာနက်ဝန်ဆောင်းမူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အင်တာနက်လိုင်းတွေ နှေးတာက မုံရွာမြို့အ၀င်မှာ မြေအောက်ဖိုက်ဘာ ဆက်ကြောင်းတွေ တိုးချဲ့တပ်ဆင်နေလို့ ပြောသံကြားတယ်။ အင်တာနက်လိုင်းတွေ ကျနေတာများတော့ မုံရွာမြို့ပေါ်က အင်တာနက်ဆိုင်တွေ ၀င်ငွေ သိသိသာသာလျော့တယ်။ ၀ိုင်ဖိုင်စနစ်နဲ့ လပေးယူသူတွေ နောက်လကစပြီး နားတော့မယ်ဆိုတော့ အင်တာနက် ၀န်ဆောင်မူလုပ်ငန်းတွေ အရူံးနဲ့ ရင်ဆိုင်ရတော့မယ်။ အချို့အင်တာနက် ကဖေးတွေမှာ အင်တာနက်လိုင်းကျချိန် ကွန်ပျူတာဂိမ်းကစားသူတွေနဲ့ ၀င်ငွေပြန်ရှာနေရတာတွေရှိတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုံရွာမြို့တွင် ၂၀၀၀-ပြည့် နှစ်နောက်ပိုင်း အိုင်ပီစတားအသုံးပြု အင်တာနက် စနစ်စတင်အသုံးပြုခဲ့ပြီး ၂၀၀၃-ခုနှစ်တွင် အင်တာနက်ဆိုင် ၃-ဆိုင် ရှိခဲ့ရာမှ ယခုနှစ်တွင် အင်တာနက်ဝန်ဆောင်မူဆိုင် ၂၀-ကျော်ရှိပြီး ၀ိုင်ဖိုင်စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မူများ ၂၀၁၁-ခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသဖြင့် အင်တာနက်သုံးစွဲသူ သုံးသောင်းကျော်ရှိကြောင်း သိရှိရသည်။

မုံရွာမြို့သည် စီးပွားရေးလုပ်ငန်း ကုမ္ပဏီများ တိုးချဲ့လုပ်ကိုင်လာသည့်နောက်ပိုင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ကိရိယာအဖြစ် အင်တာနက်ဆက်သွယ်ရေး စနစ်ကို အဓိကထား အသုံးပြုသည့်နောက်ပိုင်း အင်တာနက် ဆက်သွယ်ရေးလိုင်းများ နှေးကွေးလာခြင်းကြောင့် စီးပွားရေးလုပ်ငန်း ဆက်သွယ်ရေး အခက်ကြုံတွေ့ခဲ့ရကြောင်း စီးပွားရေး လုပ်ငန်းရှင်များ ပြောပြချက်အရ သိရှိရသည်။

မျိုးမင်းဦး၊ မုံရွာ၊ ဖေဖော်ဝါရီ -၂၉ (7day News) Vol.11, No.1. MARCH 8,2012

အင်တာနက်ပေါ်တွင် ခြေရာမခံရေး အစီအစဉ် ဂူးဂဲလ်ပါဝင်မည်


အင်တာနက်အသုံးပြုသူများ၏ ရှာဖွေမူများကို ခြေရာမခံရေး အစီအစဉ်တွင် မိုက်ကရိုဆော့ဖ်၊ မော်ဇီလာနှင့် apple ကုမ္ပဏီများနှင့်အတူ အမေရိကန် အင်တာနက် ရှာဖွေရေးကုမ္ပဏီကြီး ဂူးဂဲလ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


အင်တာနက် အသုံးပြုသူများအား ၎င်းတို့ရှာဖွေမူများနှင့် ပတ်သက်၍ ရွေးချယ်မူများပေးသော “Do Not Track” အစီအစဉ်တွင် ပါဝင်ခွင့်ရပြီး ကွန်ပျူတာ လုပ်ငန်းတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သဘောတူခြင်း အစီအစဉ်အတွက် အားရကျေနပ်မိကြောင်း ဂူးဂဲလ်၏ ကြော်ငြာဌာန ဒုတိယဥက္ကဋ္ဌ မစ္စတာဆူဆန်ဝေါ့စစ်ကီး၏ ကြောညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

သို့သော် ၎င်း၏ Chrome အင်တာနက်ရှာဖွေရေးစနစ်တွင် “Do Not Track” အစီအစဉ်ကို မည်သည့်အချိန်၌ ထည့်သွင်းမည်ကို ဂူးဂဲလ်က ကြေညာခြင်း မရှိသေးပေ။ ယင်းအစီအစဉ် ပါဝင်လာပါက အင်တာနက် ကုမ္ပဏီများအနေဖြင့် အသုံးပြုသူ တစ်ဦး၏ အင်တာနက် ရှာဖွေရေးရာဇ၀င်ကို အသုံးချ၍ ပစ်မှတ်ထား ကြော်ငြာများ ထည့်သွင်းနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

ဂူးဂလ်၏ ကြေညာချက်မှာ အိုဘားမားအစိုးရက ပုဂ္ဂလိက အချက်အလက်များ လုံခြုံမူရှိရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လွှတ်တော်အမတ်များအား တိုက်တွန်းနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ မော်ဇီလာနှင့် မိုက်ကရိုဆော့ဖ်တို့က “Do Not Track” အစီအစဉ်ကို အကောင်အထည်ဖော်ထားပြီ ဖြစ်သည်။

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ -၂၈ (7day News) Vol.11, No.1. MARCH 8,2012

Friday 9 March 2012

မတ်နှင့် ဧပြီလအတွင်း အင်္ဂါဂြိုဟ်ကို ကြီးမားစွာမြင်တွေ့ရမည်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCIRLuVo2WO2kZGtR_nN-Yb4LLrWsKVAFr7Zr4yEsi9J9UvPqMcLmYzt5hGNzntb_eDQ2ImtzjELXEt_RmIzP2N3hGXlCuPdrIBFFDDDAsntZLNVKCWUrYQjAz2uk7L2u-_7FoL80w3ZQC/

မတ်လနှင့် ဧပြီလအတွင်း မြန်မာ့ မိုးကောင်းကင်တွင် အင်္ဂါဂြိုဟ်ကို တစ်နေ့ထက်တစ်နေ့ မြင်တွေ့ရမည်ဖြစ်ပြီး လာမည့် မတ်လ ၄-ရက်နေ့တွင် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့် အနီးဆုံးမှတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ သိရသည်။

ယခုကဲ့သို့ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာ နီးကပ်လာခြင်းဖြစ်စဉ်သည် အင်္ဂါဂြိုဟ်ဖောက်ပြန်ခြင်းဖြစ်စဉ်နှင့် တွဲဖက်ဖြစ်ပေါ်မည်ဖြစ်ပြီး ၃၂-နှစ်တွင်မှ တစ်ကြိမ်ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

အင်္ဂါဂြိုဟ်ဖောက်ပြန်ခြင်းဖြစ်စဉ်သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅-ရက်နေ့အထိ ဖြစ်ပေါ်မည်ဟု သိရသည်။

၁၉၄၇-ခုနှစ် နိုဝင်ဘာ ၁၅-ရက်မှ ၁၉၄၈-ခုနှစ် ဇူလိုင် ၄ရက်နေ့အတွင်း မွေးဖွားခဲ့သူများ အနေဖြင့် အထူးသတိပြုရမည်ဖြစ်ပြီး ၁၉၇၉-ခုနှစ် နိုဝင်ဘာ ၇-ရက်မှ ၁၉၈၀-ခုနှစ် ဇွန်လ ၂၈-ရက်အတွင်း မွေးဖွားခဲ့သူများ အနေဖြင့်မူ အင်္ဂါဂြိုဟ်၏ အစွမ်းသတ္တိလွှမ်းမိုးမူရရှိချိန်ဖြစ်ကြောင်း ယင်းကဆိုသည်။

အင်္ဂါဂြိုဟ်ကို လာမည့် မတ်လ ၄-ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၂-နာရီ ၃၂-မိနစ်တွင် ကမ္ဘာနှင့် အနီးဆုံးမှတ်သို့ ရောက်ရှိမြင်တွေ့ရမည်ဖြစ်ပြီး ကမ္ဘာမြေနှင့် မိုင်ပေါင်း ၆၂-ဒသမ ၈၁-သန်း အကွာအဝေးတွင် တည်ရှိမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၃-ခုနှစ်က မိုင်ပေါင်း ၃၅-သန်းအထိ နီးကပ်ဖူးကြောင်း သိရသည်။

မတ်လ ၄ရက်နေ့ ည ၉နာရီမှစတင်ကာ အရှေ့ဘက် မိုးကောင်းကင်တွင် အင်္ဂါဂြိုဟ်ကို နီရဲလုံးဝန်းသော ကြယ်ပွင့်ကြီးအသွင်မြင်တွေ့ရမည်ဖြစ်ပြီး အရုဏ်တက်ချိန်တွင် အနောက်ဘက် မိုးကောင်းကင်၌ မြင်တွေ့နိုင်ကြောင်း သိရသည်။

ဥက္ကာကိုကို၊ ရန်ကုန်၊ ဖေဖော်ဝါရီ -၂ ၆ (7day News) Vol.11, No.1. MARCH 8,2012

Rဇာနည် ဖေ့စ်ဘုတ်အကောင့်နှင့် ပတ်သက်၍ ရှင်းလင်း

http://3.bp.blogspot.com/-lvkQwQqTYEA/TXPY_6QimXI/AAAAAAAAAaI/5Q3FbCaK3Bc/s1600/R%2Bzarni.JPGhttp://www.ghacks.net/wp-content/uploads/2009/10/facebook_login2.jpg

တေးသံရှင် Rဇာနည်က Facebook ပေါ်တွင် R Zar Ni ဟူသော အမည်ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုသော အကောင့်မှာ ၎င်းမဟုတ်မှန်ကြောင်း 7Day News သို့ တယ်လီဖုန်းမှ တစ်ဆင့်ဖြေကြားသည်။

Rဇာနည်က Facebook ပေါ်တွင် အသုံးပြုသည့် သူ၏ ကိုယ်ပိုင် အကောင့်မှာ နာမည်ရင်းဖြစ်သော ဇာနည်မျိုးညွှန့်ဖြင့်သာ အကောင့်တစ်ခု ဖွင့်လှစ်သုံးစွဲနေကြောင်း ပြောသည်။

ထို့ကြောင့် အထက်ပါကဲ့သို့ ၎င်း၏ အနုပညာအမည်ဖြင့် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ပရိတ်သတ်သို့ ဖြေရှင်းပေးရန်အတွက် ယနေ့တွင်ပင် Facebook ပေါ်ရှိ ၎င်း အမှန်တကယ်သုံးစွဲသော ဇာနည်မျိုးညွန့် အကောင့်တွင် Fan Page တစ်ခု ဖွင့်လှစ်ကာ ဖြေရှင်းရန် စီစဉ်နေကြောင်းလည်း ဆက်လက်ပြောသည်။

တေးသံရှင် Rဇာနည် အနေဖြင့် ၎င်း၏ ကိုယ်ပိုင်အကောင့်ဖြစ်သော ဇာနည်မျိုးညွှန့်ဟူသော အကောင့်ကိုပင်လျှင် အိမ်တွင် အင်တာနက်မချိန်ရသေးသဖြင့် ပုံမှန်မသုံးစွဲနိုင်ကြောင်းလည်း သိရသည်။

ယုဇနကိုကို၊ ရန်ကုန်၊ မတ်-၅ (7day News) Vol.11, No.1. MARCH 8,2012

မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် အမေရိကန်က ကူညီမည်ဟုဆို

http://4.bp.blogspot.com/_PwYVFjInCRw/Sv5sYgIVLJI/AAAAAAAADFU/JBo5Ni52jyE/s320/Snake_Milking.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkvSxzlRQalairYJ-zvUG9uQimnCuXJJ-kgX_XrV_0OmTU1tcnwEikPkftkm-gye79ueTRXNkLPpIkXvZ-wvw20WimlDitez3VgRo76KgMoZFSaC1VZXeLcgoShh-iYSWB3-CEL-Hok7_t/s400/Snake.JPG

မြေကိုက်လူနာများအတွက် လိုအပ်သော မြွေဆိပ်ဖြေဆေးကို ပြည်တွင်း၌ လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရန် ကြိုးစားလျက်ရှိရာ အမေရိကန်နိုင်ငံကလည်း နောက်ဆုံးပေါ် နည်းပညာများ အကူအညီပေးမည်ဟု ကမ်းလှမ်းထားကြောင်း ကျန်းမာရေး ၀န်ကြီးဋ္ဌာန ၀န်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားသည်။

