ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 18 March 2012

လောင်ကျွမ်းတုန်ခါနေတဲ့ ကမ္ဘာကြီး


အစိုင်အခဲဆိုလို့ ဘာတစ်ခုမှ မရှိပါဘူး။ အသေးငယ်ဆုံး အဋ္ဌကလာပလေးတွေဟာ လူပ်ရှားမူ တုန်ခါမူသက်သက်သာပဲ ဖြစ်ပါတယ်။ လိုင်းကလေးသဘောမျှသာ ဖြစ်ပါတယ်ဆိုတာကို ကိုယ်တွေ့သိရှိ ခံစားရပါလိမ့်မယ်။ “သဗ္ဗော ပဇ္ဇလိတောလောကော၊ သဗ္ဗော လောကော ပကမ္ပိတော”လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။


ကမ္ဘာကြီးတစ်ခုလုံး စကြ၀ဠာကြီးတစ်ခုလုံးမှာလည်း မိမိရဲ့ခန္ဓာကိုယ်တောင် အတွင်းမှာ တွေ့ထိခံစားရတာနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်အတွင်းက အမှန်အဖြစ်အပျက် အမှန်သစ္စာတရားကလည်း ခန္ဓာကိုယ်ရဲ့ အပြင်ဘက်လောကရဲ့ သစ္စာတရားနဲ့ အတူတူပါပဲ။ ခြားနားမူမရှိပါဘူး။ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်က သစ္စာတရားကိုတော့ ဦးနှောက်အသိဉာဏ်နဲ့ သိနိုင်ပါသေးတယ်။ ခန္ဓာကိုယ်ဘောင်အတွင်းက အမှန်သစ္စာတရား ကိုတော့ ကိုယ်တိုင် ကိုယ်တွေ့ လက်တွေ့ တွေ့ထိခံစားရမှ သိနိုင်ပါတယ်။

ဒါကြောင့် ကိုယ်တွေ့ တွေ့ထိခံစားပြီးတော့မှ သဗ္ဗော = လောကကြီးတစ်ခုလုံးမှာ ပကမ္ပိတော = တုန်ခါနေတဲ့ လူပ်ရှားနေခြင်းဖြစ်တဲ့ တုန်ခါမူလိုင်းကလေးတွေမျှသာပါပဲ။ လိုင်းကလေးတွေ သဘောမျှသာပဲလို့ မိန့်တော်မူပါတယ်။ စကြာဝဠာကြီး တစ်ခုလုံးကလည်း ပဇ္ဇလိတော = လောင်ကျွမ်းနေတာပဲ။ ပကမ္ပိတော = တုန်ခါမူ ကလေးတွေပဲ။ လောင်ကျွမ်းပျက်စီး တုန်လူပ်ပျက်စီး နေကြတာပဲလို့ ဟောတော်မူခဲ့ပါတယ်။ အစိုင်အခဲ တည်မြဲနေတာရယ်လို့ ဘာတစ်ခုမှ မရှိပါဘူး။

ယောဂီဟာ ရုပ်အပိုင်းမှာရော နာမ်အပိုင်းမှာရော ဒီအပိုင်း (၂)ခုစလုံးမှာ ဒီအဆင့်ကို ဘာဝနာမယဉာဏ်နဲ့ ကိုယ်တွေ့သိရှိ ခံစားနိုင်ရမှာ ဖြစ်ပါတယ်။ ဦးနှောက်အသိဉာဏ်၊ စိန္တာမယဉာဏ်နဲ့ သိနေရုံနဲ့တော့ မပြီးနိုင်သေးပါဘူး။ အနောက်တိုင်း သိပ္ပံပညာရှင်တွေက ကမ္ဘာလောကမှာ ရှိရှိသမျှ ၀တ္ထုပစ္စည်းတွေဟာ အစိုင်အခဲတွေ မဟုတ်ပါဘူး။ အားလုံးဟာ တုန်ခါနေတဲ့ တုန်ခါမူကလေးတွေမျှသာပဲဆိုတဲ့ ဒီအမှန်တရားကို လက်ခံကြပါပြီ။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment