ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 4 March 2012

ရွှင်လန်းအေးချမ်းမူ၏ လျှို့ဝှက်ချက် ...


တစ်စုံတစ်ခုကို အလိုမကျဘူးဆိုရင် ပူလောင်ပင်ပန်းဆင်းရဲ နေရတယ်။ တစ်စုံတစ်ယောက်ကို မကျေနပ်ဘူး။ ကိုယ့်စကားနားမထောင်လို့၊ ကိုယ်ပြောတဲ့အတိုင်း မလုပ်လို့ စိတ်ကဒေါသဖြစ်ပြီဆိုရင် စိတ်အစဉ်မှာ ပူပါတယ်။ ဒေါသမီးဟာ သူရော ကိုယ်ပါ ပူစေတတ်ပါတယ်။ သူ့ကိုလောင်သလို ကိုယ်လည်း လောင်နေတာပါပဲ။

ဒါပေမယ့် ကိုယ်ကသာစိတ်ဆိုးနေတယ်။ ဒေါသဖြစ်နေတယ်။ ဟိုတစ်ဖက်က သိတောင်မသိဘူး။ ဘယ်လိုမှ မခံစားရဘူးဆိုရင်တော့ ဒီဒေါသမီးဟာ သူ့ကို မလောင်ဘဲ ကိုယ့်တိုင်ကိုသာ လောင်နေတတ်တယ်။ အပူမီးတွေနဲ့ တစ်နေ့တစ်နေ့ တစ်မျိုးပြီးတစ်မျိုး မရိုးအောင် လှည့်ပတ်လောင်ကျွမ်း ခံနေကြရတာပါ။ လောဘနဲ့ လောင်တဲ့အခါလောင်၊ ဒေါသနဲ့ လောင်တဲ့အခါလောင်၊ မောဟနဲ့ လောင်တဲ့အခါလောင်၊ ဣဃာ မစ္ဆရိယ တရားတွေနဲ့ လောင်တဲ့အခါမှာလည်း လောင်တတ်တယ်။

အဲဒီလိုပူလောင်မူတွေဟာ တရားအားထုတ်နေတဲ့အခါ ငြိမ်းအေးနေပါတယ်။ တရားအားထုတ်တယ် ဆိုတာလည်း ပူလောင်မူတွေ ငြိမ်းအောင်ဖြစ်တယ်။ ရူစရာ၊ မှတ်စရာဖြစ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတွေ ရူမှတ်နေချိန်မှာ စိတ်အေးချမ်းတယ်။ အာရုံတွေ ဘယ်မှမရောက်ဘဲ တရားပေါ်မှာပဲထားတတ်ရင် စိတ်ကြည်လင်တယ်။

ရုပ်တရားနဲ့ နာမ်တရားကိုပဲ သတိကပ်ကာ ရူမှတ်နေမယ်ဆိုရင် စိတ်တွေ လန်းရွှင်နေတယ်။ အားထုတ်နေချိန်မှာ အပူမီးနဲ့ တစ်ခဏတာဝေးသွားလို့ အေးချမ်းမူကို ရကြပါတယ်။ အမြဲလိုလိုသာ အားထုတ်နေနိုင်မယ်ဆိုရင်တော့ အပူမီးတွေနဲ့ အမြဲဝေးကွားသွားလို့ အမြဲတမ်းအေးချမ်းနေကြပါလိမ့်မယ်။

ရည်ညွှန်း - “ဓမ္မလမ်းပေါ်မှာ” ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ

7DAY NEWS Vol.10,N0.38.DECEMBER 8,2011

No comments:

Post a Comment