ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 23 June 2011

ဆီဆေး ပန်ချီကို ဘယ်သူ စတင်ဆွဲခဲ့လဲ?

တိတိကျကျဆိုရလျှင် ဆီဆေးကားများကို မည်သူ စတင်ရေးဆွဲခဲ့ကြောင်း မသိကြသေးပေ။ ဆီဆေး ရေးဆွဲနည်းသည် အလယ်ခေတ်ကပင် ထွန်းကားနေခဲ့သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဥရောပမြောက်ပိုင်း ဘယ်လ်ဂျီယံနိုင်ငံ ဖလန်းဒါးနယ်သား Hubert နှင့် Jan Van Eyck ဆိုသူ နှစ်ဦးသည် ၁၄၂၀ ပြည့်လွန် နှစ်များအတွင်းကပင် ဆီဆေးရေးနည်းဖြင့် ရေးဆွဲနေကြပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပန်ချီပညာရှင်နှစ်ဦးသည် ဆီဆေးရေးဆွဲမူစနစ်အတိုင်း အရောင်အလင်းအမှောင်ဖြင့် ပထမဆုံး ရေးဆွဲခဲ့သူများ ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ ဗန်အိုက်တို့ နှစ်ဦးသည် ဆီဆေးရေးဆွဲနည်းကို မည်သည့် နည်းစနစ်သစ်များ ပေါင်းစပ်ရေးဆွဲခဲ့ကြောင်း မသေချာလှပေ။ သူတို့ခေတ်အခါက သူတို့၏ လုံးလုံးလျားလျား ပန်ချီရေးဆွဲနည်း အတတ်ပညာများကြောင့် ထင်ရှားခဲ့ကြသည်ဟူသော အချက်မှာမူ ထင်ရှားလှသည်။

No comments:

Post a Comment