၁။ ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ “ဆင်းရဲမှလွတ်မူတစ်ခု” ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ၊ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး၊ အများကြီးထဲက ကြိုက်ရာတ်စခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။
၂။ စရဏ(အကျင့်)နဲ့ ၀ိဇ္ဇာ(အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်၊ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရူပါ)။
၃။ ဘုရားစကား၊ ဆရာ့စကား၊ တစ်ထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနှိမ့်ချ၊ ခန္တီနဲ့မေတ္တာ များများထားပြီး လုပ်ရတယ်။
၎။ “၀ိပဿနာတရား” ဆိုတာ ထင်ရှားတဲ့တရားကိုမြင်အောင် ရူမှတ်ခြင်းပင်ဖြစ်တယ်၊ ထင်ရှားရှိတဲ့ တရားကို မြင်အောင် မရူနိုင်ရင် ၀ိပဿနာမဖြစ်ဘူး။
၅။ ထင်ရှားရှိတဲ့တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်၊ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။
၆။ ကိုယ်မှာအမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်းနားလည် လွယ်ကူတာဟာ “အာနာပါန” ၀င်လေထွက်လေ ရူမှတ်မူဖြစ်တယ်။
၇။ “ထွက်လေ ၀င်လေ”ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘောဖြစ်တယ်၊ အလုပ်လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလဲ ရှိနေတာပဲ။
၈။ ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြလို့ “သတိမမူ ဂူမမြင်” ဖြစ်နေကြတယ်၊ “သတိမူရင် မြူကိုတောင်မြင်ရတယ်” ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရူနေမှ ရှိမှန်းသိကြတယ်။
၉။ “ကြည့်” ဆိုရာမှာ ၀ိပဿနာဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေ ထိရာ နှာဖျားနှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နဲ့ တထိထဲ ထိနေတာကို တသိထဲသိနေအောင်၊ တရစပ် သိမြင်အောင် ကြည့်ရူနေရမယ်၊ အိမ်အမိုးကို စပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။ (၂၄ နာရီ အမြဲမပြတ် တစပ်တည်း ရပါစေ)
၁၀။ တစ်ရက် ၂၄ နာရီ တစပ်တည်းရလျှင် အလွန်သိသာပါတယ်၊ (နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင်) ဘုရားဆုံးမတာမှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာဖို့ချည်းပဲ၊ ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ပိုပြီးတော့တောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်၊ အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး နိုးတော့မှာ မဟုတ်ဘူး၊ အိပ်ချင်ရင် မအိပ်ချင်တဲ့ နေရာရှိတယ်၊ အဲဒီကိုရောက်အောင်သွား။
၁၁။ ထိတာကို သိနေရင် သိက္ခာသုံးပါး၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခိယတရား ၃၇-ပါး၊ ပိဋကတ်သုံးပုံ အလုံးစုံတစ်ပြိုင်နက် ပါဝင်ပြီး ဖြစ်တယ်။
၁၂။ ထိတာဟာ ရုပ်သဘောဖြစ်တယ်၊ သိတာဟာ နာမ်သဘောဖြစ်တယ်။
၁၃။ တရိပ်ရိပ်နဲ့ထိတိုင်း၊ ပျောက်တိုင်း(ရုပ်နာမ်) ဖြစ်မူပျက်မူတွေ ဖြစ်ပျက်ပြီးနေခြင်း ဖြစ်တယ်။
၁၄။ တရိပ်ရိပ်နဲ့ နှာဖျားဝမှာ ထိလိုက်၊ ပျောက်လိုက် နေတာတွေကိုသာ တစ်ဆက်တည်း သိအောင်မြင်အောင် ကြည့်ရူနေရင် ကြာရင် ၀ိပဿနာ သမာဓိ တစ်စထက် တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါ နှာဖျား၊ နှာဝတွင်သာမက၊ ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ်၊ တရွရွ ဖြစ်ပျက်နေတာကို တွေ့ရမယ်။
၁၅။ တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကို ကောင်းစွာ မြင်သောကြောင့်) ဒုက္ခနဲ့ အနတ္တဟာ အလိုလို ထင်မြင်လာလိမ့်မယ်၊ ပါးစပ်ကဆိုနေဖို့ မလိုဘူး၊ ၀ိပဿနာအလုပ်ဟာ ထိမူကို ကြည့်ရူသိနေရုံသာ ဖြစ်တယ်၊ ကြည့်ရူနေရင် ရူမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေကထက်တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။
၁၆။ အဲဒီလို တရိပ်ရိပ်နဲ့ ထိမူ၊ သိမူတို့ကို ကြည့်ရူနေရင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လိုသိသာသလဲဆိုတော့ “ရေငတ်၍နေသော သူသည် ရေကိုသောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့” ဖြစ်သွားတော့တယ်။ သူများမေးစရာမလို ကိုယ်တိုင်သိမယ် (သိန္ဒိဋ္ဌိကော)။
(သိန္ဒိဋ္ဌိကော = ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်းတွေ့နေရတယ်)
၁၇။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်၊ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့ တူတယ်။
၁၈။ ယုံယုံကြည်ကြည် လုံ့လ၀ီရိယရှိရှိနဲ့ ထိမူ၊ သိမူတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရူနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့၊ အခုလုပ်၊ အခုမီးငြိမ်း၊ အခုချက်ချင်းပဲ ချမ်းသာတယ်။ (အကာလိကော)။
(အကာလိကော = ကာလမခြားအကျိုးရှိတယ်)
သမ္မာ သတိ သတိ မမူ၊
ခဲခဲ ခက်ခက် ဉာဏ်နက် မကူ၊
ခန္ဓာ ခေါ်ထား ကြီးမား ပြူပြူ၊
ရုပ်ပေါင်း နာမ်ပေါင်း ကိန်းအောင်းငူငူ၊
မမြင်အား ထင်ရှား ထိုသည့် ဂူ။
သတိမူက မြူမြင်ရ
သမ္မာ သတိ စောင့်သိမူလျှင်၊
ရုပ် နာမ် ဖြစ်ပျက် ဉာဏ်ထက်ကြည်လင်၊
ခန္ဓာ မူံမွှား စုံပြား ကွယ်ဝင်၊
ပရမာစု မြူနုကိုပင်၊
ထင်ထင်ရှား ပိုင်းခြား ရူသိမြင်။