ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 24 January 2011

ပိသုဏ၀ါစာ


သူနှစ်ယောက်တို့ ညီညွတ်နေရာ တစ်ယောက်အပြစ်ကို တစ်ယောက်ထံ ပြောကြားခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အချစ်ပြယ်၍ ညီညွတ်မူ ကွဲပြားသွားတတ်သည်၊ ထိုသို့သော ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ရသည်။

ပိသုဏ၀ါစာ ဖြစ်ရန် အင်္ဂါ(၅)ပါး

(၁) ညီညွတ်သူနှစ်ဦးရှိခြင်း၊

(၂) ကွဲပြားစေလိုသော စိတ်ရှိခြင်း မိမိကိုချစ်စေလိုသော စိတ်ရှိခြင်း၊

(၃) ကွဲပြားအောင် လုံ့လပြု အားထုတ်ခြင်း၊

(၄) ထိုသို့ ပြောသည်ကို သူနှစ်ဦးတို့က နားလည်ခြင်း၊

(၅) ကွဲပြားကြခြင်း။


ပိသုဏ၀ါစာ၏ အပြစ် ဆိုးကျိုးများ

မိတ်ဆွေနှစ်ယောက် ညီညွတ်မူကို ကွဲပြားအောင် ကုန်းတိုက်သောသူသည် သေသည်၏အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံရသည်။ အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက် လူလာဖြစ်သော်လည်း အောက်ပါဆိုးကျိုးများကို ခံစားရပါသည်။ (ရှောင်ကြဉ်၍ ရရှိသော ကောင်းကျိုးများကို အပြန်နည်းအားဖြင့် မှတ်ယူပါ။)

(၁) အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊

(၂) သူတပါးလုံ့လကြောင့် သေကျေပျက်စီးရခြင်း၊

(၃) အခြွေအရံ မဲ့ရခြင်း၊

(၄) သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မူ သဒ္ဓတရားမရှိခြင်း၊

(၅) မိတ်ဆွေအပေါင်းအသင်း မတည်မြဲခြင်း၊

(၆) လူအများ အမုန်းခံရခြင်း၊

(၇) စိတ်ဓာတ် ညစ်ညမ်းခြင်း၊ တို့ဖြစ်သည်။


No comments:

Post a Comment