ပါဠိပါဌ်ဆင့် စားလုံးတွေ ပါဠိစာတွေ ဖတ်ဖို့အတွက် ကိုဇော်ထက်မောင် ရေးပေးထားတာလေးကို ပြန်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။ သိသလောက်လေးပေါ့၊ လိုအပ်တာလေးတွေ ရှိရင် နားလည်ပေးစေချင်ပါတယ်။
ဥပမာ-ဟောန္တု=ဟွန်တု။ ဗောစ္ဇျင်္ဂ=ဗွစ်ဇျင်ဂ။
သဝေထိုး နှင့် အသတ် ကိုမြင်က စ,သတ်သံဖတ်ရမည်။
ဥပမာ-သေတ္တာ=သစ်တာ။
-ျ ၊ြ - ၊ -ွ ၊ -ှ တွေကိုမြင်ရင် အသံအသတ် ယူပြီးဖတ်ရမည်။
ဥပမာ-သကျ=သက်ကျ ၊ စကြာ=စက်ကြာ ၊ ကတွာ=ကတ်တဝါ ၊ ကဏှ=ကဏ်ဏှ။
ကြားတွင် ‘ - သို့ မဟုတ် , ’ ခြားထားလျှင် အသံအသတ်ယူပြီးမဖတ်ရပါ။
ဥပမာ- သ-ကျ= သကျ ဟုသာဖတ်၊ က,ဏှ= ကဏှ ဟူ၍ မူလအတိုင်းသာဖတ်ရမည်။
ည ဆိုသည်မှာ ဉ + ဉ ပေါင်း၍ ဖြစ်လာသဖြင့် ပုည ကိုဖတ်လျှင် (ပုဉ် ဉ ) ပုံည ဟုသာဖတ်သည်။
ဥပမာ -သုည= (သုဉ် ဉ )သုံည။

ဌဝင်ဘဲ နှစ်မျိုးရှိသည်။ ဌ သည်ရိုးရိုးသာဖြစ်၍ ပါဌ်ဆင့်မပါချေ။
သို့ရာတွင်မူ ဋ္ဌ သည်ကား ( ဋ + ဌ = ဋ္ဌ ) ဋနှင့် ဌဝင်ဘဲနှစ်ခုပေါင်းထားခြင်းဖြစ်သည်။
ဥပမာ- ပဋ္ဌာန်း = ပဋ် ဌာန်း ၊ ကောဋ္ဌာသ= ကွဋ်ဌာသ ဖြစ်သည်။
No comments:
Post a Comment