လောလောဆယ်တွင် လူနာနှင့် ပြည်တွင်းထုတ်လုပ်မူ အညီမျှ၍ ပြည်ပမှ ဈေးကြီးကြီးပေးပြီး တင်သွင်းနေရလျက်ရှိရာ ယင်းအခြေအနေအတွက် ပြည်တွင်း၌ တိုးချဲ့ထုတ်လုပ်ရန် စမ်းသပ်မူများပြုလုပ်လျက်ရှိကြောင်း၊ ပြည်ပအကူအညီများနှင့် ပတ်သက်၍လည်း “အမေရိကန်ကလည်း နောက်ဆုံးပေါ်နည်းပညာတွေနဲ့ မြွေဆိပ်ဖြေဆေးထုတ်လုပ်ဖို့ ကူညီမယ်လို့ ပြောထားပါတယ်”ဟု ဒေါက်တာ ဖေသက်ခင်က ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးကို စက်မူဝန်ကြီးဌာနက ထုတ်လုပ်လျက်ရှိပြီး၊ ထုတ်လုပ်မူ ကုန်ကျစရိတ်မှာလည်း ကျပ်ခြောင်သောင်းခန့်ကုန်ကျကြောင်း၊ သို့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ငွေကျပ် ၁၅,၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဆေးရှစ်လုံး သုံးရသော လူနာတစ်ဦးအတွက် ကျပ် ၁၂၀,၀၀၀ ကျသင့်ပြီး မသက်သာ၍ နှစ်ဆသုံးရလျှင် ၂၄၀,၀၀၀ ကျပ် အကုန်အကျခံ ကုသပေးနေရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသဖြင့် မြွေအန္တရာယ်ပေါများသည့်အတွက် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မူ မလုံလောက်၍ ထိုင်းနိုင်ငံမှ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄၀ နူန်းဖြင့် တင်သွင်းနေရကြောင်း၊ ယင်းဆေးများမှာလည်း အခြေအနေအရ ပြည်တွင်းထုတ်ဈေးများလောက် ထိရောက်မူ မရှိသည့်အတွက် လူနာတစ်ဦးလျှင် ၁၆ လုံးအထိ အသုံးပြုရကြောင်း သိရသည်။

ထူးသန့်၊ နေပြည်တော်၊ မတ်-၅ (7day News) Vol.11, No.1. MARCH 8,2012

မက်စ်အချိုရည်ဈေးကွက်ထိခိုက်မူမရှိဟုဆို

http://www.medclient.com/wp-content/uploads/2012/01/orange-juice.jpghttp://oxygen.mintel.com/sinatra/oxygen/image/id=482427&name=482427-report_cover.jpg&maxWidth=200&maxHeight=200http://t2.gstatic.com/images?q=tbn:ANd9GcQ91BppwOmq0LPTtekm2TpDwL8TuYhJzodSDXxNL0qXiJORBSuZfxY9FAKCPQ

ကောလာဟလများနှင့် ပတ်သက်၍ မက်စ်အချိုရည် ရှင်းလင်းချက်တွင် မက်စ်အချိုရည်နှင့် ပတ်သက်သည့် ကောလာဟလများထွက်ပေါ်နေသော်လည်း ဈေးကွက်အတွင်း ရောင်းအားထိခိုက် ကျဆင်းခြင်း မရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။


မက်စ်အချိုရည်ထုတ်လုပ်စဉ် ခုခံအားကျဆင်းမူရောဂါ ကူးစက်ခံထားရသည့် ၀န်ထမ်းတစ်ဦး မတော်တဆမူကြောင့် လက်ပြတ်ထွက်သွားပြီး ထိုလက်မှာ အချိုရည်များတွင် ပါဝင်သွားသည်ဟူသော သတင်းများ လွန်ခဲ့သည့် တစ်လခန့်မှစတင် ထွက်ပေါ်လာပြီးနောက် အင်တာနက် စာမျက်နှာများတွင်ပါ ပျံ့နှံ့ခဲ့သည်။


“ဒီသတင်းက လုံးဝမဟုတ်ပါဘူး။ ဒါကလည်း အချိုရည် ထုတ်လုပ်တဲ့ နည်းအဆင့်ဆင့်ကို မသိလို့ ဒီလို ကောလာဟလတွေ ထွက်လာတာပါ။ အချိုရည်ထုတ်လုပ်တဲ့အခါ သကြားရည်ဖျော်ပြီးတဲ့ အချိန်ကနေ ပုလင်းထဲရောက်တဲ့အခါ အပြင်လေနဲ့ ထိတွေ့လို့ မရတဲ့အတွက် စက်ပစ္စည်းတွေနဲ့ လူတွေလုပ်ပြီး မတော်တဆ ဖြစ်စရာအကြောင်းအရာမျိုးလည်း လုံးဝမရှိပါဘူး”ဟု မက်စ်အချိုရည်စက်ရုံမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ စက်ရုံအနေဖြင့်လည်း ထိုကဲ့သို့ အလားတူ မတော်တဆမူမျိုး ဖြစ်ပွားမူ မရှိခဲ့ကြောင်း သိရသည်။


