ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 9 March 2012

မတ်နှင့် ဧပြီလအတွင်း အင်္ဂါဂြိုဟ်ကို ကြီးမားစွာမြင်တွေ့ရမည်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCIRLuVo2WO2kZGtR_nN-Yb4LLrWsKVAFr7Zr4yEsi9J9UvPqMcLmYzt5hGNzntb_eDQ2ImtzjELXEt_RmIzP2N3hGXlCuPdrIBFFDDDAsntZLNVKCWUrYQjAz2uk7L2u-_7FoL80w3ZQC/

မတ်လနှင့် ဧပြီလအတွင်း မြန်မာ့ မိုးကောင်းကင်တွင် အင်္ဂါဂြိုဟ်ကို တစ်နေ့ထက်တစ်နေ့ မြင်တွေ့ရမည်ဖြစ်ပြီး လာမည့် မတ်လ ၄-ရက်နေ့တွင် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့် အနီးဆုံးမှတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ သိရသည်။

ယခုကဲ့သို့ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာ နီးကပ်လာခြင်းဖြစ်စဉ်သည် အင်္ဂါဂြိုဟ်ဖောက်ပြန်ခြင်းဖြစ်စဉ်နှင့် တွဲဖက်ဖြစ်ပေါ်မည်ဖြစ်ပြီး ၃၂-နှစ်တွင်မှ တစ်ကြိမ်ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

အင်္ဂါဂြိုဟ်ဖောက်ပြန်ခြင်းဖြစ်စဉ်သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅-ရက်နေ့အထိ ဖြစ်ပေါ်မည်ဟု သိရသည်။

၁၉၄၇-ခုနှစ် နိုဝင်ဘာ ၁၅-ရက်မှ ၁၉၄၈-ခုနှစ် ဇူလိုင် ၄ရက်နေ့အတွင်း မွေးဖွားခဲ့သူများ အနေဖြင့် အထူးသတိပြုရမည်ဖြစ်ပြီး ၁၉၇၉-ခုနှစ် နိုဝင်ဘာ ၇-ရက်မှ ၁၉၈၀-ခုနှစ် ဇွန်လ ၂၈-ရက်အတွင်း မွေးဖွားခဲ့သူများ အနေဖြင့်မူ အင်္ဂါဂြိုဟ်၏ အစွမ်းသတ္တိလွှမ်းမိုးမူရရှိချိန်ဖြစ်ကြောင်း ယင်းကဆိုသည်။

အင်္ဂါဂြိုဟ်ကို လာမည့် မတ်လ ၄-ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၂-နာရီ ၃၂-မိနစ်တွင် ကမ္ဘာနှင့် အနီးဆုံးမှတ်သို့ ရောက်ရှိမြင်တွေ့ရမည်ဖြစ်ပြီး ကမ္ဘာမြေနှင့် မိုင်ပေါင်း ၆၂-ဒသမ ၈၁-သန်း အကွာအဝေးတွင် တည်ရှိမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၃-ခုနှစ်က မိုင်ပေါင်း ၃၅-သန်းအထိ နီးကပ်ဖူးကြောင်း သိရသည်။

မတ်လ ၄ရက်နေ့ ည ၉နာရီမှစတင်ကာ အရှေ့ဘက် မိုးကောင်းကင်တွင် အင်္ဂါဂြိုဟ်ကို နီရဲလုံးဝန်းသော ကြယ်ပွင့်ကြီးအသွင်မြင်တွေ့ရမည်ဖြစ်ပြီး အရုဏ်တက်ချိန်တွင် အနောက်ဘက် မိုးကောင်းကင်၌ မြင်တွေ့နိုင်ကြောင်း သိရသည်။

ဥက္ကာကိုကို၊ ရန်ကုန်၊ ဖေဖော်ဝါရီ -၂ ၆ (7day News) Vol.11, No.1. MARCH 8,2012

No comments:

Post a Comment