ပိဋကတ်စာပေကျမ်းဂန်တွေထဲမှာ မြတ်စွာဘုရားဟာ သူ့အပေါ်တင်လာတဲ့ မေးခွန်းပုစ္ဆာပြဿနာများကို အဖြေမပေးဘဲ နူတ်ဆိတ်၍နေတော်မူတဲ့ အခွင့်အခါများရှိကြောင်း ဖော်ပြထားတယ်။ မေးခွန်းထုတ်သူ တစ်စုံတစ်ယောက် သူ့မေးခွန်းအတွက် ပေးတဲ့အဖြေရဲ့ အကျိုးရှိပုံကို နားလည်နိုင်စွမ်းမရှိရင်ဘဲဖြစ်ဖြစ်၊ ကိုယ်တော်မြတ်အပေါ်တင်လာတဲ့ မေးခွန်း မှားနေရင်ပဲဖြစ်ဖြစ်၊ မြတ်စွာဘုရားဟာ နူတ်တော်ဖွင့်ဟခြင်း မပြုဘဲ၊ မဖြေဘဲ ဆိတ်ဆိတ်နေတော်မူလေ့ရှိတယ်။
အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေ၊ မေးသူကိုယ်တိုင်က နားလည်မူလွဲပြီး မေးတဲ့မေးခွန်းမျိုးတွေ ဖြေကြားခြင်းအားဖြင့်လည်း မေးသူအတွက် အကျင့်၊ သီလ၊ စရဏ စိတ်ပိုင်းဖွံ့ဖြိုးမူကို အထောက်အကူမပြုတဲ့အတွက် အဲဒီလိုမေးခွန်းမျိုးတွေကို မဖြေကြားခဲ့ဘူး။ ဒါပေမဲ့ မြတ်ဗုဒ္ဓက သူ့ရဲ့ဉာဏ် အဆင့်မြင့်ပြီးသား သာဝကကြီးတွေကို အကျိုးအကြောင်းနဲ့ အဖြေပေးတတ်တယ်။
ဗုဒ္ဓမြတ်စွာ မဖြေဘဲထားတတ်တဲ့ မေးခွန်းတချို့က လောကသည်မြဲသလား၊ လောကသည် မမြဲဘူးလား။ လောကသည် အဆုံးရှိသလား၊ လောကသည် အဆုံးမရှိဘူးလား။ ၀ိညာဉ်နှင့် ကိုယ်နှင့် အတူတူပဲလား၊ ၀ိညာဉ်ကတခြား ကိုယ်ကတခြားလား။ တထာကတ သတ္တ၀ါသည်သေပြီးနောက် ဖြစ်တည်နေဦးမှာလား၊ သတ္တ၀ါသည် သေပြီးနောက်မရှိတော့ဘူးလား။ သတ္တ၀ါသည် သေပြီးနောက် ဖြစ်တည်ခြင်းရှိသလေား၊ ဖြစ်တည်ခြင်း မရှိတော့ဘူးလား။ သတ္တ၀ါသည် သေပြီးနောက် ဖြစ်တည်ခြင်းရှိသည်လည်း မဟုတ်၊ ဖြစ်တည်ခြင်း မရှိသည်လည်းမဟုတ် ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေ၊ အတွေး လွန်မေးခွန်းတွေဖြစ်နေကြလို့ ဆိုတဲ့အကြောင်းကြောင့်သာ မြတ်ဗုဒ္ဓက ဘာမျှတုံ့ပြန်မပြောဘဲ ဆိတ်ဆိတ်နေတော်မူခြင်းဖြစ်သည်။

ရည်ညွှန်း - “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက” ဆန်းလွင်(ရှင်အာဒိစ္စရံသီ)(၁၉၃၈-၂၀၀၂)
7DAY NEWS Vol.42,N0.39.JANUARY 5,2012
7DAY NEWS Vol.42,N0.39.JANUARY 5,2012
No comments:
Post a Comment