ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 16 March 2012

မမြဲတဲ့တရားကို သိရှိနိုင်တဲ့ ကမ္မဋ္ဌာန်း


တကယ့်တိုက်ရိုက် ကိုယ်တွေ့အသိနဲ့ ဒါတွေဟာ ဘာလဲဆိုတာကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ ၀ိပဿနာ ကမ္မဋ္ဌာန်းဟာ ရုပ်ခန္ဓာအပိုင်းအားလုံး၊ နာမ်ခန္ဓာအပိုင်းအားလုံး ရုပ်နဲ့နာမ်နှစ်စု ပေါင်းထားတာ အားလုံးနဲ့ သက်ဆိုင်တဲ့ ရုပ်နာမ်ဖွဲ့စည်းထားမူရဲ့ အမှန်တရားဖြစ်တဲ့ မတည်မြဲတဲ့တရားကို လက်တွေ့ ခံစားသိရှိနိုင်ဖို့ ဖြစ်ပြီး တစ်ကယ်လဲ သိရှိခံစားနိုင်ကြပါလိမ့်မယ်။


ပထမဦးဆုံးဖြစ်တဲ့ ဒီအမှန်တရားဟာ ဒီရုပ်နာမ်အစုရဲ့ မတည်မြဲမူကို ယောဂီတို့ အသိဉာဏ်မှာ သူ့အလိုလို ဖော်ပြလာကြပါလိမ့်မယ်။ ပညာသိက္ခာရဲ့ ပထမပိုင်းဖြစ်တဲ့ အနိစ္စက ခေါင်းဖော်လာပါလိမ့်မယ်။ “အားလုံးဟာ ပြောင်းလဲနေပါလား၊ အမြဲမရှိပါလား၊ ဘယ်ဒင်းမှ မမြဲပါလား။ ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်ပါလား” ဆိုတာကို ယောဂီတို့ဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်ဘောင်အတွင်းမှာ သိမြင်လာကြပြီး လက်တွေ့ခံစားကြရ ပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment