ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 January 2011

သံဃိက အလှူ(၇)မျိုး



(၁) မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်အခါ ဘုရားအမှူးရှိသော ဘိက္ခု ဘိက္ခုနီ သံဃာတို့အား လှူဒါန်းခြင်း၊

(၂) ဘုရားပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဘိက္ခု ဘိက္ခုနီ သံဃာတို့အား လှူဒါန်းခြင်း၊

(၃) ဘိက္ခုသံဃာအားသာ လှူဒါန်းခြင်း၊

(၄) ဘိက္ခုနီ သံဃာအားသာ လှူဒါန်းခြင်း၊

(၅) ဘိက္ခု ဘိက္ခုနီ သံဃာများက ညွှန့်ကြားလိုက်သော ပုဂ္ဂိုလ်တို့အား သံဃာကို စိတ်အာရုံထား၍ လှူဒါန်းခြင်း၊

(၆) ရဟန်း၊ သံဃာများက ညွှန့်ကြားလိုက်သော ပုဂ္ဂိုလ်တို့အား သံဃာဟူသော စိတ်ထားဖြင့် လှူဒါန်းခြင်း၊

(၇) ဘိက္ခုနီ သံဃာများက ညွှန့်ကြားလိုက်သော ပုဂ္ဂိုလ်တို့အား သံဃာဟူသော သံဃိကဒါန(၇)မျိုး ရှိသည်။

သံဃိကဒါနအရာ၌ကား သံဃာတော်သည် တစ်မျိုးတစားတည်းသာ ဖြစ်၏။ ကောင်း မကောင်း နှစ်မျိုးမရှိပေ။ ဘုရားတပည့်သား အရိယာ သံဃာအပေါင်းမှာ အယုတ်အမြတ်ဟူ၍ မရှိပေ။ မြတ်သော သံဃာချည်းသာ ဖြစ်သည်။ ထို့ကြောင့် အလှူခံပုဂ္ဂိုလ်ကို မကြည့်ဘဲ ဘုရားတပည့်သား သံဃာတော်အပေါင်းအား လှူပါ၏ဟူ၍ စိတ်က သံဃာကို အာရုံပြု၍ လှူဒါန်းသော အလှူသည် သံဃိကဒါနဖြစ်၏။
သံဃာသည်သာလျှင် အလှူခံပုဂ္ဂိုလ်ဖြစ်၏။ ရှေ့တွင်ရောက်နေသော ပုဂ္ဂိုလ်ကား သံဃာ့ကိုယ်စားမျှသာ ဖြစ်၍ မည်သို့ပင် ယုတ်ညံ့နေစေကာမူ မူရင်းအလှူခံ သံဃာတော်က မြင့်မြတ်နေသောကြောင့် မြတ်သော သံဃိကဒါနသာဖြစ်လေသည်။

No comments:

Post a Comment