ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 2 March 2012

ရိုးရာအစဉ်အလာနှင့် ဗုဒ္ဓဘာသာ...


မြတ်ဗုဒ္ဓက ကျွန်ုပ်တို့အား ဤအရာကား ငါတို့၏ရိုးရာထုံးစံရှိသည် ဆိုကာမျှဖြင့်လည်း မှန်သည်ဟု မယုံကြည်ကြကုန်လင့်ဟု ဆိုဆုံးမတော်မူတယ်။ သို့ရာတွင် ဤသို့ဆိုတော်မူသောကြောင့် ရိုးရာထုံးစံ ဟူသမျှကို ပစ်ပယ်ကြရမည်ဟူ၍လည်း မယူဆသင့်ပါ။

“သင်တို့သည် ထိုထုံးတမ်း စဉ်လာများကို စမ်းသပ်စစ်ဆေးကြည့်ရမယ်။ အကယ်၍ ထိုဓလေ့ထုံးစံများသည် ယုတ္တိရှိသည်ဖြစ်၍ မိမိအတွက်သော်လည်းကောင်း၊ သူတစ်ပါးအတွက်သော် လည်းကောင်း ကောင်းကျိုးလည်းရှိသည်ဖြစ်၍ ပျော်ရွှင်ခြင်းသုခကိုလည်း ပေးသည်မှန်မူကား ထိုဓလေ့ထုံးစံများကို လက်ခံ၍ ကျင့်သုံးကြရမည်ဖြစ်တယ်” (ကာလာမသုတ်)

ဤအဆိုအမိန့်သည် ကျွန်ုပ်တို့၏ ဆရာသခင်ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဟောကြားချက်များမှ လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ခွင့်ပြုထားချက်များအနက် တစ်ခုဖြစ်သည်။ ဓလေ့ထုံးစံဆိုတာ ဘာသာကိုးကွယ်ဆည်းကပ်မူရဲ့ ဘောင်အတွင်းမှာတော့ရှိရမယ်။ မိမိတို့ရဲ့ ရိုးရာဓလေ့ထုံးစံတွေကို လက်ခံကျင့်သုံးတဲ့အခါ သီလသိက္ခာပုဒ်တွေ ဆန့်ကျင်တာမျိုးတော့ မဖြစ်ရပါဘူး။

လူတွေက သူတို့ရဲ့ မိရိုးဖလာရိုးရာအစဉ်အလာတွေကို လိုက်နာဖို့သိပ်ပြီး စိတ်အားထက်သန်နေကြတယ်ဆိုရင် ဒီဓလေ့ ထုံးစံတွေ၊ ရိုးရာအစဉ်အလာတွေကို ဗုဒ္ဓဘာသာက မပိတ်ပင်ဘူး။ မတားမြစ်ပါဘူး။ ဓလေ့ထုံးစံ၊ ရိုးရာအစဉ်အလာအလုပ်တွေက ဘယ်သူ့အတွက်မှလည်း အန္တရာယ်မဖြစ်စေဘူးဆိုရင် ဗုဒ္ဓဘာသာကခွင့်ပြုတယ်၊ လုပ်ခွင့်ရှိတယ်လို့ဆိုတယ်။

မြတ်ဗုဒ္ဓရဲ့အလိုတော်မှာ လူတွေအနေနဲ့ သီလဗ္ဗတပရမာသလို့ခေါ်တဲ့ ဒီပူဇော်သက္ကာယအလုပ်တွေကို အစွဲအလမ်းမထားရဘူး။ ဒီသံယောဇဉ်မျိုးကို မိမိရဲ့ စိတ္တ၀ိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ အလုပ်လုပ်ရာမှာ တွယ်တာမနေသင့်ဘူးလို့ပဲ သင်ထားတော်မူတယ်။

ရည်ညွှန်း - “ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက” ဆန်းလွင်(ရှင်အာဒိစ္စရံသီ)(၁၉၃၈-၂၀၀၂)

7DAY NEWS Vol.10,N0.32.OCTOBER 27,2011

No comments:

Post a Comment