သမ္မာသင်္ကပ္ပဟာ ကောင်းသောအကြံအစည် အတွေးအခေါ် စိတ်ကူးဖြစ်ပါတယ်။ စိတ်ကတော့ အမြဲပဲ စဉ်းစားနေတာပါပဲ။ စိတ်က ဘာမှမစဉ်းစားတော့ဘူး၊ မတွေးတောတော့ဘူးဆိုမှ ပညာရတာလဲ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ရဲ့တွေးတောပုံ ပုံစံကတော့ ပြောင်းလဲလာပါတယ်။
မြတ်စွာဘုရားက အင်မတန် အရေးကြီးတဲ့ စကား ၂-ခုကို ဟောပြောလေ့ ရှိပါတယ်။ ယောနိသောမနသိကာရနဲ့ အယောနိသောမနသိကာရ ဆိုတာ ဖြစ်ပါတယ်။ အယောနိသောမနသိကာရမှာ မှားယွင်းတဲ့အတွေးအခေါ်၊ မိမိကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ မိမိအတွက် ဘေးများစေတဲ့ နှလုံးသွင်းမူတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမှားယွင်းတဲ့ စိတ်ထားစိတ်ကူး နှလုံးသွင်းမူတွေဟာ တစ်ပြိုင်တည်းပဲ လိုချင်တော့တမူ တဏှာလောဘ၊ မုန်းထားမူဒေါသ၊ အမှန်မသိမူ အ၀ိဇ္ဇာတို့နဲ့ အရောင်ဟပ်နေတတ်ပါတယ်။ စိတ်က ဖြောင့်ဖြောင့်မှန်မှန်မတွေးတာ မစဉ်းစားနိုင်ပါဘူး။ မမှန်တဲ့ မကောင်းတဲ့ စိတ်တွေချည်းပါပဲ။ ဒီလိုစိတ်တွေဟာ ဆင်းရဲဒုက္ခ အမျိုးမျိုးကိုသာ ပေးကြမှာ ဖြစ်ပါတယ်။
နောက်စိတ်တစ်ခုက ယောနိသောမနသိကာရ = မှန်ကန်တဲ့ သင့်မြတ်တဲ့ နှလုံးသွင်းမူ ကောင်းမွန်တဲ့ စိတ်ထား အတွေးအတော အကြံအစည် အသိဉာဏ်အဆင့်နဲ့ အမှန်တရားကို ယောဂီနာလည် လာပါတယ်။ တရားကျင့်ပြီဆိုတာနဲ့ ယောဂီတို့ဟာ ၀င်သက်ထွက်သက်ကို ရူကြတယ်ဆိုရင်ပဲ မိမိတို့ရဲ့ စိတ်နဲ့စပြီး အလုပ်လုပ်ကြတာပါပဲ။
ဟုတ်ပါတယ်။ ၀င်သက်ထွက်သက်ရူနေစဉ်မှာတော့ စိတ်ရဲ့ အပေါ်ယံအပိုင်းလောက် နဲ့သာပဲ အလုပ်စလုပ်ကြပြီ ဆိုရင်ပဲ အတော်လေး ကောင်းနေပါပြီ အပေါ်ယံပိုင်းက အကုသိုလ်အညစ်အကြေးတွေ ပြိုကွဲစပြုလာပြီပေါ့။ ပြီးတော့ နည်းနည်းချင်း အလွှာလိုက် အလွှာလိုက် အမြစ်ပြတ် သုတ်သင်လိုက်ကြဖို့ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment