ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 6 March 2009

သာဓုခေါ်ပုံပြင်

ခွင့်လွှတ်သည်းခံခြင်းဆိုတာ ဘယ်အတိုင်းအတာအထိ ထားရမလဲ။ နောက်ပုံပြင်လေး တစ်ပုဒ်နဲ့ ပြောပြဦးမယ်။
ဟိုးတုန်းက ဘုန်းကြီးတစ်ပါး ဆွမ်းခံသွားတယ်၊ ဒကာမအိမ်ရောက်တော့ ဒကာမက ဆွမ်းရော၊ ဆွမ်းဟင်းပါလောင်းတယ်၊ အဲဒီအခါမှာ ဘုန်းကြီးက သာဓု...သာဓု လို့ပဲခေါ်ပါတယ်၊ အဲဒါနဲ့ တစ်နေ့ကျတော့ ဒကာမက ဆွမ်းဟင်း မောလင်းတော့ဘူး၊ ဆွမ်းပဲလောင်းတယ်၊ အဲဒီအခါမှာ လည်း ဘုန်းကြီးက သာဓု...သာဓုလို့ ခေါ်ပြန်ပါတယ်၊ ဆွမ်းဟင်းမပါတာတောင် သာဓုလို့ ခေါ်ပြန်တယ်၊ နောက်နေ့လာလျှင်တော့ ကန့်တော့ဆွမ်းပါလို့ပြောတော့မယ်၊ ဒါနဲ့ဘုန်းကြီးကြွ လာတယ်၊ ကန့်တော့ဆွမ်းပါလို့ ပြောလိုက်တယ်၊ ဒီအခါမှာလည်း ဘုန်းကြီးက သာဓု...သာဓု လို့ ခေါ်ပြန်တယ်၊ နောက်တစ်နေ့လာလျှင်တော့ ဆဲလွှတ်မယ်၊ နောက်နေ့ရောက်လို့ ဘုန်းကြီးကြွလာတော့ ဆဲလွတ်ပါတယ်၊ ဒါကိုလည်း ဘုန်းကြီးက သာဓု..သာဓုခေါ်ပြီး ပြန်ကြွ သွားတယ်။
ဟင်...ဒီဘုန်းကြီး ဆဲတာတောင် သာဓုခေါ်တယ်။ ဒီတစ်ခါ လာပါစေဦး သပိတ်တွေယူပြီး လွှင့်ပစ်မယ်၊ နောက်နေ့ကြွလာတော့ သပိတ်တွေယူပြီး လွှင့်ပစ်လိုက်တယ်၊ ဒီအခါမှာလည်း ဘုန်းကြီးက သာဓု...သာဓု ခေါ်ပြီး သွားပြန်ပါတယ်။ ဟင် ဘုန်းကြီးသပိတ်ယူလွှင့်ပစ်တာ တောင် သာဓုခေါ်ပြန်တယ်။ ဒီတစ်ခါလာလျှင်တော့ ရိုက်ကိုလွတ်ပြစ်မယ်၊ နောက်နေ့ကြွလာ တယ်၊ တုန်နဲ့ရိုက်လွတ်တယ်၊ ဘုန်းကြီး ခေါင်းပေါက်သွားတယ်၊ ဒါကိုလည်း ဘုန်းကြီးက သာဓု...သာဓုလိုပ ခေါ်ပြန်တယ်၊ ဒါနဲ့ ဒကာမကြီးက သိချင်တာနဲ့ အရှင်ဘုရားက ဘာ့ကြောင့် သာဓု ခဏခဏခေါ်နေရတာလဲလို့ မေးလိုက်ပါတယ်၊ အေးလေဆွမ်း၊ ဆွမ်းဟင်းရောလောင်း လို့ သာဓုခေါ်ရတယ်၊ နောက်ကျတော့ ဆွမ်းပဲလောင်းတယ်၊ မလောင်းတာနဲ့စာလျှင်တော် သေးတယ်၊ သာဓုခေါ်ရတယ်၊ နောက်နေ့ကျတော့ ကန့်တော့ဆွမ်းလို့ပြောတယ်၊ ငါနေပူထဲမှာ ကြာကြာမရပ်ရလို့တော်သေးတယ် သာဓုခေါ်ရပြန်တယ်၊ နောက်တစ်နေ့ကျတော့ ဆွဲပြီးလွှတ် တယ်၊ ငါ့သပိတ်တွေယူပြိး လွှင့်မပစ်သေးတာ တော်သေးတယ်၊ သာဓုခေါ်ရပြန်တယ်၊ နောက်တစ်နေ့ကျတော့ သပိတ်တွေယူပြီးလွှင့်ပစ်တယ်၊ ငါ့အသား မထိသေးတာ တော်သေး တယ်၊ သာဓုခေါ်ပြန်တယ်၊ ဒီနေ့ကျတော့ ငါ့ခေါင်းပေါက်အောင် ရိုက်တယ်၊ ငါ့ကိုသေအောင် မရိုက်တာ တော်သေးတယ်။ သည်းခံခြင်းရဲ့ သာဓုပဲပေါ့ကွယ်။ တစ်ကယ်တော့ သည်းခံခြင်း ဆိုတာ သာဓုပါ။
ဒါ့ကြောင့် နောက်နောင်များ မိမိကိုသူတစ်ပါးက မနာလိုတာ၊ အကောင်းမမြင်တာ၊ ပုတ် ခတ်တာ၊ မုန်းတီးတာ တွေများရှိလို့ အဆင်မပြေခဲ့ရင် အားလုံးကို သာဓုသာခေါ်လိုက်ပါတော့ မိတ်ဆွေတို့။

No comments:

Post a Comment