အရှင်ဗာကုလ အလောင်းရသေ့သည် အနောမဒဿီဘုရားရှင် ပွင့်တော်မူသောအခါ၌ ဈာန်အဘိညာဉ်ရ ရသေ့တစ်ပါးဖြစ်သည်။ တစ်နေ့တွင် အနောမဒဿီဘုရားရှင်သည် လေနာရောဂါဖြစ်တော်မူသည်။ အရှင်ဗာကုလအလောင်းရသေ့ ကြားသိရသောအခါ ဟိမ၀န္တာတောင်ခြေမှ လေနာရောဂါ ပျောက်စေနိုင်သော ဆေးဖက်ဝင် ဆေးမြစ် သစ်ဥတို့ကို ယူဆောင်ကာ ဆေးဖော်စပ်ပြီး ဘုရားရှင်အားဆက်ကပ်သည်။
ထိုဆေးကို မှီဝဲဘုဉ်းပေးရသဖြင့် အနောမဒဿီဘုရားရှင်သည် လေနာရောဂါပျောက်ကင်းပြီး ချမ်းချမ်းသာသာဖြစ်ခဲ့ရသည်။ ရသေ့သည် ဘုရားရှင်ထံ ချဉ်းကပ်၍ ဤဆေးလှူရသည့် အကျိုးကြောင့် “ဖြစ်လေရာဘ၀တိုင်း၌ နို့တညှစ်စာအချိန်မျှ ဘုရားတပည့်တော်၏ ကိုယ်၌ အနာရောဂါမဖြစ်ပါစေ သတည်း” ဟု ဆုတောင်းခဲ့သည်။
ထိုဆေးအလှူကြောင့် လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရသည်။ နောက်ဆုံးဘ၀၀ယ် ဗာကုလအမည်ရှိသော သတို့သားဖြစ်ခဲ့သည်။ အသက်(၈၀)တိုင်တိုင် လောကီစည်းစိမ်များကို ခံစားခဲ့ပြီးနောက် ရဟန်းပြုခဲ့သည်။ ရဟန်းတရားအားထုတ်ရာ မကြာမီပင် ရဟန္တာဖြစ်ပြီး အနာရောဂါ ကင်းသူတို့တွင် အမြတ်ဆုံးဧတဒဂ်ဆုကို ရခဲ့သည်။ အသက်(၁၆၀)အထိ သက်တမ်းရှည်စွာနေခဲ့ရပြီး ပရိနိဗ္ဗာန်စံခဲ့သည်။ ဆုတောင်းပြည့်သဖြင့် “အနာမဲ့သူ ရှင်ဗာကူ” ဟူ၍ မှတ်တမ်းတင်ခဲ့ကြသည်။
Friday 7 January 2011
ဆေးအလှူရှင် ဗာကုလ
အမျိုးအစား/ကဏ္ဍ
ဓမ္မဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment