ဖော်ပြခဲ့ပြီးသော တရားရူမှတ်နည်း အဆင့်ဆင့်တွင် အခြေခံ တရားရူမှတ်ခြင်းဖြင့် တရားရူမှတ်ခြင်း ပထမဆင့်တွင်သာ မိနစ် ခွဲခြား ပိုင်းခြား၍ မထည့်သွင်းခဲ့ပါ။
ထိုအဆင့်များကို စိတ်ဝင်စားစွာ ပြုလုပ်လေ့ကျင့်မူပြီးစီးသွားလျှင် အဆင့်မြင့်တရားရူမှတ်ခြင်း အဆင့်ဆင့်တွင် အချိန်ပိုင်းခြားရန် မလိုပါ၊ မိမိတို့ကိုယ်တိုင် ချင့်တွက် သိရှိနိုင်ကြပြီ ဖြစ်ပါသည်။ ဘာဝနာကျင့်စဉ်တရား အလုပ်ကိုလည်း စွဲမြဲသွားပြီဖြစ်ပါသည်။
ထို့ကြောင့် ဤညွှန်ပြချက်များကို တစ်ဆင့်စီ တစ်ဆင့်စီ သဘောပေါက်နားလည်အောင်ဖတ်ရူ၍ (ကိုယ်တွေ့ဉာဏ်မြင်)အောင် ကြိုးစားအားထုတ် ကျင့်ဆောင်ကြရပါမည်။
ဤညွှန်ပြချက်တို့၌ ရူခိုက်မြင်ခိုက်အချိန်ကာလတွင် တည်ရှိနေ အံ့သော ကိုယ်၊ နူတ်၊ စိတ်တို့၏ စင်ကြယ်နေမူ အပြစ်ကင်းနေမူ တို့ကိုယူ၍ အခြေခံသီလ(စိတ်၏ကျင့်စဉ်) အပြစ်ကင်းနေမူ တို့ကိုယူ၍ အခြေခံသီလ(စိတ်၏ကျင့်စဉ်)များ စောင့်ထိန်းခြင်းတို့ကို ထည့်သွင်းဖော်ပြမူ မပြုခဲ့ပါ။
တရားရူမှတ်ခြင်းအပေါ်တွင် စိတ်ဝင်စား ယုံကြည်လေးစားခြင်း၊ ဖြောင့်မှန်သော စိတ်နှလုံးထားရှိခြင်း၊ တရားရူမှတ်နိုက်လောက်သော ကိုယ်၊ စိတ်၊ ကျန်းမာမူရှိခြင်းတို့က ဤတရားရူမှတ်မူ ကျင့်စဉ်နှင့် ဉာဏ်အမြင်ရရှိမူကို အထောက်အကူပြုပါလိမ့်မည်။
ဤညွှန်ပြချက်တွင် ပကတိရှိနေသော မိမိတို့၏ အတွင်းခန္ဓာနှင့် ပြင်ပမှ ထိတွေ့ခံစားရအံ့သော အာရုံတို့ကိုသာ ရူမှတ်ရန် ညွှန်ပြခဲ့ပါသည်။ မိမိ၏ စိတ်တည်ကြည်မူအလျောက် မနောအာရုံတွင် ပေါ်ထင်လာတတ်သော ပုံရိပ်၊ ပုံဟန်၊ အရောင်၊ အလင်း၊ သဏ္ဌာန် အဆင်းအမျိုးမျိုးတို့ကို ရူမှတ်ရန် မဖော်ပြခဲ့ပါ။ ထိုထိုအာရုံနိမိတ်တို့သည် စိတ်၏တည်ကြည်မူ အတိတ်စွဲလမ်းမူအလျောက် ခေတ္တခဏမျှ ပေါ်ပေါက်လာတတ်သော ပုံရိပ်များသာ ဖြစ်ကြပါသည်။ ကြာရှည်တည်တံ့ စွဲမြနေသော ပကတိအရူခံများ မဟုတ်ကြပါ၊ ထိုအရာများကို အာရုံယူ၍ နှလုံးသွင်းရန်မဟုတ်ဘဲ ဖြစ်ပျက်ဟုသာ ရူမှတ်ရပါမည်။
အကယ်တန္တု မိမိ၏စိတ်တည်ကြည်မူ ကြီးမားခြင်းအလျောက် ထိုအရာများသည် စိုးစိုးမိုးမိုး ပေါ်လွင်ထင်ရှား နေပါက (မမြဲ) (ဖြစ်-ပျက်) ဉာဏ်ဖြင့် နှလုံးသွင်းစိုက် ကြည့်ရူမှတ်ပါလျှင် ဖြုန်းဖြုန်း ရုန်းရုန်း ပြိုပျက်နေကြသည်ကို စူးစိုက်မူအလျောက် ရူမြင်နိုင်ကြပါလိမ့်မည်။
ဤညွှန်ပြချက်သည် ထင်ရှားသော အတွင်းရုပ်-ရုပ်ဓာတ် သဘာဝ အမူအရာ လက္ခဏာကို စတင်ရူမှတ်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံငုံသုံးသပ်သော နည်းကျင့်စဉ်ဖြစ်ရာ စိတ်တရား၏ သဘော သဘာဝများကိုထင်ရှား မြင်သာအောင် ဖော်ပြခဲ့ခြင်းမရှိပါ။
ဤရုပ်သဘာဝကို ပိုင်နိုင်စွာ ရူမှတ်နိုင်လျှင် စိတ်သဘာဝကိုလည်း ကိုယ်တိုင်ကိုယ်ကျ သဘောပေါက် ရူမှတ်လာနိုင်ကြပါလိမ့်မည်။
အကယ်စင်စစ် ဤညွှန်ပြချက်သည် ဆင်းရဲမူ လွန်ကင်းရန် ချမ်းသာကြောင်းအကျင့်၏ အကျိုးမျှသာ ဖြစ်ပါသည်။
ဤရူမှတ်မူ အဆင့်ဆင့်တို့ကို စိတ်ဝင်စား စူးစိုက်လျက် လေ့ကျင့်မူပြီးစီးအောင်မြင်ခဲ့ပါလျှင် ချမ်းသာမူအကျင့်မှန်ကို သဘောပေါက် သိမြင်လာနိုင်ပါလိမ့်မည်။
မိမိတို့၏ တစ်နေ့တာ အချိန်ကာလများမှ (ငါးမိနစ်)မျှသော အချိန်ကို လက်တွေ့အသုံးချ၍ ဤကျင့်စဉ်ကို ကျင့်ဆောင်ခြင်းဖြင့် ဆင်းရဲမူအားလုံးကုန်ဆုံးရာ ချမ်းသာမူ ပကတိ ပြည့်ဝသော အသိဉာဏ်ပညာကို အဖိုးအနဂ္ဃထိုက်တန်မွန်မြတ်လှစွာ ရရှိခံစားနိုင်ကြပါလိမ့်မည်။
ဤညွှန်ပြချက်တို့ကို ကျင့်ဆောင်ပြီး၍ အသေးစိတ် ပိုမိုရှင်းလင်းစွာ သိရှိလေ့လာလိုပါက ထေရ၀ါဒ ပိဋကတ်တော်လာ (ကမ္မဋ္ဌာန်း ဘာဝနာကျင့်စဉ်) များကို ဆက်လက်လေ့လာ၍ ရူမြင်ပွားများ အားထုတ်နိုင်ကြပါသည်။
ထိုထိုကျင့်စဉ်တို့၏ အခြေခံသဘောသဘာဝတို့ကို မိမိတို့ကိုယ်တိုင် (ကိုယ်တွေ့၊ စိတ်တွေ့၊ ခန္ဓာတွေ့) အားဖြင့် သဘောပေါက် ဉာဏ်မြင် နားလည်ပြီးဖြစ်နေကြောင်း ၀မ်းမြောက်ဖွယ်ရာ သိရှိလာကြမည် ဖြစ်ပါသည်။
အကျင့်မှန်ဖြင့် အသိမှန် အမြင်မှန် ရကြပါစေ။ ဆင်းရဲမူအပေါင်းမှ လွန်မြောက်သော ချမ်းသာမူ ပကတိ အသိဉာဏ်ကို မျက်မှောက်ဘ၀မှာပင် တပ်အပ်သေချာ ရရှိခံစားနိုင်ကြပါစေ။
နူတ်ဆက်လင်္ကာ
နူတ်ဆက်စကား ပြောကြားရလျှင်,
ရုပ်နာမ်ရူကွက် ဖြစ်ပျက်ထင်ထင်၊
တွင်းပနှစ်မျိုး ပိုင်စိုးသိမြင်,
ခန္ဓာဆိုမြဲ ဆင်းရဲမူပင်၊
လွတ်မြောက်ရေး မျှော်တွေး ကျင့်စေချင်။
နူတ်ဆက်စကား ပြောကြားရလျှင်,
ရုပ်နာမ်ရူကွက် ဖြစ်ပျက်ထင်ထင်၊
တွင်းပနှစ်မျိုး ပိုင်စိုးသိမြင်,
ခန္ဓာဆိုမြဲ ဆင်းရဲမူပင်၊
လွတ်မြောက်ရေး မျှော်တွေး ကျင့်စေချင်။
ကျမ်းကိုး။ ။စက္ကန့် သုံးရာ ဘာဝနာ စာအုပ်မှ ကိုးကား ရေးသား ဖော်ပြထားပါသည်။
No comments:
Post a Comment