အချိုရည်ရောင်းအားသည်လည်း ပူပြင်းလာသည့်အချိန် ပုံမှန်အရောင်းတက်သည့် အချိန်ဖြစ်နေပြီး ဈေးကွက်အတွင်းရှိ လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များတွင်လည်း ရောင်းအားထိခိုက်မူ မရှိကြောင်း ဈေးကွက်မှ သိရှိရသည်။


မြို့ပြထက် ကျေးလက်ဒေသများတွင် အဆိုပါ ကောလာဟလများ ပျံ့နှံ့နေပြီး လူအချို့က ယုံကြည်လျက်ရှိကြောင်း သတင်းရရှိသည်။


“အချိုရည်က ရောင်းအားကောင်းရုံတင် မဟုတ်ဘူး။ သင်္ကြန်နားနီးတော့ ပိုတောင်တက်လာသေးတယ်။ နယ်အမှာလည်း မကျပါဘူး”ဟု သိမ်ကြီးဈေးရှိ အချိုရည်လက်ကားဖြန့်ချိသည့် ဆိုင်တစ်ဆိုင်က ပြောသည်။


ခုခံအား ကျဆင်းမူရောဂါသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးပါရှိသည့် သွေးသွင်းမိခြင်း၊ ရောဂါပိုး ကူးစက်ခံထားရသည့် မိခင်မှကလေးသို့ ကူးစက်ခြင်း နည်းလမ်းများဖြင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။


အဆိုပါ ရောဂါပိုးသည် လူ့ခန္ဓာကိုယ်အတွင်းတွင်သာ အသက်သေစေသည့် ရောဂါအဖြစ် ဖြစ်နိုင်သော်လည်း ခန္ဓာကိုယ်ပြင်ပတွင် စက္ကန့်ပိုင်းအချိန်တွင်သာ အသက်ရှင်နိုင်သောကြောင့် ထိုကဲ့သို့ အချိုရည်များအတွင်းပါဝင်ပြီး ပျံ့နှံ့နိုင်သည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း HIV/AIDS ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များက ပြောကြားသည်။


ဝတ်ရည်အောင်၊ ရန်ကုန်၊ မတ်-၃ (7day News) Vol.11, No.1. MARCH 8,2012

ကြော်လှော်ထားသော အစားအသောက်များကြောင့် အမျိုးသမီးကြီးများတွင် လေဖြတ်ရောဂါဖြစ်နိုင်ခြေများ

http://www.blastgroups.com/uploads/normal_0_1297752231_9587412.jpghttp://api.ning.com/files/IC2KxBl5DtmWkExi7D9Ui-2teBgt8ARssf4L4GruXKviaEYKzsCjyq3I*HajILtsuPUCs3fgFM2-XFfgUdhUaaolryb0DEAM/rIytLRT5Npy79wvk57tZkbNso1_500.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD1441bqhUMqg2WXpWCWlerVYIgEnUg4KS3zNX7mzQnLrB_0qEZQjLh8sO9oo9hymy-k-2h55K7cW36YFhkKmofjFptaICrWVicawk4uHT7r_ZTaZwkeymdeqJA6PGdSOBkv7uUIUfi88M/

အကင်များနှင့် ဆီကြော်မုန့်များတွင် တွေ့ရသော အဆီများကို စားသုံးမူများသော အမျိုးသမီးကြီးများသည် အခြားအဆီလျှော့စားသော အမျိုးသမီးများထက် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေပိုများကြောင်း အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာမူတစ်ခုက တွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ သုတေသီများသည် အသက် ၅၀မှ ၇၉နှစ်ကြား သွေးဆုံးပြီးသော အမျိုးသမီးပေါင်း ၈၇,၂၀၅ ဦးကို လေ့လာခဲ့ပြီး ၎င်းတို့၏ စားသောက်ပုံ အလေ့အကျင့်များကို လေ့လာခဲ့သည်။

တစ်နေ့လျှင် ဖက်တီးအက်ဆစ် ၆-ဒသမ ၁-ဂရမ် အထိပါဝင်သော အစားအစာများကို စားသုံးသော အမျိုးသမီးကြီးများသည် ဖက်တီးအက်ဆစ် ၂-ဒသမ ၂-ဂရမ်ခန့်သာ စားသုံးသော အမျိုးသမီးကြီးများထက် နှလုံးသွေးကြောပိတ်၍ လေဖြတ်နိုင်ခြေ ၃၉-ရာခိုင်နူန်းပိုများကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

သို့သော် ယင်းသို့ လေဖြတ်ရောဂါဖြစ်နိုင်သည့် အခြေအနေကို အက်စပရင်ဆေးဝါးသောက်သုံးခြင်းဖြင့် ထိန်းချုပ်နိုင်ကြောင်း သုတေသီများက ဆက်လက်ပြောကြားသည်။

သွေးဆုံးပြီး အမျိုးသမီးကြီးတွေမှာ အသွင်ပြောင်းနိုင်တဲ့ အဆီဓာတ်တွေကြောင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတာ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အက်စပရင်ဆေးသောက်ပြီး မလိုလားအပ်တဲ့ ဆိုးကျိုးသက်ရောက်မူတွေကို ကာကွယ်နိုင်ပါတယ်”ဟု သုတေသနကို ဦးဆောင်ခဲ့သူက ပြောကြားသည်။

ဝါရှင်တန်၊ ရန်ကုန်၊ မတ်-၂ (7day News ) Vol.11, No.1. MARCH 8,2012

Thursday 8 March 2012

ဆေးကုသမူခံယူသော သက်လတ်ပိုင်း အမျိုးသမီးများတွင် သိုင်းရွိုက်ရောဂါ အတွေ့များ

ဆေးရုံသို့တက်ရောက်ဆေးကုသမူ ခံယူသည့် လူနာများတွင် သိုင်းရွိုက်ရောဂါသည် အသက်အုပ်စု ၃၁-၄၀နှစ် အမျိုးသမီးများ၌ ပိုမိုတွေ့ရှိရကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည့် လေ့လာခြင်း သုတေသန ဖော်ပြထားသည်။


၂၀၀၈မှ ၂၀၁၀ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် အဆိုပါသိုင်းရွိုက် ခွဲစိတ်မူများ သုတေသနတွင် ထိုအချိန်တွင်း လူနာနှစ်ထောင်ကျော် ဆေးကုသမူခံယူခဲ့ပြီး၊ အသက်အုပ်စု ၄၁-၅၀နှစ်အတွင်း လူနာအမျိုးသမီးများသည် ဒုတိယအများဆုံးဖြစ်ကာ အသက်အုပ်စု ၂၁-၃၀နှစ်အတွင်းရှိ အမျိုးသမီးလူနာများမှာ တတိယအများဆုံး ဖြစ်ကြကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာသိန်းထွန်း၏ သုတေသနတွင် ဖော်ပြထားသည်။

ရောဂါအမျိုးအစားများအရ အများစုသည် လုံးချင်းလည်ပင်းကြီးရောဂါဖြစ်ပြီး၊ လုံးများလည်ပင်းကြီးရောဂါ ၃၀ရာခိုင်နူန်းကျော်နှင့် အကျိတ်လူနာ ၁၀ရာခိုင်နူန်းကျော်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ဒေါက်တာ သိန်းထွန်းကပြောသည်။

သိုင်းရွိုက်ဟော်မုန်းသည် ခန္ဓာကိုယ်မှ အသုံးပြုသော စွမ်းအင်များအား ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ ခန္ဓာကိုယ်အတွင်း ပရိုတိန်း ထုတ်လုပ်ခြင်းအား ထိန်းချုပ်ခြင်းများနှင့် ခန္ဓာကိုယ်အတွင်း အခြားထွက်ရှိသည့် ဟော်မုန်းများ၏ တုံ့ပြန်သည့် စနစ်များကိုလည်း ထိန်းချုပ်ခြင်းများ ဆောင်ရွက်ကြောင်းသိရသည်

သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများ အလွန်အကျွံ ထုတ်လုပ်ပေးခြင်းနှင့် လိုအပ်သလောက် မထုတ်လုပ်ပေးခြင်းမှာ သိုင်းရွိုက်ရောဂါများ ဖြစ်ပွားစေခြင်း၏ အဓိကပြဿနာများဖြစ်ကြောင်းလည်း သိရသည်။

ဝတ်ရည်အောင်၊ ရန်ကုန်၊ မတ်-၃ (7day News ) Vol.11, No.1. MARCH 8,2012