စိတ်အပြင်ပိုင်း အပေါ်ယံအပိုင်းမှာတော့ ကိလေသာတွေ မတွေ့ကြရတော့ အညစ်အကြေးတွေ ကိလေသာတွေ အကုန်အစင် ကုန်စင်ပြီလို့ အောက်မေ့နေတတ်ကြပါတယ်။ ဒါပေမယ့် ကိလေသာအမြစ်တွေက မပြတ်သေးပါဘူး။ ရှိနေပါသေးတယ်။ ကံကောင်းထောက်မလို့ မြတ်စွာဘုရား ကိုယ်တော်တိုင် အတွက်ရော ဒုက္ခနယ်ထဲက လူတွေအတွက်ရော မြတ်စွာဘုရားက စိတ်ရဲ့ အတွင်းအနက်ဆုံး အပိုင်းကို ရောက်နိုင်တဲ့ ကမ္မဋ္ဌာန်းနည်းကို တွေ့ရှိခဲ့ပါတယ်။
ဒဿနဆိုင်ရာ စိတ်ပညာအတတ်တွေ ယုံကြည်မူ၊ ကိုးကွယ်မူ၊ ဆည်းကပ်မူတွေ အားလုံးကို ဘေးဖယ်ထားပြီး အမှန်တရား သစ္စာတရားကိုသာ ရှာဖွေစူးစမ်းခဲ့ပါတယ်။ ဦးနှောက်ကို အသုံးပြုပြီး မှတ်လာတဲ့ အသိဉာဏ်တွေ ၀ါဒတွေက ဘယ်လောက်ပဲ ကောင်းကောင်းမှန်မှန် သူတို့ဟာ အပေါ်ယံ စိတ်ချမ်းသာမူလေးလောက်သာ ပေးစွမ်းနိုင်ပြီး အတွင်းဆုံးအပိုင်းကိုတော့ မပေးစွမ်းနိုင်ကြပါဘူး။ လိုအပ်တဲ့အဖြေကို မပေးစွမ်းနိုင်ကြပါဘူး။
ဒီလိုနဲ့ မြတ်စွာဘုရားက သတိပဋ္ဌာန်းနည်းကို တွေ့ရှိလာပါတယ်။ ခန္ဓာရုပ်ပိုင်းရဲ့ အမှန်အဖြစ်အပျက်တွေကို သစ္စာတရားကို သိရှိဖို့ရာမှာ ယုံကြည်ချက်တွေ၊ စိတ်ကူးတွေမပါဘဲနဲ့ သိပ္ပံပညာရှင်တစ်ဦးလိုပဲ အမှန်တရားကို ရှာဖွေခဲ့ပါတယ်။ ဒီခန္ဓာကိုယ်၊ ဒီရုပ်ဟာ ဘာလဲဆိုတာကို ခြေဆုံးခေါင်းဆုံး ကိုယ်တွေ့အသိနဲ့ ရှာဖွေခဲ့ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment