ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 7 March 2012

ပဲပြားကြက်ဥကြော် (၀ိုက်ဖီ)

ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် စားဖွယ်တစ်မျိုးကို စီစဉ်ထားပါတယ်။ ထမင်းဝိုင်းမှာထက် နံနက်စာစားချိန်မှာ ဒါမှမဟုတ် နေ့ခင်းနေ့လယ် အစာပြေလို့ အဆင်ပြေစေမယ့် ပဲပြားကြက်ဥကြော်ပဲ ဖြစ်ပါတယ်။
ပဲပြားကြက်ဥကြော်အတွက် လတ်ဆတ်တဲ့ ပဲပြားမာမာနှစ်တုံး၊ ကြက်ဥတစ်လုံးပဲလိုပါတယ်။ ပဲပြားကြက်ဥကြော်အတွက် အဓိကတွဲဖက်စားမယ့် အချဉ်ရည်ကတော့ ပဲပြားကြော် အရသာတွေ့ဖို့အတွက် အဓိကကျပါတယ်။ ပထမဆုံး အချဉ်ရေစပ်ပါမယ်။ ကြက်သွန်ဖြူနဲ့ ချင်း အနည်းငယ် ထောင်းပါမယ်။ မန်ကျည်းသီးမှည့်အနည်းငယ်ကို စင်ကြယ်စွာဆေးပြီး ရေနွေးနဲ့ စိမ်ထားပါ။ ပြီးရင် မန်ကျည်းနှစ်ရအောင် ညှစ်ယူပြီး ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူထည့်ပါမယ်။ ငရုတ်သီးစိမ်းနဲ့ နံနံပင်ပါးပါးလှီးထားတာထည့်ပါ။ ဆားနဲ့ ဟင်းခတ်မူန့်ထည့်ပြီး မွှေလိုက်ရင် အရသာရှိလှတဲ့ မန်ကျည်းချည်ရည်ရပါပြီ။

အချဉ်ရည် အဆင်သင့်ဖြစ်ရင် ပဲပြားကို စကြော်ပါမယ်။ အထူအပါး ညီဖို့ အရေးကြီးပါတယ်။ လှီးပြီးတဲ့ ပဲပြားလေးတွေကို ပဲငံပြာရည်အကြည်၊ ဆား၊ ဟင်းခတ်မူန့်ရောမွှေထားတဲ့ အရည်နဲ့ အရသာဝင်အောင် သုပ်ပေးပါ။ ပြီးရင် ပဲပြားလေးတွေရဲသွားအောင် ကြော်လိုက်ပါမယ်။ အတွင်သား ကြက်အောင် ကြက်ဥမထည့်ခင် ကြော်တာဖြစ်ပါတယ်။ ပဲပြားလေးတွေ ဆီထဲက ဆယ်ပြီးရင် အရသာမထည့်ဘဲ မွှေထားတဲ့ ကြက်ဥထဲကို တစ်ခုချင်စီ ထည့်ပြီး မီးအေးအေးနဲ့ ကြော်ရုံပါပဲ။

ဒါဆိုရင်တော့ အရသာစိမ့်စိမ့်နဲ့ ပဲပြားကြော်လေးတွေကို မန်ကျည်းအချည်ရည်၊ ဆလပ်ရွက်တို့နဲ့ မြိန်ရှက်စွာ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ရှင်။

No comments:

Post a Comment