ဝက်ပိန်းဥရှမ်းချက်က ရှမ်းတိုင်းရင်းသားတွေ ချက်ပြုတ်လေ့ရှိတဲ့ ဟင်းတစ်မျိုးပါပဲ။ တကယ်တော့ ၀က်ပိန်းဥချက်က မုန်ညင်းချဉ် ဒါမှမဟုတ် ရှမ်းချဉ်ထည့်ချက်ရတာကြောင့် ရှမ်းအငွေ့အသက်အပြည့်အ၀ ရှိတဲ့ ဟင်းလို့ဆိုရမှာဖြစ်ပါတယ်။
ဝက်ပိန်းဥချက်ချက်ဖို့ ၀က်သားပေါင်သား ၁၅-ကျပ်သား၊ ပိန်းဥ (ပြုစားရတဲ့ ပိန်းဥအသေးလေးတွေ) ၅-လုံး၊ မုန်ညင်းချဉ် ဒါမှမဟုတ် ရှမ်းချဉ်အနည်းငယ်ပဲ လိုပါတယ်။ အခုချက်မှာကတော့ မုန်ညင်းချဉ်နဲ့ ချက်မှာပါ။
ဝက်သားနဲ့ ပိန်းဥကို ပုံမှန်ဝက်အာလူးဟင်းတွေ ချက်သလိုပဲ ရိုးရိုးရှင်းရှင်း ချက်ရမှာပါ။ မုန်ညင်းချဉ်ကိုတော့ လက်တစ်ဆစ်စာ အပိုင်းလေးတွလှီးပြီး ၀က်သားနဲ့ ပိန်းဥနူးလောက်မှ ထည့်လိုက်ပါ။ မုန်ညင်းနံ့လေး စိမ့်ဝင်သွားအောင် ရေနည်းနည်းထည့်ပေးပါ။ အလယ်ကနေထက်ခြမ်း ခြမ်းခြမ်းထားတဲ့ ငရုတ်သီးစိမ်းတွေကို နောက်ဆုံးမှာ အုပ်ပေးလိုက်ရုံပါပဲ။

No comments:
Post a Comment