ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 9 March 2012

ကြော်လှော်ထားသော အစားအသောက်များကြောင့် အမျိုးသမီးကြီးများတွင် လေဖြတ်ရောဂါဖြစ်နိုင်ခြေများ

http://www.blastgroups.com/uploads/normal_0_1297752231_9587412.jpghttp://api.ning.com/files/IC2KxBl5DtmWkExi7D9Ui-2teBgt8ARssf4L4GruXKviaEYKzsCjyq3I*HajILtsuPUCs3fgFM2-XFfgUdhUaaolryb0DEAM/rIytLRT5Npy79wvk57tZkbNso1_500.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD1441bqhUMqg2WXpWCWlerVYIgEnUg4KS3zNX7mzQnLrB_0qEZQjLh8sO9oo9hymy-k-2h55K7cW36YFhkKmofjFptaICrWVicawk4uHT7r_ZTaZwkeymdeqJA6PGdSOBkv7uUIUfi88M/

အကင်များနှင့် ဆီကြော်မုန့်များတွင် တွေ့ရသော အဆီများကို စားသုံးမူများသော အမျိုးသမီးကြီးများသည် အခြားအဆီလျှော့စားသော အမျိုးသမီးများထက် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေပိုများကြောင်း အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာမူတစ်ခုက တွေ့ရှိခဲ့သည်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ သုတေသီများသည် အသက် ၅၀မှ ၇၉နှစ်ကြား သွေးဆုံးပြီးသော အမျိုးသမီးပေါင်း ၈၇,၂၀၅ ဦးကို လေ့လာခဲ့ပြီး ၎င်းတို့၏ စားသောက်ပုံ အလေ့အကျင့်များကို လေ့လာခဲ့သည်။

တစ်နေ့လျှင် ဖက်တီးအက်ဆစ် ၆-ဒသမ ၁-ဂရမ် အထိပါဝင်သော အစားအစာများကို စားသုံးသော အမျိုးသမီးကြီးများသည် ဖက်တီးအက်ဆစ် ၂-ဒသမ ၂-ဂရမ်ခန့်သာ စားသုံးသော အမျိုးသမီးကြီးများထက် နှလုံးသွေးကြောပိတ်၍ လေဖြတ်နိုင်ခြေ ၃၉-ရာခိုင်နူန်းပိုများကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

သို့သော် ယင်းသို့ လေဖြတ်ရောဂါဖြစ်နိုင်သည့် အခြေအနေကို အက်စပရင်ဆေးဝါးသောက်သုံးခြင်းဖြင့် ထိန်းချုပ်နိုင်ကြောင်း သုတေသီများက ဆက်လက်ပြောကြားသည်။

သွေးဆုံးပြီး အမျိုးသမီးကြီးတွေမှာ အသွင်ပြောင်းနိုင်တဲ့ အဆီဓာတ်တွေကြောင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတာ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အက်စပရင်ဆေးသောက်ပြီး မလိုလားအပ်တဲ့ ဆိုးကျိုးသက်ရောက်မူတွေကို ကာကွယ်နိုင်ပါတယ်”ဟု သုတေသနကို ဦးဆောင်ခဲ့သူက ပြောကြားသည်။

ဝါရှင်တန်၊ ရန်ကုန်၊ မတ်-၂ (7day News ) Vol.11, No.1. MARCH 8,2012

No comments:

Post a Comment